ဖဝါးနုနု Diabetes Foot Clinic

ဖဝါးနုနု Diabetes Foot Clinic The first Diabetic Foot Clinic in Myanmar.

(1) HbA1C ဆိုတာဘာလဲ?- HbA1C ဆိုတာ သုံးလ ပျမ်းမျှသွေးချို အခြေအနေကို စမ်းသပ်သည့် စစ်ဆေးမှုဖြစ်ပါတယ်(2) HbA1C နဲ့ နေ့စဥ် သ...
16/08/2025

(1) HbA1C ဆိုတာဘာလဲ?
- HbA1C ဆိုတာ သုံးလ ပျမ်းမျှသွေးချို အခြေအနေကို စမ်းသပ်သည့် စစ်ဆေးမှုဖြစ်ပါတယ်

(2) HbA1C နဲ့ နေ့စဥ် သွေးချိုစစ်စက်ဖြင့် စစ်ဆေးတာ ဘာကွာလဲ?
- နေ့စဥ် အိမ်သုံး သွေးချိုစစ်စက် နှင့် စစ်ဆေးခြင်းသည် လတ်တလော အစားအသောက်စားသောက်ထား မထားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ ဥပမာ။ လူနာ တချို့သည် ဆေးခန်းပြရမည့် နေ့တွင် အစားလျှော့စားထားပါက ဆေးခန်းရောက်စဥ် အိမ်သုံး သွေးချိုစစ်စက်နှင့် စစ်ဆေးပါက သွေးချိုပုံမှန်ရှိသကဲ့သို့ ဖြစ်နေတတ်တယ်။ သို့သော် HbA1C သည် သုံးလအတွင်း လူနာ၏ စားသောက်နေထိုင်မှု နှင့် ပေးထားသည့် ကုထုံးအခြေအနေကို ပျမ်းမျှပြဆိုသော အချက်အလက်ဖြစ်သည်။ HbA1C စစ်သည့်နေ့ လူနာစားသောက်ထားတဲ့ အစားအစာများသည် HbA1C အပေါ်တွင် သက်ရောက်မှုမရှိပါ။

(3) HbA1C ဘယ်လောက်ဆိုရင် သွေးချိုဖြစ်နေပြီလို့ ပြောလို့ရလဲ?
- HbA1C 5.7% အောက်ဆိုလျှင် သွေးချိုမရှိပါ
- HbA1C 5.7-6.4% ဆိုလျှင် သွေးချိုအကြိုအဆင့်ဖြစ်ပါတယ်
- HbA1C 6.5% အထက်ဆိုလျှင် သွေးချိုရောဂါဟု သတ်မှတ်သည်။

(4) သွေးချိုဆီးချိုရောဂါရှိသူ လူနာများအနေဖြင့် HbA1C ကို ဘယ်လောက်ထားသင့်လဲ?
-သွေးချိုဆီးချိုရောဂါရှိသူ လူနာများ အနေဖြင့် HbA1C 7% တွင် ထိန်းထားသင့်ပါသည်။

ဖဝါးနုနု

ဖဝါးနုနု မှာ ဆီးချိုခြေထောက်အနာများနဲ့ ဖိနပ်ရွေးချယ်မှုများအတွက် ဆရာဝန်နှင့် အွန်လိုင်းမှ ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။ Ap...
05/08/2025

ဖဝါးနုနု မှာ ဆီးချိုခြေထောက်အနာများနဲ့ ဖိနပ်ရွေးချယ်မှုများအတွက် ဆရာဝန်နှင့် အွန်လိုင်းမှ ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။

Appointment ရယူလိုပါက ☎️09953563313 ကို မနက် ၉ နာရီမှ ညနေ ၄နာရီအတွင်း ဆက်သွယ်နိုင်ပါတယ်။

၁၅.၈.၂၀၂၅ အထိ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

ဘာလို့ ဖဝါးနုနု ဖိနပ်ကို ရွေးချယ်သင့်လဲ? ✅ဆိုးလ်ပြားအရမ်းအိတာမို့ ခြေထောက်နာကျင်တဲ့ လူနာတွေ ၊ ခြေဖနောင့် နာတတ်တဲ့ သူတွေအ...
05/08/2025

ဘာလို့ ဖဝါးနုနု ဖိနပ်ကို ရွေးချယ်သင့်လဲ?

✅ဆိုးလ်ပြားအရမ်းအိတာမို့ ခြေထောက်နာကျင်တဲ့ လူနာတွေ ၊ ခြေဖနောင့် နာတတ်တဲ့ သူတွေအတွက်အထူးသင့်လျော်ပါတယ်။

✅ဖိနပ်မပေါက်စေရန် ကြိုးအတွင်းမှာ နူးညံ့တဲ့ ဖော့ကပ်သား ပါရှိပါတယ်။

✅အရောင်စုံရွေးယူနိုင်ပါတယ်။ ဆိုဒ်စုံပြုလုပ်ပေးပါတယ်။

✅အသားမာရှိတဲ့ လူနာတွေအတွက် sole ပြားကို အထူးပြုလုပ်ပေးပါတယ်။

မှာယူမယ်ဆို CB or

ဖဝါးနုနု

ဆက်သွယ်ရန် ဖုန်း - 09953563313

နေရာ - 👍🏼ဖဝါးနုနု ဆေးခန်း👍🏼
အခန်း(၀၀၁)မြေညီ ၊ တိုက် (B-3)၊ ရွှေကမ္ဘာ(၅) လမ်း ၊ ရွှေကမ္ဘာအိမ်ယာ ၊ မင်းဓမ္မလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

TikTok - https://www.tiktok.com/

👞"ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း"👞ကမ္ဘာပေါ်တွင် စက္ကန့် ၃၀ တိုင်း ဆီးချိုရောဂါကြောင့် ခြေထောက် ရဲ့ အစိတ်အပိုင်း ...
02/08/2025

👞"ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း"👞

ကမ္ဘာပေါ်တွင် စက္ကန့် ၃၀ တိုင်း ဆီးချိုရောဂါကြောင့် ခြေထောက် ရဲ့ အစိတ်အပိုင်း တခု ဖြတ်နေရပါတယ်။ ဖြတ်လိုက်ရတဲ့ လူနာအများစုကို လေ့လာကြည့်ရင် ပြဿနာ သေးသေး အနာသေးသေး ကနေ စပြီးဖြစ်တာတွေပဲ များတာကို တွေ့ရပါတယ်။

ခြေထောက်အာရုံကြော ပျက်စီးခြင်း ၊ သွေးကြောကျဉ်းခြင်းတို့ကြောင့် အနည်းငယ်ထိခိုက်မိသော အနာများမှ ခြေထောက်ဖြတ်ရသည်အထိ ဆိုးရွားသွားနိုင်ပါတယ်။ ခြေထောက်အနာဖြစ်ရတဲ့ အဓိက အကြောင်းတစ်ချက်ကတော့ ဖိနပ်ရွေးချယ်မှုမမှန်ခြင်း ဖြစ်ပါတယ်။

ကိုယ်နဲ့ သင့်တော်တဲ့ ဖိနပ်ကို စနစ်တကျရွေးချယ်တတ်ဖို့ ဆီးချိုလူနာအားလုံးအတွက်အရေးကြီးပါတယ်။ ဤနေရာတွင် အရေးကြီးတဲ့တစ်ချက်ကို ပြောပြချင်ပါတယ်။ ဆီးချိုလူနာအားလုံးအတွက် သင့်တော်သော ဖိနပ်ပုံစံဟူ၍မရှိပါ။ လူတစ်ဦးနှင့် တစ်ဦး ခြေထောက်အာရူံကြောအခြေအနေ ၊ ခြေထောက်ပုံစံ ၊ အနာရှိမရှိ စတာတွေအပေါ်မူတည်ပြီး ဖိနပ်ကိုရွေးချယ်ရတာဖြစ်ပါတယ်။

👣(၁)"ခြေထောက်လုံးဝ ထုံနေပြီး ထိမှု နာမှု အပူ အအေး ဘာမှ မသိသောလူနာများ"

👞အကောင်းဆုံးမှာ ရှေ့တွင် ကွင်းထိုး နောက်တွင် ကြိုးသိုင်းနောက်ပိတ်ပါသော ကြိုးသိုင်းဖိနပ်မျိုးကို စီးသင့်ပါသည်။ခြေညှပ်ဖိနပ် လုံးဝမစီးပါနှင့်။ ဖိနပ်ကျွတ်မထွက်လျှင် နောက်သိုင်းမပါသောကွင်းထိုးဖိနပ်လဲစီးနိုင်သည်။ ခြေထောက်နှင့်ထိနေသော ဖိနပ်ဆိုးလ်ပြားက ပျော့နေရန်အထူးအရေးကြီးပါတယ်။ ဖိနပ်အတွင်းခြေထောက်ထည့်လိုက်လျှင် ခြေထောက်များကောင်းစွာ ဝင်ပြီး ခြေချောင်းများပူးနေခြင်း ကြပ်နေခြင်းမရှိရ ။ ခြေသန်းခြေမများ အပြင်ထွက်မနေပဲ လုံခြုံသောဖိနပ်ဖြစ်ရပါမယ်။

👣(၂)"အနည်းငယ်ထုံကျင်ဝေဒနာရှိသော လူနာများ"

👞ခြေညှပ်ဖိနပ် ကျွတ်ကျွတ်ထွက်နေလျှင်လုံးဝမစီးရ။ ခြေမမှာ ခြေညှပ်ကိုဖိနပ်မကျွတ်အောင် အားနှင့်ညှပ်ထားရသောကြောင့် အချိန်ကြာသောအခါ ခြေမအတွင်းသို့ယိုင်လာပြ်ီး ခြေမအောက်တွင်အသားမာဖြစ်ခြင်း အနာဖြစ်ခြင်းများဖြစ်နိုင်ပါတယ်။ကွင်းထိုးဖိနပ်များ စီးနိုင်ပါတယ်။ဆိုးလ်ပြားပျော့ပျော့စီးဖို့ အရေးကြီးပါတယ်။ ဆိုးလ်အပျော့က ခြေထောက်နဲ့ အတူပုံစံလိုက်ပြောင်းနေသောကြောင့် ခြေထောက်ပုံမပျက်အောင် ထိန်းပေးထားနိုင်ပါတယ်။ ခြေထောက်များကောင်းစွာ ဝင်ပြီး ခြေချောင်းများပူးနေခြင်း ကြပ်နေခြင်းမရှိရ ။ ခြေသန်းခြေမများ အပြင်ထွက်နေခြင်း ခြေဖနောင့်အပြင်ထွက်နေခြင်းမရှိသော လုံခြုံသည့် ဖိနပ်ဖြစ်ရပါမယ်။

👣(၃)"ထုံကျင်ဝေဒနာ မရှိပဲ သာမန်လူကဲ့သို့ ကောင်းမွန်သော လူနာများ"

👞ခြေညှပ်| ကွင်းထိုး စသည့် မိမိ နှစ်သက်သောဖိနပ်ကို စီးလို့ရပါတယ်။ အရေးကြီးသည့်အချက်မှာ ဒဏ်ရာဖြစ်စေနိုင်သောဖိနပ် မဖြစ်ဖို့သာ ဖြစ်ပါတယ်။ အင်မတန်ကြပ်သော ၊ ချောင်နေသော ဖိနပ်များ မစီးရ ၊ ဒေါက်ဖိနပ် လုံးဝမစီးရ။ ဆိုးလ်ပြား အင်မတန်မာသော ဖိနပ်များ (ဥပမာ -သရေစိမ်းဖိနပ် | ကော်ဖိနပ်) များ မစီးသင့်ပါ။ ပျော့ပြောင်းသော ဆိုးလ်ပြားကိုရွေးချယ်ရန် အလွန်အရေးကြီးပါတယ်။ မိမိနဲ့ အနေတော်ဖြစ်နေပြီး ခြေထောက်များအပြင်ထွက်နေခြင်း ဖနောင့်အပြင်ထွက်နေခြင်းမရှိရပါ။

👣(၄) ခြေထောက်ပုံစံမမှန်သော လူနာများ

👞ခြေမ များယိုင်နေခြင်း ၊ ခြေချောင်းများ ကွေးနေခြင်း ၊ အသားမာများ ရှိခြင်း စသည့် ခြေထောက်ပုံစံ မူမမှန်လူနာများအနေဖြင့် အထူးပြုလုပ်ထားသော Sole များနဲ့ ဖိနပ်ပုံစံများ လိုအပ်နိုင်သောကြောင့် ဆရာဝန်နှင့်တိုင်ပင်ရန်အရေးကြ်ီးပါတယ်။

လုံးဝမစီးသင့်သောဖိနပ်ပုံစံများ
❌ဒေါက်ဖိနပ်များ
❌ထိပ်ချွန်သော ရှူးဖိနပ်များ
❌ခြေထောက်နှင့်ထိနေသော ဆိုးလ်ပြားအလွန်မာသောဖိနပ်များ
❌ပေါက်ပြဲ ပျက်စီးနေသောဖိနပ်များ

👣ဖဝါးနုနု 👣

အခန်း(၀၀၂) မြေညီ ၊ တိုက် (B-3) ၊ ရွှေကမ္ဘာ(၅) လမ်း ၊ ရွှေကမ္ဘာအိမ်ယာ ၊ မင်းဓမ္မလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ။

09953563313




“ခြေတလှမ်းနင်းလိုက်တိုင်း အိကနဲ ငြိမ့်သွားစေတာ ဖဝါးနုနုဖိနပ်ရဲ့ အရသာပါပဲ”ဖဝါးနုနုဖိနပ်များဟာ ခြေဖဝါးနာကျင်တာတွေ ၊ အသားမာ...
23/07/2025

“ခြေတလှမ်းနင်းလိုက်တိုင်း အိကနဲ ငြိမ့်သွားစေတာ ဖဝါးနုနုဖိနပ်ရဲ့ အရသာပါပဲ”

ဖဝါးနုနုဖိနပ်များဟာ ခြေဖဝါးနာကျင်တာတွေ ၊ အသားမာတက်တာတွေကို အထူးသက်သာစေပါတယ်။

ပုံစံတစ်မျိုးချင်းမှာ အားသာချက် အားနည်းချက်တွေရှိပါတယ်။ လူနာအခြေအနေအလိုက် ဖိနပ်ပုံစံကို တိုင်ပင်နိုင်ပါတယ်။

ဥပမာ ။ ခြေထောက်ဖောရောင်တတ်သူတွေဟာ အတိုးအလျှော့ပါတဲ့ ပုံစံတွေကို ပိုပြီးရွေးချယ်သင့်ပါတယ်။

သတိပြုရမှာကတော့ ခြေဖဝါးအနာရှိသူ ဆီးချိုလူနာတွေအနေနဲ့ အနာအတွက်အထူးဖိနပ်တွေကိုသာ စီးဖို့သင့်တော်မှာဖြစ်ပါတယ်။

ဖဝါးနုနု
အခန်း(၀၀၁) မြေညီ ၊ တိုက် (B-3)၊ ရွှေကမ္ဘာ(၅) လမ်း ၊ ရွှေကမ္ဘာအိမ်ယာ ၊ မင်းဓမ္မလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
☎️09953563313

TikTok- https://www.tiktok.com/

☑️ဆီးချိုကြောင့် ခြေထောက် အနာရှိသူများအတွက် ဖဝါးနုနုရဲ့ အထူးဖိနပ်ပုံမှန်အနေနဲ့ size 39 မှ 44 ထိ ရပြီး အခြား size အကြီးအသ...
10/07/2025

☑️ဆီးချိုကြောင့် ခြေထောက် အနာရှိသူများအတွက် ဖဝါးနုနုရဲ့ အထူးဖိနပ်

ပုံမှန်အနေနဲ့ size 39 မှ 44 ထိ ရပြီး အခြား size အကြီးအသေးများကို order အနေနဲ့ မှာယူလို့ရပါတယ်

ပေါ့ပါးပြီး ရေစိုခံတဲ့ အပြင် ခြေထောက် အနာဝေဒနာရှင်တွေအတွက် အတွင်း sole ပြားကလည်း အလွယ်တကူ ပြုပြင် နိုင်ပါတယ်

☑️ဝယ်ယူချင်ရင် chat box ကဖြစ်စေ လူကိုယ်တိုင် ဆိုင်ကိုလာပြိး ဖြစ်စေ ဝယ်ယူနိုင်ပါတယ်

အခန်း(၀၀၁) မြေညီ ၊ တိုက် (B-3)၊ ရွှေကမ္ဘာ(၅) လမ်း ၊ ရွှေကမ္ဘာအိမ်ယာ ၊ မင်းဓမ္မလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

☎️09953563313

Local made အိမ်စီး အိအိလေး✅ကျား/မ စီး✅ဆိုဒ် ၃၆–>၄၄ ရ 👉ကပ်ခွါပါလို့ ကွင်းအကျဉ်းအကျယ် လုပ်လို့ရပီး ပတ်တီးစီးသူပါ အဆင်ပြေပါ...
05/07/2025

Local made အိမ်စီး အိအိလေး

✅ကျား/မ စီး
✅ဆိုဒ် ၃၆–>၄၄ ရ

👉ကပ်ခွါပါလို့ ကွင်းအကျဉ်းအကျယ် လုပ်လို့ရပီး ပတ်တီးစီးသူပါ အဆင်ပြေပါတယ်
👉အနာရှိသူကော မရှိသူကော ခြေခုံဖောင်းသူကော စိးလို့ရ
👉ဖိနပ်ကျွတ်ထွက်တတ်သူ နဲ့ ခြေထောက်ပုံစံ မမှန်သူတွေဆိုရငိတော့ ဆရာဝန် အကြံပြုချက်နဲ့ စီးလို့ရပါတယ်။

“ခြေဖဝါးတွေ နာကျင်နေလား … ဒါဆို Planter fasciitis ဖြစ်နေနိုင်ပါတယ်”မနက်အိပ်ရာထထခြင်း လမ်းစလျှောက်တဲ့အချိန်မှာ ခြေဖနောင့်...
03/07/2025

“ခြေဖဝါးတွေ နာကျင်နေလား … ဒါဆို Planter fasciitis ဖြစ်နေနိုင်ပါတယ်”

မနက်အိပ်ရာထထခြင်း လမ်းစလျှောက်တဲ့အချိန်မှာ ခြေဖနောင့်က အရမ်းနာတယ်။ နည်းနည်းလေး သွေးပူသွားရင် သက်သာသွားတယ်။ မတ်တပ်ရပ်တာ ထိုင်တာကြာပြီး ပြန်လှုပ်ရှားရင် အရမ်းနာတာပဲ။ ဒီလို လက္ခဏာတွေ ဖြစ်နေပြီဆိုရင် planter fasciitis ကို မမေ့သင့်ပါဖူး။

Planter fasciitis ဆိုတာ ခြေဖဝါးအရွတ်ပြားရောင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြေဖဝါးမှာ ဖနောင့်ကနေ ခြေချောင်းလေးတွေကို တွယ်ဆက်ထားတဲ့ planter fascia ဆိုတဲ့ အရွတ်ပြားကြီးရှိပါတယ်။ အသက်ကြီးလာတာ ၊ ကိုယ်အလေးချိန်များတာ ၊ ခြေထောက်ပုံစံမမှန်တာ ၊ ဆီးချိုရှိတာ စတဲ့ အချက်တွေကြောင့် အဲဒီ့ အရွတ်ဟာ ရောင်သွားတတ်ပါတယ်။

❓ဘယ်လို စစ်ဆေးနိုင်မလဲ

✅ ပုံမှန်အားဖြင့် ခြေဖဝါးနာကျင်တဲ့ လက္ခဏာဟာ အနားယူရာကနေ ပြန်လှုပ်ရှားတဲ့အချိန်မှာ အဆိုးဆုံးဖြစ်နေပြီး လှုပ်ရှားရင်သက်သာသွားတယ်ဆိုရင် ထွေထွေထူးထူး စစ်ဆေးစရာ မလိုပါဖူး။ တခါတရံ လိုအပ်ရင်တော့ Foot Xray ရိုက်တာမျိုး ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်

❓ဘယ်လိုကုသရမလဲ ။ စိုးရိမ်ရလား

✅ စိုးရိမ်စရာ မရှိပါဖူး ။ လူ ၁၀ ယောက်မှာ ၁ ယောက်လောက်ကို ဖြစ်တတ်ပါတယ်။ အောက်ပါ နည်းလေးတွေကို အိမ်မှာ ကိုယ့်ဘာသာ ပြုလုပ်နိုင်ပါတယ် ။

(၁) ရေခဲကို အဝတ်နဲ့ ထုတ်ပြီး ခြေဖဝါးမှာ ပတ်ထားလို့ရပါတယ် ။ တခါလုပ် မိနစ် ၂၀ နဲ့ တနေ့ ၄ ကြိမ်လောက်လုပ်သင့်ပါတယ်။ တချို့လူနာတွေကတော့ ရေနွေးနွေးကို မနက်(၁) ကြိမ် ည(၁) ကြိမ် စိမ်ပေးလို့လဲရပါတယ်။
(အထူးသတိထားရမှာတော့ - ရေနွေးသုံးမယ်ဆိုရင် ဆီးချိုလူနာတွေမှာ ခြေထောက်ထုံနေတတ်တာကြောင့် လောင်တတ်ပါတယ်။)

(၂) လမ်းအများကြီး လျှောက်တာမျိုးကို ခဏတော့ နားရပါမယ်။ ရေကူးတာ ၊ စက်ဘီးစီးတာမျိုး ခြေဖဝါးကို သိပ်မသုံးရတဲ့ လေ့ကျင့်ခန်းမျိုးပြောင်းလုပ်သင့်ပါတယ်။

(၃) အကိုက်အခဲပျောက်ဆေး NSAIDများ (ibuprofen , aceclofenac) စတာတွေကို ရက်ပိုင်းလောက်သောက်ကြည့်နိုင်ပါတယ်။ အစာအိမ်ထိခိုက်တာ မျိုးဖြစ်တတ်လို့ ဆရာဝန်နဲ့ တိုင်ပင်ရင်တော့ပိုကောင်းပါတယ်။

(၄) ဖိနပ်- မြေကြီးနဲ့ထိတဲ့ outsole ကို မာကျောပြီး ခြေထောက်နဲ့ ထိတဲ့ insole ကို ထူထူ ပျော့ပျော့မျိုးစီးသင့်ပါတယ်။ Arch support လို့ခေါ်တဲ့ ခြေထောက်ကို ပိုမိုထိန်းပေးနိုင်တဲ့ sole ပြားပါတဲ့ ဖိနပ်မျိုးဆို ပိုကောင်းပါတယ်။

(၅)ဖြစ်နိုင်ရင် ခြေဗလာနဲ့ လမ်းမလျှောက်တာကောင်းပါတယ်။ အိမ်စီးဖိနပ်စီးသင့်ပါတယ်။

(၆)ကိုယ်အလေးချိန်များနေရင် weight ချရပါမယ်။

(၇) အရွတ်ရောင်တာ သက်သာစေတဲ့ အထူး လေ့ကျင့်ခန်းလေးတွေရှိပါတယ်။ Comment မှာ ပုံလေးတွေထည့်ပေးထားပါတယ် ။

(၈) ဒါတွေမှ မသက်သာရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။

ဖဝါးနုနု

“ဆီးချိုသမားတွေဟာ အခြားသူတွေထက် ခြေထောက်ကိုပိုမို ဂရုစိုက်သင့်ပါတယ်”ဆီးချိုရောဂါရှိတဲ့သူများအနေနဲ့ အချိန် ကြာလာတာနဲ့အမျှ...
10/06/2025

“ဆီးချိုသမားတွေဟာ အခြားသူတွေထက် ခြေထောက်ကိုပိုမို ဂရုစိုက်သင့်ပါတယ်”

ဆီးချိုရောဂါရှိတဲ့သူများအနေနဲ့ အချိန် ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာရှိတဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ တဖြည်းဖြည်းထိခိုက်လာတက်ပါတယ်။ နှလုံး၊ကျောက်ကပ်၊မျက်စိ စသည့် ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်ပျက်စီးတတ်ပါတယ်၊ဒါ့အပြင် သတိမမူပဲနေမိတဲ့အတွက် ခြေထောက်မှာ ရောဂါပိုမိုဖြစ်ပွားတာမျိုး‌တွေ ရှိပါတယ်။

ဆီးချိုသမားများအနေနဲ့ ကိုယ်တွင်းအချိုဓာတ်ကို မထိန်းနိုင်သောကြောင့် ခြေထောက်မှာ ရောဂါဖြစ်ပွားနိုင်ခြေ (၂)မျိုးရှိပါတယ်

👣ခြေထောက်က အာရုံကြောတွေပျက်စီးပြီး အာရုံမခံစားနိုင်ခြင်း
👣ခြေထောက်တွေမှာ သွေးလည်ပတ်မှုမကောင်းခြင်းစသည့် အခြေအနေ ၂ရပ်ကို ဖြစ်ပွားနိုင်ပါတယ်

ဆီးချိုသမားတွေအတွက် ခြေထောက်မှာ အနာရောဂါတွေ မဖြစ်ပွားစေဖို့အတွက် ထိခိုက်ဒဏ်ရာရ စေနိုင်တဲ့ အခြေအနေမျိုးတွေကို အထူးရှောင်ကြည်သင့်ပြီး ဖိနပ်စီးတဲ့အခါမှာလည်း သေချာရွေးချယ်စီးသင့်ပါတယ်။

ဆိုးလ်ပြား မာကြောတဲ့ ရာဘာဖိနပ်၊ ခြေညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်တွေနဲ့၊ ထိပ်ပိတ်ဒေါက်ဖိနပ်တွေက ခြေထောက်မှာ အနာဖြစ်စေဖို့ ပိုမိုလွယ်ကူစေပြီး အနာရောဂါကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအနေနဲ့ ဆိုးလ်းပြားပျော့ပြောင်းပြီး ဆီးချိုလူနာအတွက် အထူးထုတ်လုပ်ထားတဲ့ ဖိနပ်တွေကို ရွေးဝတ်သင့်ပါတယ်။

ဖဝါးနုနုမှာဆိုရင်တော့ ဆီးချိုရောဂါရှင်တွေရဲ့ ခြေထောက်ကျန်းမာရေးအတွက် အထူး‌သင့်လျော်ကောင်းမွန်စေတဲ့ ဖိနပ်တွေကို ရွေးချယ်ထုတ်လုပ်ထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး‌နေပါတယ်။

ဖဝါးနုနုရဲ့ ဆီးချိုသမားစီး ဖိနပ်များကို စိတ်ပါဝင်စားလို့ မှာယူချင်တယ်ဆိုရင်တော့ ဖုန်းဖြင့်ဖြစ်စေ၊ပေ့ခ်ျ Chat boxကနေ ဆက်သွယ်မေး၍ဖြစ်စေ မှာယူလို့ရပါတယ်၊မြန်မာနိုင်ငံအနှံ့ မြန်ဆန်သော Delivery စနစ်ဖြင့်ပို့ဆောင်ပေးပါတယ်။

📲 09953563313



#ဆီးချိုရောဂါ
#ဖဝါးနုနု

ဆီးချိုဝေဒနာရှင်တွေအတွက်အထူးထုတ်လုပ်ထားတဲ့ ဖိနပ်စီးခြင်းက မှန်ကန်တဲ့ ရွေးချယ်မှု တခုလား??ဆီးချိုရောဂါသည်များ အချိန်တဖြည်...
08/06/2025

ဆီးချိုဝေဒနာရှင်တွေအတွက်အထူးထုတ်လုပ်ထားတဲ့ ဖိနပ်စီးခြင်းက မှန်ကန်တဲ့ ရွေးချယ်မှု တခုလား??

ဆီးချိုရောဂါသည်များ အချိန်တဖြည်းဖြည်းကြာမြှင့်လာတဲ့အခါ ခြေထောက်မှာ အာရုံခံဆဲလ်တွေ ကောင်းစွာအလုပ်မလုပ်တော့ပဲ အနာရောဂါတွေဖြစ်ပွါးတတ်ကြပါတယ်၊နာကျင်တဲ့ အာရုံခံနိုင်စွမ်းမရှိတဲ့အတွက် ဖြစ်ပွားတဲ့ အနာရောဂါများကိုလည်း ကိုယ်တိုင်မသိပဲရှိနေတတ်ပါတယ်။

ဒီလိုမျိုးတွေ မဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်ထားတဲ့နည်းလမ်းကအကောင်းဆုံးပါပဲ၊ခြေထောက်ကို ထိခိုက်နာကျင်မရှိရစေအောင် ဖိနပ်စီးတဲ့အခါမှာ ဆီးချိုသမားအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ နူးညံ့ချောင်ချိတဲ့ ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။

ခြေထောက်အာရုံကြော ပျက်စီးခြင်း ၊ သွေးကြောကျဉ်းခြင်းတို့ကြောင့် အနည်းငယ်ထိခိုက်မိသော အနာများမှ ခြေထောက်ဖြတ်ရသည်အထိ ဆိုးရွားသွားနိုင်ပါတယ်။ ခြေထောက်အနာဖြစ်ရတဲ့ အဓိက အကြောင်းတစ်ချက်ကတော့ ဖိနပ်ရွေးချယ်မှုမမှန်ခြင်း ဖြစ်ပါတယ်။

ကိုယ်နဲ့ သင့်တော်တဲ့ ဖိနပ်ကို စနစ်တကျရွေးချယ်တတ်ဖို့ ဆီးချိုလူနာအားလုံးအတွက်အရေးကြီးပါတယ်။ ဤနေရာတွင် အရေးကြီးတဲ့တစ်ချက်ကို ပြောပြချင်ပါတယ်။ ဆီးချိုလူနာအားလုံးအတွက် သင့်တော်သော ဖိနပ်ပုံစံဟူ၍မရှိပါ။ လူတစ်ဦးနှင့် တစ်ဦး ခြေထောက်အာရူံကြောအခြေအနေ ၊ ခြေထောက်ပုံစံ ၊ အနာရှိမရှိ စတာတွေအပေါ်မူတည်ပြီး ဖိနပ်ကိုရွေးချယ်ရတာဖြစ်ပါတယ်။

ဖဝါးနုနုရဲ့ ဖိနပ်တွေက ဆီးချိုသမားတွေအတွက် အထူး ထုတ်လုပ်ထားတဲ့ sole ပြားတွေကို အသုံးပြုထားပါတယ်။ ဆီးချို ဝေဒနာရှင်တွေအတွက် အနူးညံ့ဆုံးဖြစ်စေမယ့် သဲကြိုးတွေကိုပဲ အသုံးပြုထားတာဖြစ်လို့ နူးညံ့ပေါ့ပါးမှုကို ခံစားရစေမယ့်အပြင် နည်းလမ်းမှန်စွာဝတ်ဆင်ပါကခြေထောက် အနာဖြစ်ခြင်းကိုလည်း ကာကွယ် ကုသပေးနိုင်ပါတယ်

"သင့်ခြေထောက် သွေးကြောတွေကျဉ်းနေပြီလား"ဆီးချိုရောဂါဖြစ်ပြီး ၅ နှစ်အကြာတွင် လူနာ ၁၀၀ မှာ ၁၅ ယောက်ခန့်ဟာ ခြေထောက်သွေးကြောက...
06/06/2025

"သင့်ခြေထောက် သွေးကြောတွေကျဉ်းနေပြီလား"

ဆီးချိုရောဂါဖြစ်ပြီး ၅ နှစ်အကြာတွင် လူနာ ၁၀၀ မှာ ၁၅ ယောက်ခန့်ဟာ ခြေထောက်သွေးကြောကျဉ်းရောဂါ (peripheral arterial disease) ဖြစ်နေပါပြီ။ဒါ့အပြင် ရောဂါသက် ၁၀ နှစ်ရှိပြီဆိုလျှင် လူနာ ၁၀၀ မှာ ၂၃ ယောက်ခန့်ဟာ ခြေထောက်သွေးကြောကျဉ်းရှိနေပြီ ဖြစ်ကြောင်း သုတေသနများက ဆိုပါတယ်။

ခြေထောက်များတွင်
(၁) တစ်ဖက်ဖက်ပိုပြီး အေးလာခြင်း။
(၂)ခြေထောက်အနာများ မကျက်ခြင်း။
(၃)ခြေထောက်အမွှေးများ မရှိတော့ပဲ ပြောင်တင်းတင်း ဖြစ်လာခြင်း။
(၄)ခြေထောက်တစ်ဖက်ဖက်က ပို၍မဲလာခြင်း။
(၅)ညဘက် ခြေထောက်ကိုက်ခြင်း။
(၆)လမ်းဝေးဝေးလျှောက်သောအခါ ခြေထောက် ကိုက်လာသဖြင့် နားနားနေရခြင်း။
စသည်တို့ဟာ ခြေထောက်သွေးကြောကျဉ်း ရောဂါ လက္ခဏာ များဖြစ်ပါတယ်။

ခြေထောက်သွေးကြောကျဉ်းရောဂါ ကိုရှေးဦးစွာ သိရှိကုသထားဖို့အရေးကြီးလှပါသည်။ အချိန်နှောင်းမှ သိရှိပါက ခြေထောက်ဖြတ်ရခြင်း အထိ ဆိုးရွားနိုင်သောကြောင့်ဖြစ်ပါသည်။

Ankle Brachial Pressure Index တိုင်းတာခြင်း နှင့် Toe Pressure တိုင်းတာခြင်းတို့ဖြင့် ခြေထောက်သွေးကြောများ ကျဉ်းမကျဉ်းကို သိရှိနိုင်ပါတယ်။ Doppler Ultrasound, CT angiogram များဖြင့်လဲသိရှိနိုင်ပါတယ်။

ခြေထောက်သွေးကြောကျဉ်းရောဂါကိုစောစီးစွာ ကုသထားခြင်းဖြင့် မလိုအပ်ပဲ ခြေထောက်ဖြတ်ရခြင်းများကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဆေးဝါးဖြင့် ကုသခြင်း ၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း ၊ လိုအပ်ပါက
ခြေထောက်သွေးကြောချဲ့ကုသခြင်းဖြင့် ကုသနိုင်ပါတယ်။ဆီးချိုအနာတိုင်းတွင် ခြေထောက်သွေးကြောကျဉ်းရောဂါကိုစစ်ဆေးဖို့အရေးကြီးပါတယ်။ကျဉ်းနေသော သွေးကြောကို အချိန်မှီချဲ့နိုင်ပါက ခြေထောက်ဖြတ်ရခြင်းကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဖဝါးနုနု
Diabetes Foot Clinic

04/06/2025

ဆီးချိုလူနာတိုင်း မှတ်သားထားသင့်သော အိမ်တွင်း ခြေထောက်ဂရုစိုက်နည်းများ။

ထပ်ဆင့်မျှဝေနိုင်ပါသည်။

#ဖဝါးနုနု

Address

Room (002) Ground Floor , Building (B-3) , Shwe Gabar Street(5) , Shwe Gabar Housing, Min Dhama Road, (3) Quarter , Mayangone Tsp
Yangon
11061

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959953563313

Alerts

Be the first to know and let us send you an email when ဖဝါးနုနု Diabetes Foot Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဖဝါးနုနု Diabetes Foot Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

"Myanmar's First Foot Clinic"

Dr Myat Min Oo received his MBBS degree in Yangon and has interest in diabetes foot since his undergraduate study. Then he search foot care techniques from India and Thailand and initiate our hope to develop a foot care clinic.

Phawanunu clinic provide services , diabetes foot check up for neuropathy and peripheral vascular assessment , diabetes ulcer management and footwear advice since January,2019 .