23/04/2026
ကလေး ၆ လ အထက် ဖြည့်စွက်စာ အလွယ်ဆုံးချက်နည်း 🙂
ကိုယ်တိုင်အမြန်ဆုံးဖြစ်အောင် ချက်တဲ့ နည်းလမ်းလေးတွေ မျှဝေလိုက်ပါတယ်။
မနက်စာ- ဆရာမ သားကတော့ မနက်စာကို Rice cereal/ Oat Cereal ကို နို့မှုန့်နဲ့ ရောပြီး စားပါတယ်။
အဆာပြေ- နေ့လယ်ကို အသီး/မြေပဲထောပတ်/rice cracker လေးတွေ ကျွေးပါတယ်။
ညနေစာ - homemade ဆန်ပြုတ်လေး ကျွေးပါတယ်။ မချက်နိုင်တဲ့ နေ့တွေမှာ Ready Made ဆန်ပြုတ်လေးတွေ ကျွေးဖြစ်ပါတယ်။
ကလေးက ချေးမများဘဲ အစားစုံ စားတတ်ဖို့ အရေးကြီးပါတယ်။
ကလေးဆန်ပြုတ်ချက်ရင်
-ဆန်
-အသား တစ်မျိုး
- အရွက် ၁ မျိုး
- ဆီ
- ပဲ (တစ်ပတ် ၃ ရက်လောက် ထည့်ကျွေးလို့ရပါတယ်) ပါရင် လုံလောက်ပါတယ်။
ဆန်ပြုတ်ထဲကို အရွက်တွေ အများကြီး ထည့်ရင်လည်း အမျှင်ဓာတ် များလွန်းပြီး အစာမကြေတာ/လေထိုးတာ/အန်တာ ဖြစ်တတ်လို့ပါ။
ပါဝင်ပစ္စည်းတွေ ကျက်အောင်ပြုတ်- blender နဲ့ကျိတ် ပြီး လိုအပ်သလို ဘူးလေးတွေနဲ့ ခွဲသိမ်းပါ။
ခုမှ စကျွေးမယ့် မေမေတို့လည်း လုပ်ရလွယ်တာလေးတွေ စချက်ကြည့်ဖို့ တိုက်တွန်းပါတယ်နော်။ အရမ်း stress မထားပါနဲ့။ ကလေးမစားလည်း စိတ်မကောင်းမဖြစ်ဖို့ မှာချင်ပါတယ်။
အစာ ကျွေးချိန်ကိုလည်း ၃၀ မိနစ် ထက် မကြာတာ ပိုကောင်းပါတယ်။
နေ့စဉ် အချိန်မှန်လေး ကျွေးပေးဖို့က အဓိက ကျပါတယ်။ ကလေး ကုန်သလောက်ပဲ စားပါစေ။ စားတဲ့ အချိန် ပျော်နေဖို့ အရေးအကြီးဆုံးပါ။
မေမေများနဲ့ ကလေးများအားလုံး ကျန်းမာပါစေ။
မေတ္တာဖြင့်
Dr ကြယ်စင်