Columbus Health Care Services

Columbus Health Care Services ဘန်ကောက်ဆစ်မီတဝေ့ဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး
We are representative of Bangkok Samitivej Hospitals.

🌧  မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါ ⚠️ သွေးလွန်တုပ်ကွေးရဲ့ အဓိက လက္ခဏာ (၈) ချက်▪️မောပန်းနွမ်းနယ်ခြင်း▪️ ရု...
25/06/2025

🌧 မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါ

⚠️ သွေးလွန်တုပ်ကွေးရဲ့ အဓိက လက္ခဏာ (၈) ချက်

▪️မောပန်းနွမ်းနယ်ခြင်း

▪️ ရုတ်တရက်အဖျားကြီးခြင်း

▪️ လက်ဖျားခြေဖျား အေးစက်ခြင်း

▪️ သွေးပေါင်ကျခြင်း

▪️ ဆီးသွားနည်းခြင်း

▪️ ဗိုက်အောင့်ခြင်း နဲ့

▪️ ပုံမှန်မဟုတ်ဘဲသွေးထွက်ခြင်း

တကယ်လို့ သင် နဲ့ သင်ချစ်ရတဲ့သူများထဲမှ အထက်ပါ လက္ခဏာများကို ခံစားရပါက ဆရာဝန် နဲ့ အမြန်ဆုံးပြသပါ။ အန္တရာယ်ကင်းစွာနေထိုင်ပါ — ခြင်ကိုက်ခြင်းကို ရှောင်ကြဉ်ပြီး သင့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။ 🏡🚫🦟

🛡 သွေးလွန်တုပ်ကွေးရောဂါ အမျိုးအစား (၄) မျိုးအတွက် ကာကွယ်ဆေးအသစ် ဟာ ဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိတဲ့ ရလဒ်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ အသက် (၄) နှစ်မှ အသက် (၆၀) အထိ သင့်တော်ပြီး (၃) လခြားကာ ၂ ကြိမ်သာ ထိုးနှံဖို့ လိုအပ်ပါတယ်။

Credits to Samitivej Myanmar Page
ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448

Samitivej Children Hospital 🚀 ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံ ဝန်းအတွင်း ဆစ်မီတဝေ့အင်တာနေရှင်နယ်ကလေးဆေးရုံ ၊ ၈ ထပ် ကုသဆောင် အဆေ...
10/06/2025

Samitivej Children Hospital

🚀 ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံ ဝန်းအတွင်း ဆစ်မီတဝေ့အင်တာနေရှင်နယ်ကလေးဆေးရုံ ၊ ၈ ထပ် ကုသဆောင် အဆောက်အဦးသစ်ကို ဖွင့်လှစ်ထားပါတယ်။ အတွေ့အကြုံများစွာရှိတဲ့ နယ်ပယ်ပေါင်းစုံမှ ကလေး အထူးကုဆရာဝန်ကြီးများ ဦးစီးကာ အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုများကို ပေးလျက်ရှိပါတယ်။ 📌

Credits to Samitivej Myanmar Page
ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448

🔴 အစာအိမ်ပိုးကြောင့်ဖြစ်တဲ့ အစာအိမ်ရောင်ခြင်း မပေါ့ဆပါနဲ့  🔴 🦠 Helicobacter Pylori Bacteria သို့မဟုတ် H.Pylori ဘတ်တီးရီး...
03/06/2025

🔴 အစာအိမ်ပိုးကြောင့်ဖြစ်တဲ့ အစာအိမ်ရောင်ခြင်း မပေါ့ဆပါနဲ့ 🔴

🦠 Helicobacter Pylori Bacteria သို့မဟုတ် H.Pylori ဘတ်တီးရီးယား ခေါ် အစာအိမ်ပိုး ဟာ အစာအိမ်နံရံတွေမှာ တွယ်ကပ်နေကြပြီး အူလမ်းကြောင်းတွင်းမှာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဘာလက္ခဏာမှ မပြဘဲလည်းနေလေ့ရှိပါတယ်။ အစာအိမ်ပိုးကို အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ ဝမ်းစစ်ဆေးခြင်း နဲ့ Urea breath test (လေမှုတ်ထုတ်ပြီးစစ်ဆေးခြင်း) များ ဖြင့် စစ်ဆေးနိုင်ပါတယ်။

အစာအိမ်ရောင်ခြင်းဟာ မကုသဘဲထားလိုက်မယ်ဆိုရင် အသေးစား ပြဿနာ အဆင့်ကနေ နာတာရှည်အဆင့်အထိ ကြီးထွားနိုင်ပြီး အစာအိမ်ကင်ဆာ ကဲ့သို့ အန္တရာယ်များတဲ့ ရောဂါအထိဖြစ်နိုင်တာကြောင့် သေချာကုသသင့်ပါတယ်။👩‍⚕️

🔗 အသေးစိတ်လေ့လာရန် လင့်ခ် https://smtvj.com/3HjfeOX
တယ်။

Credits to Samitivej Myanmar Page
ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448


📍 ပင်မဆေးရုံကြီး - ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံ လိပ်စာ - 133 Sukhumvit 49, Klongtan Nua, Vadhana, Bangkok, Thailand

🎀 ကမ္ဘာတစ်ဝန်းအဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ အမှတ်မှားနေတဲ့ အချက်အလက်တွေအများကြီးရှိပါတယ်။ ဒီလွဲမ...
19/05/2025

🎀 ကမ္ဘာတစ်ဝန်းအဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ အမှတ်မှားနေတဲ့ အချက်အလက်တွေအများကြီးရှိပါတယ်။ ဒီလွဲမှားနေတဲ့အချက်များကို အမှန်သိထားပြီး ကြိုတင်ကာကွယ်စစ်ဆေးခြင်းကို ပြုလုပ်မယ်ဆိုရင်တော့ ရင်သားကင်ဆာအန္တရာယ်ဖြစ်နိုင်ခြေကို လျော့နည်းစေမှာအမှန်ပါပဲ။ Dr. Tapanutt Likhitmaskul ( ခွဲစိတ်အထူးကု) မျှဝေထားတဲ့ ဆောင်းပါးအပြည့်အစုံဖတ်ရန်လင့်ခ် https://smtvj.com/4fBXvyU

🏥 ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာ ရင်သားကင်ဆာရှိ/မရှိကို စစ်ဆေးခြင်းအတွက် ပရိုမိုးရှင်းအစီအစဉ်ရှိနေပါတယ်။

🎁 ဒစ်ဂျစ်တယ်မမ်မိုဂရမ် + အာထရာစောင်းရိုက်ခြင်း
အထူးစျေးနှုန်း - 4,900 ထိုင်းဘတ် (ယခင်စျေးနှုန်း - 5,940 ထိုင်းဘတ်) အသေးစိတ်လေ့လာရန် https://smtvj.com/42bYX5c

Credits to Samitivej Myanmar Page
ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448


📍 ပင်မဆေးရုံကြီး - ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံ လိပ်စာ - 133 Sukhumvit 49, Klongtan Nua, Vadhana, Bangkok, Thailand

သက်ကြီးရွယ်အိုများ နဲ့ တုပ်ကွေးကာကွယ်ဆေး 👴👵 💉 ⚠️ တုပ်ကွေးဟာ သက်ကြီးရွယ်အိုများကို ပိုမိုပြင်းထန်စွာ သက်ရောက်နိုင်ပြီး လေ...
17/05/2025

သက်ကြီးရွယ်အိုများ နဲ့ တုပ်ကွေးကာကွယ်ဆေး 👴👵 💉

⚠️ တုပ်ကွေးဟာ သက်ကြီးရွယ်အိုများကို ပိုမိုပြင်းထန်စွာ သက်ရောက်နိုင်ပြီး လေဖြတ်နိုင်ခြေ ၈ ဆ ပိုများကာ သာမန်လူများထက် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ ၁၀ ဆ ပိုများပါတယ်။

👩‍⚕️ Dr. On-Umar Banpamai (ကူးစက်ရောဂါအထူးကု) မှ သက်ကြီးရွယ်အိုများ တုပ်ကွေးကာကွယ်ဆေးထိုးထားခြင်းဟာ တုပ်ကွေးရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာများကို ကာကွယ်ရန် အဓိကခြေလှမ်းဖြစ်ကြောင်း ဖော်ပြပေးထားပါတယ်။ ပုံမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

🏥 ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံ နဲ့ ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံတို့တွင် သက်ကြီးရွယ်အိုများအတွက် တုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်း ပရိုဂရမ်ကို အထူးစျေးနှုန်းဖြင့် ထိုးနှံနိုင်ပြီကြောင်း အသိပေးလိုပါတယ်။ အသေးစိတ်လေ့လာရန်လင့်ခ် https://smtvj.com/3nX6y7F

✨ တုပ်ကွေးကာကွယ်ဆေး အသက် ၆၅ နှစ် အထက် များအတွက် (Influenza Vaccine for Seniors 65+ ) ပရိုမိုးရှင်းစျေးနှုန်း 2,500 ထိုင်းဘတ် (ယခင်စျေးနှုန်း 3,400 ထိုင်းဘတ်)

Credits to Samitivej Myanmar Page
ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448

😖  ကျွန်တော်/ ကျွန်မ ကလေးက သွားဆေးခန်းသွားရမှာကို အရမ်းကြောက်နေတယ် ဘယ်လိုလုပ်ရပါ့မလဲ ? 🦷✨    Nida Tatthong, D.D.S. (ကလေး...
12/05/2025

😖 ကျွန်တော်/ ကျွန်မ ကလေးက သွားဆေးခန်းသွားရမှာကို အရမ်းကြောက်နေတယ် ဘယ်လိုလုပ်ရပါ့မလဲ ?

🦷✨ Nida Tatthong, D.D.S. (ကလေးသွားဘက်ဆိုင်ရာ ဆေးပညာ) မှ သွားဆေးခန်းသွားရမှာ....ကြောက်တဲ့ သားသားမီးမီးလေးတွေကို ဖေဖေမေမေတို့အနေနဲ့ ဘာတွေပြင်ဆင်ထားသင့်သလဲ နဲ့ ဘယ်လို ကိုင်တွယ်သင့်သလဲ ဆိုတဲ့ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

📍 ပင်မဆေးရုံကြီး - ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံ လိပ်စာ - 133 Sukhumvit 49, Klongtan Nua, Vadhana, Bangkok, Thailand

Credits to Samitivej Myanmar Page
ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448

နောက်ကျမှ သိတတ်သော ကင်ဆာ အသံတိတ် ကင်ဆာ (သို့) ပန်ကရိယ ကင်ဆာပန်ကရိယ ကင်ဆာအကြောင်းမပြောခင် ပန်ကရိယ ( မုန့်ချိုအိတ်) ဆိုတာ ...
05/05/2025

နောက်ကျမှ သိတတ်သော ကင်ဆာ

အသံတိတ် ကင်ဆာ (သို့) ပန်ကရိယ ကင်ဆာ
ပန်ကရိယ ကင်ဆာအကြောင်းမပြောခင် ပန်ကရိယ ( မုန့်ချိုအိတ်) ဆိုတာ ဘာလဲ အရင်ကြည့်ရအောင်။

မုန့်ချိုအိတ်/ ပန်ကရိယ
===============
ပန်ကရိယ ဟာ ဂလင်း( Gland) အမျိုးအစားဖြစ်ပြီး သူ့ရဲ့ တည်နေရာကတော့ အစာအိမ် အနောက်ဘက်၊ အူသိမ်နှင့် ဘေးကပ်ရက်မှာ ရှိပါတယ်။ သူရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ အစာခြေစနစ်အတွက် လိုအပ်သော အစာခြေ အင်ဇိုင်းများထုတ်ပေးခြင်း နှင့် အစားအသာက်များမှ အချိုဓာတ် နှင့် ကစီဓာတ်ကို စွမ်းအင်အဖြစ် ဖြိုခွဲပေးသော အင်ဇူလင် နှင့် Glucagon ဟော်မုန်းများကို အဓိက ထုတ်ပေးပါတယ်။

ပန်ကရိယကင်ဆာ
============
ပန်ကရိယ ကင်ဆာ ဟာ အသက် ၆၀ နှင့် အထက်တွင် အဖြစ်များပါတယ်။ ပန်ကရိယ မှာ ကင်ဆာဖြစ်ပြီဆိုပါက အသိနောက်ကျတတ်ပါတယ်။ လက္ခဏာ သေသေချာချာပြလေ့မရှိတာကြောင့် ရောဂါ နုစဉ်မှ သိရလေ့မရှိဘဲ အခြား ကလီစာတွေကို ပျံ့တဲ့ အဆင့် ရောက်မှ သိရလေ့ရှိပါတယ်။ တည်နေရာကိုက ကလီစာတော်တော်များနဲ့ ကပ်ရက်ဖြစ်နေတာမို့ ပျံ့နှုန်းလဲ မြန်ပါတယ်။

ဖြစ်စေသောအကြောင်းရင်းများ
====================
များသောအားဖြင့် နာတာရှည်မုန့်ချိုအိတ် ရောင်ရာကနေ ကင်ဆာသို့ ပြောင်းလဲသွားတတ်ပါတယ်။
• ဆေးလိပ်သောက်ခြင်း
• အရက်အလွန်အကျွံသောက်သုံးခြင်း
• အဝလွန်ခြင်း
• ဆီးချိုရှိခြင်း
• မျိုးရိုးတွင် ပန်ကရိယကင်ဆာ ရှိခြင်း၊ အနီရောင်ရှိသော အသား အစားများခြင်း

လက္ခဏာများ
========
ကင်ဆာနုစဉ်မှာ လက္ခဏာပြလေ့မရှိခြင်း ဟာ သူ့ရဲ့ ထူးခြားချက်ပါပဲ။ ရောဂါရင့်လာပြီး တခြား ကလီစာ တွေကို ပျံ့တော့မှ အသားဝါလာခြင်း ၊အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်း၊ဗိုက်အောင့်ခြင်း၊ အချို့တွက် ကျောအောင့်ခြင်းအကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစားပျက်ခြင်း၊ ဝမ်းအရောင်ဖျော့သွားခြင်း၊ ဆီးအရောင်ရင့်ခြင်း ၊ အရင် ဆီးချို မရှိဘဲ ဆီးချို စဖြစ်လာခြင်း တို့ ခံစားရတတ်ပါတယ်။

ဘယ်လိုစစ်ဆေးတွေ့ရှိနိုင်လဲ
===================
• Ultrasound၊ CT၊ MRI စစ်ဆေးခြင်း
• သွေးတွင်း ပန်ကရိယ ကင်ဆာဓာတ် စစ်ဆေးခြင်း
• အသားစ စစ်ဆေးခြင်း

ကုသခြင်းနည်းလမ်းများ
===============
• ကင်ဆာကျိတ်အားခွဲစိတ်ကုသခြင်း ( ကင်ဆာအဆင့် နှင့် ဆိုင်ပါတယ်။ နောက်ကျမှသိပါက ခွဲစိတ်ကုသရန် မလွယ်ကူတတ်ပါ)
• ဓာတ်ကင်ကုသခြင်း
• ဆေးသွင်းကုသခြင်း
ကာကွယ်ခြင်း နည်းလမ်းများ
==================
ဆေးလိပ်၊အရက် ရှောင်ပါ။ ကိုယ်ခန္ဓာကို မဝအောင် ထိန်းပါ။ ဆီးချိုမဖြစ်ပွားအောင် ဂရုစိုက်ပါ။ ဖြစ်သွားပါကလဲ ဆီးချိုကို ပုံမှန်ထိန်းပေးပါ။ အနီရောင်ရှိသော အသားများ အစား အသီးအရွက်များများစားပေးပါ။ ပုံမှန် Medical Checkup စစ်ဆေးပေးပါ။

မှတ်ချက်။ ပန်ကရိယ ကင်ဆာဟာ သိပြီဆိုတာနဲ့ ကင်ဆာ အဆင့် တော်တော် ရောက်နေလေ့ရှိပါတယ်။ ပန်ကရိယကင်ဆာ မှန်းသိပြီး သော လူနာ များမှ ၂၅ ရာခိုင်နှုန်း ဟာ ၁ နှစ် အတွင်း အသက်ဆုံးရှုံးသွားတတ်ကြ ပါတယ်။ ဒါကြောင့်မို့ မိမိကိုယ်ကို သတိထားဆင်ခြင် နိုင်ရန် မေတ္တာဖြင့် တင်ပြပေးလိုက်ပါတယ်။

