Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်

  • Home
  • Myanmar
  • Yangon
  • Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်

Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော် Shwe La Min Hospital

🌞 အသက်ကြီးသူတွေကို Heatstroke မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ? 👵👴အပူချိန်မြင့်တဲ့ရာသီမှာ အသက်ကြီးသူတွေဟာ ခန္ဓာကိုယ်အပူထိန်းညှ...
27/04/2026

🌞 အသက်ကြီးသူတွေကို Heatstroke မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ? 👵👴

အပူချိန်မြင့်တဲ့ရာသီမှာ အသက်ကြီးသူတွေဟာ ခန္ဓာကိုယ်အပူထိန်းညှိနိုင်စွမ်း လျော့နည်းလာတာကြောင့် Heatstroke ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ကာကွယ်ပေးလိုက်ရအောင် နော် 👇

💧 ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပေးပါ။
ရေမငတ်ဘူးဆိုပြီး မသောက်ဖြစ်တတ်လို့ အချိန်မှန်မှန် ရေသောက်ဖို့ သတိပေးခြင်း နှင့် ဓါတ်ဆားရည်သောက်သုံးစေခြင်းတို့ကိုပြုလုပ်ပေးပါ။

🏠 အေးမြတဲ့ပတ်ဝန်းကျင် ဖန်တီးပေးပါ
Aircon ၊ ပန်ကာ အသုံးပြုပြီး အပူလွန်မသွားအောင် ထိန်းထားပါ။ လေဝင်လေထွက်ကောင်းစေဖို့လည်း အရေးကြီးပါတယ်နော်။

👕 အဝတ်အစားကိုဂရုတစိုက်စီစဉ်ပေးပါ။
အရောင်လင်းပြီး ချွေးစုပ်နိုင်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။

⏰ လှုပ်ရှားမှုများကိုလျှော့ချပေးပါ။
အပူချိန် အလွန်မြင့်မားသော နေ့လည် (၁၂)နာရီ မှာ (၃)နာရီအတွင်း အပြင်ထွက်ခြင်း၊ လှုပ်ရှားမှုများခြင်းအား လျော့ချပေးပါ။

🍉 ရေဓာတ်များသော အစားအစာများ ဂရုတစိုက်ကျွေးပါ။
ဖရဲသီး၊ သခွားသီး၊ သံပရာရည် စသော အအေးဓာတ်ရှိတဲ့ အစားအစာများကို ဂရုတစိုက်စားသုံးပေးပါ။

🧢 နေပူထဲထွက်ရင် ကာကွယ်ပါ
မဖြစ်မနေထွက်ရမယ်ဆိုရင် ဦးထုပ်၊ ထီး၊ မျက်မှန်နဲ့ Sunscreen သုံးပေးပါ။

👀 အပူဒဏ်အန္တရာယ်လက္ခဏာများကို သတိထားပါ။

📌မူးဝေခြင်း
📌မောပန်းခြင်း
📌ခေါင်းကိုက်ခြင်း
📌ကိုယ်အပူတက်ခြင်း
📌ချွေးမထွက်တော့ခြင်း

စသည့်လက္ခဏာများဖြစ်လာပါက ချက်ချင်း အေးမြသောနေရာသို့ ရွှေ့ပြောင်း ပြီး ဆရာဝန်အား အကြောင်းကြားခြင်း၊နီးစပ်ရာဆေးရုံဆေးခန်းများသို့အမြန်ဆုံးပို့ဆောင်ပေးဖို့လိုအပ်ပါတယိ။

ဒါကြောင့် မိမိ မိသားစုအတွင်း အသက်ကြီးသူတွေကို အထက်ပါ နည်းလမ်းများအတိုင်း နေ့စဉ် စောင့်ရှောက်ပေးခြင်းဖြင့် Heatstroke အန္တာရာယ်မှ ကာကွယ်ကြရအောင်နော်။




မေမေတို့ရေ... ဒီရက်ပိုင်း အပြင်ကပြန်လာတိုင်း လူက တော်တော်လေး နုံးချိနေတာမျိုး ခံစားနေရလား? 😰ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာက...
26/04/2026

မေမေတို့ရေ... ဒီရက်ပိုင်း အပြင်ကပြန်လာတိုင်း လူက တော်တော်လေး နုံးချိနေတာမျိုး ခံစားနေရလား? 😰
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က နှစ်ယောက်စာ အလုပ်လုပ်နေရတာကြောင့် အပူဒဏ်ကို ပုံမှန်ထက် နှစ်ဆလောက် ပိုခံစားရတတ်ပါတယ်။ 🤰🏻✨

ဒါကြောင့် ဒီလိုပူပြင်းတဲ့ နွေရာသီမှာ မေမေရော ရင်သွေးလေးပါ စိတ်အေးလက်အေး ဖြတ်သန်းနိုင်ဖို့အတွက် ရွှေလမင်းဆေးရုံ (လမ်းမတော်)ရဲ့ ဒေါက်တာလမင်း က အခုလိုလေး အကြံပြုထားပါတယ်။ ✅

🌡နေပူထဲက ပြန်လာရင် ချက်ချင်းရေချိုးတာမျိုးထက် အနည်းဆုံး ၁၅ မိနစ်လောက် ချွေးတိတ်အောင် အရင်နားပေးပါ။
အဝတ်အစား ဝတ်ဆင်တဲ့အခါမှာလည်း ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအေးအေးလေးတွေကိုပဲ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။👚

💧 ရေဓာတ်ကလည်း ဗိုက်ထဲက ရင်သွေးလေးဆီကို အာဟာရဓာတ်တွေ ကောင်းကောင်းရောက်ရှိဖို့နဲ့ မေမေတို့ ရေဓာတ်ခမ်းခြောက်ပြီး မူးဝေတာမျိုး မဖြစ်စေဖို့ အဓိကကျပါတယ်။
ဒါ့ကြောင့်ရေကို နည်းနည်းနဲ့ ခဏခဏ သောက်ပေးပါ။ အချိုရည်တွေထက်စာရင် အုန်းစိမ်းရည် (သို့မဟုတ်) သကြားလျှော့ထားတဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်လေးတွေက ပိုပြီး လန်းဆန်းစေပါတယ်နော်။🥥

☀️ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီကြားက ခရမ်းလွန်ရောင်ခြည် အပြင်းဆုံးအချိန်ဖြစ်သလို အပူရှိန်လည်း အမြင့်ဆုံးပါပဲ။ ဒီအချိန်တွေမှာ အပြင်ထွက်တာမျိုးထက် အိမ်ထဲမှာပဲ အေးအေးလူလူ နားနေတာက မေမေ့ကျန်းမာရေးအတွက် အစိတ်ချရဆုံးပါပဲ။

"ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်ပါတယ်" ဆိုတဲ့အတိုင်း မေမေတို့မှာ ပုံမှန်ထက် ထူးခြားပြီး အားနည်းတာ၊ ရင်တုန်တာ၊ ဒါမှမဟုတ် ဗိုက်အောင့်တာမျိုး ရှိလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်ရှင်။ 🏥✅

ရွှေလမင်းဆေးရုံ (လမ်းမတော်) မှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနဲ့ ဒေါက်တာလမင်းတို့ကလည်း မေမေတို့နဲ့ ရင်သွေးလေးတွေ ကျန်းမာဘေးကင်းဖို့အတွက် (၂၄) နာရီပတ်လုံး အသင့်ရှိနေပါတယ်နော်။ 😍💛💚
#ရွှေလမင်း
#လမ်းမတော်
#ဒေါက်တာလမင်း
#နွေရာသီ #ကိုယ်ဝန်ဆောင်ကျန်းမာရေး

🦠သတိပြုစရာ မြေတုပ်ကွေးရောဂါ (𝗠𝗲𝗹𝗶𝗼𝗶𝗱𝗼𝘀𝗶𝘀 ) 🦠🚨𝗠𝗲𝗹𝗶𝗼𝗶𝗱𝗼𝘀𝗶𝘀 လို့ခေါ်တဲ့ မြေတုပ်ကွေးရောဂါဟာ 🦠𝗕𝘂𝗿𝗸𝗵𝗼𝗹𝗱𝗲𝗿𝗶𝗮 𝗽𝘀𝗲𝘂𝗱𝗼𝗺𝗮𝗹𝗹𝗲𝗶 ဘက်တီ...
25/04/2026

🦠သတိပြုစရာ မြေတုပ်ကွေးရောဂါ (𝗠𝗲𝗹𝗶𝗼𝗶𝗱𝗼𝘀𝗶𝘀 ) 🦠

🚨𝗠𝗲𝗹𝗶𝗼𝗶𝗱𝗼𝘀𝗶𝘀 လို့ခေါ်တဲ့ မြေတုပ်ကွေးရောဂါဟာ 🦠𝗕𝘂𝗿𝗸𝗵𝗼𝗹𝗱𝗲𝗿𝗶𝗮 𝗽𝘀𝗲𝘂𝗱𝗼𝗺𝗮𝗹𝗹𝗲𝗶 ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး၊ ကုသမှုနောက်ကျပါက အသက်အန္တရာယ် မြင့်မားစွာရှိနိုင်သည့် ရောဂါတစ်ခုဖြစ်ပါတယ်။
🇹🇭 ထိုင်းနိုင်ငံအတွင်းမှာ ကူးစက်ခံရသူ စုစုပေါင်း ၇၃၂ ဦး နဲ့ သေဆုံးသူ ၂၃ ဦး အထိ ရှိလာတဲ့အတွက် ထိုင်းအစိုးရမှ ၂၀၂၆ ခုနှစ် ဧပြီ ၁၈ရက်မှာ အရေးပေါ်အခြေအနေအဖြစ်သတိပေးထုတ်ပြန်ခဲ့ပါတယ်။ 🇹🇭

🚨𝗠𝗲𝗹𝗶𝗼𝗶𝗱𝗼𝘀𝗶𝘀 ရောဂါကူးစက်နိုင်တဲ့ နည်းလမ်းများကတော့…

🦠 ရောဂါပိုးရှိတဲ့ ဖုန်မှုန့်များ၊ မြေကြီး ဒါမှမဟုတ် ရေနှင့် ထိတွေ့မိခြင်း ၊ ရှူရှိုက်မိခြင်း
🦠 ရောဂါပိုးရှိသောအစားအစာများကိုစားသုံးမိခြင်းတို့ကတစ်ဆင့်ကူးစက်နိုင်ပါတယ်။
📌𝗠𝗲𝗹𝗶𝗼𝗶𝗱𝗼𝘀𝗶𝘀 ရောဂါမှာ သိုး၊ ဝက်၊ ဆိတ်၊ ကြောင်၊ ခွေး၊ မြင်း ၊ နွား စသည့် တိရစ္ဆာန်အမျိုးမျိုးတွင်လည်း ဖြစ်ပွါးတတ်ပါတယ်။ 📌

🚨𝗠𝗲𝗹𝗶𝗼𝗶𝗱𝗼𝘀𝗶𝘀 ရောဂါလက္ခဏာတွေကတော့ …

🦠 အသက်ရှူလမ်းကြောင်းနှင့်
အဆုတ်ပိုးဝင်ခြင်း၊အဆုတ်ယောင်ခြင်း
🦠 ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အဖျားကြီးခြင်းနှင့် ခေါင်းကိုက်ခြင်း
🦠 အရေပြားပေါ်တွင် အနာ သို့မဟုတ် အနာစိမ်းကဲ့သို့ တွေ့ရခြင်းတို့ဖြစ်ပြီး

📌ရောဂါပိုးကူးစက်ခံရပါက (၁) ပတ်မှ (၃) ပတ်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်တတ်ပါတယ်။📌
အချို့သော လူနာတွေမှာတော့ ရောဂါပိုး ကူးစက်ခံရပြီး လ ပိုင်း နှစ်ပိုင်းကြာမှသာ ရောဂါလက္ခဏာများ ပေါ်ပေါက်လာတတ်ပါတယ်။

အဆိုပါရောဂါဟာ ခန္ဓာကိုယ်တွင်းရှိ စနစ်တစ်ခု သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးသို့ သက်ရောက်ထိခိုက်မှု ရှိစေနိုင်ပြီး ထိုအချက်များကြောင့် ရောဂါအတိအကျ အမည်တပ်သိရှိနိုင်ရန်ခက်ခဲတတ်သည့်အပြင် အခြားရောဂါများနှင့်လည်း မှားယွင်းနိုင်ပါတယ်။

🚨ကာကွယ်ရန် နည်းလမ်းများကတော့ …

🦠 အရေပြားပေါက်ပြဲသည့် အနာရှိသူများ ၊ ဆီးချို၊ ကျောက်ကပ်ရောဂါ ကဲ့သို့ နာတာရှည်ရောဂါရှိသူများသည် မြေကြီးနှင့် ရေဝပ်ရေသေ တို့ကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း
🦠 စိုက်ပျိုးရေးလုပ်သူများ သို့မဟုတ် မြေကြီး၊ ရေဝပ်ရေသေတို့နှင့် ထိတွေ့ရနိုင်ခြေများသည့် အလုပ်၊ ဝါသနာရှိသူများအနေဖြင့် ခြေထောက်မှတစ်ဆင့် ရောဂါပိုးကူးစက်ခံရခြင်းကို ကာကွယ်ရန် လည်ရှည်ဖိနပ်၊ ဘွတ်ဖိနပ်ရှည်များ ဝတ်ဆင်ခြင်း
🦠 ရောဂါရှိသူများကို ကုသပေးရသည့် ကျန်းမာရေးလုပ်သားများသည် ရောဂါကာကွယ်ရန် သတ်မှတ်ထားသည့် စံပြုကြိုတင်ကာကွယ်နည်းလမ်းများကို လိုက်နာအသုံးပြုခြင်း
🦠 ဓာတ်ခွဲခန်းတွင် လုပ်ကိုင်သူများအနေဖြင့် အသက်ရှူခြင်းဆိုင်ရာ အကာအကွယ်များကို သင့်လျော်မှန်ကန်စွာ အသုံးပြုခြင်း ဖြင့် ရှောင်ကျဉ်ကာကွယ်နိုင်ပါတယ်ရှင်။

🚨🚨အထူးသတိထားရမယ့်အချက်ရှိပါတယ်။🚨🚨
👇🏻👇🏻👇🏻👇🏻

🚨🦠𝗠𝗲𝗹𝗶𝗼𝗶𝗱𝗼𝘀𝗶𝘀 (မြေတုပ်ကွေး) ရောဂါဟာ အခြားရောဂါများနှင့် မှားယွင်းတတ်ပြီး ရောဂါရှာဖွေရန် ခက်ခဲတတ်ပါတယ်။🚨 🦠
ဒါကြောင့် မိုးရာသီနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီီးနောက် အပြင်းဖျားခြင်း၊ အဆုတ်ရောင်ခြင်းနှင့် ပြည်တည်နာဖြစ်ခြင်း စသည့်လက္ခဏာများ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းသွားရောက်ပြသရန် အထူးပင်လိုအပ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။ 💯💯💯



#သတိပြုစရာမြေတုပ်ကွေးရောဂါ


#သတိပြုစရာ မြေတုပ်ကွေးရောဂါ

"နွေရာသီမှာ မဖြစ်မနေလိုက်နာရမယ့် အချက်(၃)ချက်"သားသားမီးမီးတို့ရဲ့ ကျန်းမာရေးဟာ မေမေတို့အတွက် အရေးအကြီးဆုံးပါ။ နွေရာသီရဲ့...
23/04/2026

"နွေရာသီမှာ မဖြစ်မနေလိုက်နာရမယ့် အချက်(၃)ချက်"
သားသားမီးမီးတို့ရဲ့ ကျန်းမာရေးဟာ မေမေတို့အတွက် အရေးအကြီးဆုံးပါ။ နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကြောင့် ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ရောဂါဝေဒနာတွေကို မေမေတို့အနေနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။👶🏻🥹

ဒါကြောင့် ဒီလိုမျိုး နွေရာသီမှာ မေမေတို့ မဖြစ်မနေ သတိထားရမယ့် အချက် (၃) ချက်ကို ရွှေလမင်းဆေးရုံ(လမ်းမတော်)မှ ဒေါက်တာလမင်းက အခုပဲ ရှင်းပြပေးသွားမှာပါ။✅

နွေရာသီမှာ ကလေးကျန်းမာရေးအတွက် သတိထားရမယ့် အချက် (၃) ချက်ကတော့

🔰ပူပြင်းတဲ့ရာသီမှာ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်
ကလေးတွေ ရေဓာတ်ခန်းခြောက်မှု မဖြစ်စေဖို့အတွက် နို့စို့ကလေးဆိုရင် နို့ကို ပိုမိုတိုက်ကျွေးပေးပြီး၊ ကလေးကြီးတွေဆိုရင် ရေနဲ့ သဘာဝသစ်သီးဖျော်ရည်များကို လုံလောက်စွာ တိုက်ကျွေးပေးပါ။💧

🔰ရာသီဥတုပူလို့ အစားအစာတွေ ပုပ်သိုးလွယ်ပါတယ်။ ဒါကြောင့် ချက်ပြီးသားအစားအစာတွေကို အဖုံးအုပ်ထားဖို့နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကိုသာ ကျွေးမွေးဖို့ အရေးကြီးပါတယ်။☀️

🔰ခရမ်းလွန်ရောင်ခြည်မြင့်တက််တဲ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ကလေးကို အပြင်မထွက်စေဘဲ အိမ်တွင်းအေးမြတဲ့နေရာမှာသာ ဆော့ကစားပါစေ။🌞

ကာကွယ်ခြင်းဟာ ကုသခြင်းထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ ကလေးငယ်တွေမှာ ပုံမှန်ထက်ထူးခြားတဲ့ အဖျားကြီးခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် မှိန်းနေခြင်းမျိုး တွေ့ရှိပါက နီးစပ်ရာဆေးခန်းသို့ အချိန်မီ လာရောက်ပြသသင့်ပါတယ်။🏥✅

ကဲ... မေမေတို့ရေ၊ ဒီနွေရာသီမှာ သားသားမီးမီးလေးတွေ ကျန်းမာရွှင်လန်းနေဖို့အတွက် ဒီအချက် (၃) ချက်ကို အခုကတည်းက လိုက်နာစောင့်ရှောက်ပေးကြရအောင်နော်။😊

ကလေးငယ်လေးတွေရဲ့ ကျန်းမာရေးအတွက် ရွှေလမင်းဆေးရုံ(လမ်းမတော်)မှ ကလေးအထူးကုဆရာဝန်ကြီးများနှင့် (၂၄)နာရီလုံး လိုအပ်ချိန်တိုင်း လာရောက်ကုသဖို့ ဒေါက်တာလမင်းက ဖိတ်ခေါ်လိုက်ပါတယ်နော်😍💛💚"

#ရွှေလမင်း
#လမ်းမတော်
#ဒေါက်တာလမင်း
#နွေရာသီ #ကလေးကျန်းမာရေး

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူများအားလုံး ရောဂါဘယကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့...
16/04/2026

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူများအားလုံး ရောဂါဘယကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ရွှေလမင်းဆေးရုံ(လမ်းမတော်)မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။💛🙏🏻

#ရွှေလမင်း
#လမ်းမတော်
#သင်္ကြန်

ရွှေလမင်း‌ဆေးရုံ (လမ်းမတော်) မိသားစု ရဲ့ ရဟန်းခံခြင်း၊သီလရှင် ဝတ်ပွဲ ကို ၁၀-၄-၂၀၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြိ...
14/04/2026

ရွှေလမင်း‌ဆေးရုံ (လမ်းမတော်) မိသားစု ရဲ့
ရဟန်းခံခြင်း၊သီလရှင် ဝတ်ပွဲ ကို ၁၀-၄-၂၀၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းဇနိတာရာမ မိုးကုတ်ဝိပ္ပသာနာကျောင်းတိုက်တွင်ပြုလုပ်ခဲ့ပါတယ်ရှင်။
ဤကဲ့သို့ တန်ဖိုးထားချစ်ခင်ရတဲ့ ဝန်ထမ်းများရဲ့ ကုသိုလ်လမ်းခရီးကို အားပေးထောက်ပံ့ခွင့်ရခဲ့တဲ့အတွက် အထူးပင် ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။
ရွှေလမင်း(လမ်းမတော်ဆေးရုံ)ရဲ့ အလှူအောင်ပွဲ ကို ပီတီများစွာဖြင့်သာဓုခေါ်ဆိုရန်အတွက်ပြန်လည်မျှဝေပေးအပ်ပါတယ်ရှင်။


#သင်္ကြန်အလှူ

💦 မြန်မာ့နှစ်သစ်ကူးအခါသမယတွင် မိဘပြည်သူများအားလုံး  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပ...
09/04/2026

💦 မြန်မာ့နှစ်သစ်ကူးအခါသမယတွင် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ 💦

🏥 မိဘပြည်သူများအတွက် အစဉ်အမြဲ ကျန်းမာရေး စောင့်ရှောက်ကုသမှုများပေးနေတဲ့ ရွှေလမင်း(လမ်းမတော်) ဆေးရုံသည် မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်အခါသမယတွင် အချို့သောဝန်ဆောင်မှုများကို အောက်ပါအတိုင်း ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။

🗓️ 13.April. 2026 မှ 16.April. 2026အထိ

💦 ပြင်ပလူနာဌာန (အထွေထွေရောဂါကု ၊ ကလေးအထူးကု၊သားဖွားမီးယပ်အထူးကု)
💦 Medical Checkup( ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှု)
💦 Day Care ဝန်ဆောင်မှု

🗓️ 16.April.2026 🗓️

💦 ကျောက်ကပ်ဆေးခြင်း( 𝐇𝐃 )
စသည့်ဝန်ဆောင်မှုများကို ခေတ္တရပ်နားထားမှာဖြစ်ပါသောကြောင့် လူနာများအနေဖြင့် မိမိတို့၏ ဆေးကုသမှုအချိန်ဇယားများကို ကြိုတင် သိရှိ နိုင်စေရန်အတွက် လေးစားစွာ အသိပေးအပ်ပါတယ်ရှင်။ 🙏🏻🙏🏻🙏🏻


နေမကောင်းဖြစ်တဲ့အခါ ဆေးရုံ/ဆေးခန်းပေါင်းစုံ လိုက်ပြနေရတာက တကယ်ကို စိတ်ပင်ပန်းရတဲ့ ကိစ္စတစ်ခုပါ။🥹ဒီနေ့ တစ်နေရာ၊ နောက်နေ့ ...
06/04/2026

နေမကောင်းဖြစ်တဲ့အခါ ဆေးရုံ/ဆေးခန်းပေါင်းစုံ လိုက်ပြနေရတာက တကယ်ကို စိတ်ပင်ပန်းရတဲ့ ကိစ္စတစ်ခုပါ။🥹
ဒီနေ့ တစ်နေရာ၊ နောက်နေ့ နောက်တစ်နေရာနဲ့ သွားနေရတာက လူနာအတွက်တင်မကဘဲ ပြုစုပေးတဲ့ မိသားစုဝင်တွေအတွက်ပါ အချိန်ကုန်တဲ့အပြင် လူလည်းပင်ပန်းစေပါတယ်။😰

"ဒီရောဂါကို ဘယ်ဌာနမှာ ပြရမလဲ? ခွဲစိတ်ဖို့လိုလာရင်ကော ဘယ်လိုလုပ်မလဲ?" ဆိုတဲ့ စိုးရိမ်စိတ်တွေအတွက်ကြောင့် အချိန်ကုန်တာတွေအတွက် စိတ်မညစ်ပါနဲ့တော့။🤗

ရွှေလမင်းဆေးရုံ(လမ်းမတော်)မှာ လိုအပ်တဲ့ ဆေးကုသဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ရယူနိုင်မှာဖြစ်ပါတယ်။😍

🏥ရွှေလမင်းဆေးရုံ(လမ်းမတော်)မှာ ...

✅ စုံလင်လှတဲ့ အထူးကုဌာနတွေ ဖြစ်တဲ့
နှလုံး၊ ဦးနှောက်နဲ့အာရုံကြော၊ ဆီးနဲ့ကျောက်ကပ်၊ အရိုး၊ အရေပြား၊ အဆုတ်၊ နား/နှာခေါင်း/လည်ချောင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း... စတဲ့ အထူးကုဌာနတွေအားလုံးကို ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ တစ်နေရာတည်းမှာ တိုင်ပင်ကုသနိုင်ပါတယ်။😇

✅ မိခင်နဲ့ကလေး ကျန်းမာရေး နဲ့သက်ဆိုင်တဲ့
သားဖွားမီးယပ်ဌာန၊(၆) လအထက် ကလေးငယ်လေးတွေအတွက် တုပ်ကွေးကာကွယ်ဆေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။👶🏻🤰🏻

✅ နည်းပညာမြင့် ခွဲစိတ်မှုဖြစ်တဲ့
အနာသက်သာပြီး သက်သာမြန်စေဖို့အတွက် မှန်ပြောင်းဖြင့် ခွဲစိတ်တဲ့ နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ဆီမှာ စနစ်တကျ လုပ်ဆောင်ပေးပါတယ်။👨🏼‍⚕️

✅ ရောဂါရှာဖွေရေးမှ ကင်ဆာကုသမှုအထိ:
ဓာတ်ခွဲခန်း၊ ဓာတ်မှန်၊ CT Scan စတဲ့ ရောဂါရှာဖွေရေးတွေကအစ၊ ကင်ဆာရောဂါအတွက် ဆေးသွင်းကုသမှုအထိ လိုအပ်တဲ့ ဝန်ဆောင်မှုအစုံအလင်ကို ဆေးရုံမှာပဲ အချိန်ကုန်သက်သာစွာ ရယူနိုင်မှာပါ။🩻

ဒါ့ကြောင့် ရွှေလမင်းဆေးရုံ(လမ်းမတော်)ဟာ တစ်နေရာတည်းမှာ စုံလင်တဲ့ဝန်ဆောင်မှုတွေကို ရယူနိုင်လို့ အချိန်ကုန်လူပင်ပန်းသက်သာတဲ့အပြင် လိုအပ်တဲ့ ကုသမှုတွေအတွက်လည်း ခေါင်းစားစရာမလိုတော့ပါဘူး🥰

လိုအပ်တဲ့ကုသမှုတွေအတွက် စုံလင်တဲ့ဆေးကုသဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာရယူနိုင်ဖို့ အခုပဲ ရွှေလမင်းဆေးရုံကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူလိုက်တော့နော်💚💛

🏨Shwe La Min Hospital (Lanmadaw)
Building-B, Level-4, No.15/19, Zaw Gyi Street, Lanmadaw Tsp, Yangon.
☎️ 012301948, 012314825, 012314826, 012314809

#ရွှေလမင်း
#လမ်းမတော်

💚World Autism Awareness Day 💚ဒီနေ့ဟာ Autism Spectrum Disorder (ASD) အကြောင်းကို လူအများပိုမိုနားလည်လာစေဖို့၊ လေးစားမှုနဲ...
02/04/2026

💚World Autism Awareness Day 💚

ဒီနေ့ဟာ Autism Spectrum Disorder (ASD) အကြောင်းကို လူအများပိုမိုနားလည်လာစေဖို့၊ လေးစားမှုနဲ့ လက်ခံမှုတွေ တိုးပွားလာစေဖို့ ရည်ရွယ်ထားတဲ့ အရေးကြီးတဲ့နေ့တစ်နေ့ပါ။

Autism ဟာ “ရောဂါ” တစ်ခုမဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ စဉ်းစားပုံ၊ ဆက်ဆံပုံ၊ လောကကြည့်မြင်ပုံကွာခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။

💚သူတို့မှာလည်း ကိုယ်ပိုင်အရည်အချင်းတွေရှိပါတယ်
💚သူတို့လည်း ချစ်ခြင်း၊ နားလည်မှုတွေ လိုအပ်ပါတယ်
💚သူတို့ကို “ပြောင်းလဲစေဖို့” မဟုတ်ဘဲ “လက်ခံဖို့” ပိုအရေးကြီးပါတယ်

ဒီနေ့မှာ—
💚Awareness မက Acceptance ကိုပါ မြှင့်တင်ကြရအောင်
💚မတူညီမှုတွေကို အားဖြစ်အောင် မြင်ကြရအောင်
💚လူတိုင်းအတွက် ပါဝင်ခွင့်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ကြရအောင်နော်

💚Different, not less.💚


ကိုယ်ဝန်ဆောင် မေမေတို့ရေ....ဗိုက်ထဲက ရင်သွေးလေးကို တွေ့ရဖို့ နီးကပ်လာတာနဲ့အမျှ စိတ်လှုပ်ရှားမှုတွေနဲ့အတူ လိုအပ်တာတွေအတွက...
30/03/2026

ကိုယ်ဝန်ဆောင် မေမေတို့ရေ....ဗိုက်ထဲက ရင်သွေးလေးကို တွေ့ရဖို့ နီးကပ်လာတာနဲ့အမျှ စိတ်လှုပ်ရှားမှုတွေနဲ့အတူ လိုအပ်တာတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်နေရပြီဟုတ်?🤰🏻

ကိုယ်ဝန်စရကတည်းက ကိုယ့်ရဲ့ ရင်သွေးလေးကို မွေးဖွားဖို့ ဦးနှောက်စားနေရတဲ့ မေမေတို့အတွက်🧠
အခုလို ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ မေမေတို့ စိတ်ပူပန်မှု လုံးဝမရှိဘဲ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ စိတ်အေးသက်သာရှိစေဖို့ ရွှေလမင်းဆေးရုံ(လမ်းမတော်) ကနေ Maternity Package (ကလေးမွေးဖွားခြင်းအစီအစဉ်) ကို အထူးအစီအစဉ်နဲ့ ကြိုတင်ရောင်းချပေးနေပါတယ်။✅🤗

ဒီလိုကြိုတင်ဝယ်ယူထားတဲ့မေမေတို့အနေနဲ့
🔰ဘယ်လို ကုန်ဈေးနှုန်းတွေပဲတက်တက် ဝယ်ယူထားတဲ့ ဈေးနှုန်းအတိုင်းပဲဆိုတော့
ငွေကြေးများစွာ ထပ်ဆောင်းကုန်ကျဖို့မလိုအပ်တော့ပါဘူးနော်။🙅🏼‍♀️❌

ဒါ့အပြင် ပထမဆုံးဝယ်ယူသူအယောက်(၂၀)ကိုလည်း ရွှေလမင်းဆေးရုံ(လမ်းမတော်)မှ သီးသန့်စီစဉ်ထားတဲ့ အမှတ်တရ အိတ်လေးကို လည်းလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။🎁

🌕ရွှေလမင်းဆေးရုံ(လမ်းမတော်)မှာ ကျွမ်းကျင်တဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနဲ့ ခေတ်မီစက်ကိရိယာတွေ အပြည့်အစုံနဲ့ ဝန်ဆောင်မှုပေးနေတာကြောင့် မေမေရော ရင်သွေးလေးပါ ဘေးကင်းလုံခြုံစွာ မွေးဖွားနိုင်မှာပါ။😍💛

ဈေးနှုန်းတက်မှာကို စိတ်ပူစရာမလိုတဲ့အပြင် အမှတ်တရအိတ်လေးကိုပါ လက်ဆောင်ရမယ့် ဒီ Maternity Package ကို အခုပဲ စုံစမ်းဝယ်ယူလိုက်တော့နော်🤗💚💛

📌အိတ်အရောင် အပြောင်းအလဲရှိနိုင်ပါတယ်ရှင်📌

🏨Shwe La Min Hospital (Lanmadaw)
Building-B, Level-4, No.15/19, Zaw Gyi Street, Lanmadaw Tsp, Yangon.
☎️ 012301948, 012314825, 012314826, 012314809

🚨Heatstroke (အပူလွန်ကဲခြင်း) အကြောင်း သိထားသင့်သောအချက်များ🚨Heatstroke ဆိုသည်မှာ ခန္ဓာကိုယ်မှ အပူချိန်ကို မထိန်းညှိနိုင်...
29/03/2026

🚨Heatstroke (အပူလွန်ကဲခြင်း) အကြောင်း သိထားသင့်သောအချက်များ🚨

Heatstroke ဆိုသည်မှာ ခန္ဓာကိုယ်မှ အပူချိန်ကို မထိန်းညှိနိုင်တော့ပဲ အလွန်မြင့်မားသည့် အပူချိန် (များသောအားဖြင့် 40°C နှင့်အထက်) ရောက်ရှိသည့် အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် အလွန်ပူပြင်းသော အချိန်တွင် အပြင်မှာ အချိန်ကြာရှည် နေရခြင်း၊ ရေဓါတ်မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။

Heatstroke ဖြစ်ပေါ်စေသောအကြောင်းရင်းများကတော့
……

📌နေပူထဲတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်း
📌ရေဓါတ်မလုံလောက်ဘဲ ခန္ဓာကိုယ်ခြောက်သွေ့ခြင်း
📌အားကစား သို့မဟုတ် အလုပ်ကြမ်းများကို
ပူပြင်းသောနေရာတွင် ပြုလုပ်ခြင်း
📌လေဝင်လေထွက်မကောင်းသော နေရာများတွင် နေထိုင်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ်။

🚨Heatstroke ရဲ့ လက္ခဏာများမှာ…🚨

📌ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း
📌ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
📌နှလုံးခုန်မြန်ခြင်း
📌ချွေးမထွက်တော့ခြင်း (တချို့တွင် ဖြစ်နိုင်သည်)
📌အန်ခြင်း နှင့် စိတ်ရှုပ်ထွေးခြင်း
📌အလွန်ဆိုးရွားပါက သတိလစ်မေ့လျော့ခြင်း စသည်တို့ဖြစ်ပေါ်စေနိုင်ပြီး အသက်အန္တရာယ်ကျရောက်စေနိုင်ပါတယ်။

🚨Heatstroke မဖြစ်ပေါ်စေရန် အောက်ပါနည်းလမ်းများဖြင့်ကာကွယ်နိုင်ပါတယ်။ 🚨

✅နေပူချိန်အမြင့်ဆုံးအချိန် (နေ့လယ် ၁၂ မှ ၃ နာရီအတွင်း) တွင် အပြင်မထွက်ခြင်း
✅ရေများများ သောက်သုံးခြင်း
✅ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသော အဝတ်အစား ဝတ်ဆင်ခြင်း
✅နေရောင်ကာပစ္စည်းများ (ဦးထုပ်၊ ထီး) အသုံးပြုခြင်း
စတဲ့အချက်တွေပဲဖြစ်ပါတယ်။

🚨မိမိ၏ပတ်ဝန်းကျင်တွင် Heatstroke ရသောလူနာများအားတွေ့ရှိပါက အရေးပေါ်အခြေအနေများတွင်
………….🚨🚨🚨

✅လူနာကို အရိပ်ထဲ သို့မဟုတ် အေးသောနေရာသို့ ချက်ချင်း ရွှေ့ခြင်း
✅အဝတ်အစားများကို ချောင်ချိပြီးလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးခြင်း
✅ရေစိုသောအဝတ်ဖြင့် ခန္ဓာကိုယ်အားသုတ်ပေးခြင်း
✅ရေသောက်နိုင်သောအခြေအနေတွင်ရေတိုက်ပေးခြင်း

စတဲ့ပြုစုမှုများပြုလုပ်ပေးပြီးလက္ခဏာများ ပြင်းထန်ပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် ယခုလိုပူပြင်းတဲ့ရာသီဥတုမှာ မိမိနဲ့မိမိရဲ့မိသားစုဝင်များရဲ့ ကျန်းမာရေးကို အထူးဂရုပြုနိုင်ရန်နှင့် Heatstroke ကြောင့် အသက်အန္တာရာယ်မှကာကွယ်နိုင်ရန်အတွက် အလေးထားဖော်ပြပေးလိုက်ပါတယ်ရှင်။
🚨🚨🚨

#ရွှေလမင်း
#လမ်းမတော်
#အပူလွန်ကဲခြင်းအန္တာရယ်

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးဟာ မေမေတို့အတွက် အရေးအကြီးဆုံးပါ။ အချိန်မရွေးဖြစ်ပွားတတ်တဲ့ တုပ်ကွေးရောဂါဟာ ကလေးငယ်တွေအတွက...
28/03/2026

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးဟာ မေမေတို့အတွက် အရေးအကြီးဆုံးပါ။ အချိန်မရွေးဖြစ်ပွားတတ်တဲ့ တုပ်ကွေးရောဂါဟာ ကလေးငယ်တွေအတွက်တော့ ပုံမှန်များတာထက် ပိုပြင်းထန်တဲ့ဖျားနာမှုတွေကို ခံစားရတဲ့အပြင် အဆုတ်ရောင်တာတွေအထိဖြစ်နိုင်လို့ မေမေတို့အတွက်လည်း အလွန်ပင်ပန်းရပါတယ်။👶🏻🥹

ဒါ့ကြောင့် ဒီလိုတုပ်ကွေးတွေနဲ့ပတ်သတ်ပြီး ဘာကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးနှံသင့်တယ်၊ဘယ်အချိန်မှာထိုးနှံရမလဲဆိုတာကို ဒေါက်တာလမင်းက အသေးစိတ််ရှင်းပြပေးသွားမှာပါ။✅

ကလေးအတွက်ရော မေမေတို့အတွက်ပါ စိတ်ဒုက္ခပေးနိုင်တဲ့ တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကတော့ "တုပ်ကွေးကာကွယ်ဆေး" ထိုးနှံခြင်းပဲ ဖြစ်ပါတယ်။💉

တုပ်ကွေးကာကွယ်ဆေးထိုးထားတဲ့အခါ တုပ်ကွေးကြောင့်ဖြစ်တတ်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါများကို ကာကွယ်ပေးနိုင်တဲ့အပြင် ကလေးတွေဖျားနာတာလျော့နည်းသွားစေပါတယ်။🤒⬇️

ဒါဆို တုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်မှာထိုးရမလဲ?🤔
တုပ်ကွေးရာသီမတိုင်မီ ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးပါ။✅
ကလေး (၆) လကျော်ပြီဆိုတာနဲ့ တုပ်ကွေးကာကွယ်ဆေး စတင်ထိုးနှံသင့်ပါပြီ။ တစ်နှစ်တစ်ခါ ပုံမှန်ထိုးပေးခြင်းက ကလေးအတွက် အကောင်းဆုံး ဖြစ်စေမှာပါ။🤗

🛡️ကာကွယ်ခြင်းဟာကုသခြင်းထက် အဆပေါင်းများစွာသာလွန်လို့ တုပ်ကွေးတွေမဖြစ်လာခင်ကတည်းက တုပ်ကွေးကာကွယ်ဆေးထိုးပေးထားခြင်းဟာ ကလေးတွေအတွက် ဖျားနာခြင်းကို သက်သာစေမယ့် နည်းလမ်းတစ်ခုပါပဲ။👀

ကဲ...မေမေတို့ရေ ဒီနှစ်အတွက် ကိုယ့်ကလေးကို တုပ်ကွေးကာကွယ်ဆေးထိုးပေးပြီးပြီလား? မထိုးပေးရသေးဘူးဆိုရင်တော့ ရွှေလမင်းဆေးရုံ(လမ်းမတော်)မှာ ကလေးအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး တုပ်ကွေးကာကွယ်ဆေးထိုးပေးဖို့ ဒေါက်တာလမင်းက ဖိတ်ခေါ်လိုက်ပါတယ်နော်😍💛💚

🏨Shwe La Min Hospital (Lanmadaw)
Building-B, Level-4, No.15/19, Zaw Gyi Street, Lanmadaw Tsp, Yangon.
☎️ 012301948, 012314825, 012314826, 012314809

#ရွှေလမင်း
#လမ်းမတော်
#ဒေါက်တာလမင်း
#တုပ်ကွေးကာကွယ်ဆေး

Address

အမှတ်-၁၅/၁၉၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Yangon
11131

Alerts

Be the first to know and let us send you an email when Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်:

Share

Category