12/01/2024
ဆေးတက္ကသိုလ် ၁၊ရန်ကုန် ၏၊ ၂၀၂၄ ခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်း များကို ၂.၁.၂၀၂၄ မှစတင်၍ဖွင့်လှစ်လျက်ရှိပါသည်။
Orientation day of Post graduate training Programs of University of Medicine 1, Yangon. အား ၁၂ ၁.၂၀၂၄ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပါမောက္ခချုပ်ဒေါက်တာကျော်ရွှေ မှ အဖွင့် အမှာစကားပြောကြားပြီးနောက်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဒေါက်တာခင်မာမြင့် က၊ ဘွဲ့လွန်သင်တန်းများ၏ Expected Learning outcomes, Program's requirements, assessments များနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြား ပါသည်။ ထို့နောက် မော်ကွန်းထိမ်း ဒေါ်မျိုးသီတာကြိုင် မှ ဘွဲ့လွန်သင်တန်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ အား ရှင်းလင်းပြောကြားခဲ့ပါသည်။