ငြိမ်းသီတာအထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ငြိမ်းသီတာအထွေထွေရောဂါကုဆေးခန်း

ငြိမ်းသီတာအထွေထွေရောဂါကုဆေးခန်း General Medical Services, Laboratory & Health Screening Services, Samitivej & Vibhavadi Hospital Referral Services, Insurance Agent

GP Clinic, Medical Tourism Services, Insurance Agent,

2025 ခုနှစ်အတွက် လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပါပြီ။အမှတ် ၂၈ ၊ မာလာမြိုင် ၂ လမ်း ၊ ၁၆ ရပ်ကွက် ၊ အုတ်ကျင်း ...
19/04/2025

2025 ခုနှစ်အတွက် လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပါပြီ။

အမှတ် ၂၈ ၊ မာလာမြိုင် ၂ လမ်း ၊ ၁၆ ရပ်ကွက် ၊ အုတ်ကျင်း ၊ လှိုင်မြို့နယ် ၊ ရန်ကုန်။

ဖုန်း - 09 788 788 314 , 09 788 788 315 , 09 970 643 631

ချစ်ခင်လေးစား တန်ဖိုးထားရပါသော မိတ်ဆွေများအတွက် ငြိမ်းသီတာဆေးကုခန်းကို သင်္ကြန်တွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။ဆေးခန...
12/04/2025

ချစ်ခင်လေးစား တန်ဖိုးထားရပါသော မိတ်ဆွေများအတွက် ငြိမ်းသီတာဆေးကုခန်းကို သင်္ကြန်တွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

ဆေးခန်းဖွင့်ချိန်

မနက် ၈:၀၀ - ၁၁:၀၀ အထိ
ညနေ ၄:၀၀ - ၈:၀၀ အထိ

ဆေးခန်းလိပ်စာ

အမှတ် ၂၈ ၊ မာလာမြိုင် ၂ လမ်း ၊ ၁၆ ရပ်ကွက် ၊ အုတ်ကျင်း ၊ လှိုင်မြို့နယ် ၊ ရန်ကုန်။
ဖုန်း - 09 788 788 314 / 09 788 788 315 / 09 505 8964

28/03/2025
20/03/2025
🇨🇭"နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း နိမိတ်​ြပလက္ခဏာ (၈)ချက်" ============================================ရင်ဘတ် အကြီးအကျ...
09/01/2025

🇨🇭"နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း နိမိတ်​ြပလက္ခဏာ (၈)ချက်"
============================================
ရင်ဘတ် အကြီးအကျယ်အောင့်
နှလုံးသွေးကြောရုတ်တရက် ကျဉ်းတာ၊
ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို
အရေးပေါ် တက်ရောက်ကုသရသူတွေဟာ

မဖြစ်ခင်တစ်လအတွင်း ခန္ဓာကိုယ်က
ဒါဖြစ်တော့မယ်ဆိုတာကို
ကြိုတင်သတိပေးနေတတ်ပါသတဲ့ ။

🔹၁။အလိုလိုနေရင်း နုန်းနေခြင်း

နှလုံးသွေးကြော ကျဉ်းလာရင်
ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊
အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။
ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊
နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။

🔹၂။မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း -

နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ
ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊
လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။

🔹၃။မောပန်းမယ် -
အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။

နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ
အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊
အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။

🔹၄။ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် -

ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ်
ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို
အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။

🔹၅။ချွေးစေးတွေ ပြန်လာတတ်မယ် -

ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ
မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။

🔹၆။ရင်တလှပ်လှပ်တုန်ခြင်း

ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး
နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက
နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ
ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

🔹၇။ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် -

နှလုံးက စတင်ခုန်နှုန်းကျလာတာမို့
ခန္ဓာကိုယ် အစွန်အဖျား၊
ခြေတွေ လက်တွေကို
သွေးအရောက် နည်းလာပြီး
ခြေဖျား အေးလာတတ်ပါတယ်။
ရာသီဥတု မှန်ပါလျက်နဲ့
ခြေဖျား လက်ဖျားလေးတွေ
အေးစက်စက် ခံစားရပါမယ်။

🔹၈။မူးဝေလာတတ်မယ် -

တရိပ်ရိပ်နဲ့ မူးနေတတ်တာ
နေရင်းထိုင်ရင်း ခေါင်းထဲမှာ
ရီဝေဝေဖြစ်တာတွေ ရွိတဲ့အခါ
နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက်
မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။
နှလုံးသွေးကြော လုံးဝပိတ်မသွားခင်
ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။

ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး
မိမိမွာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊
နှလုံးသွေးကြော ပိတ်နေပြီလား၊
နှလုံးရောဂါ ခံစားရနိုင်တဲ့
အရိပ်အယောင်ရှိမလားလို့
မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

!!အနည်းဆုံး သုံးလေးခုလောက်
ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ
ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်..!!

Credit Original Uploader🇨🇭

ကျန်းမာ ပျော်ရွှင်ကြပါစေ .♥

12/12/2024

" Norovirus Infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) "
-----------------------------------------------
Norovirus Infection (နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်း) က ဘာလဲ။
နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်း က
ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်းနဲ့
ဝမ်းပျက်ဝမ်းလျှော ခြင်းကို ဖြစ်စေပါတယ်။
ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး
ချက်ပြုတ် ပြင်ဆင်တဲ့အခါ
ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့်
မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်း ဖြစ်ပါတယ်။
Norovirus infection (နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်း) က ဘယ်လောက် အဖြစ်များသလဲ။
နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းဟာ အလွန် အတွေ့ရ များပါတယ်။
အန္တရာယ် ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်း အားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
ထပ်သိချင်တယ် ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။
ရောဂါ လက္ခဏာများ။
---------------------
Norovirus Infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေက ဘာတွေလဲ။
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့
- မူးဝေခြင်း
- အော့အန်ခြင်း
- ဝမ်းဗိုက်နာကျင်ခြင်း
- အရည်ဝမ်းသွားခြင်း
- ကိုယ်လက် မအီမသာ ဖြစ်ခြင်း
- တငွေ့ငွေ့ဖျားခြင်း
- ကြွက်သားများ နာကျင်ခြင်း
ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီ ကနေ ၄၈ နာရီ အတွင်း ရောဂါ လက္ခဏာတွေ စတင် ဖြစ်ပေါ်လာ ပါတယ်။
ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက် ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာ စွန့်ပစ်ဖို့ လိုပါတယ်။
ကျန်းမာရေး သိပ်မကောင်းသေးဘူး ဆိုရင် ရောဂါပိုးဟာ လပေါင်း များစွာအထိ ကျန်ရှိနေနိုင်ပါတယ်။
နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေ မှာတော့ လူကောင်း အတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။
ဒါပေမယ့် ဗိုင်းရပ်စ်တွေ ကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။
အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။
ရောဂါ လက္ခဏာ တစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက် တွေ့ဆုံသင့်သလဲ။
- ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူး ဆိုရင် ဆရာဝန် ပြပါ။
- အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန် ပြပါ။
- အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
- ခန္ဓာကိုယ် လှုပ်ရှားမှု ပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။
- သင့်အတွက် ဘာက အကောင်းဆုံး ဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။
ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်း ကို ဖြစ်စေသလဲ။
- မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။
- အစိမ်း သို့မဟုတ် ကျက်အောင် ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်း တွေကလည်း ဖြစ်စေပါတယ်။
- ဗိုင်းရပ်စ်ပိုး ရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက် ခံရတတ်ပါတယ်။
ဘယ်အချက်တွေက နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ဖြစ်နိုင်ခြေတွေကို မြင့်တက်စေသလဲ။
နိုရိုဗိုင်းရပ်စ် ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီး ရှိပါတယ်။
- နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှု ရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း။
- မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
- လူအများအပြား နီးကပ်စွာ နေထိုင်လေ့ ရှိသော ဟိုတယ် များ၊ ရီဆော့များ၊ ပင်လယ်ကူး သင်္ဘောများ သို့မဟုတ် အခြား နေရာများ
- နိုရိုဗိုင်းရပ်စ် ကူးစက် ခံထားရသော လူတစ်ယောက် ယောက် နှင့် ထိမိခြင်း။
ရောဂါ အဖြေရှာခြင်းနှင့် ကုသမှု။
ယခု ဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှု နေရာတွင် အစားထိုးရန် မသင့်တော်ပါ။
ပိုမိုသော အချက်အလက်များ ရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်း တိုင်ပင်ပါ။
Norovirus Infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လို အတည်ပြုပါသလဲ။
ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။
ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။
တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေ ရှိမယ် ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။
Norovirus Infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လို ကုသပါသလဲ။
နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။
ဘက်တီးရီးယား သတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။
ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။
လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။
ရေဓါတ် ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။
ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့် အချိုရည်တွေ တိုက်ပါ။
သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။
ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။
အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။
ရေဓါတ် ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေ ကတော့
ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊
အာခေါင်ခြောက်ခြင်း၊
ဆီးနည်းနည်းသာ သွားခြင်း တို့ပါဝင်ပါတယ်။
ရေဓါတ် ကုန်ခမ်းနေတဲ့ ကလေးတွေ ကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။
ဂေးဒေါ့စ် က “တချို့ လူတွေ ကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။
အဲ့ဒါ ရေဓါတ် ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။
အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “
တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ် ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။
တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။
နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး။
နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်း ကုထုံးက တွေဖြစ်မလဲ။
အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်း ကုထုံးတွေက နိုရိုဗိုင်းရပ်စ် ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ် ဆိုရင် ရေဓါတ် အားဖြည့် ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။
လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။
သကြားပမာဏ အများအပြား ပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက် အချိုရည်တွေ နဲ့ အသီး ဖျော်ရည် တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။
နူးညံ့ပြီး အမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာ စားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။
ဘယ်လို အစားအစာတွေလဲ ဆိုရင်
- စွပ်ပြုတ်
- ကစီဓါတ် ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်
- ငှက်ပျောသီး
- ဒိန်ချဉ်
- အသီးအရွက် ပြုတ်
နိုရိုဗိုင်းရပ်စ် ရောဂါဟာ အရမ်း ကူးစက် လွယ်ပါတယ်။
လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။
ကူးစက်ခြင်းကို ကာကွယ်ဖို့
- အိမ်သာ တက်ပြီးတိုင်း၊ ဒိုင်ယာပါ လဲပြီးတိုင်း လက်ကိုသေချာ ဆေးပါ။
- မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။
- နေမကောင်းတဲ့သူ ချက်ပြုတ်ထားတဲ့ အစားအစာ တွေကိုလည်း ရှောင်သင့်ပါတယ်။
- ပင်လယ်စာ တွေကို ကျက်အောင် ချက်ပါ။
- နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာ စွန့်ပစ်ပါ။
- တစ်ခါသုံး အိတ်တွေကို သုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။
- ဗိုင်းရပ်စ် ရှိနေနိုင်တဲ့ ကြမ်းခင်း နေရာတွေကို ကလိုရင်း ပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ် ဆေးကြောပါ။
- လက်အိပ်စွပ်ပါ။
- အိမ်မှာ နားပါ။
- ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှ သင့်ဆီ ကနေ တစ်ခြား တစ်ယောက်ဆီ ရောဂါပိုး ကူးနိုင်ပါတယ်။
- ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။
ရောဂါလက္ခဏာတွေ သေချာ မပျောက်သေးသရွေ့ သတိထား ရမှာပါ။

🚨ကမ္ဘာ့ကူးစက်ရောဂါပိုး မျောက်ကျောက်ရောဂါ (Monkeypox) အထူးသတိပြုပါ 🚨 အာဖရိကတိုက်တွင် လူပေါင်းရာချီကာ သေဆုံးမှုဖြစ်လာစေတဲ့...
22/08/2024

🚨ကမ္ဘာ့ကူးစက်ရောဂါပိုး မျောက်ကျောက်ရောဂါ (Monkeypox) အထူးသတိပြုပါ 🚨

အာဖရိကတိုက်တွင် လူပေါင်းရာချီကာ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာလိုက်ပြီဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပြီး ကျောက်ကြီးရောဂါ (Smallpox) လောက် မပြင်းထန်သော်လည်း ရောဂါလက္ခဏာများမှာ ကျောက်ကြီးရောဂါနှင့် ဆင်တူပါတယ်။

ယင်းဗိုင်းရပ်စ်ပိုးသည် ကြွက်၊ ရှဉ့်၊ မျောက်နှင့် အခြားသော လူမဟုတ်သည့် နို့တိုက်သတ္တဝါများမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါသည်။

ရောဂါလက္ခဏာများသည် ရောဂါစတင်ကူးစက်ခံရပြီး (၆) ရက်မှ (၁၃) ရက် (သို့မဟုတ်) (၅) ရက်မှ (၂၁) ရက် အတွင်း စတင်ပေါ်ပေါက်လာနိုင်ပါသည်။

ရောဂါကူးစက်ခံရပြီး ပထမ (၅) ရက်အတွင်း~
✅ ဖျားခြင်း
✅ အလွန်အမင်းခေါင်းကိုက်ခြင်း
✅ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
✅ ကျောအောင့်ခြင်း
✅ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
✅ အလွန်အမင်း အားအင်ကုန်ခမ်းခြင်း
✅ အခြားလက္ခဏာတူသော ရောဂါများ (ရေကျောက် Chickenpox၊ ဝက်သက် Measles၊ ကျောက်ကြီး Smallpox) နှင့် ယှဉ်လျှင် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းသည် မျောက်ကျောက်ရောဂါ၏ သိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပါသည်။

အဖျားလက္ခဏာပေါ်ပေါက်ပြီး (၁) ရက်မှ (၃) ရက်အတွင်း ~
✅ အနာများ၊ အဖုအပိမ့်၊ အနီကွက် (Rash) များ ပေါ်ပေါက်လာခြင်း။
✅ အဖုအပိမ့်၊ အနီကွက်များသည် ခန္ဓာကိုယ်ထက်စာလျှင် မျက်နှာနှင့် ခြေလက်များတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတို့တွင်လည်း ဖြစ်ပွားတတ်ပါသည်။
✅ အဖုအပိမ့်များသည် အနည်းငယ်မှ ထောင်ဂဏန်းထိ ဖြစ်ပွားနိုင်ပါသည်။
✅ ပြင်းထန်လူနာများတွင် အဖုအပိမ့်များ ပေါင်းသွားပြီး အရေပြားကွာကျသည်အထိ ဖြစ်ပွားနိုင်ပါသည်။
✅ မျောက်ကျောက်ရောဂါ လက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိကြာအောင် ရှိနေတတ်ပါသည်။

နောက်ဆက်တွဲကျန်းမာရေးပြဿနာများ~
📌အခြားကူးစက်ရောဂါများ ဝင်ရောက်လာခြင်း
📌အဆုတ်ရောင်ရောဂါ
📌သွေးဆိပ်တက်ခြင်း
📌ဦးနှောက်ရောင်ရောဂါ
📌မျက်ကြည်လွှာပိုးဝင်၍ အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်ရှင့်

👉နှာခေါင်းစည်းတပ်ဆင်ခြင်း ၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ ကျန်းမာသောအစားအစာ၊ ကိုယ်လက်လှုပ်ရှားမူပြုလုပ်ခြင်း၊ အချိန်မှန်အိပ်စက်အနားယူခြင်း ၊ခုခံအားမကျဆင်းအောင်နေထိုင်ခြင်းဖြင့်မျောက်ကျောက်ရောဂါပိုးမကူးစက်နိုင်အောင်ကာကွယ်ကြပါစို့။

ကာလဝမ်းရောဂါ (cholera)  ကြိုတင်ကာကွယ်ပါ=============================   ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီ...
06/07/2024

ကာလဝမ်းရောဂါ (cholera) ကြိုတင်ကာကွယ်ပါ
=============================
ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ဖြစ်တာပါ။

ကာလဝမ်းရောဂါ ဘယ်လိုကူးစက်နိုင်သလဲ
-----------------------------------
cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။

ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ
-----------------------------------
ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
▶အရည်ဝမ်းလျှောခြင်း
ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။

▶အန်ခြင်း
တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို စတင်ပြသတတ်ပါတယ်။

▶ နုံးခွေခြင်း၊ သတိလစ်ခြင်း
ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးမှုကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ သွေးပေါင်ရုတ်တရက်ကျပြီး သတိလစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▶ကြွက်တက်ခြင်း
ရေဓာတ်သာမက သတ္တုဓာတ်တွေပါ ဆုံးရှုံးတဲ့အတွက် ကြွက်တက်စေနိုင်ပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်ခြေ များသလဲ
---------------------------------
မသန့်ရှင်းတဲ့ရေ သောက်ရသူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းသူ၊ သန့်ရှင်းမှုအားနည်းတဲ့ ဒေသ တွေမှာ နေထိုင်သူတွေက ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ရင် ဘယ်လို ကုသရမလဲ
-----------------------------------
(၁) ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။ ကာလဝမ်းရောဂါ အတွက် အရေးကြီးဆုံး ကုသမှုထဲမှာ ပါဝင်ပါတယ်။
(၂) ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)နဲ့ ဆေးပတ်လည်အောင် ကုရပါမယ်။
(၃) ကလေးတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။

ကာလဝမ်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
-----------------------------------
✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊ အိမ်သာတက်ပြီးတဲ့အခါတွေမှာ လက်ကို သေချာ ဆေးကြောရပါမယ်။
✅အစားအသောက်တွေကို ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားရပါမယ်။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။
✅ရေသန့်သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

သတိပြုရန်
----------
ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တာကြောင့် လက္ခဏာတွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အရေးကြီးပါတယ်။
စောစော သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် ပြင်းထန်တဲ့ လူနာတွေမှာတောင် ပြန်ကောင်းလာနိုင်ပါတယ်ဆိုတာ ပြောကြားရင်း ...
''အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ"

Address

Malarmyaing 2nd Street
Yangon
11051

Opening Hours

Monday 08:00 - 11:00
16:00 - 20:00
Tuesday 08:00 - 11:00
16:00 - 20:00
Wednesday 08:00 - 11:00
16:00 - 20:00
Thursday 08:00 - 11:00
16:00 - 20:00
Friday 08:00 - 11:00
16:00 - 20:00
Saturday 08:00 - 11:00
16:00 - 20:00

Telephone

+959788788314

Alerts

Be the first to know and let us send you an email when ငြိမ်းသီတာအထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ငြိမ်းသီတာအထွေထွေရောဂါကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our story

We care for all your health care needs.

GP ( Primary Health Care ) Clinic, Home Medical Services, Laboratory & Health Screening Services, Medical Tourism ( Samitivej & Vibhavadi Hospital )