Article by Dr. Su Su Wai Hlaing
Ref: https://en.wikipedia.org/wiki/Pancreatic_cancer

ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448

🤧  RSV (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ဟာ မိုးရာသီမှာအဖြစ်များပြီး အသက် ၂ နှစ်အောက် ကလေးငယ်များမှာ အဖြစ်မ...
02/05/2025

🤧 RSV (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ဟာ မိုးရာသီမှာအဖြစ်များပြီး အသက် ၂ နှစ်အောက် ကလေးငယ်များမှာ အဖြစ်များတာကို တွေ့ရတတ်ပါတယ်။ RSV နဲ့ တုပ်ကွေးရဲ့ လက္ခဏာများဟာ ဆင်တူတတ်တာကြောင့် သူတို့ရဲ့ အဓိက လက္ခဏာများ ကို ကွဲကွဲပြားပြားသိထားဖို့ ဖော်ပြပေးလိုက်ပါတယ်။

Credits to Samitivej Myanmar Page
ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448


📍 ပင်မဆေးရုံကြီး - ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံ လိပ်စာ - 133 Sukhumvit 49, Klongtan Nua, Vadhana, Bangkok, Thailand

ထိုင်းသို့ သွားရောက်မည့်ခရီးသည်များ မေလ ၁ရက်နေ့ရက်နေ့ကစပြီး 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 (𝐓𝐃𝐀𝐂) 𝐅𝐨𝐫𝐦 ကို မသွားခင်(၃)ရက်...
30/04/2025

ထိုင်းသို့ သွားရောက်မည့်ခရီးသည်များ မေလ ၁ရက်နေ့ရက်နေ့ကစပြီး 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 (𝐓𝐃𝐀𝐂) 𝐅𝐨𝐫𝐦 ကို မသွားခင်(၃)ရက်အလိုတွင် မဖြစ်မနေဖြည့်ဖို့လိုတာမို့ ခရီးသည်များကြိုတင်ဖြည့်ဖို့ မေ့နေမှာဆိုးလို့ Columbus မှ ထပ်မံအသိပေးအကြောင်းကြားလိုက်ပါတယ်🤗

✅ပထမဦးစွာ https://tdac.immigration.go.th ကို အရင် ဝင်ပါ။

✅ Arrival Card ကို ရွေးပါ။

✅ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ခရီးစဉ်အချက်အလက်များကို ဖြည့်သွင်းပါ။

✅ ပြီးရင် ကိုယ်ရဲ့ Email Address ရိုက်ထည့်ပြီး Submit လုပ်လို့ရပါပြီ။

✅ထို့နောက်ကိုယ့်ရဲ့ Email ထဲကို ရောက်ရှိထားသော QR code ကို Immigration မှာ ပြရပါမည်။
Apply Here : https://tdac.immigration.go.th

📍ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် တိုးမြင့်ကောက်ခံခြင်း*📍 12  May 2025 မှ စတင်၍  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်...
30/04/2025

📍ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် တိုးမြင့်ကောက်ခံခြင်း*📍

12 May 2025 မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ခရီးသွားဧည့်သည်များအားလုံး check-in တွင် လေဆိပ်အခွန် ပြည်ပခရီးစဉ်များအတွက် 5 USD နှင့် ပြည်တွင်းခရီးစဉ်များအတွက် 15000 ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်၊၊

12 May နှင့် 12 May နောက်ပိုင်း ခရီးသွားရန် လက်မှတ်ကြိုတင်ဝယ်ယူထားသော ခရီးသည်များသည်လည်း ထပ်မံပေးဆောင်ရမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

🌟 ကလေးသူငယ်ပြန်လည်ကျန်းမာသန်စွမ်းရေးစင်တာ (Pediatric Rehabilitation Center) 🌟ဆစ်မီတဝေ့ အင်တာနေရှင်နယ် ကလေးဆေးရုံမှ ကလေးသ...
30/04/2025

