20/09/2025
ဘုရင်မကြီး ရှင်စောပု ကိုးကွယ်ခဲ့သော “အောင်သိဒ္ဓိစင်္ကြာရှင်၊အောင်သိဒ္ဓိသစ္စာရှင်၊အောင်သိဒ္ဓိမေတ္တာရှင်၊အောင်တော်မူ အောင်စင်္ကြာမုနိ နေလဘုရား” ဆုတောင်းပြည့် ရှေးဟောင်းရုပ်ပွါးတော်မြတ်များကို ရွှေလမင်းဆေးရုံ (လမ်းမတော်)တွင် (၁၈.၀၉.၂၀၂၅)ရက်နေ့ မှ (၂၀.၀၉.၂၀၂၅)နေ့အထိ ပူဇော်ခံ ထားရှိပြီး (၂၀.၀၉.၂၀၂၅)ရက်နေ့တွင် သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကုသိုလ်၊ ဘုရားဖူးကြွရောက်လာကြသော ဆရာကြီး၊ဆရာမကြီးများနှင့် ဧည့်ပရိတ်သတ်များကို (ကြာဇံကြော်၊ကြာဇံချက်၊ကောက်ညှင်းပေါင်း၊ကော်ဖီ၊လက်ဖက်ရည်၊အအေး) စသည်တို့ဖြင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းကြောင့် ရရှိသော ကောင်းမှု့ကုသိုလ်၊စေတနာများကို ခုနှစ်ရက်သားသမီးများ ထပ်တူထပ်မျှရရှိနိုင်ကြပါစေရန် ရွှေလမင်းမိသားစုမှ ဆန္ဒပြု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။🙏✨✨