Say Gabar - Clinic & Diagnostics

Say Gabar - Clinic & Diagnostics အထွေထွေ၊သားဖွားမီးယပ်၊အရိုးအဆစ်၊ခွဲစိတ်အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း၊ Xray ၊ Ultrasound ၊ ကာကွယ်ဆေး

မေး...ဆရာ...ခွေး ၊ကြောင် ကုတ်/ကိုက်ခံရရင်ရော ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုပါလား?အိမ်မှာမွေးတဲ့ ယုန်၊ပူး၊ ကြွက်၊ Hamste...
30/07/2025

မေး...ဆရာ...ခွေး ၊ကြောင် ကုတ်/ကိုက်ခံရရင်ရော ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုပါလား?
အိမ်မှာမွေးတဲ့ ယုန်၊ပူး၊ ကြွက်၊ Hamster လေးတွေ ကိုက်ရင်ရော ခွေးရူးပြန်ကာကွယ်ဆေး ထိုးဖို့လိုပါလား??
ဖြေ...ကြောင်၊ ခွေးကိုက်ခံရတဲ့သူ ကာကွယ်ဆေးတခါမှ မထိုးဖူးရင် ခွေးရူးပြန်ကာကွယ်ဆေး အပြည့်ထိုးဖို့လိုပါတယ်။ခွေးရူးအဆိပ်ဖြေဆေး Immunoglobulin ကိုပါလိုအပ်လျှင် ထိုးရပါတယ်။
အမေရိကန် CDC ရဲ့ အဆိုအရတော့ ပူး၊ကြွက်၊ယုန်၊ Hamster စတဲ့ အကောင်တွေကနေတဆင့် ခွေးရူးပြန်ကူးစက်မှု မတွေ့ရသေးတဲ့ အတွက် ခွေးရူးပြန်ကာကွယ်ဆေးမထိုးသေးပဲ ဆယ်ရက်ခန့် ကိုက်တဲ့ ကောင်ကို စောင့်ကြည့်ပြီး လိုမှ ထိုးလို့ရပါတယ်။
မေးခိုင်ကာကွယ်ဆေးကတော့ ထိုးကိုထိုးရပါမယ်။
ခွေးကိုက်ခံရတဲ့ လူနာတိုင်းကတော့ ခွေးရူးပြန်ကာကွယ်ဆေး ထိုးသင့်ပါတယ်။ ခွေးမွေးထားရင်တောင် ကြိုတင်ထိုးထားလို့ရပါတယ်။
ကိုက်တဲ့ခွေးမှာ ရောဂါပိုးမရှိရင်တောင် Pre exposure vaccine အနေနဲ့ ထိရောက်မှုရှိပြီး သုံးခါထိုးပြီးသွားရင် တနှစ်အကြာမှ Booster dose ထပ်ထိုးရမှာဖြစ်ပြီး တနှစ်booster ထိုးပြီးရင် ငါးနှစ်အထိ Booster ထိုးစရာမလိုတဲ့ အတွက် အလဟသ မဖြစ်ပဲ အကျိုးရှိပါစေတယ်။

အရည်အသွေးစိတ်ချရပြီး 24 HR solar power supply ရှိတဲ့ Cold chain စိတ်ချရသော ကာကွယ်ဆေးများကို အသုံးပြုတဲ့ ဆေးကမ္ဘာ ဆေးခန်းတွေကို ရွေးချယ်ကြလို့ ကျေးဇူးတင်ပါတယ်။

#ခွေးရူးပြန်ကာကွယ်ဆေး

ဆေးကမ္ဘာ (၁)အမှတ် (၇) သီရိလမ်း ၊အင်းစိန် မဟာမြိုင်ရုပ်ရှင်ရုံ အနီး။ 09443076632

ဆေးကမ္ဘာ (၂)အမှတ် (၂၃) လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်။09767297971

သင့် ကလေး ဖျားနာ တုပ်ကွေး ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်ပါ ၊ မြန်မာ FDA ရပြီးသား လေးမျိုးစပ်တုပ်ကွေး ကာကွယ်ဆေး ကို ၂၄ နာ...
29/06/2025

သင့် ကလေး ဖျားနာ တုပ်ကွေး ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်ပါ ၊ မြန်မာ FDA ရပြီးသား လေးမျိုးစပ်တုပ်ကွေး ကာကွယ်ဆေး ကို ၂၄ နာရီ cold chain ဖြင့် ထိန်းသိမ်းထားတဲ့ ဆေးကမ္ဘာ (၁) နှင့် (၂) ဆေးခန်းများတွင် ထိုးနှံနိုင်ပါပြီ
ဆရာဝန်ကိုယ်တိုင် ထိုးခ+ ဆေးဖိုးအပြီးအစီး 5****

မေး : ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးရသေးခင် ဖျားပြီးသွားရင် ဆေးထိုးဖို့ မလိုတော့ဘူးဆို?ဖြေ : ရာသီတုပ်ကွေး အမျိုးအစားတွေ အမျာ...
13/06/2025

မေး : ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးရသေးခင် ဖျားပြီးသွားရင် ဆေးထိုးဖို့ မလိုတော့ဘူးဆို?

ဖြေ : ရာသီတုပ်ကွေး အမျိုးအစားတွေ အများကြီးရှိတာမို့ တစ်ခေါက်ဖျားပြီးလဲ နောက်မတူတဲ့ပိုးတွေထပ်ဝင်ရင် ထပ်ဖျားနိုင်သေးလို့ တုပ်ကွေးကာကွယ်ဆေးက ထိုးထားသင့်ပါတယ်။

ဆေးကမ္ဘာ အထူးကုဆေးခန်းတွေမှာ အရည်အသွေးစိတ်ချရတဲ့ FDA အသိအမှတ်ပြု လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံလို့ ရပါပြီ။

📍ဖုန်းဆက် Booking တင်လိုပါက 𝟎𝟗 𝟕𝟔𝟕 𝟐𝟗𝟕 𝟗𝟕𝟏 ကို ဆက်သွယ် Booking ယူထားနိုင်ပါတယ်။

🕕 ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉:၀၀) မှ ညနေ (၆:၀၀) အထိ ပိတ်ရက်မရှိ

🏥 ဆေးကမ္ဘာ ၁- အထွေထွေ၊ သားဖွားမီးယပ်နှင့် ကလေးအထူးကုဆေးခန်း
အမှတ် (၇) သီရိလမ်း ၊ အင်းစိန် ၊ မဟာမြိုင် ရုပ်ရှင်ရုံအနီး

☎️ phone - 09443076632

🏥 ဆေးကမ္ဘာ ၂- မျက်စိ နားနှာခေါင်းလည်ချောင်းနှင့် အထွေထွေရောဂါကုဆေးခန်း - အမှတ် (၂၃) လမ်းသစ်လမ်း ၊ နံ့သာကုန်းရပ်ကွက် ၊ အင်းစိန် ပန်းခြံမှတ်တိုင်အနီး။

☎️ Phone - 09 767297971

&Diagnostics

#မျက်စိ #နား #နှာခေါင်း #လည်ချောင်း

နားပေါက်ကျယ် ၊ နားအသီးထ များကို ဆေးကမ္ဘာ မျက်စိ နား နှာခေါင်း လည်ချောင်း ဆေးခန်းမှာ လုပ်ဆောင်ပေးနေပါပြီ Booking တင်ရန်09...
06/06/2025

နားပေါက်ကျယ် ၊ နားအသီးထ များကို ဆေးကမ္ဘာ မျက်စိ နား နှာခေါင်း လည်ချောင်း ဆေးခန်းမှာ လုပ်ဆောင်ပေးနေပါပြီ
Booking တင်ရန်
09767297971
နေ့စဉ် မနက် ၉- ညနေ ၆ ပိတ်ရက်မရှိ

တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ အချိန်ရောက်ပါပြီနော်…. ဆေးအရည်အသွေး နဲ့ Cold chain အာမခံ တုပ်ကွေးကာကွယ်ဆေးများကို ရာသီမတိုင်ခ...
21/05/2025

တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ အချိန်ရောက်ပါပြီနော်…. ဆေးအရည်အသွေး နဲ့ Cold chain အာမခံ တုပ်ကွေးကာကွယ်ဆေးများကို ရာသီမတိုင်ခင် ကြိုတင်ထိုးနှံကြပါစို့



မျက်မှန်သမားတွေ အတွက် သတင်းကောင်း….  ရေကူးမျက်မှန်ကိုမှ ပါဝါပါတဲ့ မျက်မှန်သမားတွေ အတွက် ရေကူးမျက်မှန်လေးတွေကို အင်းစိန် ...
12/05/2025

မျက်မှန်သမားတွေ အတွက် သတင်းကောင်း….
ရေကူးမျက်မှန်ကိုမှ ပါဝါပါတဲ့ မျက်မှန်သမားတွေ အတွက် ရေကူးမျက်မှန်လေးတွေကို အင်းစိန် လမ်းသစ်လမ်း က Vision 23 မျက်မှန်ဆိုင်( Say Gabar မျက်စိ နား နှာခေါင်း လည်ချောင်း အထူးကုဆေးခန်း ) မှာ အဆင်သင့် ရရှိနေပါပြီ
ရနိုင်တဲ့ ပါဝါလေးတွေကို ပုံမှာ ဖေါ်ပြထားပါတယ်နော်
09767297971 ကို နေ့စဉ် မနက် ၉:၃၀- ညနေ ၅:၃၀ အတွင်း ပိတ်ရက်မရှိ ဆက်သွယ် ဝယ်ယူနိုင်ပါပြီ ၊ အမြို့မြို့အနယ်နယ် အတွက် delivery လည်း ရှိပါတဉ်နော်

#ရေကူး
#ပါဝါရေကူးမျက်မှန်

Say Gabar - Clinic & Diagnostics  ဆေးခန်း နဲ့ ကျွမ်းကျင်သွားဆရာဝန်များ တဲွဖက် ဖွင့်လှစ်ထားတဲ့ ဆေးခန်းလေးလာရောက်သူတိုင်းက...
10/05/2025

Say Gabar - Clinic & Diagnostics ဆေးခန်း နဲ့ ကျွမ်းကျင်သွားဆရာဝန်များ တဲွဖက် ဖွင့်လှစ်ထားတဲ့ ဆေးခန်းလေး

လာရောက်သူတိုင်းကို စိတ်ကျေနပ်မှုရစေမယ့် ထူးခြားမှုအပြည့်နဲ့ 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 🦷✨

အင်းစိန်မြို့နယ်မှာ သွားနဲ့ခံတွင်းဆိုင်ရာပြဿနာတွေအတွက် တမူထူးခြားတဲ့ဝန်ဆောင်မှုတွေနဲ့ အကောင်းဆုံးကုသမှုတွေပြုလုပ်ပေးမယ့် သွားဆေးခန်းတစ်ခုကို ရှာဖွေနေပြီလား?

ဒါဆိုရင်တော့ သွားနဲ့ခံတွင်းဆိုင်ရာ Treatment တိုင်းအတွက် စိတ်တိုင်းကျစေမယ့် 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 က မိတ်ဆွေတို့ဆီကို ရောက်ရှိလာပါပြီနော် ✨

ဆိုတော့ ပုံမှန်သွားဆေးခန်းတွေနဲ့မတူပဲ 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 က ဘာတွေထူးခြားကောင်းမွန်နေတာပါလဲ??

ပထမဆုံးပြောချင်တာကတော့ 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ Decoration အနေအထားပါ။ Aesthetic Vibes အပြည့်နဲ့ အလှဆင်ထားတာကြောင့် Treatment ယူမယ့်သူတိုင်း စိုးရိမ်စိတ်လျော့ကျပြီး relax ဖြစ်စေမယ့် ခံစားချက်မျိုးရမှာနော်။

ဒါ့အပြင် သွားနဲ့ခံတွင်းဆိုင်ရာ အလှအပအတွက် 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေကို တစ်ခါတည်းရယူနိုင်မယ့် One Stop Service ရှိပါတယ်ရှင့် ✨

နောက်တစ်ချက်က 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ဟာ Ergonomic Support ပေးထားတဲ့ 𝐋𝐮𝐱𝐮𝐫𝐲 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐡𝐚𝐢𝐫 ကို အင်းစိန်မြို့နယ်မှာ ပထမဆုံးအသုံးပြုတဲ့ ဆေးခန်းဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာရှိရှိနဲ့ ကုသမှုတွေကို ခံယူနိုင်မှာပါ။

နောက်ဆုံးအနေနဲ့ 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာ Child Friendly Room နဲ့ Play Area လေးတွေကို ထားရှိပေးထားပါတယ်။ ဒါကြောင့် သွားဆေးခန်းဆိုရင် ကြောက်ကြတဲ့ ကလေးလေးတွေအားလုံး ကြောက်စိတ်မဝင်ပဲ ပျော်ရွှင်စေမှာ အသေအချာပါပဲရှင့် 💯✨

ဒီလိုမျိုး လာရောက်သူတိုင်း စိတ်ကျေနပ်နေရမယ့် ဆေးခန်းအနေအထား၊ စနစ်ကျကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် သွားနဲ့ခံတွင်းဆိုင်ရာ ကျန်းမာရေးနဲ့အလှအပများ Treatment များရယူမယ်ဆိုရင် 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကိုသာ အရောက်လာခဲ့လိုက်ပါရှင် ✨✨

🏥 𝐒𝐩𝐚𝐫𝐤𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜

🏡ဆေးခန်းလိပ်စာ - အမှတ် ၂၃၊ ပထမထပ်၊ လမ်းသစ်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (အင်းစိန်ပန်းခြံ မှတ်တိုင်အနီး)

⏰ ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ (၆) နာရီ (ပိတ်ရက်မရှိ)

☎️ ဖုန်းနံပါတ် - 09770053330




#သွားနဲ့ခံတွင်း #ကျန်မာရေးနဲ့အလှအပ

ကလေးများရဲ့ မျက်လုံးကျန်းမာရေးအတွက် “𝐒𝐚𝐲 𝐆𝐚𝐛𝐚𝐫 မျက်စိ နား နှာခေါင်း လည်ချောင်း( Vision 23)  “ရှိနေပြီ 🏥အခုလို Internet ခ...
27/03/2025

ကလေးများရဲ့ မျက်လုံးကျန်းမာရေးအတွက် “𝐒𝐚𝐲 𝐆𝐚𝐛𝐚𝐫 မျက်စိ နား နှာခေါင်း လည်ချောင်း( Vision 23) “ရှိနေပြီ 🏥

အခုလို Internet ခေတ်မှာ ကလေးများကအစ ဖုန်းနဲ့ကွန်ပျူတာတွေကို အရမ်းအကြည့်များလာပါတယ်။

ကလေးတွေဟာ သင်ကြားရေးအတွက်ကစလို့ အားလပ်ချိန်တွေမှာလည်း ဒီ device တွေကိုပဲ သုံးနေကြတာပါ။

ဒီလိုမျိုး ဖုန်းတွေကို အချိန်ကြာကြာသုံးလာတဲ့အခါ ငယ်စဉ်ကတည်းက မျက်လုံးကျန်းမာရေးထိခိုက်နိုင်ပါတယ်။

ဒါကြောင့် “𝐒𝐚𝐲 𝐆𝐚𝐛𝐚𝐫 မျက်စိ နား နှာခေါင်း လည်ချောင်း( Vision 23) “ကနေ ဖုန်း နဲ့ ကွန်ပျူတာတွေကြည့်ဖို့အတွက် ပါဝါမျက်မှန်များ၊ မျက်မှန်ကိုင်းလေးများကို ပြုလုပ်ပေးနေပါတယ်။

‼️အထူးသဖြင့် Blue light ကို ကာကွယ်ပေးမယ့် မျက်မှန်လေးတွေကို အဓိက ပြုလုပ်ပေးနေပါတယ်နော်။

ဒါ့အပြင် ကလေးများရဲ့ မျက်စိရောဂါ၊ သွားရောဂါများနဲ့ ပတ်သက်ပြီးတော့လည်း “𝐒𝐚𝐲 𝐆𝐚𝐛𝐚𝐫 မျက်စိ နား နှာခေါင်း လည်ချောင်း( Vision 23) “မှာ ကုသမှုများခံယူနိုင်ပါတယ်။

𝐒𝐚𝐲 𝐆𝐚𝐛𝐚𝐫 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ ကျွမ်းကျင်တဲ့ဆရာဝန်တွေ ခေတ်မီစိတ်ချရတဲ့ စက်ပစ္စည်းတွေကြောင့် အပြည့်အဝစိတ်ချရပါတယ်ရှင် ✨

📍ဖုန်းဆက် Booking တင်လိုပါက 𝟎𝟗 𝟕𝟔𝟕 𝟐𝟗𝟕 𝟗𝟕𝟏 ကို ဆက်သွယ် Booking ယူထားနိုင်ပါတယ်။

🕕 ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉:၀၀) မှ ညနေ (၆:၀၀) အထိ ပိတ်ရက်မရှိ

🏥 Address - အမှတ် (၂၃) လမ်းသစ်လမ်း ၊ နံ့သာကုန်းရပ်ကွက် ၊ အင်းစိန် ပန်းခြံမှတ်တိုင်အနီး။

☎️ Phone - 09 767297971

&Diagnostics


#မျက်စိ #နား #နှာခေါင်း #လည်ချောင်း

𝐄𝐚𝐫𝐩𝐡𝐨𝐧𝐞𝐬 အသုံးပြုမှုနဲ့ လူငယ်တွေမှာ အဖြစ်များလာတဲ့ နားလေးရောဂါ… 👂🏻 ဘယ်အချိန်ပဲဖြစ်ဖြစ် နားကြပ်တပ်ထားတတ်ကြတဲ့ လူငယ်တွေအတ...
10/03/2025

𝐄𝐚𝐫𝐩𝐡𝐨𝐧𝐞𝐬 အသုံးပြုမှုနဲ့ လူငယ်တွေမှာ အဖြစ်များလာတဲ့ နားလေးရောဂါ… 👂🏻

ဘယ်အချိန်ပဲဖြစ်ဖြစ် နားကြပ်တပ်ထားတတ်ကြတဲ့ လူငယ်တွေအတွက် အထူးသတိထားရမှာကတော့ နားလေးနိုင်တဲ့ရောဂါပါပဲ။

လေ့လာတွေ့ရှိချက်တွေအရဆိုရင် 𝐄𝐚𝐫𝐩𝐡𝐨𝐧𝐞𝐬 ကို အချိန်ကြာမြင့်စွာအသုံးပြုတဲ့ လူငယ် (၅) ယောက်မှာ (၁) ယောက်က နားလေးရောဂါ ခံစားနေရပါတယ်တဲ့။

𝐄𝐚𝐫𝐩𝐡𝐨𝐧𝐞𝐬 ကြောင့် နားလေးရောဂါ ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းတွေကို ကြည့်ရအောင်ပါ။

1️⃣ နားကြပ်နဲ့ ကျယ်လောင်စွာ နားထောင်ခြင်း
နားကြပ်နဲ့ 100dB အထက်အသံတွေကို နားထောင်မယ်ဆိုရင် နားထဲမှာရှိတဲ့ အကြားအာရုံခံဆဲလ်လေးတွေက ခံနိုင်မှာမဟုတ်ပဲ နားလေးလာမှာဖြစ်ပါတယ်။

2️⃣ အချိန်ကြာမြင့်စွာ နားထောင်ခြင်း
အသံကျယ်ကျယ်နဲ့ကိုမှ နာရီနဲ့ချီပြီးနားကြပ်တပ်ထားမယ်ဆိုရင်လည်း နားလေးစေဖို့ များပါတယ်။ အများဆုံး တစ်နာရီထပ်ပိုပြီး နားကြပ်ကို အသုံးမပြုသင့်ပါဘူး။

3️⃣ အရည်အသွေးနိမ့်တဲ့ 𝐄𝐚𝐫𝐩𝐡𝐨𝐧𝐞𝐬 များကိုအသုံးပြုခြင်း
Balance မညီ၊ Noise များပြီး ဈေးပေါတဲ့နားကြပ်တွေကလည်း နားလေးခြင်းကို အများဆုံးဖြစ်စေနိုင်ပါတယ်။

နားလေးခြင်းရဲ့ လက္ခဏာတွေကတော့
‼️ နားထဲမှာ မသဲကွဲတဲ့အသံများကြားနေရခြင်း
‼️ ခပ်တိုးတိုးအသံများကို မကြားနိုင်တော့ခြင်း
‼️ နားထဲကြားရတဲ့ အသံတွေက မပီပြင်တော့ခြင်း
စတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလို လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ စိတ်ချရတဲ့ မျက်စိနားဆိုင်ရာဆေးခန်းမှား နားစမ်းသပ်စက်နဲ့ စမ်းသပ်ပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။

‌ဒီအတွက် 𝐒𝐚𝐲 𝐆𝐚𝐛𝐚𝐫 𝐂𝐥𝐢𝐧𝐢𝐜 မှာ (𝟏𝟓,𝟎𝟎𝟎) ကျပ်တည်းနဲ့ နားစမ်းသပ်စက် အသုံးပြုပြီး စမ်းသပ်နိုင်ပါတယ်။

ဒါ့အပြင် လိုအပ်တဲ့ကုသမှုတွေကိုလည်း 𝐒𝐚𝐲 𝐆𝐚𝐛𝐚𝐫 ရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆက်လက်ကုသမှု ခံယူနိုင်ပါတယ်ရှင် ✨

📍ဖုန်းဆက် Booking တင်လိုပါက 𝟎𝟗 𝟕𝟔𝟕 𝟐𝟗𝟕 𝟗𝟕𝟏 ကို ဆက်သွယ် Booking ယူထားနိုင်ပါတယ်။

🕕 ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉:၀၀) မှ ညနေ (၆:၀၀) အထိ ပိတ်ရက်မရှိ

🏥 Address - အမှတ် (၂၃) လမ်းသစ်လမ်း ၊ နံ့သာကုန်းရပ်ကွက် ၊ အင်းစိန် ပန်းခြံမှတ်တိုင်အနီး။

☎️ Phone - 09 767297971

&Diagnostics

#မျက်စိ #နား #နှာခေါင်း #လည်ချောင်း

 Gym free ဆော့ဖို့ like and share promotion လေးက ဒီနေ့ နောက်ဆုံးမလို့ မလုပ်ရသေးရင် ပါဝင် ကံစမ်းနိုင်ပါတယ်နော် …. အိမ်က သ...
26/02/2025

Gym free ဆော့ဖို့ like and share promotion လေးက ဒီနေ့ နောက်ဆုံးမလို့ မလုပ်ရသေးရင် ပါဝင် ကံစမ်းနိုင်ပါတယ်နော် …. အိမ်က သူတွေ ကိုပါ အကုန် like and share လုပ်ခိုင်းထားလို့လည်းရပါတယ်နော် 😉

တနေ့ကပဲ မြို့နယ်ဆရာဝန်ကြီးဆီမှ Hepatitis A  case တွေ့ရင် report ဖို့ အကြောင်းကြားလာပြီး ဒီနေ့တော့ Hepatitis A လူနာနဲ့ တည...
25/02/2025

တနေ့ကပဲ မြို့နယ်ဆရာဝန်ကြီးဆီမှ Hepatitis A case တွေ့ရင် report ဖို့ အကြောင်းကြားလာပြီး ဒီနေ့တော့ Hepatitis A လူနာနဲ့ တည့်တည့်တိုးပါပြီ...အဖျား ၅ ရက် ၊ အစားဝင်တိုင်းအန်၊ ဗိုက်နာ ၊အသားဝါ နဲ့ တော်တော်တော့ပြင်းထန်ပါတယ်၊ ဒီရက်ပိုင်း အပြင်စာတွေ တတ်နိုင်သလောက် မစားကြပါနဲ့ဦး။
Facebook မှာတင်ထားတဲ့ ကလေးနှစ်ယောက် ဆေးရုံစရိတ် ၈၁ သိန်းလောက်ကုန်သွားတာလည်းတွေ့ပါတယ်
ဆရာဝန်တွေ ကိုယ်တိုင်လည်း ထိုးဖို့ ကာကွယ်ဆေးလဲမှာထားပါတယ်။

ဆရာကြီးဦးသိန်းမြင့်ရဲ့ post လေး share လိုက်ပါတယ် 🙏🙏

#ယခုအဖြစ်များနေတဲ့အသားဝါHepatitisA

အသည်းရောင်အသားဝါ A (HAV) သည် အသည်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကူးစက်မှုဖြစ်ပြီး၊ လက္ခဏာများသည် ပေါ်ပေါက်ရန် ၁၅-၅၀ ရက် (ပျမ်းမျှ ၂၈ ရက်) ကြာမြင့်သည်။ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

- အဖျားတက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း)
- အစာစားချင်စိတ်မရှိခြင်း
- ပျို့အန်ခြင်း
- ဗိုက်အောင့်ခြင်း
- ဆီးအရောင်ရင့်ခြင်း (အညိုရင့်ရောင်)
- အသားဝါခြင်း (မျက်လုံးနှင့် အရေပြားဝါခြင်း)

ကလေးများတွင် လက္ခဏာမပြဘဲ ဖြစ်တတ်ပြီး၊ လူကြီးများတွင် ပိုမိုသိသာသည်။ အချို့တွင် ရောဂါပြန်ဖြစ်ခြင်း (relapsing hepatitis) ဖြစ်နိုင်ပြီး၊ ရက်သတ္တပတ်များစွာ သို့မဟုတ် လအနည်းငယ်ကြာနိုင်သည်။ ရှားပါးသော အခြေအနေတွင် အသည်းပျက်စီးမှု (fulminant hepatitis) ဖြစ်နိုင်သည်။

# # # # ၂. ကူးစက်မှု (Transmission)

HAV သည် အဓိကအားဖြင့် မစင်-ပါးစပ်လမ်းကြောင်း (fecal-oral route) မှ ကူးစက်သည်။

- **အစားအသောက်နှင့် ရေ**: ညစ်ညမ်းသော အစားအစာ (ဥပမာ- အခွံမာသီးများ၊ သစ်သီးများ) သို့မဟုတ် ရေမသန့်ခြင်း
- **လူမှလူသို့ ထိတွေ့ခြင်း**: ပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့ခြင်း၊ အထူးသဖြင့် လက်သန့်မစင်ပါက။
- **လိင်ဆက်ဆံခြင်း**: အထူးသဖြင့် ပါးစပ်-စအိုဆက်ဆံမှု။
# # # # ၃. ကုသမှုနှင့် ကာကွယ်မှု (Management and Prevention)

#ကုသမှု့.
- တိကျသော ဗိုင်းရပ်စ်ဆန့်ကျင်ဆေး မရှိပါ။ ရောဂါသည် သူ့အလိုလို သက်သာလေ့ရှိသည်။
- အနားယူခြင်း၊ ရေဓာတ်ပြည့်ဝစွာ သောက်သုံးခြင်း၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်းဖြင့် ထောက်ပံ့ကုသမှု ပြုလုပ်သည်။
- ပျို့အန်ခြင်းကို ထိန်းချုပ်ရန် ဆရာဝန်ညွှန်ကြားချက်ဖြင့် ဆေးသောက်နိုင်သည်။
- အရက်နှင့် အသည်းကို ထိခိုက်စေသော ဆေးများ (ဥပမာ- acetaminophen များစွာ) ရှောင်ကြဉ်ရမည်။
- **ကာကွယ်မှု**:
- **ပညာပေးခြင်း**: လက်ဆေးခြင်း၊ သန့်ရှင်းသော ရေသောက်ခြင်း၊ အစာကို ကောင်းစွာချက်ပြုတ်ခြင်းအကြောင်း သိရှိရန်။
- **ကာကွယ်ဆေး**: အသည်းရောင်အသားဝါ A ကာကွယ်ဆေး (Havrix, Vaqta) သည် ဘေးကင်းပြီး ထိရောက်မှု ၉၄-၁၀၀% ရှိသည်။ ကလေးများအတွက် ၁၂-၂၃ လအရွယ်တွင် အကြံပြုထားပြီး၊
- **ထိတွေ့ပြီးနောက် ကာကွယ်မှု (Post-exposure prophylaxis)**: ပိုးရှိသူနှင့် ထိတွေ့ပြီး ၂ ပတ်အတွင်း ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် ကိုယ်ခံအားပစ္စည်း (immune globulin) ပေးခြင်းဖြင့် ကာကွယ်နိုင်သည်။

# # # # ၄. ဆေးရုံတက်ရန် လိုအပ်သည့်အချိန် (Hospital Admission Criteria)

များသောအားဖြင့် လူနာများကို အိမ်တွင် စီမံခန့်ခွဲနိုင်သော်လည်း၊ အောက်ပါအခြေအနေများတွင် ဆေးရုံတက်ရန် လိုအပ်သည်။

- ပြင်းထန်သော ပျို့အန်ခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်း (ဥပမာ- ရေမသောက်နိုင်ခြင်း)။
- အသည်းပျက်စီးမှု လက္ခဏာများ (ဥပမာ- စိတ်ရှုပ်ထွေးခြင်း၊ သွေးခဲမှုပြဿနာ)။
- အသက် ၅၀ အထက် သို့မဟုတ် နာတာရှည်အသည်းရောဂါရှိသူများတွင် ပြင်းထန်သော လက္ခဏာများ။
- ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ပြင်းထန်သော ရောဂါလက္ခဏာများ။

# # # # ၅. ကမ္ဘာတဝှမ်း လတ်တလော ဖြစ်ပွားမှုများ (Recent Outbreaks Worldwide)

- **အမေရိကန် (၂၀၁၆-၂၀၂၃)**: ၂၀၁၆ မှစ၍ ပြည်နယ် ၃၇ ခုတွင် လူပေါင်း ၄၄,၀၀၀ ကျော် ကူးစက်ခံခဲ့ရပြီး၊ ဆေးရုံတက်သူ ၆၀% ကျော်နှင့် သေဆုံးသူ ၄၀၀ ကျော်ရှိခဲ့သည်။ အဓိကအားဖြင့် မူးယစ်ဆေးသုံးသူများနှင့် အိုးမဲ့အိမ်မဲ့များအကြား ကူးစက်ခဲ့သည်။
- **ဥရောပ (၂၀၁၆-၂၀၁၈)**: အမျိုးသားများအကြား လိင်ဆက်ဆံမှုမှ ကူးစက်မှု ဖြစ်ပွားခဲ့ပြီး၊ ကူးစက်သူ ၄,၀၀၀ ကျော်ရှိခဲ့သည်။
- **ဩစတေးလျ (၂၀၂၃)**: အေးခဲထားသော ဘယ်ရီသီးများမှ ကူးစက်မှု ဖြစ်ပွားခဲ့သည်။
- **အိန္ဒိယ (၂၀၂၂-၂၀၂၃)**: ရေညစ်ညမ်းမှုကြောင့် ဒေသအလိုက် ဖြစ်ပွားမှု အစီရင်ခံခဲ့သည်။
#သန့်ရှင်းရေး**: လက်ဆေးခြင်း၊ ရေသန့်ချခြင်း၊ အစာကို ကျက်အောင်ချက်ပြုတ်ခြင်းကို အားပေးရန်။
အသားဝါAကာကွယ်ဆေးလိုအပ်သူများထိုးသင့်ပါတယ်။

# # # # နိဂုံး

၁-အသည်းရောင်အသားဝါ A သည် ကာကွယ်နိုင်သော ရောဂါဖြစ်ပြီး၊ ပြင်းထန်သော လက္ခဏာများ ရှိလာပါက ဆေးရုံသို့ အမြန်ပို့ဆောင်ရန် လိုအပ်သည်။
၂-ရောဂါဖြစ်တိုင်းDripသွင်းရန်မလိုပါ၊ပါးစပ်ကအစာမဝင်မှသွင်းပါ၊
၃-အနားယူပါ၊

၄-အိပ်ရေးဝဝအိပ်ပါ၊

၅-မိမိမှသူများကိုမကူးအောင်အသုံးအဆောင်များကိုတစ်ပါတ်ခွဲထားပါ၊

၆-ပိုးသတ်ဆေး၊အစာအိမ်ဆေးသောက်ဖို့မလိုပါ၊

၇-အဆီလုံးဝမစားရဘူးဆိုနာမမှန်ပါ၊ပျို့အန်တာမရှိပဲစားခြင်စိတ်ရှိရင်စားနိုင်ပါတယ်၊

၈-၁၀၀%နီးပါးပြန်ကောင်းပါတယ်၊

၉-တစ်ကိုယ်ရေသန့်ရှင်းရေး၊ပတ်ဝန်းကျင်သန့်ရှင်းရေးဂရုပြုပါ။

Prof Thein Myint-GI
Referenced by DeepSeek and Grok AI.
23.2.2025

2025 မှာ Gym တသိန်းနှစ်သောင်းတန် 3လစာ Free ၊ 8 သောင်းတန် 2 လစာ Free ၊ လေးသောင်းတန် 1 လစာ Free အပြင် 8000 တန်ချောကလက်လက်ဆ...
18/02/2025

2025 မှာ Gym တသိန်းနှစ်သောင်းတန် 3လစာ Free ၊ 8 သောင်းတန် 2 လစာ Free ၊ လေးသောင်းတန် 1 လစာ Free အပြင် 8000 တန်ချောကလက်လက်ဆောင်လေးတွေပါ ကံထူးခွင့်ရဖို့ like and Share လုပ်ကြစို့
(Feb 28 ရက်နေ့မှာ ကံထူးရှင်လေးတွေကို မဲဖေါက်ပြီး ကြေငြာမှာမလို့ follow လေး လုပ်ထားပေးပါနော်)

A&A Fitness Center ဆိုတာ Gym တခုထက်ပိုပါတယ်
Admin တို့ Say Gabar (ဆေးကမ္ဘာ) Group က ဆရာဝန်တွေက Health , Beauty and Wellness ကို တနေရာထည်းမှာ ရတဲ့ All In One Center တခုအဖြစ် လုပ်ချင်ခဲ့တာပါ
အခုတော့ ဒီ အိမ်မက်လေး ဖြစ်လာခဲ့ပါပြီ
🏥မြေညီထပ်မှာ Health အတွက် မျက်စိ နား နှာခေါင်း လည်ချောင်း အထူးကုဆေးခန်း

နဲ့ 23 မျက်မှန်အရောင်းစင်တာ
https://www.facebook.com/share/T2miaNGY1kijryop/?mibextid=WC7FNe

🏨 ပထမထပ်မှာ Beauty အတွက် Medical Spa , weight control & Laser center
https://www.facebook.com/share/BtkoACW9XfNPZ144/?mibextid=WC7FNe
နဲ့
ကလေးရော လူကြီးပါပြသနိုင်တဲ့ အလှဆုံး သွား နှင့် ခံတွင်းဆေးခန်း အသစ် Dental Clinic
https://www.facebook.com/SparkleDentalClinic25?mibextid=wwXIfr&mibextid=wwXIfr

💒 ဒုတိယထပ် နဲ့ တတိယထပ်မှာ Wellness အတွက် A&A Fitness Center ကို ဖွင့်လှစ်ထားပါတယ်။
Members တွေရဲ့ အားပေးမှု နဲ့ ချစ်ခင်မှုတွေကြောင့် အထွေထွေစရိတ်တွေ သုံးဆမက တက်တဲ့ ဒီခေတ်ကျပ်ကြီးထဲမှာ လွန်ခဲ့တဲ့ 9 နှစ်လောက် စဖွင့်ထည်းက သတ်မှတ်ခဲ့တဲ့ Member fees နဲ့ မကွာပဲ တောင့်ခံနိုင်ခဲ့တာပါ။
ဆက်လက်တောင့်ခံနိုင်ဖို့ A&A နဲ့ တခြားလုပ်ငန်းခွဲလေးတွေကိုလည်း အားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော် 🙏🙏
( Your Support is Our Energy )
ဒီ Post လေး ကို ကိုယ့် friend list ထဲက သူငယ်ချင်း ၂ ယောက်ကို tag ပြီး public နဲ့ like and share လေး လုပ်ပြီး ဒီ post အောက်မှာ screenshot လေးမန့်ပေးတဲ့ သူလေးတွေထဲကနေ လကုန်မှာ ကံထူးရှင်တွေကို Gym ၃ လစာ တဦး ၊ ၂ လစာ တဦး ၊ တလစာတဦး အပြင် 8000 တန် chocolate box 5 ဘူးကိုပါ မဲဖေါက်ပေးမှာမလို့ အခုပဲ like and share လုပ်ကြပါစို့နော်
၂၇.၂.၂၅ နေ့မှာ comment ပိတ်ပြီး ၂၈ ရက်မှာ မဲဖောက်ပေးမယ်နော် 😁

Welcome to change your body , beauty and health with us 🤗


Address

No. 7, Thiri Street
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959443076632

Website

Alerts

Be the first to know and let us send you an email when Say Gabar - Clinic & Diagnostics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category