Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး

  • Home
  • Myanmar
  • Yangon
  • Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး

Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး, Hospital, No. 73, Ohn Pin Street, Kyeemyindaing, Yangon.

ဆေးရုံပေါင်း၇၃ ရုံဖြင့် ကျန််းမာရေးစောင့်ရှောက်မှုပေးနေသော India နိုင်ငံအပိုလိုဆေးရုံတွင်ဆေးကုသမှုခံယူလိုပါက ၂၀၁၅ခုနှစ်မှစတင်၍လူနာပေါင်းများစွာကိုအကောင်းဆုံးဝန်ဆောင်မှုပေးနေသည့် ဆရာစိုင်းဦးစီးသောမြန်မာပြည်ကိုယ်စားလှယ်ရုံးကို ဆက်သွယ်လိုက်ပါ ဖုန််း095373256 WeCare Health Care Services Co.,Ltd သည် ၂၀၁၅ ခုနှစ်မှ စတင်၍ အပိုလိုဆေးရုံ၏ မြန်မာပြည် ကိုယ်စားလှယ်ရုံးအဖြစ် အပိုလိုဆေးရုံသို့ သွားရောက်ဆေးကုသမှု

ခံယူလိုသော လူနာပေါင်းများစွာကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်ပါသည်။

👨‍⚕️👨‍⚕️👨‍⚕️ဆေးကုသမည့် လူနာများအတွက် မြန်မာပြည်ကိုယ်စားလှယ်ရုံးမှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ပေးနေပါသည်။

✜ လူနာ၏ ရောဂါနှင့် ပတ်သက်သော ဆေးမှတ်တမ်းများကို ဆေးရုံသို့ ပို့၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများထံမှ ကုသမည့်နည်းလမ်းနှင့် လမ်းညွှန်ချက်များ ရယူပေးခြင်း။

✜မြန်မာနိုင်ငံတွင် လိုအပ်သော ကြိုတင်ဆေးစစ်ချက်များ စီစဉ်ဆောင်ရွက်ပေးခြင်း။

✜ ခန့်မှန်း ကုန်ကျစားရိတ် တွက်ချက်ပေးခြင်း။

✜ နိုင်ငံကူးလက်မှတ် စီစဉ်ဆောင်ရွက်ပေးခြင်း။

✜နိုင်ငံ ဝင်ခွင့်ဗီဇာ လျှောက်ထားပေးခြင်း။

✜ လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း။

✜လေယာဉ်ကွင်းမှ တည်းခိုရမည့်နေရာအထိ လူနာအကြိုအပို့ စီစဉ်ပေးခြင်း။

✜စကားပြန် စီစဉ်ပေးခြင်း ။

✜ ဆေးရုံအနီးတွင် နေထိုင်နိုင်ရန် တည်းခိုခန်း၊ ဟိုတယ် စီစဉ်ပေးခြင်း။

✜ ဆေးကုသမှုပြီးဆုံး၍ မြန်မာပြည်သို့ ပြန်လာပြီးနောက် လစဉ်ပုံမှန်စစ်ဆေးနေကျ ဆေးစစ်ချက်များကို သက်ဆိုင်ရာ ဆရာဝန်ကြီးများထံသို့ ပို့ပေး၍ ညွှန်ကြားချက်များ ရယူပေးခြင်း။

🙏🏻🙏🏻🙏🏻“ ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့။”🙏🏻🙏🏻🙏🏻

အပိုလိုဆေးရုံကြီးရဲ့ "Specialized Bladder Cancer Care" 🏥✨ဆီးအိမ်ကင်ဆာ (Bladder Cancer) ဆိုတာ စောစောသိ၊ စောစောကုသနိုင်ရင်...
27/04/2026

အပိုလိုဆေးရုံကြီးရဲ့ "Specialized Bladder Cancer Care" 🏥✨

ဆီးအိမ်ကင်ဆာ (Bladder Cancer) ဆိုတာ စောစောသိ၊ စောစောကုသနိုင်ရင် ပျောက်ကင်းနိုင်ခြေ အလွန်မြင့်မားတဲ့ ရောဂါမျိုးပါ။ ဒါပေမဲ့ ရိုးရိုးကုသမှုထက်စာရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ စနစ်တကျ ပြုစုစောင့်ရှောက်ကုသမှုကသာ စိတ်ချရဆုံးသော အဖြေတစ်ခု ဖြစ်လာမှာပါ💡

🛑 ဆီးအိမ်ကင်ဆာကို ဘယ်လိုကုသကြသလဲ?

ဆီးအိမ်ကင်ဆာ ကုသမှုဟာ ကင်ဆာအဆင့် (Stage) ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ လက်ရှိမှာ အထိရောက်ဆုံးဖြစ်နေတဲ့ နည်းလမ်း (၃) ခုကတော့ 👇

🔹 TURBT (Endoscopic Surgery): အမာရွတ်မကျန်ဘဲ ကင်ဆာအကျိတ်ကို မှန်ပြောင်းကိရိယာနဲ့ ဖယ်ရှားခြင်း။ 🔬
🔹 Immunotherapy (BCG Therapy): ကိုယ်ခံအားစနစ်ကို အသုံးချပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်စေတာကြောင့် ပြန်ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။ 🛡️
🔹 Robotic-Assisted Surgery: နောက်ဆုံးပေါ် စက်ရုပ်နည်းပညာသုံး ခွဲစိတ်မှုဟာ သွေးထွက်နည်းစေပြီး နာကျင်မှုကို လျှော့ချပေးသလို နာလန်ထလည်း မြန်စေပါတယ်။ 🤖🦾

အပိုလိုဆေးရုံကြီးရဲ့ "Specialized Bladder Cancer Care" မှာဆိုရင် ကင်ဆာကို ကုသရုံတင်မကဘဲ လူနာရဲ့ ဘဝအရည်အသွေး (Quality of Life) ကို မြှင့်တင်ပေးဖို့ အမြဲအသင့်ရှိနေပါတယ်... 🤝❤️

👨‍⚕️ ၁။ အထူးကုဆရာဝန်ကြီးများ၏ တိုက်ရိုက်ကုသမှု
ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ကင်ဆာအထူးကု ဆရာဝန်ကြီးများ (Uro-Oncologists) ကိုယ်တိုင် ဦးစီးပြီး ကုသမှု ပလန်ကို စနစ်တကျ ရေးဆွဲပေးပါတယ်။

🔍 ၂။ တိကျသေချာသော ရောဂါရှာဖွေရေး
နောက်ဆုံးပေါ် Advanced Imaging နဲ့ Biopsy နည်းပညာတွေကြောင့် ကင်ဆာရဲ့ အနေအထားကို ၁၀၀% တိကျအောင် အရင်ဆုံး စစ်ဆေးပေးပါတယ်။

🌟 ၃။ တစ်ဦးချင်းစီအတွက် သီးသန့်ကုသမှု (Personalized Care)
လူနာတိုင်းရဲ့ အခြေအနေ မတူတဲ့အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ကုသမှုနည်းလမ်းတွေကို ကျင့်သုံးပါတယ်။

"သင့်ရဲ့ ကျန်းမာရေးက ကျွန်ုပ်တို့ရဲ့ ပထမဦးစားပေးပါ" ✨

⚠️ ဆီးသွားရင် သွေးပါတာ၊ ဆီးခဏခဏ သွားချင်တာ ဒါမှမဟုတ် ဆီးသွားရင် နာကျင်တာမျိုးတွေ ခံစားနေရပြီဆိုရင် မပေါ့ဆပါနဲ့။ 🩺

အိန္ဒိယနိုင်ငံအပိုလိုဆေးရုံကြီးမှာကုသမှုခံယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့ အပိုလိုဆေးရုံမြန်မာပြည်ကိုယ်စားလှယ်ရုံး နှင့် ဆက်သွယ်ပြီးသိချင်တာမှန်သမျှကိုရုံးခန်းသို့လာရောက် အသေးစိတ်မေးမြန်းနိုင်ပြီး Page Messenger https://t.me/ApolloHospitalsMyanmar နှင့် အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်များတွင်ပါ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256
📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

#ဆီးအိမ်ကင်ဆာကုသမှု
#အိန္ဒိယဆေးကု

🩸သွေးရောဂါများအတွက် နောက်ဆုံးအဆင့် ကုသမှု Bone Marrow Transplant🩸 သွေးရောဂါတွေအတွက် အမြစ်ပြတ်အောင်ကုသရတဲ့ ကုထုံးတွေက သာမ...
23/04/2026

🩸သွေးရောဂါများအတွက် နောက်ဆုံးအဆင့် ကုသမှု Bone Marrow Transplant

🩸 သွေးရောဂါတွေအတွက် အမြစ်ပြတ်အောင်ကုသရတဲ့ ကုထုံးတွေက သာမန်ရောဂါတွေကို ကုသတဲ့ ကုထုံးတွေနဲ့ မတူပါဘူး။ သွေးရောဂါတွေအတွက် ထိရောက်တဲ့ ကုထုံးကို ပြောပါဆိုရင် ‘ရိုးတွင်းချဉ်ဆီအစားထိုး’တဲ့ ကုထုံးပဲ ဖြစ်ပါတယ်။

ရိုးတွင်းချဉ်ဆီအစားထိုးခြင်းကို
✅သွေးကင်ဆာ၊
✅ပြန်ရည်ကျိတ်ကင်ဆာ၊
✅Myeloma လို့ခေါ်တဲ့ သွေးရောဂါကို ကုသဖို့အတွက် အသုံးပြုပါတယ်။

✨ရိုးတွင်းချဉ်ဆီအစားထိုးတယ်ဆိုတာ တကယ်တော့ ရိုးတွင်းချဉ်ဆီထဲက Stem cellsလို့ခေါ်တဲ့ ကျန်းမာတဲ့ သွေးဆဲလ်အနုစားလေးတွေကို သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

✨ဒီဆဲလ်လေးတွေက လူနာရဲ့ ကိုယ်ထဲကို ရောက်တဲ့အခါ ကျန်းမာတဲ့ အရွယ်ရောက်သွေးဆဲလ်တွေအဖြစ် ရင့်ကျက်လာမှာဖြစ်ပြီး ဒီလိုနဲ့ လူနာရဲ့ ကင်ဆာဝေဒနာကို သက်သာစေမှာ ဖြစ်ပါတယ်။
ရိုးတွင်းချဉ်ဆီအစားထိုးခြင်းမှာ
Autologous stem cell transplant နဲ့
Allogenic stem cell transplant ဆိုပြီး (၂)မျိုးရှိပါတယ်။

✨(၁) Autologous stem cell transplant
• ကိုယ့်ရဲ့ ရိုးတွင်းချဉ်ဆီက သွေးဆဲလ်တွေကို ပြန်သွင်းတာ ဖြစ်ပါတယ်။
• ဒီလို သွင်းဖို့ဆိုရင် ကိုယ်ထဲက ကင်ဆာဆဲလ်တွေကို ကီမိုသွင်း ဖျက်စီးပစ်ရပါတယ်။ ပြီးမှ ကျန်ခဲ့တဲ့ ကောင်းတဲ့ဆဲလ်တွေကို ပြန်မွေး၊ ပြန်ပွားပြီး ပြန်သွင်းပေးတာ ဖြစ်ပါတယ်။
• ကျန်းမာတဲ့ Stem cellsတွေကို သွေးသွင်းသလို သွင်းပေးလိုက်တဲ့အခါ Stem cellsတွေက ရိုးတွင်းချဉ်ဆီကို ရောက်ရှိပြီး အရွယ်ရောက်သွေးဆဲလ်တွေအဖြစ် ရင့်ကျက်လာမှာဖြစ်ပါတယ်။
• ဒါကို Autologous stem cell transplant လုပ်တယ်လို့ ခေါ်ပါတယ်။

✨(၂) Allogenic stem cell transplant
• သူများရဲ့ Stem cellsတွေကို ယူရမှာဖြစ်တဲ့အတွက် အလှူရှင်လိုပါတယ်။
• သူများရဲ့ ဆဲလ်ကို ခန္ဓာကိုယ်က လက်ခံစေဖို့ ခုခံအားထိန်းဆေးတွေနဲ့ ခုခံအားကို ချထားရပါတယ်။
• ကိုယ့်ရဲ့ ကိုယ်ထဲက သွေးကင်ဆာဆဲလ်တွေကိုလည်း ကီမိုသွင်းပြီး ဖျက်စီးထားရပါတယ်။
• ဒါတွေ အဆင်သင့်ဖြစ်ပြီဆိုမှ အလှူရှင်ဆီက Stem cellsကို သွင်းလို့ ရပါတယ်။
• Stem cellsတွေက လူနာရဲ့ ရိုးတွင်းချဉ်ဆီဆီရောက်ရှိပြီး ကျန်းမာတဲ့ ဆဲလ်တွေအဖြစ် ပြန်လည်ထွက်လာမှာ ဖြစ်ပါတယ်။

ရိုးတွင်းချဉ်ဆီကုထုံးက ခွဲစိတ်စရာတွေလည်း မလိုပါဘူး။ သွေးသွင်းသလို Stem cellsတွေကို သွင်းရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ Stem cellsတွေကို စုဆောင်းတာ၊ လူနာရဲ့ ခန္ဓာကိုယ်ကို ပြင်ဆင်တာတွေပါတဲ့အတွက် ရှုပ်ထွေးတဲ့ ကုထုံး ဖြစ်ပါတယ်။

ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ကြီးတွေနဲ့ ပစ္စည်းကိရိယာစုံလင်တဲ့ ဆေးရုံကြီးတွေမှာ လုပ်သင့်ပါတယ်။ ရိုးတွင်းချဉ်ဆီ အစားထိုးခြင်းအတွက် နာမည်ရပြီးသားဖြစ်တဲ့ အိန္ဒိယနိုင်ငံက ဆေးရုံကြီးတွေကို ညွှန်းပေးချင်ပါတယ်။

အိန္ဒိယနိုင်ငံအပိုလိုဆေးရုံကြီးမှာရိုးတွင်းချဉ်ဆီအစားထိုးကုသမှုခံယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့ အပိုလိုဆေးရုံမြန်မာပြည်ကိုယ်စားလှယ်ရုံး နှင့် ဆက်သွယ်ပြီးသိချင်တာမှန်သမျှကိုရုံးခန်းသို့လာရောက် အသေးစိတ်မေးမြန်းနိုင်ပြီး Page Messenger https://t.me/ApolloHospitalsMyanmar နှင့် အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်များတွင်ပါ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256

📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

#ရိုးတွင်းခြင်ဆီအစားထိုးကုသမှု
#အိန္ဒိယဆေးကု

(Thalassaemia) ရောဂါနဲ့ ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့ 🩸✨🩸သွေးခဏခဏ သွင်းနေရတဲ့ သံသရာကနေ ထာဝရ လွတ်မြောက်နိုင်မယ့်...
21/04/2026

(Thalassaemia) ရောဂါနဲ့ ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့ 🩸✨

🩸သွေးခဏခဏ သွင်းနေရတဲ့ သံသရာကနေ ထာဝရ လွတ်မြောက်နိုင်မယ့် အခွင့်အရေး ရှိနေပါပြီ⏳

Thalassemia ဆိုတဲ့ရောဂါဟာ လူနာနဲ့ မိသားစုဝင်တွေအတွက်တော့ လစဉ်သွေးသွင်းရတာ၊ ဆေးရုံတက်ရတာနဲ့ အားအင်ကုန်ခမ်းတာတွေကို ကိုယ်စားပြုနေတတ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ဆေးပညာအရ ဒါဟာ တစ်သက်လုံး ထမ်းပိုးသွားရမယ့် ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်တော့ပါဘူး။

Thalassemia (သာလက်စီးမီးယား) ဆိုတာ ဘာလဲ? 🧬
ဒါဟာ မွေးရာပါ မျိုးရိုးလိုက်တဲ့ သွေးအားနည်းရောဂါတစ်မျိုးပါ။ ခန္ဓာကိုယ်က သွေးနီဥ (RBCs) နဲ့ (Hemoglobin) တို့ကို ပုံမှန်အတိုင်း မထုတ်လုပ်နိုင်တဲ့အတွက် လူနာဟာ
• အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း 🥱
• အရေပြား ဖြူဖတ်ဖြူလျော်ဖြစ်ပြီး အသားဝါခြင်း/ဆီးဝါခြင်း
• ကြီးထွားမှု နှောင့်နှေးပြီး အသက်ရှုမဝခြင်း စတဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။

⚠️ ရောဂါရင့်လာပါက တွေ့ရတတ်သည့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (Thalassemic Face)
Thalassemia ပြင်းထန်ပါက ခန္ဓာကိုယ်က သွေးနီဥတွေ ပိုမိုထုတ်လုပ်ဖို့ ကြိုးစားရင်း ရိုးတွင်းခြင်ဆီတွေ ကျယ်လာတတ်ပါတယ်။ အကျိုးဆက်အနေနဲ့
• မျက်နှာအရိုးပုံစံ ပြောင်းလဲလာခြင်း (e.g., နဖူးပြင် မောက်လာခြင်း၊ ပါးရိုး မြင့်တက်လာခြင်း)
• အရိုးပုံပျက်ခြင်း (Bone Deformity) နှင့် အရိုးပွခြင်းများ ဖြစ်ပွားနိုင်ပါတယ်။

နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုများ ⚠️
ပုံမှန်သွေးသွင်းနေရရုံနဲ့ မပြီးဘဲ သွေးခဏခဏသွင်းခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ စုပုံလာတာ၊ အဲ့ဒီအတွက် သံဓာတ်ချွတ်ဆေးတွေ ပြန်သောက်ရတာတွေက လူနာရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝကိုပါ ကြီးမားတဲ့ အဟန့်အတား ဖြစ်စေပါတယ်။

ဒါဆို... အမြစ်ပြတ် ကုသနိုင်တဲ့ နည်းလမ်း ရှိသလား? 🔬
ယခုအခါ တိုးတက်လာတဲ့ ဆေးပညာနဲ့အညီ Thalassemia ကို လုံးဝပျောက်ကင်းစေနိုင်မယ့် ခေတ်မီကုသနည်းကတော့ "ရိုးတွင်းခြင်ဆီ အစားထိုး ကုသနည်း (Bone Marrow & Stem Cell Transplant)" ပဲ ဖြစ်ပါတယ်။

ဒီကုသနည်းဟာ လူနာရဲ့ ပျက်စီးနေတဲ့ သွေးထုတ်လုပ်မှုစနစ်ကို ကျန်းမာတဲ့ ဆဲလ်သစ်တွေနဲ့ အစားထိုးပေးတာဖြစ်လို့ ကုသမှုအောင်မြင်ပြီးနောက်မှာ
✅ ပုံမှန်သွေးသွင်းနေရတဲ့ သံသရာကနေ ကင်းဝေးသွားမယ်။
✅ သံဓာတ်ချွတ်ဆေးတွေ သောက်နေရတာတွေ ရပ်တန့်သွားမယ်။
✅ သာမန်လူတစ်ယောက်လိုပဲ ကျန်းမာတက်ကြွတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

🤝 Apollo Hospitals (India) ဟာ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုမှာ ကမ္ဘာ့အဆင့်မီ အောင်မြင်မှုမှတ်တမ်းများစွာ ရှိထားတဲ့ ဆေးရုံကြီးဖြစ်ပါတယ်။

သင့်ကလေးငယ် ဒါမှမဟုတ် သင့်ချစ်ခင်ရသူတွေ ဒီကုသမှုကို စနစ်တကျ ခံယူနိုင်ဖို့ အစအဆုံး ကူညီပေးနေပါတယ်
• ကျွမ်းကျင်တဲ့ သွေးရောဂါအထူးကု ဆရာဝန်ကြီးများနှင့် ဆွေးနွေးပေးခြင်း 👨‍⚕️
• ကုသမှု အောင်မြင်နိုင်ခြေနဲ့ ကုန်ကျစရိတ်ကို အသေးစိတ် တိုင်ပင်ပေးခြင်း 💰
• ဗီဇာ၊ လေယာဉ်လက်မှတ်၊ စကားပြန် ဝန်ဆောင်မှုအထိ ဆေးရုံတက်ရောက်မှု တစ်ခုလုံးကို တာဝန်ယူပေးခြင်း ✈️

"သွေးသွင်းရတဲ့ ရက်ချိန်းတွေကို ရေတွက်နေရတဲ့ ဘဝကနေ၊ လွတ်လပ်တက်ကြွတဲ့ ဘဝသစ်ဆီကို ကူးပြောင်းလိုက်ပါ။" 💡

Thalassemia ကုသမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256

📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

#ရိုးတွင်းခြင်ဆီအစားထိုးကုသမှု
#အိန္ဒိယဆေးကု

🩸သွေးကင်ဆာကိုအောင်မြင်စွာကုသနိုင်ဖို့အချိန်နဲ့တပြေးညီကုသမှုကအဖြေပါ 🩺✨🩸သွေးကင်ဆာ ကုသမှုမှာ "ဆေးဝါး" ထက် ပိုအရေးကြီးတာ "အခ...
20/04/2026

🩸သွေးကင်ဆာကိုအောင်မြင်စွာကုသနိုင်ဖို့အချိန်နဲ့တပြေးညီကုသမှုကအဖြေပါ 🩺✨

🩸သွေးကင်ဆာ ကုသမှုမှာ "ဆေးဝါး" ထက် ပိုအရေးကြီးတာ "အချိန်" ပါ။ ⏳

ရောဂါတစ်ခုကို ကုသဖို့ ဆေးကောင်းတွေ ရှိနေတာထက် အဲ့ဒီဆေးတွေကို အချိန်မီ ရရှိဖို့က ပိုအရေးကြီးပါတယ်။ သွေးကင်ဆာ (Leukemia) ဆိုတာ အချိန်နဲ့အမျှ ပျံ့နှံ့နှုန်း မြန်တဲ့အတွက် တစ်ရက် နောက်ကျတာက လူနာရဲ့ အခွင့်အလမ်းကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ⚠️

🩸သွေးကင်ဆာဆိုတာ ဘာလဲ?
ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ အဆမတန် များပြားလာတာ ဖြစ်ပြီး၊ ခုခံအားစနစ်ကို ပျက်စီးစေကာ အားအင်ကုန်ခမ်းခြင်း၊ ခဏခဏ ဖျားနာခြင်းနဲ့ သွေးထွက်လွယ်ခြင်းတွေကို ခံစားရစေပါတယ်။

🔬ဘယ်လို ကုသမှုတွေက အထိရောက်ဆုံးလဲ?
✅ယနေ့ခေတ်မှာ ဆေးသွင်းကုသခြင်း (Chemotherapy) တင်မကဘဲ ရောဂါဆဲလ်ကို တိုက်ရိုက်တိုက်ခိုက်တဲ့ Targeted Therapy နဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone Marrow/Stem Cell Transplant) စတဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ အမြစ်ပြတ်အောင် ကုသလာနိုင်ပါပြီ။

⏱️အချိန်မီ ကုသဖို့ ဘာကြောင့် လိုအပ်တာလဲ?
သွေးကင်ဆာဟာ တခြားကင်ဆာတွေထက် ပျံ့နှံ့နှုန်း မြန်ဆန်တဲ့အတွက်
✅စောစောသိလေ၊ လူနာက ဆေးဒဏ်ခံနိုင်ရည် ရှိလေဖြစ်ပါတယ်။ 💪
✅အစောပိုင်းမှာ ကုသရင် ရှုပ်ထွေးတဲ့ နောက်ဆက်တွဲ ပြဿနာတွေ နည်းပါးပါတယ်။
✅ မှန်ကန်တဲ့ အချိန်မှာ ရိုးတွင်းခြင်ဆီ အစားထိုးနိုင်ရင် ပုံမှန်ဘဝကို အမြန်ဆုံး ပြန်ရနိုင်ပါတယ်။ 🌟

🩸သွေးကင်ဆာ ကုသမှုမှာ ဆေးပညာကျွမ်းကျင်မှုတင်မကဘဲ စနစ်တကျ လမ်းညွှန်ပေးမယ့် Partner တစ်ယောက်ရှိဖို့က အလွန်အရေးကြီးပါတယ်။
🏪Apollo Hospitals ရဲ့ ခေတ်မီနည်းပညာတွေနဲ့ ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးတွေဆီမှာ စိတ်ချလက်ချ ကုသမှုခံယူနိုင်ဖို့ ကျွန်မတို့ဘက်က အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ 🤝
-----------------------------------------------------------------------------------------------
ဝန်ဆောင်မှုများ: 📋
• နိုင်ငံတကာအဆင့်မီ သွေးကင်ဆာအထူးကု ဆရာဝန်ကြီးများနှင့် ဆွေးနွေးပေးခြင်း။ 👨‍⚕️
• ကုသမှုကုန်ကျစရိတ်နှင့် လိုအပ်သည့် စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ပေးခြင်း။ 💰
• ဗီဇာ၊ လေယာဉ်လက်မှတ်၊ စကားပြန် ဝန်ဆောင်မှုအထိ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခြင်း။ ✈️

"ကျန်းမာရေးအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုအချိန်မီချမှတ်ခြင်းကအရာအားလုံးရဲ့ အစပါပဲ။"

မိမိ (သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးမှာ ပုံမှန်မဟုတ်တဲ့ သွေးအားနည်းတာ၊ ဖျားနာတာနဲ့ ညိုမည်းစွဲတာမျိုးတွေ တွေ့ရှိနေရပြီဆိုရင် အချိန်မဆွဲပါနဲ့။ အကောင်းဆုံးသော ကုသမှုလမ်းကြောင်းပေါ် ရောက်ရှိဖို့ အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။ 👇

"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့" 🙏
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝. 🏢

📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074, 09 254364535, 09 5373256

📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

#သွေးကင်ဆာ
#အိန္ဒိယဆေးကု

💫ယနေ့ကျရောက်တဲ့ "ကမ္ဘာ့အသည်းရောဂါနေ့" World Liver Day  မှစလို့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် အလုပ်အများဆုံးလုပ်ပေးနေတ...
19/04/2026

💫ယနေ့ကျရောက်တဲ့ "ကမ္ဘာ့အသည်းရောဂါနေ့" World Liver Day မှစလို့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် အလုပ်အများဆုံးလုပ်ပေးနေတဲ့ "သူရဲကောင်း" ကို စတင်ဂရုစိုက်ကြရအောင်။ 💪

🩷"အသည်း" အတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံကို ရွေးချယ်ပေးပါ။ သဘာဝကပေးတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို စတင် ကျင့်သုံးပြီး အသည်းကို အနားပေးလိုက်ပါ။

👣နောက်ကျမသွားခင် အခုပဲ အသည်းရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးကြည့်ပါ။
ရောဂါကို ကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ စောစီးစွာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။
🏪 Apollo ဆေးရုံက သင့်အသည်းလေးကျန်းမာရေးအတွက် အမြဲအသင့်ရှိနေပါတယ်။

"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256
📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

19/04/2026

🦠ဆီးကျိတ်ကင်ဆာဝေဒနာကို အမြစ်ပြတ်အောင်မြင်စွာ ကုသနိုင်ခဲ့သူ၏ ရင်ဖွင့်စကား✨

✨ဆီးကျိတ်ကင်ဆာကို အိန္ဒိယနိုင်ငံအပိုလိုဆေးရုံကြီးတွင်ကုသမှုခံယူခဲ့ပြီး အမြစ်ပြတ်အနိုင်ယူနိုင်ခဲ့တဲ့ အန်ကယ်ရဲ့အတွေ့အကြုံစကားသံများ✨

🟧 အိန္ဒိယနိုင်ငံ၏ အကောင်းဆုံးကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် 𝐌𝐮𝐥𝐭𝐢𝐬𝐩𝐞𝐜𝐢𝐚𝐥𝐭𝐲 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ဖြစ်သည့် အပိုလိုဆေးရုံသို့ သွားရောက်ဆေးကုသလိုပါက ဆရာစိုင်း ဦးစီးသော အပိုလိုဆေးရုံ မြန်မာပြည် ကိုယ်စားလှယ်ရုံးသို့ ဆက်သွယ်လိုက်ပါ။

🟧 ကျနော်တို့ အပိုလိုဆေးရုံ မြန်မာပြည် ကိုယ်စားလှယ်ရုံးအနေဖြင့်၂၀၁၅ ခုနှစ်မှ စတင်၍ သွားရောက်ဆေးမှု ခံယူလိုသော လူနာပေါင်းများစွာကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေသော လိုင်စင်ရ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။

✅အိန္ဒိယနိုင်ငံအပိုလိုဆေးရုံကြီးတွင် နောက်ဆုံးပေါ်ခေတ်မှီကုသမှုနည်းပညာများကိုအသုံးပြုပြီး ဆေးကုသမှုခံယူလိုပါက ယုံကြည်စိတ်ချရသော WeCareကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း အပိုလိုဆေးရုံမြန်မာပြည်ကိုယ်စားလှယ်ရုံး https://m.me/ApolloHospitalMyanmar တွင် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256
📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

#ဆီးကျိတ်ကင်ဆာ
#အိန္ဒိယဆေးကု
#လူနာအတွေ့အကြုံ

17/04/2026

✨မင်္ဂလာရှိသော မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ

စိတ်သစ်၊ လူသစ်နဲ့ ဘဝသစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။
နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံး ဆေးကြောသန့်စင်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ကြောင်း WeCare မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့် 🙏✨💧🇲🇲

No copyright infringement is intended. I do not own nor claim to own the rights to any of the music shared.

15/04/2026

🇮🇳🏥India နိုင်ငံ အပိုလိုဆေးရုံကြီးတွင် သားငယ်ရဲ့ အသည်းလှူဒါန်းမှုနဲ့ အသည်းအစားထိုးကုသမှုခံယူခဲ့ပြီး ကျန်းမာနေပြီဖြစ်တဲ့ လူနာရဲ့ ရင်တွင်းစကားသံများ ✨️

✨နိုင်ငံတကာအဆင့်မီ Apollo ဆေးရုံကြီးရဲ့ တရားဝင်ကိုယ်စားလှယ်ရုံးဖြစ်ပြီး အကောင်းဆုံးဝါရင့် ကျွမ်းကျင်ဆရာဝန်ကြီးများ နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားပြီး၊ အကောင်းဆုံးသော ကုသမှုနည်းလမ်း တွေကို လမ်းညွှန်ပေးနေတာဖြစ်ပါတယ်။
🌟သင့်ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ကျွန်တော်တို့နဲ့အတူ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256
📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

#အသည်းအစားထိုးကုသမှု
#အိန္ဒိယဆေးကု
#လူနာအတွေ့အကြုံ

12/04/2026

မြန်မာ သက္ကရာဇ် ၁၃၈၈ ခုနှစ်အတွက် အတာသင်္ကြန်နှစ်သစ် ဆုတောင်းလေးကို WeCare မိသားစုမှ ကဗျာလေးနဲ့ အတူ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်

🎊နွေဦးအလှ ပိတောက်ရနံ့
လမ်းတစ်ခွင်မှာ ကြိုင်လှိုင်ပျံ့လို့
အတာရေအေး ပက်ဖျန်းကြစို့

🎉နှစ်ဟောင်းက အညစ်အကြေး
အတာရေနဲ့ ဆေးကြောပေးလို့
စိတ်သစ်လူသစ် လန်းဆန်းစေဖို့။

🙏ကျန်းမာချမ်းသာ ကံကောင်းကြစေ စီးပွားဥစ္စာ ဒီရေလိုတိုးလို့
နှစ်သစ်ကူးမှာ အပြုံးတွေ ဝေ။

🙏 WeCare မိသားစုများ ဝေမြဲအပြုံးပန်းစည်းလုံးခြင်းနဲ့ ရှေ့သို့လှမ်းအောင်မြင်ခြင်းတွေ အမြဲလိုလန်း။

🙏ဘေးရန်ကင်းကွာ ရွှင်လန်းစွာဖြင့်
လိုရာဆန္ဒ ပြည့်စုံကြစေဖို့
အတာရေစင်ဖြင့် ဆုတောင်း‌ မေတ္တာပို့သလိုက်ပါတယ်ရှင့်

11/04/2026

🇮🇳🏥India Apollo ဆေးရုံကြီးမှာ ဒူးခေါင်းရိုးအစားထိုးခွဲစိတ်ကုသမှုခံယူပြီး ၂၄ နာရီအတွင်း လမ်းပြန်လျှောက်နိုင်ခဲ့သူ လူနာဆေးကုသမှုခရီးစဥ် အတွေ့အကြုံများ✨️

✨နိုင်ငံတကာအဆင့်မီ Apollo ဆေးရုံကြီးရဲ့ တရားဝင်ကိုယ်စားလှယ်ရုံးဖြစ်ပြီး အကောင်းဆုံးဝါရင့် ကျွမ်းကျင်ဆရာဝန်ကြီးများ နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားပြီး၊ အကောင်းဆုံးသော ကုသမှုနည်းလမ်း တွေကို လမ်းညွှန်ပေးနေတာဖြစ်ပါတယ်။
🌟သင့်ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ကျွန်တော်တို့နဲ့အတူ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256
📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

#ဒူးခေါင်းရိုးအစားထိုးကုသမှု
#အိန္ဒိယဆေးကု
#လူနာအတွေ့အကြုံ

💫ပျော်ရွှင်စရာ သင်္ကြန်ကာလ အားလပ်ရက်ရှည်အတွင်းမှာ🧡 ကျွန်တော်တို့ WeCare နိုင်ငံခြားဆေးရုံများဝန်ဆောင်မှုရုံးခန်း တွေကို ...
10/04/2026

💫ပျော်ရွှင်စရာ သင်္ကြန်ကာလ အားလပ်ရက်ရှည်အတွင်းမှာ🧡 ကျွန်တော်တို့ WeCare နိုင်ငံခြားဆေးရုံများဝန်ဆောင်မှုရုံးခန်း တွေကို 💦ဧပြီလ (၁၁) ရက်နေ့ကနေ (၁၉) ရက်နေ့💦အထိ ခေတ္တပိတ်ထားမှာ ဖြစ်ပါတယ်ရှင်။

💁‍♂️ဒါပေမယ့်... လူနာသစ်၊ လူနာဟောင်းများအားလုံး ကျန်းမာရေးနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုတာပဲဖြစ်ဖြစ်၊ ဆေးကုသမှုဆိုင်ရာ အကူအညီလိုအပ်တာပဲဖြစ်ဖြစ် အချိန်မရွေး ဆက်သွယ်လို့ရအောင် Online ကနေ အမြဲရှိနေပေးမှာပါနော်။ ✨

💬 Page Messenger: 📞 Phone: 📱 Viber: တို့ကမှ တစ်ဆင့် အချိန်မရွေး အခမဲ့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

အားလုံးပဲ ဘေးကင်းပြီး ကျန်းမာပျော်ရွှင်စရာ သင်္ကြန်အခါသမယလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ 🙏☀️

𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256

📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

👨အမျိုးသားတိုင်း သတိပြုသင့်တဲ့ ဆီးကျိတ်ကင်ဆာ နှင့် ကုသမှုနည်းလမ်းများ👨အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုကတ...
09/04/2026

👨အမျိုးသားတိုင်း သတိပြုသင့်တဲ့ ဆီးကျိတ်ကင်ဆာ နှင့် ကုသမှုနည်းလမ်းများ

👨အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုကတော့ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ပဲ ဖြစ်ပါတယ်။ အစောပိုင်းအဆင့်မှာ သိသာတဲ့ လက္ခဏာ မပြတတ်ပဲ မျိုးရိုးရှိသူ၊ အသက် ၅၀ ကျော်သူ၊ ကိုယ်အလေးချိန် များသူ၊ အဆီများတဲ့အစားအသောက်များ စားသုံးလေ့ရှိသူနှင့် Testosteroneခေါ်တဲ့ ကျားဟော်မုန်းများသူများဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေများတဲ့သူများဖြစ်ကြပါတယ်။

⏩ဆီးခဏခဏသွားချင်စိတ်ဖြစ်ခြင်း
⏩ဆီးပူ၊ ဆီးကျဉ်ခြင်း
⏩ ဆီးကျန်ခြင်း
⏩ဆီးမထိန်းနိုင်ခြင်း၊ဆီးသွားရခက်ခြင်း
⏩ဆီးထဲသွေးပါခြင်း
⏩ခါးနာခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

⚠️ ဆီးကျိတ်ကင်ဆာကို စောစီးစွာ သိရှိပါက အမြစ်ပြတ်ကုသနိုင်ခြေ အရမ်းကို မြင့်မားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Apollo ဆေးရုံကြီး မှာ ကမ္ဘာ့အဆင့်မီ နည်းပညာတွေနဲ့ ဆီးကျိတ်ကင်ဆာရောဂါကို ကုသမှုခံယူနိုင်ပါတယ်။
✅ Surgery (ခွဲစိတ်ကုသခြင်း) - ကင်ဆာကျိတ်ကို တိကျစွာ ဖယ်ရှားခြင်း။
✅ Chemotherapy (ဆေးသွင်းကုသခြင်း) - ကင်ဆာဆဲလ်များ ပြန့်ပွားမှုကို ဆေးဝါးဖြင့် ထိန်းချုပ်ခြင်း။
✅ Radiation Therapy (ဓာတ်ရောင်ခြည်ကုသခြင်း) - စွမ်းအားမြင့် ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်ကို ဖျက်ဆီးခြင်း။
✅ Hormone Therapy (ဟော်မုန်းကုသခြင်း) - ကင်ဆာဆဲလ်ကြီးထွားမှုကို အားပေးသည့် ဟော်မုန်းကို ပိတ်ပင်ခြင်း။
✅ Immunotherapy (ကိုယ်ခံအားစနစ်ဖြင့်ကုသခြင်း) - ခန္ဓာကိုယ်ကိုယ်ခံအားကို သုံးပြီး ကင်ဆာကို ပြန်လည်တိုက်ခိုက်ခြင်း။
စတဲ့ နည်းလမ်းများနဲ့ တစ်နေရာထဲမှာ ရောဂါပျောက်ကင်းရောင်ကုသနိုင်ပါတယ်။
-------------------------------------------------------------------------------
✨နိုင်ငံတကာအဆင့်မီ Apollo ဆေးရုံကြီးရဲ့ တရားဝင်ကိုယ်စားလှယ်ရုံးဖြစ်ပြီး အကောင်းဆုံးဝါရင့် ကျွမ်းကျင်ဆရာဝန်ကြီးများ နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားပြီး၊ အကောင်းဆုံးသော ကုသမှုနည်းလမ်း တွေကို လမ်းညွှန်ပေးနေတာဖြစ်ပါတယ်။

🌟သင့်ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ကျွန်တော်တို့နဲ့အတူ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

"စောစီးစွာ စစ်ဆေးကုသပါ၊ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ပါ"

"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
-----------------------------------------------------------------------------------------------
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝.
📍 ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️ 09 970716074 ☎️ 09 254364535 ☎️ 09 5373256

📍 မန္တလေးရုံး
📪 အမှတ် ၁၈၅၊ ၃၅ လမ်း၊ ၇၇×၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 451922992

#ဆီးကျိတ်ကင်ဆာ
#အိန္ဒိယဆေးကု

Address

No. 73, Ohn Pin Street, Kyeemyindaing
Yangon
11101

Alerts

Be the first to know and let us send you an email when Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး:

Share

Category

Our Story

WeCare Health Care Services Co.,Ltd သည် ၂၀၁၅ ခုနှစ်မှ စတင်၍ အပိုလိုဆေးရုံ၏ မြန်မာပြည် ကိုယ်စားလှယ်ရုံးအဖြစ် အပိုလိုဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူလိုသော လူနာပေါင်းများစွာကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်ပါသည်။

အပိုလိုဆေးရုံသည် အိန္ဒိယမှာ အကြီးမားဆုံး ဆေးရုံ ဖြစ်ရုံသာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီးလည်း အောင်မြင်မှုများစွာရရှိခဲ့ပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံပေါင်း ၁၂၀ကျော်မှ လူ၄၂သန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။

အပိုလိုဆေးရုံသည် အာရှတွင်သာမက ကမ္ဘာ့အနှံ့အပြားတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖော်ဆောင်နိုင်ခဲ့သည်။ လက်ရှိမှာ ကုတင် ၁၀၀၀၀ ကျော်ဆန့်သော ဆေးရုံပေါင်း (၇၀) ရုံ၊ ဆေးခန်းပေါင်း ၂၂၀၀ကျော်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါစစ်ဆေးမှုဓာတ်ခွဲခန်း စင်တာပေါင်း (၁၀၀) ကျော်၊ နိုင်ငံ(၉)နိုင်ငံတွင် Telemedicine unit (၁၁၅) ခု၊ ကျန်းမာရေးအာမခံများ၊ ကျန်းမာရေးဆွေးနွေးပွဲများ၊ clinical trial (ဆေးစမ်းသပ်သုတေသနပြုလုပ်မှုများ)၊ အရေပြားနှင့်ပတ်သက်ပြီးသုတေသနများ၊ stem cell နှင့် မျိုးရိုးဗီဇသုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

“ ကရုဏာရှေ့ ထားကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝအတွက် အပိုလိုဆေးရုံနဲ့ဆက်သွယ်လိုက်ကြပါစို့ “