MOE - Pharmacy & Clinic

MOE - Pharmacy & Clinic Pharmacy & Clinic

🙋🏻‍♀️ ဓမ္မတာနောက်ကျစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ..❓🌎 ကမ္ဘာပေါ်မှာ အမျိုးသမီးအားလုံးရဲ့ ၁၄% ကနေ ၂၅% အထိဟာ ဓမ္မတာနောက်ကျ...
06/05/2023

🙋🏻‍♀️ ဓမ္မတာနောက်ကျစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ..❓

🌎 ကမ္ဘာပေါ်မှာ အမျိုးသမီးအားလုံးရဲ့ ၁၄% ကနေ ၂၅% အထိဟာ ဓမ္မတာနောက်ကျခြင်းကို မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်တဲ့..

ပျိုမေတို့အနေနဲ့လည်း လစဉ် ရာသီစက်ဝန်းမှန်ကန်စွာ လည်ပတ်နေရာကနေ ရုတ်တရက် ဘာကြောင့်မှန်းမသိ ဓမ္မတာနောက်ကျတာမျိုး ကြုံဖူးကြမှာပါ..⁉️

ဒီလို ဖြစ်စေရတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်နော်.. အဲ့ဒါတွေကတော့ -

🔅 ကိုယ်အလေးချိန် ပြောင်းလဲခြင်း
🔅 ဖျားနာခြင်း
🔅 စိတ်ဖိစီးမှုများခြင်း
🔅 ဟော်မုန်းများ ညီမျှမှုမရှိခြင်း
🔅 လေ့ကျင့်ခန်း အပြင်းအထန်ပြုလုပ်ခြင်း
🔅 သားဥအိမ်ရေအိတ်တည်ရောဂါ (PCOS) ရှိခြင်း
🔅 ကိုယ်ဝန်ရှိနေခြင်း
🔅 သွေးဆုံးချိန်ကာလစတင်ခြင်း
🔅 ကိုယ်ဝန်တားဆေး နဲ့ အခြားသော ဆေးဝါးများနေ့စဉ်သောက်သုံးနေရခြင်း စတဲ့အရာတွေကြောင့်ပဲ ဖြစ်ပါတယ်နော်..။

✨EV-prim မှာ ပါဝင်တဲ့ Evening Primrose Oil နဲ့ Vitamin E တို့က ပျိုမေတို့ ရာသီစတင်ချိန်ကနေ သွေးဆုံးပြီးချိန်အထိ ဟော်မုန်းပြောင်းလဲမှုများကို ထိန်းညှိပေးပါတယ်။

ဒါကြောင့်.. ဟော်မုန်းများ ညီညွှတ်မျှတပြီး လစဉ်ရာသီစက်ဝန်း မှန်ကန်စွာ လည်ပတ်စေဖို့ EV-prim လေးကို နေ့စဉ်မှီဝဲသောက်သုံးလိုက်ကြစို့နော်..💛





Vaxigrip tetra Thai reg  ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးလို သူများ Moe ဆေးဆိုင်တွင် ကြိုတင်စာရင်း ပေးလို့ ရပါပီ
25/03/2023

Vaxigrip tetra Thai reg ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးလို သူများ Moe ဆေးဆိုင်တွင် ကြိုတင်စာရင်း ပေးလို့ ရပါပီ

covid ရောဂါ ပြင်းထန်မှုကို သိသာစွာ လျော့ချ ပေးနိုင်သော molnupiravir သောက်ဆေး ရပါပီရှင့် company ဆေး ဖစ်သည့်အတွက်စိတ်ချစွ...
05/10/2022

covid ရောဂါ ပြင်းထန်မှုကို သိသာစွာ လျော့ချ ပေးနိုင်သော molnupiravir သောက်ဆေး ရပါပီရှင့်
company ဆေး ဖစ်သည့်အတွက်စိတ်ချစွာ ဝယ်ယူ နိုင်ပါသည်ရှင့်

