Moe Hein Pharmacy

Moe Hein Pharmacy Services with a smile�

25.3.2025 မှ 30.3.2025 ထိပဲမို့ သာကေတ ဆိုင်ခွဲမှာ Promotion ရယူနိုင်ပါပြီနော်😀09250003004
25/03/2025

25.3.2025 မှ 30.3.2025 ထိပဲမို့ သာကေတ ဆိုင်ခွဲမှာ Promotion ရယူနိုင်ပါပြီနော်😀
09250003004

Summer Promotion ( နွေရာသီပရိုမိုးရှင်း ) လာပါပြီ…🌞❤️

ပူပြင်းလှတဲ့နွေရာသီမှာ Heart Q ကို အိမ်နေပဲ ဝယ်ယူသောက်သုံးချင်တဲ့ ချစ်ကာစတန်မာများ အတွက် အရမ်းတန်တဲ့ ပရိုမိုးရှင်းတွေနဲ့အတူ လက်ဆောင်တွေလဲ ရရှိသွားမယ့် အစီအစဉ်လေးလာပါပြီ။နှလုံးသွေးကြောအတွင်း မကောင်းတဲ့အဆီများ စုပုံခြင်းကိုတားဆီးပေးခြင်း
နှလုံးသွေးကြောကျဥ်းခြင်းကို ကာကွယ်ပေးခြင်း ၊ နှလုံးစည်းချက်မမှန်ခြင်း၊ နှလုံးခုန်မမှန်ခြင်းကို သက်သာစေခြင်း ၊ နှလုံးရောဂါသမားများ ရုတ်တရက် နှလုံး အမောဖောက်ခြင်းအန္တရာယ်ကို လျော့ကျပေးခြင်းတို့ကိုပြုလုပ်ပေးတဲ့ အပြင် နှလုံးတွက် လိုအပ်တဲ့ အာဟာရတဲ့များကိုဖြည့်တင်းပေးတဲ့
Heart Q ကို မတ်လအတွင်း ဝယ်ယူမယ်ဆိုရင်တော့ ရရှိနိုင်မယ့် ပရိုမိုးရှင်းလေးတွေက -

❤️ Heart Q ( ၃ ) ဘူး ဝယ်ယူပါက ထီးတစ်ချောင်း လက်ဆောင်ရရှိမှာဖြစ်ပါတယ်

❤️ Heart Q ( ၅ ) ဘူး ဝယ်ယူပါက ထီးတစ်ချောင်း နှင့် Cashback ( ၁၀၀၀၀ ကျပ် ) ပြန်လည်ရရှိမှာဖြစ်ပါတယ်

❤️ Heart Q ( ၆ ) ဘူး ဝယ်ယူပါက ထီးနှစ်ချောင်း , Cashback ( ၁၀၀၀၀ ကျပ် ) နှင့် အတူ Deli Free နဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်

ပရိုမိုးရှင်းကာလလေးကတော့ မတ်လ တစ်လလုံး ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး အွန်လိုင်းမှ တစ်ဆင့် အိမ်အရောက် ငွေချေစနစ်နဲ့ Heart Q Myanmar Page မှာဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်...
ဆေးဘူးများများ ဝယ်မယ်တွေးထားရင်တော့ မတ်လ တစ်လ လုံးအတွင်း Heart Q Myanmar Page Message Box အပြင် 09 448020476 သို့လဲ ဆက်သွယ်ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ။
အရမ်းတန်တဲ့ နွေရာသီ ပရိုမိုးရှင်းကို လက်လွတ်မခံပဲ ဝယ်ယူနိုင်အောင် Page ကို Like & Follow လုပ်ထားဖို့တော့လိုမယ်နော် ❤️
#နှလုံးဖြည့်စွက်စာ

ဆီးချိုစစ်တဲ့စက်တွေ ပေါလာတော့ အိမ်တိုင်းလိုလိုမှာ စက်တွေ ရှိလာကြပါပြီ။ ဆီးချိုရောဂါ ကိုယ့်မှာ ရှိနေ/မနေ သိဖို့ပါ။၁။ည၁၀ န...
19/03/2025

ဆီးချိုစစ်တဲ့စက်တွေ ပေါလာတော့
အိမ်တိုင်းလိုလိုမှာ စက်တွေ ရှိလာကြပါပြီ။ ဆီးချိုရောဂါ ကိုယ့်မှာ ရှိနေ/မနေ သိဖို့ပါ။

၁။ည၁၀ နာရီ နောက်ပိုင်းဘာမှ မစားဘဲ မနက် ၆နာရီ လက်ထိပ်သွေးဖောက်စစ်လို့
ရလာတဲ့ အဖြေက

FBS က 6.1 mmol/L (110 mg/dl )အောက်ဆို ကောင်းပါတယ်။ဆီးချိုရောဂါ မရှိပါ။

FBSက ≥ 6.1 mmol/L - 7 mmol/L [110 mg/dl – 126 mg/dl ]အတွင်းရှိနေခဲ့ရင် ဆီးချို စဖြစ်နိုင်ချေ ရှိနေပြီး

FBS ≥ 7 mmol/L [126 mg/dl ]ကျော်နေရင် ဆီးချိုရှိနေပါပြီ။နောက်နေ့မနက် ထပ်ဖောက်ပြီး confirm ပါရန်။

၂။
အစာစားပြီး ၂ နာရီ အကြာမှာ စစ်တဲ့အခါ
7.8mmol/l[140mg/dl] အောက်ဆိုရင် ကောင်းပါတယ်။

RBS ≥ 7.8 mmol/L - 11.1 mmol/L [140 mg/dl – 200mg/dl ]ဆီးချို ဖြစ်ခါနီးပါပြီ။

RBS ≥ 11.1 mmol/L [200mg/dl ]ကျော်နေရင် ဆီးချို ဖြစ်ပါပြီ။(FBS ထပ်ဖောက်ပါရန်)

၃။သွေးကြောထဲမှ သွေးဖောက်ပြီး ဟေမိုဂလိုဘင် စစ်ဆေးလိုက်တဲ့အခါ (HbA1c)
HbA1c 6 %အောက်ဆိုရင် ကောင်းပါတယ်။
HbA1c ≥ 6 % - 6.4% အတွင်းရှိရင် ဆီးချို ဖြစ်ချင်နေပါပြီ။

HbA1c ≥ 6.5 ကျော်နေရင်
ဆီးချိုရှိနေပါပြီ။

Credit
#ဟမ်စိုင်း(ဆေး-မန်း)

ခန္ဓာကိုယ်ပေါ်မှာ အသားရေမညီညွတ်ခြင်း၊နေလောင်ဒဏ်ကြောင့် အမဲစက်တွေဖြစ်ခြင်း၊ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် အရေပြားယား...
17/03/2025

ခန္ဓာကိုယ်ပေါ်မှာ အသားရေမညီညွတ်ခြင်း၊နေလောင်ဒဏ်ကြောင့် အမဲစက်တွေဖြစ်ခြင်း၊ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် အရေပြားယားယံစေခြင်း၊အကြောပြတ်ရာများ၊ဝက်ခြံအမာရွတ်၊
အသားရေခြောက်၍ ဖနောင့်ကွဲခြင်း၊စိတ်ဖိစီးမှု့၊ဟော်မုန်းအပြောင်းအလဲနှင့်ရာသီဥတုပတ်ဝန်းကျင်ပြောင်းလဲမှု့များကြောင့်ဖြစ်ပေါ်လာသည့် အရေပြားဆိုင်ရာပြဿနာများအတွက် စိတ်ညစ်နေရင် ရှာစောင်းလက်ပတ်ကနေ ထုတ်ပြီးVitamin E ပါဝင်သည့် လေး ရှိပါတယ်နော် 🤩🤩

နေ့စဉ်ရေချိုးပြီးပါက မိမိလိမ်းချင်သည့် နေရာများကို ပုံမှန်လိမ်းပေးပါ 💃🏼💃🏼
တွေထဲမှာ Moisturizing cream အနေနဲ့လည်း အသုံးပြုလို့အရမ်းကောင်းပါတယ်😍

🤩
09254067753
09250003004

25/02/2025

𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀
အသည်းရောင်အသားဝါ အေ ရောဂါ

🦠 အသည်းရောင်အသားဝါ အေ ရောဂါသည် HAV ဗိုင်းရပ်စ်ပိုး (Hepatitis A virus) ကူးစက်ခံရခြင်းကြောင့် အသည်းရောင်ရမ်းပြီး အသည်း၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

🍀 ရောဂါပိုးကူးစက်ခံရသူ အများစုသည် အလိုအလျောက် ပြန်လည်သက်သာကောင်းမွန်လာပြီး ရာသက်ပန် ကိုယ်ခံစွမ်းအားကို ရရှိစေနိုင်သည်။ သို့သော် လူအနည်းစုသည် ပြင်းထန်ဆိုးရွားသော အသည်းရောင်ခြင်းမှတစ်ဆင့် အသက်သေဆုံးသည်အထိဖြစ်ပေါ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့် ရေသန့်ရှင်းမှုတို့ရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သည်။

________________________________________

🎯 ဖြစ်ပေါ်ရသောအကြောင်းရင်းများ

HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို အခြားသူတစ်ယောက်မှ စားသုံးမိခြင်းကြောင့် ပါးစပ်မှတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်‌ရောက်ကာ ကူးစက်ခြင်း (f***l oral transmission) ဖြစ်သည်။ ထို့အပြင် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခြင်းကြောင့်လည်း ကူးစက်နိုင်သည်။ သို့သော် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် လေထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။

________________________________________

📌 ကူးစက်နိုင်သော နည်းလမ်းများမှာ

⬩ ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို စားသောက်မိခြင်း
(အညစ်အကြေးစွန့်ပြီးနောက် လက်ကို စင်ကြယ်စွာမဆေးကြောဘဲ အစားအသောက် ချက်ပြုတ်ပြင်ဆင်ခြင်း၊ စားသောက်ခြင်းမှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်သည်)

⬩ မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြုခြင်း

⬩ ညစ်ညမ်းသော စွန့်ပစ်ရေများမှ ဖမ်းယူထားသည့် ပင်လယ်စာများကို ကောင်းစွာ ချက်ပြုတ်ဆေးကြောခြင်း မပြုဘဲ အစိမ်းစားခြင်း

⬩ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း (အထူးသဖြင့် စအိုလမ်းကြောင်း၊ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်သူများ)

⬩ ရောဂါပိုးရှိနေသော အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် ပါးစပ်ကို လက်ဖြင့်ထိမိခြင်း
(ဗိုင်းရပ်စ်ပိုးသည် အရာဝတ္တုမျက်နှာပြင်များပေါ်တွင် လပေါင်းအနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်သည်)
________________________________________

🚨 အသည်း‌ရောင်အသားဝါ အေ ရောဂါပိုးကူးစက်နိုင်ခြေများသူများမှာ

⬩ ရောဂါပိုးရှိသူနှင့် တစ်အိမ်တည်းအတူနေသူများ
⬩ ‌ရောဂါပိုးရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်နေရသူများ
⬩ လူဦး‌ရေထူထပ်များပြားသော နေရာဒေသတွင် နေထိုင်သူများ
⬩ အိမ်ယာမဲ့နေထိုင်သူများ
⬩ အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
⬩ အညစ်အကြေးစွန့်ပစ်သည့်စနစ် လုံလောက်အောင် သန့်ရှင်းမှု မရှိသော၊ သန့်စင်ဆေးကြောရမည့် ရေအလွယ်တကူ မရရှိနိုင်သော နေရာဒေသများတွင် နေထိုင်လုပ်ကိုင်ကြသူများ
⬩ လိင်တူဆက်ဆံသူများ
⬩ အသည်းရောင် အသားဝါ အေ အဖြစ်များသော နေရာဒေသများသို့ ခရီးသွားသူများ၊ အလုပ်လုပ်သူများ
⬩ မူးယစ်ဆေးဝါး အသုံးပြုသူများ
⬩ ကျန်းမာရေးဝန်ထမ်းများ
________________________________________

⚠️ ရောဂါလက္ခဏာများ

အဖြစ်များသောရောဂါလက္ခဏာများမှာ

● ပုံမှန်မဟုတ်သော နုံးချည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
● ပျို့အန်ခြင်း
● ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း
● အစာစားချင်စိတ်မရှိခြင်း
● အရေပြားနှင့် မျက်လုံးဝါခြင်း
● ကိုယ်ပူခြင်း၊ ဆီးအရောင်ရင့်ရင့်သွားခြင်း၊
● ဝမ်းအရောင်ဖျော့ခြင်း တို့ဖြစ်ကြသည်။

🚫 ထိုရောဂါလက္ခဏာများသည် သာမန််မျှသာဖြစ်လေ့ရှိပြီး ရက်သတ္တပတ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားနိုင်သော်လည်း လူအနည်းစုတွင် အသည်းလုပ်ငန်း စွမ်းဆောင်ရည် ရုတ်တရက် ထိခိုက်ပျက်စီးနိုင်သည်။ 🚫

________________________________________

💡 ရောဂါရှာဖွေခြင်း

အထက်ပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်လျှင် သွေးစစ်ဆေးခြင်း (HAV ဗိုင်းရပ်စ်ပိုး ပဋိပစ္စည်း စစ်ဆေးခြင်း၊ ဗိုင်းရပ်စ်ပိုးကောင်စစ်ဆေးခြင်း (RT-PCR)၊ အသည်းလုပ်ငန်းစွမ်းဆောင်ရည်စစ်ဆေးခြင်း) ပြုလုပ်၍ ရောဂါရှာဖွေပြီး ကုသမှုခံယူနိုင်သည်။

________________________________________

🏥 ကုသခြင်း

အသည်းရောင်အသားဝါ အေ ရောဂါအတွက် သီးသန့် ကုသမှုမရှိသော်လည်း ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် နေအိမ်၌ပင် ကုသမှုခံယူနိုင်သည်။

● လုံလောက်အောင် အနားယူခြင်း
● အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
● ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည်များများ သောက်ခြင်း
● အရက်သောက်ခြင်းနှင့် မလိုအပ်သော ဆေးဝါးများသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း

⚠️ ရောဂါပိုးဝင်‌ရောက်ပြီးနောက် ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း သက်သာလာသော်လည်း အပြည့်အဝ သက်သာပျောက်ကင်းနိုင်ရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာလျှင် သို့မဟုတ် ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းလက္ခဏာများ (ဥပမာ - မှိန်းခြင်း၊ သတိလစ်ခြင်း၊ သွေးအန်ခြင်းစသည်များ) ဖြစ်ပေါ်လာလျှင် ဆေးရုံတက်၍ စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်သည်။ ⚠️

________________________________________

🛡️ ကာကွယ်ခြင်း

အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်ရန်

● ပတ်ဝန်းကျင်နှင့် တစ်ကိုယ်‌ရေသန့်ရှင်းမှု ကောင်းအောင်နေထိုင်ခြင်း

● သန့်ရှင်းသော အစားအစာနှင့် ရေများကိုသာ စားသောက်ခြင်း

● ဘေးကင်းလုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းများကို အသုံးပြုခြင်း

● ကာကွယ်ဆေးထိုးခြင်းတို့သည် အထိရောက်ဆုံးသော ကာကွယ်ရေးနည်းလမ်းများ ဖြစ်သည်။
________________________________________

💉 ကာကွယ်ဆေးထိုးခြင်း

အသည်းရောင်အသားဝါ အေ ရောဂါပိုးနှင့် ထိတွေ့မှုမရှိခင် ကြိုတင်ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်သည့်အပြင် ကာကွယ်‌ဆေးမထိုးထားသောသူများတွင် ရောဂါပိုးနှင့် ထိတွေ့မှုရှိပါက (၂)ပတ်အတွင်းတွင် ကာကွယ်ဆေး (သို့မဟုတ်) ကာကွယ်ဆေးနှင့်အတူ ပဋိပစ္စည်းပူးတွဲထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:

𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#အသည်းရောင်အသားဝါ‌အေ #အသည်းရောင်

24/02/2025

Hepatitis A အသည်းရောင်အသားဝါရောဂါအကြောင်းသိကောင်းစရာ
••••••••••••••••••••••••••••••••••••••••••••••••••••••••

ယခုဆောင်းပါးမှာ ရေးသားဖော်ပြပေးချင်တာကတော့ Hepatitis A Virus အကြောင်းဖြစ်ပါတယ်။ Hepatitis A Virus ဆိုတာကတော့ အသည်းရောင်၊အသားဝါရောဂါ ကိုဖြစ်စေတဲ့ hepatitis virus တွေထဲက တစ်မျိုးဖြစ်ပါတယ်။ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပြီးတော့ အသည်းကို ရောင်ရမ်းစေပါတယ်။ Hepatitis A ရောဂါဟာ မသန့်ရှင်းတဲ့ အစားအစာ၊ ရေ တို့ကနေ ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးရှိတဲ့ လူ၊ ပုဂ္ဂိုလ်၊ အရာဝတ္ထု တို့နဲ့ နီးကပ်စွာထိတွေ့မိခြင်းကနေလဲ ကူးစက်နိုင်ပါတယ်။

Hepatitis A လို့ခေါ်တဲဲ့ အသည်းရောင်၊အသားဝါရောဂါ Aပိုးဖြစ်ပြီဆိုရင် Mild Case အပျော့စားဆိုရင်တော့ စိတ်မပူရပါဘူး။ များသောအားဖြင့် Hepatitis A ရောဂါဖြစ်တဲ့သူတွေက အသည်းကို နာတာရှည်ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုမရှိပဲနဲ့ ပြန်ကောင်းတတ်ကြပါတယ်။

💠Hepatitis A Virus ကူးစက်ခံရစေသော အကြောင်းအရင်းများ...................................................................................

Hepatitis A ဟာ မစင်မှတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ ဆေးပညာအရတော့ Fecal-oral transmission လို့ခေါ်ပါတယ်။ ရောဂါပိုးရှိတဲ့ မစင်၊အညစ်အကြေးကနေ အနည်းငယ်သော အမှုန်အမွှားပမာဏလောက်ကပဲဖြစ်ဖြစ် အစားအသောက်၊ရေကနေတစ်ဆင့် ပါးစပ်ထဲကိုဝင်သွားတဲ့အခါမှာ ဒီရောဂါက ကူးစက်တတ်ပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ အစားအစာတွေ ရေတွေကို သောက်သုံးမိတဲ့အခါမှာ Hepatitis A virusကူးစက်ခံရပြီးတော့ အသည်းရောင်၊အသားဝါရောဂါတွေ ဖြစ်လာတာဖြစ်ပါတယ်။

ဒါ့အပြင် Hepatitis Aရောဂါပိုးရှိနေတဲ့သူတစ်ယောက်နဲ့ နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံမှုကနေလဲ အသည်း​ရောင်၊အသားဝါ Hepatitis A ဖြစ်စေနိုင်ပါတယ်။ ဒီ virus ဟာ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ်မှာ လအနည်းငယ်ကြာအောင် နေနိုင်ပါတယ်။

ဒီ virus ဟာ နှာချေခြင်း၊ ချောင်းဆိုးခြင်းတွေကနေတော့ မကူးစက်တတ်ပါဘူး။ မစင်ကအညစ်အကြေးဟာ နောက်ထပ်လူတစ်ယောက်ဆီကို အစားအသောက်တွေကနေတစ်ဆင့် ပါးစပ်ထဲကို တနည်းနည်းနဲ့ ရောက်သွားတော့မှသာ ကူးစက်စေတာဖြစ်ပါတယ်။

ဥပမာအနေနဲ့ ရောဂါပိုးရှိနေတဲ့သူတစ်ယောက်က အိမ်သာသွားပြီးတဲ့အခါ လက်ကို သေချာမဆေးကြောပဲနဲ့ အစားအသောက်ချက်ပြုတ်မယ်၊ အဲဒီအစားအစာကို နောက်တစ်ယောက်ကစားလိုက်မိမယ်ဆိုရင် ရောဂါဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားတွေရှိနေတဲ့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိရင်လည်း ရောဂါဖြစ်နိုင်ပါတယ်။

မသန့်ရှင်းတဲ့ရေထဲမှာ ပန်းကန်ခွက်ယောက်တွေ ဆေးကြောမိတာ၊ အသီးအနှံတွေကိုဆေးကြောမိတာဆိုရင်လဲ ရောဂါပိုးကူးစက်စေနိုင်ပါတယ်။

Virus ပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံခြင်းကလည်း ရောဂါပိုးကူးစက်စေပါတယ်။

💠Hepatitis A virus ကူးစက်ခံနိုင်ခြေမြင့်မားတဲ့ အချက်အလက်များ.…………………………….....................................................

▪️Hepatitis A ရောဂါအဖြစ်များနေတဲ့ နိုင်ငံ၊ နေရာဒေသတွေကို ခရီးသွားလာခြင်း၊ အလုပ်လုပ်ခြင်း

▪️Hepatitis A​ ရောဂါဖြစ်နေတဲ့သူနဲ့ အတူတကွနေထိုင်ခြင်း

▪️Hepatitis A ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမှုပြုခြင်း

▪️HIV ရောဂါပိုးရှိခြင်း

▪️အိမ်ခြေယာမဲ့ဘဝနှင့်နေထိုင်ရခြင်း

▪️Party Drug ဟုခေါ်သော မူးယစ်ဆေးဝါးများသုံးစွဲခြင်းစတဲ့အချက်တွေနဲ့ ကိုက်ညိီနေသူတွေဟာ Hepatitis A ရောဂါပိုး ဖြစ်နိုင်ခြေမြင့်မားပါတယ်။

💠Hepatitis A ရောဂါပိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ.......................…………………………..................................

အသည်းရောင်၊အသားဝါ ဖြစ်စေနိုင်တဲ့ virus ပိုးတွေအများကြီးထဲမှာ Hepatitis A က အလွန်စိုးရိမ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နာတာရှည်အသည်းရောင်ရောဂါဖြစ်နိုင်ချေနည်းပါးတဲ့အတွက်ပါ။ အင်မတန်ရှားပါးတဲ့ အခြေအနေမှာသာ Hepatitis A ဟာ ရုတ်တရက် အသည်းလုပ်ငန်းဆောင်တာပျက်စီးခြင်းများ ဖြစ်တတ်ပါတယ်။ အထူးသဖြင့်အသက်အရွယ်ကြီးရင့်သူများနှင့် နဂိုနာတာရှည်အသည်းရောဂါအခံရှိသူတွေမှာသယ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုမျိုး ရုတ်တရက်အသည်းပျက်စီးခြင်း(Acute Liver Failure) ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆေးရုံတက်ပြီးတော့ စနစ်တကျ ကုသမှုခံယူရမှာဖြစ်ပါတယ်။ လူနာအနည်းစုကတော့ Liver Transplant (အသည်းအစားထိုးခြင်း) ကိုပြုလုပ်ရတာမျိုး ရှိနိုင်ပါတယ်။

💠အသည်းရောင်၊အသားဝါ A ပိုး ကူးစက်ခံရပြီဆိုရင် ပြသမဲ့လက္ခဏာများ.............………….....……….....………..................................

Virus ပိုးနဲ့ ထိတွေ့ပြီး ရက်သတ္တပတ်အနည်းငယ်မှာ လက္ခဏာစပြပါတယ်။ ဒါပေမဲ့ Hepatitis A ရောဂါပိုး ရှိသူတိုင်းဟာ လက္ခဏာမပြပါဘူး။ ပြသတတ်တဲ့ လက္ခဏာတွေကတော့

▪️ပုံမှန်မဟုတ်ပဲနဲ့ နွမ်းနယ်နေခြင်း
▪️ပင်ပန်းသလိုခံစားနေရခြင်း
▪️အားမရှိခြင်း
▪️ရုတ်တရက်ပျို့အန်ခြင်း
▪️ဝမ်းလျှောခြင်း
▪️ဗိုက်အောင့်ခြင်း
▪️မအီမသာဖြစ်ခြင်း
▪️အထူးသဖြင့် ညာဘက်နံရိုးအောက်နာကျင်ခြင်း
▪️ရွံ့စေးရောင်(ဖြူဖြူ)သို့မဟုတ် ခဲရောင် ဝမ်းများသွားခြင်း
▪️အစားစားချင်စိတ်မရှိခြင်း
▪️အဖျားငွေ့ငွေ့ဖျားခြင်း
▪️ဆီးအရောင်ရင့်ခြင်း
▪️အဆစ်အမြစ် နာကျင်ခြင်း
▪️မျက်သားများနှင့် အသားအရေများ ဝါလာခြင်း
▪️အလွန်အမင်းယားယံခြင်းစသည့် လက္ခဏာတွေ ပြသတတ်ပါတယ်။ ဒီလက္ခဏာတွေကတော့ အပျော့စားတွေသာ ဖြစ်တာများပြီးတော့ ရက်သတ္တပတ်အနည်းငယ်မှာ ပြန်လည်ပျောက်ကင်းနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ Hepatitis A virus ခံစားရတဲ့အခါ ပြင်းထန်နာမကျန်းမှုမျိုးဖြစ်ပြီး လများစွာကြာသွားတာလဲ ရှိနိုင်ပါတယ်။

တကယ်လို့ အခုလိုမျိုး လက္ခဏာတွေပြသနေခဲ့ပြီဆိုရင် ဆရာဝန်နဲ့ပြသပြီးတော့ ဆေးကုသမှုကို ခံယူရမှာဖြစ်ပါတယ်။

💠Hepatitis A ရောဂါကို ကာကွယ်ခြင်း......................................................................................
Hepatitis A vaccine ထိုးထားခြင်းဟာ အသည်းရောင်၊အသားဝါA ပိုး ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်ပါတယ်။ ဒီကာကွယ်ဆေးကိုတော့ (၂)ကြိမ်ထိုးနှံလို့ ရပါတယ်။ ပထမအကြိမ် ထိုးနှံပြီး (၆)လအကြာမှာ booster shot ကိုထိုးနှံလို့ရပါတယ်။ Hepatitis A vaccine ကို Hepatitis B vaccine နဲ့အတူတကွလည်း ထိုးနှံလို့ရပါတယ်။ Vaccine Center များ၊ ဆေးခန်းများမှာဆရာဝန်များနဲ့တိုင်ပင်ပြီး ထိုးနှံနိုင်ပါတယ်။

💠Centers for Disease Control and Prevention(CDC) ကတော့ အောက်ဖော်ပြပါလူများကို Hepatitis A vaccine ထိုးနှံသင့်တယ်လို့ ညွှန်ကြားထားပါတယ်။

▪️အသက်(၁)နှစ်နှင့်အထက် ကလေးငယ်များ
▪️Hepatitis A အဖြစ်များသောနေရာမှာနေတဲ့မိသားစုများနှင့် Caregiver ပြုစုစောင့်ရှောက်သူများ
▪️Hepatitis A ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုရှိသူများ
▪️ဓာတ်ခွဲခန်းများတွင် အလုပ်လုပ်သူများ
▪️အမျိုးသားချင်း လိင်တူဆက်ဆံသူများ
▪️နာတာရှည်အသည်းရောဂါရှိသူများ အထူးသဖြင့် Hepatitis B, Hepatitis C ပိုးရှိသူများ စသဖြင့်ဖြစ်ပါတယ်။

Hepatitis A ရောဂါပိုးဟာ ပျံ့နှံ့ကူးစက်တတ်တယ်ဆိုပေမဲ့လဲ အလွန်အမင်း စိတ်ပူစရာ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ ကြိုတင်ကာကွယ်လို့ ရသလို အကယ်၍ဖြစ်လာပြီဆိုရင်လဲ လက္ခဏာများပြသတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆေးကုသမှုခံယူလို့ရပါတယ်။

အကောင်းဆုံး ကာကွယ်သင့်တဲ့ နည်းလမ်းတွေကတော့ Hepatitis A ရောဂါလက္ခဏာများ လတ်တလောရှိနေပြီဆိုရင် အစားအသောက်များ ချက်ပြုတ်ခြင်း၊ ပြင်ဆင်ကျွေးမွေးခြင်း၊ ရောင်းချခြင်းကို နေပြန်ကောင်းတဲ့အထိ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

Sexual activities (လိင်ဆက်ဆံမှု)အားလုံးကိုရှောင်ရှားထားသင့်ပါတယ်။ မဟုတ်ရင် ကိုယ့်မိသားစု၊ ကိုယ့် Partner ကနေတစ်ဆင့် ဒီရောဂါဟာ ပျံ့နံ့နိုင်ပါတယ်။

နောက်တစ်ခုကတော့ အိမ်သာအသုံးပြုပြီးတိုင်းမှာ လက်ကို ဆပ်ပြာရည်နဲ့ သေချာဆေးကြောရမှာဖြစ်ပါတယ်။ လက်ကိုဆပ်ပြာနဲ့ဆေးတဲ့အခါမှာ စက္ကန့်(၂၀)ကြာအောင် ဆေးကြောရမှာဖြစ်ပါတယ်။

ကလေးမိဘများအနေနဲ့ မိမိကလေးကို diaperလဲပြီးတိုင်းမှာ လက်ကိုစနစ်တကျဆေးကြောရပါမယ်။ ဒါ့အပြင် ကလေးရဲ့diaperထုပ်တွေကိုလဲ သေချာလုံအောင်ထုပ်ပြီး လွှင့်ပစ်သင့်ပါတယ်။ မစင်များကို သေချာလုံအောင်မထုပ်ဘဲ လွှင့်ပစ်ခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

Hepatitis A Virus ပျံ့ပွားနေတယ်လို့ သိရှိထားတဲ့ နေရာဒေသတွေမှာဆိုရင် မိမိကိုယ်တိုင် အိမ်ထမင်း၊အိမ်ဟင်းကိုသာ စနစ်တကျချက်ပြုတ်ပြီးစားသောက်သင့်ပါတယ်။ အပြင်စာများကို စားသောက်ခြင်းကနေ ခေတ္တရှောင်ကြဉ်သင့်ပါတယ်။

ဒီအချက်လေးတွေကတော့ အသည်းရောင်၊အသားဝါ A ပိုး ကူးစက်ပုံ၊ ရောဂါကိုဘယ်လိုကာကွယ်မလဲ၊ ဖြစ်လာရင် ဘယ်လိုလက္ခဏာတွေပြသမလဲဆိုတာတွေကို ရေးသားဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

12/02/2025

ကလေးမိဘများသတိထားရမယ့် အခြေအနေတစ်ခု //အူရောင်ငန်းဖျားရောဂါ

ဒီရောဂါကို ကျွန်မတို့နိုင်ငံမှာ တိုက်ဖွိုက်လို့ခေါ်ကြပါတယ်။ ဆေးပညာအရ Typhoid Fever သို့မဟုတ် Enteric Fever လို့လည်းခေါ်လို့ရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဖြစ်တာအလွန်ရှားပေမယ့် ကျွန်မတို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေမှာတော့ အလွန်အဖြစ်များပါတယ်။ လူကြီး/ကလေး မရွေးဖြစ်နိုင်ပါတယ်။

💠ဘာကြောင့်ဖြစ်ရသလဲ?

အဓိကကတော့ အစာ၊ရေမသန့်ရှင်းလို့ဖြစ်ရတာပါ။ Gram-negative ပိုးဖြစ်တဲ့ Salmonella Typhi နဲ့ Salmonella Paratyphi serotype A>B>C စတဲ့ပိုးကြောင့်ဖြစ်ရတာပါ။

💠ဘယ်လိုကူးစက်တာလဲ?

အစာအိမ်နဲ့အူလမ်းကြောင်းကို အဲဒီဘတ်တီးရီးယားပိုးက မသန့်ရှင်းတဲ့အစားအစာနဲ့ ရေကနေတစ်ဆင့် ကူးစက်ဝင်ရောက်တာပါ။ ရောဂါစတင်ကူးစက်ပြီး လက္ခဏာပြတဲ့အချိန်ဟာ အများအားဖြင့် ဆယ်ရက်ကနေ ရက်နှစ်ဆယ်ထိကြာတတ်ပါတယ်။ Outbreak ဖြစ်တဲ့နေရာတွေမှာဆိုရင် ကလေးငယ်တွေ အများကြီးဖြစ်ကြတာမျိုးလည်းရှိပါတယ်။ တိုက်ဖွိုက်ဖြစ်စေတဲ့လူဆီက ဘတ်တီးရီးယားက အစာ၊ ရေကို ပျံ့နှံ့မိစေပြီး နောက်တစ်ယောက်က အဲဒီအစားအစာကိုစားမိရင် ရောဂါကူးစက်တတ်ပါတယ်။

💠ရောဂါလက္ခဏာများ

ရောဂါလက္ခဏာတွေဟာ ဖြည်းညင်းစွာစပါတယ်။ ရောဂါပိုးနဲ့ထိတွေ့ပြီး ၁ပတ်မှ ၃ပတ်အတွင်းရောဂါလက္ခဏာပြသနိုင်ပါတယ်။

အစောပိုင်းလက္ခဏာများ

▪️နုံးခွေနေခြင်း ၊ ခေါင်းကိုက်ခြင်း ၊ မစားချင်မသောက်ချင် ဖြစ်ခြင်းတို့ ခံစားရပါမယ်။

▪️တစ်နေ့ထက်တစ်နေ့ အဖျားတက်လာပါမယ်။ စစချင်းမှာ ငွေ့ငွေ့ဖျားရာကနေ အဖျားကြီးလာနိုင်ပါတယ်။ ( 104 ' Fအထိ)

▪️ဒါ့အပြင် ချမ်းတုန်ခြင်း၊ဗိုက်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းပျက်ခြင်းတို့ဖြစ်တတ်ပါတယ်။

▪️လူနာ ၂၅ ရာခိုင်နှုန်းလောက်မှာ Rose Spots လို့ခေါ်တဲ့ အနီစက်လေးတွေ အရေပြားပေါ်မှာ ပေါ်လာတတ်ပါတယ်။

▪️ရောဂါကူးစက်ခံရပြီး ဒုတိယအပတ်လောက်မှာတော့ ဝမ်းလျှောတတ်ပါတယ်။ ဗိုက်အလွန်အောင့်လာနိုင်ပါတယ်။ ဗိုက်ဖောင်းတင်းနေခြင်း၊ဖြစ်တတ်ပါတယ်။ အသည်းနဲ့ သရက်ရွက် ကြီးလာပါမယ်။

🔺လူနာ ၁၀ ရာခိုင်နှုန်းမှာ ရောဂါဟာ ပိုဆိုဆိုးရွားပြင်းထန်လာနိုင်ပြီး နောက်ဆက်တွဲဆိုးကျိူးတွေပါဆက်လာနိုင်ပါတယ်။

ဥပမာ
-အူပေါက်ခြင်း၊သွေးယိုခြင်း
(Intestinal Haemorrhage & Perforation)
-နှလုံးရောင်ခြင်း
-အသည်းရောင်ခြင်း
-အဆုတ်ရောင်ခြင်း
-ဦးနှောက်ရောင်ခြင်း
-သွေးဆိပ်တက်ခြင်း
-မျက်စိကိုပါထိခိုက်လာခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

💠ဒီရောဂါဖြစ်ကြောင်းဘယ်လိုသိနိုင်မလဲ?

ကလေးများ ဖျားနာတဲ့အခါ ၃ရက်နဲ့အထက်ဖျားနာခြင်းရှိရင် ဆေးခန်းပြဖို့ လိုပါတယ်။ အဖျားကြီးခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်းများရှိနေရင် မပေါ့ဆသင့်ပါဘူး။ ဆေးခန်းပြတဲ့အခါ သွေးနဲ့ ဝမ်း စစ်ဆေးပြီး ဒီရောဂါရှိမရှိကို သိနိုင်ပါတယ်။

💠ဘယ်လိုကုသမလဲ?

ရောဂါရှိတာသိတာနဲ့ ဆေးကုသမှုချက်ချင်းခံယူရပါမယ်။ ပဋိဇီဝပိုးသတ်ဆေး၊ အဖျားကျဆေး၊ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ ၊ အာဟာရဓာတ်ပြန်ပြည့်စေဖို့အတွက် ဆရာဝန်ညွှန်ကြားမှုအတိုင်း ဆေးကုသမှုခံယူရပါမယ်။

အကယ်၍ဆေးကုသမှုမခံယူခဲ့ဘူးဆိုရင်

အဖျားကြာရှည်လာပါမယ်။ နှလုံးခုန်နှုန်းနှေးလာပါမယ်။ အသည်း၊ သရက်ရွက်ကြီးလာပြီး အဆုတ်ရောင်လာပါမယ်။ ကုသမှုမခံယူဘဲနေမယ်ဆို တတိယအပတ်လောက်မှာ အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းကို နောက်ဆက်တွဲဆိုးကျိုးတွေပေးပြီး အသက်အန္တရာယ်ရှိလာပါမယ်။ အသက်လေးနှစ်အောက် ကလေးတွေမှာ အသက်သေဆုံးနိုင်နှုန်းပိုမြင့်မားပါတယ်။

💠ဘယ်လိုကာကွယ်ကြမလဲ?

တိုက်ဖွိုက်ရောဂါလ်ို့ အများသိကြတဲ့ အူရောင်ငန်းဖျားရောဂါဟာ မသန့်ရှင်းတဲ့အစားအစာနဲ့ရေကို စားမိ သောက်သုံးမိရာကနေ ကူးစက်တာဖြစ်ပါတယ်။ ဒီပိုးကိုသယ်ဆောင်သူများမှာ ရောဂါလက္ခဏာမရှိတတ်ပါဘူး။ ဒီဘတ်တီးရီးယားပိုးကို လူနာတွေရဲ့ သွေး၊ မစင်နဲ့ ရောဂါသယ်ဆောင်သူ ( Carrier ) တွေရဲ့ သွေး၊မစင်မှာတွေ့ရတတ်ပါတယ်။ ရောဂါပိုးသယ်ဆောင်သူတွေဟာ သူတို့ရဲ့ မစင်မှာ ဘတ်တီးရီးယားပိုးကို စွန့်ထုတ်ပါစေပြီး အဲဒီကနေ ရောဂါပိုးပျံ့နှံနိုင်ပါတယ်။

ဒါကြောင့် ယင်နားစာတွေကို ရှောင်ကြည်ဖို့လိုပါတယ်။ အစားအသောက်သန့်ရှင်းလတ်ဆတ်မှု နဲ့ ရေကိုကျိုချက်ပြီးသောက်သုံးဖို့ကအင်မတန်အရေးကြီးပါတယ်။ အပြင်ပန်းမှာစားချင်စဖွယ်ဖြစ်နေတဲ့ မသန့်ရှင်းနိုင်တဲ့ လမ်းဘေးစာတွေ ကိုသတိထားရှောင်ကြဉ်ရပါမယ်။

💠Vaccine ထိုးခြင်း

ကလေးများကိုလည်း အစာသန့်၊ရေသန့်၊လက်
သန့်၊အိမ်သာသန့် စတဲ့ သန့်၄သန့်ကို အမြဲဂရုစိုက်ပေးသင့်ပါတယ်။

Typhoid ကာကွယ်ဆေးကတော့ အသက် ၂ နှစ် အထက်က နေစထိုးလို့ရပြီးတော့ ၁ ခါထိုးထားရင် ၃ နှစ်ကာကွယ်
နိုင်စွမ်းရှိတာကြောင့် တိုက်ဖွိုက်အဖြစ်များတဲ့နေရာဒေသတွေမှာနေထိုင်တဲ့သူတွေ (အထူးသဖြင့် ကလေးငယ်တွေ)ကတော့အသက် ၂ နှစ်ကနေစပြီး ၃ နှစ် ၁ ကြိမ် ကာကွယ်ဆေးထိုးထားနိုင်ပါတယ်။

▪️ဒါ့အပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို သန့်ရှင်းတဲ့ရေနဲ့ သေချာဆေးကြောခြင်းပြုလုပ်ပါ။
▪️အစားမစားမီနဲ့ အိမ်သာသွားပြီးနောက်မှာ လက်ကိုသေချာဆေးပါ။
▪️သန့်ရှင်းသောရေနဲ့သာ ပန်းကန်ခွက်ယောက်ဆေးကြောပါ။
▪️အိမ်အနီးတဝိုက်မှာ အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ။

💠Typhoid ဖြစ်နေတဲ့ကလေးကိုဘာတွေကျွေးမလဲ?

▪️ရေဓာတ်ဆုံးရှုံးမှုမရှိအောင် အရေများများတိုက်ပါ။ ORS (ဓာတ်ဆားရည်) ၊ စွပ်ပြုတ်ရည်၊ ဟင်းချိုရည်ကြည်ကြည်လေးတွေတိုက်နိုင်ပါတယ်။

▪️အဖတ်မာမာထက် Semi-solid လို့ခေါ်တဲ့ အ
ည်အကျ အဖတ်မကျ အစာကြေလွယ်မယ့် ဆန်ပြုတ်၊ စွပ်ပြုတ်၊ အသီးအရွက်ပြုတ် Puree လေးတွေကျွေးနိုင်ပါတယ်။ သို့သော် ကလေးငယ်ရဲ့အခြေအနေပေါ်မူတည်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာကျွေးသင့်ပါတယ်။

▪️ချဉ်သော၊ စပ်သော၊ အဆီများသော အစားအစာများရှောင်ပေးပါ။

▪️ပမာဏနည်းနည်းနဲ့ မကြာခဏကျွေးပါ။

တကယ်လို့ ရောဂါဖြစ်လာရင်လည်း မပေါ့လျော့ဘဲ ဆေးကုသမှုအမြန်ခံယူသင့်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင် (ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

📌စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။

ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။

မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

18/12/2024

အခုချိန် ကလေးတွေ အဖြစ်များနေတဲ့ Pneumonia အဆုတ်ရောင်ရောဂါအကြောင်း

👉 အဓိက အချက်အလက်များ

ရောဂါဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းများ 🦠
-ဗိုင်းရပ်စ်ပိုး
-ဘက်တီးရီးယားပိုး (အထူးသဖြင့် Mycoplasma pneumoniae)
-RSV နှင့် တုပ်ကွေးဗိုင်းရပ်စ်
-အအေးမိခြင်းမှ ဆင့်ကဲဖြစ်ပွားခြင်း

အဓိက လက္ခဏာများ 🤒
-အသက်ရှူမြန်ခြင်း၊ ရင်ဘတ်ညှစ်၍ အသက်ရှူခြင်း
-အဖျားကြီးခြင်း၊ တုန်ခြင်း
-ချောင်းဆိုးခြင်း
-ရင်ဘတ်အောင့်ခြင်း
-အစားအသောက်ပျက်ခြင်း
-ပင်ပန်းနွမ်းနယ်ခြင်း
-ပျို့အန်ခြင်း

အန္တရာယ်ရှိနိုင်သော အခြေအနေများ ⚠️
-အသက် ၅ နှစ်အောက် ကလေးများ
-ကိုယ်ခံအားနည်းသော ကလေးများ
-နာတာရှည်ရောဂါရှိသော ကလေးများ
-မွေးကင်းစကလေးငယ်များ

ကာကွယ်ရန်နည်းလမ်းများ 🛡️
-ကာကွယ်ဆေးထိုးခြင်း
-လက်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး
-ဖုန်မှုန့်၊ အခိုးအငွေ့များမှ ရှောင်ကြဉ်ခြင်း
-ပတ်ဝန်းကျင်သန့်ရှင်းရေး
-အာဟာရပြည့်ဝစွာ စားသောက်စေခြင်း

ကုသမှုနည်းလမ်းများ 💊
-ပဋိဇီဝဆေးများ (ဘက်တီးရီးယားကြောင့်ဖြစ်ပွါးပါက)
-အနားယူစေခြင်း
-ရေများများသောက်စေခြင်း
-အဖျားကျဆေးများ
-လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်း

[အထူးသတိပြုရန်]

ကလေးများတွင် အောက်ပါလက္ခဏာများတွေ့ရှိပါက ချက်ချင်းဆရာဝန်ပြသသင့်ပါတယ် ⚕️

-အသက်ရှူခက်ခဲခြင်း
-နှုတ်ခမ်းများ ပြာ/ညိုမဲလာခြင်း
-ရင်ဘတ်ချိုင့်ဝင်ခြင်း
-အဖျားမကျခြင်း
-နို့/ရေမသောက်နိုင်ခြင်း

မိဘများအနေဖြင့် ကလေးများရဲ့ အရေးပေါ်အခြေအနေတွေကို သိရှိထားဖို့အတွက် Digital Doctor Ebook မှာ အသေးစိတ် ဖော်ပြထားပါတယ်။ အရေးပေါ်အခြေအနေတွေမှာ ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘယ်လိုပြုစုရမလဲဆိုတာတွေကို လက်တွေ့ကျကျ ရေးသားထားပါတယ်။ တန်ဖိုး ၂၀,၀၀၀ ကျပ်ဖြင့် တစ်သက်တာ update များနှင့်တကွ လေ့လာနိုင်ပါပြီ။

စိတ်ဝင်စားပါက အောက်ပါလင့်ခ်ကို နှိပ်၍ ဝယ်ယူလေ့လာနိုင်ပါသည်။
https://chatrace.com/bots/207740229714449/l/1731629277969?c=0,8,12

့်မြင့်ဆေးဝါးသင်တန်း

13/12/2024

တ_ရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ Norovirus outbreak နဲ့ပတ်သက်ပြီး အဓိကအချက်တွေကို ပြောပြပါမယ်:

၁။ အခုလက်ရှိ outbreak က ၂၀၂၄ခုနှစ် အောက်တိုဘာကတည်းက စတင်ဖြစ်ပွားခဲ့ပါတယ်

၂။ ထိခိုက်မှုအများဆုံးက ကျောင်းသားများဖြစ်ပြီး:

Zhejiang Road Primary School မှာ အတန်း ၃တန်းမှာ ပိုးတွေ့လို့ online သင်ကြားခဲ့ရ
ကျောင်းသား ၁၈ယောက် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရ
Xi'an မြို့က မူကြိုကျောင်းက ကလေး ၄၈ယောက်လည်း ပိုးတွေ့ရှိခဲ့

၃။ အရေးကြီးသတိပြုရမှာက ဒီဗိုင်းရပ်စ်က အရက်ပျံနဲ့ ပိုးသတ်လို့မရပါဘူး။

၄။ Norovirus က အထူးသဖြင့် အောက်ပါအုပ်စုတွေမှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်:
ငါးနှစ်အောက် ကလေးငယ်များ
သက်ကြီးရွယ်အိုများ
ကိုယ်ခံအားနည်းသူများ
ဖွံ့ဖြိုးဆဲနိုင်ငံများမှ အာဟာရချို့တဲ့သူများ
အဓိက သေဆုံးရတဲ့အကြောင်းရင်းက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အန်ခြင်း၊ ဝမ်းလျှောခြင်းတွေကနေ ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံးလွန်းပြီး dehydration ဖြစ်လို့ပါ။

ဒါကြောင့် အထက်ပါအုပ်စုတွေအနေနဲ့ ရောဂါလက္ခဏာတွေ့ရင် ဆေးကုသမှုချက်ချင်းခံယူသင့်ပါတယ်။

အထက်ပါလူအုပ်စုတွေအနေနဲ့ သတိထားပြီး ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

-----------------------

ကာကွယ်ဖို့ နည်းလမ်းတွေက:

လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ကြာအောင် သေချာဆေးရမယ်
အစားအသောက်တွေကို သေချာချက်ပြုတ်စားရမယ်
Chlorine-based ပိုးသတ်ဆေးတွေကိုသုံးပြီး သန့်ရှင်းရေးလုပ်ရမယ်


# #တရုတ်ဗိုင်းရပ်စ် #ဗိုင်းရပ်စ်သတိပေး #ကျောင်းသားများသတိထား #ဝမ်းလျှောအန်ရောဂါ #ရောဂါကာကွယ်ရေး #လက်ဆေးပါ #ကျန်းမာရေးအသိပညာ #ကလေးသူငယ်ကျန်းမာရေး #အသက်အန္တရာယ်သတိပြု #ကျန်းမာရေးသတိပေး

❤️
29/11/2024

❤️

ဆေးရောင်းကျွမ်းကျင်- 1Post-10တန်းအောင်/ကျောင်းကိစ္စကင်းရှိသူဖြစ်ရမည်။-ဆေးဆိုင်တွင်အရောင်းအတွေ့ကြုံ(၁)နှစ်ရှိသူဖြစ်ရမည်။-...
28/10/2024

ဆေးရောင်းကျွမ်းကျင်- 1Post

-10တန်းအောင်/ကျောင်းကိစ္စကင်းရှိသူဖြစ်ရမည်။
-ဆေးဆိုင်တွင်အရောင်းအတွေ့ကြုံ(၁)နှစ်ရှိသူဖြစ်ရမည်။
-ရန်ကုန် တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်စျေးရှေ့

Salary . :၂သိန်းနှင့်အထက်ညှိနှိုင်း+++
Working Hour : 8:00am~8:00pm
Off Day :တနင်္လာနေ့တိုင်း

- - - - - - - - - - - - - - - - - - - -

ဆေးရောင်းကျွမ်းကျင်- 1Post

-10တန်းအောင်/ကျောင်းကိစ္စကင်းရှိသူဖြစ်ရမည်။
-ဆေးဆိုင်တွင်အရောင်းအတွေ့ကြုံ(၁)နှစ်ရှိသူဖြစ်ရမည်။
-ရန်ကုန် တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်စျေးအတွင်း

Salary . :၃သိန်းနှင့်အထက်ညှိနှိုင်း+++
Working Hour : 7:00am~6:00pm
Off Day :လပြည့် /လကွယ်/အစိုးရရုံးပိတ်ရက်

လျှောက်ထားလိုပါက -
CV Form အပြည့်အစုံကို
ဖုန်း - 09250003004/09254067753
သို့်ပေးပို့လျှောက်ထားနိုင်ပါသည်

 #စကြာမင်း -ထုံကျဉ်ကိုက်ခဲဖျန်းဆေး-သွက်ချာပါဒ လေငန်းဖျန်းဆေး
19/09/2024

#စကြာမင်း
-ထုံကျဉ်ကိုက်ခဲဖျန်းဆေး
-သွက်ချာပါဒ လေငန်းဖျန်းဆေး

စကြာမင်းကျီးပေါင်းဆေးကြပ်ထုပ်
19/09/2024

စကြာမင်း
ကျီးပေါင်းဆေးကြပ်ထုပ်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09254067753

Website

Alerts

Be the first to know and let us send you an email when Moe Hein Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram