Physiotherapy Home Services

Physiotherapy Home Services To help peple who want to do Rehabilitation Exercises at Home.. To give a helpful hand to people 🧘

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွင်း Physiotherapy Home Services

Myanmar National Airline (MNA) ရဲ့ Inflight Magazine … Wellness Corner မှာ ထည့်သွင်းဖော်ပြထားတဲ့ MOMENTUM Physiotherapy ...
30/04/2025

Myanmar National Airline (MNA) ရဲ့ Inflight Magazine … Wellness Corner မှာ ထည့်သွင်းဖော်ပြထားတဲ့ MOMENTUM Physiotherapy & Movement Studio ရဲ့ “Scoliosis & Physiotherapy “ ဆောင်းပါးလေးဖြစ်ပါတယ်။

💕MOMENTUM Physiotherapy & Movement Studio သည် Physiotherapy Home Services ၏ ပဲ့ကိုင်ရှင် Physiotherapist Pyone Ei ၏ ဆေးခန်းဖြစ်ပါသည် 💕 ကြော်ငြာတာ 😅



ငလျင်နောက်ဆက်တွဲ ဒဏ်ရာများအတွက် လေ့ကျင့်ခန်း ဗဟုသုတများ  Be Strong FIGHTING
28/04/2025

ငလျင်နောက်ဆက်တွဲ ဒဏ်ရာများအတွက် လေ့ကျင့်ခန်း ဗဟုသုတများ

Be Strong
FIGHTING

ငလျင်ဒဏ်ရာတွေကနေ ပြန်နာလန်ထူဖို့ လွယ်ကူတဲ့ Physio နည်းလမ်းများ"**

ငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း ခြေလက်တွေ၊ ခါးတွေ နာကျင်ကိုက်ခဲနေတာ၊ လှုပ်ရှားရခက်နေတာ ကြုံနေရလား?

ဒီဆောင်းပါးလေးမှာ အိမ်မှာ သက်သာအောင် လုပ်လို့ရတဲ့ **Physiotherapy နည်းလမ်းတွေ** ကို ရှင်းပြပေးမယ်နော်!

**🫨ပေါင်၊ ခြေသလုံး၊ လက်မောင်း ကျိုးထား၍ကျောက်ပတ်တီးစီးထားသူများ၊ခွဲစိတ်၍စတီးရိုးထည့်ထားသူများအတွက်

✔ ရေခဲကပ်ပါ

✔ **အိပ်ရာထဲမှာတင်လုပ်နိုင်‌ေသာလေ့ကျင့်ခန်းများ
: (လေကျင့်ခန်းတစ်ခုခြင်းကို အနည်းဆုံး၁၀ကြိမ်နဲ့ တစ်နေ့ကိုအနည်ဆုံး၂ကြိမ်လုပ်ဆောင်ပေးပါ)

1. တင်ပါးကြွက်သားကိုကျုံ့ထားပြီး5 secထိန်းထားပါ

2. ဒူးခါင်းကို ကုတင်ကိုဖိချ၍ ခြေချင်းဝတ်‌ကော့ပြီး 5secထိန်းထားပါ

3. ခြေချင်းဝတ်ကို နာရီလက်တံအတိုင်း၁၀ကြိမ်၊နာရီလက်တံပြောင်းပြန်အတိုင်း၁၀ကြိမ်လှည့်ပေးပါ

4. ကုတင်ကို ခါးနဲ့ ဖိချပြီး 5sec ထိန်းထား ပြီးပြန်‌ေလျှာ့ပါ

5. ဒူးကွေးပါ။ ခြေထောက်ကို တင်ပါးဆီသို့ဆွဲလာပြီးမူလနေရာကိုပြန်သွားပါ

6. ခြေခြင်းဝတ်ကိုကော့ပြီး‌ခြထာက်ကို ဆန့်ထားပြီးပေါင်ကို မြှောက်နိုင်သည်အထိမြှောက်ပါ။

7. ခြေထောက်တချောင်းစီဘေးကားပါ။

(ကျိုးထားလို့ ခွဲထားတဲ့ဘက်ကို ဘေးလူအကူအညီဖြင့် လေ့ကျင့်ခန်းလုပ်ပါ)

အထက်ပါလေ့ကျင့်ခန်းများက သွေးလည်ပတ်မှု‌ေကာင်းမွန် စေပြီး အနာကျက်မှုကိုမြန်ဆန် စေသလို ကြွက်သားအားနည်းခြင်း(Muscle wasting) ကိုကာကွယ်‌ေပးပါတယ်

‼️အရိုးကျိုးရင် မလှုပ်ရှားပဲနေရမယ်ဆိုတာအယူအဆအမှားပါနော်။ ဖြစ်နေတဲ့နေရာကိုသာ ချန်ပြီး ကျန်နေတဲ့လှုပ်ရှားလို့ ရသမျှ နေရာတွအကုန်လုံးက လှုပ်ရှားပေးရပါမယ်။မလှုပ်ရှားပဲနေရင်တော့ နောက်ဆက်တွဲ အနေနဲ့ ကြွက်သားအားနည်းခြင်းတွေ၊သွေးလည်ပတ်မှုအားနည်းခြင်းတွေ၊အရိုးအဆစ်တွေတောင့်တင်းခြင်းတွေ၊‌ေသွး‌ေကြာအတွင်းသွေးခဲခြင်း(DVT) စတဲ့ နောက်ဆက်တွဲပြဿနာတွဖြစ်ပွားနိုင်ပါတယ်‼️

---

# # # **🫨ခါးနာသူများ အတွက်**

✓ရေနွေးအိပ်ကပ်ပေးပါ(မိနစ်၂၀အထိကပ်နိုင်ပါသည်)

✔အိိမ်မှာပြုလုပ်နိုင်တဲ့လေ့ကျင့်ခန်းတွေကတော့

1. ပက်လက်လှန်အနေအထားနဲ့ ဒူးနှစ်ဖက်ကို ကွေးပြီး ခြေဖဝါးတွေကို ကြမ်းပြင်မှာ ချထားပါ။ တဖက်ခြေထောက်ကို ဖြေးဖြေးချင်း မြှောက်ပြီး ဒူးကို ရင်ဘတ်နားကပ်အောင် ကွေးပါ။ 5-10sec ထိန်းထားပြီး။ဖြေးဖြေးချင်း ပြန်ချပါ။

2. ပက်လက်လှန်လှဲပြီး ဒူးနှစ်ဖက်ကွေး၊ ခြေဖဝါးများ ကြမ်းပြင်မှာ ပြားပြားချထားပါ။ ခါးကို ကြမ်းပြင်နဲ့ ဖိထားပြီး 5sec ကြာ တင်းထားပါ။ ပြီးရင် ဖြေလျော့ပါ။ ၅-၁၀ ကြိမ်လုပ်ပေးပါ။

3. ပက်လက်လှန်လှဲပြီး ဒူးနှစ်ဖက်ကို ကွေးကာ ညာနဲ့ဘယ်ကိုတစ်ဖက်စီစောင်းပေးပါ

✔ **ခါးကိုက်လျှင်** : ခြေထောက်နှစ်ဖက်ကြား ခေါင်းအုံးညှပ်အိပ်ပါ
ခုတင်ပေါ်တွင် ဘေး တစောင်းလှည့်ချင်တဲ့အခါမှာလဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဒူးထောင်၍ ဒူးခါင်းနှစ်ခုကြား‌ေခါင်းအုံးညှပ်၍ လှည့်ပေးပါ။

🫨 Stressများလို့အသက်ရှူရခက်ခဲတာ‌ေတွ၊ငလျင်အတွင်းဖုန်နှင့်သဲများအသက်ရှူလမ်းကြောင်းအတွင်းဝင်ရောက်တဲ့အတွက် အလျင်လို့ အသက်ရှူလို့သိပ်မ‌ေကာင်းတဲ့သူတွေအတွက် သက်သာစေဖို့ လုပ်လို့ရတဲ့** အသက်ရှူ‌ေလ့ကျင့်ခန်း ကတော့

-ထိုင်ခံု (ဒါမှမဟုတ်)ကုတင်‌ေပါ်မှာ ထိုင်လျက်အနေထားနဲ့ ခန္ဓာကိုယ်ကိုရှေ့သို့အနည်းငယ်ကိုင်းပါ

-လက်ကိုသက်တောင့်သက်သာအ‌ေနအထားထားပြီး အသက်ကို 2sec‌ေလာက်အထိပြင်းပြင်းရှူရှူသွင်းပါ

-ရှူထုတ်တဲ့အခါ ပါးစပ်ကို‌ေလချွန်သလိုဟရုံဟ၍ဖြေးဖြေးခြင်းရှူထုတ်ပါ

ဒီလို အသက်ရှူသွင်းရှူထုတ် cycle‌ေလးကို အသက်ရှူရတာအဆင်ပြေလာတဲ့အထိ ဆက်တိုက် လုပ်‌ေဆာင်ပေးပါ

⚠ ဒီလိုအခြေအနေဆို ဆရာဝန်ပြပါ!**
❌ ညဘက်နာကျင်မှု အရမ်းဆိုးလာလျှင်
❌ ထုံကျင်ပြီး အားမရှိသလိုခံစားလာရလျှင်
❌ ၃ ရက်ကျော်သည်အထိ မသက်သာလျှင်

**"ငလျင်ဒဏ်ရာက သင့်ဘဝကို ရပ်တန့်မသွားပါစေနဲ့"**
ဒီနည်းလမ်းလေးတွေနဲ့ တဖြည်းဖြည်း ပြန်လည်သန်စွမ်းလာပါစေနော်။

💕 မြန်မာနှစ်သစ်ဆုတောင်း 💕မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်နှစ်သစ်မှစ၍ မိမိတို့၏ ကိုယ်စီကိုယ်စီဘဝရည်မှန်းချက် ပန်းတိုင်များသို့က...
17/04/2025

💕 မြန်မာနှစ်သစ်ဆုတောင်း 💕

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်

နှစ်သစ်မှစ၍

မိမိတို့၏ ကိုယ်စီကိုယ်စီ

ဘဝရည်မှန်းချက် ပန်းတိုင်များသို့

ကျန်းမာသန်စွမ်းသော ကိုယ်

အေးချမ်းတည်ငြိမ်သော စိတ် ဖြင့်

စဥ်ဆက်မပြတ်

လျောက်လှမ်းနိုင်ပါစေလို့

Physiotherapy Home Services မိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါ၏......

Rehabilitation in Earthquake 28.3.2025 😢ငလျင်ကြောင့် ဘဝပေါင်းများစွာ ပျက်စီးရတယ်။ မိသားစုလိုက် သေကွဲ၊ ရှင်ကွဲ ကွဲကြရတယ်။...
03/04/2025

Rehabilitation in Earthquake

28.3.2025 😢

ငလျင်ကြောင့် ဘဝပေါင်းများစွာ ပျက်စီးရတယ်။ မိသားစုလိုက် သေကွဲ၊ ရှင်ကွဲ ကွဲကြရတယ်။

သေတဲ့သူတွေသေပြီး ရှင်တဲ့သူတွေလည်း ဒဏ်ရာပေါင်းများစွာမှာ ဘဝတွေကို ရုန်းကန်ရဦးမယ်။

😢😢😢😢😢

အသက်ရှင်တယ်ဆိုပြီး ပွေ့ချီ မချီသွားတဲ့ Video တွေ တွေ့ရင်.. တချို့တွေက ခေါင်းဒဏ်ရာ၊ တချို့တွေက ခြေထောက်တွဲလောင်း ပျော့ခွေ (maybe SCI or Nerve injury)၊ တချို့တွေက တင်ပါး၊ပခုံးရွဲ့စောင်း (maybe fracture) ၊ ခြေဖြတ်ရ လက်ဖြတ်ရနဲ့.. လူ့ဘဝရဲ့ ကျန်ရှိချိန်မှာ အသက်မသေသော်လည်း ဘဝမှာနာကျင်မှုတွေနဲ့ ဖြတ်သန်းရမှာကို စိတ်မကောင်းဖြစ်မိတယ်။

😢😢😢😢😢

Health Care Professional ဖြစ်တဲ့ Physiotherapist တွေလည်း ငလျင်ကြောင့် ဒဏ်ရရာသူတွေကို *Active Lifestyle* ပြန်ရအောင် အတူလက်တွဲကူကြရအောင်.. 💕

⛲️⛲️⛲️⛲️⛲️

World Physiotherapy နဲ့ Myanmar Physiotherapy Association မှ သင်တန်းပေးပို့ချပေးတဲ့ Clinical Webinar Programs ကို မြန်မာပြည်မှ Physiotherapistsများ တက်ရောက်ကြပါ။

နေ့ရက်၊ သင်ခန်းစာနှင့် အချိန်၊ link ကို ပထမပုံတွင်ကြည့်ပါ။

ပုံများသည် ယနေ့ 3.4.25 သင်တန်းမှ မှတ်တမ်းများဖြစ်ပါသည်။

01/01/2025

Happy New Year 2025 🩷🩷🩷

Admin Physiotherapist တရားစခန်းဝင်နေလို့ စာ ၂ပတ် မပြန်ဖြစ်တာပါ။

နှစ်သစ်မှစ Home Visits များ ပြန်စနေပါပြီ

Vacancy for Physiotherapistsတာမွေမှာရှိတဲ့ Rehabilitation Clinic တစ်ခုအတွက် Physiotherapist - 2 postsFull time or Part t...
27/05/2024

Vacancy for Physiotherapists

တာမွေမှာရှိတဲ့ Rehabilitation Clinic တစ်ခုအတွက်
Physiotherapist - 2 posts
Full time or Part time
Salary - negotiable

CV တင်ချင်တယ်ဆို 095024827 ကို ဆက်သွယ်ပေးပါ

💕 မြန်မာနှစ်သစ်ဆုတောင်း 💕မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်နှစ်သစ်မှစ၍ မိမိတို့၏ ကိုယ်စီကိုယ်စီဘဝရည်မှန်းချက် ပန်းတိုင်များသို့က...
17/04/2024

💕 မြန်မာနှစ်သစ်ဆုတောင်း 💕

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်

နှစ်သစ်မှစ၍

မိမိတို့၏ ကိုယ်စီကိုယ်စီ

ဘဝရည်မှန်းချက် ပန်းတိုင်များသို့

ကျန်းမာသန်စွမ်းသော ကိုယ်

အေးချမ်းတည်ငြိမ်သော စိတ် ဖြင့်

စဥ်ဆက်မပြတ်

လျောက်လှမ်းနိုင်ပါစေလို့

Physiotherapy Home Services မိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါ၏......

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595024827

Website

Alerts

Be the first to know and let us send you an email when Physiotherapy Home Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Physiotherapy Home Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category