Ottara Thiri Private Hospital

Ottara Thiri Private Hospital ပြည့်စုံကောင်းမွန်ပြီးယုံကြည်စိတ် Hospital

--𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲--"𝐘𝐞𝐬! 𝐖𝐞 𝐂𝐚𝐧 𝐄𝐧𝐝 𝐓𝐁: 𝐂𝐨𝐦𝐦𝐢𝐭, 𝐈𝐧𝐯𝐞𝐬𝐭, 𝐃𝐞𝐥𝐢𝐯𝐞𝐫"🌍🫁ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ကို “တီဘီရောဂါကြေ...
24/03/2025

--𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲--
"𝐘𝐞𝐬! 𝐖𝐞 𝐂𝐚𝐧 𝐄𝐧𝐝 𝐓𝐁: 𝐂𝐨𝐦𝐦𝐢𝐭, 𝐈𝐧𝐯𝐞𝐬𝐭, 𝐃𝐞𝐥𝐢𝐯𝐞𝐫"

🌍🫁ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ကို “တီဘီရောဂါကြောင့်ခံစားရသော ကျန်းမာရေးပြဿနာများအကြောင်း အများပြည်သူများအကြား အသိပညာမျှဝေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန်" ဟူသော ရည်ရွယ်ချက်ဖြင့် နှစ်စဉ် မတ်လ (၂၄) ရက်နေ့တွင် ဂုဏ်ပြုကျင်းပကြပါသည်။

တီဘီရောဂါ (TB) သည် Mycobacterium tuberculosis ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပေါ်လာသော ရောဂါဖြစ်ပြီး အဆုတ်တွင် အဓိက ဖြစ်ပွားပြီး ဦးနှောက်နှင့် ကျောရိုးကဲ့သို့သော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ လေမှတဆင့် လူတစ်ဦးမှတစ်ဦးသို့ကူးစက်နိုင်သောရောဂါဖြစ်ပြီး တီဘီရောဂါရှိသူတစ်ဦးမှ ချောင်းဆိုး၊ နှာချေခြင်းဖြင့် ထွက်လာသော အမှုန်အမွှားများကို အခြားသူတစ်ဦးမှ ရှူရှိုက်မိသည့်အခါ ကူးစက်နိုင်ပါသည်။

✅TB ရောဂါလက္ခဏာများမှာ-
🔹3 ပတ်ထက် ပိုကြာပြီး ဆက်တိုက် ချောင်းဆိုးခြင်း။
🔹သလိပ်များ ထွက်လာပြီး သွေးထွက် တတ်ခြင်း။
🔹ကိုယ်အလေးချိန်ကျခြင်း။
🔹ညဘက် ချွေးများထွက်ခြင်း။
🔹ဖျားခြင်း။
🔹ပင်ပန်းနွမ်းနယ်ခြင်း။
🔹အစာစားချင်စိတ်ပျောက်ဆုံးခြင်း။
🔹လည်ပင်းရောင်ရမ်းခြင်းတို့ဖြစ်ပါသည်။

အများပြည်သူများအနေဖြင့် TB ရောဂါလက္ခဏာများကို ကြိုတင်သိရှိပြီး သတိပြုဆင်ခြင်နိုင်ကြစေဖို့ ပင်လုံဆေးရုံများအုပ်စုမှ အသိပညာမျှဝေအပ်ပါတယ်ရှင်။


--------------------------------

🌍𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲 "𝐀𝐫𝐞 𝐘𝐨𝐮𝐫 𝐊𝐢𝐝𝐧𝐞𝐲𝐬 𝐎𝐊? 𝐃𝐞𝐭𝐞𝐜𝐭 𝐄𝐚𝐫𝐥𝐲, 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐊𝐢𝐝𝐧𝐞𝐲 𝐇𝐞𝐚𝐥𝐭𝐡"✅၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့သည်   𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞...
13/03/2025

🌍𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲
"𝐀𝐫𝐞 𝐘𝐨𝐮𝐫 𝐊𝐢𝐝𝐧𝐞𝐲𝐬 𝐎𝐊? 𝐃𝐞𝐭𝐞𝐜𝐭 𝐄𝐚𝐫𝐥𝐲, 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐊𝐢𝐝𝐧𝐞𝐲 𝐇𝐞𝐚𝐥𝐭𝐡"

✅၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့သည် 𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲 ကမ္ဘာ့ကျောက်ကပ်နေ့ဖြစ်ပါတယ်။ မိဘပြည်သူတို့၏ ကျောက်ကပ်ကျန်းမာနေရဲ့လားဆိုတာ သိရှိနိုင်ရန် အမြန်ဆုံး စစ်ဆေးမှုခံယူပြီး ကျောက်ကပ်ဆိုင်ရာရောဂါများနှင့် ကျောက်ကပ်ရောဂါဖြစ်စေနိုင်သော အခြားဆက်စပ်ရောဂါများအား အချိန်မနှောင်းမှီ ကုသမှုခံယူရန် အလေးအနက် တိုက်တွန်းလိုက်ပါတယ်ရှင်။

ယနေ့ကျရောက်သော 𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲 အထိမ်းအမှတ်နေ့လေးတွင် မိဘပြည်သူအပေါင်း ကျောက်ကပ်ရောဂါဝေဒနာကင်းဝေးပြီး ကိုယ်စိတ်နှလုံးကျန်းမာကြပါစေကြောင်း ပင်လုံဆေးရုံများအုပ်စုမှလည်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏



--------------------------------

💜International Women's Day 💜ယနေ့တွင် ကျရောက်သော မတ်လ (၈)ရက်နေ့ (International Women's Day) အပြည်ပြည်ဆိုင်ရာ အမျိုးသမီးမျ...
08/03/2025

💜International Women's Day 💜
ယနေ့တွင် ကျရောက်သော မတ်လ (၈)ရက်နေ့ (International Women's Day) အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ပင်လုံဆေးရုံများအုပ်စုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။



--------------------------------
Follow us on Official Facebook -->www.facebook.com/ottarathirihospital

🌍World Cancer Day 2025🎗ဖေဖော်ဝါရီလ ၄ ရက်နေ့သည် ကမ္ဘာ့ကင်ဆာရောဂါနေ့ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၄) ရက်နေ့ကို...
04/02/2025

🌍World Cancer Day 2025🎗
ဖေဖော်ဝါရီလ ၄ ရက်နေ့သည် ကမ္ဘာ့ကင်ဆာရောဂါနေ့ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၄) ရက်နေ့ကို "World Cancer Day" ဟု သတ်မှတ်ပြီး နိုင်ငံတကာမှာ campaign အခမ်းအနား အမျိုးမျိုးဖြင့် လှုပ်ရှားမှုများကို ပြုလုပ်ကြပါသည်။
ယနေ့ကမ္ဘာပေါ်တွင် ကင်ဆာဖြစ်ပွားမှုနှုန်းသည် တစ်ဖြည်းဖြည်းတိုးတက်လျက်ရှိရာ လူသားတစ်ရပ်လုံးကို ခြိမ်းခြောက်နေသော ကင်ဆာရောဂါကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ကုသမှုခံယူခြင်းဖြင့် ကာကွယ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။


----------------------------
Follow us on Official Facebook -->www.facebook.com/ottarathirihospital

🎉Happy New Year 2025 ✨ ခရစ်သက္ကရာဇ် (၂၀၂၅) ခုနှစ် နှစ်သစ်အခါသမယတွင်ကျန်းမာပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းနှင့် စီးပွားလာဘ...
31/12/2024

🎉Happy New Year 2025 ✨
ခရစ်သက္ကရာဇ် (၂၀၂၅) ခုနှစ် နှစ်သစ်အခါသမယတွင်
ကျန်းမာပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းနှင့် စီးပွားလာဘ်လာဘများ
ဆထက်ထမ်းပိုး ပွားများ၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း
ပင်လုံဆေးရုံများအုပ်စု မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။



♥️🎆🎉✨🎈

🎅We wish you a Merry Christmas 🎅  🎄ခရစ်စမတ်ပွဲတော် အချိန်အခါသမယတွင်ကျန်းမာပျော်ရွှင်သောခရစ္စမတ် အခါသမယ ဖြစ်ပါစေကြောင်းပင...
25/12/2024

🎅We wish you a Merry Christmas 🎅
🎄ခရစ်စမတ်ပွဲတော် အချိန်အခါသမယတွင်
ကျန်းမာပျော်ရွှင်သောခရစ္စမတ် အခါသမယ ဖြစ်ပါစေကြောင်း
ပင်လုံဆေးရုံများအုပ်စုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ✨🔔



------------------------------
Follow us on Official Facebook -->www.facebook.com/ottarathirihospital

အဆုတ်ကင်ဆာ၏ ရောဂါလက္ခဏာများနှင့်ပတ်သက်၍ ပင်လုံဆေးရုံ ဓာတ်ရောင်ခြည်ဌာန၏ ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာဦးမင်းဒင်မှ ဆွေးနွေး...
30/11/2024

အဆုတ်ကင်ဆာ၏ ရောဂါလက္ခဏာများနှင့်ပတ်သက်၍ ပင်လုံဆေးရုံ ဓာတ်ရောင်ခြည်ဌာန၏ ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာဦးမင်းဒင်မှ ဆွေးနွေး ပြောကြားပေးသည်များကို ကောက်နှုတ်တင်ပြလိုက်ပါသည်။

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်းမုန်းလပြည့်နေ့တွင်ကျရောက်သော တန်ဆောင်တိုင်ပွဲတော်အခါသမယတွင် ချစ်သူခင်သူ မိသားစုများန...
15/11/2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်းမုန်းလပြည့်နေ့တွင်ကျရောက်သော တန်ဆောင်တိုင်ပွဲတော်အခါသမယတွင် ချစ်သူခင်သူ မိသားစုများနှင့်အတူ အစဉ်ထာ၀ရ ပျော်ရွှင်ချမ်းမြေ့ပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ပင်လုံဆေးရုံများအုပ်စု မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏
-------------------------------- Follow us on Official Facebook -->www.facebook.com/ottarathirihospital

--World Diabetes Day 2024--Diabetes and Well-being.🩸နိုဝင်ဘာလ ၁၄ နေ့သည် ကမ္ဘာလုံးဆိုင်ရာ ဆီးချိုရောဂါနေ့ (World Diabetes...
14/11/2024

--World Diabetes Day 2024--
Diabetes and Well-being.
🩸နိုဝင်ဘာလ ၁၄ နေ့သည် ကမ္ဘာလုံးဆိုင်ရာ ဆီးချိုရောဂါနေ့ (World Diabetes Day) ဖြစ်ပါသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ဆီးချိုရောဂါသည် အဖြစ်များသော ရောဂါတစ်ခု ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။
ဆီးချို၊ သွေးချိုရောဂါဝေဒနာရှင်များအနေဖြင့်လည်း ပုံမှန်ကျန်းမာရေးဆေး စစ်မှုလုပ်ဆောင်ခြင်း၊ ပုံမှန်ဆေးကုသမှုခံယူခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် ဆီးချို၊သွေးချို ရောဂါ နှင့်တကွဆီးချို၊ သွေးချိုရောဂါကြောင့်ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များကို ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွင်သော လူနေမှု ဘဝကို ပိုင်ဆိုင်ခံစားနိုင်ပါကြောင်း ပင်လုံဆေးရုံများအုပ်စုမှ ဆုမွန်ကောင်း‌တောင်းအပ်ပါတယ်။


-------------------------------- Follow us on Official Facebook -->www.facebook.com/ottarathirihospital

☢️World Radiography Day (8th November 2024) 🩻Promoting the Professionနှစ်စဉ် နိုဝင်ဘာလ ၈ ရက်နေ့သည် World Radiography Day...
08/11/2024

☢️World Radiography Day (8th November 2024) 🩻
Promoting the Profession
နှစ်စဉ် နိုဝင်ဘာလ ၈ ရက်နေ့သည် World Radiography Day - ကမ္ဘာ့ဓာတ်မှန်ပညာရှင်များနေ့ဖြစ်ပါတယ်။ ယနေ့တွင်ကျရောက်သော World Radiography Day တွင် ကမ္ဘာတဝှမ်းမှ ဓာတ်မှန်ပညာရှင်များနှင့်အတူ ပင်လုံဆေးရုံများအုပ်စုမှ ဓာတ်မှန်ပညာရှင်များကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

------------------------------
Follow us on Official Facebook -->www.facebook.com/ottarathirihospital

18/10/2024

Address

Corner Of Yazathingaha Road And Thiri Mandine Road
Yezin

Telephone

+959441167255

Website

Alerts

Be the first to know and let us send you an email when Ottara Thiri Private Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our story

ဥတ္တရသီရိပုဂ္ဂလိကဆေးရုံကြီးသည်နေပြည်တော်တွင်ပထမဦးစွာဖွင့်လှစ်ခဲ့သည့်ကုတင်၁၀၀ပုဂ္ဂလိကဆေးရုံကြီးဖြစ်ပြီး၂၄နာရီကျန်းမာရေးစောင့်ရှောက်မှု့ပေးနေသောဆေးရုံဖြစ်ပါသည်။