မရှိမဖြစ်အားဆေးလေးတွေပါAminoLife အားဆေးနဲ့ Vitahome အားဆေးလေးတွေပါရှင့်Date အရမ်းကောင်းသောပါရှင့်ဈေးလေးတွေကလဲ လက်ကျန်ဖြတ...
09/08/2022

မရှိမဖြစ်အားဆေးလေးတွေပါ
AminoLife အားဆေးနဲ့
Vitahome အားဆေးလေးတွေပါရှင့်
Date အရမ်းကောင်းသောပါရှင့်
ဈေးလေးတွေကလဲ လက်ကျန်ဖြတ်
ဖြစ်တယ့်အတွက်ကြောင့်
ဈေးမများစေရပါဖူးရှင့်

မိုး ဆေးဆိုင်
ရေစကြိုမြို့
09768398650/09960876690

Perigard -4  Exp Date လက်ကျန်ရှင်းချင်လို့ပါတစ်ကဒ်ကို ၂၀၀၀ကျော်ကနေ တစ်ကဒ်ကို ၁၀၀၀ကျော်နဲ့ရောင်းပေးတာပါရှင့်မိုး ဆေးဆိုင်...
09/08/2022

Perigard -4 Exp Date လက်ကျန်ရှင်းချင်လို့ပါ
တစ်ကဒ်ကို ၂၀၀၀ကျော်ကနေ တစ်ကဒ်ကို ၁၀၀၀ကျော်နဲ့ရောင်းပေးတာပါရှင့်

မိုး ဆေးဆိုင် /ရေစကြိုမြို့
09768398650; 09960876690
Page ကနေတစ်ဆင့်လဲ ဆက်သွယ်မေးမြန်း၀ယ်ယူအားပေးနိုင်ပါတယ်ရှင့်

13/07/2022

BA4, BA5 Subvariants Omicron

ဒီမျိုးဗီဇကွဲအသစ်နှစ်ခုကို တောင်အာဖရိကမှာ Jan 2022နဲ့ Feb 2022မှာ စတင်တွေ့ရှိပြီး အခုဆိုလျှင် UK,US, ပေါ်တူဂီ၊ ဩစတေးလျ၊ နှင့် အာရှနိုင်ငံတော်တော်များများထိ ပျံနှံရောက်ရှိလာပါပြီ။
ကျွမ်းကျင်သူများလေ့လာသုံးသပ်ချက်အရ
👉BA 4,BA5 ဟာ( RO 18.6) ရှိလို့ယခင် BA 1,BA2 တို့ထက် ကူးစက်မှုနုန်းပိုမိုမြန်ဆန်ပါတယ်။

👉ယခင်ရောဂါဖြစ်ဖူးသူတွေ၊ ကာကွယ်ဆေးထိုးထားသူတွေမှာလည်းပြန်ဖြစ်နိုင်ပါတယ်။

👉Rapid test kid နဲ့စမ်းကြည့်ရင် False negative( ရောဂါရှိလျှက်နဲ့မပေါ်တာမျိုး) ဖြစ်နိုင်ချေ ပိုများပါတယ်။

👉ရောဂါလက္ခဏာတွေကတော့ အရင် Omicron အတိုင်းနှာစေးခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ နေမကောင်းခြင်း၊ နုန်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း များဖြစ်ကြပြီး၊ အသစ်လက္ခဏာအနေနဲ့ မတွေ့ရှိရသေးပါ။

❓❓အရေးကြီးဆုံးဖြစ်တဲ့ ရောဂါပြင်းထန်မှုကိုတော့တိတိကျကျ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ၊လေ့လာစောင့်ကြည့်နေဆဲဖြစ်ပါတယ်။ BA4 BA5ရဲ့ gene mutations တွေထဲကတစ်ခုက L452R spike protein ပါ။သူဟာ အရင် BA1,BA2မှာ မပါခဲ့သော်လည်း ရောဂါဆိုးရွားတဲ့ delta variant မှာတော့ပါပါတယ်။ L452R spike protein ဟာအဆုတ်တစ်သျှူးကိုကြိုက်ပါတယ်။ အဆုတ်ကို ပိုဒုက္ခပေးနိုင်ပါတယ်။ ဆိုလိုတာက BA1, BA2ထက်စာရင်ရောဂါပြင်းထန်မှုများ *နိုင်* ပါတယ်။ BA1, BA2က အဆုတ်တစ်သျူးကိုမကြိုက်ဘဲ upper respiratory tract ကိုကြိုက်တာပါ။ ဒါကြောင့် BA1 BA2 မှာ အောက်ဆီဂျင်ကျတဲလူနာနည်းခြင်းဖြစ်ပါတယ်။ အခုချိန်မှာတာ့ ပိုမိုသေချာအောင် စမ်းသပ် လေ့လာနေဆဲဖြစ်တယ်လို့ ကြေငြာထားပါတယ်။ (နောက်ပိုင်းတွေ့ရှိချက်တွေကိုဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။)

ဘာတွေ ကြိုတင်ပြင်ဆင်ထားရမှာလဲ

✅ကာကွယ်ဆေးထိုးပါ။
ကာကွယ်ဆေးထိုးခြင်းဟာ ၁၀၀%ကာကွယ်မှုမပေးနိုင်ပေမယ့် ရောဂါပြင်းထန်မှုနုန်း၊ ဆေးရုံတက်ရမှုနုန်း၊ သေဆုံးနုန်းတွေကိုသိသိသာသာလျော့ချပေးပါတယ်။ vaccine 2လုံးထိုးပြီးသူများ booster တတိယအလုံးကိုထိုးပါ။ တချို့ ကျွမ်းကျင်သူများက တတိယ အလုံးထိုးပြီးရင်တောင်(ခြောက်လခြားနေရင်) 4လုံးမြောက်ကို ထပ်ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။

✅လက်ဆေးပါ။ ပြီးပြီးရောမဆေးပါနဲ့။အ ပြင်ကပြန်လာပြီးတိုင်းတံထောင်ဆစ်အထိကို နေရာအနှံ့ ဆပ်ပြာနဲ့ အနည်းဆုံးစက်ငန့်20ဆေးပါ။ ဖြစ်နိုင်ရင်ခြေထောက်ပါဆေးပါ။

✅Maskတပ်ပါ။ စနစ်တကျတပ်ပါ ။

✅လူများတဲ့နေရာမသွားပါနဲ့။ လူစုလူဝေးရှောင်ပါ။

✅မိမိကြောင့် တပါးသူထပ်မကူးပါစေနဲ့ ။ ရောဂါရှိပြီသံသယရှိရင် အိမ်ထဲမှာပဲနေပါ။

✅အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများ၊ ခုခံအားကျဆင်းနေသူများပိုမိုသတိထားပါ။
ရောဂါကို အကြောက်လွန်ဖို့မလိုသလို(အကြောက်လွန်ရင် immune ကျတတ်တယ်)။ မပေါ့ဆဖို့လည်းလိုပါတယ်။

⭐BA4, BA5က wave အနေနဲ့ မြန်မာနိုင်ငံကိုရောက်ကိုရောက်လာမှာပါ။ အားလုံးပဲ အသိ ၊သတိနဲ့ BA4,BA5 waveကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ပါစေ။ 🙏crd

ကလေးလေးတွေအတွက် သွားတိုက်ဆေး မွှေးမွှေးလေးတွေနဲ့ ကလေးအရုပ်သံားတိုက်တံလေးတွေနဲ့ လူကြီးသွားတိုက်တံ နုနုအိအိလေးတွေ အားပေးလိ...
31/05/2022

ကလေးလေးတွေအတွက် သွားတိုက်ဆေး မွှေးမွှေးလေးတွေနဲ့ ကလေးအရုပ်သံားတိုက်တံလေးတွေနဲ့ လူကြီးသွားတိုက်တံ နုနုအိအိလေးတွေ အားပေးလို့ရပါပြီရှင့် ❤️

မိုးဆေးဆိုင်
ရေစကြိုမြို့ ၊ စိတ္တသုခရပ် ❤️

ဂရုစိုက်ကြပါနော် ချစ်တို့ရေ
03/02/2022

ဂရုစိုက်ကြပါနော် ချစ်တို့ရေ

အိုမီခရွန် ပြည်တွင်းကူးစက်မှု စတွေ့ပါပြီ

အိုမီခရွန်လက္ခဏာတွေက

- (၄၈)နာရီအတွင်း လက္ခဏာပြတယ်

(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ အားမရှိဖြစ်နေမယ်

(၂) လည်ချောင်းယားမယ် ၊ ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ်

(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်ကိုက်ခဲမယ်

(၄) မစားမသောက်ချင်ဖြစ်လာမယ်

အထက်ပါလက္ခဏာတွေဖြစ်ရင် အများပြည်သူဆိုင်ရာနေရာတွေကို မသွားခြင်းဖြင့် ကူညီပါ


27/01/2022

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား

ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးက ညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက်တတ်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ် ခံနိုင်တာက တစ်ကြောင်း၊ ခြေအိတ်စွပ်လေ့မရှိတာက
တစ်ကြောင်း အထူးတလည်ရှောင်စရာ မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး ဆိုတဲ့သတိပေးစကားကို အမှတ် အသား ပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် ...

ဆောင်းရာသီ ရောက်လည်း အနွေးထည် ထူထူဝတ် စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ တစ်ယောက် ခြေကျင်းဝတ် ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့ ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့ ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ -

ခြေအိတ် စွပ်ခြင်းနဲ့ ပတ်သက်တဲ့ ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက် လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက် အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့ စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။

အင်တာနက်က ကျန်းမာရေး ဆိုက်တွေထဲ လိုက်ရှာကြည့်
တော့ တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ ကောင်းကျိုး တွေ ဖော်ပြတာပဲ တွေ့ရပါတယ်။

● မြန်မြန် အိပ်ပျော်စေတယ်

● လေ့လာမူများအရ ခြေအိတ်စွပ်လျှက် အိပ်ခြင်းက အိပ်ပျော်ဖို့ အထောက်အကူပြုတာ တွေ့ရပါတယ်။

●အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင် ပူလှောင် နေလိမ့်မည်ဟု ထင်စရာရှိပါသည်။

● အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို အထောက်အကူ ပြုတာ တွေ့ရပါသည်။

●၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် , အပူပေးထားတဲ့ခြေအိတ် စွပ်ထားသည်ဖြစ်စေ လျှင်မြန်စွာအိပ်ပျော်စေတာကိုတွေ့ရှိခဲ့ပါတယ်။

■ရှင်းပြချက် •••

●ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ ကျဆင်းသွားပါတယ်
မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံးကို ရောက်ရှိပါတယ်။

●ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက် ဖြစ်ပါတယ်
၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ အပြောင်းအလဲရှိပါတယ်။

●ခြေအိတ်စွပ်ထားလို့ ခြေထောက် နွေးလာခြင်းက သွေးကြော များ ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် - အရေပြား ပူနွေး လာပါတယ်။

● ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..
core body temperature ကျဆင်းစေပါတယ်

●အပူချိန် ကျဆင်းခြင်းက ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း ပို့ပါတယ်။
အရေပြား ပူနွေး လာခြင်းက မြန်မြန် အိပ်စေပါတယ်။

●လူ ခန္ဓာမှာ ဇီဝနာရီ biological clock ရှိပါတယ်

ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ လုပ်ဆောင်မူကို circadian rhythm လို့ခေါ်ပါတယ်။

circadian rhythm က အိပ်ချိန်ကို သတ်မှတ်ပါတယ်။
သူ့ကြောင့် လူဟာ ညရောက်လျှင် အိပ်ချင်ပြီး , မနက်ကျနိုးလာတာ ဖြစ်ပါတယ်။

● ကိုယ်အပူချိန်က မနက်ကစပြီး တဖြည့်ဖြည်းတက်လာတာနေ့လည် နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး ရောက်လာပါတယ် -

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး ဖျတ်လတ်နေပါတယ်။

● လူ အိပ်သွားပြီ ဆိုလျှင် ကိုယ်အပူချိန် ၁.၂ ဒီဂရီ လောက်ကျဆင်းသွားပါပြီ ..
ဒါဟာ ကိုယ်တွင်းအင်္ဂါတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

● ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ အပူ ထိန်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။

■ ရေးနော့လက္ခဏာ လျော့ပါးစေတယ်
( Reducing Raynaud's Symptoms )

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျားမှာ သွေးကြောတွေ ကျဉ်းကုန်ပြီး သွေးလျှောက် နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင် ဒီလို ရေနော လက္ခဏာ ခံစား ရမူ လျော့စေမှာ ဖြစ်ပါတယ်။

■ အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )

●သွေးဆုံးချိန်မှာအမျိုးသမီးများက ချွေးထွက်လွန်ခြင်း ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာ အပူတွေထွက်နေတတ်ပါတယ် ၊ ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

● လိင်အတွက်ကောင်းတယ်
better s*x popular news story from 2005 အရ အိပ်ချိန်မှာ ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း တွေ့ခဲ့ရပါတယ်။

ခြေအိတ်စွပ် အိပ်ခြင်းကြောင့် ခြေဖနောင့်ကွဲတာကို သက်သာစေတယ် ။

• ခြေအိတ်က ချောင်ချောင်လည်လည် ဖြစ်ဖို့ လိုပါတယ်။
ချောင်လည်တာ ရွေးချယ် ဝယ်သင့်ပါတယ်။

ခြေအိတ်က တင်းကျပ်နေရင် သွေးလျောက်ခြင်းကိုအနှောက်အရှက် ဖြစ်စေပါတယ်
ထူထဲ နွေးထွေးတဲ့ ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

credit - ဒေါက်တာမြင့်သိန်း

Vaseline တစ်ဘူး 150 ကျပ် 🥰😍
25/01/2022

Vaseline တစ်ဘူး 150 ကျပ် 🥰😍

မင့်ဆီမှာ မှာလို့ရပါပီရှင့် တစ်ဘူးကို အကြိမ်ရေ ၅၀၀အသုံးပြုလို့ရပါတယ်ရှင့် တစ်ဘူးကို ၁၆၅၀၀ကျပ်ပဲမို့ တစ်ကြိမ်မှ ဘလောက်မှ ...
21/01/2022

မင့်ဆီမှာ မှာလို့ရပါပီရှင့် တစ်ဘူးကို အကြိမ်ရေ ၅၀၀အသုံးပြုလို့ရပါတယ်ရှင့် တစ်ဘူးကို ၁၆၅၀၀ကျပ်ပဲမို့ တစ်ကြိမ်မှ ဘလောက်မှ မပေးရဖူးနော် ချစ်တို့ရေ
💗💗🍃

ဦးရေပြားယားယံတဲ့သူလေးတွေနဲ့ဗောက်ထတတ်တဲ့သူလေးတွေအတွက် တကယ်လိုအပ်တယ့် ခေါင်းလျှော်ရည်လေးပါရှင့် 💓❣️😍🛖မိုးဆေးဆိုင်၊ အောင်သဒ...
11/01/2022

ဦးရေပြားယားယံတဲ့သူလေးတွေနဲ့ဗောက်ထတတ်တဲ့သူလေးတွေအတွက် တကယ်လိုအပ်တယ့် ခေါင်းလျှော်ရည်လေးပါရှင့် 💓❣️😍

🛖မိုးဆေးဆိုင်၊ အောင်သဒ္ဓိလမ်း၊ ရေစကြိုမြို့

Address

Yesagyo

Opening Hours

Monday 06:30 - 19:30
Tuesday 06:30 - 19:30
Wednesday 06:30 - 19:30
Thursday 06:30 - 19:30
Friday 06:30 - 19:30
Saturday 06:30 - 19:30
Sunday 06:30 - 19:30

Telephone

+959976301234

Website

Alerts

Be the first to know and let us send you an email when MOE - Pharmacy & Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MOE - Pharmacy & Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram