Zan Taw Win

Zan Taw Win Mental Health Hospital

အပန်းဖြေခရီးလွန်စိတ်ကျရောဂါဟုလည်းလူသိများသော Post-vacation blues or Post travel depression သည် အားလပ်ရက် သို့မဟုတ် ခရီးတ...
17/04/2023

အပန်းဖြေခရီးလွန်စိတ်ကျရောဂါဟုလည်းလူသိများသော Post-vacation blues or Post travel depression သည် အားလပ်ရက် သို့မဟုတ် ခရီးတစ်ခုမှ အိမ်ပြန် ရောက်ပြီးနောက် လူများစွာအတွက် ဖြစ်လေ့ရှိသော ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။ ဝမ်းနည်းမှု၊ စိတ်ပျက်မှုနှင့် လှုံ့ဆော်မှုကင်းမဲ့မှုတို့သည် ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပတ်များစွာကြာအောင် ကြာရှည်ခံနိုင်သည်။

အားလပ်ရက်လွန်စိတ်ကျခြင်းဖြစ်ရခြင်းအကြောင်းရင်းမှာ လုပ်ရိုးလုပ်စဉ်၊ ပတ်ဝန်းကျင်နှင့် နေ့စဉ်လှုပ်ရှားမှုများတွင် ရုတ်တရက်ပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ အားလပ်ရက်တွေသွားတဲ့အခါ ပုံမှန်အားဖြင့် မတူညီတဲ့ အချိန်ဇယားတစ်ခု၊ မတူညီတဲ့အစားအစာတွေစားပြီး ပုံမှန်မလုပ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ ကျွန်ုပ်တို့၏ ဦးနှောက်သည် ဤအတွေ့အကြုံသစ်များကို တုံ့ပြန်ရန်အတွက် ပျော်ရွှင်မှုဟော်မုန်းတစ်မျိုးဖြစ်သော ဒိုပါမင်းကို ထုတ်လွှတ်ပါသည်။ ဒါပေမယ့် အိမ်ပြန်ရောက်တဲ့အခါ ဦးနှောက်က Dopamine ထုတ်လွှတ်မှု ရပ်သွားပြီး စိတ်ခံစားချက်တွေ ကျဆင်းသွားတတ်ပါတယ်။

ထိုသို့ဖြစ်ရခြင်းအတွက်နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ အားလပ်ရက်ကုန်ဆုံးသွားပြီဆိုတာ သိလိုက်ရပြီး ကျွန်ုပ်တို့ရဲ့ပုံမှန်ဘဝထဲကို ပြန်သွားရပါမယ်။ အားလပ်ရက် ခရီးသွားစဉ် က ဘ၀ ထဲ ရှိ စိုးရိမ်စရာများကို မေ့နေလေ့ ရှိပြီး ခရီးပြီး ဆုံးသွားသော အခါ အေးချမ်းမှု များ ပြီးဆုံးသွားပြီး စိတ်ဖိစီး မှု များပြည့်နေသော ဘ၀ ထဲ ပြန်သွားရမည့်အ‌သိကြောင့် stress hormone တွေ ပိုထွက် လာ တာကြောင့် လဲ ဖြစ်ပါတယ်။

Post-Vacation Blues လက္ခဏာများရှိ/မရှိ ဆိုလျင်အောက် ပါ အချက်များခံစားနေရခြင်းရှိမရှိ ဆန်းစစ်ကြည့်ပါ။
• မလန်းဆန်းခြင်း
• ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း။
• မောပန်းလွယ်ခြင်း၊ လုံလောက်စွာ အနားယူ အိပ်စက်ပြီးသော်လည်း အိပ်ရေးမ၀ခြင်း
• အာရုံစူးစိုက်မှု အားနည်းခြင်း။
• စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း။
• ဝမ်းနည်းခြင်း၊ စိတ်ထဲအုံ့မှိုင်းခြင်း၊ စိုးရိမ်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း။
• အလုပ်လုပ်ရန်/စာကျက်ရန် တွန်းအားပေးမှုမရှိခြင်း။ လုံး၀ မတက်ကြွတြောခြင်းသို့မဟုတ် ပုံမှန်ဘဝနေထိုင်ပါ။
ဒါဆို Post vacation blues တွေကို ဘယ်လိုကျော်ဖြတ်နိုင်မလဲ။ ဤသည်မှာ အချို့သော အကြံပြုချက်များဖြစ်သည်-

၁။ ချိန်ညှိရန် သင့်ကိုယ်သင် အချိန်ပေးပါ။- ချက်ခြင်း ပုံမှန်ပြန်ခံစားရဖို့ မမျှော်လင့်ပါနဲ့။ သင့်ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ကိုယ်ကို အချိန်ပေးပါ။

၂။ အပြုသဘောဆောင်သော အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပါ- သင့်အားလပ်ရက်အတွင်း သင်ရရှိခဲ့သည့် အပြုသဘောဆောင်သောအတွေ့အကြုံများ( ပျော်စရာများ။ ပျော်ခဲ့ရသည်များ)ကို ပြန်လည်သုံးသပ်ရန် အချိန်ယူပါ။ ၎င်းတို့ကို ချရေးပါ သို့မဟုတ် ၎င်းတို့ကို သူငယ်ချင်းများနှင့် မိသားစုများနှင့် မျှဝေပါ။ ၎င်းသည် သင့်အား အဆိုပါအခိုက်အတန့်များကို ပြန်လည်အသက်သွင်းစေပြီး သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါသည်။

၃။ သင်၏နောက်လာမည့်အားလပ်ရက်ကိုစီစဉ်ပါ- မျှော်လင့်ရမည့်အရာတစ်ခုရှိခြင်းက အားလပ်ရက်လွန်အပြာရောင်များကို ကျော်လွှားနိုင်ရန် ကူညီပေးနိုင်ပါသည်။ စနေ၊ တနင်္ဂနွေ အပန်းဖြေခရီးတစ်ခုသာ ဖြစ်နေသော်လည်း သင်၏ နောက်လာမည့် အားလပ်ရက် သို့မဟုတ် ခရီးစဉ်ကို စတင်စီစဉ်ပါ။

၄။တက်ကြွစွာနေထိုင်ပါ- လေ့ကျင့်ခန်းလုပ်ခြင်းက သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တဲ့ endorphin ကိုထုတ်ပေးပါတယ်။ လမ်းလျှောက်တာ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး အကြောဆန့်နေရင်တောင် တက်ကြွနေအောင် ကြိုးစားပါ။

၅။သူငယ်ချင်းများနှင့် မိသားစုများနှင့် ချိတ်ဆက်ပါ- ချစ်ခင်ရသူများနှင့် အချိန်ဖြုန်းခြင်းက သင့်အား ပံ့ပိုးကူညီမှုနှင့် ချိတ်ဆက်မှုကို ခံစားရစေရန် ကူညီပေးနိုင်ပါသည်။ ဆုံစည်းရန် စီစဉ်ပါ သို့မဟုတ် chat လုပ်ရန် တစ်စုံတစ်ဦးကို ခေါ်ပါ။

နိဂုံးချုပ်အားဖြင့်၊ အားလပ်ရက်လွန် စိတ်ကျခြင်း များသည် သာမန်အတွေ့အကြုံတစ်ခုဖြစ်သော်လည်း ၎င်းတို့သည် သင့်စိတ်ခံစားချက်ကို အချိန်ကြာမြင့်စွာ ဖျက်စီးရန် မလိုအပ်ပါ။ ချိန်ညှိရန် သင့်ကိုယ်သင် အချိန်ပေးခြင်း၊ အပြုသဘောဆောင်သော အတွေ့အကြုံများကို တွေးတောခြင်း၊ သင်၏ နောက်လာမည့် အားလပ်ရက်ကို စီစဉ်ခြင်း၊ တက်ကြွစွာနေခြင်းနှင့် ချစ်ရသူများနှင့် ချိတ်ဆက်ခြင်းဖြင့်၊ သင်သည် အားလပ်ရက်လွန်ဘလူးရှင်းများကို ကျော်လွှားနိုင်ပြီး အသစ်တဖန် ခွန်အားနှင့် လှုံ့ဆော်မှုများဖြင့် သင့်နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်သို့ ပြန်သွားနိုင်ပါသည်။

ကိုယ်ကျင့်တရားဖွံဖြိုးတိုးတက်မှုနှင့်လူငယ်ဘဝ(Moral Development and Adolescence)🍀ကိုယ်ကျင့်တရား(Moral)ဆိုသည်မှာ အဘယ်နည်း?က...
18/01/2021

ကိုယ်ကျင့်တရားဖွံဖြိုးတိုးတက်မှုနှင့်လူငယ်ဘဝ
(Moral Development and Adolescence)

🍀ကိုယ်ကျင့်တရား(Moral)ဆိုသည်မှာ အဘယ်နည်း?
ကိုယ်ကျင့်တရားဆိုသည်မှာ
လူသားတို့သည် မိမိတို့၏ဘဝနေထိုင်နည်းများက်ု
ရွေးချယ်တွက်ချက်ဆုံးဖြတ်ရာတွင်
အမှန် နှင့် အမှား ကိုလည်းကောင်း၊
အကောင်း နှင့် အဆိုးကိုလည်းကောင်း
ခွဲခြားပြနိုင်သောလမ်းညွှန်ချက်စံနှုန်းများပင်ဖြစ်ပါသည်။

🍀မြီးကောင်ပေါက်အရွယ် လူငယ်များတွင်
ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက်မှု(Moral Development)သည်
လူငယ်များ၏ အသိအမြင်၊ စိတ်ခံစားမှု ၊ လူမှုရေး စသည်တို့ တဖြည်းဖြည်းနှင့်ရင့်ကျက်လာပြီး
၎င်းတို့၏ ကိုယ်ကျင့်တရားအပေါ်သိနားလည်မှုသည်လည်း ပိုမိုကျယ်ပြန့်လာခြင်းဖြစ်သည်။
ထိုသို့ ကိုယ်ကျင့်တရားအပေါ်သိနားလည်မှုနှင့်အတူ ၎င်းတို့၏အပြုအမူများနှင့်စိတ်ထားတို့သည်လည်း
ပို၍ဖွံ့ဖြိုးကောင်းမွန်လာခြင်းဖြစ်သည်။

🍀ကိုယ်ကျင့်တရားဖွံဖြိုးတိုးတက်လာမှုသည်
မှန်ကန်ကောင်းမွန်သော စံလမ်းညွှန်ချက်များနှင့်
အကောင်း အဆိုးဖြစ်စဉ်များကိုနှိုင်းယှဉ်ပြီး
ဆယ်ကျော်သက်များ၏နေ့စဉ်ဘဝတွင်
ဤစံလမ်းညွှန်ချက်များကို
တဖြည်းဖြည်းကျင့်သုံးနိုင်တတ်လာခြင်းဟုလည်းခေါ်ဆိုနိုင်သည်။

🍀မြီးကောင်ပေါက်အရွယ် ဆယ်ကျော်သက်လူငယ် များသည် မိမိကိုယ်တိုင်ချမှတ်ရမည့် ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဆုံးဖြတ်ချက်များအားအခြေခံမှစ၍ ချင့်ချိန်သုံးသပ်ကာအလေ့ကျင့်လုပ်သင့်ပေသည်။

သို့သော်ကလေးများ၏ငယ်စဉ်အချိန်ခါတွင် မိသားစု၊ယဉ်ကျေးမှု နှင့် ဘာသာတရားတို့သည် ၎င်းတို့၏
ကိုယ်ကျင့်တရားနှင့်ဆိုင်သောဆုံးဖြတ်ချက်များအားချမှတ်ရာတွင် များစွာသက်ရောက်မှုရှိနိုင်ပါသည်။

🍀အစောပိုင်းမြီးကောင်ပေါက် အသက်ရွယ်(၁၂နှစ်မှ ၁၄နှစ်) နှင့် အလယ်လတ်ပိုင်း မြီးကောင်ပေါက်အရွယ် (၁၄နှစ်မှ ၁၇နှစ်)ရောက်သောအခါ သက်တူရွယ်တူအပေါင်းသင်းတို့၏ အပြုမူများ လုပ်ဆောင်ချက်များသည် ၎င်းတို့အပေါ်များစွာသက်ရောက်မှုရှိနိုင်ပါသည်။သက်တူရွယ်တူထံမှရသော ဖိအားများသည်
ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဆုံးဖြတ်ချက်များ
ချမှတ်ရာတွင် များစွာသောသက်ရောက်မှုများဖြစ်စေနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ဆယ်ကျော်သက်အရွယ်တွင်
"သူငယ်ချင်း" ဆိုသည်မှာအရေးပါသောအခန်းနေရာမှ
ပါဝင်ပတ်သက်ခြင်းကြောင့်ပင်ဖြစ်ပါသည်။

🍀မြီးကောင်ပေါက်အရွယ်နှောင်းပိုင်း လူငယ်ဘဝ(၁၇နှစ် မှ ၂၁နှစ်နောက်ပိုင်း) တွင်မူ
ဆယ်ကျော်သက်များသည် မိမိတို့၏ ကိုယ်ပိုင်စရိုက်လက္ခဏာများ စတင်ဖြစ်တည်လာသောကြောင့် အစောပိုင်းအရွယ်တွင်ဖြစ်တတ်သော
ပုန်ကန်ဆန့်ကျင်လိုစိတ်များ၊ အလိုမကျခြင်းများ၊ ရန်လိုခြင်းများလျော့ကျလာပါသည်။

🍀ထိုမှတစ်ဆင့်
ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက်ပိုမိုကောင်းမွန်လာသော လူငယ်အချို့သည်
မိမိတို့၏ကိုယ်ကျင့်တရားနှင့်ဆိုင်သည့်
ကိစ္စရပ်များတွင်အမှန် အမှားကိုရွေးချယ်ဆုံးဖြတ်နိုင်လာပြီး ကျင့်ဝတ်ဆိုင်ရာ
စည်းမျဉ်းများအား လက်ခံလာနိုင်ကြပါသည်။

🍀အခြားသော ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးသက်ရောက်စေသောအချက်များ🍀

ကံမကောင်းစွာဖြင့် လူငယ်အချို့တွင် ၎င်းတို့၏
ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက်မှုကိုအနှောင့်အယှက်ဖြစ်စေသည့် ဘဝအတွေ့အကြုံများရှိတတ်ကြပေသည်။

🍀စိတ်ဒဏ်ရာရခြင်း (Trauma)
ဥပမာအားဖြင့် စိတ်ဒဏ်ရာရခြင်း အတွေ့အကြုံများသည် ကလေးအရွယ်နှင့် အစောပိုင်းမြီးကောင်ပေါက်အရွယ်တွင် ရုပ်ပိုင်းဆိုင်ရာ( သို့) စိတ်ပိုင်းဆိုင်ရာ (သ်ု့) လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ပြုမူခံရခြင်း (သို့)
မိသားစုဝင်တစ်ဦး သို့မဟုတ် ချစ်ခင်ရင်းနှီးသောမိတ်ဆွေတစ်ဦးဆုံးပါးခြင်းစသည့်အကြောင်းတရားတို့သည် လူငယ်များ၏ လောကကြီးအပေါ် မြင်သည့်
အမြင်အား မတရားသည် မမျှတသည်ဟု ထင်မြင်လာစေပြီး ကိုယ်ကျင့်တရားနှင့်ဆိုင်သောကိစ္စရပ်များတွင်သက်ရောက်မှုရှိလာနိုင်ပါသည်။

ထို့အပြင်ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက်မှု လျော့နည်းသောအခါ လူငယ်ဘဝတွင်
မိမိရည်မှန်းရာပန်းတိုင်သို့လျှောက်လှမ်းသောအခါနှင့်
အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရာတွင်
အခက်အခဲများရှိလာနိုင်ပါသည်။

🍀မိဘများနှင့် အုပ်ထိန်းသူတို့သည် ကလေးများအတွက် အရွယ်ရောက်လာသည်နှင့်အမျှ
ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်သည်လည်း
အရေးကြီးကြောင်း သိရှိနားလည်ထားရမည်ဖြစ်သည်။
သို့မှသာ လူငယ်လူရွယ်များအတွက်
မှန်ကန်သောကိုယ်ကျင့်တရားနှင့်အတူ
ဖွံ့ဖြိုးတိုးတက်သည့် ပတ်ဝန်းကျင်နှင့်
ကောင်းမွန်သောစိတ်နေစိတ်ထား ၊
အမူအကျင့်ကောင်းများကိုငယ်ရွယ်စဉ်ဘဝမှပင်စ၍ အရွယ်ရောက်ချိန်အထိပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပေသည်။ 🍀

Ref : "WHO School Mental Health Manual"


📌📌📌"2020 ရဲ့နောက်ဆုံးနှစ်ကူးအားလပ်ရက်ရာသီမှာ သင့်စိတ်ကျန်းမာရေး ပိုမိုတက်ကြွပြီးရွှင်လန်းဖို့လုပ်ဆောင်သင့်တဲ့ အချက်များ ...
28/12/2020

📌📌📌"2020 ရဲ့နောက်ဆုံးနှစ်ကူးအားလပ်ရက်ရာသီမှာ သင့်စိတ်ကျန်းမာရေး ပိုမိုတက်ကြွပြီးရွှင်လန်းဖို့
လုပ်ဆောင်သင့်တဲ့ အချက်များ " 📌📌📌

မင်္ဂလာပါ ကျွန်တော်ကတော့ Admin စျာန် ပါ...
ကျွန်တော်ကတော့ ဒီနေ့မှာ 2020 ရဲ့ နောက်ဆုံးနှစ်ကူးအားလပ်ရက်ရာသီမှာ သင့်စိတ်ကျန်းမာရေး ပိုမိုတက်ကြွပြီးရွှင်လန်းဖို့ လုပ်ဆောင်သင့်တဲ့ အချက်များကိုပြောပြပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ....။

ကျွန်တော်တို့တွေမှာ နှစ်တစ်နှစ်ရဲ့အကောင်းဆုံးအပျော်ဆုံးအချိန်တွေဆိုတာရှိကြစမြဲပါ။ဒါဆို အခု 2020 ကျတော့ရော??? 🤔

ဟုတ်ကဲ့ အားလုံးလည်းသိပြီးသားဖြစ်တဲ့
တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ Covid 19 ကြောင့် အခုဆိုရင် ကျွန်တော်တို့ ဆင်နွှဲနေကြ ပွဲတော်ချိန်ခါတွေဟာ အရင်နှစ်တွေ အရင်အချိန်တွေကလို မဟုတ်တော့တာအသေချာပါပဲခင်ဗျာ။
အဲ့ဒါကြောင့် အခုလိုနှစ်သစ်ကူးပြောင်း ကာလလေး အေးချမ်းတဲ့ဒီဇင်ဘာလလေးမှာ ကျန်းမာရေးလည်းဂရုစိုက်ပြီး စိတ်ကျန်းမာပျော်ရွှင်စွာနဲ့ ဒီအချိန်အခါလေးကို ဘယ်လိုအဖိုးတန်စွာ ဖြတ်သန်းသွားကြမလဲဆိုတာကို
ပြောပြပေးသွားပါမယ်ခင်ဗျာ။

1. ဒီနှစ်ဟာ အခြားနှစ်တွေလိုမဟုတ်တာကို အသိမှတ်ပြုလက်ခံပါ။ 🙂🙂🙂
2020 ကာလဟာ အရင်နှစ်တွေလိုပဲ ကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် မတူညီတဲ့ အပြောင်းလဲများနှင့်မိမိဖြတ်ကျော်နိုင်ခဲ့တယ် ဆိုတာကိုအသိအမှတ်ပြုလက်ခံပါ။ ဖြစ်ပျက်နေတဲ့ အမှန်တရားကိုလက်ခံပြီး အကောင်းဆုံးပြောင်းလဲနေထိုင်ခြင်းဟာ ဖြစ်ပေါ်လာတဲ့ အခုလို covidကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုလက်ခံနိုင်လာတယ်လို့ "Kroska and Colleagues" ကပြုလုပ်တဲ့စစ်တမ်းတွေအရသိရပါတယ်ခင်ဗျာ။
ကိုယ်ထင်ထားသလိုပျော်ရွှင်မှုတွေ ဒီနှစ်မှာ အကောင်ထညိမဖော်လိုက်ရပေမယ့် အခြားရွေးချယ်စရာတွေရှိနေသေးတာပဲလို့ အသိမှတ်ပြုပါ။ ဥပမာ- နှစ်ကူးပိတ်ရက်မှာ မိသားစုနဲ့ခရီးအတူတူထွက်ဖို့ အဆင်မပြေပေမယ့် အိမ်မှာမိသားစုနဲ့အတူတူနေထိုင်ပြီး အချိန်ပိုပေးလိုက်တာမျိုးလေးတွေကိုလုပ်လို့ရသေးကြောင်း လက်ခံပေးပါ။ဒီလိုလက်ခံအသိမှတ်ပြုလိုက်ခြင်းဖြင့် သင်လည်း ချစ်ခင်ရသူတွေအတွက် လုပ်ဆောင်ပေးနိုင်မယ့် စိတ်ကူးအသစ်တွေရလာနိုင်မှာဖြစ်ပါတယ်။

2.ကျန်းမာရေးအတွက် ပိုရင်းနှီးမြုပ်နှံမယ်။ 🥗⛹️‍♂️🏊‍♂️🚴‍♀️
ငါကတော့ ဒီနှစ်ကူးပိတ်ရက်မှာ ဘာလုပ်မယ် ဘယ်သွားမယ်ဆိုတာတွေဟာ သင့် calendar ပေါ်မှာပြည့်နေခဲ့ဖူးမှာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သင့်ရဲ့လူမှုရေးဆိုင်ရာ ချိန်းဆိုမှုတွေ ၊ စျေးဝယ်ထွက်တာတွေ ၊ ခရီးသွားတာတွေဟာ ပြက္ခဒိန်ပေါ်မှာ လျော့နည်းသွားပြီဖြစ်ပါတယ်။ အစားထိုးအနေနဲ့ ကျွန်တော်တို့ ပိတ်ရက်လေးတွေမှာ မိမိခန္ဓာကိုယ်နှင့် စိတ်လေးကို ပိုဂရုစိုက်ကြမယ်။ မိသားစုနဲ့ချစ်ခင်ရသူတွေကို အာဟာရရှိတာတွေ ချက်ပြုတ်ကျွေးမယ် ။ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ကျန်းမာအောင်နေမယ်။ နှစ်သစ်မှာ အရင်ထက်ပိုပီး Fit and Healthy ဖြစ်အောင်နေမယ်လို့ goal လေးထားပြီး လုပ်ဆောင်ကြည့်ကြမယ်ဆိုရင်ရောဂါဆိုးတွေကို ခုခံကာကွယ်ဖို့အတွက် ကျန်းမာတဲ့ စိတ်နဲ့ခန္ဓာကိုယ်ကသင်နဲ့အတူ ရယ်ဒီဖြစ်နေမှာပါ ခင်ဗျာ။

3. ပျော်ရွှင်မှုဆိုတာ တစ်သတ်မှတ်တည်းမဟုတ်ပါ။🕺🏼👨‍👩‍👧‍👦🏡
ဒီနှစ်ထဲမှာ ကျွန်တော်တို့တွေသာမက ကမ္ဘာအနှံ့အပြားမှာ ကိုဗစ် ကြောင့် အဖက်ဖက်က ဆုံးရှုံးမှုတွေကို ခံစားခဲ့ကြရပြီးဖြစ်ပါတယ်။ ဒါကြောင့် အခုလိုနှစ်သစ်ကူးပွဲတော်ကာလလေးမှာတော့ စိတ်ညစ်ညူးမနေဘဲ မိမိစိတ်ကိုပျော်ရွှင်လန်းဆန်းစေမယ့် အရာတွေက်ုရှာဖွေရင်း နှစ်သစ်ကိုကူးပြောင်းပါ။ တကယ်လို့ သင်ဟာ လူအများကြီးနဲ့ပွဲတော်ပါတီတွေဆင်နွှဲရတာ ကြိုက်တဲ့သူဆိုရင် မိမိအိမ်မှာပဲ မိသားစုဝင်တွေ ချစ်ရသူတွေနဲ့ အသေးစားပါတီလေးတွေနွေးထွေးစွာပြုလုပ်နိုင်ပါသေးတယ်။ခင်မင်ရင်းနှီးတဲ့မိတ်ဆွေအနည်းကျဉ်းလောက်နဲ့ ချက်ပြုတ်စားသောက်လို့ရပါသေးတယ်။ ဒီနှစ်ကူးလေးမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ မကဲရ မပျော်ရရင်တောင်မှ ကိုယ်နိုင်သလောက်လေးတွေစုပြီး လိုအပ်တဲ့နေရာလေးတွေကို လှူဒါန်းပြီး အမှတ်တရလေးတွေကိုပြုလုပ်နိုင်ပါသေးတယ်။ ဒါကြောင့် မှိုင်တွေမနေပါနဲ့...ပျော်ရွှင်ခြင်းဟာ သင့်အနီးနားမှာ ပုံံစံအမျိုးမျိုးနဲ့ရှိနေပါတယ်။စိတ်နှလုံးသားကိုပျော်ရွှင်ခွင့်ပေးလိုက်ပါ။

4. အခုချိန်ဟာ နည်းပညာတွေကိုအသုံးချရမယ့် အချိန်ကောင်းပါ။📱📲💻⌨️🖥📞☎️
မိမိချစ်ရတဲ့သူတွေဟာ ရပ်ဝေးရောက်နေပေမယ့် နှစ်ကူးအချိန်ဆို အိမ်ရောက်အောင်ပြန်လာကြ မိသားစုတွေစုံလင်ရတာပျော်စရာအလေ့အထလေးပါပဲ။ အခုလိုအခြေနေမှာ ပြန်လာဖို့ခက်ခဲလို့ အတူတူမရှိရလို့ စိတ်ညစ်နေမယ့်အစား နည်းပညာတွေကို အသုံးချပြီး Quality Time လေးတွေဖန်တီးကြရအောင်ပါ။ "Center for Humane Technology “ website ကထုတ်ပြန်ချက်အရ က်ုဗစ်ကာလတွေမှာ လူသားတွေ ခံစားရတဲ့ စိတ်ဖိစီးမှုတွေနဲ့ အထီးကျန်မှုတွေကို Technology လို့ခေါ်တဲ့ နည်းပညာတွေအသုံးပြုပီး ရင်းနှီးဆက်သွယ်မှုတွေပြုလုပ်ကြခြင်းဖြင့် ထိုစိတ်ဖိစီးမှုတွေကို လျော့နည်းလျော့ကျစေနိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။

နှစ်ကူးညလေးမှာ ....
ချစ်ရသူတွေနှင့်အတူတူမရှိနိုင်ရင်တောင်မှ
ညစာအတူတူစားဖို့ ဗီဒီယိုကော(video call) လေးဖြစ်ဖြစ် ၊ New Year ဆုတောင်းလေးတွေပြောဖို့ ဖုန်းခေါ်ဆိုမှုလေးတွေဖြစ်ဖြစ်လုပ်ဖို့ မမေ့ကြဖို့ ပြောချင်ပါတယ်ခင်ဗျာ။

☝️☝️☝️အပေါ်မှာပြောပြပေးသွားတဲ့ အချက်လေးတွေကို ကျွန်တော်တို့အတူ လိုက်ပါလုပ်ဆောင်ရင်းနဲ့ 2021 ကိုကူးပြောင်းတော့မယ့် နှစ်သစ်အချိန်ခါကာလလေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ပျော်စရာအချိန်လေးများကို ဖြတ်သန်းပိုင်ဆိုင်နိုင်ကြပါစေလို့
စျာန်တော်ဝင်ဆေးရုံ မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...။

❤️Hope , Recovery , Well being ❤️

သင့် စိတ်ကျန်းမာရေးကို ကောင်းမွန်စေသော အကျင့်ကောင်းများစိတ်ကျန်းမာရေး သည် လူတိုင်း အတွက်အလွန်အရေးကြီးသည်။ ခန္ဓာကိုယ်ရောဂါ...
28/08/2019

သင့် စိတ်ကျန်းမာရေးကို ကောင်းမွန်စေသော အကျင့်ကောင်းများ

စိတ်ကျန်းမာရေး သည် လူတိုင်း အတွက်အလွန်အရေးကြီးသည်။ ခန္ဓာကိုယ်ရောဂါဖြစ်လျှင် ကုသရန်လိုအပ်သကဲ့သို့ စိတ်ရောဂါဖြစ်လျှင်လဲ သေချာစွာကုသရန်လိုအပ်သည်။.စိတ်ရောဂါဖြစ်ပြီး သေချာစွာ မကုသလျှင် လူမှုရေး ပြသနာ များစွာသာမက ၊ စီးပွားရေး.ကျန်းမာရေးပြသနာ များစွာ ဖြစ်လာနိုင်သည်။ အချို့သောစိတ်ရောဂါများသည် ခန္ဓာကို ကျန်းမာရေးပြသနာများစွာဖြင့်စပ်ဆက်နေတတ်သည်။ စိတ်ရောဂါရှိသူသည်မိမိကိုယ်ကို မစောင့်ရှောက်နိုင်၍ ရောဂါပေါင်းစုံဖြစ်ရယ် လွယ်ကူသည်။ ထို့အပြင် ၄င်းတို့်သည်ဆေးလိပ် အရက် မူးယစ်ဆေးတို့ကိုပါ မဆင်မခြင် သုံးစွဲတတ်ကြသဖြင့် နောက်ဆက်တွဲအနေဖြင့် ဆိုးဝါးသောရောဂါများဖြစ်လာနိုင်သည်။
ထိုမျှသာမက လူနာ၏ အာရုံမှားခြင်းနှင့် သံသယလွန်ကဲခြင်းတို့ ရှိပါက မိသားစုနှင့်ပတ်ဝန်းကျင်ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ ထိုကြောင့်စိတ်တ်ရောဂါဖြစ်လာရင် ထိရောက်စွာကုသရန်လိုပါသည်။ ထို့အပြင် အချို့သောအလေ့ အကျင့်ကောင်းများ လိုက်နာခြင်းဖြင့် စိတ်ကျန်းမာရေးကို ကောင်းစေပြီး မိမိဘဝနှင့်ပတ်ဝန်းကျင်ကို သာယာစေပါလိမ့်မည်။

စိတ်ကျန်းမာရေးကို သွယ်ဝိုက်သောအားဖြင့် အကျိုးပြုနိုင်သော အလေ့ကျင့်ကောင်းများ

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
အရက် မူးယစ်ဆေးဝါးတို့ကိုရှောင်ရှားခြင်း
ညအိပ်ချိန် ပုံမှန်ရှိခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်း
စောစောထခြင်း
ဝါသနာတူစိတ်တူကိုယ်တူသူငယ်ချင်းများရှိခြင်း
ရေ အလုံလောက်သောက်ခြင်း
အာဟာရပြည့်ဝသည်များကိုစားခြင်း
တရားထိုင်ခြင်း
စိတ်ဖိစီးမှုများသည်များကို ရှောင်ရှားခြင်း

အစရှိသော အလေ့ကျင့်ကောင်းများ ကိုတိုင်ကျင့်သုံးခြင်းဖြင့်၊ ကိုယ်ခန္ဓာကျန်းမာရေးကို ကောင်းမွန်စေပြီး၊ စိတ်ကျန်းမာရေးကိုလဲ အတိုင်းတာတစ်ခု ထိ ကောင်းမွန်စေမည်ဖြစ်သည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Dementia. သူငယ်ပြန်ရောဂါ **********Dementia. သူငယ်ပြန်ရောဂါ ဆိုသည်မှာ အကြမ်းအားဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်အာရ...
26/08/2019

Dementia. သူငယ်ပြန်ရောဂါ

**********

Dementia. သူငယ်ပြန်ရောဂါ ဆိုသည်မှာ အကြမ်းအားဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်အာရုံကြောများ၏ စွမ်းဆောင်ရည်ကျဆင်းပြီး နေ့စဉ် လုပ်ငန်းဆောင်တာများတွင် အရည်သွေးကျဆင်းခြင်းကို ခေါ်ခြင်းဖြစ်ပါသည်။ သူငယ်ပြန်ရောဂါသည် ရောဂါ လက္ခဏာ ပေါင်းများစွာ စုစီးနေသော ဝေဒနာစုကြီး တစ်ရပ်ဖြစ်သည်။ အထင်ရှားဆုံး လက္ခဏာမှာ မှတ်ဥာဏ်ချွတ်ယွင်းခြင်းဖြစ်သည်။ အစပိုင်းတွင် လတ်တလော မှတ်ဥာဏ်များ အရင်ဆုံးရှုံးသော်လည်းကာလကြာရှည် က မှတ်ထားသော မှတ်ဥာဏ်များ အကောင်းတိုင်းရှိနေတတ်သည်။ ဥပမာ ထမင်းစားပီး ရေချိုးပီးသည်ကိုမေ့နေတတ်သော်လည်း ငယ်စဉ်က အဖြစ်ပျက်များကို မှတ်မိနေတတ်သည်။ ရောဂါပိုဆိုးလာသောအခါ မှတ်ဥာဏ် များ ပို၍ချွတ်ယွင်းလာပြီး ဘာမှ မမှတ်မိပဲ ဖြစ်သွားတတ်သည်။ စဉ်းစား ဆင်ခြင်မှု ၊ ကိုယ်ရည်ကိုယ်သွေးတို့ကိုလဲ ထိခိုက်စေ တတ်သည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကိုမဆောင်ရွက်နိုင်တော့သည်အထိပြင်းထန်လာတတ်သည်။ အမူအရာများ.ပြောင်းလဲလာသည်၊ တစ်ခါတစ်ရံတွင် ဒေါသအကြိးကျယ်ပေါက်ကွဲလာတတ်သည်။ နောက်ပိုင်းတွင် စကားပြောရာတွင်အခက်ခဲဖစ်လာခြင်း တို့်ပါဖြစ်လာနိုင်သည်။ ကိုယ်ရည်ကိုယ်သွေးပါ ပြောင်းလဲ လာတတ်သည်။ စိတ်မတည်ငြိမ်ပဲ ခနခန ပြောင်းလဲလာတတ်သည်။ မရှိသည့်အရာများမြင်ခြင်း အသံများ ကြားနေခြင်း၊ တို့လဲ ဖြစ်တတ်သည်။

အထက်ပါကဲ့သို့ လက္ခဏာ များဖြစ်ပေါ်နေပါကျွမ်းကျင်သော အထူးကုဆရာဝန်များ နှင့်သေချာစွာ ကုသ သင့်ပါသည်။
#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

မူးယစ်ဆေးဆိုသည်မှာ အပိုင်းငါးမူးယစ်ဆေး ဘာ့ကြောင့်စွဲတာလဲလူငယ်တွေ မူးယစ်ဆေးကို စတင်စမ်းသပ်ခြင်းသည်လူငယ်ပီပီစွန့်စားလိုစိတ...
25/08/2019

မူးယစ်ဆေးဆိုသည်မှာ အပိုင်းငါး
မူးယစ်ဆေး ဘာ့ကြောင့်စွဲတာလဲ
လူငယ်တွေ မူးယစ်ဆေးကို စတင်စမ်းသပ်ခြင်းသည်
လူငယ်ပီပီ
စွန့်စားလိုစိတ်ပြင်းထန်ခြင်း
စမ်းသပ်လိုခြင်း
အပေါင်းသင်းများက ဇွတ်ဖိအားပေးခြင်း တို့ကြောင့် စတင်သုံးစွဲမိခြင်း ဖြစ်နိုင်သည်။မူးယစ်ဆေးဆိုသည်မှာလဲ စတင်သုံးစွဲချိန်မှ စကာ ဦးနှောက်နှင့် အာရုံကြောပေါ်တွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်စေပြီး စွဲလန်းစေသည်။ ထိုကြောင့်တစ်ကြိမ်ထဲမို့ မစွဲလန်းနိုင် ဟူသော အယူအဆ ကို လုံးဝမထားသင့်ပေ၊ လူငယ်များ အနေ့ဖြင့်လဲ တစ်ကြိမ်တစ်ခါတောင်မစမ်းကြည့်သင့်ပေ။
မူးယစ်ဆေး တို့သည် ဦးနှောက်၏ အတွင်းတွင်ရှိသော စိတ်ခံစားမှု ၊ သာယာစေမှုနှင့် တက်ကြွစေမှု တို့ဖြစ်စေသော နေရာက်ို အလွန်အကြူ း လှုံ့ဆော်ပေးတတ်သည်။ ထိုနေရာက်ို Limbic system ဟုခေါ်သည်။ ထို LS နေရာသည် အလွန် လှုံ့ဆော်ခံရသော အရသာကြောင့် မူးယစ်ဆေးသုံးစွဲသူသည် အလွန်သာယာမှုကိုခံစားရပြီး စွဲလန်းစေသည်၊ LS နေရာသည် အလွန် လှုံဆော်ခံရသော အခါ ဦးနှောက် ရှေ့ပိုင်းရှိ ပိုင်းခြားဝေဖန် တွေးတောနိုင်စွမ်းရှိသော နေရာကိုလဲ လွှမ်းမိုးသွားပြီး စဉ်းစားနိုင်စွမ်း အကျိုးအကြောင်းဆုံးဖြတ်နိုင်စွမ်းတို့လျော့ပါးကာ၊ လူရည်လူသွေး ညံဖျင်းစေပါသည်။ ထို့ကြောင့်ပင် မူးယစ်နွံတွင်း နစ်သထက်နစ်ကာ ဘဝပျက်ရရှာတော့သည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော စျာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Specific Phobia အကြောက်လွန်စိတ်ရောဂါအမေရိကန်နိုင်ငံ၏ လူဦးရေ ဆယ်ပုံတစ်ပုံခန့်တွင် အကြောက်လွန်ရောဂါ စွဲကပ်နေတတ်သည်။သင်နှင...
25/08/2019

Specific Phobia အကြောက်လွန်စိတ်ရောဂါ

အမေရိကန်နိုင်ငံ၏ လူဦးရေ ဆယ်ပုံတစ်ပုံခန့်တွင် အကြောက်လွန်ရောဂါ စွဲကပ်နေတတ်သည်။
သင်နှင့် သင့်ပတ်ဝန်းကျင်ရှိ လူများတွင်လဲ ဤ ဝေဒနာရှိနေနိုင်ပါသည်။
အကြောက်လွန်စိတ်ရောဂါဆိုသည်မှာ
အခြေနေတခုသို့မဟုတ်၊ သက်ရှိအရာတစ်ခုခု ၊ သက်မဲ့ပစ္စည်းတစ်ခုခုကို ကြောက်သင့်သည်ထက်ပို၍ အလွန်အကြူးကြောက်နေခြင်း ဖြစ်သည်။ ဥပမာ အားဖြင့်
ပင့်ကူ၊ ကြောင် ၊ လေယာဉ် စီးခြင်း၊ အမြင့်ကြောက်ခြင်း အစရှိသည်တို့ဖြစ်သည်။
ထိုအရာသို့အဟုတ်အခြေနေကို အမြဲကြောက်နေခြင်း
တတ်နိုင်သမျှရှောင်ကြဉ်သွားခြင်း၊
အကြောက်လွန်နေသော အရာ.သည်အမှန်တကယ်တွင် ကြောက်နေသလောက် အန္တရာယ်မရှိခြင်း၊ သို့မဟုတ် ကြောက်သင့်သည်ထက် လွန်ကျူးစွာ ကြောက်နေမိတတ်ခြင်း။
ဝေဒနာရှင်သည် ကြောက်သင့်သည့်အရာမဟုတ်ပဲ လွန်ကျူးစွာကြောက်နေမိလျှင် မိမိ၏ လုပ်ငန်းများကို အနှောင့်အယှက် ဖြစ်လာနိုင်သဖြင့် ကုသမှု ရယူရန် လိုအပ်ပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

ဆေးခြောက်သုံးစွဲခြင်းကြောင့်ဖြစ်လာနိုင်သော ဆိုးကျိုးဆက်များ စိတ်ရောဂါများဆေးခြောကိသုံးစွဲခြင်းဖြင့် ဆိုးရွားသော စိတ်ရောဂ...
25/08/2019

ဆေးခြောက်သုံးစွဲခြင်းကြောင့်ဖြစ်လာနိုင်သော ဆိုးကျိုးဆက်များ စိတ်ရောဂါများ

ဆေးခြောကိသုံးစွဲခြင်းဖြင့် ဆိုးရွားသော စိတ်ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်စေသည်။.ဖြစ်ပေါ်လာသော စိတ်ရောဂါများ တွင် လက္ခဏာပေါင်း မြောက်မြားစွာရှိနေတတ်သည် ။ အဓိက အားဖြင့် ဆေးခြောက်သုံးသူများသည် ပြင်ပ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းနဲ့ ကင်းကွာလာတတ်သည်။ပြင်ပလောက အစစ်အမှန်ကို လက်မခံနိုင်ပဲ စိတ်ကူးအစစ်အမှန်မဟုတ်သော အရာများထဲ နစ်မွန်းလာတတ်သည်။

ဆေးခြောက်သုံးစွဲသော သူတွင် စိတ်ရောဂါများ.ဖြစ်ပေါ်လာပါက အောက်ပါ လက္ခဏာများ ရှိနေနိုင်ပါသည်။ စိတ်နေမြင့်ခြင်း၊ ဘဝင်မြင့်ခြင်း၊ မိမိကိုယ်သာ အရေးပါသည်ဟုထင်နေခြင်း ၊ မိမိ စွမ်းဆောင်ရည်ကို အလွန်ကျူး ပိုတွက်ခြင်း၊ တို့ကြောင့် ဘဝင်မြင့်လွန်စိတ်ရောဂါပုံမျိုးတွေ့ရတတ်သည်။ ထိုမျှသာမကပဲ သံသယလွန်ကဲလာခြင်း၊ မိမိကို အန္တရာယ်ပြုမည့်သူများရှိနေသည်ဟူ ထင်မြင်ခြင်းများလဲရှိတတ်သည်။.မရှိသောအရာများကိုမြင်ခြင်း တကယ်မရှိသော အသံများ ကြားခြင်းတို့လဲ ဖြစ်တတ်ပါသည်။ ဆေးခြောက်သည် စိတ်ကစဥ့်ကလျားရောဂါ schizophrenia ဖြစ်ရန်လဲအားပေးသည်၊ ထို့ကြောင့် ဆေးခြောက် စွဲနေလျှင်အမြန်ဖြတ်ရန် လိုအပ်ပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

သင်မူးယစ်ဆေး သို့ အရက် စွဲနေပြီလား ????သင်.သို့မဟုတ် သင်ချစ်သော ဆွေမျိုး မိတ်ဆွေ တစ်ဦးဦး အရက် မူးယစ်ဆေး စသည်များကို စ...
23/08/2019

သင်မူးယစ်ဆေး သို့ အရက် စွဲနေပြီလား ????

သင်.သို့မဟုတ် သင်ချစ်သော ဆွေမျိုး မိတ်ဆွေ တစ်ဦးဦး အရက် မူးယစ်ဆေး စသည်များကို စွဲလမ်းနေပြီလား????

သို့မဟုတ် ငါကပျင်းလို့ သုံးတာ သောက်တာပါ ဖြတ်ချင်ရင် အချိန်မရွေးပါပဲ လို့ ကို့ကိုယ်ကို ဆင်ခြေပေးပီး ဆက်သုံးနေမိလား????

***********
အောက်ပါ အချက်များနှင့် မိမိဘာသာ တိုက်ဆိုင်စစ်ဆေးကြည့်ပီး စွဲလမ်းမှု ဖြစ်နေလား.မဖြစ်ဘူးလား ဆုံးဖြတ်နိုင်သည်။

အောက်ပါ အချက်များ တော်တော်များများက မိမိနှင့်တူနေပြီဆိုလျှင် ဆေး/အရက် စွဲလမ်းနေပြီဖြစ်သဖြင့် အမြန်ကုသမှု ခံယူရန် လို အပ်ပါသည်။
မူးယစ်ဆေး သို့မဟုတ် ဆေးဝါးများကို စွဲခြင်း မှားယွင်းစွာ သုံးစွဲခြင်းတို့သည် ယနေ့ခေတ်တွင် အလွန် များပြားစွာ.ဖြစ်လာသော လူမှုရေး ပြသနာတစ်ခုဖြစ်သည်။ မိမိကိုယ်တိုင် သို့မဟုတ် မိမိဆွေမျိုးသားချင်းတို့တွင် ဆေးစွဲသော လက္ခဏာများ ရှိမရှိ အမြဲ စစ်ဆေးနေရန်လို အပ်သည်၊ အထူးသဖြင့် မိသားစုဝင် လူငယ်များ အနေဖြင့် မူးယစ်ဆေးစွဲ နေသည်ဟု ထင်မြင် ယူဆပါက ဆေးရုံဆေးခန်းများတွင် တတ်ကျွမ်းသော စိတ်ကျန်းမာရေး ဆရာဝန်များနှင့် အမြန်ဆုံးကုသရန်လိုအပ်သည်။ မူးယစ်ဆေး စွဲသော လက္ခဏာများအနက် အောက်ပါ လက္ခဏာများ ရှိမရှိ စစ်ဆေးကြည့်ရန်လိုအပ်ပါသည်။

မူးယစ်ဆေး သို့မဟုတ် တားမြစ်ဆေးဝါးများကို ထပ်တလဲလဲ အသုံးပြုလိုနေခြင်း
မူးယစ်ဆေး သို့မဟုတ် တားမြစ်ဆေးဝါးများကို မသုံးစွဲမိစေရန် မထိန်းချုပ်နိုင်တော့ခြင်း
ဆေးမသုံးရလျှင် ယင်းထသည့် လက္ခဏာများ ဖြစ်ပေါ်လာတတ်ခြင်း
သုံးနေကျ ဆေးပမာဏထက် တစ်စတစ်စ ပိုများပြားသော ဆေးများ လိုအပ်လာတတ်ခြင်း
တခြားအရာများကို စိတ်မဝင်စားတော့ပဲ မူးယစ်ဆေးကိုသာ စိတ်ဝင်စားနေခြင်း
အန္တရာယ်ရှိလာမှန်း မိမိဘာသာ သိလာသည့်တိုင်အောင် မူးယစ်ဆေးကို ဆက်လက် သုံးမိနေတတ်ခြင်း

အရက်သောက်သုံးသူများတွင်မနက်မိုးလင်းက စသောက်နေတတ်ခြင်း
ညကလွန်သွား၍ မနက်တွင်ပြန်ဖြေတတ်ရခြင်း
အရက်ဖြတ်ရန်လို လာပြီဟု မိမိဘာသာ ထင်မြင်လာတတ်ခြင်း
အရက်သောက်နေခြင်းကို အပြစ်တစ်ခုဟု ခံစားလာရခြင်း
အရက်ကြောင့်ကျန်လူမှုရေးကိစ္စများ လစ်ဟင်းလာခြင်း
အရက်ကိုသာ စိတ်ဝင်စားနေခြင်း
အရက်ကြောင့် ကျန်းမာ ရေးထိခိုက်လာခြင်း

အထက်ပါ အခြေအနေများ ဖြစ်ပေါ်တွေ့ရှိပါက အမြန်ဆုံးကု သမှူ ရယူရန်လိုအပ်ပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

မူးယစ်ဆေးဆိုသည်မှာ အပိုင်းခြောက်မူးယစ်ဆေးနှင့် စိတ်ရောဂါအမျိုးမျိုးစိတ်ကြွ ရူးသွတ်ဆေးပြား ခေါ် အသီး ခေါ် WY ခေါ် Amphetamin...
23/08/2019

မူးယစ်ဆေးဆိုသည်မှာ အပိုင်းခြောက်
မူးယစ်ဆေးနှင့် စိတ်ရောဂါအမျိုးမျိုး

စိတ်ကြွ ရူးသွတ်ဆေးပြား ခေါ် အသီး ခေါ် WY ခေါ် Amphetamine သုံးစွဲရာမှ ဖြစ်ပေါ်လာနိုင်သော စိတ်ရောဂါများ

Wy ခေါ် မြင်းဆေး ခေါ် ရာမညခေါ် စိတ်ကြွရူးသွတ်ဆေးပြားများသည် စိတ်ရောဂါဝေဒနာများစွာဖြင့် စပ်ဆက်နေပါသည်။ ဆေးစတင်သုံးစွဲချိန်တွင် တက်ကြွ၍ အလုပ်လုပ်ချင်စိတ်များခြင်း၊ ညမအိပ်ချင်ပဲ မိုးလင်းပေါက်နေခြင်း၊.အစာ စားချင်စိတ်မရှိခြင်းတို့ တွေ့ရသည်။ ထို့အပြင် စိတ်နေမြင့်ခြင်း၊ မိမိဘာလုပ်လုပ် အောင်မြင်ဖို့ သေချာတယ်ဟု ထင်နေခြင်းများလဲရှိလာတတ်သည်၊ နောက်ပိုင်းတွင် စိတ်ရောဂါများ စတင်ဖြစ်ပေါ်လာတတ်သည်။ ဖြစ်ပေါ်ချိန်သည် တစ်ဦးနဲ့တစ်ဦး မသိမသာ ကွာတတ်သည်။ အစပိုင်းတွင် စိတ်နေစိတ်ထား ကိုယ် အမူအရာ ကြမ်းတမ်းခြင်း၊ သံသယစိတ်များခြင်း ၊ ညမအိပ်ခြင်းတို့ ဖြစ်နေတတ်သည်။ စိတ်ဝေဒနာများ စတင်ခံစားလာရပါက အာရုံမှားများ မြင်ခြင်း ကြားခြင်း မရှိသော.အရာများ သရဲတစ္ဆေတို့ကို တွေ့ခြင်း၊ မရှိသော အသံများ ကြားခြင်း ၊ မကောင်းသော အသံများကြားခြင်း တို့ဖြစ်ပေါ်လာသည်။ ထိုမျှသာမကပဲ သံသယလွန်ကဲသော စိတ်ရောဂါလဲ ဖြစ်လာတတ်သည်။ ထိုအခါတွင် မိမိကို တခြား လူက မကောင်းကြံနေသည်ဟု ထင်မြင်ယူဆတတ်သည်။ ထိုမျှသာမကပဲ မိမိ၏ ဇနီး ၊ လင်၊ ချစ်သူ သည်ဖောက်ပြန်နေသည် ဟု ထင်မှားတတ်သည်။ ထိုသို့သော အထင်မှားခြင်းတို့သည် မည်မျှသက်သေ ခိုင်လုံစွာရှင်းပြစေကာမှူဝေဒနာရှင်သည် လက်မခံတတ် မယုံတတ်ပေ။ပိုမို ဆိုးဝါးကြမ်းတမ်းလာသည်နှင့်အမျှ အခြားသူများကိုရန်ရှာခြင်း ၊ မိမိကိုယ်ကို ဒဏ်ရာရစေခြင်း ပစ္စည်းများ.ဖျက်ဆီးခြင်း တို့ပြုတတ်ပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

မူးယစ်ဆေးဆိုသည်မှာ အပိုင်း ၄ မူးယစ်ဆေးနှင့် လူမှုပတ်ဝန်းကျင်မူးယစ်ဆေး တစ်မျိုးမျိုးသုံးစွဲပါက လူမှုရေးပြသနာများစွာ ကြုံတွေ...
23/08/2019

မူးယစ်ဆေးဆိုသည်မှာ အပိုင်း ၎
မူးယစ်ဆေးနှင့် လူမှုပတ်ဝန်းကျင်

မူးယစ်ဆေး တစ်မျိုးမျိုးသုံးစွဲပါက လူမှုရေးပြသနာများစွာ ကြုံတွေ့ရနိုင်သည်။ အရက်ကဲ့သို့သော အရာများသုံးစွဲပါကလဲ လူမှူရေးမိသားစုပြသနာ ကျန်းမာရေး ပြသနာများ ကြုံတွေ့ရသော်လဲ မူးယစ်ဆေး သုံးစွဲလျှင် ထို့ထက်သာမက ရာဇဝတ်မှုပေါင်းများစွာနှင့်ပါ ကြုံတွေ့ရနိုင်သည်။ မူးယစ်ဆေးသုံးစွဲသူသည် သုံးစွဲယုံ လက်ဝယ်တွေ့ရှိယုံ ရောင်းဝယ်ရန် ဆောင်ထားယုံဖြင့် ရာဇဝတ်မှူ ကျူးလွန်သူ ဖြစ်နေပြီ ဖြစ်သည်။.ထို့အပြင် မူးယစ်ဆေး ရရှိရန် ငွေကြေးမရှိလျှင် ခိုးမှု လုယက်မှု အစရှိသော အမှုများ အလွယ်တကူ ကျူးလွန်လာနိုင်သည်။ ထို့ကြောင့်မူးယစ်ဆေး သုံးစွဲသူအနေဖြင့် ရာဇဝတ်မှုများလဲ မလွဲမသွေကြုံလာရတတ်သည်။ ထို့အပြင် မိသားစု အတွင်း အဆင်မပြေ ဖြစ်ချင်း၊ စီးပွားရေး ကျဆင်းခြင်းတို့ ဖြစ်နိုင်သည်။ ဆွေမျိုးများကြားတွင် ဂုဏ်သိက္ခာကျဆင်းခြင်းတို့လဲ တွေ့ကြုံရမည်။ အတွေးအခေါ် ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာသောကြောင့် လူတောမတိုးတော့ပဲ ဖြစ်လာလိမ့်မည်ဖြစ်သည်။ မူးယစ်ဆေး ကိုသာ စိတ်ဝင်စားနေသောကြောင့် လိုအပ်သော လုမှုရေး လှုပ်ရှားမှူများလဲ ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ကိုယ်ရောဂါစိတ်ရောဂါများကြောင့် တစ်စတစ်စနှင့် ဆိုးဝါးသောအခြေနေများ တွေ့ကြုံရတတ်သည်။ ထို့ကြောင့် မူးယစ်ဆေး စွဲနေလျှင်အမြန်ဖြတ်ရန် လိုပါသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

မူးယစ်ဆေးဆိုတာ ဘာလဲမူးယစ်ဆေး ဆိုသည်မှာ အပိုင်း §၃မူးယစ်ဆေးပြတ် ဆေးစွဲ လက္ခဏာများမူးယစ်ဆေးသုံးစွဲသူသည် သုံးစွဲချိန် ကြာလာသ...
23/08/2019

မူးယစ်ဆေးဆိုတာ ဘာလဲ
မူးယစ်ဆေး ဆိုသည်မှာ အပိုင်း §၃

မူးယစ်ဆေးပြတ် ဆေးစွဲ လက္ခဏာများ

မူးယစ်ဆေးသုံးစွဲသူသည် သုံးစွဲချိန် ကြာလာသည်နှင့်အမျှ လိုအပ်သော ဆေးပမာဏသည် ပို၍ ပို၍ တိုးတက်များပြားလာတတ်သည်။ ပုံမှန် သုံးနေကျ ပမာဏနှင့် မတင်းတိမ်နိုင်ပဲ ပိုများသော ပမာဏကို တရွေ့ရွေ့ လို အပ်လာတတ်သည်၊ အကယ်၍ ဆေးပြတ်သွားလျှင် ယင်းထ သော လက္ခဏာများ ကိုပြင်းထနိစွာ ခံစားရလေ့ရှိသည်။

ဘိန်းဖြူ ယင်းထသော လက္ခဏာစု များမှာ
ချွေးစေးပြန်ခြင်း ၊ တုန်ယင်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းပျက်ခြင်း ၊ မျက်ရည်များကျဆင်းခြင်း၊ နှာရည်များယိုခြင်း၊ ကိုလက်များ အလွန်အကြူးကိုက်ခဲခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း ၊ ခြေထောက်ကြွက်တက်ခြင်း၊ သူငယ်အိမ်ကျယ်နေတတ်ခြင်းတို့ ခံစားရတတ်သည်။ ထိုကဲ့သို့ မူးယစ်ဆေး မသုံးရလျှင်မနေနိုင်အောင် ခံစားရတတ်သည်၊ ဒေါသကြီးကြမ်းတမ်းခြင်း ဆေးရရန် မဆင်မခြင်ပြု မှူခြင်းတို့ကိုလဲ တွေ့ရနိုင်သည်။နောက်ပိုင်းတွင် မူးယစ်ဆေး အရသာ ခံစားရခြင်းထက် ဆေးအသုံးရလျှင် ခံစားရသောဝေဒနာကိုရှောင်ရန် မူးယစ်ဆေးကို ရှာရသည်အထိ ဖြစ်လာသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Address

Yangon
11451

Website

Alerts

Be the first to know and let us send you an email when Zan Taw Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram