Ma Nilar Online

Ma Nilar Online useful

😍😍 Goli Sale 😍😍 31.1.2021 ထိ ဝယ်ယူသူများအတွက် Amazing price " 27000" ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်...***Limited Sto...
27/01/2021

😍😍 Goli Sale 😍😍

31.1.2021 ထိ ဝယ်ယူသူများအတွက်
Amazing price " 27000" ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်...

***Limited Stock ပါ***
2 Gummies = 1 ACV Shot

အခုထိ သင်ဟာ Apple Cider Vinegar ကို empty stomach မှာ ကြိတ်မှိတ်သောက်နေတုန်းပဲလား...
အဲ့ဒါဆို ခုပဲ လွှတ်ပစ်လိုက်ပြီး ချိုချိုချဥ်ချဥ်အရသာလေးနဲ့ သကြားလုံးလေးစားရသလို ခဏခဏစားချင်လာအောင် ဆွဲဆောင်မှုရှိတဲ့😍😍Goli gummies 😍😍
လေးတွေကိုသာ ရွေးချယ်လိုက်ပါတော့နော်...

Goli က ဘာအတွက်ကောင်းလဲ ဆိုရင်တော့

🍎Appetite control and weight loss အစာစားချင်စိတ်ကိုထိန်းချုပ်ခြင်းနှင့်ကိုယ်အလေးချိန်ကျခြင်း

🍎Lower blood sugar levels သွေးတွင်းရှိသကြားဓာတ်လျှော့နည်းစေခြင်း

🍎Improves complexion အသားအရည်ကြည်လင်တောက်ပလာခြင်း

🍎Helps with digestion
အစာချေစနစ်ကိုပိုမိုတိုးတက်စေခြင်း

🍎Enchances energy
ပိုမိုလန်းဆန်းတက်ကြွစေခြင်း

🍎Strengths the heart
နှလုံးသွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်း

🍎Detoxifies the body
ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်ခြင်း

🍎Improved immune system
ကိုယ်ခံစွမ်းအားတိုးတက်စေနိုင်ခြင်း

🍎Safe for your tooth enamel
သွားရဲ့အပေါ်ယံကြွေလွှာတွေကို ကာကွယ်ပေးခြင်း
HMBB

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင်...
နယ်ဆိုရင်တော့ ကားဂိတ်မှ ပို့ပေးပါတယ်ရှင်...
မှာယူချင်တဲ့ဆိုရင်တော့ cb မှာ မှာလို့ရပါတယ်...

Made in USA စစ်စစ်ဖြစ်ကြောင်း အာမခံပါတယ်ရှင်...
ပုံလေးတွေမှာ လေ့လာကြည့်လို့ရပါတယ်...

31.1.2021 ထိ ဝယ်ယူသူများအတွက်
Amazing price " 27000" ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်...

05/10/2019

ကလေးတွေနဲ့ပဲ ရှုပ်နေလို့ စျေးမရောင်းရတာတောင်ကြာပေါ့
နွေအတွက် ကလေးဝတ် စျေးသက်သာတာလေးတွေ ပြန်ရောင်းပေးမယ်

16/04/2019
12/07/2018

ဆရာမ Su Wai Hlaing ရေးပါတယ်။
=========================
May Thiri ရှယ်ထားတာပါ

ကလေးအတွက် ကျောင်း အမျိုးအစား ဘယ်လို ရွေးချယ်မလဲ

ဟိုတစ်​​နေ့က ​ဖေ့စ်​ဘွတ်​ခ်​က မိတ်​​ဆွေတစ်​​ယောက်​က က​လေး​ကျောင်းထားခြင်းနဲ့ပတ်​သက်​ပြီး နယ်​မှာပို​ကောင်းမလား ရန်​ကုန်​ကို​ပြောင်းလာရင်​​ကောင်းမလား တိုင်​ပင်​ပါတယ်​။ အဲဒီ​နေ့က ဖုန်းက စာရိုက်​ဖို့အခက်​အခဲရှိ​နေတာ​ကြောင့်​ ဖုန်းဆက်​ပြီးပဲ ​စကား​ပြောဖြစ်​ပါတယ်​။ အစိုးရ​ကျောင်းရဲ့​ကျောင်းသူ၊ အစိုးရ​ကျောင်းကဆရာမရဲ့သမီး၊ အစိုးရ​ကျောင်းမှာ တန်းပြဆင်းဖူးတဲ့ အာဂန္တုဆရာမ၊ အင်​တာ​နေရှင်​နယ်​​ကျောင်း​တွေက ဆရာမ၊ အိမ်​​တွေမှာစာလိုက်​သင်​တဲ့ဂိုက်​၊ အင်​တာ​နေရှင်​တယ်​​ကျောင်းက ​ကျောင်းသား​တွေရဲ့ ကျူရှင်​ဆရာမ အဖြစ်​ အမျိုးစုံကျင်​လည်​ဖူးတဲ့ လူတစ်​​ယောက်​အ​နေနဲ့ အတတ်​နိုင်​ဆုံး​ထောင့်​​စေ့​အောင်​ စဉ်းစားပြီး​ဆွေး​နွေးခဲ့ပါတယ်​။ အခုဖုန်းကအဆင်​​ပြေသွားလို့ အကျိုးရှိမယ်​ထင်​လို့ ပြည့်​စုံ​အောင်​ဖြည့်​စွက်​ပြီး ​ရေးတင်​လိုက်​ပါရ​စေ။

မေးခွန်းက နယ်​မှာ​ကျောင်းထားရင်​​ကောင်းမလား ရန်​ကုန်​မှာ​ကျောင်းထားရင်​​ကောင်းမလားပါ။ ငှက်​အဓိက​ဖြေဖြစ်​တဲ့အ​ဖြေက စီးပွား​ရေးလုပ်​လို့ အဆင်​​ပြေတဲ့​နေရာမှာသာ ဆက်​​နေပါ။ ​ကျောင်း​ကြောင့်​​တော့ တကူးတကမ​ရွှေ့ပါနဲ့လို့ ​ပြောဖြစ်​ပါတယ်​။ ဘာ​ကြောင့်​လဲဆို​တာ ​ကျောင်းအမျိုးအစားအလိုက်​ အ​သေးစိတ်​​ရေးပါ့မယ်​။

International schools

အင်္ဂလိပ်​​ကျောင်းလို့ အလွယ်​​ခေါ်ကြတဲ့ အင်​တာ​နေရှင်​နယ်​စကူး​တွေ ဒီဖက်​​ခေတ်​မှာ မြို့ပြ​နေရာ​တွေမှာ ​ခေတ်​စားလာပါတယ်​။ အင်​တာ​နေရှင်​နယ်​စကူးလ်​လို့​ခေါ်ကြ​ပေမယ့်​ ဒီ​ကျောင်း​တွေဟာ IGCSE အတန်းကိုပဲ ရည်​ရွယ်​ပြီးသင်​ကြား​ပေး​လေ့ရှိပြီး အဲဒီ IGCSE စာ​မေးပွဲကို ဘယ်​သူမဆို British Council မှာ စာ​မေးပွဲ​ကြေးသွင်းပြီး ​ဖြေနိုင်​ပါတယ်​။ ဆိုလိုတာက အဲဒီ​ကျောင်း​တွေမှာတက်​မှမဟုတ်​ အစိုးရ​ကျောင်းမှာဆယ်​တန်း​ဖြေပြီးသူလည်း ကျွမ်းကျင်​မှုရှိရင်​ ဒီစာ​မေးပွဲကို​ဖြေနိုင်​တယ်​ဆိုတာပါပဲ။ ဒီ​ကျောင်း​တွေရဲ့အားသာချက်​က က​လေး​တွေ အင်္ဂလိပ်​စကား​ပြောတတ်​မယ်​၊ presentation ​တွေ groupwork ​တွေ လုပ်​တတ်​မယ်​၊ projects ​တွေလုပ်​တဲ့ အ​တွေ့အကြုံရှိမယ်​၊ ကွန်​ပြူတာ အားကစား arts & crafts ​တွေ သင်​လို့ရမယ်​ ဒါပါပဲ။ ဒီ​ကျောင်း​တွေရဲ့အားနည်းချက်​က IGCSE ပြီးသွားရင်​ ဒီကတက္ကသိုလ်​တက်​လို့မရ​တော့တာ နိုင်​ငံခြားမှာပဲ တက္ကသိုလ်​ဆက်​တက်​လို့ရမှာဆို​တော့ ကုန်​ကျစရိတ်​များသလို ငါးသား​လေးသမီး​လေးကို မခွဲနိုင်​ပါဘူးဆိုတဲ့သူများနှင့်​ အဆင်​မ​ပြေပါ။ (အင်​တာ​နေရှင်​နယ်​စကူး​ကျောင်းသား​တွေကို အစိုးရပညာ​ရေးမှာ ​ကျောင်းအပ်​လက်​ခံပြီး အတန်း​ပေးမယ်​လို့ကြားပါ​သေးတယ်​။ တကယ်​လုပ်​ဖြစ်​မလုပ်​ဖြစ်​ ​သေချာမသိပါ။ တကယ်​လုပ်​ဖြစ်​ရင်​​တောင်​ အင်​တာ​နေရှင်​နယ်​စကူးလ်​မှာ သင်​ယူတဲ့ပုံစံအရ အစိုးရဆယ်​တန်းကို ​ဖြေရတာအဆင်​​ပြေမှာမဟုတ်​ပါ။)

နောက်​တစ်​ခုက အင်​တာ​နေရှင်​နယ်​စကူး​တွေဟာ အင်​တာ​နေရှင်​နယ်​ထက်​လွန်​တဲ့ လစာကိုယူပြီး အင်​တာ​နေရှင်​နယ်​အဆင့်​တကယ်​မမီတာပါ။ ​ကျောင်းကြီးခမ်းနားတာ လူဖြူ​တွေစာသင်​တာ သင်​​ထောက်​ကူ​တွေပြည့်​စုံတာကို ဆိုလိုတာမဟုတ်​ပါဘူး။ အ​တွေးအ​ခေါ်ပိုင်း ဆက်​ဆံ​ရေးပိုင်းမှာ အင်​တာ​နေရှင်​နယ်​ဆန်​တဲ့အမြင်​​တွေ အယူအဆ​တွေ မ​တွေ့ရခြင်းပါ။ အတန်းထဲမှာ အသားအ​ရောင်​ခွဲခြားမှုရှိတာ၊ ချို့ယွင်းချက်​ကိုသုံးပြီး နာမည်​​ပြောင်​လုပ်​တာမျိုးကအစ ​ကျောင်းသူရဲ့ဒိုင်​ယာရီကို ဆရာမကသိမ်းတာ နည်းပညာကို အ​ထောက်​အပံ့အဖြစ်​သုံးရမယ့်​အစား (အကိုင်​အတွယ်​မတတ်​​တော့) ပိတ်​ပင်​ပစ်​တာမျိုးအထိ စနစ်​​တွေက အဆင်​မ​ပြေတာ​တွေရှိပါတယ်​။ ​အရိုးစွဲ​နေတဲ့​ဒေသခံစရိုက်​​တွေကို မပြင်​နိုင်​ဘဲ ဆက်​သုံးစွဲ​နေတာမျိုး​တွေ​တွေ့ရတာပါ။ အဆိုးဆုံးက ကျူရှင်​ထားကြရပါတယ်​။ ဒီ​လောက်​လခ​ပေးပြီးမှ ကျူရှင်​ထားကြရတာဟာ မိဘ​တွေလိုချင်​လွန်းလို့တင်​မဟုတ်​ ​ကျောင်းရဲ့သင်​ကြား​ရေး​တွေမှာလည်း လိုအပ်​ချက်​ရှိလို့ပါ။

Private Schools

Private schools မှာ နှစ်​မျိုးရှိပါတယ်​။ တချို့​ကျောင်း​တွေက အစိုးရသင်​ရိုးကိုပဲ သင်​တဲ့ ဆယ်​တန်းအမှတ်​ကိုပဲ ဦးစား​ပေးပြီးသင်​တဲ့ ​ဘော်​ဒါ​ဆောင်​တဖြစ်​လဲ ကိုယ်​ပိုင်​​ကျောင်း​တွေပါ။ တချို့က international schools ပုံစံယူပြီး မြန်​မာသင်​ရိုးကိုလည်း အတန်းရ​စေတဲ့ private schools ​တွေပါ။ ​ယေဘုယျ​တော့ အဖြူအစိမ်းဝတ်​ရတဲ့​ကျောင်းနဲ့ အဖြူအစိမ်းမ၀တ်​ရတဲ့​ကျောင်းလို့ ခွဲခြားလို့ရပါတယ်​။ အဖြူအစိမ်းဝတ်​ရတဲ့​ကျောင်း​တွေရဲ့ သင်​ကြားသူဆရာမ​တွေ အုပ်​ချုပ်​သူဆရာမကြီး​တွေက အစိုးရ​ကျောင်းအငြိမ်းစား​တွေများပါတယ်​။ ဒီ​တော့ အများစုဟာ အမှတ်​ရဖို့သင်​တဲ့ပုံစံ ရှင်းပြ ပြန်​ကျက်​ အလွတ်​​မေးပုံစံနဲ့ပဲ သင်​တာများပါတယ်​။ သူတို့ရဲ့အားနည်းချက်​က မူလတန်း အလယ်​တန်း​လောက်​မှာ ​ကျောင်းတွင်း​မေးခွန်း​တွေပဲထုတ်​​လေ့ရှိ​တော့ ဆရာမ​တွေက အ​ရေးကြီးတာ​တွေ​ပေး၊ က​လေး​တွေကအလွတ်​ကျက်​ဆိုတဲ့ ပုံစံ​ဟောင်းကြီးထဲက မခွာနိုင်​တာပါ။ ကိုယ့်​ညီမ၀မ်းကွဲ​လေး​တွေ တက်​ခဲ့တဲ့​ကျောင်းဆိုရင်​ ရိုက်​လည်း​ရိုက်​ပါတယ်​။ အ​ခြေခံလည်းပါ​အောင်​ မသင်​နိုင်​ခဲ့တဲ့အတွက်​ က​လေးက ဆယ်​တန်းအဆင့်​မှာ လုံ​လောက်​တဲ့အ​ခြေခံမပါဘဲ နစ်​နာခဲ့ရပါတယ်​။ အ​တွေးအ​ခေါ်အသစ်​​တွေ brainstorm လုပ်​တာမျိုး မရှိသ​လောက်​ရှားပြီး projects ​တွေ ကိုယ့်​အားကိုယ်​ကိုးရတဲ့ tasks ​တွေ မရှိသ​လောက်​နည်းပါတယ်​။ ​ဘော်​ဒါ​ဆောင်​​တွေလိုပုံစံ များများကျက်​ များများ​မေး များများပြန်​​လေ့ကျင့်​ ဆယ်​တန်းမှာအမှတ်​များများရဆိုတဲ့ ပုံစံမျိုးနဲ့သွားပါတယ်​။ တခြားဘာမှမလိုချင်​ဘူး ဆယ်တ​န်း​အမှတ်​များရင်​ရပြီဆိုရင်​​တော့ စဉ်းစားလို့ရပါတယ်​။ ဒါ​တောင်​ ငှက်​ညီမ​လေးလိုမဖြစ်​​စေဖို့ သူ့ရဲ့အတန်းအလိုက်​ရှိသင့်​တဲ့အ​ခြေခံ​တွေ ရှိရဲ့လားဆိုတာ အမြဲ​စောင့်​ကြည့်​အကဲခတ်​စစ်​​ဆေး​နေသင့်​ပါတယ်​။

အဖြူအစိမ်းမ၀တ်​ရတဲ့ အင်​တာ​နေရှင်​နယ်​စကူးပုံစံနဲ့ အစိုးရပြဋ္ဌာန်းစာအုပ်​ကိုသင်​တဲ့ ​ကျောင်း​တွေရဲ့အားသာချက်​က အင်္ဂလိပ်​စကားကို အထိုက်​အ​လျောက်​​တော့ ​ပြောတတ်​မယ်​၊ groupwork ​တွေ presentations ​တွေ ကြုံဖူးလုပ်​ဖူးမယ်​၊ မြန်​မာအစိုးရ​ကျောင်းစာ​​တွေအတွက်​ အတန်းလည်းရသွားပြီး ဆယ်​တန်း​ဖြေလို့မှ စိတ်​ကြိုက်​အမှတ်​ စိတ်​ကြိုက်​တက္ကသိုလ်​မရနိုင်​ရင်​ IGCSE စာ​မေးပွဲကို ပိုက်​ဆံသွင်းပြီး​ဖြေပြီး နိုင်​ငံခြားသွားတက်​ချင်​ရင်​လည်းရပါတယ်​။ ​ရွေးချယ်​စရာလမ်းပိုများသွားတာ​ပေါ့။ အားနည်းချက်​​တွေက​တော့ အင်​တာ​နေရှင်​နယ်​စကူးလ်​​တွေ​လောက်​ native speakers ​တွေ မခန့်​နိုင်​တာ​ကြောင့်​ မြန်​မာဆရာမထဲမှာ အသံထွက်​မမှန်​တဲ့ဆရာမ​တွေ တချို့တ​လေရှိတတ်​တာရယ်​ အင်​တာ​နေရှင်​နယ်​စကူးလ်​​တွေမှာ ​ပြောခဲ့တဲ့ အသားအ​ရောင်​ခွဲခြားစ​နောက်​တာ အားနည်းချက်​နာမည်​​ပြောင်​လုပ်​တာ အစရှိတဲ့ ဗမာ​ကျောင်း​တွေမှာအ​တွေ့ရများတဲ့ မ​ကောင်းတဲ့အ​လေ့အထ​လေး​တွေ မ​ပျောက်​တာပါပဲ။ ကိုယ်​စိတ်​တိုင်းကျပြီး ကိုယ့်​သားကိုထားမယ်​လို့ စဉ်းစားထားတဲ့​ကျောင်းမှာ​တောင်​ အိမ်​သာထဲမှာသရဲရှိတယ်​လို့ ဆရာမက မူကြိုက​လေးကို​ပြောထားတာမျိုး ကြားဖူးပါတယ်​။ ဆိုလိုချင်​တာက ဒီလို​ကျောင်း​တွေလည်း perfect ​တော့မဖြစ်​ပါဘူး။ ​နောက်​တစ်​ချက်​က အဲဒီလို​ကျောင်း​တွေက နိုင်​ငံခြားပြဋ္ဌာန်းစာအုပ်​သင်​ရိုးနဲ့ မြန်​မာအစိုးရသင်​ရိုး နှစ်​မျိုးသင်​တဲ့အတွက်​ တချို့က​လေး​တွေမှာ ၀န်​ထုပ်​၀န်​ပိုးဖြစ်​ရပါတယ်​။

အစိုးရ​ကျောင်း

ကိုယ်​​တိုင်​လည်း ဒီလို​ကျောင်းက ကြီးပြင်းလာတဲ့အတွက်​ ထ​ရော်​မာ​တွေလည်း ကိုယ်​တိုင်​ကိုယ်​ကျခံစားခဲ့ရတဲ့အတွက်​ ကိုယ့်​သားကိုမထားဘူးလို့ ဆုံးဖြတ်​ထားတဲ့​ကျောင်းအမျိုးအစားပါ။ ဆရာမ​တွေ လုပ်​စရာရှိတိုင်း စကား​ပြောတဲ့သူနာမည်​မှတ်​ ပြန်​လာရင်​ရိုက်​မယ်​ဆိုတဲ့ လုပ်​ရိုးလုပ်​စဉ်​ကြားမှာ ဆရာမရဲ့အလို​တော်​ရိ အချစ်​​တော်​ ကျူရှင်​တက်​တဲ့​ကျောင်းသားရဲ့လက်​​အောက်​မှာ မလူးသာမလွန့်​သာ​နေထိုင်​ခဲ့ရပါတယ်​။ လက်​​ရေးလှကျင့်​တဲ့အရွယ်​လည်းမဟုတ်​​တော့တဲ့ ရှစ်​တန်း​ကျောင်းသူ​တွေကို ပုံနှိပ်​စာအုပ်​ထဲမှာရှိသမျှ ပထ၀ီ သမိုင်းစာပိုဒ်​​တွေကို ​လေ့ကျင့်​ခန်းစာအုပ်​ထဲ ကူးထည့်​ခိုင်းတာ၊ စာတစ်​ပုဒ်​ကို သုံး​ခေါက်​​ရေးခိုင်းတာမျိုး​တွေဟာ အချိန်​​တွေ ခွန်​အား​တွေကို အလကားဖြုန်းတီးပစ်​တာပါ။ ပြီး​တော့ အစိုးရပညာ​ရေးစနစ်​ရဲ့ အဆိုးဝါးဆုံးအချက်​က ဆယ်​တန်းစာ​မေးပွဲမှာ ပုံနှိပ်​စာအုပ်​က စာသားကို အလွတ်​ကျက်​ပြီးတူ​အောင်​​ရေးရတာပါ။ အဲဒါအရမ်းအန္တရာယ်​များပါတယ်​။ အဲဒီစနစ်​နဲ့ ဘွဲ့ရသွားတဲ့ ဒီနိုင်​ငံက​ကျောင်းသား​တွေ နိုင်​ငံခြားမှာ ​ကျောင်းဆက်​တက်​တဲ့အခါ plagiarism ဆိုတာကို နားမလည်​​တော့ဘဲ ပြဿ နာတက်​ရပါတယ်​။ plagiarism ဆိုတာ ပုံနှိပ်​ထဲကစာကို တိုက်​ရိုက်​ကူးယူခြင်းပါ။ ဒီနိုင်​ငံမှာက မတူတူ​အောင်​ကို အလွတ်​ကျက်​ခဲ့ရ​တော့ ပုံနှိပ်​ထဲကစာကို စာ​မေးပွဲအ​ဖြေလွှာထဲ အလွတ်​မှတ်​မိသ​လောက်​ပြန်​ချ​ရေးရတာကို မှားတယ်​လို့မထင်​ကြ​တော့ပါဘူး။ သူတို့နိုင်​ငံက​ကောလိပ်​​တွေ ​ကျောင်း​တွေမှာ​တော့ plagiarism ကို zero tolerance လုံးဝကိုလက်​မခံပါဘူး။ ကိုယ့်​ဆီက​အစိုးရကျောင်းသား​တွေ အဲဒီကို​ရောက်​တဲ့အခါ ဒုက္ခ​ရောက်​ရပါတယ်​။ ​နောက်​ပြီး အ​ပေါ်မှာ​ပြောခဲ့တဲ့ လူမျိုး​ရေးခွဲခြား ဘာသာ​ရေးခွဲခြား အားနည်းချက်​​လှောင်​ကိစ္စဟာ ဒီလို​ကျောင်း​တွေမှာ အဆိုးဆုံးလို့မြင်​မိပါတယ်​။

ကဲ ​ကျောင်း​ပေါင်းစုံကို ​ဖောင်းထုပြီးပြီဆို​တော့ နင့်​ဟာက ဘယ်​​ကျောင်းမှမထားရ​တော့ဘူးလား home-schooling လုပ်​ရ​တော့မှာလား အ​ငေါ်မတူးပါနဲ့၊ home-schooling မှာလည်း အားနည်းချက်​​တွေရှိပါတယ်​။ ဒီနိုင်​ငံမှာ​တော့ home-schooling လုပ်​မယ့်​သူ မရှိသ​လောက်​မို့ ပို့စ်​ရှည်​မှာစိုးလို့ မ​ပြော​တော့ပါဘူး။ ဒါဖြင့်​ ဘယ်​​ကျောင်းတက်​ကြမလဲ။

ဘယ်​​ကျောင်းတက်​တက်​ က​လေးရဲ့ပညာ​ရေးကို မျက်​​ခြေမပြတ်​ဖို့ ​ကျောင်းမှာဘာဖြစ်​ခဲ့တယ်​ဆိုတာ မိဘကို ပြန်​​ပြောပြရဲ​အောင်​​လေ့ကျင့်​​ပေးဖို့က အ​ရေးအကြီးဆုံးပါပဲ။

International school တတ်​နိုင်​လို့ထားပြီး မိဘကိုယ်​တိုင်​က လူမျိုး​ရေး ဘာသာ​ရေးခွဲခြားတဲ့ လူတန်းစားခွဲခြားတဲ့စကား​တွေ အိမ်​မှာလှိုင်​လှိုင်​သုံး​နေရင်​ international ဆန်​တဲ့ ဓ​လေ့ထုံးစံ​တွေ အ​တွေးအ​ခေါ်အယူအဆ​တွေ က​လေးဟာမ​လေ့လာနိုင်​ပါဘူး။ အဲဒီအချက်​​လေး​တွေ ဂရုတစိုက်​​လေ့လာတာ၊ က​လေးရဲ့ခံစားချက်​ကို​မေးတာမျိုး​တွေ မျက်​​ခြေမပြတ်​​လေ့လာ​နေဖို့လိုပါတယ်​။ စာနဲ့ပတ်​သက်​ပြီး အားနည်းတဲ့ဘာသာရပ်​​တွေရှိခဲ့ရင်​ ကျူရှင်​မထား​သေးဘဲ ​ကျောင်းမှာတခြားက​လေး​တွေ​ရောနားလည်​လား ကိုယ့်​က​လေးကစိတ်​မ၀င်​စားလို့ စာရှင်းချိန်​အာရုံမရလို့လား က​လေးတစ်​၀က်​​ကျော်​က နားမလည်​တာလား အစရှိသဖြင့်​ ​လေ့လာပြီး ​ကျောင်းနဲ့တင်​ ကျူရှင်​အကူအညီမပါဘဲ စာတတ်​​မြောက်​ဖို့ကြိုးစားကြည့်​ပါ။

အဖြူအစိမ်းဝတ်​ private school ​တွေ ထားတဲ့သူ​တွေကလည်း ကျူရှင်​မပါဘဲ ​ကျောင်းစာကိုတင်​ က​လေး​တွေနားလည်​သလား၊ စာ​မေးပွဲအတွက်​ဆိုပြီး ​မေးခွန်းသုံးစုံတို့ဘာတို့​ပေးလား၊ ရိုက်​နှက်​ပြီးစာကျက်​ခိုင်းသလား ​သေချာစုံစမ်းသင့်​ပါတယ်​။

အဖြူအစိမ်းမ၀တ်​တဲ့ private school ​တွေမှာလည်း က​လေးရဲ့ အင်္ဂလိပ်​အသံထွက်​၊ ​ပြောတဲ့စကားဟာ သင့်​​တော်​ညီညွတ်​တဲ့ နားလည်​နိုင်​​လောက်​တဲ့စကားမျိုးဖြစ်​မဖြစ်​ကစလို့ နိုင်​ငံခြားသင်​ရိုးနဲ့ မြန်​မာသင်​ရိုး နှစ်​ခု​ရောသင်​တာ က​လေးအတွက်​၀န်​ထုပ်​၀န်​ပိုးဖြစ်​မဖြစ်​ စသဖြင့်​​သေချာ​လေ့လာပြီး ကျူရှင်​မထားဘဲ ဘယ်​လိုအရင်​​ဖြေရှင်း​လို့ရနိုင်​မလဲ စဉ်းစားသင့်​ပါတယ်​။

အစိုရ​ကျောင်းဟာ ကျူရှင်​ပြဿ နာအများဆုံးပါ။ ကျူရှင်​မတက်​ဘဲ စာကိုနားလည်​​အောင်​သင်​တဲ့ ​ကျောင်းမျိုးဆိုရင်​ ကျူရှင်​လုံးဝမထားပါနဲ့။ ​ပြောဖူးပြီးသားစကားကို ပြန်​​ပြောပါ့မယ်​။ အတန်းငယ်​တန်းမှာ အဆင့်​​တွေအမှတ်​​တွေ မမက်​ပါနဲ့။ ဘာမှအ​ရေးမကြီးပါ။ သူ့အတန်းအလိုက်​ သိသင့်တဲ့အ​ခြေခံသိသွားရင်​ ရပါပြီ။ လိုအပ်​ရင်​ အင်္ဂလိပ်​စာ​အ​ခြေခံကို ​ကျောင်းက ကိုယ့်​အတန်းထဲက ဆရာမမဟုတ်​ဘဲ ​သေ​သေချာချာသင်​နိုင်​တဲ့ အပြင်​ဆရာဆရာမနဲ့ထားပါ။ သင်္ချာအားနည်းရင်​လည်း အ​ခြေခံကစလို့ ​တွေးတတ်​​အောင်​သင်​​ပေးမယ့်​ အပြင်​ဆရာဆီမှာအပ်​ပါ။ အပြင်​ဆရာလို့​ပြောတာက ​ကျောင်းကဆရာဆို က​လေးကို​မေးခွန်း​ပေးမှာစိုးလို့ပါ။ ​မေးခွန်းရတဲ့က​လေးက အ​ချောင်​ခိုတတ်​သွားပြီး ဆယ်​တန်းမှာဒုက္ခ​ရောက်​တတ်​ပါတယ်​။ အဲဒီဘာသာ​တွေကလွဲပြီး မူလတန်း အလယ်​တန်းမှာ ပထ၀ီသမိုင်းသိပ္ပံ​တွေ အမှတ်​ပြည့်​ဖြစ်​​နေဖို့မလိုပါဘူး။ အ​ခြေခံသ​ဘောတရားကို နားလည်​ပြီး သူ့စာသားနဲ့သူပြန်​​ရေးတတ်​ရင်​ အတန်းထဲကဆရာမအမှတ်​​လျှော့လည်း ဂရုမစိုက်​ပါနဲ့။ ကိုယ်​တိုင်​​တောင်​ မြန်​မာပြည်​ရဲ့ လတ္တီကျု ​လောင်​ဂျီကျု အလွတ်​ကျက်​ခဲ့တာ ပြန်​မှတ်​မိ​သေးရဲ့လားစဉ်းစားပါ။ မမှတ်​မိလည်း ဘ၀မဆုံးဘဲရှင်​သန်​​နေထိုင်​နိုင်​တာ ​တွေ့မှာပါ။ နည်းပညာ​ခေတ်​မှာ သိချင်​ရင်​အလွယ်​​လေးရှာလို့ရပါတယ်​။ အချက်​အလက်​​တွေကိုမှတ်​မိဖို့ထက်​ အသုံးချတတ်​ဖို့ပိုလိုအပ်​တဲ့​ခေတ်​မှာ စုတ်​ပြတ်​တဲ့ပညာ​ရေးစနစ်​က အလွတ်​မှတ်​မိဖို့ပဲလိုချင်​​ပေမယ့်​ ကိုယ့်​က​လေးကိုအဲဒီတွင်းထဲတွန်းမချပါနဲ့။

ကျူရှင်​မတက်​လို့ ပြဿ နာရှာတဲ့ဆရာမရှိရင်​ အကြမ်းနည်းကတိုင်​ပစ်​ပါ အနုနည်းကကန်​​တော့လိုက်​ပါ။ လာဘ်​ထိုးရာကျ​ပေမယ့်​ ကိုယ့်​က​လေးကို ထ​ရော်​မာ​တွေနဲ့မရှင်​သန်​​စေချင်​ရင်​ တတ်​နိုင်​သ​လောက်​ အနှိမ်​ခံရမယ့်​​ဘေးက​ဝေး​အောင်​ထားပါ။ အနှိမ်​မခံရဘူးဆိုရင်​​တော့ မျက်​နှာသာရ​ကောင်း​စေဆိုပြီး ကန်​​​တော့တာမျိုးကို​တော့ အားမ​ပေးပါ။ အလို​တော်​ရိစိတ်​ဓာတ်​ ကပ်​ဖားယပ်​ဖားစိတ်​​ဓာတ်​ ​မွေးမြူ​ပေးရာ​ရောက်​ပါတယ်​။

အစိုးရ​ကျောင်းတက်​လို့ အင်္ဂလိပ်​စာအားနည်းမှာ ပူစရာမလိုပါ၊ starter, mover, flyer, , KET, PET အစရှိသဖြင့်​ ​လေ့ကျင့်​​ပေးစရာစာအုပ်​က​လေး​တွေ တစ်​အုပ်​မှနှစ်​​ထောင်​သုံး​ထောင်​နဲ့ ၀ယ်​လို့ရပါတယ်​။ စာသင်​​နေသလိုကြီး အလွတ်​ကျက်​ရတာမျိုးမဟုတ်​ဘဲ ပုံဆွဲလိုက်​ အ​​ရောင်​ခြယ်​လိုက်​ ​ဖွက်​ထားတဲ့ရုပ်​ပုံ​လေး ပြန်​ရှာ​ပေးလိုက်​နဲ့ ကစား​နေသလိုလို ​လေ့လာသွားရတဲ့ဟာမျိုးပါ။ မိဘကလုပ်​​ပေးနိုင်​ရင်​ ကျူရှင်​မထားဘဲ အတူတူ​လေ့လာသွားလို့ရပါတယ်​။ listening လုပ်​စရာ CD ​လည်းပါတယ်​။ အသံ​တွေနားယဉ်​ပြီး အသံထွက်​မှန်​လာပါလိမ့်​မယ်​။

ဘယ်​​ကျောင်းထားထား ​နောက်​ထပ်​လုပ်​​ပေးစရာက​တော့ အပြင်​စာဖတ်​ဖို့ပါပဲ၊ မြန်​မာလိုဖတ်ဖတ်​ အင်္ဂလိပ်​လိုဖတ်​ဖတ်​ ​ကျောင်းစာပြင်​ပ ကာတွန်း ဂျာနယ်​ မဂ္ဂဇင်း ၀တ္ထုတို​တွေဖတ်​တာ အား​ပေးဖို့လိုပါတယ်​။ ​နောက်​ပြီး Walt disney , Pixir ကထုတ်​တဲ့ ကာတွန်းကား​တွေ ​ပေးကြည့်​ပါ။ message ​ကောင်း​လေး​တွေလည်းရ ဗဟုသုတလည်းတိုး နား​ထောင်​စွမ်းရည်​​ရော ​ဝေါဟာရ​ရောကြွယ်​လာပါတယ်​။

ဒီလိုနည်း​တွေနဲ့ ​လေ့ကျင့်​​ပေးနိုင်​ရင်​ ရန်​ကုန်​ဖြစ်​ဖြစ်​ နယ်​ဖြစ်​ဖြစ်​ ဘယ်​​နေရာပဲထားထား ပညာ​ရေးအရမကွာဟပါဘူး၊ နယ်​မှာဆို ကျယ်​ကျယ်​ပြန့်ပြန့် ​ဆော့ကစားရ လတ်​လတ်​ဆတ်​ဆတ်​ စား​သောက်​ရတာ အားသာသလို ရန်​ကုန်​လိုမြို့ကြီးမှာ ​ဆေးရုံး​ဆေး​ပေးခန်း​တွေက ပိုအားသာပါတယ်​။ ပညာ​ရေးက​တော့ ဘယ်​​နေ​နေ အထက်​ပါအတိုင်း​လေ့ကျင့်​​ပေးရင်​ အတူတူပါပဲ။ နည်းပညာဖွံ့ဖြိုးတဲ့​ခေတ်​မှာ အင်​တာနက်​ရဲ့အကူအညီကိုယူပြီးလည်း နိုင်​ငံတကာသင်​ကြားမှုပုံစံ​တွေ youtube မှာ​လေ့လာတာမျိုး worksheets ​တွေ ဂူဂယ်​လ်​က​နေ ပရင့်​ထုတ်​ပြီး​လေ့ကျင့်​​ပေးတာမျိုးလုပ်​နိုင်​ရင်​ ဘယ်​မှာ​နေလဲ ဘယ်​​ကျောင်းထားသလဲက သိပ်​ကိစ္စမရှိ​တော့ပါဘူး။

မေမေတို့ရေ ဒီလိုပဲလားဟင် 😄ဒီမှာတော့ အကြီး ၁ ယောက် အသေး ၁ ယောက်နဲ့
23/05/2018

မေမေတို့ရေ ဒီလိုပဲလားဟင် 😄
ဒီမှာတော့ အကြီး ၁ ယောက် အသေး ၁ ယောက်နဲ့

ကလေးကို စကားပြောသင်ရအောင်^*^*^*^*^  ^*^*^*^*^  ^*^*^*^*^ကလေးတစ်ယောက် စကားပြောတတ်ဖို့ ဖြတ်သန်းရာခရီးလမ်းသည် ရှည်လျားသည်။ ...
19/05/2018

ကလေးကို စကားပြောသင်ရအောင်
^*^*^*^*^ ^*^*^*^*^ ^*^*^*^*^

ကလေးတစ်ယောက် စကားပြောတတ်ဖို့ ဖြတ်သန်းရာခရီးလမ်းသည် ရှည်လျားသည်။ ကလေးတစ်ဦးနှင့် တစ်ဦး စကားစပြောချိန်များမှာလည်း အလွန်ကွာခြားပါသည်။ စကားပြော အနည်းငယ် နောက်ကျလျှင် စိတ်ပူမလွန်ပါနှင့်။ အချို့ကလေးများက စကားပြောနောက်ကျသော်လည်း စပြောသည်နှင့် ရုတ်တရက် အများကြီးပြောနိုင်သူများရှိပါသည်။

ကလေး အသံလေးများနှင့် ကလေးစကားတတ်လာပုံ အဆင့်ဆင့်ကို လေ့လာကြပါစို့။

မွေးစ- ၃ လ
ခိုးခိုးခစ်ခစ်ရယ်တတ်သည်။
သူ့လိုအင်ပေါ်မူတည်ပြီး ငိုသံလေးများကွဲပြားသည်။
မေမေနှင့် ဖေဖေ့ကို ပြုံးပြသည်။

၎-၆ လ
ဗလုံးဗထွေး စရွတ်တတ်ပြီ။ အထူးသဖြင့် ပ သံ, ဘ သံ နှင့် မ သံ လေးများပြုတတ်သည်။ ခိုးခိုးခစ်ခစ်ပို ရယ်တတ်ပြီ။ စိတ်လှုပ်ရှားလျှင် မကျေနပ်လျှင် အသံပေးသည်။ တစ်ယောက်ထဲ ဆော့လျှင် တဝူးဝူး တကူကူးနှင့် အသံထွက်တတ်သည်။

၇ လ - ၁ နှစ်
ခိုးခိုးခစ်ခစ်သံများ ရှည်လာမည်။ ဥပမာ- တာ့တာ, ဘာဘား, အားအား, ပီပီပီပီ စသော အသံတို့ပါထွက်လာမည်။
သူ့တို့ကို အာရုံစိုက်အောင် အသံပြုတတ်ပြီ။ အသက် ၉ လမှ ၁နှစ် ပတ်ဝန်းကျင်တွင် မေမေ ဖေဖေ တစ်လုံးနှစ်လုံးစပြောကောင်းပြောပြီ။ အချို့လည်း ၃ လုံးထိ ပြောသည်။

သတိကြီးကြီးပြုရန်- ပထမတစ်နှစ်တွင် ကလေးက စကားမပြောသော်လည်း မေမေနဲ့ဖေဖေ ပြောသမျှ နားထောင်နေပါသည်။ ဒုတိယနှစ်တွင် ပြောတတ်ဖို့ရာ စကားလုံးများကို မှတ်မိဖို့ကြိုးစားနေသည်။ ထို့ကြောင့် ကလေးကို အချိန်မီ စကားပြောစေလိုလျှင် ပထမတစ်နှစ်တွင် ကလေးထိန်းရင်း ရိုးရှင်း၍ အသုံးဝင်သော နေ့စဉ်သုံး စကားလေးများကို ဖြေးဖြေးနှင့် ပုံမှန်ပြောပေးပါ။
ဥပမာ- မေမေ ရေချိုးပေးမယ်နော်, သားမျက်နှာလေး သန့်အောင် သုတ်ပေးမယ်, ရေက နွေးတယ်, နို့စို့တော့နော်, အော် သားလေး ဗိုက်ဝပြီလား စသည်ဖြင့် အမြဲပြောပါ။

၁ နှစ်မှ ၂ နှစ်
***ပထမဆင့်
နှစ်လုံးတွဲ စကားလုံးများတိုး၍ ပြောမည်။ ဥပမာ- ရုပ်ရုပ်, မန်းမန်း, တာ့တာ
လတိုင်းလတိုင်း စကားလုံး အသစ်များတိုး၍ ပြောလိမ့်မည်။
ဥပမာ- ကား, ယူ, စား, ရ

*** နောက်တဆင့်
အသက် ၂ နှစ်နီးလာလျှင် နှစ်လုံးပူး မဟုတ်သော စကားလုံးများ ပူးတွဲပြောနိုင်လာမည်။
ဥပမာ- မေမေ မောပီ, ဖေဖေ မုန့်မုန့်ဝယ်

သတိပြုရန်- မသင်ရင် မပြောတာ မဆန်းပါ။ မြင်မြင်သမျှကို ဘယ်လို ခေါ်သည်သင်ပေးပါ။ ဟ(ဥပမာ-ဟုတ်, ဟိုဘက်), ဝ(ဝုတ်ဝုတ်, အာဝါး), သ (သိ, သွား, သူ), န (နဲ, နိုင်, နိုး), ဒ (ဒီမှာ, ဒီလို)-ဟ, ဝ, သ, န, ဒ သံပါသော စကားလုံးများသင်ပေးလို့ရပါသည်။ လမ်းလျှောက်ထွက်လျှင် ကား, သစ်ပင်, မြက်ခင်း, တို့ကို ပြပြီး နာမည်ပြောပြပါ။ အကြိမ်ကြိမ်ပြောလျှင် ကလေးက ကားမြင်လျှင် ကားဟု ပြောလာမည်။ နောက်တစ်ဆင့် တိုးသင်ပါ။ ဟုတ်တယ် အဲ့ဒါ ကား, ကားရဲ့ အရောင်က အနီရောင်ပေါ့ သားရယ် စသည်ဖြင့် သင်ပါ။ ကလေးက ခွေးမြင်၍ ခွေးဟု ရွတ်လျှင် ဟုတ်တယ် ခွေးက အကြီးကြီး (သို့) ခွေးက သေးသေးလေး စသည်ဖြင့် တိုးသင်ပါ။

၂ နှစ်မှ ၃ နှစ်
စကားလုံး ၃ လုံးတွဲများစပြောပြီ။ ပစ္စည်းနှင့် ကစားစရာတောင်းတတ်ပြီ။ ဖ သံ, ဂ သံ, န သံ, ဒ သံများ ပို၍ ပီသလာနိုင်ပြီ။ အချို့က ဘာကြောင့်လဲ လို့ မေးတတ်ပြီ။

သတိပြုရန်- စကားကို ဆက်သင်ပါ။ အရောင်, နံပါတ်, မိသားစုဝင် အမည်လေးများ, နေ့စဉ် အစားအသောက်များ သင်ကြားပါ။ ကဗျာတိုတိုနှင့် ကလေး သီချင်းလေးများ စသင်ပါ။ စာလုံးအပြင် စာကြောင်းများ ပိုသင်ပါ။ ပြောအောင်လည်း မေးခွန်းများများမေးပါ။ မေးပြီးရင်လည်း ဖြေတာကို နားထောင်ပေးပါ။ မရှင်းရင် ထပ်မေးပါ။ လျစ်လျူမရှုပါနှင့်။
ဥပမာ- သားရေသောက်မလားထက် သားရေ ရေနဲ့နို့ ဘယ်ဟာသောက်ချင်လဲ?

၃ နှစ်မှ ၄ နှစ်
စကားလုံး ၄-၅ လုံးပါဝင်သော စာကြောင်းတိုလေးများ အတော်ပြောတတ်ပြီ
မူကြို ပို့လျှင် တနေ့တာ လုပ်ဆောင်မှုများကို မေးလျှင် ပြောပြလိမ့်မည်
ဘယ်သူလဲ, ဘာလဲ, ဘယ်မှာလဲ စသည်တို့ ဖြေနိုင်ပြီ
ဘယ်လိုလုပ်မလဲ, ဘာကြောင့်လဲတို့ မေးနိုင်ပြီ

သတိပြုရန်- စကားကို ဆက်သင်ပါ။ ပုံပြင်လေးများ နေ့စဉ် ပြောပြပါ။ကလေးကို ပြန်ပြောပြခိုင်းပါ။ ဉာဏ်စမ်း ရိုးရိုးလေးများမေးပါ။
မိသားစု ဓာတ်ပုံများပြပြီး မိသားစု ရာဇဝင်လေးမိတ်ဆက်ပေးပါ။
ဥပမာ- သားရေ ဒါက မေ့မေ့ ဖေဖေနဲ့ မေမေ, သားရဲ့ ဖိုးဖိုး ဖွားဖွား, မေမေ့မှာ ညီမတစ်ယောက် အစ်ကို တစ်ယောက်ရှိတယ်။ ဒါဆို သားက ဦးဦးနဲ့ ဒေါ်ဒေါ်ရှိတယ်။

၃ နှစ်ကျော်ထိ အချို့အသံများကို မှန်အောင်မထွက်နိုင်သူ ကလေးများလည်း ရှိပါသည်။ ပုံမှန်ပါ။ မပီလျှင် ချစ်စရာကောင်းသော်လည်း မပီတဲ့ အခါတိုင်းပြင်ပေးပါ။

၎ နှစ်မှ ၅ နှစ်
ကကြီး, ခကွေး, ABCD စာလုံးလေးများ ဖတ်တတ်ပြီ, ၁,၂,၃,၄ ဂဏန်းလေးများ ရေတွက်တတ်မည်။ စာကြောင်း ၂ ဆင့် သို့ ၂ ကြောင်းကို ပေါင်း ပြောတတ်ပြီ။
ဥပမာ- သားမှာ ကားရုပ်လေး အများကြီးရှိပေမယ့် ညီမလေးမှာ ၂ စီးပဲရှိတယ်။

သတိပြုရန်- စကားကို ဆက်သင်ပါ။ အဖြူ အမည်း, အမြင့် အနိမ့်, အကြီးအသေးစတဲ့ ဆန့်ကျင်ဘက် အခေါ်အဝေါ်များ သင်ပေးပါ။ အသီးများ, အသားများရဲ့ အခေါ်အဝေါ်ကို အုပ်စုလိုက် သင်ပေးပါ။ စားပွဲ, ထိုင်ခုံ, မီးလုံးစသော အိမ်ရှိ ပစ္စည်းများကို မြင်ရသလောက် ပြောပြပါ။ တစ်ခုခု ခိုင်းရင် နှစ်ဆင့်ခိုင်းပါ။ ဥပမာ- သားရေ ကြမ်းပြင်က အရုပ်တွေကို ပုံးထဲကောက်ထည့်ပြီးရင် ပုံးကို သူ့နေရာနဲ့ သူပြန်ထားပါ။

ကလေးစကားပြောရင် နားထောင်ပါ, အသိအမှတ်ပြုပါ, ချီးကျူးပါ, အားပေးပါ။
စကားပြော ချောမွေ့သော, စကားလုံးကြွယ်ဝသော, ယဉ်ကျေးစွာ ပြောတတ်သော, အခြားသူ နားလည်အောင် ပြောနိုင်သော မြန်မာကလေးများ ဖြစ်ကြစေရန် ရည်ရွယ်ရေးပါသည်။

#နေနေမိုးဆွေ ( Child Health Myanmar Page)
-Share ကိုနှိပ်၍ လွတ်လပ်စွာ မျှဝေနိုင်ပါသည်။

Reference: American Speech-Language-Hearing Association, Speech Pathology Australia.
Credit to Google Images

လိုအပ်မယ့် မိဘတွေအတွက်ပါ
18/05/2018

လိုအပ်မယ့် မိဘတွေအတွက်ပါ

✅တုပ်ကွေးကာကွယ်ဆေး အမည်များ
********************************
၂၀၁၇ ဇူလိုင်လနှင့် သြဂုတ်လများမှစ၍ မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ တင်သွင်းရောင်းချခြင်း၊ လှူဒါန်းခြင်းများမှတဆင့် တုပ်ကွေးကာကွယ်ဆေးများ ဝင်ရောက်လာရာ ထုတ်လုပ်သူ ကုမ္ပဏီပေါ်မူတည်ပြီး ဆေးအမည် အမျိုးမျိုးဖြစ်နေ၍ ရှင်းလင်းစွာသိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးပါသည်။

မည်သည့် ဆေးအမည်ဖြစ်စေ အရေးကြီးဆုံးက လက်ရှိ ခုနှစ် တုပ်ကွေးရာသီ၏ ဗိုင်းရပ်စ်များအတွက် ထုတ်ထားသော ကာကွယ်ဆေး ဖြစ်သင့်သည်။ မြန်မာ နိုင်ငံတွင်း အဖြစ်များခဲ့သော H1N1 အပါအဝင် အခြားတုပ်ကွေးဗိုင်းရပ်စ်ပိုး A နှင့် B အုပ်စုများကို ကာကွယ်မှုပေးနိုင်သော အသက်အလျောက် ထုတ်ထားသည့် တံဆိပ်များမှာ

FluQuadri Junior (၆လမှ ၃ နှစ်)
FluQuadri (၃ နှစ်နှင့် အထက်)

Fluarix Tetra (၃ နှစ်နှင့် အထက်)
Afluria Quad (၁၈ နှစ်နှင့် အထက်)

(ထို ၄ မျိုးက ဗိုင်းရပ်စ် အသွင်၎ မျိုးအတွက်)

Vaxigrip Junior (၆လမှ ၃ နှစ်)
Vaxigrip (၃ နှစ်နှင့် အထက်)

INFLUVAC (၆ လအထက်)
ဝ.၂၅ & ၀.၅ ml ၂ မျိုးရှိသည်။

AGRIPPAL (၆ လအထက်)
ဝ.၂၅ & ၀.၅ ml ၂ မျိုးရှိသည်။

(ထို ၄ မျိုးက ဗိုင်းရပ်စ် အသွင် ၃ မျိုးအတွက်)

✅သိသင့်သော အချက်များ
************************
(က) အသက်အပိုင်းအခြား dosage များ
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
-၆ လမှ ၃ နှစ်ထိ ကလေးများအတွက် ၀.၂၅ ml ပါဝင်သည်။

-၃ နှစ်ကျော် ကလေးများအတွက် ၀.၅၀ ml ပါဝင်သည်။

-၁၈ နှစ်နှင့် အထက်လူကြီးများအတွက် ၀.၅၀ ml ပါဝင်သည်။

(ခ) ကာကွယ်ဆေးထိုးသင့်သူများ
🛑🛑🛑🛑🛑🛑🛑🛑🛑
၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ၊ လူနာနှင့် တိုက်ရိုက်ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများက တုပ်ကွေးကာကွယ်ဆေး ရနိုင်လျှင်၊ မတန်တဆ ဈေးမပေးရလျှင် ထိုးသင့်ပါသည်။

(ဂ) ကိုယ်ဝန်ဆောင်များ
🛑🛑🛑🛑🛑🛑🛑
-ကိုယ်ဝန်ဆောင်များ စောထိုးနိုင်လျှင် ကာကွယ်မှုစောစောရသည်။ မည်သည့်လမဆို ထိုးနိုင်သည်။ ကိုယ်ဝန်ဆောင် တုပ်ကွေးဖြစ်လျှင် လက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ၍ ထိုးသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် ထိုးခြင်းဖြင့် မွေးလာမည့် ကလေးကို အသက် ၆ လအထိ တုပ်ကွေးကာကွယ်ပေးနိုင်သည်။

(ဃ) ဆေးအာနိသင်ရစေရန်
🛑🛑🛑🛑🛑🛑🛑🛑
-ရောဂါပိုးက အသွင်အမျိုးမျိုး ပြောင်းနေ၍ ကာကွယ်ဆေးကို နှစ်စဉ်ပြပြင်မွမ်းမံ ထုတ်လုပ်သည်။ ထိုးချင်လျှင်၊ ထိုးသင့်လျှင် နှစ်စဉ်ထိုးရသည်။

-၆ လမှ ၉ နှစ်ထိ ကလေးများတွင် ပထမဆုံးအကြိမ်ထိုးသောနှစ်တွင် အနည်းဆုံး ၄ ပတ်ခြား၍ ၂ လုံး ထိုးရသည်။ နောက်နှစ်များတွင် တစ်နှစ်တစ်ကြိမ်သာ ထိုးဖို့လိုသည်။

-၉ နှစ်ပြည့်ပြီး ကလေးများတွင် ပထမဆုံးစထိုးသော နှစ်တွင် တစ်ကြိမ်သာ လိုပြီး နှစ်စဉ်ထိုးရသည်။

-၉ နှစ်အောက်ကလေးများ အကြောင်းတစုံတရာကြောင့် တစ်ကြိမ်ပဲ ထိုးမိလျှင်လည်း စိတ်တအားမပူပါနှင့်။ လုံးဝမထိုးတာထက်တော့ ခုခံမှုပိုပါသည်။

-တုပ်ကွေးရာသီ မတိုင်ခင် ၂လ ကြိုထိုးလျှင်အကောင်းဆုံးဖြစ်သော်လည်း အဖြစ်များချိန်တွင် ထိုးဖို့နောက်မကျသေးပါ။

-ကာကွယ်ဆေးထိုးပြီး ၂ ပတ်-၃ ပတ်ကြာလျှင် ခုခံမှုစွမ်းရည်စတင် ရရှိသည်။

-ရနိုင်သည့် ခုခံမှုပမာဏက ဆေး၏အာနိသင်ပေါ်တွင်သာမက ဗိုင်းရပ်စ်ပိုး၏ ပြင်းထန်ဆိုးရွားမှု၊ လူ၏ ပင်ကိုယ်ကိုယ်ခံအားတို့ အပေါ်တွင်ပါ မူတည်သည်။

-ကာကွယ်ဆေးက တုပ်ကွေးပိုးများကို ရာနှုန်းပြည့်ကာကွယ်မပေး၍ ကာကွယ်ရန်အခြားနည်းလမ်းများဖြစ်သော အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ လက်ပုံမှန်ဆေးခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းစသည်တို့ကို ဆက်လက်ကျင့်သုံးဖို့လိုအပ်သည်။

(င) ဘေးထွက်သက်ရောက်မှု
🛑🛑🛑🛑🛑🛑🛑🛑🛑
-အဖြစ်များသည့် ဘေးထွက်သက်ရောက်မှုမှာ ယာယီအဖျားငွေ့ရှိခြင်း၊ ထိုးသည့်နေရာတွင် ယာယီနီခြင်းတို့ဖြစ်သည်။

-မထိုးသင့်သောသူများမှာ ပထမအကြိမ်ထိုးပြီးပြီးခြင်း နှုတ်ခမ်းများ ရောင်လာခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ရှိဖူးလျှင် မတည့်ခြင်းဖြစ်၍ ဆက်မထိုးသင့်ပါ။ အလွန်ရှားသော်လည်း ကြက်ဥမတည့်သူများက ဆရာဝန်အနားရှိလျှင်ထိုးနိုင်သည်။

(စ) ထိုးနည်း
🛑🛑🛑🛑🛑
-မထိုးခင် ဆေး syringe ကိုလှုပ်ခါပါ။

-ကာကွယ်ဆေးမထိုးခင် ဆေးရည်ကြည်သလားစစ်ပါ။ အမှုန်အမွှားလေးများပါနေလျှင်၊ ဆေးရည် နောက်ကျိနေလျှင် အာနိသင်ပျက်နေပြီဖြစ်နိုင်သည်။

-လက်မောင်း(သို့) ပေါင်မှ ကြွက်သားထဲ ထိုးရသည်။

-ဆေးထိုးပြီးနောက် အပ်ကိုကြွက်သားထဲမှ မထုတ်ခင် ဆေးထိုးပြွန်အား နောက်ပိတ်မှဖိထားခြင်းကို မလွှတ်လိုက်ပါနှင့်။ အရေပြားအပြင်ဘက်ကို လုံးဝပြန်ရောက်မှ ဖိထားခြင်းကို လွှတ်လိုက်ပါ။ မဟုတ်လျှင် ဆေးပြန်ထွက်လာနိုင်သည်။

(ဆ) သိမ်းဆည်းနည်း၊ သယ်ဆောင်နည်း
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
-အာနိသင်မပျက်ပြယ်စေရန် ကာကွယ်ဆေးကို သိမ်းဆည်းခြင်း၊ သယ်ဆောင်ခြင်းတွင် အအေးဓာတ် ၂ ဒီဂရီ စင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ်အတွင်းရှိရသည်။ ရေခဲသေတ္တာ၏ ရေခဲကန့်ထဲမထည့်ရပါ။ ခဲသွားသော ကာကွယ်ဆေးက အာနိသင်ပျက်သွားသည်။

-ဆေးမထိုးခင် သိမ်းဆည်းထားသော ရေခဲသေတ္တာထဲမှ ထုတ်ထားပြီး၂၅ ဒီဂရီလောက်ဖြစ်မှ ထိုးသင့်သည်။

-ကာကွယ်ဆေး syringe ကိုဖွင့်ပြီးလျှင် ပြန်သိမ်းဆည်းခြင်း မပြုရပါ။ ၀.၂၅ ml မရလျှင် ၀.၅ ml တစ်ဝက်ကို ထိုးပေးနိုင်သည်။ သို့သော် ကျန်တစ်ဝက်ကို အခြားလူသုံးဖို့ (သို့) နောက်တစ်ကြိမ်သုံးဖို့ မသိမ်းဆည်းထားပါနှင့်။

နေနေမိုးဆွေ (Child Health Myanmar)
Reference: The Australian Immunization Handbook, MIMS, medicine.org.uk

***ဆောင်ရန် ရှောင်ရန်တွေ သေချာလိုက်နာကြပါနော်***သာပေါင်း ၌ ရောဂါအခံရှိသူ ကလေးတစ်ဦး ဂျပန် ဦးနှောက် ရောင်ရောဂါကာကွယ်ဆေးထို...
24/11/2017

***ဆောင်ရန် ရှောင်ရန်တွေ သေချာလိုက်နာကြပါနော်***

သာပေါင်း ၌ ရောဂါအခံရှိသူ ကလေးတစ်ဦး ဂျပန် ဦးနှောက် ရောင်ရောဂါကာကွယ်ဆေးထိုးပြီး သုံးရက်အကြာတွင် သေဆုံး
ဧရာဝတီတိုင်း သာပေါင်း မြို့နယ်အတွင်း ဂျပန် ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေးထိုး ပြီး သုံးရက်အကြာတွင် (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးမှုယမန်နေ့က ဖြစ်ပွားခဲ့သည်။ သေဆုံးမှုသည် ကာကွယ်ဆေးကြောင့် ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်း တိုင်းလူမှုရေးဝန် ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။
‘‘ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက တာဝန်ရှိသူတွေကို ကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေလုပ်ဖို့ ပြောထား ပြီးပါပြီ။ စစ်ဆေးလို့မပြီးသေး တော့ အတည်ပြုလို့တော့ မရ သေးပါဘူး’’ဟု ဝန်ကြီး ဒေါက် တာလှမြတ်သွေးက ပြောသည်။

ရှောပြာကုန်းကျေးရွာအုပ်စု ကညင်ချောင်းကျေးရွာတွင် ပထမတန်းကျောင်းသား မောင်ကျော် ဇင်ထက်သည် နိုဝင်ဘာ ၁၆ ရက်၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးနောက်၁၇ရက် တွင် ခေါင်းမူးသည့်ဝေဒနာခံစားခဲ့ရပြီး နှစ်ကြိမ်အော့အန်မှုဖြစ်ခဲ့ ကြောင်း ဖခင်က ပြောသည်။ ယင်းနောက် နိုဝင်ဘာ ၁၈ ရက်တွင် ငါးကြိမ်တိုင်အော့အန်မှုဖြစ်ခဲ့ပြီးဖြစ်နေသည့် ကာလတစ်လျှောက် အစာနှင့် ရေပါသောက်ခဲ့ခြင်းမရှိကြောင်း ကလေး၏ ဖခင် ဦးမြရွှေက ပြောသည်။
‘‘သူက မူးတယ်၊ အန်တယ် ဖြစ်နေတော့ ဒီနေ့ (နိုဝင်ဘာ ၁၉ ရက်)ပဲ ဆရာမကို အကြောင်း ကြားတယ်။ ဆရာမက ခေါ်လာ ခဲ့ပါဆိုတော့ ကလေးကိုခေါ်သွား ခဲ့တယ်။ ဆရာမက ဆေးရုံတက် ဖို့ ပြောတယ်။ ကျွန်တော်က ဆေး ရုံသွားမပြနိုင်ဘူး။ ငွေမရှိတာ လည်း ပါတယ်။ သူအရမ်းနေ မကောင်းတာလည်း ပါတယ်။ ဒါနဲ့ ဒီနေ့ နေ့လယ် ၁ နာရီကျော် ကျော်လောက်မှာ ကလေးက ဆုံး သွားတယ်’’ဟု ဦးမြရွှေက ပြော ကြားသည်။
သေဆုံးသွားသည့် ကလေး ငယ်သည် လွန်ခဲ့သည့် ၂၀၁၆ တွင် ကျောက်ကပ်ရောဂါကြောင့် ဆီးမသွားနိုင်သည့် ဝေဒနာခံစားခဲ့ ရသဖြင့် ဆေးကုသမှုခံယူခဲ့ရဖူးကြောင်း၊ ဆေးမထိုးမီ လွန်ခဲ့ သည့် ရက်အနည်းငယ်တွင် တုပ် ကွေးဖျားနာမှုရှိခဲ့ကြောင်း၊ ပြန် လည်ကောင်းမွန်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေး ကြောင်း ဦးမြရွှေက ပြောသည်။
ပင်လောင်းမြို့တွင်လည်း ဂျပန်ဦးနှောက်ရောင် ကာကွယ် ဆေးထိုးနှံပြီးနောက် သတ္တမတန်း ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး ရောဂါအခံ ရှိ၊ မရှိ ဓာတ်ခွဲစစ် ဆေးချက်အဖြေကို လာမည့်တစ် ပတ်၌ သတင်းထုတ်ပြန်နိုင်ရန် ခန့်မှန်းထားကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ကာ ကွယ်ဆေးထိုးစီမံချက် မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောကြားသည်။

12/04/2017

ကောင်းကောင်း မအိပ်တဲ့ ကလေး၊ ကောင်းကောင်း မအိပ်ရတဲ့ အမေအတွက်
=================================================
ကလေးဘာလို့မအိပ်လဲ ဘယ်လိုအိပ်အောင်လုပ်ရမလဲ သိမှတ်ဖွယ်ရာ

(မအိပ်ရတဲ့ အမေ+အဖေ)
ရင်သွေးကလေး ရခါစကတော့ ပျော်လို့ရွှင်လို့ပေါ့။ ကလေးမျက်နှာကလေးကို တစိမ့်စိမ့် ငုံ့ကြည့်နေမိသည်မှာ ထမင်းဆာတာလည်း သတိမရ။ အိပ်ရမှာလည်း သတိမရ။ တော်တော်အအိပ်ကြီးသော သကောင့်သား (သို့) သကောင့်သမီးကလေးကို နှိုးပင်နှိုးလိုက်ချင်သေးတော့။
တပါတ်ကနေ နှစ်ပါတ်၊ နှစ်ပါတ်ကနေ သုံးပါတ် ဖြစ်လာတော့ သည်အမေ အသစ်စက်စက်ကလေး ခါတိုင်းထက် ကိုယ်ဘယ်လောက် ပို၍ အိပ်ပျက်နေသည်ကို ရိပ်မိစပြုလာပါပြီ။ မောပန်းနွမ်းနယ်၍ ခေါင်းကအုံခဲ့လာပါပြီ။ အပျိုတုန်းကလို (ကလေးမရှိခင်တုန်းကလို) လှဲချ၍ တချီတမောင်း အကြာကြီး နှိုးမယ့်လူမရှိဘဲ အိပ်ချလိုက်ချင် လိုက်တာဟု မြည်တွန်တောက်တီးစ ပြုလာပါပြီ။
(သည်ဆောင်းပါးက သည်အမေကလေးနှင့် တခါတရံ အဖေကလေးကိုပါ ကူညီရန် ရည်ရွယ်၍ ရေးပါသည်)။

(မွေးကင်းစကလေး ဘယ်လိုအိပ်ပါသလဲ)
မွေးကင်းစကလေး၏ အိပ်စက်ခြင်းနှင့် ကလေးကြီး၊ သို့မဟုတ်-လူကြီးအိပ်စက်ခြင်း မတူညီပါ။ ဒါကို သဘောပေါက်ရန်မှာ လူတဦး အိပ်ပျော်နေချိန်တွင် အိပ်စက်ခြင်း နှစ်မျိုးရှိကြောင်းကို အရင်သဘောပေါက်မှ ဖြစ်ပါမည်။

၁။ မျက်ခွံအောက်တွင် မျက်လုံး လှုပ်ရှားမှုရှိသော အိပ်စက်ခြင်း (Rem Sleep)
ထိုကဲ့သို့ အိပ်စက်နေစဉ်အတွင်းတွင် အိပ်မက်မက်နေတတ်ပါသည်။ နိုးလာလျှင် မှတ်မိသည်လည်း ရှိမည်။ မမှတ်မိသည်လည်း ရှိမည်။ ဆိုလိုတာက လူက နိုးနိုးကြားကြား ဖြစ်နေမည်။ လှိမ့်မည်။ စန့်မည်။ အသံထွက်မည်။ ကလေးဆိုလျှင် တပြွတ်ပြွတ် နှုတ်ခမ်းချည့်ပဲ စို့နေတတ်သေးသည်။ လူကြီးများတွင်တော့ သည်လိုအိပ်စက် ခြင်းမျိုးကို သန်းခေါင်နောက်ပိုင်း မိုးလင်းခါနီးအချိန်တွင် တွေ့ရတတ်ပါသည်။ ဒါကြောင့်လည်း အိပ်မက် မက်ပါက ထိုအချိန်တွင် မက်တတ်ကြခြင်း ဖြစ်ပါသည်။

၂။ မျက်ခွံအောက်တွင် မျက်လုံးလှုပ်ရှားမှုမရှိသော အိပ်စက်ခြင်း (Non-Rem Sleep)
သည်လိုအိပ်စက်နေချိန်တွင်တော့ ဦးနှောက်ကလည်း အပြည့်အ၀ အနားယူနေမည်။ ကြွက်သားလှုပ်ရှားမှုလည်း နည်းသည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် အချိန်ဆိုပါတော့။ လူကြီးများက ညဦးပိုင်းမှစ၍ သည်လိုအိပ်ပျော်လေ့ရှိကြသည်။
ဒီနှစ်မျိုးကို ရှင်းပြနေရသည်က အကြောင်းရှိသည်။ လူကြီးများသည် အိပ်ချိန်၏ ၂၅%တွင်သာ ပထမအိပ်စက်ခြင်း (မျက်လုံးလှုပ်ရှား၍) အမျိုးအစားနှင့် အိပ်စက်ကြသော်လည်း မွေးကင်းစ ကလေးများသည်ကား ထိုအမျိုးအစားနှင့် သူတို့အိပ်ချိန်၏ ၅၀-မှ ၈၀% ကို ကုန်လွန်စေတတ်ကြောင်း ပြောပြချင်၍ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့ကလေးတွေသည် အိပ်ပျော်နေစဉ်တွင်ပင် အသံထွက်ကြလိမ့်မည်။ လှုပ်ရှားကြလိမ့်မည်။ ကန်ကျောက်ကြလိမ့်မည်။ ဒါတွေ ကြားရတိုင်း တွေ့ရတိုင်း ကိုယ့်ကလေးနိုးသွားပြီဟု မထင်ပါနဲ့။
ပြီးတော့ အိပ်စက်သည်ဆိုတာက တဆက်တည်း ဖြစ်နေသော ဖြစ်စဉ်မဟုတ်။ နည်းနည်းကလေး နိုးလာလိုက်၊ ပြန်အိပ်မောကျသွားလိုက် စသဖြင့် ဆက်တိုက်ဖြစ်နေခြင်းမျိုးဖြစ်သည်။ လူကြီးတွေကတော့ ဒုတိယ အမျိုးအစား အိပ်မောကျခြင်းပေါင်းများစွာကို ညဦးပိုင်းတွင် ဆက်တိုက် ခံစားပြီး မနက်မိုးလင်းခါနီးမှ မျက်လုံးလှုပ်သော ပထမအမျိုးအစားထဲသို့ ၀င်သည်။ မွေးကင်းစ ကလေးတွေကတော့ ပထမအမျိုးအစားနှင့် ဒုတိယအမျိုးအစား တချိန်လုံး စဉ်ဆက်မပြတ် ပြောင်းလဲဖြစ်ပေါ်နေကြသည်။
သည်ကြားထဲမှာ လူကြီးတွေက နည်းနည်းပြန်နိုးလိုက်၊ ပြန်တခါ အိပ်မောကျလိုက်ကို တနာရီခွဲတခါမှ ဖြစ်သော်လည်း မွေးကင်းစကလေးကတော့ တနာရီ တခါဖြစ်နေလေသည်။ လူကြီးလို ဖြစ်ဖို့က လနှင့်ချီ ကြာပါသည်။
ဆိုလိုသည်က မွေးကင်းစကလေးသည် တနာရီတခါလောက်တော့ နည်းနည်းနိုးလာတတ်သည်။ သူ့ဟာသူ ထားလိုက်ပါ။ သွားမကလိပါနဲ့။ သူ့ဟာသူပြန်အိပ်သွားပါလိမ့်မည်။ သွားကလိလိုက်လို့ တကယ်နိုးသွား လျှင်တော့ ကိုယ့်တာဝန်ပေါ့။
Circadian Rhythm ဆိုတာ ရှိသေးသည်။ နေ့နှင့်ည ခွဲသိခြင်းပဲဆိုပါစို့။ ဒါက Melatonin ဟုခေါ်သော ဟော်မုန်းပေါ်မှာ မူတည်သည်။ သည်ဟော်မုန်းက အလင်းရောင်နှင့် အထိအတွေ့ပေါ်မှာ မူတည်၍ ပြောင်းလဲသည်။ မိခင်ဝမ်းထဲမှာ ရှိတုန်းကတော့ မိခင်၏ Melatonin Level ကြောင့် ကလေးက နေ့-ည အိပ်ချိန်နည်းနည်းမှန်သည်။ မွေးလာသော နေ့-ညကို သူ့ဟာသူ သိရတော့မည်။ အမှောင်ထဲမှာ ၉-လ နေခဲ့ရသော ကလေးအတွက် နေ့-ည ခွဲသိဖို့ ရက်သတ္တပါတ် အနည်းငယ်လိုမည်မှာ မဆန်းပါ။ ထို့ကြောင့်လည်း တချို့မွေးကင်းစ ကလေးများ မနက်ပိုင်းတွင် အိပ်အိပ်နေပြီး (လူကြီးအိပ်ချင်သည့်) ညပိုင်းကျတော့ နိုးနိုးနေတတ်ပါသည်။ နေ့နှင့်ည မှားနေကြသည် ဆိုပါစို့။

(နေ့နှင့်ည မှားနေလျှင် ဘာလုပ်ရမည်လဲ-)
မွေးပြီး ၃-၄ ပါတ်အတွင်းတော့ သည်းခံရုံသာ ရှိပါသည်။ သည်နောက်ပိုင်းတော့ နည်းနည်း အလေ့အကျင့်ပေး၍ ရလာသည်။ နေ့ပိုင်းတွင် အိပ်ချိန် တတ်နိုင်သလောက် နည်းအောင် သူ့ကို မြူပေး၍ ရပါသည်။ စကားပြောပေးပါ။ သူနိုးနေလျှင် သူနှင့် ကစားပါ။ညပိုင်းတွင်တော့ ဒါတွေ မလုပ်ပါနှင့် မီးပိတ်ထားပါ။ (လိုအပ်မှဖွင့်ပါ)။ ကလေးနိုးနေလျှင်လည်း မှောင်ထဲတွင် သူ့ဘာသာသူ ကစားနေပါစေ။ ကိုယ်ပါဝင် မကစားနှင့်။

( မွေးကင်းစ ကလေးတယောက် တနေ့လျှင် ဘယ်နှနာရီခန့် အိပ်ပါသလဲ)
၁၆-နာရီမှ ၁၈-နာရီခန့် အိပ်ပါသည်။
ဒါဆိုရင် အေးဆေးပဲ-ဟု အပြောမစောပါနဲ့ဦး။ သူတို့ အဲသည် ၁၆-မှ ၁၈-နာရီကို ဆက်တိုက်မအိပ်ကြပါ။ အိပ်လို့လည်း မဖြစ်ပါ။ အနည်းဆုံး လေးနာရီတခါလောက် နို့စို့ရန် လိုအပ်ပါသေးသည်။ သည်တော့ သင့်ကလေး-က လေးနာရီတခါထပြီး တနေ့ကို ၆-ခါခွဲ၍ အိပ်ပေလိမ့်မည်။
ကောင်းတာကတော့ နေ့ပိုင်းမှာ ၃-နာရီခွဲတခါလောက် နိုး၍ နို့တိုက်ပေါ့။ ၇-နာရီ ၈-နာရီ ပေးအိပ်လိုက်မိလျှင်တော့ နိုးလာချိန်တွင် သူအလွန်အမင်း ဆာနေမည်သာမက ညဘက်တွင်လည်း မအိပ်ဘဲ ဒုက္ခပေးပေလိမ့်မည်။
ညဘက်တွင်လည်း ငါးနာရီတခါတော့ အနည်းဆုံးနိုးပေးရန်လိုပါသည်။ သူကလည်း နို့စို့ရန် လိုသလို မိခင်နို့ကလည်း သူမှန်မှန်စို့ပေးမှ ထွက်ပါသည်။
မိခင်အိပ်ရေးဝရန် အလွယ်ဆုံးနည်းမှာတော့ ကလေးအိပ်ချိန်နှင့်ကိုက်၍ လိုက်အိပ်ရန်ဖြစ်ပါသည်။ ကလေးအိပ်တုန်း အ၀တ်ပြေးလျှော်နေလျှင်တော့ ကလေးနိုးတော့ နို့ပြေးတိုက်နှင့် အိပ်ချိန်မကျန်သလောက် ဖြစ်တတ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ကလေးမွေးလျှင် မိဘ၊ ဘိုးဘွား၊ အမ (မောင်တွေကတော့ သိပ်အားမကိုးရပါ)။ ညီမ ၀ိုင်းကူတတ်ကြတာလေးကတော့ ချစ်စရာ။ ကလေးအဖေ အသစ်စက်စက်ကလည်း ကိုယ်နဲ့မဆိုင်သလိုတော့ မနေနဲ့ဦးလေ။
ကလေးတယောက် ညဘက်တွင် ရှည်ရှည်ကလေး အိပ်လာပြီး မိခင်က တညလုံး (၆-နာရီဆက်တိုက်) အိပ်ရေးဝဖို့ကတော့ ရက်သတ္တ(၁၇)ပါတ် စောင့်ရပါမည်။ မှန်ပါသည်။ လေးလပါ။ မွေးဖွားခွင့်က သုံးလ၊ မိခင်နို့အတွက် ထပ်တိုးခွင့်က တလ၊ ပေါင်း လေးလပြည့်ပြီးခါစ အချိန်မျိုးပေါ့။

(ဒါတွေကို မယုံပါနှင့်)
ဆွေတွေမျိုးတွေ ၀ိုင်းကူကြတာ ချစ်စရာပေမယ့် အကြံမှားတွေ ၀ိုင်းပေးကြတာကတော့ ကြောက်စရာပါ။ ကြောက်စရာအကောင်းဆုံးကတော့ နို့တိုက်အမေကို အသီးအရွက်တွေ မစားရဘူး ၀ိုင်းပြောကြလို့ ကလေးအမောဖောက်ရတာပေါ့။ ဒါကိုတော့ ထပ်တလဲလဲ ရေးခဲ့ပြီးပေမယ့် ကြုံတိုင်း ထပ်ပြောရမည်။ အသီးအရွက် အသားငါးစုံအောင် စားကြပါနော်။ အမေအစားရှောင်လျှင် ကလေးအသက်ပါသွားတတ်ပါသည်။
နောက်တမျိုး...ကလေးအိပ်တာနှင့်ဆိုင်တာ ပြောတတ်ကြတာတော့ အိပ်ခါနီး ထမင်းရည်နည်းနည်း တိုက်လျှင် ကလေးကောင်းကောင်းရှည်ရှည် အိပ်သည်ဆိုသည့်အချက်ပင် ဖြစ်သည်။ မယုံပါနဲ့။ သုတေသနများလုပ်ပြီး သားပါ။ တိုက်ဆိုင်တာသာ မြင်ဖူးချင်မြင်ဖူးမည်။ (ကျွန်တော်တို့ ဆွေမျိုးတွေက တိုက်ဆိုင်တာကို အကြောင်း တရားလို့ အမြဲယူဆတတ်ကြသည်)။ တကယ်တော့ အိပ်တာနဲ့ ထမင်းရည်ဘာမှ မဆိုင်ပါ။ ၆-လအောက်ကလေး၏ အစာအိမ်သည် မိခင်နို့အတွက်သာ ဖြစ်ပါသည်။ ရေတောင် မတိုက်ရပါ။
အိမ်ဘေးနားက တလသားကလေး၏ မိဘက သူ့ကလေးကတော့ တညလုံး တောက်လျှောက် အိပ်တာပဲဟုပြောလျှင်လည်း စိတ်ဓာတ်မကျပါနဲ့။ အဖေကပြောတာလား၊ အမေက ပြောတာလား ကြည့်ပါ။ အမေက ပြောတာဆိုလျှင် ဖြစ်နိုင်ပါသည်။ သို့သော် တည နှစ်ညပေါ့။ တည နှစ်ညတော့ ကလေးက စိတ်ကောင်းဝင်ပြီး အဲသလို အိပ်တတ်ပါသည်။ ပြီးရင်တော့ ကိုယ့်ကလေးလိုပဲ ပြန်ဖြစ်ပါမည်။ အသက်လေးလ အထိပေါ့။ အဖေက ပြောတာ ဆိုရင်တော့ ယုံကို မယုံပါနှင့်။ တညလုံး တောက်လျှောက် အိပ်ပျော်နေတာ ကလေးမဖြစ်နိုင်ပါ။ သူသာလျှင် ဖြစ်ပါလိမ့်မည်။

(နို့စို့ပြီးလျှင် လွယ်လွယ်နှင့် ပြန်မအိပ်သည့်ကလေး)
နို့စို့ပြီးတာနဲ့ ကလေး တချိုးတည်း ပြန်အိပ်လျှင် ကောင်းမည်ဟု ကလေးအမေများ မကြာခဏ စဉ်းစားမိကြပါလိမ့်မည်။ မှန်ပါသည်။ ထင်သလောက် မလွယ်ကူပါ။ ဦးနှောက်အာရုံကြော မရင့်ကျက်သေး သောကြောင့် မွေးကင်းစကလေးများသည် လွယ်လွယ်နှင့် ပြန်မအိပ်တတ်ကြပါ။ ဘယ်လိုလုပ်ပေးလျှင် ကိုယ့်ကလေး ပြန်အိပ်ပျော်သွားရန် အလွယ်ဆုံးဖြစ်သည်ကို မိခင်များက တဖြည်းဖြည်း သိလာတတ်ကြပါသည်။ တချို့ကလေးက မအေ့နို့ကလေး ပေးငုံထားရသည်။ တချို့ကလေးက ညင်သာစွာ လှုပ်သိပ်ရသည်။ တချို့ကလေးက အနှီးကလေးပေးငုံထားရသည်။ တချို့ကလေးက အနှီးကလေးနှင့် နွေးနွေးထုပ်ပေးရသည်။ (ဘောက်ဖတ်နှင့်တူအောင် တင်းကြပ်နေအောင်တော့ မထုပ်ရပါ။ ခြေကလေး လက်ကလေးကို လှုပ်ရှားခွင့်ပေးရန် လိုပါသည်။ တင်းလွန်းအောင် ထုပ်ထားသောကလေးသည် နွေးမလာသည့်အပြင် ပို၍ အေးစက်သွားနိုင်ပါသည်)။ တချို့ကလေးက သီချင်းဆိုပြရသည်။ ကလေးကို ကားပေါ်တင်၍ ပတ်မောင်းခြင်းကို ဘယ်လိုမှ ရှောင်လွှဲ၍မရမှသာ စမ်းကြည့်သင့်ပါသည်။

ချီပေးတာ၊ လှုပ်ပေးတာ ကလေးကို လက်ကြိုက်အောင်လုပ်သလိုပဲ။ နောင်အမြဲချီထားရလိမ့်မယ်-ဟု ပြောတတ်ကြသေးသည်။ မမှန်ပါ။ သည်အရွယ်ကလေးက လက်မှမဟုတ်၊ ဘာမှ မကြိုက်တတ်သေးပါ။ ဆိုလိုတာက သူတို့ မှတ်မထားတတ်ကြသေးပါ။ ကြီးလာလျှင် (အများဆုံး ၆-လကျော်လျှင်) တော့လည်း ချီပေး၊ လှုပ်ပေးစရာ မလို။ သူတို့ဟာ သူတို့ အိပ်တတ်ကြပါသည်။ မွေးကင်းစမှ ၂-လအတွင်း လိုအပ်လျှင် ချီပေး လှုပ်ပေးလို့ ရပါသည်။ ကလေးအိပ်ရန်သာ အဓိကကျပါသည်။ သူတို့လိုတာ လုပ်ပေးလိုက်ပါ။ နှစ်လအောက်မှာတော့ သင့်ပခုံးပေါ်မှာမှ ကလေးအိပ်ပျော်သည်ဆိုလျှင်တောင် ပေးအိပ်ရမှာ ဖြစ်ပါသည်။
အိပ်တာနှင့် ပတ်သက်သည့် အကျင့်ကောင်းလေးတွေပျိုးပြီး အကျင့်ဆိုးကလေးတွေ ချိုးနှိမ်ဖို့ လေ့ကျင့်ရမည်က အသက်လေးလကျမှ ဖြစ်ပါသည်။
ဒီနည်းကလေးတွေကလည်း သေသေချာချာ သိုင်းသိုင်းဝန်းဝန်း ရေးပြမှ ဖြစ်မည်မို့ ဆောင်းပါးလည်း ရှည်လွန်းသွားလို့ နောက်ဆက်လက်ဖော်ပြပေးပါ့မယ်
credit
ဒေါက်တာရဲ

Address

Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

09778807305

Website

Alerts

Be the first to know and let us send you an email when Ma Nilar Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram