ပဒုမၼာ ေယာဂ

ပဒုမၼာ ေယာဂ “ ကျွန်မနဲ့ ထိတွေ့ရေစက်ဆုံသူတိုင်း စိတ်နှင့်ခန္ဓာကျန်းမာဖို့ ကူညီပေးချင်တယ်။ “

Tr. Nan Kay
ပဒုမ္မာ Yoga Studio

👉Yoga လေ့ကျင့်တယ်ဆိုတာ ….အသက်ကြီးလာတဲ့ အခါ လှလှလေး အိုမင်းဖို့အတွက် အခုချိန်ထဲက မျိုးစေ့ချထားခြင်းဖြစ်ပါတယ်။Yoga လေ့ကျင်...
12/10/2025

👉Yoga လေ့ကျင့်တယ်ဆိုတာ ….

အသက်ကြီးလာတဲ့ အခါ လှလှလေး အိုမင်းဖို့အတွက် အခုချိန်ထဲက မျိုးစေ့ချထားခြင်းဖြစ်ပါတယ်။

Yoga လေ့ကျင့်တဲ့အခါ အိုမင်းမှုကို နှေးကွေးစေတာ ဘာ့ကြောင့်လို့ ထင်လဲ …..???

လူအများစုက မျက်နှာမှာ အရေးအကြောင်းတွေ ထင်းလာပြီဆိုရင် Face yoga (လူအနည်းစုသာ လေ့ကျင့် ) တွေလုပ်သလို မျက်နှာနဲ့ သက်ဆိုင်တဲ့ Treatment တွေ ယူတယ်ပေါ့။( ဒါက ငွေကုန်ကြေးကျများပါတယ်)

မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေကင်းဖို့ ဆိုတာ မျက်နှာတခုထဲ လုပ်လို့မရပါဘူး။

မျက်ကွင်းညိုပြီး မျက်လုံးအောက်မှာ အရေးအကြောင်းတွေထင်းနေရင် လက်သန်းအောက် က ဂြိုလ်ခုံလေးကိုနှိပ်ပေးတာမျိုး

Smile line တွေ ထင်းနေရင် ခြေဖဝါးစောင်းလေးတွေကို နှိပ်ပေးတာမျိုး

ဒီလိုလေးတွေ အမြဲလုပ်ပေးရင် ရှိရင်းအသက်ထက်နုပျိုနေမှာ သေချာပါတယ်။

Yoga လေ့ကျင့်စဉ်တွေမှာ ခေါင်းအစ ခြေအဆုံး အားလုံးပါပြီးသားမို့ Yoga လေ့ကျင့်သူတွေ နုပျိုကျန်းမာနေခြင်း ဖြစ်ပါတယ်။

🌸🌸🌸

Yoga လေ့ကျင့်စဉ်များရဲ့ ကောင်းကျိုးများကို အရင်ကထက်ပိုပြီး သိပြီးပြီ ဆိုတော့

In person Class (Basic & Weight loss) အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။

Thursday & Friday..10:00 Am to 11:00 Am
Sat &Sun …4:30 Pm to 5:30 Pm

Fees…8 times per month…70000 mmk

လူနည်းနည်းနဲ့ Private Class ပုံစံသွားတာဖြစ်လို့
သင်တန်းကြေးနဲ့အတူ စာရင်းပေးနိုင်ပါတယ်ရှင်။

Tr.Nan Kay
Yoga Instructor &
Mental awareness Coach
ပဒုမ္မာ Yoga Studio
အမှတ် ၄၆/၁
မြင်သာ ၄ လမ်း
၁၄/၁ ရပ်ကွက်
တောင်ဥက္ကလာ
09263635607

11/10/2025

“စိတ်ဖ်စီးမှုများကို ဘယ်လို Healing လုပ်မလဲ”

Middle Split & Side Split ဆိုတာ Yoga ကိုစွဲလမ်းသူတွေ လေ့ကျင့်တဲ့ pose တခုထဲ အပါအဝင်ဖြစ်တယ်။သူ့မှာ အကျိုးကျေးဇူးတွေများစွ...
06/10/2025

Middle Split & Side Split ဆိုတာ Yoga ကိုစွဲလမ်းသူတွေ လေ့ကျင့်တဲ့ pose တခုထဲ အပါအဝင်ဖြစ်တယ်။

သူ့မှာ အကျိုးကျေးဇူးတွေများစွာရှိလို့
ကျွန်မရဲ့ သင်တန်းမှာဆိုရင် basic class မှာထဲက
Split တွေကို တဆင့်ချင်း လေ့ကျင့်ပေးတယ်။

Split တွေရရှိရင်လည်း ကျန်တဲ့ yoga pose တွေ လေ့ကျင့်ရတာ ခက်ခဲ မနေတော့ဘူး။

Split ရဲ့ လေ့ကျင့်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို လေ့လာကြည့်ရအောင်နော်။

-တင်ပဆုံဆစ်(Hip joint ) ၊ဒူးဆစ် ၊ခြေကျင်းဝတ်မှာ ရှိတဲ့အဆစ်များကို ပိုမိုကျန်းမာ ပျော့ ပျောင်း စေသည်။

-တင်ပါး ၊ပေါင်ခြံ ၊ပေါင်ပတ်လည်မှာရှိတဲ့ ကြွက်သားများကို ဆန့်ထုတ် ပေးခြင်းကြောင့် လမ်းလျှောက်ခြင်း ၊ပြေးခြင်း ကဲ့သို့ လက်တွေ့ ဘဝ လှုပ်ရှားမှုကို ပြောင်းလဲစေပြီး ၊
ခါးနာခြင်း ၊ဒူးနာခြင်း ခြေကျင်းဝတ် အဆစ်များနာခြင်းကို ကာကွယ်ပေးပါတယ်။

-Pelvic floor muscle ကိုသန်မာစေခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း ၊ သားအိမ်ကို ကျစ်လစ် သန်မာစေခြင်း ၊ အိမ်ထောင်ရှင်များအနေနှင့် အိမ်ထောင်ရေးသုခကို ရရှိခြင်း …စတဲ့ အကျိုးကျေးဇူးများကို ခံစားရမှာ ဖြစ်ပါတယ်။

Split pose များကို လေ့ကျင့်ခြင်းဖြင့် ကောင်းကျိုးများစွာရရှိနိုင်သလို injury လည်း ဖြစ်နိုင်ချေ များသောကြောင့်
ကျွမ်းကျင်တဲ့ ဆရာနဲ့ လေ့ကျင့်ခြင်းကသာ အကောင်းဆုံးနဲ့
Injury အကင်းဆုံးဖြစ်ပါတယ်။

သင့်ကို yoga လေ့ကျင့်ဖို့အတွက် ဆွဲဆောင်နိုင်တဲ့ အချက် လေးတွေရှိရင် ဒါမှ မဟုတ် သင်ကြိုက်နှစ်သက်တဲ့ yoga pose လေးရှိရင် ၊သင်လေ့ကျင့်လိုတဲ့ Yoga pose လေးတွေ ရှိရင်လည်း မန့်ခဲ့နိုင်ပါတယ်။

Tr.Nan Kay
pose
pose
#ပဒုမ္မာ Yoga studio
#09263635607

“ကျန်းမာပျော်ရွှင်အောင်မြင်ပြီး စမတ်ကျချင်သူများအတွက်သာ …”🩷ကျန်းမာရေးကောင်းသူ က ပျော်ရွှင်ပြီး ပျော်ရွှင်တဲ့သူက အစစအရာရာ...
05/10/2025

“ကျန်းမာပျော်ရွှင်အောင်မြင်ပြီး စမတ်ကျချင်သူများအတွက်သာ …”

🩷ကျန်းမာရေးကောင်းသူ က ပျော်ရွှင်ပြီး
ပျော်ရွှင်တဲ့သူက အစစအရာရာမှာ အောင်မြင်တယ် “
🩷အောင်မြင်သူ ပျော်ရွှင်တယ်
ပျော်ရွှင်သူက ကျန်းမာတယ်
ဒီ သုံးခုက စင်္ကြာလေးလိုပဲ လည်ပတ်နေတယ်။
🌸ဒီသုံးခုထဲက တခုခုများ ဟန်ချက်ယိုင်သွားရင် …
ဘယ်လို Balance ထိန်းရမလဲ ဆိုတာ
“ ကျွန်မရဲ့ Happiness Group Coaching Session “ အတူတူ အဖြေရှာလို့ရပါတယ်ရှင်။
မိတ်ဆွေက အကျင့်တခုကို မွေးမြူဖို့ကြိုးစားနေသူဆိုရင်တော့ ဒီအတန်းက မိတ်ဆွေအတွက် Special Class လို့တောင် ပြောလို့ရပါတယ်။

🩷21 ရက်တိတိ တရားထိုင်မယ်။
🩷21 ရက်မှာ ကိုယ်လိုချင်တဲ့ပန်းတိုင်ရှာမယ်။
🩷ပန်းတိုင်ရှာပြီးရင်တော့ …
🩷ကျွန်မနဲ့အတူ ၂၁ ရက်အတွင်း ပန်းတိုင်အတူသွားမယ်။
2026 မှာအရာအားလုံး ပြောင်းလဲပြီး ကျန်းမာလှပ စမတ်ကျအောင်မြင်ချင်သူများအတွက် ကျွန်မရဲ့
Page Messenger မှာ သင်တန်းစတင်အပ်နိုင်ပါပြီရှင်။

“ ကျန်းမာလှပပြီး စမတ်ကျကျ အောင်မြင်လိုသူများအတွက်သာဖြစ်လို့ ……ဒီအချက်လေးတွေ မလိုချင်သေးဘူး ပြည့်စုံနေသေးတယ် ဆိုသူများကလည်း ဒီ post လေးကို
Shareပေးခြင်းဖြင့် မိမိ မိတ်ဆွေများအတွက်ပျော်ရွှင်ခြင်း လက်ဆောင် ပေးလိုက်ပါနော်။

Happiest Coach cm HypnoYoga Tr Nan Kay
ပဒုမ္မာYoga Studio
09263635607

စိတ်ဖိစီးမှု လျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်းကောင်းများ ၁။ အသက်ရှု လေ့ကျင့်ခန်းလုပ်ပါ။၂။ သူငယ်ချင်းတွေနဲ့အတူ Yoga Class...
04/10/2025

စိတ်ဖိစီးမှု လျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်းကောင်းများ

၁။ အသက်ရှု လေ့ကျင့်ခန်းလုပ်ပါ။

၂။ သူငယ်ချင်းတွေနဲ့အတူ Yoga Class သွားပါ။

၃။သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ။

၄။ ကိုယ့် စိတ်ကို ပျော်ရွှင်စေတဲ့ အရာ တွေကို များများလုပ်ပါ။

၅။သဲမြေ ပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ပါ။

၆။ အဆီများ အစားအစာများကို ရှောင်ပါ။

၇။သီချင်းနားထောင်ပါ။

သင့်ရဲ့ တစ်နေ့တာ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့
ပဒုမ္မာ Yoga Studio မှကြိုဆိုပါတယ်ရှင်။

စိတ်ဖိစီးမှုကင်းပြီး ကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ ရှင်။

Tr Nan Kay
ပဒုမ္မာ Yoga Studio
09263635607

Yoga လို့ ပြောလိုက်တာနဲ့ ဘာကို တန်းပြီး မြင်လဲ..???ကျွန်မ အရင်ကဆို Yoga လို့ ဆိုလိုက်တာနဲ့ …“ ငါ ဝမ်းချုပ်နေတယ် ဆရာဝန်က ...
04/10/2025

Yoga လို့ ပြောလိုက်တာနဲ့ ဘာကို တန်းပြီး မြင်လဲ..???

ကျွန်မ အရင်ကဆို Yoga လို့ ဆိုလိုက်တာနဲ့ …

“ ငါ ဝမ်းချုပ်နေတယ် ဆရာဝန်က ဝမ်းနှုတ်ဆေး မစားရဘူး ပြောတယ် Yoga သင်တန်း သွားရမယ် “

Yoga သင်တန်းသွားတဲ့ နေ့ဆို ဝမ်းမှန်ပြီး ပေါ့ပါးတယ်။

ဒါကတော့ ကျွန်မရဲ့ Yoga ဆိုတာဘာလဲအပေါ် ပထမဆုံး အမြင်က ကျန်းမာခြင်းပေါ့

💖ဒုတိယ အမြင်ကတော့ Yoga Pose လှလှလေးတွေ လုပ်တတ်ချင်တယ်။

🩷တတိယအမြင်ကတော့ အသားလေးကြည်ပြီး သွယ်လျ လာတာ လိုချင်တယ်

ဒီ ၃ ခုလုံးရလာပြီးနောက်မှာ

Yoga လို့ ပြောလိုက်တာနဲ့ မြင်တဲ့အမြင်ကတော့
“ စိတ်လှိုင်းဂယက်များကို ငြိမ်းအေးစေပြီး ကိုယ် စိတ် နှလုံး သုံးပါးစလုံးကို ပေါင်းစည်းခြင်း” လို့ မြင်လာတယ်။

အသိအမြင်တွေ တဖြည်းဖြည်း မှန်ကန်လာတဲ့အခါ ကိုယ့်ရဲ့ Yogi တွေကိုလည်း Yoga အနှစ်သာရအပြည့် နဲ့ သေချာ သင်ပေးပြီး မလိုအပ်ပဲ စိတ်နှင့် ခန္ဓာ မပင်ပန်းစေရ ၊ injury မဖြစ်စေရအောင်ဂရုစိုက်ပေးတယ်။

Yogi တို့အမြင်လေးလဲ ရေးခဲ့လို့ ရပါတယ်ရှင်။
( ပုံထဲက အိတ်လေးကတော့ ချစ်ရသူများအတွက် သီတင်းကျွတ် လက်ဆောင်ပေးမယ့် အိတ်လေးပါ)

Tr.Nan Kay

03/10/2025

Sat & Sun အတန်းများ ပုံမှန် ဖွင့်ပါတယ်ရှင်

KBZ pay မှာ “ Happiness Coach Nan Kay “ ရဲ့ စာတွေ ဖတ်လို့ရပါပြီရှင်။ KBZ pay ရဲ့ ပင်မ စာမျက်နှာရဲ့ အောက်ဆုံးမှာ ပါတဲ့ Me...
02/10/2025

KBZ pay မှာ “ Happiness Coach Nan Kay “ ရဲ့ စာတွေ ဖတ်လို့ရပါပြီရှင်။

KBZ pay ရဲ့ ပင်မ စာမျက်နှာရဲ့ အောက်ဆုံးမှာ ပါတဲ့
Message (မက်ဆေ့) ကို ဝင်ပြီးရင်တော့

Search bar မှာ “ Happiness Coach Nan Kay “ လို့ ရိုက်ကြည့်ပါ။

ပြီးရင်တော့ Kay ရဲ့ Official Acc လေးမှ စာတွေဝင်ဖတ်လို့ရပါပြီ။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

KBZ pay App မှာ စာရေးဖို့ ကမ်းလှမ်းပေးတဲ့ KBZ pay Team ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

Tr. Nan Kay
ပဒုမ္မာ Yoga Studio
09263635607

“Good morning “ လို့ နှုတ်ဆက်လိုက်ရပေမယ့် ညက အိပ်ရေးမဝလို့ ညည်းစိစိ ဖြစ်နေတယ်မဟုတ်လား ။🌻ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝသလို ခ...
02/10/2025

“Good morning “ လို့ နှုတ်ဆက်လိုက်ရပေမယ့်
ညက အိပ်ရေးမဝလို့ ညည်းစိစိ ဖြစ်နေတယ်မဟုတ်လား ။

🌻ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝသလို ခံစားနေရလား ။

အိပ်ရေးမဝတာ အိပ်ချိန်နည်းလို့တော့မဟုတ်ပါဘူး။
ဦးနှောက်အတွင်းမှာရှိတဲ့ cell လေးတွေ အလုပ်လုပ်တာ နှေးလာလို့ပါ။

အသက် ၂၅ ကျော်ရင် ဦးနှောက်ရဲ့ cell အသစ် ထုတ်လုပ်မှု နှောင့်နှေးသွားလို့ပါ။

အချိန်မှန်လည်းအိပ်တယ် နေစဉ်လည်း အိပ်ရေးမဝဘူး ခံစားနေရတယ်ဆိုရင်တော့ ဦးနှောက် cell လေးတွေပျက်စီးစ ပြုနေပြီဆိုတာ အချက်ပြနေခြင်း ဖြစ်ပါတယ်။

နောက်ဆက်တွဲဆက်ဖြစ်လာနိုင်တာကတော့…

-သတိမေ့တတ်ခြင်း🌻

-အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာခြင်း🌻

-အသားအရည်မွဲခြောက်ခြင်း🌻

-ဆံပင်ကျွတ်ခြင်း ၊ဆံသားပျက်စီးခြင်း နှင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း

-စိတ်တိုလွယ် စိတ်ဆတ်လွယ်ခြင်း ၊ဒေါသထွက်ခြင်း🌻

-ဟော်မုန်းမညီမှမှုကြောင့် ကိုယ်အလေးချိန်တက်လာခြင်း

-သားသမီးရဖို့ခက်ခဲခြင်း🌻

-ဘယ်လောက်စားစားအားမရှိသလိုခံစားရခြင်း🌻

-ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝခြင်း နှင့် တခြား ပြင်ပရောဂါများ ဝင်လာဖို့ လွယ်ကူခြင်း တို့ ဖြစ်နိုင်သည်။🌻

ဦးနှောက်Cell များကို ပြန်လည်ကျန်းမာဖို့နှင့် အသစ်ဖြစ်ဖို့ ဆိုရင် Yoga လေ့ကျင့်စဉ်များမှ ကူညီပေးနိုင်ပါတယ်ရှင်။

တနေ့ကို မိနစ်၂၀ ခန့် နေ့စဉ် လေ့ကျင့် ပေးမယ်ဆိုရင်
(သို့မဟုတ် ) ကိုယ်က နေ့စဉ်လေ့ကျင့်ဖို့ အဆင်မပြေရင်
တပတ်မှာ ၂ ရက်/၃ရက် ခန့် Yoga Instructor နဲ့ အတူလေ့ကျင့်မယ်ဆိုရင် စိတ်ရော ခန္ဓာပါ ကျန်းမာ လှပ လာမှာ သေချာပါတယ်ရှင်။

ခေတ်မှီပြီး ကျန်းမာရေးအသိရှိ​သူများ မိမိကိုယ်ကိုချစ်သော သူများကို ယောဂသင်တန်းတွင်အများဆုံး တွေ့နိုင်သည်။

Me time မှာ Social Media ပေါ်မှာ အချိန်မကုန်ဘဲ
ကျန်းမာရေးအတွက် အချိန်ပေးရအောင်နော်။

Tr.Nan Kay
ပဒုမ္မာ yoga Studio 🕎🕎🕎
09263635607

“ 21 ရက်တိတိ ကိုယ့်မိတ်ဆွေတွေကို အကျင့်ကောင်းလေး တခုနဲ့ အသားကျအောင် ကူညီ လုပ်ဆောင်ပေးနိုင်ခဲ့ပြီ”21 ရက်လုံး လိုက်ပါလေ့ကျ...
01/10/2025

“ 21 ရက်တိတိ ကိုယ့်မိတ်ဆွေတွေကို အကျင့်ကောင်းလေး တခုနဲ့ အသားကျအောင် ကူညီ လုပ်ဆောင်ပေးနိုင်ခဲ့ပြီ”

21 ရက်လုံး လိုက်ပါလေ့ကျင့်ပေးသူ တစ်ယောက်ဆီတိုင်းကို ကျေးဇူး တင်ပါတယ်ရှင်။

နောက်များလည်း ပိုကောင်းတဲ့ နေရာသစ်တွေဆီ အတူတူ သွားကြမယ်။

2026 မှာ အတူတူအောင်မြင်ကြမယ်ရှင်။

Tr.Nan Kay
Professional Yoga Instructor
Professional Happiness Coach

“”Weight လည်းကျချင်တယ် ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်ဘူး တပတ်ကို ၂ ရက်လောက်ပဲ အချိန် ပေးချင်တယ် ဆိုသူများအတွက...
30/09/2025

“”Weight လည်းကျချင်တယ် ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်ဘူး တပတ်ကို ၂ ရက်လောက်ပဲ အချိန် ပေးချင်တယ် ဆိုသူများအတွက် ….””

💖September လတောင်ကုန်ပြီနော်….
အမှန်ဆို ကျွန်မက ဒီလိုတွေ ညည်းညူး တတ်သူ မဟုတ်ရပါဘူး။ ဖြစ်တဲ့နေရာ ကျရာ ဇာတ်မှာ အကောင်းဆုံး စီးမျောလိုက်တာပါပဲ။

2022တုန်းက ခုလိုချိန်မှာ မကျန်းမာခဲ့ရတာတွေကို သတိရတယ်။ အဲ့ အချိန်တုန်းက ကျန်းမာရေးကြောင့် သင်တန်းချိန်တွေ နားရတာ ရှိပါတယ်။ ကိုယ့်ရဲ့ သင်တန်းသူတွေကို အားနာခဲ့ရသလို ကိုယ့်ဘာသာလည်းအားမလို အားမရ ဖြစ်မိတာ အမှန်ပါ။

တဆက်ထဲမှာ တွေးမိတာကတော့ ….
“ Yoga ကို ဘဝထဲထည့်ထားသူတောင် ဒီလို ရောဂါတွေ ထူပြောနေရင် …ဘာလေ့ကျင့်ခန်းမှ မလုပ်သူဆိုရင် ဘယ်လို နေမလဲ …”ဆိုတာပါပဲ။

အဲ့အချိန်ထဲကစပြီး ဘယ်လိုကျန်းမာစွာ နေထိုင်ရမလဲ ဆိုတာရှာဖွေတွေ့ရှိခဲ့ပြီ။

ကျွန်မသည် သိပ်ပင်ပန်းတတ်တဲ့ အထဲမှာ ပါ ပါတယ်။

၁။ လေ့ကျင့်ခန်း ပြင်းထန်စွာ လုပ်ရင် နေမကောင်း ဖြစ်ပါတယ်။
၂။ နေပူထဲ ထွက်လည်း နေမကောင်းဖြစ်ပါတယ်။
၃။ စိတ်ဖိစီးစရာတွေ ရှိလည်း နေမကောင်းဖြစ်ပါတယ်။

ဒါကို အခြေခံပြီး
Basic Yoga လေ့ကျင့်ခြင်း နှင့် Meditation ထိုင်ခြင်းက ကျွန်မအတွက်ကောင်းဆုံးဆေး ဆိုတာသိလာခဲ့တယ်။

ဒါ့ကြောင့် ကျွန်မရဲ့ အတန်းများအားလုံးက Basic Yoga & Basic Weight Loss အတန်းများ ဖြစ်နေခြင်းပါ။

မိတ်ဆွေတို့ အနေနဲ့ Yoga ကို ထိထိမိမိ စနစ်ကျကျ လေ့လာချင်တယ် ၊ Weight လည်းချချင်တယ်ဆိုရင်တော့
ကျွန်မရဲ့ Basis Yoga & Weight Loss အတန်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

🩷Mon to Wed..10:00 Am to 11:00 Am

🩷Mon to Wed..6:30 Pm to 7:30 Pm

🩷Thursday & Friday..10:00 Am to 11:00 Am

🩷Sat & Sun ..7:30 Am to 8:30 Am

🩷Sat& Sun ..4:30 Pm to 5:30 Pm

🩷Sat & Sun ..6:00 Pm to 7:00 Pm

Investment…

💵8 times per month..70000 mmk

💵12 times per month..105000 mmk

🩷ကျွန်မနှင့် ထိတွေ့ ရေစက်ဆုံသူတိုင်းကို စိတ်နှင့် ခန္ဓာကျန်းမာဖို့ ကူညီပေးချင်ပါတယ်ရှင်”

Tr.Nan Kay
ပဒုမ္မာ Yoga Studio
အမှတ် ၄၆/၁
မြင်သာ ၄ လမ်း
၁၄/၁ ရပ်ကွက်
တောင်ဥက္ကလာ
09263635607

“ ဒီနေ့ တော့ ဖြေးဖြေး မှန်မှန်လေး သွားကြတာပေါ့ အရမ်းမပင်ပန်းဘူးနော် အားလုံး လိုက်ပြီး လေ့ကျင့်နိုင်အောင် ဖြေးဖြေးပဲ သွား...
28/09/2025

“ ဒီနေ့ တော့ ဖြေးဖြေး မှန်မှန်လေး သွားကြတာပေါ့
အရမ်းမပင်ပန်းဘူးနော် အားလုံး လိုက်ပြီး လေ့ကျင့်နိုင်အောင် ဖြေးဖြေးပဲ သွားမယ် “

အဲ့စကား ယုံလားဟင် 😜😜😜

29 .9. 2025 မှ စပြီး အတန်းများအားလုံး ပိတ်ရက်မရှိ ပြန်ဖွင့်ပါပြီရှင်။

Tr.Nan Kay

Address

14/1 Quarter, Myin Thar 4th Street
Yangon
11091

Opening Hours

Monday 09:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+959263635607

Website

Alerts

Be the first to know and let us send you an email when ပဒုမ္မာ ယောဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပဒုမ္မာ ယောဂ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category