22/02/2026
ဒီအပတ် Sunday ရဲ့ Grow and Glow Intermediate & Advanced Yoga Class မှာ Ashtanga Intermediate Series ကို လေ့ကျင့်ကြပါတယ်။
Ashtanga Yoga ရဲ့ Intermediate Series ကို Nadi Shodhana လို့ ခေါ်ဆိုပါတယ်။ Sanskrit ဘာသာစကားအရ Nadi ဆိုတာ "စွမ်းအင်လမ်းကြောင်း" (Channels) ဖြစ်ပြီး Shodhana ဆိုတာ "သန့်စင်ခြင်း" (Purification) ဖြစ်ပါတယ်။
🌟 Nadi Shodhana ရဲ့ အနှစ်သာရ 🌟
Primary Series (Yoga Chikitsa) က ခန္ဓာကိုယ်ရဲ့ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကုသသန့်စင်ပေးတယ်ဆိုရင်၊ Intermediate Series ကတော့ အာရုံကြောစနစ် (Nervous System) ကို အဓိက သန့်စင်စေပါတယ်။
⚡️ စွမ်းအင်လမ်းကြောင်းများ သန့်စင်ခြင်း: ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စွမ်းအင်စီးဆင်းမှု အဟန့်အတားတွေကို ဖယ်ရှားပေးပြီး စိတ်တည်ငြိမ်မှုကို မြှင့်တင်ပေးပါတယ်။
⚡️Backbending & Spine: ဒီ Series မှာ ကျောရိုးကို လှည့်တာ၊ ခန္ဓာအနောက်ကိုလှန်တာ(Backbends) တွေ အများကြီးပါဝင်လို့ ကျောရိုးရဲ့ ပျော့ပြောင်းမှုကို အထူးကောင်းမွန်စေပါတယ်။
Intermediate Series ကို လေ့ကျင့်တဲ့အခါ အပိုင်း ၄ ပိုင်းခန့် ခွဲခြားနိုင်ပါတယ်။
1. Opening Sequence: ပထမဦးဆုံး Pasasana (Noose Pose) နဲ့ စတင်ပါတယ်။ ဒါဟာ ခါးလှည့်ခြင်း (Twisting) ကို အဆုံးစွန်ထိ ပြုလုပ်ရတဲ့ Pose ဖြစ်ပါတယ်။
2. Backbending Focus: Shalabhasana, Dhanurasana ကနေ အဆင့်မြင့်တဲ့ Kapotasana အထိ ခါးနဲ့ ရင်ဘတ်ဖွင့်တဲ့ ပုံစံတွေ ပါဝင်ပါတယ်။
3. Leg Behind Head & Strength: အဆင့်မြင့်တင်ပါးဖွင့်တဲ့ ပုံစံတွေနဲ့ လက်မောင်းအားသုံးရတဲ့ Arm Balances (ဥပမာ - Bakasana, Pincha Mayurasana) တွေ ပါဝင်လာပါတယ်။
4. Cool Down: ပုံမှန် Ashtanga ရဲ့ Finishing sequence နဲ့ပဲ အဆုံးသတ်ပါတယ်။
💁🏻♀️ Ashtanga Vinyasa Yoga ကို စလေ့ကျင့်တဲ့အခါ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာ မရစေဖို့ အတွေ့အကြုံရှိတဲ့ ဆရာ/မ ရဲ့ လမ်းညွှန်မှုအောက်မှာပဲ ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။
#သုခအသိုင်းအဝန်း