Su Pharmacy

Su Pharmacy Su Pharmacy
နိုင်ငံခြားဆေးနှင့် တိုင်းရင်းဆေးမျိုးစုံရောင်းဝယ်ရေး

ဘယ်လောက်ဝေးဝေးရောက်နေကြပြီလဲ 😝😝😝
27/01/2023

ဘယ်လောက်ဝေးဝေးရောက်နေကြပြီလဲ 😝😝😝

လူမေးများနေတဲ့collagenလေး "စု"ဆေးဆိုင်မှာ ရနေပါပြီ နော်အသက် ၄၀ကျော်ရင် ကျား/မ မရွေးသောက်ကိုသောက်သင့်တဲ့ collagen လေးဟာခု...
16/01/2023

လူမေးများနေတဲ့collagenလေး "စု"ဆေးဆိုင်မှာ ရနေပါပြီ နော်
အသက် ၄၀ကျော်ရင် ကျား/မ မရွေးသောက်ကိုသောက်သင့်တဲ့ collagen လေးဟာ
ခုဆို အသက် ၂၅ နှစ်ကျော် လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်နေပါပြီ
ကိုယ်တိုင်လဲ သောက်ချင်လို့
brand လဲကောင်း
စျေးနှုန်းလဲသင့်တင့်ပြီး
ထောက်ခံသူများတဲ့ brand လေးကို သေချာလေ့လာရွေးချယ်ကြည့်တော့ youtheory လေးကို သွားတွေ့ပါတယ်
သူက USA made ပါ
collagen စုပ်ယူမှုကောင်းအောင် vitamin C ကို ထည့်ပေးထားပါတယ်
ဆံသားနဲ့ လက်သည်းကျန်းမာရေးအတွက် biotin လဲပါတဲ့ collagen ကို ၁၀လုံးကနေ စပြီး စု ဆေးဆိုင်မှာ လာရောက်ဝယ်ယူနိုင်ပါပြီရှင်
collagen ရဲ့ ကောင်းကျိုးတွေကို သိချင်ရင် ဒီ link မှာ ဝင်ကြည့်ပါနော်

https://www.facebook.com/drkml.fame/videos/3187608868023477/

အရမ်းတန်တဲ့ promotion လေး...stock ရှိသလောက်ပဲ ရမှာမို့ ဦးသူယူပါနော်Nestle ဆန်ပဲနို့ယခင်စျေး ၁၁၆၀၀ကျပ်ယခုစျေး ၆၀၀၀ ကျပ်က...
16/01/2023

အရမ်းတန်တဲ့ promotion လေး...
stock ရှိသလောက်ပဲ ရမှာမို့ ဦးသူယူပါနော်
Nestle ဆန်ပဲနို့
ယခင်စျေး ၁၁၆၀၀ကျပ်
ယခုစျေး ၆၀၀၀ ကျပ်
ကလေး ၆လအထက် စကျွေးနိုင်ပါတယ်ရှင်

တကယ်က အေးအေးဆေးဆေး တစ်ရက်လောက်မှာ ဒီပို့စ်ကိုတင်ဖို့ပါဒီကြားထဲ ခပ်စိပ်စိပ်လာမေးကြတဲ့အခြေအနေတွေကြောင့် အမြန်ပဲရေးပြီးတင်လ...
07/01/2023

တကယ်က အေးအေးဆေးဆေး တစ်ရက်လောက်မှာ ဒီပို့စ်ကိုတင်ဖို့ပါ
ဒီကြားထဲ ခပ်စိပ်စိပ်လာမေးကြတဲ့အခြေအနေတွေကြောင့် အမြန်ပဲရေးပြီးတင်လိုက်ရပါတယ်

⛔ " စု" ဆေးဆိုင်မှာ မရနိုင်သော ဆေးများအကြောင်း ⛔ ပါရှင်

ဖတ်ရန်ကြာချိန် ၇မိနစ်ခန့်ရှိပါမယ်
အချိန်အနည်းငယ်မျှ ရခဲ့မယ်ဆိုရင် ဝင်ဖတ်ပေးစေချင်ပါတယ်

🚫 ခါးပတ်ကြား ဆေးနီတောင့်
အနာဖြစ်ရင်ထည့်ကြတဲ့ ဆေးနီတောင့် ဆိုတာ ဆိုင်ဖွင့်စ က ကျွန်မလဲ မသိလို့ မှာရောင်းဖူးပါတယ်။ ကြည့်လိုက်တော့မှ တီဘီဆေးတွေဖြစ်နေလို့ နောက်ပိုင်း မရောင်းတော့ပါဘူး။ သူက တီဘီရောဂါဖြစ်ရင်သောက်ရတဲ့ဆေးပါ။ အနာထဲထည့်တဲ့ဆေးမဟုတ်ပါဘူး။ သောက်ဆေးကို လိမ်းဆေးအဖြစ်သုံးလိုက်လို့ လတ်တလောမှာ ခပ်မြန်မြန်သက်သာသွားတယ်ထင်ရပေမယ့် တချိန်ချိန်မှာ အဆုတ်ရောင်တီဘီရောဂါဖြစ်လာခဲ့ရင် ဒီဆေးသောက်လို့ မတိုးတော့ပါဘူး။ သူ့ဆီကတဆင့် အကူးခံလိုက်ရတဲ့သူတွေမှာလဲ ဘာမှမလုပ်ရပါဘဲနဲ့ ဆေးယဥ်ပါးတီဘီဖြစ်သွားနိုင်ပါတယ်။ #ခါးပတ်ကြားဆေးနီတောင့်ကိုအနာထဲထည့်ဖို့အတွက်ကျွန်မမရောင်းပါဘူးရှင်။ ဆေးမှုန့်မှ ထည့်ချင်တယ်ဆိုရင် အနာထဲထည့်ဖို့သီးသန့်ထုတ်ထားတဲ့ neomycin powder လိုမျိုး ဆေးမှုန့်တွေရှိပါတယ်။

🚫 ကိုယ်ဝန်ဆောင်တွေသောက်တဲ့ လေဆေး

သူက တရားဝင်မှတ်ပုံတင်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးဖြစ်လို့ နာမည်ထည့်မရေးတော့ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သောက်ရင် ကလေးမှာ လေနာပါမလာဘူးဆိုပြီး ဝယ်သောက်ကြပါတယ်။ လုံးဝ လွဲနေတဲ့အယူအဆပါနော်။ အခု မေမေက လေထိုးနေရင် အခု လေဆေးသောက်လိုက်ပါ။ ဘာမှမဖြစ်ရင် ဘာလေဆေးမှ ကြိုသောက်စရာမလိုပါဘူးနော်။ #ကျွန်မဆိုင်မှာတင်ရောင်းရင်လာဝယ်ပြီးသောက်မိနေမှာစိုးလို့ကိုယ်ဝန်​ဆောင်လေဆေးမရောင်းပါဘူးရှင်။ အဲ့ဆေးတွေသောက်ထားတဲ့ မေမေတွေလဲ ကလေး လေနာပါမပါ မသိပေမယ့် မွေးပြီးကလေး အသားဝါဖြစ်ချိန် ရက်ကြာတတ်ပါတယ်

🚫 မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားလို့ ကလေးမလိုချင်သေးဘူး.. ဘာဆေးသောက်ရမလဲ

အေးအေးဆေးဆေးမှ "စုဆေးဆိုင်တွင် မရနိုင်သော ဆေးများ အကြောင်း" ပို့စ်ရေးဖို့ စဥ်းစားထားတာ.. ခုရက်ပိုင်း မကြာခဏလာမေးကြလို့ ခပ်မြန်မြန် ရေးတင်လိုက်တဲ့အကြောင်းကဒီဟာပါပဲ

ကျွန်မဆိုင်မှာ ကလေးပျက်ကျအောင်သောက်လို့ရတဲ့ဆေး လုံးဝ ❌လုံးဝ ❌ မရောင်းပါဘူး​နော်။ မလိုချင်လို့ ဘယ်လိုလုပ်ရမလဲ.. လုံးဝ အကြံမပေးတတ်ပါဘူးရှင်။ မထိတထိ ဟိုဆေးဒီဆေးတွေလျှောက်သောက်.. လရင့်လာတဲ့အထိ ဖျက်လို့မရမှ ဘုရားပေးတဲ့ကလေးဆိုပြီး မွေးလိုက်ရင် လနုစဥ်က ဖျက်ချထားခဲ့တဲ့ ဒဏ်တွေကြောင့် ကလေးမှာ ကိုယ်အင်္ဂါမစုံတာ..ဦးနှောက်ဉာဏ်ရည်မပြည့်တာတွေ ဖြစ်လာခဲ့ရင် ကလေးရော အမေရော နစ်နာပါတယ်။ က​လေး မလိုချင်​သေး ရင် အစကတည်းက မရအောင်တားလို့ရတဲ့နည်းလမ်းတွေ အများကြီးပါ။ ၃လခံဆေး ထိုးမလား။ တစ်ရက်တစ်လုံးသောက်ရတဲ့ တားဆေးကတ် တံဆိပ်မျိုးစုံ အဆင်ပြေရာ ဝယ်သောက်မလား။ ရက်ရှောင်နည်းသုံးမလား။ ကွန်ဒုံးသုံးမလား။ နောက်ဆုံး ဘာတားနည်းမှ မသုံးရသေးခင် အတူနေမိသွားလို့ ကလေးရမှာစိုးရင်တောင် ၇၂နာရီအတွင်းမှာ သောက်လို့ရတဲ့ ဆေးရှိပါသေးတယ်။ Ecee 2 လိုမျိုး။ ဒါပေမယ့် သူ့မှာလဲဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် အတူနေပြီးတိုင်း သောက်လို့ကောင်းတဲ့ဆေးတော့ မဟုတ်သေးပြန်ပါဘူး။ ကလေးအမေ အိမ်ထောင်သည် ကျွန်မကို စပ်ဖြဲဖြဲ ပြီတီတီ မျက်နှာနဲ့ ကောင်လေးနှစ်ယောက်က Ecee 2 လာဝယ်ပြီး ဘယ်လိုသောက်ရမှာလဲ ဘယ်နှနာရီ ထသောက်ရမှာလဲ လာမေးလို့.. အသားတွေတဆတ်ဆတ်တုန်တဲ့အထိ ဒေါသထွက်ပြီး အော်ငေါက်လွှတ်ခဲ့ဖူးပါတယ်။ ပြန်တွေးကြည့်တော့ ကလေးရလာမှ "ဖျက်ချချင်လို့ ဆရာမ.. ဘာဆေးသောက်ရမလဲ.." လာမေးတာထက်စာရင် ကြိုတင်ကာကွယ်နိုင်တဲ့တားဆေးတွေ သုံးနည်းကို စနစ်တကျပြန်ရှင်းပြတာက ပိုပြီးထိရောက်နိုင်လို့ နောက်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပေးဖို့ ကြိုးစားပါမယ်

🚫 သုံးခွက်စာ စပ်ဆေး

ကျွန်မဆေးစပ်ပေးပါတယ်။ ဆရာဝန်တော့ မဟုတ်ပါဘူး။ ၆လလောက်တောင် မပြည့်တဲ့သင်တန်းမျိုးတွေ တက်ထားတဲ့သူတွေတောင် ဆေးစပ် ဆေးရောင်းပေးနေတာ.. သူနာပြုလုပ်သက် ၁၆နှစ်လောက် အနဲဆုံးရှိတဲ့ ကျွန်မအနေနဲ့ (ကိုယ့်level နဲ့ သိသလောက်) ဆေးစပ်ပေးတာ ဖွံဖြိုးဆဲနိုင်ငံတစ်ခုမှာ ဖြစ်သင့်တယ်လို့ ယူဆလို့ ဆေးစပ်ပေးပါတယ်။ သုံးခွက်စာလောက်စပ်ပေးပါ ဆိုရင်တော့ ကျွန်မအနေနဲ့ တော်တော်အခက်တွေ့တာ အမှန်ပါ။ ငွေကြေးအခြေအနေကြောင့် တစ်ထောင်ဖိုးပဲ/ နှစ်ထောင်ဖိုးပဲ တတ်နိုင်ပါတယ်ဆိုလဲ စျေးသက်သာတဲ့ဆေးနဲ့ တွဲပေးလို့ ရပါတယ်။ သက်သာရင် ရပ်ထားလို့ရတဲ့ဆေး/ သက်သာလဲ ဆေးကတ်ကုန်အောင် သောက်ရမယ့်ဆေးတွေ ကို ကျွန်မတခါတည်းရှင်းပြလိုက်လေ့ရှိပါတယ်။ ကုန်အောင်တော့ သောက်ပေးပါနော်။ ရောဂါ အတိမ်အနက် ရောဂါရာဇဝင် ပေါ်မူတည်ပြီး secondary infection ဝင်ပြီလို့ ထင်ရတဲ့ case မျိုးမှာ ပိုးသတ်ဆေးထည့်ပေးရမယ်ဆိုရင် course အပြတ်စာပေးမှ ရမှာပါ။ ဟင့်အင်း.. သုံးခွက်စာ ရတဲ့ဆိုင်မှာ သွားဝယ်မယ်ဆိုရင်လဲ ကျွန်မ ဝမ်းနည်းစွာနဲ့ လွှတ်ပေးရမှာပါ။ ဆေးယဥ်ပါး case တွေကတော့ တိုးလာနေအုန်းမှာပါပဲ။ ဟုတ်ကဲ့.. #ကျွန်မဆိုင်မှာအမောက်ဆလင်၃လုံးပေးပါဆိုရင်မရောင်းပါဘူးရှင်။

🚫 အကြောပြေစပ်ဆေးထုပ်

သစ္စာရှင် ဆိုလား.. မေတ္တာရှင် ဆိုလား.. နာမည်မျိုးစုံနဲ့ထွက်နေတဲ့ အကိုက်အခဲပျောက်ဆေးထုပ်လေးတွေ တချို့ဆိုင်တွေမှာ တွေ့ရပါတယ်။ #ကျွန်မဆိုင်မှာအကြောပြေဆေးထုပ်မရပါဘူးနော်။ တနေကုန် အလုပ်မှာ ပင်ပန်းတာကြောင့် ညောင်းညာကိုက်ခဲနေတာမျိုး အဲလိုအထုပ်လေးတစ်ထုပ်လောက်သောက်လိုက်ရင် လန်းဆန်းပေါ့ပါးသွားသတဲ့။ တော်ရုံညောင်းညာကိုက်ခဲတာကို သက်သာဖို့ အန္တရာယ်ကင်းကင်းသောက်လို့ရအာင် ကျွန်မစပ်ပေးလို့ရပါတယ်။ ဟိုအကြောပြေဆေးဆိုတဲ့ အထုပ်လေးတွေထဲမှာ steroid တွေ အကိုက်အခဲပျောက်ဆေး ၂မျိုး ၃မျိုး ရောထည့်ပေးထားလို့ တော်ရုံအစာအိမ်သွေးကြောစိမ့်ဖို့ အခွင့်အရေးများလွန်းပါတယ်။ ရေရှည်သောက်ရင် အရိုးပွမယ်။ ကျောက်ကပ်ထိမယ်.. အသက်ကို ဉာဏ်စောင့် ခန္ဓာ ကို ကံစောင့် တဲ့။ အသိဉာဏ်ဗဟုသုတနဲ့ ရှင်သန်ရပ်တည်မှသာ အသက်ရှည်ခြင်း အကျိုးတရားကို ရရှိမှာပါ။

အညွန့်တလူလူတက်တော့မယ့် ကျွန်မတို့နိုင်ငံလေးဟာ ခါးလယ်က ဖြတ်ချိုးခံထားရလို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလဲ အခုဆို အလဲလဲအကွဲကွဲပါပဲ။
ကိုယ်ရှိနေတဲ့ပတ်ဝန်းကျင် ကျဥ်းကျဥ်းလေးမှာ နှမ်းတစ်စေ့လောက်ပဲဖြစ်ဖြစ် အကျိုးပြုပါစေတော့ရယ်လို့ .. ဒီစာကိုရေးပါတယ်
ဆေးဆိုင်ဖြစ်ပြီး မရတဲ့ဆေးတွေများလိုက်တာ လို့ အပြစ်မမြင်ကြစေလိုပါဘူးရှင် 🙏🙏🙏
ဆေးဆိုင်လေးအဖြစ် ရပ်တည်လို့ရနေတာ အားပေးသူ ထမင်းရှင်များရဲ့ ကျေးဇူးကြောင့်ပါ။
ဝယ်သူအပေါ် ဒီ့ထက်ပိုပြီး ကျွန်မစေတနာ ထားပါ့မယ်။ ရိုးသားပါ့မယ် ရှင်
မေတ္တာဖြင့်
❤ Su Pharmacy ❤
photo crd

Oramin G ကတ်ခွံလေးတွေ ဆေးကတ်နဲ့ပြန်လဲတာ.. ဆိုင်မှာ လာယူလို့ရပါပြီရှင်အားပေးမှုကို အစဥ်အမြဲ ကျေးဇူးတင်လျှက်ပါ🙏🙏🙏
07/01/2023

Oramin G ကတ်ခွံလေးတွေ ဆေးကတ်နဲ့ပြန်လဲတာ.. ဆိုင်မှာ လာယူလို့ရပါပြီရှင်
အားပေးမှုကို အစဥ်အမြဲ ကျေးဇူးတင်လျှက်ပါ
🙏🙏🙏

ကလေး၆လ ကျော်လို့ ဖြည့်စွက်စာ ကျွေးတော့မယ့် ခေးမေမေများအတွက်လဲ ဖြည့်စွက်စာ အစုံရှိပါတယ် ရှင်
18/12/2022

ကလေး၆လ ကျော်လို့ ဖြည့်စွက်စာ ကျွေးတော့မယ့် ခေးမေမေများအတွက်လဲ ဖြည့်စွက်စာ အစုံရှိပါတယ် ရှင်

Dupro 1,2,3 အားလုံး ပြန်ဝင်ပါပြီရှင်မွေးကင်းစမှ ၃နှစ်ကျော်အထိ အသက်အရွယ်အလိုက် မေးဝယ်နိုင်ပါပြီနော်
18/12/2022

Dupro 1,2,3 အားလုံး ပြန်ဝင်ပါပြီရှင်
မွေးကင်းစမှ ၃နှစ်ကျော်အထိ အသက်အရွယ်အလိုက် မေးဝယ်နိုင်ပါပြီနော်

⁉️ဘာကြောင့်ဝိတ်ချသင့်လဲ⁉️👉🏿ဒီနေ့ကြောင်းအရာကို ပြောရခြင်းမှာ admin ကိုယ်တိုင် အဝလွန်ဖူး တဲ့အတွက် ဖြစ်လာတဲ့ ဆိုးကျိုးများက...
08/12/2022

⁉️ဘာကြောင့်ဝိတ်ချသင့်လဲ⁉️

👉🏿ဒီနေ့ကြောင်းအရာကို ပြောရခြင်းမှာ admin ကိုယ်တိုင် အဝလွန်ဖူး တဲ့အတွက် ဖြစ်လာတဲ့ ဆိုးကျိုးများကို တင်ပြခြင်းဖြစ်ပါသည်။

🔴ယုံကြည်မှု လျော့နည်းစေခြင်း
🔴အဝတ်အစား ၀တ်ရတာအဆင်မပြေခြင်း
🔴body shaming လုပ်တာခံရခြင်း (body shaming လုပ်ခြင်းကမကောင်းသောအမူအကျင့် ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ ကျိန်းသေပေါက် ခံရမှာပါ)
🔴သက်လုံ မကောင်းခြင်း
🔴လမ်းလျှောက်တာ အဆင်မပြေခြင်း (ပြေးဖို့ဆိုရင်တော့ မပြောပါနဲ)
🔴အိပ်ရင် ဟောက်ခြင်း ၊ အိပ်ရင် အသက်ရှူ​​ကြပ်ခြင်း
🔴အိပ်ပျော်ရန် ခက်ခဲခြင်း
🔴ခေါင်းမူးတတ်ခြင်း
🔴ခြေလက် အဆစ်ရောင်ခြင်း
🔴သွေးတိုးခြင်း
🔴ခရီးသွားလျှင် ခြေလက် ယောင်ခြင်း တို့ဖြစ်ပါသည်။

⚠️နောက်ဆက်တွဲ ရောဂါတွေကတော့
⚪️ဆီချို၊ သွေးချို
⚪️သွေတိုး
⚪️အသည်းအဆီဖုံးခြင်း
⚪️နုလုံးရောဂါ
⚪️လေဖြတ်ခြင်း
⚪️စိတ်ကစဉ့်ကလျားဖြစ်ခြင်း တို့ဖြစ်ပါသည်။

✅ဆေးဝါးဆိုတာ ရောဂါကို ထိန်းချုပ်ပေးလို့ပဲ ရတာပါ
✅ကျန်းမာအောင် မလုပ်ဆောင်နိုင်ပါဘူး
✅ဒါကြောင့် ကျန်းမာချင်ရင် ဝိတ်ချပါ

🙏🏻🙏🏻🙏🏻ကျန်းမာရွှင်လန်းပါစေ🙏🏻🙏🏻🙏🏻

စုဆေးဆိုင် မှာ ကလေးဒိုက်ပါ၊ လူကြီးဒိုက်ပါ များ size စုံ ဝယ်ယူရရှိနိုင်ပါတယ်နော်စျေးအနည်းငယ် ပြန်ကျပါတယ်ရှင်
06/12/2022

စုဆေးဆိုင် မှာ ကလေးဒိုက်ပါ၊ လူကြီးဒိုက်ပါ များ size စုံ ဝယ်ယူရရှိနိုင်ပါတယ်နော်

စျေးအနည်းငယ် ပြန်ကျပါတယ်ရှင်

အရောင်းသွက်နေတဲ့ Vitahome လေးတွေ stock ထပ်ဖြည့်ထားပါတယ်နော်တစ်ကဒ်ကစလို့ တစ်ဘူးမကအောင် အားပေးနိုင်ပါပြီရှင် 😊😊😊
05/12/2022

အရောင်းသွက်နေတဲ့ Vitahome လေးတွေ stock ထပ်ဖြည့်ထားပါတယ်နော်
တစ်ကဒ်ကစလို့ တစ်ဘူးမကအောင် အားပေးနိုင်ပါပြီရှင် 😊😊😊

ဒီတခေါက်ကတော့ ဆေးမှူးကြီးများ၊ သားဖွားဆရာမကြီးများနဲ့ အရန်သားဖွားဆရာမလေးများအတွက် လက်ဆောင်ပါခုရက်ပိုင်း ဆေးအမှာရှိကြတဲ့ ...
01/12/2022

ဒီတခေါက်ကတော့ ဆေးမှူးကြီးများ၊ သားဖွားဆရာမကြီးများနဲ့ အရန်သားဖွားဆရာမလေးများအတွက် လက်ဆောင်ပါ

ခုရက်ပိုင်း ဆေးအမှာရှိကြတဲ့ ဖောက်သည်တွေကို Tetracycline ဆေးကတ်လေးတွေ လက်ဆောင်ပြန်ထည့်ပေးနေပါတယ်

ဆေးကတ်လေးတွေ လက်ဆောင်မရသေးတဲ့ ဆရာတို့ ဆရာမတို့ရှိခဲ့ရင် အပြေးလေး ဆေးမှာလိုက်တော့နော် 😘😘😘

Address

တွင်းကုန်းရပ်ကွက်
Yenangyaung

Telephone

+959971006023

Website

Alerts

Be the first to know and let us send you an email when Su Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Su Pharmacy:

Share