🌟 ကလေးသူငယ်ပြန်လည်ကျန်းမာသန်စွမ်းရေးစင်တာ (Pediatric Rehabilitation Center) 🌟

ဆစ်မီတဝေ့ အင်တာနေရှင်နယ် ကလေးဆေးရုံမှ ကလေးသူငယ်ပြန်လည်သန်စွမ်းရေးစင်တာ မှာ ဖွံဖြိုးမှုနှောင့်နှေးခြင်း ၊ အော်တီဇင် ၊ Parkison's ရောဂါ ၊ အရိုးရောဂါများ ၊ ကြွက်သားအားနည်းခြင်း ၊ အဆစ်အမြစ်ထိခိုက်နာကျင်ခြင်း သို့မဟုတ် ဦးနှောက် နဲ့ အာရုံကြောစနစ် ဆိုင်ရာ အခြေအနေများ ရှိတဲ့ ကလေးငယ်များကို တစ်ဦးချင်းစီ သီးသန့် ကုထုံး များ နဲ့ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးလျက်ရှိပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ကလေးအထူးကုဆရာဝန်ကြီးများအဖွဲ့ မှ သင့်ကလေးရဲ့ ကျန်းမာရေးအတွက် အနီးကပ်ပြုစုစောင့်ရှောက်မှုများကို ပေးလျက်ရှိိိိိိိတာမို့ လုံးဝယုံကြည်စိတ်ချနိုင်ပါတယ်။ 🧠💪

Credits to Samitivej Myanmar Page
ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448


📍 ပင်မဆေးရုံကြီး - ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံ လိပ်စာ - 133 Sukhumvit 49, Klongtan Nua, Vadhana, Bangkok, Thailand

အသံတိတ် ကင်ဆာ(သို့) သားဥအိမ်ကင်ဆာ=============================သားဥအိမ်ကင်ဆာ အကြောင်းမပြောခင် သားဥအိမ်ဆိုတာ ဘာလဲ ကြည့်ကြရ...
22/04/2025

အသံတိတ် ကင်ဆာ(သို့) သားဥအိမ်ကင်ဆာ
=============================
သားဥအိမ်ကင်ဆာ အကြောင်းမပြောခင် သားဥအိမ်ဆိုတာ ဘာလဲ ကြည့်ကြရအောင်...
သားဥအိမ်ဟာ အမျိုးသမီးများရဲ့မျိုးပွားစနစ်မှာ အဓိက ကျတဲ့အစိတ်အပိုင်းတစ်ခုပါ။
ဘယ် နဲ့ညာ ၂ ဖက်မှာ ရှိပြီး မျိုးပွားခြင်းနဲ့ပတ်သတ်တဲ့ လုပ်ငန်း နှစ် ခုကို လုပ်ဆောင်ပေးပါတယ်။
ပထမလုပ်ငန်းကတော့ ဟော်မုန်းထုတ်ပေးတာပါ
ဒီဟော်မုန်းတွေကြောင့် အမျိုးသမီးတွေရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေ အပြင်ခန္ဒာကိုယ်ပုံစံအချိုးအဆစ်လှပမှုကိုပါ ဖြစ်ပေါ်စေတာပါ။
ဒုတိယလုပ်ငန်းကတော့ မမျိုးဥထုတ်ပေးခြင်းဖြစ်ပါတယ်။ မ မျိုးဥဟာ သုက်ပိုးနဲ့ပေါင်းစပ်ပြီး ကိုယ်ဝန်ရရှိစေပါတယ်။
ဒီလို လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သားဥအိမ်မှာ ကင်ဆာ ဘာကြောင့်ဖြစ်လဲဆိုတာ တိတိကျကျမသိရသေးပါဘူး။
များသောအားဖြင့်တော့ မျိုးရိုးဗီဇကြောင့်လို့သာ ကောက်ချက်ချနိုင်ပါသေးတယ်။
ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ပွားဖူးတဲ့ မျိုးရိုးရာဇဝင်ရှိရင် ပိုမိုဖြစ်ပွားနိုင်ချေရှိပါတယ်။
သားဥအိမ်ကင်ဆာဟာ အမျိုးသမီးများ အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး သွေးဆုံးပြီးချိန်တိုင်အောင် ဖြစ်နိုင်ပါသေးတယ်။
သားဥအိမ်ကင်ဆာဟာ ရေရေရာရာ လက္ခဏာမပြတတ်တာမို့ အသံတိတ်ကင်ဆာအမျိုးအစားလို့ တင်စားကြပါတယ်။
ဝမ်းဗိုက်မအီမသာဖြစ်မယ် ၊ အစာမကြေဘူး ၊ အစာစားပြီး ဗိုက်ကတင်းနေမယ်၊ ဗိုက်ထဲမှာ သက်တောင့်သက်တာသိပ်မရှိလှဘူး ၊ ဆီးခဏခဏသွားမယ်၊ ဆီသွားရခက်မယ်၊ ဓမ္မတာ မမှန်ဖြစ်မယ်၊ များသောအားဖြင့်ဒီ လောက်ပဲ ခံစားရပါတယ်၊ ဒီလက္ခဏာတွေဟာ မသိရင်တော့ သာမန်ပဲလို့ထင်ရပေမယ့် အတွင်းမှာ သားဥအိမ်ကင်ဆာဖြစ်နေနိုင်တာ အထူးသတိထားစရာပါ။
သားဥအိမ်ကင်ဆာအတွက် အကောင်းဆုံးကုသနည်းကတော့ ခွဲစိတ်တာပါ၊ ခွဲစိတ်တယ်ဆိုတာ သားဥအိမ်ကိုဖယ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်၊ ယနေ့ခေတ်မှာတော့ Laparoscopic surgery လို့ခေါ်တဲ့ အပေါက်ဖောက်ပြီး ခွဲစိတ်တဲ့ နည်းလမ်းကို သုံးလာကြပါပြီ ။
နာကျင်မှုသက်သာတယ်၊ ဒဏ်ရာသေးသေးပဲ ကျန်တယ်၊ တစ်ချို့လူနာတွေမှာတော့ ခွဲစိတ်ရုံသက်သက်နဲ့မပြီးပါဘူး ၊ ကင်ဆာ အဆင့်အလိုက် ဆေးသွင်းကုသရတာမျိုးရှိပါတယ်၊ ဒါပေမယ့် ဒီကင်ဆာမျိုးဟာ ကုသပြီးပေမယ့် ပြန်လည် ဖြစ်ပွားတတ်တာတော့ သတိထားရပါမယ်။
အဲဒါကြောင့်မို့သားဥအိမ်ကင်ဆာဟာ ကြိ ုတင်သတိထား သိရှိဖို့ခက်ခဲတတ်တဲ့အတွက်ပုံ မှန်ကျန်းမာရေးစစ်ဆေးခြင်းကသာ အကောင်းဆုံးကာကွယ်ခြင်းပါ။
ပုံမှန်မဟုတ်တဲ့လက္ခဏာတွေ့ပြီဆိုတာနဲ့စစ်ဆေးသင့်ပါတယ်၊ သားဥအိမ်ကင်ဆာဖြစ်နေတယ်ဆိုရင်လည်း မကြောက်ပါနဲ့၊ ကုသမှုခံယူပါ။ စောလျင်စွာစစ်ဆေးသိရှိပြီးကုသမှုခံယူပါက ပျောက်ကင်းနိုင်ပါတယ်။
Credits to original writer
******ဘန်ကောက်ဆစ်မီတဝေ့ဆေးရုံကြီးတွင် ကင်ဆာကုသလိုသများအနေဖြင့် Columbus Health Care သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။*******

ဆစ်မီတဝေ့ဆေးရုံကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့လူနာများအနေဖြင့် အွန်လိုင်း ဗီဒီယိုကောလ် 🤳 ကနေတစ်ဆင့် မိမိတို့ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနဲ့ 👩‍⚕️ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Page Chat Box မှ တဆင့်ဖြစ်စေ
Viber Number
Bangkok Office = +66898132353
Myanmar Office =+959 250282448 သို့ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
Columbus Health Care Services
09-250282448

Address

No. 290, Room (10), 4th Floor, Pyay Road, Myaynigone, Sanchaung Township, Yangon
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+95953347070

Website

Alerts

Be the first to know and let us send you an email when Columbus Health Care Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Columbus Health Care Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram