Gemron Gold Myanmar

Gemron Gold Myanmar A Perfect Choice for Staying Young and Healthy.
(202)

Gemron Gold tablet contains 12 vitamins and 9 minerals, helping your body against the harmful agents such as air pollution, fatigue and stress. Gemron Gold tablet contains 12 kinds of vitamins ( A, B1 , B2 ,BB, B6, B9, B12, C, D, E, Folic Acid, CoQ10 and 9 kinds of minerals - selenium, calcium, iron, magnesium, zinc, manganese, potassium, copper, iodine ) perfect combination with powerful antioxidation property.

သက်ကြီးမိဘ ဒါမှမဟုတ် ဒီမင်းရှား (Dementia) ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်နေရပါသလား? 🤔ဒါဆိုရင်တော့ အထွေထွေရောဂါအထူးကုဆ...
16/07/2025

သက်ကြီးမိဘ ဒါမှမဟုတ် ဒီမင်းရှား (Dementia) ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်နေရပါသလား? 🤔

ဒါဆိုရင်တော့ အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဦးမြင့်ဟန် ရဲ့ အဖိုးတန် ကျန်းမာရေးဗဟုသုတတွေက သင့်အတွက်ပါပဲ။

ဒီမင်းရှားဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်ရာမှာ သိထားသင့်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဗီဒီယို (၂) ပိုင်းခွဲပြီး အသေးစိတ် ရှင်းလင်းပြောကြားပေးထားပါတယ်။

🎬 ဗီဒီယို အပိုင်း (၁) မှာတော့...

✅ သက်ကြီးတွေမှာ ဖြစ်တတ်တဲ့ ဒီမင်းရှားရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ။
✅ ဝေဒနာရှင်တွေမှာ ဘယ်လို အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ တွေ့ရတတ်သလဲ။
✅ ပြုစုစောင့်ရှောက်သူတွေအတွက် အဓိကအရေးကြီးတဲ့ "ဆောင်ရန်/ရှောင်ရန်" အချက်တွေက ဘာတွေလဲ။

🎬 ဆက်လက်ပြီး ဗီဒီယို အပိုင်း (၂) မှာတော့...

✅ ဝေဒနာရှင်ကို အန္တရာယ်ကင်းရှင်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်မလဲ။
✅ ပြုစုစောင့်ရှောက်သူတိုင်း မဖြစ်မနေ လိုက်နာသင့်တဲ့ အခြေခံအချက်တွေက ဘာတွေလဲ။
✅ ဘယ်လိုအခြေအနေမှာ ဝေဒနာရှင်ကို ကျန်းမာရေးစောင့်ရှောက်မှုဌာနပို့ပြီး ၂၄ နာရီ စောင့်ရှောက်မှုပေးသင့်သလဲ။

ဒီတန်ဖိုးရှိတဲ့ ဗဟုသုတတွေကို အခုပဲ Comment Link များကတစ်ဆင့် အခမဲ့ ဝင်ရောက်လေ့လာလိုက်ပါ။ မိမိတို့ပတ်ဝန်းကျင်က လိုအပ်နေသူတွေကိုလည်း ပြန်လည်မျှဝေပေးဖို့ တိုက်တွန်းအပ်ပါတယ်။ ❤️

#နုပျိုကျန်းမာစာမျက်နှာ

📣 Gemron Gold ချစ်သူတို့ရေ! Gemron Gold အားဆေးနဲ့ပတ်သက်တဲ့ အသစ်အသစ်သော အကြောင်းအရာတွေ၊ ကျန်းမာရေးဗဟုသုတတွေကို Page အသစ်ဆ...
20/01/2025

📣 Gemron Gold ချစ်သူတို့ရေ!

Gemron Gold အားဆေးနဲ့ပတ်သက်တဲ့ အသစ်အသစ်သော အကြောင်းအရာတွေ၊ ကျန်းမာရေးဗဟုသုတတွေကို Page အသစ်ဆီ ပြောင်းလဲပြီး ဆက်လက်ဖော်ပြပေးသွားတော့မှာဖြစ်တဲ့အတွက်…

💙 Page အသစ်ကို Like & Follow လုပ်ထားကြဖို့ တောင်းဆိုပါရစေ။


#အရွယ်တင်နုပျိုလန်းဆန်းစေဖို့လူတိုင်းအတွက်GemronGold

E cigarette နဲ့ V**e က ဘေးကင်းရဲ့လား--------------------------------------ပါမောက္ခဦးမြင့်ဟန် (အထွေထွေရောဂါကု သမားတော်ကြီ...
19/01/2025

E cigarette နဲ့ V**e က ဘေးကင်းရဲ့လား
--------------------------------------
ပါမောက္ခဦးမြင့်ဟန် (အထွေထွေရောဂါကု သမားတော်ကြီး)
မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်လေ့လာချက်အရ E cigarette နဲ့ V**e သုံးစွဲသူဦးရေ (၁၁.၆%) ရှိနေပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် E cigarette နဲ့ V**e ရဲ့ အန္တရာယ်ကို သတိမမူမိခြင်း၊ ဖက်ရှင်ကျတယ်၊ စိတ်ပေါ့ပါး လန်းဆန်းတယ်လို့ယူဆခြင်း၊ အပေါင်းအသင်းတွေသုံးလို့ လိုက်သုံးခြင်း စတဲ့ အချက်တွေကြောင့် လူငယ်တွေကြားမှာ သုံးစွဲမှုမြင့်တက်လာတဲ့အတွက် E cigarette နဲ့ V**e အကြောင်း ရေးသားလိုက်ရပါတယ်။

E cigarette ဆိုတာ
----------------------
အီလက်ထရွန်နစ်အငွေ့ရှုစက်ဆိုတာ အီလက်ထရောနစ်စနစ် (electronic system)နဲ့ ပြုပြင်ဖန်တီးထားတဲ့ ပစ္စည်း ကိရိယာဖြစ်ပြီး ဆေးရွက်ကြီးထွက်ပစ္စည်းတွေအပါအဝင် နိကိုတင်းနဲ့ တခြားဓာတုပစ္စည်းတွေကို “အငွေ့” (aerosol or vapour)အဖြစ် ပြောင်းလဲစေလျက် စီးကရက်၊ ဆေးလိပ်တွေလို အငွေ့ကို ရှုရတဲ့ ပစ္စည်းဖြစ်ပါတယ်။

E-cigarette မှာ ဘာတွေပါလဲ
----------------------
• နီကိုတင်း (Ni****ne)- ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ အလွန်စွဲလမ်းစေသော ဓာတ်တစ်မျိုး။
• Propylene glycol- မီးခိုးအတုလို အရာ။
• Carcinogens- acetaldehyde နဲ့ formaldehydeအပါအဝင် ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း။
• Acrolein - အဆုတ်ပျက်စီးမှုကို ဖြစ်စေနိုင်တဲ့ပေါင်းသတ်ဆေး။
• Diacetyl -အဆုတ်ရောဂါနဲ့ ဆက်စပ်နေတဲ့ ဓာတုပစ္စည်းတစ်မျိုး။
• 6. Diethylene glycol
• 7. ကက်မီယမ် (Cadmium) - အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေတဲ့ အဆိပ်သင့် သတ္တုတစ်မျိုး ။
• 8. Benzene- ကားအိတ်ဇောမှာ တွေ့ရတဲ့အော်ဂဲနစ်ဒြပ်ပေါင်း (VOC)။
• 9. Vitamin E တို့ပါဝင်ပါတယ်။

E cigarette နဲ့ V**e သုံးစွဲခြင်း၏ ရေတိုဆိုးကျိုးများ
--------------------------------------------
• ချောင်းဆိုးခြင်း
• အသက်ရှုရ ခက်ခဲခြင်း
• မျက်စိ ယားယံခြင်း
• ခေါင်းကိုက်ခြင်း
• ပါးစပ်နှင့်လည်ချောင်း ခြောက်ပြီး ယားယံခြင်း
• ပျို့အန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

E cigarette နှင့် V**e သုံးစွဲခြင်း၏ ရေရှည်ဆိုးကျိုးများ
--------------------------------------------
• ပန်းနာရင်ကျပ်ရောဂါ
• အဆုတ်ထိခိုက်ခြင်း
• EVALI (e-cigarette, or va**ng, product use associated lung injury)-အဆုတ်ပျက်စီးခြင်း
• မသုံးရမနေနိုင်အောင် စွဲလမ်းခြင်း
• ဆေးလိပ်ကိုပါ သောက်တတ်လာခြင်း
• ကင်ဆာရောဂါစတာတွေ ဖြစ်တတ်ပါတယ်။
လက်ရှိအချိန်မှာ တချို့လေ့လာချက်တွေအရ v**e သောက်ခြင်းက နှလုံးကို ထိခိုက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ 2019 ခုနှစ်ထဲမှာ လုပ်ထားတဲ့ စစ်တမ်းတွေအရ E cigarette သောက်ခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးထိခိုက်ခြင်း heart attack၊ ရင်ဘတ်အောင့်ခြင်းတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဒါ့အပြင် v**e ရော ဆေးလိပ်ပါ သောက်မယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။
V**e သောက်ခြင်းက အဆုတ်ကိုရော ထိခိုက်စေသလား ဆိုတဲ့ သုတေသနပြုချက်တွေလည်း ရှိပါတယ်။ ကြွက်တွေမှာ စမ်းသပ်ထားတဲ့ ရလဒ်တွေအရ v**e ငွေ့တွေရှုထားတဲ့ ကြွက်တွေရဲ့ အဆုတ်တွေမှာ အ‌ဆိပ်ဖြစ်ခြင်း toxicity ၊ဓါတ်တိုးခြင်း oxidation နဲ့ ရောင်ရမ်းခြင်း inflammation တွေ ပိုတွေ့ရပါတယ် ။ ဒါ့အပြင် v**e သောက်ခြင်းက အဆုတ်ရဲ့ ပုံမှန်စွမ်းဆောင်ရည်တွေကိုလည်း ကျဆင်းစေပါတယ်လို့ အခိုင်အမာဆိုလာတဲ့ သုတေသနစာတမ်းတွေလည်း ရှိလာပါတယ်။

အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေက E cigarette နဲ့ V**e သုံးမယ်ဆိုရင်…
• ပေါင်မပြည့်ဘဲ မွေးဖွားခြင်း
• အဆုတ် ပျက်စီးခြင်း
• သန္ဓေသား ဦးနှောက်ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင် E-cigarette နဲ့ v**e ကို ကာလကြာရှည်သုံးစွဲရင် နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေများပါတယ်။ E-cigarette နှင့် v**e ကို ဖြတ်မယ်ဆိုရင်
- Ni****ne Replacement Therapy
- ဖြည်းဖြည်းချင်း လျှော့ပြီး ဖြတ်ခြင်း
- လုံးဝယတိပြတ် ဖြတ်ခြင်း ဆိုပြီး ရှိပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့ နည်းလမ်းကို သုံးလို့ရပါတယ်။
လူငယ်တွေကြားမှာ E-cigarette နဲ့ v**e က ကျန်းမာရေးအတွက် အန္တရာယ်ကင်းတဲ့ လုပ်ရပ်မဟုတ်ဘူး၊ ဆေးလိပ်ဖြတ်စက်လည်း မဟုတ်ဘူး၊ ဆေးလိပ်အစားထိုးဆိုပြီးလည်း ရေရှည်မသုံးသင့်ဘူးဆိုတဲ့ ကျန်းမာရေးဗဟုသုတတွေကို တတ်နိုင်သမျှ သိရှိအောင် အဖွဲ့အစည်းအသီးသီး၊ မိဘပြည်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုပါတယ်။◾
**e

01/12/2024

ဒီဗီဒီယိုလေးထဲမှာ လူကြီးလူငယ်မရွေး သိထားသင့်တဲ့ E-cigarette, V**e နဲ့ပတ်သက်ပြီး...
▶ E-cigarette နဲ့ V**e မှာ ဘာတွေပါဝင်သလဲ
▶ ဆေးလိပ်သောက်တာနဲ့ E-cigarette , V**e သုံးတာက ဘာကွာခြားမှုရှိသလဲ
▶ E-cigarette နဲ့ V**e သုံးတာကြောင့် လူ့ခန္ဓာကိုယ်မှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ
▶E-cigaretteနဲ့ V**e က ဆေးလိပ်လိုမျိုး ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါသလား
▶အခုနောက်ပိုင်း လူငယ်လူရွယ်လေးတွေကြားမှာ E-cigarette နဲ့ V**e သုံးစွဲတာကြောင့် ဘယ်လို ကျန်းမာရေးပြဿနာတွေ ရရှိတတ်သလဲ စတဲ့ ကျန်းမာရေးဗဟုသုတတွေကို အထွေထွေရောဂါကု သမားတော်ကြီးပါမောက္ခဦးမြင့်ဟန်က ပြည့်ပြည့်စုံစုံပြောကြားပေးထားပါတယ်။
**e

🔺မှတ်ဥာဏ်စွမ်းအား လျော့နည်းတယ်ဆိုတာ အသက်ကြီးကြီး၊ ငယ်ငယ် ကြုံတွေ့ရနိုင်ပေမယ့် အသက်ကြီးသူတွေမှာတော့ အသက်အရွယ်ရလာတာနဲ့အမျှ...
29/11/2024

🔺မှတ်ဥာဏ်စွမ်းအား လျော့နည်းတယ်ဆိုတာ အသက်ကြီးကြီး၊ ငယ်ငယ် ကြုံတွေ့ရနိုင်ပေမယ့် အသက်ကြီးသူတွေမှာတော့ အသက်အရွယ်ရလာတာနဲ့အမျှ တဖြည်းဖြည်းမေ့လျော့လာတတ်ကြပြီး
🔺အသက်ငယ်ရွယ်သူတွေအဖို့ မှတ်ဥာဏ်လျော့နည်းခြင်းဆိုတာ မိမိရဲ့နေထိုင်မှုပုံစံကိုလိုက်ပြီး သက်ရောက်မှုရှိနေတာဖြစ်ပါတယ်။

‼️ဒီလို..မှတ်ဥာဏ်စွမ်းအားလျော့နည်းပြီး မကြာခဏမေ့တတ်ခြင်းက..
🔺ဦးခေါင်းဒဏ်ရာထိခိုက်မှု အပြင်းအထန်ဖြစ်ထားခြင်း။
🔺အာရုံကြောဆိုင်ရာ ဆက်စပ်ရောဂါရှိနေခြင်း။
🔺စိတ်ဖိစီးမှုများပြားခြင်းနှင့် စိတ်ဓာတ်ကျလွယ်ခြင်း။
🔺ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးခြင်း။
🔺Vitamin B12 ချို့တဲ့ခြင်း စတဲ့ အကြောင်းအရာတွေကြောင့် အဖြစ်များတတ်ပါတယ်။

💡ဒါကြောင့်..မှတ်ဥာဏ်စွမ်းအားလျော့နည်း မဖြစ်ရလေအောင် မိမိအနေနဲ့..
🔹တစ်ခုခုကိုအမြဲသင်ယူနေပါ။ (ဥပမာ-ဘာသာစကားလေ့လာခြင်း။)
🔹အိပ်ရေးဝဝအိပ်စက်အနားယူပါ။
🔹စိတ်ဖိစီးမှုမဖြစ်အောင် ထိန်းချုပ်ပြီး စိတ်ကိုကြည်လင်စွာထားပါ။
🔹မှတ်ဥာဏ်အားတိုးစေတဲ့ အစားအစာများ စားသုံးပေးပါ။ (ဥပမာ-ဟင်းသီးဟင်းရွက်၊ ငါး၊ အသီးများ)
🔹မှတ်ဥာဏ်အားကောင်းစေတဲ့ Vitamins ဓာတ်များစွာပါဝင်တဲ့ Gemron Gold ကိုနေ့စဥ်သောက်သုံးပေးပါ။

💙Gemron Gold မှာ နှလုံးနဲ့ ဦးနှောက်အာရုံကြောကို အထောက်အပံ့ပေးတဲ့ CoQ10 နဲ့ Vitamin B complex တို့ပါဝင်လို့ နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် မှတ်ဥာဏ်အားတိုးပြီး စိတ်ရွှင်လန်း၊ ကိုယ်ကျန်းမာစေမှာအမှန်ပဲဗျို့။


#နုပျိုသွက်လက်မှုနှစ်ဆတိုးGemronGold

🫀”နှလုံး” ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးအကြီးဆုံးဖြစ်သလို၊ အလုပ်အများဆုံးလုပ်ရတဲ့ အစိတ်အပိုင်းတစ်ခုတစ်ခုလို့လည်း ပြော...
27/11/2024

🫀”နှလုံး” ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးအကြီးဆုံးဖြစ်သလို၊ အလုပ်အများဆုံးလုပ်ရတဲ့ အစိတ်အပိုင်းတစ်ခုတစ်ခုလို့လည်း ပြောလို့ရပါတယ်။

‼️ဒါကြောင့် ငယ်ငယ်ကတည်းက အလုပ်လုပ်လာခဲ့တဲ့မိမိရဲ့နှလုံးကို ဂရုတစိုက်စောင့်ရှောက်ပေးဖို့အတွက် Gemron Gold ကိုနေ့စဥ်မှီဝဲဖို့လိုတာပေါ့။

❤️Gemron Gold မှာပါဝင်တဲ့ CoQ10 က Coenzyme Q10 ကိုဆိုလိုတာဖြစ်ပြီး မိမိရဲ့ခန္ဓာကိုယ်မှ သဘာဝအတိုင်းထုတ်လုပ်ပေးတဲ့ Antioxidant တစ်မျိုးဖြစ်ပြီး သွေးဖိအားကိုလျှော့ချပေးနိုင်တဲ့အပြင် နှလုံးဆဲလ်ကိုအထူးကောင်းမွန်စေပါတယ်။ Antioxidant ဆိုတာက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်များကြီးထွားမှုနဲ့ ပျက်ဆီးခြင်းမဖြစ်အောင် အဓိကကာကွယ်ပေးတဲ့ Supplement တစ်မျိုးဖြစ်ပါတယ်။

❤️ဒါတင်မကသေးဘဲ CoQ10 က အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပြီး ကင်ဆာရောဂါကုသကာကွယ်ခြင်းမှာလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တာကြောင့် CoQ10 ပါဝင်တဲ့ Gemron Gold ကို နှလုံးဖြည့်စွက်အားတိုးဆေးအဖြစ် တစ်နေ့တစ်လုံးသောက်သုံးပေးပြီး အသက်ရှည်ကျန်းမာ၊ နုပျိုသွက်လက်မှုတွေကို မိသားစုတိုင်းရယူပိုင်ဆိုင်လိုက်ပါ။


#နုပျိုသွက်လက်မှုနှစ်ဆတိုးGemronGold

ကျောင်သား၊ ကျောင်းသူတွေအနေနဲ့ စာမေးပွဲတိုင်းမှာရလဒ်ကောင်းတွေရဖို့ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ဖြတ်ကျော်ရစမြဲပါ✅❗️ဒါကြောင့်...
26/11/2024

ကျောင်သား၊ ကျောင်းသူတွေအနေနဲ့ စာမေးပွဲတိုင်းမှာရလဒ်ကောင်းတွေရဖို့ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ဖြတ်ကျော်ရစမြဲပါ✅

❗️ဒါကြောင့်..ဒီလိုအချိန်တွေမှာ ဦးနှောက်ကို အပြည့်အဝအသုံးချရတာဖြစ်တဲ့အတွက် စိတ်ဖိစီးမှုလျော့နည်းပြီး လန်းဆန်းတက်ကြွနေမှ ကျက်မှတ်ထားသမျှစာတွေကို ယုံကြည်ချက်ရှိရှိနဲ့ အကောင်းဆုံးဖြေဆိုနိုင်မှာပါ။

✅တစ်ဖက်မှာလည်း ကျောင်းစာတွေနဲ့လုံးပန်းနေရတဲ့ စာဂျပိုးလေးတွေ အိပ်ချိန်၊ စားချိန်မှန်ပြီး စိတ်ရွှင်လန်း၊ ကိုယ်ကျန်းမာစေဖို့ အထောက်အပံ့ပေးတဲ့ အားဆေးကောင်းတစ်ခုဆိုရင် Gemron Gold ကအကောင်းဆုံးပါပဲ။

💡Gemron Gold မှာပါဝင်တဲ့ Vitamins, Minerals, Zinc ဓာတ်နဲ့ CoQ10 စတဲ့ potent antioxidants တို့ကြောင့် ကိုယ်ခန္ဓာကိုလန်းဆန်းတက်ကြွစေပြီး ဦးနှောက်စွမ်းဆောင်ရည်လည်း မြင့်မားစေလို့ မှတ်ဥာဏ်အားကောင်းကောင်းနဲ့ လေ့လာသင်ယူမှုတွေလည်း ရှေ့ပိုရောက်စေတာပေါ့။

💪ဒါဆို..Gemron Gold နဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အေးဆေးကျော်လွှားပြီး စာမေးပွဲမှာပါ ရလဒ်ကောင်းတွေချည်းသိမ်းပိုက်ဖို့ အဆင်သင့်ပဲလား💯

🔹Gemron Gold ကို အသက် (၁၅) နှစ်မှစတင်၍ ကျား/မ မရွေး တစ်နေ့ (၁) လုံးမှ (၂) လုံးအထိသောက်သုံးနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း စိတ်ချစွာသောက်သုံးနိုင်ပါသည်။


#နုပျိုသွက်လက်မှုနှစ်ဆတိုးGemronGold

21/11/2024

‼️ယခုလို ပူပြင်းတဲ့ကာလမှာ မိမိရဲ့ကိုယ်ခံစွမ်းအားကို ဘယ်အခြေအနေမျိုးမှာဘဲဖြစ်ဖြစ် အမြင့်ဆုံးဖြစ်နေအောင် ဂရုစိုက်နေထိုင်ဖို့အရေးကြီးပါတယ်။ ဒီလိုမှသာ..
🔹ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်၊ စိတ်ဖိစီးမှုတွေကင်းဝေးပြီး
🔹ပြင်ပကရောဂါပိုးမွှားတွေလည်း ခန္ဓာကိုယ်ထဲကို အလွယ်တကူ မဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

❗️ဒီလို နေ့စဥ်နဲ့အမျှ ကိုယ်ခံစွမ်းအားမြင့်ပြီး အားအင်ပြည့်ဝ၊ လန်းဆန်းနေဖို့ဆိုရင်..
🔹အာဟာရပြည့်ဝတဲ့အစားအစာများကို နေ့စဥ်ပုံမှန်စားသုံးပါ။
🔹ရေများများသောက်ပါ။
🔹အကယ်၍ ချွေးထွက်လွန်နေပါက ရေဓာတ်အားဖြည့်အချိုရည် (သို့) ဓာတ်ဆားရည်များများသောက်သုံးပေးပြီး
🔹CoQ10, Selenium, Zinc နဲ့ Vitamin B12, A, C, E ကဲ့သို့ potent antioxidants တွေအချိုးညီမျှစွာပါဝင်တဲ့ Gemron Gold ကို တစ်နေ့တစ်လုံးပုံမှန်သောက်သုံးပေးပါ။

💙ဒီအချက်တွေကိုသာလိုက်နာမယ်ဆိုရင် ပူပြင်းတဲ့ရာသီမှာတောင် အမြဲတက်ကြွလန်းဆန်းနေပြီး ခွန်အားသစ်တွေတိုးကာ ကိုယ်ခံစွမ်းအားကိုလည်း အကောင်းဆုံးမြှင့်တင်ထားနိုင်ပြီပေါ့။💪


#နုပျိုသွက်လက်မှုနှစ်ဆတိုးGemronGold

☀️အခုလို ပူပြင်းတဲ့ရာသီဥတုမှာ လှုပ်ရှားသွားလာနေကြသူတွေအနေနဲ့ ပြင်ပကအပူဒဏ်ကြောင့်..🔺ချွေးထွက်လွန်၊ ရေဓာတ်ကုန်ခမ်းပြီး🔺ခန္...
19/11/2024

☀️အခုလို ပူပြင်းတဲ့ရာသီဥတုမှာ လှုပ်ရှားသွားလာနေကြသူတွေအနေနဲ့ ပြင်ပကအပူဒဏ်ကြောင့်..
🔺ချွေးထွက်လွန်၊ ရေဓာတ်ကုန်ခမ်းပြီး
🔺ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ကာ
🔺ခန္ဓာကိုယ်တွင်း အပူအအေးမမျှတတော့ဘဲ အလွယ်တကူဖျားနာတတ်ပါတယ်။

🔹ဒါကြောင့်..အသက်ကြီးကြီးငယ်ငယ် အပူအအေးမျှတစွာနေထိုင်ဖို့ရာ အရေးကြီးသလို
🔹ခန္ဓာကိုယ်ကိုလန်းဆန်းတက်ကြွစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့အပြင် potent antioxidants တွေအချိုးညီမျှစွာပါဝင်တဲ့ Gemron Gold ကို နေ့စဉ်ပုံမှန်မှီဝဲပေးဖို့လည်း လိုအပ်ပါတယ်။☝️

💙Gemron Gold ကြောင့်သာ အခုလိုပူပြင်းတဲ့ရာသီဥတုမှာတောင် ဖျားနာခြင်းကင်းဝေးပြီး အားအင်ပြည့်ဝ၊ ကျန်းမာသွက်လက်တဲ့ခန္ဓာကိုယ်ကို အမြဲပိုင်ဆိုင်ရစေတာပါ။

#နုပျိုသွက်လက်မှုနှစ်ဆတိုးGemronGold

စိတ်ရောလူရော ကျန်းမာနုပျိုပြီး နေ့ရက်တိုင်းလန်းဆန်းတက်ကြွနေတယ်ဆိုတာ ထူးမြတ်တဲ့မင်္ဂလာတစ်ပါးပဲလေ။✨💝❗️ဒါကြောင့်..နေ့စဉ်နဲ့...
15/11/2024

စိတ်ရောလူရော ကျန်းမာနုပျိုပြီး နေ့ရက်တိုင်းလန်းဆန်းတက်ကြွနေတယ်ဆိုတာ ထူးမြတ်တဲ့မင်္ဂလာတစ်ပါးပဲလေ။✨💝

❗️ဒါကြောင့်..နေ့စဉ်နဲ့အမျှ စိတ်ပျို၊ ကိုယ်နုပြီး ပေါ့ပါးလန်းဆန်းနေဖို့ဆိုရင်..

🔹တိကျတဲ့အိပ်ချိန်၊ စားချိန် တစ်ခုကို အချိန်မှန်မှန်ပြုလုပ်ပါ။
🔹အသေးစား ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပုံမှန်လုပ်ဆောင်ပါ။
🔹ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့အစားအစာများကို ရွေးချယ်စားသုံးပေးပါ။
🔹မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးအလေးထားဆောင်ရွက်ပေးပြီး
🔹Multivitamins နဲ့ Minerals ဓာတ်တွေများစွာပါဝင်တဲ့ Gemron Gold ကို နေ့စဉ်ပုံမှန်သောက်သုံးပေးဖို့လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ့်အနေနဲ့ အပေါ်ကအချက်တွေလိုသာ ကိုယ့်ကိုယ်ကိုအမြဲဂရုစိုက်ပေးမယ်ဆိုရင် စိတ်ပျို၊ ကိုယ်နုရုံတင်မကဘဲ အသက်ရှည်ကျန်းမာရောဂါဘယကင်းဝေးစွာ နေထိုင်နိုင်မှာအသေအချာပါပဲ။💙✨

#နုပျိုသွက်လက်မှုနှစ်ဆတိုးGemronGold

‼အသက်အရွယ်မရွေး နုပျိုသွက်လက်ပြီး စိတ်ဖိစီးမှုကင်းဝေးစေဖို့ အလိုအပ်ဆုံးအရာက..🔸ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး🔸ဖျတ်လတ်...
13/11/2024

‼အသက်အရွယ်မရွေး နုပျိုသွက်လက်ပြီး စိတ်ဖိစီးမှုကင်းဝေးစေဖို့ အလိုအပ်ဆုံးအရာက..
🔸ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး
🔸ဖျတ်လတ်ကျန်းမာ၊ စိတ်ဖိစီးမှုကိုကင်းဝေးစေတဲ့ Gemron Gold အားဆေးပါပဲ။

🔹Gemron Gold မှာ potent antioxidants တွေဖြစ်တဲ့ CoQ10, Selenium, Vitamin A, C, E နဲ့ Zinc ဓာတ်တို့ပါဝင်တာကြောင့် ကိုယ်ခန္ဓာကို အထူးကျန်းမာသွက်လက်စေပြီး စိတ်ရွှင်လန်းစေတာကြောင့် နေ့စဥ်တွေ့ကြုံရတဲ့ ဖိအားအမျိုးမျိုးကို လျော့နည်းကင်းဝေးစေမှာပါ။

💙နေ့စဉ်နဲ့အမျှ မိမိကိုယ်ခန္ဓာနုပျိုသွက်လက်ပြီး စိတ်ဖိစီးမှုအစဉ်ကင်းဝေးစေဖို့ Gemron Gold အားဆေးကို အမြဲမှီဝဲဖို့မမေ့နဲ့နော်။

#နုပျိုသွက်လက်မှုနှစ်ဆတိုးGemronGold

နေ့စဉ်နေ့တိုင်း လှုပ်ရှားသွားလာနေရပေမယ့် စိတ်ရောလူရော အားအင်အပြည့်နဲ့ ဖျတ်လတ်ကျန်းမာနေတဲ့ လျှို့ဝှက်ချက်က…🏃🏻‍♀️🤫❗️ခန္ဓာက...
12/11/2024

နေ့စဉ်နေ့တိုင်း လှုပ်ရှားသွားလာနေရပေမယ့် စိတ်ရောလူရော အားအင်အပြည့်နဲ့ ဖျတ်လတ်ကျန်းမာနေတဲ့ လျှို့ဝှက်ချက်က…🏃🏻‍♀️🤫

❗️ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ဗီတာမင် (၁၂)မျိုး၊ သတ္တုဓာတ် (၉) မျိုးအပြင် Zinc ဓာတ်နဲ့ နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့ CoQ10 အဓိကပါဝင်တဲ့ Gemron Gold ကြောင့်ပါပဲ။

🔹ဒီအတွက်ကြောင့် နေ့ရက်တိုင်းကိုအားအင်အပြည့်နဲ့ တက်ကြွလန်းဆန်းစေကာ စိတ်ရောလူရော ပင်ပန်းနွမ်းနယ်မှုကို ရာနှုန်းပြည့်အနိုင်ယူပြီး..

တစ်နေ့တာလုံးပင်ပန်းထားသမျှကို Gemron Gold အားဆေးနဲ့ဖြေဖျောက်ပြီး မိမိရဲ့ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်လိုက်ပါ။💪

#နုပျိုသွက်လက်မှုနှစ်ဆတိုးGemronGold

Address

Thingangyun

Telephone

+959260950001

Alerts

Be the first to know and let us send you an email when Gemron Gold Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Gemron Gold Myanmar:

Share