The Hair Clinic By CDS

The Hair Clinic By CDS The hair clinic by clinique de skin. It is a hope and transformation in the world of hair care. Clinique de Skin Dermatology & Laser Clinic

03/01/2026

ကိုယ့်ဆံသားက လွဲလို့ ဘယ်ဆံသားနဲ့မှ အစားထိုး မကုသချင်တဲ့ သူတွေအတွက်

▪️𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 လေးနဲ့
မိတ်ဆက်ပေးလိုက်ပါရစေ။

▪️𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 ကုသမှုအတွက် ဆွေးနွေးမှုရယူပြီးတဲ့အခါမှာ ကိုယ့်ရဲ့ နောက်စေ့နား (𝗗𝗼𝗻𝗲𝗿 𝗔𝗿𝗲𝗮) က ဆံသားဥလေးတွေကို ယူပြီး ပြန်စိုက်ပေးတဲ့ ကုထုံးတစ်မျိုးပဲ ဖြစ်ပါတယ်။

▪️ဒီကုသမှုကို ရယူပြီးတဲ့အခါမှာ အလုပ်ပျက်မှာတွေ မစိုးရိမ်ရအောင် ကုသမှု ရယူပြီးချင်း (၂) ရက်ကနေ (၂) ပတ်အတွင်းမှာ နေ့စဉ် ပုံမှန်အတိုင်း အလုပ်ပြန် သွားနိုင်မှာပဲ ဖြစ်ပါတယ်။

▪️အလုပ်လည်း မပျက်ချင်သလို အလှလည်း မပျက်ချင်ဘူးဆိုတဲ့ သူတွေအတွက်လည်း ဒီ 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 လေးက အကောင်းဆုံး ရွေးချယ်မှုကို ဖြစ်စေမှာ ဖြစ်လို့

✅ကျွမ်းကျင်ဆရာဝန်ကြီးတွေ ကိုယ်တိုင် ဆွေးနွေးကုသပေးနေတဲ့ 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗕𝘆 𝗖𝗗𝗦 နဲ့အတူ ဆံပင်စိုက်လိုက်ကြစို့နော်။

▪️ဆံသားကျန်းမာရေးနဲ့ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးကုသချင်လို့ပဲ ဖြစ်ဖြစ်၊ ဆံကေသာပြဿနာတွေနဲ့ပတ်သက်လို့ အသေးစိတ် စုံစမ်းမေးမြန်ချင်လို့ပဲ ဖြစ်ဖြစ် ☎️ 09793113114 ကိုသာ ဆက်သွယ်လိုက်ပါ။







31/12/2025

🎉𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 2026🎉

▪️မင်္ဂလာရှိသော ၂၀၂၆ နှစ်သစ်မှာ
စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။

▪️၂၀၂၅ တစ်နှစ်တာကာလလုံး 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 ကိုယုံကြည်စွာ အားပေးခဲ့ကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

▪️၂၀၂၆ နှစ်သစ်မှာလည်း
အလှအပဆိုင်ရာ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ့် ယုံကြည်စိတ်ချရတဲ့ အဖော်မွန်အဖြစ် ဆက်လက် ကြိုးစားသွားပါ့မယ်။

🎉ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေရှင်။
𝗪𝗶𝘁𝗵 𝗟𝗼𝘃𝗲, 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 𝗧𝗲𝗮𝗺🎉

🙏🙏🙏🙏🙏

#𝗵𝗮𝗽𝗽𝘆𝗻𝗲𝘄𝘆𝗲𝗮𝗿2026

30/12/2025

2026 မှာ ဆံပင်ပြန်ပေါက်ဖို့ သင့်ရဲ့ 𝗣𝗹𝗮𝗻 က ဘာလဲ?

▪️နှစ်သစ်ကူး 𝗥𝗲𝘀𝗼𝗹𝘂𝘁𝗶𝗼𝗻 တွေထဲမှာ.
ဝိတ်ချမယ်၊ ပိုက်ဆံစုမယ် ဆိုတာတွေ ပါကောင်းပါနိုင်ပေမယ့်၊ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ တိုက်ရိုက်ဆိုင်တဲ့ ဆံပင်ကိစ္စ ကိုရော ထည့်သွင်းစဉ်းစားထားရဲ့လား?

▪️ဆံပင်ပါးတာ၊ ထိပ်ပြောင်တာတွေအတွက်
၂၀၂၆ မှာ ဆံပင်ပြန်ထူလာဖို့ ဒီ 𝗣𝗹𝗮𝗻 (၃) ခုထဲက တစ်ခုခုကို
အခုပဲစတင်လိုက်ပါ။

✅ 𝗣𝗹𝗮𝗻- 𝗔

𝗛𝗼𝗺𝗲 𝗖𝗮𝗿𝗲 ပြောင်းလဲခြင်း ဓာတုပစ္စည်းပြင်းတဲ့ 𝗦𝗵𝗮𝗺𝗽𝗼𝗼 တွေကို စွန့်လွှတ်ပြီး၊ ဆံပင်အမြစ်အားဖြည့်ပေးမယ့် 𝗧𝗼𝗻𝗶𝗰/𝗦𝗲𝗿𝘂𝗺 တွေကို စနစ်တကျ စသုံးမယ်။

✅ 𝗣𝗹𝗮𝗻- 𝗕

𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 ပြုပြင်ခြင်း ဆံပင်အတွက် အဓိကလိုတဲ့ 𝗕𝗶𝗼𝘁𝗶𝗻, 𝗭𝗶𝗻𝗰 ပါတဲ့ အစားအစာတွေ (ဥပမာ - ကြက်ဥ၊ အခွံမာသီး) ပိုစားမယ်။ အိပ်ရေးဝဝအိပ်မယ်။

✅ 𝗣𝗹𝗮𝗻- 𝗖

𝗘𝘅𝗽𝗲𝗿𝘁 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 (အထိရောက်ဆုံး နည်းလမ်း) အချိန်မကုန်ချင်ဘူး၊ မြန်မြန်ဆန်ဆန်နဲ့ ထိရောက်တဲ့ ရလဒ်လိုချင်ရင်တော့... 𝗖𝗹𝗶𝗻𝗶𝗰 မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး 𝗠𝗲𝘀𝗼𝘁𝗵𝗲𝗿𝗮𝗽𝘆 / 𝗣𝗥𝗣 / 𝗦𝘁𝗲𝗺 𝗖𝗲𝗹𝗹 ကုထုံးတွေကို ခံယူမယ်။

သင့်ရဲ့ 𝗣𝗹𝗮𝗻 က ဘာဖြစ်မလဲ? 𝗣𝗹𝗮𝗻 𝗔 လား? 𝗕 လား? 𝗖 လား? ဆံပင်ပြန်သန်မယ့် ၂၀၂၆ ဖြစ်ဖို့ အခုပဲ ဆုံးဖြတ်ချက်ချလိုက်ကြရအောင်!

26/12/2025

ဆံပင်ကျွတ်တယ်ဆိုတာဟာ ဦးရေပြားကျန်းမာရေးကြောင့်လည်း ဖြစ်နိုင်သလို အခြားသော ရောဂါလက္ခဏာတွေရဲ့ ရှေ့ပြေးတစ်ခုအနေနဲ့လည်း ဖြစ်နိုင်ပါသေးတယ်။

အလှပျက်စေရုံသာမက ကျန်းမာရေးအတွက်ပါ ထိခိုက်စေနိုင်တဲ့ ဆံပင်ကျွတ်ခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရောဂါတွေကို ညွှန်ပြနေလဲဆိုတာ ပြောပြပေးလိုက်ချင်ပါတယ်။

ပုံမှန်အခြေအနေမျိုးမှာဆိုရင်တော့ ဆံပင်ဟာ တစ်နေ့ကို အချောင်း (၁၀၀) ခန့် ကျွတ်တတ်ပေမယ့် ဆံပင်တွေ အစုလိုက် အပြုံလိုက် ကွက်ပြီး ကျွတ်လာရင်တော့ ဆံပင်ရဲ့ မွှေးညှင်းပေါက်တွေကို ထိခိုက်စေနိုင်တဲ့ 𝗔𝗹𝗼𝗽𝗲𝗰𝗶𝗮 𝗮𝗿𝗲𝗮𝘁𝗮 ရောဂါကို စတင်ခံစားနေရပါပြီ။ ❗️

နောက်ထပ် ရောဂါလက္ခဏာတွေကတော့ ဦးရေပြား မှိုစွဲတဲ့ ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ဖိစီးမှုရောဂါ အစရှိတဲ့ ရောဂါဝေဒနာတွေပဲ ဖြစ်ပါတယ်။

ကဲ ဒီတော့ ပုံမှန်ပမာဏအတိုင်း ဆံပင်ကျွတ်နေတာမျိုး မဟုတ်တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့လာတဲ့အခါ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်ပြီး ကုသလိုက်ဖို့ မမေ့ပါနဲ့နော်။ 💙

#𝗧𝗵𝗲𝗛𝗮𝗶𝗿𝗖𝗹𝗶𝗻𝗶𝗰𝗕𝘆𝗖𝗗𝗦 #𝗖𝗹𝗶𝗻𝗶𝗾𝘂𝗲𝗱𝗲𝗦𝗸𝗶𝗻 #𝗥𝗲𝗯𝘂𝗶𝗹𝗱𝗬𝗼𝘂𝗿𝗦𝗲𝗹𝗳 #𝗥𝗲𝗴𝗮𝗶𝗻𝗬𝗼𝘂𝗿𝗖𝗼𝗻𝗳𝗶𝗱𝗲𝗻𝗰𝗲 #𝗧𝗵𝗲𝗕𝗲𝘀𝘁𝗛𝗮𝗶𝗿𝗖𝗹𝗶𝗻𝗶𝗰 #𝗵𝗮𝗶𝗿𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 #𝗵𝗮𝗶𝗿𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 #𝗛𝗮𝗶𝗿𝗰𝗮𝗿𝗲𝗧𝗿𝘂𝘁𝗵𝘀

🎅ခရစ္စမတ်နေ့ပိတ်ရက် လေးစားစွာ အသိပေးအကြောင်းကြားခြင်း❄️25. 12. 2025 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 နေ့လေးမှာ𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦  ဆေးခန်းပိ...
24/12/2025

🎅ခရစ္စမတ်နေ့ပိတ်ရက် လေးစားစွာ
အသိပေးအကြောင်းကြားခြင်း

❄️25. 12. 2025 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 နေ့လေးမှာ
𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 ဆေးခန်းပိတ်မည်ဖြစ်ပါတယ်ရှင်။

❄️26.12.2025 ရက်မှာတော့ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း ချစ်ခင်လေးစားစွာအသိပေးအကြောင်းကြားအပ်ပါတယ်ရှင်။

🎅𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 နေ့လေးမှာ ပျော်ရွှင်ကျန်းမာကြပါစေကြောင်း
𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

✅အရေပြားယားယံခြင်းကြောင့် ကုတ်မိရာမှဆံပင်မကျွတ်အောင်ကာကွယ်ခြင်းရာသီဥတုကြောင့်ဖြစ်စေ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်ဖြစ်စေသ...
23/12/2025

✅အရေပြားယားယံခြင်းကြောင့် ကုတ်မိရာမှ
ဆံပင်မကျွတ်အောင်ကာကွယ်ခြင်း

ရာသီဥတုကြောင့်ဖြစ်စေ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်ဖြစ်စေ
သန့်ရှင်းရေးပြုလုပ်ချိန်မရလို့ ကြာသွားတာဖြစ်စေ
ဦးရေပြားယားယံခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

◾ဦးရေပြားယားပြီဆိုတာနဲ့ ကုတ်မိခြင်းများဖြစ်ပေါ်တတ်ပါတယ်။ ကုတ်လိုက်ရင် ဆံပင်များလည်း အနည်းအများ ကျွတ်တတ်ကြပါနော်။

◾ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ရန် အချက်လေးတွေ ပြောပြပေးပါ့မယ်ရှင်။

◾ရှောင်ကြဉ်သင့်သောအရာများ

✅ဦးရေပြားယားယံလို့ကုတ်မိပါက ကြမ်းတမ်းစွာမကုတ်မိစေရန်သတိပြုရပါမယ်။

✅ဓာတုပစ္စည်းများပါဝင်တဲ့ ခေါင်းလျှော်ရည်များ အသုံးပြုမိခြင်း

✅အပူအလွန်အကျွံအသုံးပြုခြင်း စတဲ့အချက်များကို ရှောင်ကျဉ်သင့်ပါတယ်ရှင်။

◾အစားအသောက်နဲ့ ဆံသားကို
ကျန်းမာအောင်ပြုလုပ်စေနိုင်အောင်

✅သံဓာတ်၊ ကယ်လ်ဆီယမ်၊
ဗီတာမင် 𝗕 ကြွယ်ဝတဲ့အစားအစာများ စားပေးခြင်း
– ဥပမာ: ဗာဒံစေ့၊ မြေပဲ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ စသည်ဖြင့်။

✅ရေတစ်နေ့တာလုံလောက်စွာသောက်သုံးခြင်းဖြင့်
ဦးရေပြားအခြေအနေကို ကောင်းမွန်စေပါတယ်။

✅စိတ်ဖိစီးမှုလျော့ချခြင်းဖြင့်လည်း 𝗧𝗲𝗹𝗼𝗴𝗲𝗻 𝗲𝗳𝗳𝗹𝘂𝘃𝗶𝘂𝗺 ဆိုတဲ့ ဆံပင်ကျွတ်ခြင်းအမျိုးအစားက စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်ပါတယ်။

◾ယားယံမှုများကြောင့် ကုတ်မိရင် ဆံသားကျွတ်မှုအတွက် အကြောင်းအရင်းတစ်ခုမို့ ဂရုပြုဖို့ရေးပေးလိုက်ပါတယ်ရှင်။

ဆံသားပြသာနာ အမျိုးမျိုးအတွက် 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မှ ဝန်ဆောင်ပေးနေလျက်ရှိပါတယ်ရှင်။

🏥🏥🏥

𝗛𝗹𝗮𝗶𝗻𝗴 𝗕𝗿𝗮𝗻𝗰𝗵
𝗡𝗼.17/18, 𝗞𝗮𝗻 𝗦𝘁𝗿𝗲𝗲𝘁, 𝗛𝗹𝗮𝗶𝗻𝗴 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽,𝗬𝗮𝗻𝗴𝗼𝗻.
☎️09 78 311 311 4

𝗞𝘆𝗶𝗺𝘆𝗶𝗻𝗱𝗶𝗻𝗲 𝗕𝗿𝗮𝗻𝗰𝗵
𝗡𝗼.11, 𝗨 𝗟𝘂𝗻𝗶 𝗥𝗼𝗮𝗱 𝗞𝘆𝗶𝗻𝗺𝘆𝗶𝗻𝗱𝗶𝗻𝗲 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.
☎️09 79 311 311 4

𝗪𝗮𝗶𝘇𝗮𝘆𝗮𝗻𝘁𝗮𝗿 𝗕𝗿𝗮𝗻𝗰𝗵
𝗡𝗼.284, 𝗪𝗮𝗶𝘇𝗮𝘆𝗮𝗻𝘁𝗮𝗿 𝗥𝗼𝗮𝗱, 𝗡𝗲𝗮𝗿 𝗔𝘂𝗻𝗴𝗬𝗮𝗗𝗮𝗡𝗮 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹, 𝗧𝗵𝗶𝗻𝗴𝗮𝗻𝗴𝘆𝘂𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.
☎️09 79 79 499 79

💙ဖေဖေကို ငယ်ငယ်ကအတိုင်း နုပျိုစေချင်ပါတယ်။▪️ချစ်စရာလေးနော်။ ငယ်ငယ်က ဖေဖေက သားသမီးတွေအတွက် သူရဲကောင်း ခပ်မိုက်မိုက် ပုံစံ...
20/12/2025

💙ဖေဖေကို ငယ်ငယ်ကအတိုင်း နုပျိုစေချင်ပါတယ်။

▪️ချစ်စရာလေးနော်။ ငယ်ငယ်က ဖေဖေက သားသမီးတွေအတွက် သူရဲကောင်း ခပ်မိုက်မိုက် ပုံစံလို့ အမြဲ တွေးမိကြမှာပါ။

▪️အသက်အရွယ် ကြီးလာတာနဲ့အမျှ အမျိုးသားများရဲ့ ဆံပင်ဆုံးရှုံးမှုက မျိုးရိုးကြောင့်သော်လည်းကောင်း၊ ဟော်မုန်းအပြောင်းအလဲကြောင့်သော်လည်းကောင်း ဖြစ်ပေါ်ပြီး ထိပ်ပြောင်တာမျိုး ဆံပင်ကျဲတာမျိုးဖြစ်တတ်ကြပါတယ်။

▪️ဆံပင်သည် လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာမို့ နုပျိုမှုအတွက် ယုံကြည်မှုရှိဖို့ အလှအပအတွက် အရေးကြီးတဲ့ အခန်းမှာ ပါဝင်ပါတယ်ရှင်။

▪️ဆုံးရှုံးသွားတဲ့ ဖေဖေရဲ့ နုပျိုမှုတွေ ပြန်လည်ရှာဖွေပေးနိုင်ဖို့ 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မှ ကျွမ်းကျင်ဆရာဝန်များနှင့် လာ ‌ရောက် တိုင်ပင် ပြုလုပ်နိူင်ပါတယ်နော်။

▪️ဖေဖေရဲ့ ယုံကြည်တဲ့အပြုံးတွေကို အတူတူ ပြန်လည်ရှာဖွေဖို့ 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မှ နွေးထွေးစွာကြိုဆိုနေပါတယ်နော်။

#ဖေဖေ #နုပျိုမှု

📢ကရင်နှစ်သစ်ကူး ဆေးခန်းပိတ်ရက် ကြေညာခြင်း▪️၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၁၉) ရက်နေ့ (သောကြာနေ့) သည် "ကရင်နှစ်သစ်ကူးနေ့" ဖြစ်ပါသဖြ...
18/12/2025

📢ကရင်နှစ်သစ်ကူး ဆေးခန်းပိတ်ရက် ကြေညာခြင်း

▪️၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၁၉) ရက်နေ့ (သောကြာနေ့) သည် "ကရင်နှစ်သစ်ကူးနေ့" ဖြစ်ပါသဖြင့်

𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 ဆေးခန်းများ (၁)ရက်ပိတ်မည်ဖြစ်ပါကြောင်း လေးစားစွာအကြောင်းကြားအပ်ပါတယ်ရှင်။

▪️၂၀၂၅ခုနှစ် ဒီဇင်ဘာလ(၂၀) ရက်နေ့ (စနေနေ့) တွင်
ပုံမှန်အတိုင်း ပြန်လည် ဖွင့်မှာဖြစ်ပါတယ်ရှင်။

▪️စိတ်ချမ်းသာမှုအပေါင်း ပြည့်စုံပါစေကြောင်း
𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ရှင့်။ 🙏🙏🙏🙏🙏

#ကရင်နှစ်သစ်ကူး

15/12/2025

-𝗠-𝗦𝗵𝗮𝗽𝗲 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲 & 𝗨-𝗦𝗵𝗮𝗽𝗲 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲

▪️အမျိုးသားအများစု ဆံပင်စကျွတ်ပြီဆိုရင် 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲ပုံစံ ပြောင်းလဲလာတတ်ပါတယ်။ သတိမထားမိခင်မှာပဲ တိတ်တဆိတ် ဖြစ်လာတတ်တဲ့ အပြောင်းအလဲပါ။

➡️𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲 က ဘယ်အဆင့်မှာ ရောက်နေပြီလဲ?

✅𝗠-𝗦𝗵𝗮𝗽𝗲 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲
နားထင်နှစ်ဖက်ကနေ စပြီး ဆံပင်ပါးကာ အတွင်းကို ဝင်သွားတာပါ။ ရှေ့ဘက်အလယ်မှာ ဆံပင်ကျန်နေပြီး ဘေးနှစ်ဖက်က ၀င်သွားလို့ 𝗠 ပုံစံ ဖြစ်ပေါ်လာပါတယ်။

ဒီလိုပုံစံမျိုးဖြစ်လာပြီဆို မျိုးရိုးလိုက် ဆံပင်ကျွတ်ခြင်းရဲ့ အစောပိုင်း လက္ခဏာဖြစ်လေ့ရှိပါတယ်။

✅𝗨-𝗦𝗵𝗮𝗽𝗲 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲
နားထင်ကနေ ဝင်တာမဟုတ်ဘဲ၊ ရှေ့ဘက် 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲 တစ်ခုလုံး တညီတည်း နောက်ကို ရွေ့သွားတာပါ။ နဖူးပြင် တဖြည်းဖြည်း ကျယ်လာတဲ့ပုံစံမျိုးဖြစ်လာတတ်ပါတယ်။

ဒါကတော့ ဆံပင်အမြစ်တွေ အားနည်းပြီး တဖြည်းဖြည်း ဆုတ်ခွာသွားတဲ့ အနေအထားပါ။

▪️𝗠 ပုံစံ 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲 ဖြစ်စေ၊ 𝗨 ပုံစံ 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲 ဖြစ်စေ ဆံပင်ကျွတ်တာကို စောစောသိရင် ကုသဖို့ ပိုလွယ်ကူသလို၊ ပျက်စီးသွားတဲ့ 𝗛𝗮𝗶𝗿𝗹𝗶𝗻𝗲 ကိုလည်း

𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 နည်းပညာနဲ့ မိမိမျက်နှာကျနဲ့ လိုက်ဖက်အောင် 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မှာ ပြန်လည်
ဒီဇိုင်းဖော်လို့ ရနေပါပြီ။

▪️ဆံသားပြသာနာအမျိုးမျိုးအတွက် 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မှ ကျွမ်းကျင်ဆရာဝန်များနှင့် လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။

-ဆံပင်သန်စေဖို့ ဘာတွေစားရမလဲ?▪️ဆံပင်ကျွတ်တာ သက်သာအောင် ဘာလိမ်းရမလဲ?လို့ မေးလေ့ရှိကြပေမယ့် ဘာစားရမလဲလို့ မေးတဲ့သူတော့ တော...
14/12/2025

-ဆံပင်သန်စေဖို့ ဘာတွေစားရမလဲ?

▪️ဆံပင်ကျွတ်တာ သက်သာအောင် ဘာလိမ်းရမလဲ?
လို့ မေးလေ့ရှိကြပေမယ့် ဘာစားရမလဲလို့ မေးတဲ့သူတော့ တော်တော်ရှားပါတယ်။

▪️တကယ်တော့ ဆံပင်ဆိုတာ ပရိုတင်းနဲ့ ဖွဲ့စည်းထားတာဖြစ်လို့၊ ခန္ဓာကိုယ်အတွင်းပိုင်း အာဟာရပြည့်ဝမှ ဆံပင်အမြစ်တွေ
သန်မာမှာပါ။

▪️သင့်ဆံပင်အတွက် မဖြစ်မနေ စားပေးသင့်တဲ့ 𝗦𝘂𝗽𝗲𝗿𝗳𝗼𝗼𝗱𝘀 (၅) မျိုး ကို ဖော်ပြပေးလိုက်ပါတယ်။

✅ကြက်ဥ
ဆံပင်အတွက် အလိုအပ်ဆုံး 𝗣𝗿𝗼𝘁𝗲𝗶𝗻 နဲ့ 𝗕𝗶𝗼𝘁𝗶𝗻 တို့ အဓိက ပါဝင်ပါတယ်။ ဆံပင်အသစ်ထွက်တာကို အားပေးပါတယ်။

✅ဟင်းနုနွယ်
သံဓာတ် (𝗜𝗿𝗼𝗻) နဲ့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗔, 𝗖 ကြွယ်ဝလို့ ဦးရေပြားဆီ သွေးလည်ပတ်မှု ကောင်းစေပြီး ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။

✅ပင်လယ်ငါးများ
ဆော်လမွန်၊ တူနာ စတဲ့ ငါးတွေမှာပါတဲ့ 𝗢𝗺𝗲𝗴𝗮-3 က ဆံပင်သားကို တောက်ပြောင်စေပြီး ဦးရေပြားခြောက်သွေ့ခြင်း မဖြစ်အောင် ထိန်းပေးပါတယ်။

✅အခွံမာသီးများ
ဗာဒံစေ့၊ သီဟိုစေ့တွေမှာ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗘 နဲ့ 𝗭𝗶𝗻𝗰 ပါဝင်လို့
ဆံပင်သား ပျက်စီးတာကို ကာကွယ်ပေးပါတယ်။

✅ထောပတ်သီး
𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗙𝗮𝘁𝘀 တွေ ပါဝင်လို့ ဆံပင်ကို အစိုဓာတ်ထိန်းပေးပြီး ကျိုးပြတ်လွယ်ခြင်းမှ ကာကွယ်ပေးပါတယ်။

▪️အစားအသောက်က ရေရှည်အတွက် ကောင်းမွန်ပေမယ့်၊ ဆံပင်ကျွတ်တာ အရမ်းများနေပြီဆိုရင်တော့ အစားအသောက်တစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။

▪️လိုအပ်တဲ့ အာဟာရကို ဆံပင်အမြစ်ဆီ တိုက်ရိုက်ရောက်ရှိစေမည့် 𝗛𝗮𝗶𝗿 𝗖𝗮𝗿𝗲 ဝန်ဆောင်မှုများဖြစ်တဲ့ 𝗣𝗥𝗣 ကုထုံး၊ 𝗛𝗮𝗶𝗿 𝗘𝘅𝗼𝘀𝗼𝗺𝗲𝘀 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 များကို တွဲဖက်လုပ်ဆောင်သင့်ပါတယ်။

𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 ဆိုတာက ယောက်ျားလေး၊ မိန်းကလေးမရွေး ကုသလို့ရတဲ့ 𝗛𝗮𝗶𝗿 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 တစ်မျိုးပဲ ဖြစ်ပါတယ်။ အများစုဟာ ...
11/12/2025

𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 ဆိုတာက ယောက်ျားလေး၊ မိန်းကလေးမရွေး ကုသလို့ရတဲ့ 𝗛𝗮𝗶𝗿 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 တစ်မျိုးပဲ ဖြစ်ပါတယ်။

အများစုဟာ 𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 လို့ ပြောလိုက်တာနဲ့ အသက် (၃၀) နောက်ပိုင်း ဆံပင်တွေ ကျွတ်ပြီး ထိပ်ပြောင်လာတတ်တဲ့ ယောက်ျားလေးတွေအတွက် သီးသန့် ကုထုံးလို့ အထင်မှားနေကြပါတယ်။

ဒီလို အထင်မှားနေတာတွေကို ဒီနေ့က စပြီး ပြန်လည် ပြင်ဆင်လိုက်ဖို့ မမေ့ပါနဲ့နော်။ 😉

𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 ဆိုတာက ကျား၊ မ မရွေး ကုသလို့ရတဲ့ ကုထုံးတစ်ခုဖြစ်ပြီး သဘာဝကျကျ ဆံသားတွေကို ပိုင်ဆိုင်စေမယ့် 𝗛𝗮𝗶𝗿 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 တစ်ခုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ 𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 လေးဟာ ထင်ထားသလောက် ပြင်းထန်တဲ့ နာကျင်မှုတွေကို မခံရစေဘဲ သဘာဝကျတဲ့ ဆံသားတွေကို ပိုင်ဆိုင်စေတာမို့ အခုပဲ 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗕𝘆 𝗖𝗗𝗦 က အထူးကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့အတူ လှပတဲ့ ဆံသားတွေကို ပိုင်ဆိုင်လိုက်စို့နော်။ ✨

ဆံသားကျန်းမာရေးနဲ့ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးကုသချင်လို့ပဲ ဖြစ်ဖြစ်၊ ဆံကေသာပြဿနာတွေနဲ့ပတ်သက်လို့ အသေးစိတ် စုံစမ်းမေးမြန်းချင်လို့ပဲ ဖြစ်ဖြစ် ☎️ 09793113114 ကိုသာ ဆက်သွယ်လိုက်ပါ။

#𝗖𝗹𝗶𝗻𝗶𝗾𝘂𝗲𝗱𝗲𝗦𝗸𝗶𝗻
#𝗧𝗵𝗲𝗛𝗮𝗶𝗿𝗖𝗹𝗶𝗻𝗶𝗰𝗕𝘆𝗖𝗗𝗦
#𝗥𝗲𝗯𝘂𝗶𝗹𝗱𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳
#𝗥𝗲𝗴𝗮𝗶𝗻𝗬𝗼𝘂𝗿𝗖𝗼𝗻𝗳𝗶𝗱𝗲𝗻𝗰𝗲
#𝗧𝗵𝗲𝗕𝗲𝘀𝘁𝗛𝗮𝗶𝗿𝗖𝗹𝗶𝗻𝗶𝗰
#𝗛𝗮𝗶𝗿𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁

09/12/2025

-တစ်နေ့ကို ဆံပင် ဘယ်နှစ်ချောင်းကျွတ်ရင် စိုးရိမ်ရပြီလဲ?

▪️မနက်အိပ်ရာနိုးလို့ ခေါင်းအုံးပေါ်ကြည့်လိုက်တိုင်း ဆံပင်တွေ ကျွတ်လိုက်တာမျိုးကြုံဖူးကြမှာပါ။ဆံပင်ကျွတ်တယ်ဆိုတာ လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။

▪️ပုံမှန် ဘယ်လောက်လဲ? အန္တရာယ်ရှိတဲ့ အဆင့်က ဘယ်လောက်လဲ? ဆိုတာမျိုး ခွဲခြားသိဖို့ လိုပါတယ်။

▪️တစ်နေ့ကို ဆံပင် အချောင်း ၅၀ ကနေ ၁၀၀ ကြား ကျွတ်တာက လုံးဝပုံမှန်ပါပဲ။ ဆံပင်ဟောင်းတွေ ကျွတ်ထွက်သွားမှ ဆံပင်အသစ်တွေတိုးထွက်လာမှာ ဖြစ်ပါတယ်။

➡️အောက်ပါ လက္ခဏာတွေ တွေ့လာရပြီဆိုရင်တော့ ဒါက ပုံမှန် မဟုတ်တော့ပါဘူး။ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လာပါပြီ။

✅ဆံပင် ပမာဏ များပြားခြင်းတစ်နေ့ကို အချောင်း ၁၀၀ ထက်
ပိုကျွတ်နေတာ (ခေါင်းဖြီးလိုက်တိုင်း ပါလာတာ၊ ခေါင်းလျှော်ရင် လက်ဆုပ်လိုက်ပါလာတာမျိုး)

✅ခေါင်းပေါ်မှာ အကွက်များဖြစ်ပေါ်လာခြင်း

✅ပြန်မပေါက်ခြင်း: ကျွတ်သွားတဲ့ နေရာမှာ ဆံပင်အသစ် ပြန်ထွက်မလာဘဲ ဆံသားတွေ ပါးပြီး ဦးရေပြား မြင်နေရတာ။

◾ဆံပင်ကျွတ်ခြင်းအတွက် အကောင်းဆုံးနည်းလမ်းများကို 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မှ ကျွမ်းကျင်ဆရာဝန်များနဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။

Address

11, U Lu Ni Street, KyeeMyinDaing Township
Yangon
11101

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Telephone

+959793113114

Website

Alerts

Be the first to know and let us send you an email when The Hair Clinic By CDS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Hair Clinic By CDS:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram