Lwankoko
Lwankoko happy��&sad���
26/03/2023
Love mom
01/08/2022
21/04/2022
19/01/2022
www.yoyarlay.com
(unicode version)
လက်မကို နေ့တိုင်း နှိပ်ပေးပါ
လက်ချောင်းတိုင်းဟာ ခန္ဓာကိုယ်တွင်းရှိ အကြောတွေနဲ့ ဆက်စပ်နေတာကို စာဖတ်သူလည်း အသိဖြစ်ပါတယ်။
အဲဒီအထဲကမှ အကောင်းဆုံး တစ်နည်းကို ထုတ်ဖော်ပြောပြ လိုက်ပါမယ်။ အဲဒါကတော့ လက်မကို နေ့တိုင်း နှိပ်နယ်ပေးပါ။ အချိန်အားဖြင် ့ကတော့ ၂ မိနစ် ၃ မိနစ်လောက် ဆိုရင်ကို အတော်လေး ထိရောက်ပါပြီ။ ၅ ရက်နဲ့ ၁၀ရက် အတွင်းမှာ သိသိသာသာ ပျော်ရွှင်တဲ့ စိတ်ခံစားမူကို ပိုင်ဆိုင်နိုင် ပါလိမ့်မယ်။
အထူးသဖြင့် စိတ်ပူပင်သောက ရောက်နေတယ် ဆိုရင် ဖော်ပြပါ နည်းလမ်းလေးကို ပြုလုပ်စေချင် ပါတယ်။
အားလုံးကျန်းမာ ပျော်ရွှင်ကြပါစေ။ ရှဲလုပ်ဖို့ မမေ့ပါနဲ့။
ကျော်လင်းနိုင် (ရိုးရားလေး)
19/01/2022
ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ
အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လည်း ငှက်ပျော်သီးခွံနဲ့ သွားကို ဖြူစေပါတယ်။
လုပ်ပုံလုပ်နည်း ငှက်ပျောသီးရဲ့  အတွင်းခံနဲ့ သွားကို ပွတ်လိမ်းပေး ရမှာ ဖြစ်ပြီး ၂ မိနစ်အတွင်းကို ယခင်က ဝါနေတာတွေ၊ မဲနေတာတွေ သိသိသာသာ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနစ်စ် ဓာတ်များက သွားမှာ ကပ်နေတဲ့ အညစ်အကြေး၊ ဂျိုးများကို ကွာစေပြီး ဖြူဝင်းစေ လို့ ဖြစ်ပါတယ်။
ဒါကြောင့် ငှက်ပျောသီးခွံဟာလည်း အလွယ်ကူဆုံးနဲ့ သဘာဝအကျဆုံး သွားဖြူဆေး တစ်ခုဖြစ်တဲ့အတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက် ရပါတယ်။
--
Ref: medic-facts
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
--
19/01/2022
ခေါင်းကိုက်ဝေဒနာပျောက်ရန် သဘာဝနည်းလမ်း
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခေါင်းဘယ်လောက်ပဲ ကိုက်ကိုက်၊ ဘယ်လောက်ပဲ မူးမူး သဘာဝအတိုင်း ပျောက်စေတဲ့ နည်းလမ်း ရှိပါတယ်။
ယင်းကတော့ သံပုရာသီးကို အသုံးပြုခြင်း ဖြစ်ပါတယ်။ သံပုရာသီးကို နှစ်ခြမ်း ခြမ်းပြီး အတွင်းသားကို နဖူးမှာ သာသာလေး ပွတ်ပေးရုံပဲ ဖြစ်ပါတယ်။ ယင်းသို့ ပွတ်သပ်ခြင်းဖြင့် တကယ်ပဲ ခေါင်းကိုက် သက်သာ ပျောက်ကင်းစေပါတယ်။
သံပုရာသီးက အအေးဓာတ်နဲ့ အနံ့က ဦးနှောက်ကို လန်းဆန်းစေပြီး ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြောင်း သိရပါတယ်။
--
Ref: medic-facts
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
--=
19/01/2022
19/01/2022
News and Media
19/01/2022
News and Media
19/01/2022
wwww.yoyarlay.com
(unicode version)
လက်မကို နှိပ်ပြီး မျက်လုံး ရောဂါတွေကို ဖြေရှင်းကြရအောင်
ယခင်ရက်တွေက ဇက်ကြောတက်ခြင်း ခေါင်းကိုက်ခြင်း စတဲ့ပြဿနာ များအား လက်ကို နှိပ်နှယ်ပေး ခြင်းဖြင့် ပျောက်ကင်းစေတဲ့ နည်းကောင်းလေးတွေကို မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။
ယခု တစ်ကြိမ်မှာလည်း မျက်လုံးကိုက် မျက်လုံး ကြည့်မကောင်းခြင်း မျက်ရိုးများ ကိုက်နေခြင်း စတာတွေအတွက် နည်းလမ်းကောင်းလေး တွေကို စာရေးသူ မျှဝေပေး လိုက်ပါတယ်။ အထူးသဖြင့်ကတော့ နေ့တိုင်း ကွန်ပျူတာ ကြည့်နေသူများ စာဖတ် ၀ါသနာပါသူများ မျက်လုံးဖြင့် အလုပ် လုပ်ကိုင် နေရသူတွေ လုံးဝ သိသင့်တဲ့ နည်းလေးဖြစ် ပါတယ်။ ပုံကို ကြည့်ပါ။
နံပါတ် ၁ မြှားထိုးထားတာကတော့ မျက်လုံးတွေ ကြည့်မကောင်း ဆိုရင် ဒါမှမဟုတ် မျက်လုံးတွေ မှုန်ဝါးနေရင် ထိုနေရာလေးကို နေ့တိုင်း နှိပ်နှယ်ပေး လိုက်က်ပါ။
နံပါတ် ၂ မြှားထိုးထားတဲ့ နေရာလေး ကတော့ မျက်ရိုး ကိုက်နေရင် နှိပ်ပေးပါက သိသိသာသာ သက်သာလာစေမှာ ဖြစ်ပါတယ်။
နံပါတ် ၃ နေရကတော့ မျက်လုံးအကြောတွေ တင်းနေရင် နှပ်ပေးပါက သိသိသာသာ လျော့ကျပြီး သက်သာစေမှာ ဖြစ်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
19/01/2022
မွေးရာပါသွေးကင်ဆာကိုတောင်ပျောက်ကင်းစေခဲ့တဲ့မြန်မာ့ဆေးနည်း Posted By: admin January 26, 2021 ကျွန်တော်တို့ဆီက ကလေးတစ်ယောက်ဟာမ...
19/01/2022
လေမဖြတ်​ဘူးဆိုလို့ `မ´ လာတာ
သေတဲ့ထိလေမဖြတ်ဘူးတဲ့နော် ...မိဘဆွေမျိုးတွေကို ပြောပြလို့ရအောင် မြန်မြန်ရှယ်ပြီးသိမ်းထားလိုက်ပါ
၁။ ဆင်တုံးမနွယ်အစို လက်တစ်ညိုတစ်ဆစ်ဖြတ် (ငါးကျပ်သားခန့်) ကို ၄ ခြမ်းခွဲပြီးထည့်ပါ။
၂။ ရေကျက်အေး သို့ သောက်ရေသန့် (ငှက်ပျောဖူး ပုလင်း ၂ ပုလင်း) (1.5 L)
၃။ ဆားတစ်ဇွန်း (လက်ဖက်ရည်ဇွန်းအသေး) (ဆားများပါက သွေးတိုးသမားများအတွက် မကောင်းပါ။)
၎။ ထန်းလျက် (ငါးကျပ်သား) (ထန်းလျက်မပါ ပါက ကြာကြာထားမခံပါ။ ပုတ်လွယ်သည်။)
၅။ ရှောက်နူသီး ခေါ် ရှောက်ဘီလူးသီး ၂ လုံး (ရှောက်တွတ်သီးဟုလည်းခေါ်)
ထို ၅ မျိုးကိုရော၍ အဖုံးလုံသော ဖန်ပုလင်း သို့ ကိုကာကိုလာဗူးအမာများတွင် (ရေဗူးအပျော့တွင် ပေါက်ထွက်နိုင်) တစ်ပတ်တိတိပိတ်ထားပြီး (ခပ်ကြာကြာ ထားနိုင်ရင် ပိုကောင်း) ရက်ပြည့်က တစ်နေ့ကို ညအိပ်ယာ မဝင်မှီ စတီးဇွန်း ၃ ဇွန်းစာ ညစဉ်သောက်ပါ။ ဗူးအဖုံးဖွင့်စဉ် gas ရှိသောကြောင့် လှုပ်၍ မဖွင့်ရ။
မျက်စိမှုန်ခြင်း၊ အကြောတက်ခြင်း၊ ခြေလက်ညောင်းညာခြင်း၊ မလန်းဆန်း၍ စိတ်မအီမသာ မကြည်လင်ဖြစ်ခြင်း၊ အိပ်မပျော်၍ ထိုင်းမှိုင်းခြင်းတို့ကို လက်တွေ့ပျောက်။ သွေးလည်ပတ်မှု မျှတကောင်းမွန်စေတာကြောင့် ဝေဒနာရှင်များ ၆ လလောက်စွဲသောက်ပါ။ အညောင်းမိသူများ၊ အထိုင်ကြာသူများအတွက် ပိုအသုံးဝင်သည်။
မှတ်ချက် – လေဖြတ်နေသော ဝေဒနာရှင်များ
နံနက် – နေ့ – ည (၃ ဇွန်းစီသောက်ပါ)
Credit – အရှင်စန္ဒာသိရီ (ဖြူး)
19/01/2022
ဆံပင်နှင့် အသားအရေအတွက် ဆန်ဆေးရည်မှရရှိတဲ့ အကျိုး ၁၂ချက်
ဆန်ဟာ လူသားတွေရဲ့ ကောင်းကျိုး အတွက် သဘာဝကပေးတဲ့ အဖိုးတန်ပစ္စည်းတစ်ခုပါပဲ။ ဆန်ရဲ့ ကောင်းကျိုးရလဒ်တွေထဲမှာ အရေပြားအတွက်လည်းပါဝင်ပါတယ်။ ဆန်ဆေးရည်လို့အလွယ်ခေါ်ကြတဲ့ ဆန်စိမ်ထားတဲ့ အရည်ကို ပုံမှန်သုံးစွဲပေးမယ်ဆိုရင်တော့ သင့်ရဲ့ အသားအရေနဲ့ ဆံပင်အတွက် ကောင်းကျိုးတွေကို တစ်ပတ်အတွင်း သိသာထင်ရှားစွာခံစားရပါလိမ့်မယ်။
ဆံပင်ရှည်မြန်လာစေဖို့
ခေါင်းလျော်ရည်နဲ့ခေါင်းလျော်ပြီးရင် ဆံပင်ပျော့ဆေးသုံးမယ့်အစား ဆန်စိမ်ရည်ကိုဆံပင်မှာ ဆံသားထဲထိ စိမ့်ဝင်နေအောင် သုတ်လိမ်းပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်မှာ နှစ်ကြိမ် ထိုနည်းအတိုင်းပြုလုပ်ပေးပါက အကောင်းဆုံးရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။
ဆံသားနှစ်ခွမဖြစ်စေဖို့
ဆံသားနှစ်ခွဖြစ်နေတဲ့ သင့်ဆံပင်တွေကြောင့်စိတ်ညစ်နေပါသလား။ နှစ်ခွဖြစ်နေတဲ့ သင့်ဆံပင်အဖျားလေးတွေကို ဆန်ဆေးရည်ထဲမှာ ၁၅မိနစ်လောက်စိမ်ထားပေးပါ။ ထို့နောက် ရေဆေးချလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးပါက ဆံသားနှစ်ခွဖြစ်ခြင်းမှ သက်သာပျောက်ကင်းလာပါလိမ့်မည်။
ဆံသားတွေ ကျန်းမာသန်စွမ်းဖို့
ဆံသားတွေ ခြောက်သွေ့ပြီး ဆံသားမခိုင်ခံ့ပဲ အားနည်းနေပါသလား။ ဆန်ဆေးရည်နဲ့ တစ်ပတ်မှာ သုံးကြိမ် ဆေးချပေးပါ။ သိသာတဲ့ ရလဒ်ကောင်းကို တစ်ပတ်အတွင်းပိုင်ဆိုင်လာပါလိမ့်မယ်။
ဗောက်ထခြင်းအတွက်
ဗောက်ထခြင်းဟာ လူတိုင်းရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ဗောက်ထခြင်းမှ ကင်းဝေးအောင် ဆန်ဆေးရည်နဲ့ ခေါင်းကိုဆေးချပေးပါ။
ဆံသားတောက်ပဖို့အတွက်
သင့်ဆံပင်တွေ သဘာဝအတိုင်း တောက်ပနေဖို့အတွက် ဆန်ဆေးရည်နဲ့နှင်းဆီပေါင်းခံရည်ကိုရောပြီး ဆံပင်ကိုဆေးချလိုက်ပါ။ ထို့နောက် ပလပ်စတစ်ခေါင်းဆောင်းလေးကို ဆံသားတွေသိမ်းပြီး ခေါင်းပေါ်မှာ မိနစ် ၂၀ ခန့်ပေါင်းထားပေးပါ။ ပြီးရင် ရေနဲ့ပြန်ဆေးချလိုက်ပါ။ တောက်ပြောင်သော ဆံကေသာကို အံ့မခန်းတွေ့ရပါလိမ့်မည်။
သန်းတွေကိုဖယ်ရှားပေးတယ်
ဆန်ဆေးရည်ဟာ သန်းနဲ့ သန်းဥတွေကို ဖယ်ရှားပေးတာကြောင့် တစ်ပတ်မှာ နှစ်ကြိမ် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ပေးခြင်းဖြင့် ခေါင်းပေါ်မှ ပိုးမွှားများကို ဖယ်ရှားပေးပါတယ်။
အသားအရေမညီညာခြင်းများကို ညှိပေးတယ်
အသားအရေ ပျက်စီး ညိုမဲပြီး မညီမညာဖြစ်နေတဲ့သူတွေအတွက် ဆန်ဆေးရည်ထဲကို နနွင်း လက်တစ်စိတ်ထည့်ပြီး မျက်နှာမသစ်ခင် ဆေးချပေးပါ။ တစ်ပတ်အတွင်း သိသာထင်ရှားတဲ့ ရလဒ်ကိုရရှိပါလိမ့်မယ်။
ဝက်ခြံတွေပျောက်စေဖို့
ဆန်ဆေးရည်ကို မျက်နှာသစ်တိုင်းအသုံးပြုပေးပါက ဝက်ခြံထွက်ခြင်းကိုလျော့ချပေးပါတယ်။ ဒါပေမယ့် ပုံမှန်အသုံးပြုပေးပါက အသားအရေခြောက်သွေ့စေတာမို့ ဆင်ခြင်အသုံးပြုပေးပါ။
ဆားဝက်ခြံတွေကို ဖယ်ရှားမယ်
နှာခေါင်းမှ ဆားဝက်ခြံလေးတွေကို ဖယ်ရှားပေးဖို့ ဆန်ဆေးရည်နွေးနွေးလေးနဲ့ မျက်နှာဆေးချလိုက်ပါ။ ထို့နောက် မျက်နှာမသုတ်ပဲ အရည်များခြောက်သွားသည်အထိထားလိုက်ပါ။ ထို့နောက် မျက်နှာသုတ်ပုဝါနှင့် မျက်နှာပြင် အထူးသဖြင့် နှာခေါင်းနေရာကို သုတ်ချလိုက်ပါ။ ဆားဝက်ခြံများ ကွာကျလာပါလိမ့်မည်။
နေလောင်သောအသားအရေအတွက်
နေလောင်ပြီး ညိုမဲသွားသောအသားအရေအတွက် ဂွမ်းစလေးကို ဆန်းဆေးရည်ထဲစိမ်ပြီး အသားပေါ်သို့ အသာအယာ သုတ်လိမ်းပေးပါ။ ထို့နောက် မိနစ် ၂၀ ခန့်ထားပြီး ရေချိုးချလိုက်ပါ။ ပိုကောင်းမွန်တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ဖို့ ခရမ်းချဉ်သီးရည်ကိုရောပြီး အသုံးပြုနိုင်ပါတယ်။
ဆန်ဆေးရည်ဟာ လျော့ရဲနေသော အသားအရေတင်းရင်းလာအောင်ပြုပြင်ပေးပါတယ်။ ဝိတ်ကျသွားပြီး အသားအရေ လျော့ရဲနေသော သူများအတွက် အကောင်းဆုံးကုစားပေးနိုင်ပါတယ်။
အရေးအကြောင်းများကို သက်သာစေဖို့
သင့်မျက်ထောင့်နားတစ်ဝိုက် အရေအကြောင်းလေးတွေစပေါ်လာပြီးဆိုရင်တော့ ဆန်ဆေးရည်ကို မျက်ထောင့်နားတစ်ဝိုက်စွတ်ပေးပါ။ ဒီတစ်ခေါက်မတူတာကတော့ ထမင်းရည်အသုံးပြုရမှာပါ။ ကျက်ပြီးသားထမင်းမှ ငှဲ့လိုက်သော အရည်ဖြစ်ရပါမယ်။
16/01/2022
Address
Johor Bahru
80000
Alerts
Be the first to know and let us send you an email when Lwankoko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to Lwankoko:
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram
Category