Alpha Myanmar Health Trading Co.Ltd.

Alpha Myanmar Health Trading Co.Ltd. We care your health

တစ်နေကုန် လှုပ်ရှားသွားလာရုန်းကန်နေရလို့စိတ်ရောကိုယ်ပါ ပင်ပန်းနေရ သူတွေအတွက် ဆေးစွမ်းကောင်းလေးတစ်လက်တော့ ဆောင်ထားသင့်တယ်...
06/05/2025

တစ်နေကုန် လှုပ်ရှားသွားလာရုန်းကန်နေရလို့
စိတ်ရောကိုယ်ပါ ပင်ပန်းနေရ သူတွေအတွက်
ဆေးစွမ်းကောင်းလေးတစ်လက်တော့
ဆောင်ထားသင့်တယ်နော်👌💁💁💊

နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာနေရလို့
ပင်ပန်းနွှမ်းလျဖြစ်နေပြီလား⁉⁉

မကြာခဏ ဖျားနာ နေတတ်ပါလား ❗

အစာစားချင်စိတ်တွေ ပျက်ပြီး
အားအင်တွေကုန်ခမ်းနေပါသလား❓

နာတာရှည် နေမကောင်း ဖျားနာဖြစ်ပြီး
အားအင်ကုန်ခမ်း နုန်းချိနေပါသလား❗❗

ဘာကြောင့်ပဲ ဖြစ်ဖြစ် ကုန်ခမ်းသွားတဲ့ အားအင်တွေအတွက် ပြန်လည်ဖြည့်တင်းဖို့ဆို ဆေးစွမ်းကောင်း
တစ်လက်ဖြစ်တဲ့

O plus အားဆေးလေး ပြန်လာပါပြီလို့..💊

သဘာဝဆေးဖြစ်လို့🌿 ဘေးထွက်ဆိုးကျိုး
လုံးဝ လုံးဝ မရှိပါဘူးနော်😊✌

Nwezealandနိုင်ငံမှ မူပိုင်ခွင့်ဖြင့် တင်သွင်းထားပြီး
မြန်မာနိုင်ငံ FDAလည်း ရပြီး
၁၅နှစ်ကျော်ကြာတဲ့အထိ
မြန်မာနိုင်ငံ စျေးကွက်မှာ သုံးစွဲသူတွေ
အခိုင်အမာ ရရှိထားပြီးသားမို့
ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်ရှင့်...🥰

☎ 095410104
☎ 09420218856
ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် 🤗

အကြာကြီးစောင့်မျှော်နေကြတဲ့ ချစ်မိတ်ဆွေတို့ရေOrderတွေ စိတ်ကြိုက် မှာယူနိုင်ကြပါပီရှင့်😘😘 🤗🤗ALPHA Myanmar မှ ထပ်မံရောက်ရှ...
06/05/2025

အကြာကြီးစောင့်မျှော်နေကြတဲ့
ချစ်မိတ်ဆွေတို့ရေ
Orderတွေ စိတ်ကြိုက် မှာယူနိုင်ကြပါပီရှင့်😘😘 🤗🤗

ALPHA Myanmar မှ ထပ်မံရောက်ရှိလာတဲ့
ကျန်းမာရေးဖြည့်စွက်စာများကတော့

💊💊 Ganopoly O+
💊💊 Ganopoly C+
💊💊 Heripag
💊💊 Cholestrol Care

တို့ပဲ ဖြစ်ပါတယ် ရှင့်......❤

အားလုံးသိကြတဲ့အတိုင်း
ဝယ်လိုအားအကောင်းဆုံး ပစ္စည်းဖြစ်လို့
#အမြန်ဆုံးအော်ဒါ တင်လိုက်တော့နော်😍😍

အော်ဒါများကို ရန်ကုန်မြို့တွင်း အိမ်အရောက်
လိုက်လံပို့ဆောင်ပေးနေပါတယ်နော်....
နယ်မြို့လေးတွေကမှာယူရင်လည်း
ကားဂိတ်ချဝန်ဆောင်မှုပေးပါတယ်

ဒီတော့ အိမ်ကနေ ဖုန်လေးဆက်ပြီး
Hello လုပ်လိုက်ရုံပါပဲနော်

ဖုန်းနံပါတ်-
095410104 , 09420218856
သို့ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်.....

ဝယ်ယူအားပေးမှုအတွက်
အထူးကျေးဇူးတင်ပါတယ် ရှင့်🙏


Alpha Myanmar Health Trading Co.Ltd.

Alpha ရဲ့ လေးစားချစ်ခင် တန်ဖိုးထားရတဲ့ စားသုံးသူ မိတ်ဆွေများမဂ်လာပါ ရှင့် 🙏 ဆေးအသစ်တွေ ထပ်မံရောက်ရှိနေပါပြီလိုအပ်ရင် မှာ...
03/04/2025

Alpha ရဲ့ လေးစားချစ်ခင် တန်ဖိုးထားရတဲ့
စားသုံးသူ မိတ်ဆွေများမဂ်လာပါ ရှင့် 🙏
ဆေးအသစ်တွေ ထပ်မံရောက်ရှိနေပါပြီ
လိုအပ်ရင် မှာယူအားပေးနိုင်ကြပါတယ်💐
အစဥ်တစိုက် အားပေးမှုကို
ကျေးဇူးအထူး တင်ပါ တယ် ရှင့်🙏

🍀 Tangulator ( ဆီးချို၊သွေးချိုဆေး)
🍀 Hepatect ( အသည်းအားဆေး)
🍀 2B. ( နှလုံး ၊ သွေးကြော၊ သွေးတိုးဆေး )
🍀 Vitapoly ( အာဟာရဖြည့် အားဆေး)
🍀 JointGD (အရိုးအဆစ်၊ လေးဘက်နာဆေး)
🍀 Immurich ( နို့ဦးရေ၊ နို့ခဲ )

☎ 095410104. , 09420218856

💸 ငွေလဲနှုန်းအနည်းငယ်
ပြောင်းလဲသတ်မှတ်ထားပါတယ်
1 USD = 2400 MMK

ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေး မှာဘေးဘယာ တွေဝေးကွာပီးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လုပ်ကိုင်စီးပွားများ ဆထက်တပိုး ...
16/10/2024

ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေး မှာ
ဘေးဘယာ တွေဝေးကွာပီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
လုပ်ကိုင်စီးပွားများ ဆထက်တပိုး တိုးတက်
အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း
တောင်းပေး လိုက်ပါတယ် ။ 🙏 🌼 🌹 🎉 🌸 🌺

ချစ်သော Customer များ စောင့်မျှော်နေကြတဲ့ဆေးများ ရောက်ရှိပါပြီ 🤗🍀  Ganopoly B+🍀  Ganopoly C+🍀  Renal Cleanse🍀  Herbal PM...
20/06/2024

ချစ်သော Customer များ စောင့်မျှော်နေကြတဲ့
ဆေးများ ရောက်ရှိပါပြီ 🤗

🍀 Ganopoly B+
🍀 Ganopoly C+
🍀 Renal Cleanse
🍀 Herbal PMT
🍀 Ganopoly A+
🍀 Bone Extra
🍀 Vitapoly
🍀 Balsee
🍀 Joint Good
🍀 Tangulator
🍀 Heripag
🍀 Hepatect
🍀 Best Youth
🍀 ImmuRich
အထက်ပါဆေးများကို စိတ်တိုင်းကျ
မှာယူအားပေး နိုင်ကြပါပီ ရှင့် 🤗🤗💗💗

☎ 095410104
09420218856
09799338010

"ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် အသက် ၄၀ ကျော်သူများအတွက်  #ရိုးတွင်းချဉ်ဆီ_အားဖြည့်ဆေး" ======================== #ရ...
15/06/2024

"ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
အသက် ၄၀ ကျော်သူများအတွက်
#ရိုးတွင်းချဉ်ဆီ_အားဖြည့်ဆေး"
========================

#ရိုးတွင်းချဉ်ဆီ_အားဖြည့်ဆေး

အသက် ၄၀ ကျော် လာတာနဲ့
ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
ရိုးတွင်း ချဉ်ဆီ ခမ်းလာ တတ်ပါတယ်။

အိမ်ထောင်သည်တွေ ပိုဆိုး ပါတယ်။

ရိုးတွင်း ချဉ်ဆီ ခမ်းလာရင် အရွယ်ရင့်မြန်လာခြင်း
မလှုပ်ချင် မကိုင်ချင် မကြာခဏ ဖြစ်ခြင်း
ယောင်္ကျား ဆိုလျှင် ဒူလာဖြစ်ခြင်း
ပြင်ပ ရောဂါ ဝင်လွယ်ခြင်းများ ဖြစ်တတ်ပါတယ်။

ယခု တင်ပြမှာက မြန်မာ့ တိုင်းရင်းနည်းဖြင့်
ရိုးတွင်း ချဉ်ဆီ အားကောင်း နည်းလေးပါ။

-

🍀 ဆေးနည်း

ဖီးကြမ်း ဌက်ပျောသီးကို မီးဖုတ်ပါ။

ပြီးလျှင် ခွက် တစ်ခုထဲ ထည့်ပါ။

နှမ်းဆီ စစ်စစ် ထည့်ပါ။
သမအောင် ချေမွှပါ။

ပြီးလျှင် စားသုံး နိုင်ပါပြီ။

တစ်လ တစ်ကြိမ်/နှစ်ကြိမ်ခန့်စားပေးခြင်းဖြင့်
ကျန်းမာလန်းဆန်း လာပါလိမ့်မည်။

#ကျန်းမာရေး

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။ လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။၁။ ...
10/05/2024

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။

C R D မူရင်း

Happy Eid Mubarak to all Muslim families.💗Have the best celebration! 🎉
10/04/2024

Happy Eid Mubarak to all Muslim families.💗

Have the best celebration! 🎉

Heat stroke နွေရာသီ အပူလွန်ကဲရာကနေ အပူရှပ်ခြင်း အကြောင်း သိကောင်းစရာ***********အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျ...
04/04/2024

Heat stroke
နွေရာသီ အပူလွန်ကဲရာကနေ အပူရှပ်ခြင်း အကြောင်း သိကောင်းစရာ
***********
အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေတဲ့သူတွေမှာ ပူလာပြီဆို ချွေးမထွက်၊ အသားတွေပူ၊ ရေငတ်ပြီး နှလုံးခုန်မြန်၊
ရေသောက်လည်း တံတွေးတွေ မထွက်၊ အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျဉ် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။

ညဘက်ပိုင်းမှာ နေမပူပေမယ့် ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ဘဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျဉ်၊နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။
ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။

Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေတဲ့အထိ ပြင်းထန်တတ်ပါတယ်။
ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ယူဆကာ ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။

အခုလို ရာသီမျိုးမှာ အိမ်တိုင်း #ဓာတ်ဆားထုပ်
(အငန်ထုပ်)တွေ ဆောင်ထားသင့်ပါတယ်။
ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား
သောက်သင့်ပါတယ်။
ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ အပူရှပ်တာမျိုး
ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး
နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

အပူရှပ်တယ်ဆိုရင် လူအများစုက
နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေသောက်ပစ်တာ၊ ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့ ယူဆတတ်ကြတယ်။
ဒါတွေကြောင့်လည်း အဖြစ်များတာမှန်ပေမယ့် တခြားအကြောင်းတွေကြောင့် ဖြစ်စေတတ်ပါသေးတယ်။

အိမ်ထဲမှာ နေနေရင်း ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူရှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော
ဖြစ်ရပ်မျိုး ဖြစ်ပါတယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိ သွေးကြောတွေရဲ့ တုန့်ပြန်မှု
ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ
ဖြစ်တယ်။
မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။

သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင်
အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူရှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုး
ဖြစ်ပါတယ်။
အပူရှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်)
တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ၊ ချွေးထွက်များတဲ့ အလုပ်တွေ
လုပ်ရတဲ့အခါ ချွေးတွေအရမ်းထွက်ပါတယ်။
ချွေးတွေနဲ့အဆူ ခန္ဓာကိုယ်ထဲက ဆားဓာတ်တွေပါ
ပါသွားပါတယ်။
ဒီအခါမှာ ရေက မသောက်မိဘူးဆို ပိုပို
ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့ ဆီးသိပ်မသွားဘူး။
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့
ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့ ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့ လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အဲ့ဒိအချိန်မျိုးထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင် ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့။
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်။
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူရှပ်သွားပါပြီ။
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိက မှတ်ထားရမှာက အဖျားကျတဲ့ ပါရာစီသမောလို
ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့
ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီး
တိုက်ရပါမယ်။
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊
M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး။
အပူရှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်း
ရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်။
Air con ကို Dehumifying mode or Dry mode မှာ
ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေး ငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူရှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ပါဘူး။
ဓာတ်ဆားရည်ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး
သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာ ဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့ လိုပါသေးတယ်။

ဒီလိုဆိုရင် အပူရှပ်ဖို့ မကြောက်ရတော့ပါဘူး။

*********************

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင်ထားတဲ့ စာတွေကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ။

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူ မဝတ်ဖို့ နဲ့ ရေဖက် ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ ပေါင်ခြံ၊ ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယပ်ခတ်ရန်) အထူးလိုအပ်ပါတယ်။


#အပူရှပ်ခြင်း

Credit

မင်္ဂလာပါ ချစ်မိတ်ဆွေတို့ဒီနေ့ဟာ Alpha မိသားစုဝင်တွေ အတွက် အရေးကြီးတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့၁၅ နှစ် ၈.၃.၂၀...
08/03/2024

မင်္ဂလာပါ ချစ်မိတ်ဆွေတို့
ဒီနေ့ဟာ Alpha မိသားစုဝင်တွေ အတွက် အရေးကြီးတဲ့
နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့၁၅ နှစ် ၈.၃.၂၀၀၉
ရက်နေ့ကစပြီး Alpha ကုမ္ပဏီကြီး မြန်မာပြည်မှာ
စတင်မွေးဖွားလာခဲ့ပါတယ်
မြန်မာပြည်သူတွေရဲ့ ကျန်းမာခြင်းတွေ ဘဝအခြေ
မြင့်မားလှပမှုတွေ များစွာကို ပေးစွမ်းနိုင်ခဲ့တာ
ဒီနေ့ထူး နေ့မြတ်က စတင်ခဲ့တာမို့ Alpha ရဲ့၁၅ နှစ်ပြည့်
မွေးနေ့ မှာ ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် မိတ်ဆွေအားလုံးကို နှုတ်ခွန်းဆက်သ လိုက်ပါတယ်

ဒီ၁၅ နှစ်တာ ခရီးရှည်ကြီးမှာ Alpha ကိုချစ်မြတ်နိုးစွာနဲ့
တူညီတဲ့အိပ်မက်တွေကို အခက်အခဲတွေ မျက်ရည်တွေကြားက မဆုတ်မနစ် မက်ဝံ့ခဲ့ကြတဲ့ Alpha သူရဲကောင်းများအားလုံး ကို လေးစားစွာ ဦးညွတ်လိုက်ပါရစေ

ဝင်ငွေလမ်းကြောင်း (၇) ခုတစ်ချို့သူတွေ ပုံမှန်အလုပ်မရှိပေမယ့် ငွေတော့ ဘာလို့ အမြဲမပြတ်ရှိနေရတာလဲလို့ တွေးမိဖူးလား။ဒါမှမဟု...
16/01/2024

ဝင်ငွေလမ်းကြောင်း (၇) ခု

တစ်ချို့သူတွေ ပုံမှန်အလုပ်မရှိပေမယ့် ငွေတော့ ဘာလို့ အမြဲမပြတ်ရှိနေရတာလဲလို့ တွေးမိဖူးလား။

ဒါမှမဟုတ် ကိုယ့်ရဲ့ လက်ရှိအလုပ်ကနေ ဝင်ငွေအများကြီး မရသလိုခံစားနေရလား။

ဝင်ငွေရှာတယ်ဆိုတာ ကုမ္ပဏီမှာ အလုပ်လုပ်တာ၊ စီးပွားရေးလုပ်ငန်း လုပ်တာ၊ တောက်တိုမယ်ရ လုပ်တာလောက်ပဲ မဟုတ်ပါဘူး။ သိပ်သတိမထားမိတတ်ကြတဲ့ အခြားဝင်ငွေလမ်းကြောင်းတွေလည်း အများကြီး ရှိပါသေးတယ်။

ယေဘုယျအားဖြင့်တော့ ဝင်ငွေလမ်းကြောင်း (၇) ခု ရှိပါတယ်။

shwedingar.com

တစ်ချို့သူတွေ ပုံမှန်အလုပ်မရှိပေမယ့် ငွေတော့ ဘာလို့ အမြဲမပြတ်ရှိနေရတာလဲလို့ တွေးမိဖူးလား။

ဒါမှမဟုတ် ကိုယ့်ရဲ့ လက်ရှိအလုပ်ကနေ ဝင်ငွေအများကြီး မရသလိုခံစားနေရလား။

ဝင်ငွေရှာတယ်ဆိုတာ ကုမ္ပဏီမှာ အလုပ်လုပ်တာ၊ စီးပွားရေးလုပ်ငန်း လုပ်တာ၊ တောက်တိုမယ်ရ လုပ်တာလောက်ပဲ မဟုတ်ပါဘူး။ သိပ်သတိမထားမိတတ်ကြတဲ့ အခြားဝင်ငွေလမ်းကြောင်းတွေလည်း အများကြီး ရှိပါသေးတယ်။

ယေဘုယျအားဖြင့်တော့ ဝင်ငွေလမ်းကြောင်း (၇) ခု ရှိပါတယ်။

ဝင်ငွေလမ်းကြောင်း တစ်ခုစီကို အောက်မှာ လေ့လာနိုင်ပါတယ်။

ကျွန်တော်တို့ တော်တော်များများအတွက် အဓိကဝင်ငွေက အလုပ်လုပ်ရာကနေရရှိတဲ့ လုပ်အားခဝင်ငွေဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း စီးပွားရေးလုပ်ငန်း သေးသေးလေးတွေကနေ ရရှိတဲ့ အမြတ်ဝင်ငွေအပေါ် မီခိုတာမျိုးလည်း ရှိပါတယ်။

ငွေအများကြီး ရှာနိုင်တဲ့သူတွေမှာ ဝင်ငွေလမ်းကြောင်း တစ်ခုထက်ပိုပြီး ရှိတတ်ကြပါတယ်။ ဝင်ငွေလမ်းကြောင်း တစ်ခုထက်ပိုပြီးရှိဖို့ မဖြစ်မနေလိုအပ်တာမျိုး မဟုတ်ပေမယ့်၊ ပြီးတော့ ဝင်ငွေလမ်းကြောင်း (၇) ခုလုံးရှိတာမျိုးလည်း မဖြစ်နိုင်ပေမယ့် နည်းနည်းရှိထားတာတော့ ကောင်းတာပေါ့။

ဝင်ငွေလမ်းကြောင်း အားလုံးရှိဖို့ အမြဲမဖြစ်နိုင်ပေမယ့် အဆင်ပြေနိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေကြည့်ပါ။ ကိုယ့်ရဲ့အဓိကဝင်ငွေအပြင် အပိုဝင်ငွေရရှိဖို့အတွက် ကိုယ်နဲ့ အဆင်ပြေမယ့် ဝင်ငွေလမ်းကြောင်း ၁ ခု၊ ၂ ခုလောက် ရှိမလားဆိုတာ ကြည့်ပါ။

ဝင်ငွေလမ်းကြောင်း နည်းနည်းရှိထားတယ်ဆိုရင် ကိုယ့်ရဲ့ဝင်ငွေတွေ တိုးလာပြီး ဝင်ငွေလမ်းကြောင်းကိုလည်း သေချာခွဲခြားလို့ ရမှာပါ။ ဒါပေမယ့် ဒီအပိုင်းကို တအားကြီး ဂရုစိုက်နေဖို့တော့ မလိုပါဘူး။

ဝင်ငွေလမ်းကြောင်း (၇) ခု
လုပ်အားခ ဝင်ငွေ (Earned income)

အကျိုးအမြတ် ဝင်ငွေ (Profit income)

အတိုး ဝင်ငွေ (Interest income)

အစုအပေါ်အမြတ် ဝင်ငွေ (Dividend income)

အငှားချ ဝင်ငွေ (Rental income)

ရေရှည် အမြတ်အစွန်း ဝင်ငွေ (Capital gains income)

မူပိုင်ခွင့် ဝင်ငွေ (Royalty income)

ဒါကတော့ ဝင်ငွေရရှိနိုင်တဲ့ လမ်းကြောင်းလေးတွေကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ မဖြစ်မနေ ဝင်ငွေလမ်းကြောင်း တစ်ခုထက်ပိုပြီး ရှိဖို့လိုတာတော့ မဟုတ်ပေမယ့် ကျွန်တော်တို့ အများစုရဲ့ ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ လုပ်အားခဝင်ငွေက လောက်ငှရုံလေးဖြစ်တာများတာမို့လို့ ဝင်ငွေလမ်းကြောင်း တစ်ခုထက်ပိုရှိထားတာလည်း မဆိုးပါဘူး။

ဖော်ပြထားတာတွေထဲကမှ ကိုယ်နဲ့ အဆင်ပြေမယ့် လမ်းကြောင်းလေးတွေကို ရှာဖွေပြီး လက်တွေ့အသုံးပြုကြည့်လိုက်ပါ။

Credit post and photo credit

ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial  Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်...
26/09/2023

ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါ
က Adenovial Conjunctivitis ပါ။ အသက်အရွယ်
မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

🔺ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်း
လာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့
ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင်
မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင်
တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင်
Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ
ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။
တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..

🔺ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန် ✔️

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။..

ရှောင်ရန် ❌

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို
မသွားပါနဲ့။
မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့်
ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့
ကာကွယ်နိုင်ကြပါစေ.....။

မျက်စိအထူးကုဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

Address

Yangon

Telephone

+959420218856

Website

Alerts

Be the first to know and let us send you an email when Alpha Myanmar Health Trading Co.Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram