မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်း- ၁၀မိုင်ဈေး

  • Home
  • Myanmar
  • Yangon
  • မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်း- ၁၀မိုင်ဈေး

မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်း- ၁၀မိုင်ဈေး For Health Education

04/04/2024
အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုကနေပူထဲက ပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့ ၊ ‎ မျက်နှာသစ်လိုက်တာတို့ကြ...
03/04/2024

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
‎ မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

မင်းနေလျံ
(Dr. မျိုးသန့်နိုင်-ဆေး မကွေး)

#အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း


Credit

၂၄.၂.၂၀၂၄ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ 🙏🏼🙏🏼🙏🏼
24/02/2024

၂၄.၂.၂၀၂၄
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ 🙏🏼🙏🏼🙏🏼

🧧🧧🧧စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်းနှစ်ကူးဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🏼🎉
10/02/2024

🧧🧧🧧
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်းနှစ်ကူးဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🏼🎉

ပြာသို့လပြည့်အမေများနေ့ ❤25.1.2024❤ကမ္ဘာပေါ်ရှိမိခင်များအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတော...
25/01/2024

ပြာသို့လပြည့်အမေများနေ့ ❤25.1.2024❤
ကမ္ဘာပေါ်ရှိမိခင်များအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🏼🙏🏼🙏🏼

11. 1.2024Happy Karen New Year '2763 ပါရှင် ။ နှစ်သစ်မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း...
11/01/2024

11. 1.2024
Happy Karen New Year '2763 ပါရှင် ။
နှစ်သစ်မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🙏🏼🎉

1.1.2024 နှစ်သစ်မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည် 🙏🏼🙏🏼🙏🏼
31/12/2023

1.1.2024 နှစ်သစ်မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည် 🙏🏼🙏🏼🙏🏼

နတ်တော်လပြည့်(ဓမ္မစာဆိုတော်နေ့) 🙏🏼🙏🏼🙏🏼၂၇.၁၂.၂၀၂၃
27/12/2023

နတ်တော်လပြည့်(ဓမ္မစာဆိုတော်နေ့) 🙏🏼🙏🏼🙏🏼
၂၇.၁၂.၂၀၂၃

Merry Christmas to you All❤️🎁🎉☃️❄️Healthy and Peaceful Minds 🙏🏼
25/12/2023

Merry Christmas to you All❤️🎁🎉☃️❄️
Healthy and Peaceful Minds 🙏🏼

Address

Yangon

Telephone

+959768823300

Website

Alerts

Be the first to know and let us send you an email when မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်း- ၁၀မိုင်ဈေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram