အစာလည်းဆေး ဆေးလည်းအစာ

အစာလည်းဆေး ဆေးလည်းအစာ နေ့စဥ်စားသုံးနေသော အစာအာဟာရများ၏ ကောင်းကျိုးဆိုးကျိုးများအ‌ကြောင်း သိကောင်းစရာများ

မြူပင် (မြူရွက်)၏ အဟာရတန်ဖိုးများနှင့် ဆေးဖက်ဝင်ပုံ---------------------------------------------------------------------...
27/11/2021

မြူပင် (မြူရွက်)၏ အဟာရတန်ဖိုးများနှင့် ဆေးဖက်ဝင်ပုံ
-------------------------------------------------------------------------------

Chenopodium album L.,
Family : Amaranthaceae
Common names: lamb's quarters, melde, goosefoot and fat-hen,
Flowering from January to April
Collected by Kothet Naing Oo
Collected date 23.11.2021

ဟုမ္မလင်းရောက်စဥ် စျေးမှာရောင်းတဲ့ စိမ်းစိမ်းအလုံးတွေကို ဘာတွေလည်းလို့စပ်စုမိတယ်၊ မြူရွက်တွေတဲ့၊ အဆင်တော့ပြေသား၊ ပြုတ်ပြီး တခါထဲ လုံးထားတာ၊ ကြက်သွန်နီလေး ဆီဝါသပ်ပြီး မြေပဲဆန်လေး လေးနဲ့ အသင့် သုပ်စားရုံဘဲ၊ ကထိကထ မများတော့ဘူး၊ တပည့်ကျော်ကို ​မြန်မာ ခရမ်းချဥ်သီး နဲ့ ငရုတ်သီးစပ်စပ် ပန်ထွေဖျော်ခိုင်းမယ်၊ ပဲစောင်းဝါးမြှုတ်မယ်၊ အတော်လိုက်ဖက်မည့် ဆောင်းတွင်းဟင်းလျာ. တခါတလေ အသားငါးမပါလည်း တကယ်မြိန်မည့် မနက်စာပေါ့.. ..

နဂါးတွင်းရွာရောက်ခဲ့စဥ် က ငရုတ်သီး ဆွတ်နေသော တောင်သူတွေကို မြူပင်အကြောင်းစပ်စုမိတယ်၊ "ဆရာမေးမှ သတိရတယ်. ဒီနှစ်မြူပင်တွေ သိပ် မတွေ့ရသလိုဘဲ " ဟု တောင်သူတဦးကဆိုတယ်၊ ဟုတ်တယ်ဆရာ "ခေတ်မီတဲ့ ပေါင်းသတ်ဆေးတွေကြောင့် ဖြစ်မယ်"၊ ဟု တခြားတဦးက သုံးသပ်တယ်၊ သူပြောတာလည်းမှန်သင့်သလောက်မှန်တယ်၊ ပန်းခင်းထဲမှာ မြူပင် တွေ သိပ်မရှိတော့ ၊ ငယ်ငယ်က ဧရာဝတီမြစ်ဘေးက အဖေ့ရွာကို သွားရင် မြေပဲခင်း ပြောင်းခင်းတွေထဲ ဖြတ်သွားခဲ့ရတာသတိရမိတယ်၊ ပိုးသတ်ဆေးဆိုတာလည်း အခုလောက်မပေါ၊ နုံးမြေနုနုကြားမှာ မြူပင်တွေက နှုတ်လို့မကုန် ၊ ပေါဘိခြင်း၊ အခုအခါမှာတော့ ပေါင်းသတ်ဆေးကြောင့် အတော်ရှားစပြုနေဘီ၊

မြူပင်၏ မျိုးရင်းဟာ Chenopodiaceae Family ထဲထည့်သွင်းထားသော်လည်း ယခုအခါ မျိုးခွဲစနစ်သစ်အရ Family Amaranthaceae (ဟင်းနုနွယ်မျိုးရင်း) အတွင်းသို့ ရောက်ရှိနေတာကို ရုက္ခဗေဒလေ့လာသူ ကလေးတွေသတိထားရမှာပါ၊

ဆောင်းရာသီအစားအစာ

မြူပင်ကို အညာဒေသက လူတွေရင်းနှီးကြတယ်။
မြို့ပေါ်နေသော ကျောင်းသားကျောင်သူတွေကတော့ မြင်ဖူးကြမည်မထင်ပါ၊ မြူပင်ကို ဘယ်သူမှတခုတရ မစိုက်ကြပါဖူး၊ ပေါင်းပင်အနေဖြင့် ရှင်းလို့တောင်မနိုင်ပါဘူး၊ ဒါပေမဲ့ North India မှာတော့ food crop အနေဖြင့် စိုက်ပျိုးကြတယ်၊ ဆောင်းရာသီကြမှ ဒီအပင်တွေကိုတွေ့ရမယ်။

ရှင်းမနိုင်သည့်ပေါင်းပင်

တနှစ်တခါသာ ပေါ်လာတတ်သည် တနှစ်ခံပင် ပြော့လေးတွေဖြစ်တယ်၊ ပန်းခိုင်က ထိပ်ထွက် ဖြစ်လို့ အသီးသီးချိန်မှာ ပြော့ပြောင်းသော ပင်စည်က ပန်းခိုင်ရဲ့ အလေးချိန်ကို မထမ်းနိုင်ပါဘူး ၊ အသီးသီးချိန်ဆိုရင် အပင်က တဖက်ကို ယိုင်နေတတ်တယ်၊ ပန်းခိုင်တခိုင်ကနေ အစေ့ပေါင်း ထောင်ချီပြီး ထွက်ကျစေနိုင်တယ် ၊ အပင်ပေါက်လာရင်လည်း အထက်ကဖော်ပြသလို နှိမ်နင်းရခက်သော ပေါင်းပင်ဖြစ်လာတယ် ။ မြူပင်တွေကြောင့် ပြောင်းခင်းမှာ ၁၃%၊ ပဲပုတ်ခင်း မှာ ၂၅%၊ သကြားမုံလာတွင် ၄၈% အထိ အထွက်နှုန်းကို ကျဆင်းစေတယ်လို့ စိုက်ပျိုးရေး မှတ်တမ်းတွေအရသိရပါတယ်။ မြူပင်ကို ရွက်လိပ်ပိုးများ ကြိုက်နှစ်သက်သောကြောင့် ထောင်ချောက်ပင် အဖြစ်စိုက်ပျိုးကြပါတယ်။ (Ref.AgriCounsellor)

ဆေးဝင်ပုံ

မြူရွက်များက ဆေးဖက်လည်းဝင်လှတယ်၊အရွက်သည် ချို၏ ၊ဝမ်းမီးကိုတောက်စေ၏၊ အစာကိုကြေညက်စေ၏၊ ကျင်ကြီးကြင်ငယ်ကို စင်ကြယ်စေ၏၊ လေ သည်းခြေ သလိပ်ကို ပယ်တတ်၏၊ မျက်စေ့ကိုအကျိုးပြု၏၊ဆီးဝမ်းကိုရွှင်စေ၏၊ နှုတ်ကိုမြိန်စေ၏၊ အသံကိုကောင်းစေ၏၊ ပိုးကိုပယ်တတ်၏၊ ရောဂါအမျိုးမျိုးကို ငြိမ်သက်စေ၏ သလိပ်ရောဂါကိုအထူးကောင်း၏ ဟူ၍ အရှင်နာဂသိမ်ဆေးကျမ်းမှာ ဆိုထားပါတယ်၊

မြူရွက်ကို အစိမ်းတိုင်းမစားသင့်ပါဘူး၊ အရွက်တွေကို ရေနွေးနဲ့ပြုတ်ပြီး စားသုံးသင့်ပါတယ်၊ အဘယ့်ကြောင့်ဆိုသော် အရွက်ထဲမှာ oxalic acid ပမာဏများစွာပါဝင်သောကြောင့်ဖြစ်ပါတယ်၊ မြူရွက်ဟာ အခြားသောအပင်များထက် ဗိုက်တာမင် A၊ ကယ်လစီယံဓါတ်၊ ဖောစပရပ်၊ ပိုတက်စီယံ၊ Quinoa တွေပါဝင်မှု ပိုမိုပါတယ်၊ India မှာတော့ ဒီအပင်ကို bathua ခေါ်ကြတယ် ၊ အရွက်နဲ့ အကိုင်းနုတွေကို dishes အနေဖြင့် soup, curries ! Paratha-stuffed breads အဖြစ်အမျိုးမျိုး လုပ်ပြီးစားသုံးကြပါတယ်၊

Taxonomic description

မြူပင်တွေဟာ သက်တန်းတိုသော တနှစ်ခံပင်ပြော့လေးဖြစ်ပါတယ်၊ ပင်စည်နဲ့အကိုင်းလေးတွေပေါ်မှာ အလျားလိုက် အစင်းကြောင်းလေးတွေရှိပါတယ်၊ အရွက်လေးတွေက ရွက်ထီးရွက်လွှဲထွက်ပြီး အရွက်ပုံစံအမျိုးမျိုးရှိပါတယ်၊ ရွက်နားများကတော့ သွားပုံ အဝိုက်လေးတွေပါသလို တခါတရံညီညာလို့နေပါတယ် ၊ ထူးခြားချက်ကတော့ ရနံ့အနဲငယ်ရှိပါတယ်၊ အရွက်တွေအပေါ်မှာ အဖြူရောင် အမွှေးလေးတွေကိုငယ်စဉ်မှာ တွေ့နိုင်ပါတယ်၊ ပန်းခိုင်များကတော့ ထိပ်ထွက် ကြားထွက် ဖြစ်ပြီး ပုံပါအတိုင်း ပန်းပွင့်များစွာပါကာ အစုလိုက် ထွက်သော paniculate spike ဖြစ်ပါတယ်၊ ပန်းပွင့်လေးတွေက လိင်စုံ လေးချမ်းညီ ဖြစ်ပြီး ပွင့်ချပ်မပါကြပါဘူး၊ ပွင့်ဖတ် ၅ ခုပါပြီး တည်မြဲကြပါတယ်၊ ဝတ်ဆံဖို ၅ ခုပါပြီး ကွာလျက်ရှိကြတယ်၊ အမအင်္ဂါ ၂ ခုသာပါပြီး တွဲဆက်လျက်ရှိတယ်၊ အစေ့အိမ်ခန်းတခန်းထဲမှာ အစေ့လောင်းတစေ့သာပါတယ်၊ အသီးကတော့ urticle ဖြစ်ပြီး တည်မြဲ ပွင်ဖတ်ကြားမှာရှိနေပါတယ်၊

အသုံးဝင်ပုံ

မြူပင်များဟာ leaf minors တွေထက် တန်ဖိုးရှိလှပါတယ်၊ ဒါ့ကြောင့် trap crop အနေဖြင့် သတ်မှတ်ရမှာပါ၊ စိုက်ပျိုးထားသောအပင်တွေထက် leaf minor insects များဟာမြူပင်ကို ပိုလို့နှစ်သက်လှတာမို့ ecological pest control အတွက် အကျိုးရှိလှပါတယ်၊

ကဲ..ရေးတာလည်းစုံဘီ...

မြူရွက်ဆိုတာ ဆောင်းမှာဘဲပေါ်တာ၊ ရာသီစာအနေနဲ့ စားကို စားသင့်တယ်၊ သဘာဝတရားကြီး ကျနော်တို့ကို လက်ဆောင်အဖြစ် ပေးထါးတာပါ၊ မြူရွက်ကလေးထဲမှာ ကျနော်တို့ကို အကျိုးပြုသော ဓါတ်သတ္ထုတွေ ၊ ရောဂါကာကွယ်နိုင်မှုတွေ၊ ဗီတာမင်တွေ..အကျိုးရှိတာတွေ အများကြီးပါတာမို့ အစာလည်း ဆေး ဆေးလည်းအစာ သဘောထားရင်း မြူရွက်သုပ်စားကြပါစို့လား....

သက်နိုင်ဦး
ဟုမ္မလင်းကောလိပ်
11.1.2021
23.11.2021

Ref Wikipedia,
အရှင်နာဂသိမ် ပုံပြဆေးအဘိဓာန်...

ကျနော့ page link ပါ

https://www.facebook.com/Flowers-From-Myanmar-360042720833435/

"ရေနစ်သေရတဲ့မိကျောင်း" နှင့် "ငါးသလောက်" အမြဲမစားသင့်ကြောင်း ------------------------------------မိကျောင်းဟာရေချိုရေငန်စ...
09/11/2021

"ရေနစ်သေရတဲ့မိကျောင်း" နှင့်
"ငါးသလောက်" အမြဲမစားသင့်ကြောင်း
------------------------------------
မိကျောင်းဟာရေချိုရေငန်စပ်တဲ့ရေပြင်မှာတော့ ဘုရင်ပါ။ အဲဒီနေရာမျိုးမှာ သူ့ကိုယှဉ်နိုင်တဲ့သားရဲ မရှိပါဘူး။ ဒီလိုရေဘုရင်က ရေနစ်သေစရာလား???
ဟုတ်ပါတယ်။ မိကျောင်းတွေ အစုလိုက်အပြုံလိုက် မျိုးပြုတ်မတတ် ရေနစ်သေခဲ့ကြဖူးတယ်။
National geographic channel မှာပြဖူးခဲ့တဲ့ မှတ်တမ်းကိုသတိရမိလို့ရေးမိတာပါ။
သိပ်မကြာမီ နှစ်အနည်းငယ်က အမေရိကန်က ရေကန်ကြီးတွေမှာ မိကျောင်းတွေ အစုလိုက်အပြုံလိုက် သေကုန်ကြတယ်။ ရေကန်တွေမှာ မိကျောင်းသေပုပ်နံ့ တထောင်းထောင်းနဲ့ ကပ်ကိုဆိုက်နေတော့တာပဲ။
ရေပြင်ကျယ်ကြီးပေါ်ကို ဟယ်လီကော်ပတာနဲ့ဝဲပြီးတော့ မိကျောင်းသေနေတာ တွေ့ရင် နေရာပြဖို့ဆေးအနီဖြန်း အမှတ်အသားလုပ်ပြီး မော်တော်ဘုတ်ကိုခေါ်ရတယ်။ ဆေးနီဖြန်းတဲ့အမှတ်အသားနေရာကို မော်တော်ဘုတ်နဲ့လာ ပက်လက်သေနေတဲ့ မိကျောင်းတွေကိုဆွဲပြီးရှင်းရတာ တစ်နေ့တစ်နေ့ မနည်းဘူး။
မိကျောင်းသေတွေကို ခွဲစိတ်ကြည့်တော့လည်း ဘာရောဂါပိုးမှရှာမတွေ့ဘူး။ရေနစ်သေတာပဲ တွေ့ရတယ်။
မိကျောင်းက ပါးဟက်ပါတဲ့ငါးမဟုတ်ဘူး။ ကုန်းနေရေနေ တွားသွားသတ္တဝါလေ။ လေရှူဖို့အတွက်တော့ ရေမျက်နှာပြင်ပေါ် တက်ရသေးတယ်။ ဒါပေမဲ့ ရာဇဝင်မှာ မိကျောင်းရေနစ်သေတာ မရှိဖူးဘူးလေ။
တိမွေးကု ဆရာဝန်တွေနဲ့ ကျွမ်းကျင်သူတွေ ထပ်ပြီးလေ့လာတော့မှ သေတဲ့မိကျောင်းတွေ အားလုံးဟာ ဦးနှောက်ဆဲလ်တွေ ဆိုးဆိုးရွားရွား ပျက်စီးနေတာ တွေ့ရတယ်။ ကူးစက်ရောဂါကြောင့်လား???
ဒါပေမဲ့ အသက်ရှင်ကျန်နေတဲ့အကောင်တွေကို စစ်ကြည့်ပြန်တော့လည်း ကူးစက်ရောဂါပိုး ရှာမတွေ့ဘူး။ မိကျောင်းတွေဟာ ရေကူးရေငုပ်ရင်းကို Direction Lost တွေဖြစ် အကြောတွေဆိုင်းပြီး ရေနစ်ပြီးသေရတာ။ ရေပြင်တစ်ခုလုံးကို ပိုင်စိုးထားတဲ့မိကျောင်းတွေ လေဖြတ်လို့ရေနစ်ပြီး မျိုးပြုတ်လုနီးကိုကြုံရတာ။
ဒါဆိုရင် သူတို့ရဲ့ Food Chain အစာကွင်းဆက် မှာပြဿနာ ရှိမယ်လို့တွေးတော့မှ စစ်ဆေးကြည့်တဲ့အခါ ရေကန်ထဲမှာ ငါးသလောက်တွေ အလွန်အကျွံများနေမှန်း တွေ့ရတယ်။ကကတစ်လို အခြားငါးမျိုးစိတ်တွေ ပျောက်ကွယ်ပြီး ငါးသလောက်တွေချည်း ကျန်နေတယ် ဆိုတာတွေ့ရတယ်။
ဒါနဲ့ ကျွမ်းကျင်သူတွေက အမေရိကန်ရဲ့ အခြားအရပ်မှာ သီးခြားရှိနေတဲ့မိကျောင်းတွေကို ဖမ်းပြီး နေ့တိုင်း ငါးသလောက်ချည်းကျွေးပြီး စမ်းသပ်တယ်။
သိပ်မကြာခင်မှာပဲ အဲဒီမိကျောင်းတွေဟာ ဦးနှောက်ဆဲလ်တွေယိုယွင်းပြီး သေကုန်ကြတော့မှ ငါးသလောက်ကလွဲပြီး အခြားရွေးချယ်စရာ အစာ မရှိတော့ခြင်းဆိုတဲ့ အစာကွင်းဆက်ကမောက်ကမ ဖြစ်မှုဟာ မိကျောင်းတွေမျိုးပြုတ်စေတဲ့ အကြောင်းရင်း ဆိုတဲ့အဖြေကို ရှာတွေ့ရတော့တယ်။
သက်ရှိတွေရဲ့ ဆဲလ်တွေဟာ အချိန်နဲ့အမျှပျက်စီးနေတယ်။ တစ်ပြိုင်နက်တည်းမှာ အချိန်နဲ့အမျှ ပြန်လည်ဖြစ်ထွန်းတယ်။ ဆဲလ်ပျက်စီးမှုနှုန်းဟာ ဆဲပြန်ဖြစ်ထွန်းမှု နှုန်းထက်မြင့်နေရင်တော့ ဆိုးဝါးပါတယ်။
ငါးသလောက်မှာ thiaminase သိပ်မြင့်တယ်။ ပိုဆိုးတာက ငါးသလောက်ရဲ့thiaminaseက ဦးနှောက်ဆဲလ်တွေကိုပျက်စီးစေပြီးအသစ် ပြန်လည်ဖြစ်ထွန်းမှုကို သိပ်နှေးကွေးစေတယ်။
Thiaminase ဟာ Thiamine လို့ခေါ်တဲ့ Vitamin B1ကို ဖြိုခွဲဖျက်ဆီးပြီး ဦးနှောက်ဆဲလ်များကိုယိုယွင်းစေကြောင်း ဒေါက်တာခွန်းညိုသွေးKhoon Nyo Thway ကျွန်တော့ကို စနစ်ကျ ရှင်းပြသွားခဲ့ပါတယ်။
#ဒေါက်တာခွန်းညိုသွေးရဲ့အဖိုးတန်ကွန်းမန့်ပါ #
☆☆☆English လို အတိအကျသိရင် ပိုကောင်းမယ် အကို (အကိုက မြန်မာလို တိုင်ရာမင်နိလို့ ရေးထားလို့ )
Thiaminase ဆိုတဲ့ enzyme တစ်မျိုးဟာ အပင်တွေ အသားစိုတွေနဲ့ တချို့ငါးတွေရဲ့ အသားမှာပါတယ် (နောက် ငါးခြောက် တွေ ) သူတို့ဟာ thiamine (vitamin B1 )ကို ဖြိုခွဲတယ် ။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်မှာ B1 ဓာတ် ဟာ စားလိုက်တဲ့ glucose ရဲ့ ဖြစ်စဉ် ဆုံးတဲ့ အထိ လည်ဖို့ လိုအပ်တယ် ။ အဲ့လိုမဟုတ်ရင် pyruvate နေရာမှာ ပုံနေတယ် ။ Keto acid နေရာမှာ ပုံနေတယ်။ အဆုံးမသတ်ဘူး။Ketosis ကိုဖြစ်စေတယ် ။ အဲ့ဒီအခါလည်း ထိခိုက်စေသလို နောက်တစ်ခုကတော့ Thiaminase ဟာ ဦးနှောက်ဆဲလ်တွေရဲ့ ရှင်သန်မှု(brain cell viability)ကို နှောင့်နှေးစေတယ် လို့ပြောတယ်။☆☆☆
#ကျေးဇူးအထူးတင်ပါတယ်ဆြာခွန်း
ဦးနှောက်ရဲ့အချိန်နဲ့အမျှ ပျက်စီးနေတဲ့ဆဲလ်တွေကို အသစ်ပြန်လည်ဖြစ်ထွန်း ခြင်းက အချိန်မီမဖြည့်ဆည်းပေးနိုင်တော့တဲ့အခါ ဦးနှောက်ဟာ ပျက်စီးရတော့တယ်။(ငါးသလောက် စားရင်အိပ်ငိုက်တယ်ဆိုတာဒါကြောင့်။ တခါတရံတော့ ပြဿနာမဟုတ်ပေမဲ့ သိပ်တော့မကောင်းလှ။)
ငါးသလောက်ကလွဲပြီး ဘာမှစားစရာမရှိတော့လို့ မိကျောင်းတွေ အစုလိုက်အပြုံလိုက် သေရပါတယ်ဆိုရင်ရော ငါးသလောက်ကလွဲလို့ အခြားငါးတွေမရှိတော့လောက်အောင် အစာကွင်းဆက် ပျက်စီးရတာဘာကြောင့်လဲ???
ဆက်ပြီးစစ်ဆေးတဲ့အခါ ရေကန်ရဲ့ ရေမျက်နှာပြင်ပေါ်မှာ ရေမှော်တွေ တအားထူထပ်နေတာ တွေ့ရတယ်။ ကန်မျက်နှာပြင်ပေါ်က ရေမှော်တွေဟာ ရေထဲက အောက်စီဂျင်တွေကို စုပ်ယူလိုက်တဲ့အခါ ရေထဲမှာ အောက်စီဂျင် မလုံလောက်တော့လို့ ကကတစ်လို ငါးတွေအသက်မရှင်နိုင်တော့ပဲ မျိုးတုံးသွားတယ်။
ဒီလို ရေအရည်အသွေး ပျက်စီးရခြင်းရဲ့ ဆန့်ကျင်ဘက်အကျိုးဆက်အဖြစ် ရေမှော်စားတဲ့ ရေမှော်ချစ်သူငါးသလောက်တွေချည်းသီးသန့် အမြောက်အမြားပွားများလာတော့တယ်။
ဒါဆို ကန်ကိုရေမှော်တွေဖုံးသွားရတာ ဘာကြောင့်လဲ ဆိုပြီး ဆက်စစ်ဆေးကြတယ်။ ကန်ထဲကရေထဲမှာ မြေဩဇာတွေ အမြောက်အများပျော်ဝင်နေတာကို တွေ့ရတယ်။အဲဒီမြေဩဇာတွေဟာ မိုးရေနဲ့အတူ စီးလာပြီးကန်ထဲကို စိမ့်ဝင်လာကြောင်းတွေ့ရမှ မြေဩဇာစီးဝင်ရာလမ်းကြောင်းကိုစစ်ပြီး တရားခံအစစ်ကို ရှာတွေ့တော့တာ။
တရားခံအစစၠ??????
ဟုတ်ကဲ့ လူတွေပါပဲ။ ပြီးခဲ့တဲ့နှစ်တွေမှာ ကန်ရဲ့ ပတ်ဝန်းကျင်ကို လူတွေအခြေချလာကြတယ်။အဲဒီလူတွေ အပင်စိုက်ကြတော့ မြေဩဇာတွေထည့်တယ်။ အဲဒီမြေဩဇာတွေဟာ မိုးရေနဲ့အတူကန်ထဲကို တဖြည်းဖြည်း စိမ့်ဝင်တယ်။
ရေထဲမှာမြေဩဇာပျော်ဝင်မှုမြင့်တက်လာတော့ ရေမှော်တွေ ပွားလာတယ်။ ရေမှော်တွေရဲ့ အောက်စီဂျင်စုပ်ယူမှုကြောင့် ရေအရည်အသွေးပျက်ပြီး ရေချိုငါးတွေ တုံးသွားချိန်မှာရေမှော်ကြိုက်တဲ့ ငါးသလောက်တွေ စံမြန်းရာရေကန်ဘဝ ရောက်ရတယ်။
ရွေးစရာအခြားငါးမရှိတဲ့အဆုံးမှာ ငါးသလောက်ချည်း စားရပြီး ဦးနှောက်ပျက်စီးရတာကြောင့် ရေဘုရင်တွေဟာ အဲဒီရေကန်မှာ ရာဇဝင်ရိုင်းလောက်အောင် ရေနစ်သေရတာ မျိုးကိုတုံးကရော။
ပေးချင်တဲ့ message နှစ်ခုပဲရှိတယ်။
ငါးသလောက် အစားများရင်သေတတ်တယ်။ အသက်ကို ဉာဏ်စောင့်ဆိုတဲ့အတိုင်း ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြပါလို့။
နောက်တစ်ခုကတော့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာ မဟုတ်ဘဲနဲ့လည်း အခြားသတ္တဝါတွေ မျိုးတုံးရတတ်တယ်။ ဒါကြောင့် သူများအသက်လည်းတန်ဖိုးထားကြပါလို့။
#ရည်ညွှန်းချက်။ ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုပြီး food chain အစာကွင်းဆက် ကမောက်ကမဖြစ်မှုကို သတိမထားမိပဲ မေ့လျော့ကျန်ရစ်နေသူများသို့။
#တောင်းပန်ခြင်း။ ။ ရေကန်ရဲ့အမည်နဲ့ national geographic channel ရဲ့မှတ်တမ်းခေါင်းစဉ်မေ့သွားတာ ခွင့်လွှတ်ပါ။
#နောက်ဆက်တွဲ။ ။တောင်သမန်မှာ ငါးတွေအပြုံလိုက် သေတာရယ် အင်းလေးကန်တိမ်လာတာရယ်ဟာ ဘာကြောင့်လဲ။ ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ။
Credit - Aung Khant Zaw ....................................................................
အတွေးတစ်စ ကွန့်မြူးရှင်သန်နိုင်ကြပါစေ။
postedby'
Oppositeye myanmar

ယာကွန်ဥ (  YACON Potato )-----------------------------အမှတ်တမဲ့ကြည့်လိုက်ရင် ယာကွန်ဥဟာ ကန်စွန်းဥနဲ့အတော်ဆင်တူပါတယ်။ ဒါပေ...
08/11/2021

ယာကွန်ဥ ( YACON Potato )
-----------------------------
အမှတ်တမဲ့ကြည့်လိုက်ရင် ယာကွန်ဥဟာ ကန်စွန်းဥနဲ့အတော်ဆင်တူပါတယ်။ ဒါပေမယ့် အရသာနဲ့ အဟာရတန်ဖိုးတွေကတော့ လုံး၀တူမနေပါဘူး။
သူ့အရသာက ပန်းသီး၊ ဖရဲသီးနဲ့ တရုတ်နံနံပေါင်းစားရသလိုမျိုး။ ဒါကြောင့် မြေအောက်ပန်းသီးလို့ပင် တင်စားခေါ်ကြရပါတယ်။ အစိမ်းစားရင် ချိုပြီး ကြွပ်ရွတဲ့ အရည်ရွှမ်းတဲ့အသီးတစ်မျိုးပါ။
မူလမျိုးက တောင်အမေရိက ကနေ ဆင်းသတ်လာတာဖြစ်ပါတယ်။ ခုတော့ တစ်ကမ္ဘာလုံးစိုက်ပျိုးထုတ်လုပ် စားသုံးနေကြပါပြီ။ မြန်မာနိုင်ငံမှာကတော့ ကလော၊ တောင်ကြီးဘက်မှာ ပေါများစွာတွေ့ရပါတယ်။

ပါဝင်မှုနဲ့ အဟာရတွေကတော့
-----------------------------
ရေဓါတ်ပါဝင်မှု - ၇၅%
ကာဗွန်ဟိုက်ဒရိတ် - ၂၀%
အသားဓါတ် - ၂%
အဆီ - ၁ %
သကြား၊ ဖိုက်ဘာ၊ ဗိုက်တာမင်စီ၊ ကယ်ဆီယမ်၊ ပိုတတ်စီယမ်၊ ပြာဓါတ်တို့ ပါဝင်နေပါတယ်။

သူ့မှာပါတဲ့အချိုဓါတ်က ဆီးချိုသမားတွေတောင် စားသုံးလို့ရပါတယ်။ အရိုးအဆစ်တွေသန်မာစေလို့ အရိုးပွရောဂါကို ကွယ်ကွယ်နိုင်ပါတယ်။ သွေးတိုးရောဂါရှိသူတွေ ပုံမှန်စားသုံးပေးသင့်ပြီး သွေးပေါင်ထိန်းညှိနိုင်စွမ်းရှိပါတယ်။

ဖိုက်ဘာအမျှင်ဓါတ်တွေပါဝင်လို့ အူလမ်းကြောင်းကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အူမကြီးကင်ဆာမှလည်း ကာကွယ်ပြီးသားဖြစ်စေနိုင်ပါတယ်။
အရေးကြီးတဲ့တစ်ချက်က စာလောင်မှုကိုထိန်းချုပ်နိုင်လို့ ခန္ဓာကိုယ်အလေးချိန်လျော့ဖို့စဉ်းစားနေတဲ့လူတွေအတွက် အဆင်အပြေဆုံးအသီးတစ်မျိုးလို့ အကြံပြုပါရစေ။

ဘယ်လိုစားသုံးရမလဲဆိုရင်တော့ အခွံနွာပြီး စိမ်းစားဥကဲ့သို့ အစိမ်းစားလို့ရတာပါ။ တကျွတ်ကျွတ်နဲ့ စားလို့အလွန်ကောင်းပြီး ကြာလေနွမ်းလေ အချိုအရသာပိုရလေပါ။
----------------------------------------------
မျှတအဟာရပြည့်၀စွာဖြင့် ကျန်းမာချမ်းသာကြပါစေ…
(အစာလည်းဆေး ဆေးလည်းအစာ)

(1) Riceberry ဆိုတာဘာလဲ? ကျန်းမာရေးအတွက် ကောင်းကျိုးဘာတွေ ရှိသလဲ? Riceberry ကို ဘယ်လိုချက်ပြုတ်ရမလဲ?--------------------...
27/09/2021

(1) Riceberry ဆိုတာဘာလဲ? ကျန်းမာရေးအတွက် ကောင်းကျိုးဘာတွေ ရှိသလဲ? Riceberry ကို ဘယ်လိုချက်ပြုတ်ရမလဲ?
------------------------------------------
Riceberry ဆန်ရဲ့ မူလဌာနေ
--------------------------
လူပြောများလာတဲ့ Riceberry ဆန် ဆိုတာ ထိုင်းနိုင်ငံက ဆန်မျိုးစိတ် 2 မျိုးဖြစ်တဲ့ Jaa Hom Nin နဲ့ Khao Dawk Mali 105 ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဆန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Kasetsart University ဆန်သုတေသနဌာနကနေ ထုတ်လုပ်ဖန်တီး ထားပါတယ်။

Riceberry ဆန်ရဲ့ ပုံစံ
-------------------
Riceberry ဆန်ဟာ နူးည့ံပြီး ခရမ်းရင့်ရောင် လုံးတီးဆန် ဖြစ်ပါတယ်။ အများစုကတော့ လွယ်လွယ်ကူကူပဲ ခရမ်းရောင်ဆန်လို့ ခေါ်ကြပါတယ်။
ကျန်းမာရေးအတွက် ဘာတွေ ကောင်းကျိုးရှိသလဲ?
Riceberry ဟာ အာဟာရဓာတ် ကြွယ်ဝတဲ့ ဆန်တစ်မျိုး ဖြစ်ပါတယ်။ Riceberry ရဲ့ ကောင်းကျိုး နဲ့ တခြားဆန်တွေထက် အားသာချက်တွေကတော့
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants မြင့်မားစွာ ပါဝင်ခြင်း
- အမျှင်ဓာတ် ကြွယ်ဝခြင်း
- ကောင်းမွန်သော အိုမီဂါ 3 အဆီဓာတ် ပါဝင်ခြင်း
- သံဓာတ်ပါဝင်ခြင်း
- ဗီတာမင် E ပါဝင်ခြင်း
- ဗီတာမင် B2, B3 နှင့် ဖောလိတ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ခြင်း တို့ ဖြစ်ပါတယ်။
ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝတာကြောင့် Riceberry ဟာ
- နှလုံးရောဂါကို လျှော့ချကာကွယ်ပေးနိုင်ခြင်း
- သွေးတွင်းအဆီဓာတ်များခြင်းကို လျှော့ချပေးခြင်း
- ဆီးချိုကို ပိုထိန်းညှိရလွယ်စေခြင်း
- ကိုယ်အလေးချိန်လျှော့ချသူများအတွက် သင့်တော်ခြင်း
- ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်ခြင်း
- အယ်လ်ဇိုင်းမ အတိတ်မေ့ရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။
Riceberry ကို ဘယ်လိုချက်ပြုတ်ရမလဲ?
Riceberry ဟာ ဆန်သားနူးညံ့တာကြောင့် စားသုံးတဲ့ အခါ မာနေတာ၊ ဝါးရခက်တာ မရှိပါဘူး။ ချက်ပြုတ်ရနာလည်း သာမာန်ဆန်အဖြူလိုပဲ ပေါင်းအိုးနဲ့ လွယ်ကူစွာ ချက်နိုင်ပါတယ်။
Riceberry ဆန် တစ်ဆ ကို ရေ တစ်ဆခွဲ ဖြင့် ချက်ပါ။ နူးညံ့ပြီး စားသုံးရ လွယ်ကူစေပါတယ်။ ထမင်းဖြူ ကဲ့သို့ပဲ စားသုံးနိုင်ပါတယ်။

 #အညာမှဟင်းချက်စားကြတဲ့သနပ်ရွက် နှင့်  #ဆေးလိပ်လိပ်ရာမှာသုံးတဲ့ရှမ်းပြည်ကသနပ်ဖက်အကြောင်းဒီ ၂ ပင်သည် မျိုးစု အမည် Cordia ...
24/09/2021

#အညာမှဟင်းချက်စားကြတဲ့သနပ်ရွက် နှင့် #ဆေးလိပ်လိပ်ရာမှာသုံးတဲ့ရှမ်းပြည်ကသနပ်ဖက်အကြောင်း
ဒီ ၂ ပင်သည် မျိုးစု အမည် Cordia တူသော်လည်း မျိုးစိတ်အမည် species names များမတူကြပါ၊ အပင်အမည် ကလည်း ခတ်ဆင်ဆင်မို့ လွဲမှား တတ်ကြပါတယ် ၊ သနပ်ပင်သည် အညာဒေသ၏ symbol အပင်ဖြစ်ပြီး သနပ်ဖက်ပင်ကမူ ရှမ်းပြည် တောင်ပေါ်ဒေသ၏ symbol ဖြစ်ပါတယ်၊ သနပ်ပင်က အရွက်သည် ရွက်သားထူ ကြွတ်ဆပ်ကာ အလွန်ငယ်တာကြောင့် ဆေးလိပ်လိပ်လို့လည်း အဆင်မပြေလှပါ၊ ဒါပေမည့် စေးကပ်ကပ် သနပ်သီးကိုဖြင့့််အညာသူအညာသားတိုင်းသိကြပါတယ်၊
သနပ်ပင် နှင့် သနပ်ဖက်ပင်ကိုကွဲကွဲ ပြားပြား သိအောင် ပြန်ပြီး ရေးလိုက်မိပါတယ် ၊ ပထမဆုံး အညာဒေသက သနပ်ပင်အကြောင်းကို တင်ပြလိုပါတယ်၊
သနပ်ပင်
Cordia dichotoma Forst.
Family : Boranginaceae
Common Names: Hpak-mong, Kal, Kasondeh, Sebasten tree, Thanat,
Thanut, Tun-paw-man
ဒီအသီးလေးတွေကို မိတ်ဆွေတို့ မှတ်မိကြမယ် ထင်ပါတယ်၊ မေလထဲမှာ သနပ်သီး အမှည့်လေးတွေကို မြင်နိုင်ပါတယ်၊ ဒီအသီးလေးတွေကို ခုခေတ်ကလေးတွေ ကတော့ သိမယ်မထင်ဖူး၊ ကျနော်တို့ငယ်ငယ်ဘဝက ဒီအသီးလေး တွေနဲ့အတူ ကြီးပြင်း လာခဲ့ရတော့ မမေ့ဖူး၊ ငယ်ငယ်က Text books အသစ် လေးတွေ ရတော့ အဖုံးလေးတွေ ဟောင်းသွားမှာ ကိုစိုးရိမ်မိခဲ့တယ် ၊ အသစ်အခြေအနေ မှာဘဲ အဖုံးဖုံးခဲ့ကြတယ်၊ အဖုံးဖုံးရင် ကော်အတွက် ဒီအသီးအမှည့်လေး တွေကိုခူးရတယ်၊ ပြီးတော့ အသီးထဲက စေးကပ်ကပ် ကြည်လင်သော ကော်ကို အသုံးပြုခဲ့ရတယ်၊ ဒါ့ကြောင့်လည်း ဒေသအခေါ် သနပ်သီးပင် ဒါမှမဟုတ် ကော်သီးပင်လို့ခေါ်ကြတယ်၊ India လိုနေရာ ဒေသတွေမှာ office ကော်အဖြစ် ဒီအစေးကိုသုံးကြတယ် ၊
သနပ်ပင်က အပင်ကြီး tree ဖြစ်ပြီး borage family ခေါ် Boranginaceae မျိုးရင်း ထဲမှာပါပါတယ်၊ ဒီအပင်လေးရဲ့ မူရင်းဒေသက Indomalaya ecozone, northern Australia, and western Melanesia တို့ဖြစ်ကြပေမဲ့ အခုတော့ နေရာအနှံ့ ပြန့်နှံ့နေပြီ ဖြစ်ပါတယ်၊ အညာမှာတော့ နေရာအနှံ့ ပေါက်သောအပင်ပါ ၊ ဒီအပင်ရဲ့ Common names ကအများသား .wiki မှာဖော်ပြထားတာကတော့ fragrant manjack, snotty gobbles, glue berry, anonang, pink pearl, bird lime tree, Indian cherry, लसोड़ा Lasoda Tenti टेंटी, Dela डेला or Gunda (Hindi), Lasura (Nepali) and Bhokar(Marathi), phoà-pò·-chí (破布子), 樹子仔, or 樹子 in Taiwan တို့ဖြစ်ကြတယ်၊
အပင်က အတော်အသင့်ကြီးသော ရာသီ အရွက်ကြွေသော အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ greyish brown အရောင်ရှိ အခေါက်များနဲ့ တံဆာဆင်ထားပါတယ်၊ ပန်းခိုင်က dichotomous cyme ဖြစ်တယ်၊ဒါ့ကြောင့်လည်း species name ကို dichotoma ပေးတာဖြစ်မယ်၊ ပန်းပွင့်လေးတွေက အဖြူရောင်ဖြစ်ပြီး လိင်စုံ bisexual flowers ပန်းလေး တွေဖြစ်ကြတယ်၊ ထူးခြားတာက ရိုးတံတိုပြီး ပန်းလေးတွေက ညမှဘဲပွင့်ကြတယ်၊ အသီးလေးတွေက ပုံထဲကအတိုင်း လုံးဝန်းနေပြီး ပြောင်လက်နေတယ်၊ အသီးရင့် မှည့်လာရင် yellow or pinkish-yellow အရောင်ပြောင်းပါတယ် the pulp က စေးကပ်သော viscidများပါတယ်။
အသီးအစိမ်းလေးတွေ အချဉ်တည်ပြီး စားကြသလို တိရိစ္ဆာန် အစာအနေနဲ့လည်း သုံးကြတယ်၊ အရွက်တွေကတော့ အကောင်းဆုံး ကျွဲနွား အစာဖြစ်ပါတယ် ၊ seed kernel ထဲမှာတော့ ဆေးဝင်သော ပစ္စည်း များပါဝင်ပါတယ်၊ အရွက်နုလေးတွေခူးပြီး မန်ကျီးရွက် ငါးဇင်ရိုင်းချက်စားလျှင်အလွန်ကောင်း
ကြောင်း ဆရာကြီးဦးစိုးမြင့် (ပါချုပ်ငြိမ်း ပခုက္ကူ တက္ကသိုလ်) ပြောပြလို့သိခဲ့ရတယ်၊ သနပ်ဖူးချဉ်ကလည်း အလွန်ကောင်းသော အညာ၏ ဟင်းလျာတခွက် လို့လည်းသိရပြန်တယ်၊
နောက်တပင်ကတော့ သနပ်ဖက်ပင်ဖြစ်ပါတယ်၊ မနှစ်က သနပ်ဖက်ပင်အကြောင်း ရေးမိတော့ မြန်မာစာပါမောက္ခ ဒေါက်တာအောင်နေမျိုး (ကလေးတက္ကသိုလ်)က ဒီကဗျာလေး လှမ်းပို့တယ်
မဝယ်ဘူး...မယ်ခူးတဲ့ဖက်စို။ မီးမကူ နေပူမှာ မကင်အားတာမို့. ထားရတယ်အိပ်ရာအောက်မှာကွယ် မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနဲ့ကိုက်လို့တို မချိုတောင့်လိပ်ဆေး။
ပိုးမပါ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နဲ့. ငယ်ချစ်မောင်ရွှေဝသွားကို ပါးလိုက်ရဲ့လေး။ ။
ခုတော့ဆရာကြီးလည်း ကလေးမှာပျော်နေလောက်ဘီ
သနပ်ဖက်
Cordia myxa L.
Family. Boranginaceae
သနပ်ပင်နှင့်မတူပါဘူး သူကတော moderate sized tree ဖြစ်ပါတယ်၊ ခွန်အာကာ ရဲ့ facebook ကပုံလေးတွေမှာဆို အပင်တွေက အရမ်းမကြီးပါဘူး၊ ခူးရလွယ်အောင် တမင်ခုတ်ထားတာလည်းဖြစ်မှာပါ၊ ရှမ်းပြည်တခွင်မှာ အများဆုံးတွေ့နိုင်ပြီး ၊ ပအိုဝ် လူမျိုးတွေက စီးပွားဖြစ်စိုက်ကြတယ်၊ မြောက်ပိုင်းရှမ်းပြည်မှာစိုက်သော်လည်း တောင်ပိုင်းမှာစီးပွားဖြစ်ပိုစိုက်ကြတယ်၊ နှစ်စဉ်အရွက်ကြွေသောအပင်ဖြစ်ပြီး ထွက်လာသောအရွက်ကိုသာ အသုံးပြုကြပါတယ်၊ တိုင်းရင်းသားများက အပင်ကိုနှစ်စဉ်ခုတ်ကာ အရွက်ကိုသာ ထုတ်ယူကြသည်၊ ရှမ်းပြည်ဖက်တွင် သနပ်ဖက် အပင် ၂ မျိုးရှိသည် အရိုင်းမျိုးနှင့် အယဉ်မျိုးဖြစ်သည်၊ အရိုင်းမျိုးကအရွက်တွေက ရွက်သားထူပြီးကြမ်းသည်၊ အရည်အသွေးညံသောကြောင့် ရောင်းဝယ်ဖောက်ကားမှုမပြုကြပါ၊ အယဉ်မျိုးအရွက်က ပါးပြီးချောသည် ဆေးလိပ်လိပ်ရာတွင်ကြွတ်ဆပ်ခြင်းမရှိပါ၊
အရွက်တွေက ရွက်ထီး ရွက်လွှဲ ထွက်ကြတယ်၊ ရွက်စွယ်ကင်းမဲ့ကြတယ်၊ ရွက်ပြားပုံစံက ovate ကနေ suborbicular ရှိကြတယ်၊ ရွက်နားတွေက တခါတရံ ညီညာပေမည့် တခါတရံ repan crenate သို့မဟုတ် dentate ဖြစ်နေတယ်၊ နုစဉ်ကာလမှာ အမွှေးတွေရှိကြတယ်၊ ပန်းခိုင်က axillary or terminal paniculate dichasial cyme ဖြစ်တယ်၊ ပန်းပွင့်တွေကအဖြူရောင်ဖြစ်ပြီး လိင်စုံကြတယ်၊ အထက်တည်မ ဖြစ်ပြီးရနံ့ရှိတယ်၊ calyx နှင့် corolla တွေက campanulate ရှိပြီး အဝိုက် ၅ ခုစီရှိကြတယ်၊ ဝတ်ဆံဖို ၅ ခုပါပြီး corolla tube အဝကိုတွယ်ကပ်နေတယ်၊ အစေ့အိမ်ကိုဖြတ်ကြည့်ရင့် အခန်းလေးခန်းရှိပြီးတခန်းစီမှာအစေ့လောင်းတစေ့စီတွေ့ရတယ်၊ အသီးပုံစံက အထက်ကဖော်ပြခဲ့သော သနပ်သီး (ကော်သီး) နှင့်ပုံစံအတူတူပင်ဖြစ်ပါတယ်၊
အသုံးပြုပုံ
သနပ်ဖက်အရွက်ကအခြားအရွက်တွေနှင့်မတူပါ၊ ကျယ်ပြန့်သော ဘဲဥ ပုံစံအရွက်ဖြစ်ပြီး အရွက်ကိုလိပ်ရုံဖြင့် အလွယ်တကူ မကျိုးပဲ့နိုင်ပါ၊ ဒါ့ကြောင့်လည့် ဆေးလိပ်အဖြစ့် လိပ်ပြီးအသုံးပြုကြတာပါ၊ နောက်ပြီးအရွက်မှာ ထူးခြားသော ရနံ့ flavour ပါရှိနေပါတယ်၊ ဆေးဝင်ပုံ အနေဖြင့် သနပ်ဖက်အရွက်က ulcer, swelling, dry and cough, headache ရောဂါများကုသရာတွင် အသုံးပြုနိုင်တယ်လို့လည်း သိရတယ်၊
References
ခွန်အာကာ ၏ သနပ်ဖက်လုပ်ငန်း
Dr.YuYu Tin 2008, Ethnobotanical study on plant resources used in triditional believeness, PhD thesis, Mandalay University
tropical.theferns.info › viewtropical › id=...
Cordia dichotoma - Wikipedia, the free encyclopedia
Source: ဦးသက်နိုင်ဦး(မုံရွာတက္ကသိုလ်)

#သနပ်
#သနပ်ဖက်

ကြက်သဟင်းရွက် 🌿🌿🌿အကြောင်း🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿သတိထားရမှာ က ပျဉ်းတော်သိမ်အရွက်နဲ့မမှားစေချင်ပါဘူးတချိ ု့က မှားနေလို့ပါကြက်သဟင်းရွက်...
21/08/2021

ကြက်သဟင်းရွက် 🌿🌿🌿အကြောင်း
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
သတိထားရမှာ က ပျဉ်းတော်သိမ်အရွက်နဲ့မမှားစေချင်ပါဘူး
တချိ ု့က မှားနေလို့ပါ
ကြက်သဟင်းရွက်ကို ယောက်မဟင်းချိုရွက်
လို့လဲ ခေါ်ကြတယ်။
ကြက်သဟင်းပင်ကို ဆေးဖက်ဝင်တယ်၊
နေမကောင်းတဲ့သူတွေ၊ကလေးမီးဖွားတဲ့သူတွေ၊အသဲရောဂါဖြစ်တဲ့သူတွေအတွက်လည်းဓာတ်စာဖြစ်ပါတယ်။ သဲခြေကျောက်လည်းကျေတယ်ဆိုလို့ မကြာ ကြာဟင်းချိုချက်သောက်ဖြစ်ပေမယ့် ခုလောက်ဆေး
ဖက်ဝင်မှန်း သေခြာမသိခဲ့ဘူး။
🍃🍃🍃
ကျမ တို့ ကြက်သဟင်းပင်၏ ဆေးဖက်၀င်မှုများကို ဗဟုသုတအနေနဲ့ လေ့လာကြည့်ရအောင်နော်။
အာနိသင် ~
အရွက်မှာ အေး၏။ချိုသော အရသာရှိ၏။
လေလမ်းကို ဖြောင့်၍ ၀မ်းမီးကိုတောက်စေ၏။
ပိုးနား၊ အဆိပ်နာကို နိုင်၏။ကိုယ်ပူနာနှင့် သင့်၏။
အသည်းရောဂါများနှင့် အထူးသင့်လျော်၏။
အသုံးပြုပုံ ~
ကြက်သဟင်းရွက်အား ဟင်းချိုချက်၍ လည်း
ကောင်း၊ ကြော်ချက်စားခြင်း၊ အတို့အမြှုပ်အဖြစ် လည်းကောင်း ဟင်းလျာများတွင် စားသုံးကြသည်။
ကြက်သဟင်းမြစ်ကို သွေးသောက်ခြင်း၊
ပြုတ်သောက်ခြင်းဖြင့် သွေးတိုးကိုကျစေပါသည်။
နှလုံးတုန်၊ရင်တုန်ခြင်းကိုသက်သာစေပါသည်။
အဆိပ်ရှိသော ပိုးမွှားများ ကိုက်ခံရပါက ကြက်သဟင်းမြစ်ကို သွေးလိမ်းနိုင်ပါသည်။
ကြက်သဟင်းမြစ်ကို ဆန်ဆေးရည်နှင့် သွေးလိမ်းပါက ကြပ်သမာနှင့် အဖုအကျိတ်၊အနာပေါက်ရောဂါ များကို သက်သာပျောက်ကင်းစေသည်။ ကြက်သဟင်းအရွက်ကို ဟင်းခါးချက်သောက်၍
လည်းကောင်း သုံးပုံတစ်ပုံကြွင်းပြုတ်သောက်ခြင်းအားဖြင့် လည်းကောင်း အဖျားရောဂါကို သက်သာစေပါသည်။အဖျားကျစေပါသည်။ ကြက်သဟင်း ပဉ္စငါးပါးကို သုံးပုံတစ်ပုံ
ကြွင်း ကျန်အောင် ပြုတ်သောက်ခြင်းဖြင့် အသည်းရောင် အသားဝါရောဂါကို သက်
သာစေပါသည်။ကြက်သဟင်းရွက် ဟင်းချိုအဖြစ်လည်း စားသုံးနိုင်ပါသည်။
ပါ၀င်သော ဓါတုဓာတ်များ ~
အပင်တွင်ပါ၀င်သော ဓာတုဗေဒဓာတ်ပစ္စည်းများနှင့် ဆေးဝါးအဖြစ် အသုံး
ပြုနိုင်မှုကို ဓာတ်ခွဲစမ်းသပ်ခဲ့ပါသည်။ကြက်သဟင်းပင်၏ အရွက်၊ပင်စည်၊အမြစ်တို့
တွင် အလွန်အစွမ်းထက်သော အောက်ပါဓာတ်ပစ္စည်းများ ပါ၀င်၏။
ကြက်သဟင်းကို လက်တွေ့စမ်းသပ်သုတေသန ပြုမှုများ ~
၁။ ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို စမ်းသပ်ချက်
ဆီးလမ်းကြောင်းတွင် ကျောက်တည်မှုအဖြစ်များဆုံးသည် ကယ်စီယမ်
အောက်ဆီလိတ်ကျောက်တည်ခြင်း ဖြစ်သည်။ဆီးလမ်းကြောင်းအတွင်းတွင် အမျိုး
အစားမတူ ကွဲပြားသော ကျောက်တည်မှုများ ရှိနိုင်ပါသည်။ဆီးအတွင်း ကျောက်များ အစိုင်အခဲ ဖြစ်ပေါ်မှုသည် ဓာတ်ဆားအမျိုးမျိုး ဖွဲ့စည်းမှုကြောင့်ဖြစ်
၏။ကြက်သဟင်းဖြင့် ဆီးအိမ်ထဲ၌ ကယ်စီယမ် အောက်ဆီလိတ် ကျောက်များရှိ
သော ကြွက်များကို စမ်းသပ်ခဲ့ပါသည်။ကြက်သဟင်း အဆီအနှစ် ၅ မီလီဂရမ် ကို ၃၀ရက်
တိုက်ကျွေးခဲ့ရာ ကြီးသော ကျောက်များသေးငယ်၍ သေးသောကျောက်
များ ပျော်ကျစေကြောင်း ၂၀၀၆ ခုနှစ်တွင် ဘရာဇီး နိုင်ငံ၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ကြက်သဟင်းပင်ကို ဆေးဖက်၀င်အပင်အဖြစ်အသုံးပြုနိုင်မှု
၁။ ကျောက်ကပ်ကျောက်နှင့် သည်းခြေကျောက်ကို ပျော်ကျစေခြင်း၊
ကျောက်များထပ်မတည်ရန် ကာကွယ်ခြင်း(expels stones)
၂။ ကျောက်ကပ်လုပ်ငန်း လုပ်ဆောင်မှုကို ကူညီလုပ်ဆောင်ပေးခြင်း၊
ကျောက်ကပ်ကို အဆိပ်အတောက်မဖြစ်စေရန် ကာကွယ်၍ ကျောက်ကပ်လုပ်
မှု အရည်အချင်းကောင်းမွန်စေခြင်း၊ခန္ဓာကိုယ်အတွင်း အရည်များမျှတစေခြင်း
သန်မာမှုရှိစေခြင်း(supports kidneys)
၃။ ဆီးရွှင်စေခြင်း၊ယူရစ်အက်စစ်ကို လျော့နည်းစေနိုင်သည့်ပြင် ဆီး
ပိုသွားစေ၏။
၄။ ကိုက်ခဲနာကျင်မှု ပျောက်စေခြင်း
၅။ အသည်းကို အဆိပ်အတောက်ဖြစ်ခြင်းကာကွယ်၍ အသည်းသန်
မာစေခြင်း၊အရည်များအချိုးမျှတခြင်း၊အရည်အသွေး ကောင်းမွန်ခြင်း(အသည်းအင်
ဇိုင်း ဇီ၀ဓာတ်ကူပစ္စည်းများ မျှတမှုဖြစ်စေခြင်း
၆။ အသည်းကို အဆိပ်အတောက်ပြေစေခြင်း
၇။ တောင့်တင်းခြင်း၊တက်ခြင်း လျော့နည်းစေခြင်း
၈။ ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း
၉။ ဗိုင်းရပ်ိုးများဖြစ်သော အသည်းရောင်အသားဝါ အေ၊ဘီ၊စီ ရေယုန်
ရောဂါနှင့် ခုခံအားကျဆင်းမှု။ဗိုင်းရပ်စ်ပိုးများကို သေစေခြင်း
၁၀။ အစာကြေခြင်း
၁၁။ သွေးထဲတွင် သကြားဓာတ်လျော့စေခြင်း
၁၂။ သွေးဖိအားလျော့စေခြင်း၊သွေးတိုး ကိုလက်စထရောလျော့စေခြင်း
၁၃။ ဗက်တီးရီးယားပိုးများကို သေစေခြင်း။
သုတေသနပြုမှုအရ အထောက်အထားပြည့်စုံသော အသုံးပြုနိုင်မှုများ
၁။နာကျင်ကိုက်ခဲမှုပျောက်စေခြင်း
၂။ဗက်တီးရီးယားရောဂါပိုးဆန့်ကျင်ခြင်း
၃။အသည်းအဆိပ်အတောက်ဖြစ်မှု ဆန့်ကျင်ခြင်း
၄။အနာဖြစ်မှု ဆန့်ကျင်ခြင်း
၅။ကျောက်ကကပ်ကျောက်တည်မှု ဆန့်ကျင်ခြင်း
၆။ဌက်ဖျားကာကွယ်ခြင်း
၇။အသည်းကလာပ်စည်း ဆဲလ် များကိုကာကွယ်ခြင်း
၈။ရောဂါပိုးဆန့်ကျင်ခြင်း
၉။ဆီးသွားစေခြင်း
၁၀။အားတိုးဆေး၊အသည်းအားတိုးဆေး၊အစာကြေဆေး၊အသည်းကာကွယ်ခြင်း
သန်မာစေခြင်း၊သွေးတိုးရောဂါ၊ကိုလက်စထရောကျစေခြင်း
ကမ္ဘာတ၀န်း ကြက်သဟင်းကို အသုံးပြုမှုများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ဂျပန်-ကြက်သဟင်းအခြေ ာက်ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အထွေထွေ
ကျန်းမာရေး ကောင်းသည်ဟု ယူဆပါသည်။အသည်းရောဂါကို ဒိန်ချဉ်ရည်ဖြင့်
ရောသောက်ပြီး အစာမကြေ၊လေနာ၊၀မ်းကိုက်ရောဂါတို့ကို ရေနွေးကြမ်းအဖြစ်
သောက်သုံး၏။အရွက်အစိမ်းအညှစ်ရည်ကို ကြက်ဆူဆီဖြင့်ရောစပ်၍ မျက်စိ
ရောဂါအတွက် မျက်စိပတ်၀န်းကျင်တါင် လိမ်းကျံသည်
၂။ပြင်သစ်-အရွက်ကိုပြုတ်သောက်လျှင် သည်းခြေရည်များစေခြင်း၊အသည်းအား
တိုးဆေးအဖြစ်သုံး၏။
၃။အိန္ဒိယ-အရွက်စိမ်းရည်ကို ဆီးလမ်းကြောင်းရောဂါများ၊ဆီးချိုရောဂါများအတွက်
အသုံးပြု၍ အရွက်ခြောက်ကို ရေနွေးကြမ်းကဲ့သို့သွေးတိုးရောဂါများအတွက်သော်
လည်းကောင်း သောက်သုံး၏။
၄။ဖိလစ်ပိုင်-မီးဖွားပြီး အမျိုးသမီး များ အရွက်ပြုတ်ရည်ကို ရေချိုးခြင်းဖြင့် အရေ
ပြားပေါ်ရှိ ရောဂါပိုးမွှားများ ကုန်စင်စေသည်ဟု ယုံကြည်သည်။
၅။ထိုင်းနိုင်ငံ-အဖျားကျဆေး၊ဆီးဆေး၊ဌက်ဖျားဆေး၊အထွေထွေရောဂါကာကွယ်
ဆေးအဖြစ်သုံး၏။
၆။အနောက်အိန္ဒိယ-အစားစားလိုသောစိတ်ဖြစ်ပေါ်ဆေး၊ဆီးချိုရောဂါ၊ဆီးရောဂါ
ဌက်ဖျားရောဂါဆေးများအဖြစ် အသုံးပြု၏။ဂနို၊ညောင်းကျရောဂါများပျောက်ကင်း
ရန်အသုံးပြု၏။
( မူရင်းပို့စ်ပိုင်ရှင်အား Credit ပေးပါတယ် )

ဆီသတ်ရွက်လို့အလွယ်ခေါ်နေကြတဲ့ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါ နှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါ ကောင...
14/08/2021

ဆီသတ်ရွက်လို့အလွယ်ခေါ်နေကြတဲ့
ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါ နှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ သင်တို့ သိပါသလား…?
ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊ သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် များ ပါ၀င်ဧ။် ။
ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့ ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည် ။
ပျဉ်းတော်သိမ်ရွက်တွင် ပါ၀င်သော ဓာတ်တိုးတားဆီးမှုသတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။
ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကိုစားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။် ။
( ဆေးဖက်အသုံးဝင်ပုံ )
(ဆီးချိုရောဂါ)
ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ် နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။
(၃) လတိတိစားလျှင် ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်း
ထက်ဝက်ကျော် လျော့ချနိုင်ပါသည် ။
ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝြဖိုးခြင်း၊ သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင် သကြားဓာတ်ထွက်ရှိခြင်းကို
လုံးဝရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။
ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။
(တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက် ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)
( အစာမကြေခြင်း )
အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။
အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်းက်ို ပျောက်ကင်းစေပါဧ။် ။
(ဆံပင်ဖြူခြင်း )
အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထ်ိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။
(မျက်စေ့ရောဂါ)
ဗီတာမင်အေ များစွာပါ၀င်၍ ကြိတ်သောအရည်ကို သောက်ပေးခြင်းဖြင့် (သို့) အစိမ်းလိုက် တို့စရာအဖြစ်စားပါက မျက်စေ့အမြင် ကြည်လင်စေဧ။် ။
(ကိုယ်ဝန်ဆောင် ပျို့အန်ခြင်း)
ကိုယ်ဝန်ရှိခါစ အမျိုးသမီးများတွင် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝြေခင်း၊ အစားအသောက် အနံ့မခံနိုင်ခြင်း ၊ ဆာလောင်မှုမရှိခြင်း၊ ဆာလောင်သော်လည်း အစာစား၍ မရခြင်း တို့ဖြစ်တတ်ပါသည် ။
ပျဉ်းတော်သိမ် သတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ သံပုရာရည်(၂)ဇွန်း၊ သကြား(၁)ဇွန်းရောစပ်၍ နေ့စဉ် နံနက်တိုင်းသောက်ပါက
အထက်ပါ ရာဂါများ သက်သာပျောက်ကင်းနိုင်ပါသည် ။
(ခွဲစိတ်လူနာများ)
ခွဲစိတ်ကုသမှု ခံယူ၍ ဆုံးရှုံးခံရသည့် သွေးအားကိုပြန်လည်ဖြည့်တင်းန်ိုင်ရန် (သံဓာတ်) ကြွယ်ဝသည့် ပျဉ်းတော်သိမ်ရွက်ကို ကြိတ်၍ ဟင်းခါး(သို့) သီးစုံဟင်းနှင့် ရောနှော ချက်ပြုတ် စားပါက အမြန်ကျန်းမာလာနိုင်သည် ။
(၀မ်းချုပ်ခြင်း)
ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။
(ခံတွင်းပျက်ခြင်း)
အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရဧ။် ။
ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊ မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆား
အနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို ထမင်းဖြုနှင့် စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။
(စိတ်ပျံ့လွင့်ခြင်း)
အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်၊ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။
(ဒူလာသွေးဝမ်း)
ဒူလာသွေးဝမ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများ
အတွက် အရွက်ကို စားပေးပါက သက်သာစေပါဧ။် ။
(ဖျဉ်းဝေဒနာ)
ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။
သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။ ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍ ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါဧ။် ။
ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။ အရွက်နုကို အတ်ို့အမြှုပ်လုပ်စားပါ ။
ဟင်းခါးချက်သောက်ပါ ။ နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူဧ။်နည် း။)
(မြန်မာ့ဆေးကျမ်းများအရ)
အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးဧ။် ။
အရွက်ကို များစွာစားပါက ၀မ်းကိုသက်စေသည် ။
နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါကအဆိပ်ကို ပျယ်စေသည် ။
အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြုဧ။် ။
( ရည်ညွှန်းစာများ )
အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်
ဆရာတော်မြင့် (ငှက်ဖျား)
နေပြည်တော်ကျော်ကျာ်စိုး
မြန်မာ့ဆေးဝါးပင်များ
မှ ကောက်နုတ်ဖော်ပြပါသည် ။
Credit...Original Writer

အဆုပ်အားကောင်းစေသော အစားအစာ ၈ မျိုး--------------------------------------------၂၀၂၀ ခုနှစ်မှစပြီး ကမ္ဘာကပ်ရောဂါဖြစ်တဲ့ က...
29/07/2021

အဆုပ်အားကောင်းစေသော အစားအစာ ၈ မျိုး
--------------------------------------------
၂၀၂၀ ခုနှစ်မှစပြီး ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် အစာအဟာရနဲ့ ကိုယ်ခံစွမ်းအား ဆိုတာ ဘယ်လောက်အရေးကြီးလာပြီဆိုတာ လူတော်တော်များများ သတိထားမိလာခဲ့ကြပါတယ်။
အဆုပ်ကျန်းမာရေးအတွက် အသက်ရှုလေ့ကျင့်ခန်းတွေပုံမှန်လုပ်ခဲ့တဲ့လူတွေရဲ့အဆုပ်ဟာ GYM နှစ်ရှည်လများ လေ့ကျင့်ဆော့ကစားထားတဲ့လူလို ကျန်းမာသန်စွမ်းနေလို့ အလွယ်တကူ တိုက်ခိုက်ဖျက်ဆီးဖို့ ကိုရိုနာဗိုင်းရပ်က မတတ်နိုင်ပါဘူး။
ကျန်းမာနေတဲ့အဆုပ်ကို တိုက်ခိုက်ဖျက်ဆီးဖို့မလွယ်ကူဘူးဆိုတာ ပြန်လည်ကျန်းမာလာတဲ့လူတွေက သက်သေပါ။
ဒါတင်ပဲလားဆိုတော့ … အစာအဟာရကလည်း အဆုပ်ကျန်းမာရေးအတွက် အထောက်အပံ့အများကြီး ဖြစ်နေပြန်ပါတယ်။
ဒီတော့ အဆုပ်ကျန်းမာရေးအတွက် အဟာရဖြစ်စေတဲ့ အစားအသောက်မြောက်များစွာထဲက တကယ်လိုအပ်ပြီး လက်လှမ်းမှီတဲ့ အဟာရ(၈)မျိုးကို ဖော်ပြလိုပါတယ်။
------------
ကြက်သွန်ဖြူ
-------------
ကြက်သွန်ဖြူမှာ anti-oxidant ဂုဏ်သတ္တိများပါဝင်နေသည့်အတွက် ပန်းနာရင်ကျပ်ရောဂါ၊ အဆုပ်ရောင်ရောဂါကို သက်သာပျောက်ကင်းစေပါတယ်။
လေ့လာချက်များအရကြက်သွန်ဖြူဟာ အဆုတ်ကင်ဆာလူနာကိုပင် ကင်ဆာဆဲလ်များပျက်စီးစေပြီး ဆဲလ်အသစ်ပြန်လည်ဖြစ်ပေါ်လာစေသည့် အကျိုးရလဒ်များကို တွေ့ရှိခဲ့ကြပါတယ်။
-----
နနွင်း
------
နနွင်းမှုန်၌တွေ့ရသော Curcumin ဓါတ်သည် ရောင်ရမ်းမှုနှေးကွေးသောဂုဏ်သတ္တိသည် အဆုပ်ရောင်ရောဂါအတွက်လည်း များစွာအကျိုးသက်ရောက်မှုရှိပါတယ်။
fibrosis နှင့် Curcumin ဓါတ်ပေါင်းတို့က ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ အဆုတ် လေလမ်းကြောင်းရောင်ရမ်းခြင်းနှင့်ရင်ကျပ်ရောဂါနှင့်ဆက်စပ်နေသည့်ရင်ဘတ်တင်းကျပ်ခြင်းတို့မှ သက်သာစေရန်ကူညီပါတယ်။
-----
ဂျင်း
-----
ဂျင်းတွင် ပါဝင်သော Bronchodilation ဓါတ်ပေါင်းသည် ရောင်ရမ်းမှုကိုကျစေပြီး ချွဲကိုပျော်စေသော ဓါတ်ပေါင်းဖြစ်သောကြောင့် အဆုပ်ကိုများစွာ အကျိုးဖြစ်စေပါတယ်။ ( ဂျင်းပြုတ်ရေများကို ခပ်များများသောက်ခြင်းသည် ဘေးထွက်ဆိုးကျိုးကိုဖြစ်စေပြီး သွေးတိုးရောဂါရှိသူများအတွက် မသင့်တော်ပါ)
ငါး
ငါးတွင်ပါဝင်သော Omega 3 နှင့် fatty acids သည် အဆုပ်ရောင်ရမ်းခြင်းကိုလျော့ကျစေပြီး ရာသီပေါ်တုတ်ကွေးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
------------
သစ်ကြားသီး
------------
သစ်ကြားသီးတွင်လည်း Omega 3 နှင့် fatty acids ပါဝင်သည်။ ငါးမစားချင်သူများအတွက် သစ်ကြားသီး တစ်နေ့ ၅ လုံးခန့်ပုံမှန်စားသုံးပေးပါက နာတာရှည်အဆုပ်အားနည်းသူများပင် ပြန်လည်ကျန်းမာလာသည်ကို လေ့လာတွေ့ရှိချက်အသစ်များတွင် တွေ့နိုင်သည်။
-----
ရေ
-----
ရေသောက်နည်းလျင် အဆုပ်ခြောက်သွေ့နိုင်ပြီး ချောင်းဆိုးခြင်းအပြင် အဆုပ်ရောဂါများအလွယ်တကူ ဝင်ရောက်နိုင်သည်။ နေ့စဉ် ရေ ၈ ခွက်သောက်သုံးပေးခြင်းဖြင့်လည်း အဆုပ်ကို စိုစွတ်အားကောင်းစေပါတယ်။
အချဉ်ဓါတ်ပါသောသစ်သီးများ
အထူးသဖြင့် သံပုရာသီးနှင့် လိမ္မော်သီးများသည် အလွန်အံ့သြဖွယ်ကောင်းသော antioxidants အရင်းအမြစ်ဖြစ်ပြီး ဗီတာမင်စီကလည်း ခုခံအားကိုမြှင့်တင်ရန်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှုကိုတိုက်ဖျက်ရန်ကူညီပေးပါတယ်။
ဗီတာမင်စီကြွယ်ဝသောအသီးများသည် ကလေးငယ်များတွင်အသက်ရှူကျပ်ခြင်းကိုလျော့နည်းစေပြီး အဆုတ်၏လုပ်ဆောင်မှုများကိုပိုမိုကောင်းမွန်စေပါတယ်။
------------
ကြက်သွန်နီ
-------------
ကြက်သွန်နီတွင် ကြက်သွန်ဖြူကဲ့သို့ပင် အဆုပ်ရောင်ရမ်းမှုနှင့် ချောင်းဆိုးခြင်းကို လျော့ကျစေတဲ့ ဓါတ်ပေါင်းများပါဝင်တဲ့ မီးဖိုချောင်းသုံး ဆေးတလက်ဖြစ်ပါတယ်။
-------
ဖယုံစေ့
--------
အဆုပ်ကင်ဆာသမားတစ်ဦးကို ဓါတ်ရောင်ခြည်ကုထုံးမကုသခင်နှင့် ကုသပြီးတွင် ဖယုံစေ့အဆီကို စားသုံးစေသည်။ ထို့နောက် မစားသုံးသောသူနှင့် ထိရောက်မှုကိုနှိုင်းယှဉ်သောအခါ ရလဒ်မှာ မစားသုံးသူထက်ပိုမိုထိရောက်စွာ ကုသနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။
-------
ပန်းသီး
--------
နေ့စဉ်ပန်းသီးတစ်လုံး ပုံမှန်စားသုံးပေးခြင်းက ကိုယ်ခံအားနှင့် အဆုပ်ကျန်းမာရေးအတွက် အထောက်အကူတစ်ရပ်ဖြစ်ကြောင်း အဟာရပညာရှင်များက ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ပန်းနာရပ်ကြပ်ရောဂါသည်များကို အုပ်စုခွဲပြီး ပန်းသီးကိုစားသုံးစေခဲ့ရာ မစားသုံးသူများထက် အဆုပ်ပြန်လည်ကျန်းမာလာသည်ကိုတွေ့ရသည်။
( အစာလည်းဆေး ဆေးလည်းအစာ )

Address

Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+66988391772

Alerts

Be the first to know and let us send you an email when အစာလည်းဆေး ဆေးလည်းအစာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အစာလည်းဆေး ဆေးလည်းအစာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram