Taungzalatt Clinic

Taungzalatt Clinic Clinic

🚑🚑  ဖုန်းတစ်ချက် ဆက်ရုံဖြင့် ပြည့်စုံ​သော ​ဆေးခန်းဝန်‌ေဆာင်မှု အိမ်သို့​ရောက်လာမည် 🚑🚑 ✅ ဝါရင့်ဆရာဝန် များ အိမ်တိုင်ရာရော...
17/12/2022

🚑🚑 ဖုန်းတစ်ချက် ဆက်ရုံဖြင့် ပြည့်စုံ​သော ​ဆေးခန်းဝန်‌ေဆာင်မှု အိမ်သို့​ရောက်လာမည် 🚑🚑


✅ ဝါရင့်ဆရာဝန် များ အိမ်တိုင်ရာရောက်ဆေးဝါးကုသမှု (Doctor Consultations at Your Home)

✅ သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက် အထူးကျန်းမာရေးစောင့်ရှောက်မှု (Elder Care Program)

✅ နာတာရှည်ရောဂါသည်များအတွက် အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှု (Chronic disease Patient Care Program)

✅ အိမ်တိုင်ရာရောက် ဓာတ်ခွဲစမ်းသပ်မှု (Lab Investigations at Your Home)

✅ လိုအပ်ပါက အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆေးရုံကြီးများနှင့် ချိတ်ဆက်၍ ကုသမှု (Timely referal and Specialist Care)

စသည့် ဝန်ဆောင်မှုများကို Family Doctor (Home-clinic service) အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းမှ မိသားစုဆရာဝန်များဖြင့် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Taungzalatt Clinic (Home-clinic service)

#တောင်ဇလပ်အထွေထွေရောဂါကုဆေးခန်း

Call us - 01164186027

WP Kuala Lumpur, Malaysia.

❌တနင်္ဂနွေနေ့တိုင်း ဝန်ဆောင်မှုများ နားပါသည် ❌

B6 မဟုတ်သော B6 ကဒ်ပျော့======================သင်ဟာအကြောင်းအမျိုးမျိုးကြောင့် အဝေး ပြေးကွင်းကိုရောက်လေ့ရှိတဲ့သူဆို B6 ကဒ်...
03/06/2022

B6 မဟုတ်သော B6 ကဒ်ပျော့
======================
သင်ဟာအကြောင်းအမျိုးမျိုးကြောင့် အဝေး ပြေးကွင်းကိုရောက်လေ့ရှိတဲ့သူဆို B6 ကဒ်ပျော့ (B6 မဟုတ်) နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ

အဝေးပြေးကားဘေးမှာ ကားမူးပြေဆေး B6 ဘီစစ် ဆိုပြီးလိုက်ရောင်းနေတဲ့ ဆေးကဒ်ပျော့အကြည်ရောင်ထဲက ဆေးအဝါရောင်အလုံးလေးတွေကို သင်ဝယ်သောက်ဘူးကောင်း ဝယ်သောက်ဘူးပါလိမ့်မယ်။

ကားမူးပြေဆေးဆို‌တာတော့မှန်ပါတယ်။ ဒါပေမယ့် B6 လို့ပြောလိုက်ရင်တော့ တက်တက်စင်အောင်လွဲ‌ပါတော့တယ်။

သူရဲ့ နာမည် အစစ်အမှန်ကတော့ Dimenhydrinate ဖြစ်ပါတယ်။ သူဟာ Motion sickness လို့ခေါ်တဲ့ ကားမူး လှေမူးတာ အတွက်တော့ အသုံးဝင်တဲ့ဆေးပါ။ ကား ရထား သင်္ဘော မထွက်ခင် နာရီဝက်အလိုလောက်မှာ ကြိုသောက်ထားရင် ခရီးထွက်တဲ့အခါ မူးရမယ့်အစား မှေးခနဲ မှေးခနဲ သာဖြစ်ပြီး အန်ချင်တာကိုလည်း သက်သာစေပါတယ်။

B6 ရဲ့နာမည်အရင်းကတော့ Vitamin B6 or Pyridoxine ဖြစ်ပါတယ်။ သူဟာလဲ အမူးအမော်သက်သာစေဖို့ အထောက်အကူပြုပါတယ်။

ဒီဆေးနှစ်ခုရဲ့ပုံပန်းသွင်ပြင်ကလည်း စာမပါရင် ချွတ်စွတ်တူပါတယ်။ နှစ်ခုလုံးက အဝါရောင်အလုံးသေးသေးလေးတွေပါ။

သူတို့နှစ်ခုရဲ့ကြားမှာသိသင့်တဲ့ကွာခြားချက်
‌☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️

တကယ်တမ်း ဒီဆေးနစ်ခုတာ အမူးအမော်သက်သာတာရယ် အဝါလုံးချင်းတူတာရယ်ကလွဲရင် ဘယ်နေရာမှ မတူပါဘူး။

ရေမှာပျော်ဝင်နိုင်တဲ့ B6 ဟာများများသောက်ရင် ရူးရူးဝါလာတာကလွဲလို့ဘာမှ အန္တရာယ်မရှိပါ။

သို့သော် ဇာတ်လိုက်ကြော်ကြီး B6 ကဒ်ပျော့ (B6 မဟုတ်) Dymenhydrinate ‌ကတော့ များများသောက်မိရင် ဂစ်ဂစ် ဂစ်ဂစ်နေအောင် တက်တတ်ပါတယ်။

ရပ်ကွက်ထဲကပြဿနာ
=================
ကားစီး ရထားစီး ခရီးသည်တွေ အနေနဲ့ကတော့ တစ်လုံးလောက်ထပ်ပိုသောက်တာ ရှားတဲ့အတွက်ပြသနာမဖြစ်ပေမယ့် တကယ်ပြသနာဖြစ်လာတာကတော့ ရပ်ကွက်ထဲက ဆေးဆိုင် ဆေးခန်းတွေကိုပါ ဒီအခေါ်အဝေါ်ကရောက်လာပြီး တကယ့် ဘီစစ်သောက်ရမယ့်သူတွေကပါ ဒါကို B6 အစစ်အမှန်ထင်ပြီးသောက်လာကြတာပါ။

အထူးသဖြင့် TB ရောဂါရှိသူတွေလို ဘီစစ်အစစ်အမှန်ကို ဆွဲသောက်‌‌နေ‌‌ရသူတွေဟာ ဒါကိုမှားပြီးသောက်နေမယ်ဆိုရင် အဆင်မပြေပါဘူး။
အန္တရာယ်မဖြစ်ရင်တောင် လိုအပ်တဲ့အာရုံကြောအားဖြည့်စေတဲ့ အကျိုးအာနိသင်ကိုဆုံးရှုံးပါတယ်။

ဒါကြောင့် သောက်သုံးတဲ့သူတွေဟာလဲ ဒါဟာ B6 မဟုတ်ဘူးဆိုတာကို သိပြီးရှောင်ကြင်သင့်သလို

ဆေးဆိုင်တွေ ဆေးခန်းဆေးပေးသူတွေ အနေနဲ့လည်း B6 ကဒ်ပျော့ ပေးပါလို့ လာဝယ်သူတိုင်းကို ရော့အင့်လို့မရောင်းလိုက်ပဲ ဒါဟာ B6 မဟုတ်ကြောင်း‌တော့ရှင်းပြပေးသင့်ပါတယ်။

B6 အစစ်အမှန်ဟာဘူးလိုက်လာလေ့ရှိပြီးဈေးနှုန်းလဲပိုသက်သာလေ့ရှိပါတယ်။
B6 အစစ်အမှန်ကိုသောက်သုံးနိုင်ကြပါစေ

Credit

By ARG Pharmacy

 #ကလေးငယ်နှင့်ဖျားနာခြင်းကလေးငယ်တွေ ဖျားနာတဲ့အခါ မိဘတွေအနေနဲ့ မိမိတို့အိမ်မှာ ကလေးကို စနစ်တကျဘယ်လိုပြုစုရမလဲ၊ ဘယ်လိုအခြေ...
10/05/2022

#ကလေးငယ်နှင့်ဖျားနာခြင်း

ကလေးငယ်တွေ ဖျားနာတဲ့အခါ မိဘတွေအနေနဲ့ မိမိတို့အိမ်မှာ ကလေးကို စနစ်တကျဘယ်လိုပြုစုရမလဲ၊ ဘယ်လိုအခြေအနေမှာ ဆေးရုံဆေးခန်းကိုခေါ်သွားသင့်သလဲ သိစေရန်ရည်ရွယ်၍ ရေးသားပါသည်။

၁၊ ကလေးဖျားလျှင် ဘယ်လိုသိနိုင်မလဲ?
✅ မိမိကလေးစဖျားပြီဟု သံသယရှိလျှင် အဖျားတိုင်းသာမိုမီတာဖြင့် ကလေးချိုင်းကြား (သို့) ပါးစပ်ထဲတွင် ၃ မိနစ်ခန့် ထားပြီး တိုင်းကြည့်ရပါမယ်။
✅ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (သို့) ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ကျော်လျင် အဖျားရှိသည်ဟု သတ်မှတ်နိုင်ပါတယ်

၂၊ ကလေးဖျားလျင် ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ?
✅ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းများ မြန်လာခြင်း
✅ ချမ်း၍တုန်လာခြင်း
✅ ခြေဖျားလက်ဖျားများအေးလာခြင်း
✅ ကိုယ်လက်များ ကိုက်ခဲနာကျင်လာခြင်း
✅ နုန်း၍ အီနေခြင်း
✅ အစားအသောက်ပျက်ခြင်း (သို့) နို့စို့နည်းလာခြင်း
စသည့် လက္ခဏာများ ရှိလာလျင် ကလေးအဖျားရှိနေပြီဟု သံသယရှိရပါမယ်။

၃၊ ကလေးတွေဘာကြောင့်ဖျားသလဲ
✅ ကလေးတွေဖျားရခြင်း အကြောင်းအမျိုးမျိုး၊ ရောဂါအမျိုးမျိုးရှိပေမယ့် ယေဘုယအားဖြင့် ဗိုင်းရပ်စ် (သို့) ဘက်တီးရီးယား ရောဂါပိုးကြောင့် ဖျားရတယ်လို့ ဆိုနိုင်ပါတယ်။
✅ ကလေးကိုယ်ပူတယ်ဆိုတာ သူ့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါခုခံကာကွယ်တဲ့စနစ်က ဝင်လာတဲ့ပိုးကို တိုက်ထုတ်နေလို့ပါ။
✅ အဖျားအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ပိုးသတ်ဆေးများ သောက်သုံးရန်မလိုအပ်ပါ။

၄၊ ကလေးဖျားလျင် ဘာလုပ်ရမလဲ?
✅ ဖျားနေတဲ့ကလေးကို အရည်များများတိုက်ဖို့လိုပါတယ်။ မိခင်နို့ပဲတိုက်တဲ့အရွယ်ဆို မိခင်နို့ပိုတိုက်ပါ။ ဖြည့်စွက်စာ စပြီးတဲ့အရွယ်ဆိုရင်တော့ မိခင်နို့၊ ဆန်ပြုတ်၊ စွပ်ပြုတ် စသဖြင့် အမျိုးမျိုး ဝင်အောင်လှည့်တိုက်ပါ။ ကလေးဓါတ်ဆားတိုက်ပါ။
✅ ဖျားနေတဲ့အချိန်မှာ ကလေးက အစားစားချင်စိတ်မရှိ ဖြစ်တတ်ပါတယ်။ အစားဝင်ဖို့လိုပါတယ်။ သူစားချင်တဲ့ အစားအစာကိုမေးပြီး ချော့ကျွေးပါ။
✅ အဖျားတက်တဲ့အချိန် ရေပတ်တိုက်ပေးပါ။ (ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြား) ရေကျက်အေးဖြင့်ရေချိုးပေးပါ။ ရေခဲရေမသုံးသင့်ပါ
✅ ကလေးကို ကောင်းမွန်စွာ အနားယူစေပါ။ ပေါ့ပါးသောအဝတ်အစားများ ဝတ်ဆင်ပေးပါ။
✅ ကလေးအဖျားကျဆေး (ပါရာစီတမော) တိုက်နိုင်ပါတယ်။ ဆေးကိုဘယ်လို၊ ဘယ်လောက် သောက်ရမယ်ဆိုတာကတော့ ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ တွက်ပြီး တိုက်နိုင်ရင် အကောင်းဆုံးပါပဲ။

၄၊ ကလေးကို ဘယ်အချိန်မှာ ဆေးရုံ၊ဆေးခန်းပြသင့်သလဲ
✅ ကလေးအလွန်မှိန်းနေခြင်း (သို့) ယောက်ယတ်ခတ်နေခြင်း
✅ အသက်ရှူရခက်လာခြင်း (အသက်ရှူလျင် ရင်ဘတ်အောက်နားက ချိုင့်ဝင်လာခြင်း)
✅ ခန္ဓာကိုယ်တွင် အနီစက်များ ပေါ်လာခြင်း
✅ ခြေ၊လက် အဆစ်များ ရောင်ရမ်းလာခြင်း
✅ ရေသောက်အလွန်နည်းလာခြင်း (သို့) လုံးဝမသောက်တော့ခြင်း
✅ ဆီးအလွန်နည်းလာခြင်း (သို့) ဆီမသွားတော့ခြင်း
✅ အဖျား ၃ရက် အထက် ကျော်လာခြင်း
✅ တက်ခြင်း
စတဲ့လက္ခဏာများရှိလျင် အရင်းခံကြီးမားတဲ့ရောဂါရှိနေနိုင်ပါတယ်။ ဒါကြောင့် နီးစပ်ရာ ဆေးရုံ (သို့) ဆေးခန်းကို အမြန်ဆုံးသွားဖို့လိုပါတယ်။

၅၊ ကလေးနှင့် ပိုးသတ်ဆေး အန္တရာယ်
✅ အဖျားနဲ့ ပတ်သက်ပြီး အထူးပြောလိုတဲ့အရာကတော့ ကလေးအဖျားမြန်မြန်ပျောက်အောင်ဆိုပြီး ဖျားတာနဲ့ ပိုးသတ်ဆေးမတိုက်သင့်ပါ။ ၂ရက်ပဲ ဖျားမယ့်အဖျားက ပိုးသတ်ဆေးသောက်သောက် မသောက်သောက် ၂ရက်နေရင် ကျမှာပါ။ ၅ရက်ကြာမယ့်အဖျားက ၅ရက်နေမှ ကျမှာပါ။ ဆရာဝန်က စမ်းသပ်လို့ ပိုးသတ်ဆေးပေးသင့်ရင် ပေးပါလိမ့်မယ်။ မိမိသဘောဖြင့် ပိူသတ်ဆေးမတိုက်ရပါ။
✅ ပိုးသတ်ဆေးဆိုတာ တိုက်ရင်ပမာဏမှန်ဖို့ လိုပါတယ်။ ဆေးပတ်လည်အောင်တိုက်ဖို့ လိုပါတယ်။ တစ်ရက်နှစ်ရက်တိုက်လို့ အဖျားကျတယ်ဆိုပြီး ရပ်ပစ်လိုက်လို့ မရပါဘူး။ အဲဒီလို နည်းမမှန်ပဲ အသုံးပြုမယ်ဆိုရင် တကယ်လိုအပ်လို့ ပေးရတဲ့အချိန်မှာ ဆေးမတိုးတော့ပဲ ဖြစ်နိုင်ပါတယ်။ ဒီအချက်ဟာ အလွန်အန္တရာယ်ကြီးပါတယ်။ တကယ်တော့ ကလေးအများစုဖျားခြင်းမှာ ပိုးသတ်ဆေးမလိုပါ။ ဘယ်အချိန်မှာပေးဖို့လိုမလဲ၊ ကလေးမှာ အရေးပေါ်လက္ခဏာတွေ ရှိသလားဆိုတာ သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

👪 မိခင်နှင့် ကလေးများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။

#တောင်ဇလပ်အထွေထွေရောဂါကုဆေးခန်း

ရာသီဥတု အပူဒဏ် အန္တရာယ်**************** #အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း(Heat exhaustion)အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်...
26/04/2022

ရာသီဥတု အပူဒဏ် အန္တရာယ်
****************

#အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း(Heat exhaustion)

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ ပူပြင်းသောရာသီဥတုတွင် ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးပြီး အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ဖြစ်ခြင်း ဖြစ်ပါသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ဖြစ်ပါက ခန္ဓာကိုယ်တွင်း အပူချိန် (၃၇) ဒီဂရီ စင်တီဂရိတ်မှ (၄၀) ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) (၉၈.၆) ဒီဂရီဖာရင်ဟိုက်မှ (၁၀၄) ဒီဂရီဖာရင်ဟိုက် အထိမြင့်တက်ပြီး အောက်ပါရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။
✅ ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း
✅ ခေါင်းမူးနောက်ခြင်း
✅ ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
✅ မူးမိုက်ခြင်း
✅ ခေါင်းကိုက်ခြင်း
✅ နုံးချိခြင်း
✅ ရေဆာခြင်း
✅ ချွေးအလွန်အကျွံထွက်ခြင်း
✅ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းတို့ဖြစ်ပါသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ဖြစ်ပြီး ကုသမှု မခံယူပါက အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) အထိ ဖြစ်နိုင်ပါသည်။

အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစားရသည့်လူနာအား -
✅ အရိပ်ရ၍ အေးမြသောနေရာ (သို့မဟုတ်) လေပန်ကာရှိသောနေရာ (သို့မဟုတ်) လေအေးပေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။
✅ လူနာ၏ ခြေရင်းဘက်အား မြှင့်၍ ပက်လက်အနေအထားဖြင့်ထားပါ။
✅လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။
✅ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး (သို့မဟုတ်) ရေခဲရေစိမ်ထားသောအဝတ်များဖြင့် အရေပြားအတွင်း စိမ့်ဝင်သည်အထိ ရေပတ်တိုက်ပေးပါ။
✅ လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့မဟုတ်) ယပ်ခပ်ပေးပါ။
✅ လူနာကောင်းစွာသတိရနေပါက ဓာတ်ဆားရည်တိုက်ပေးပါ။
✅ ရောဂါလက္ခဏာများ မသက်သာပါက (သို့မဟုတ်) ခန္ဓာကိုယ်အပူချိန် လျော့ကျခြင်းမရှိပါက နီးစပ်ရာ ဆေးရုံသို့ လွှဲပြောင်းပါ။

#အပူဒဏ်ကြောင့်သတိလစ်ခြင်း(Heat Stroke)

အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) သည် အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများတွင် အပြင်းထန်ဆုံးဖြစ်ပြီး သေချာစွာ ဆေးကုသမှုမခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) ဖြစ်ပါက ခန္ဓာကိုယ် အပူချိန် 40’ C (104 ‘ F) အထက်မြင့်တက်ပြီး အရေးပြားပူ၍ ခြောက်သွေ့ခြင်းနှင့် ဦးနှောက်နှင့် အာရုံကြောစနစ် ထိခိုက်သည့်လက္ခဏာများ (ဥပမာ- တက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း) တို့ ပူးတွဲဖြစ်ပေါ်လာပါသည်။

အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ၏ လက္ခဏာများ -
✅ အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးခမ်းခြောက်ခြင်း
✅ စိတ်ရှုပ်ထွေးခြင်း
✅ သတိလစ်ခြင်း
✅ တက်ခြင်း
✅ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ ဖြစ်ပါသည်။

အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) ဖြစ်ပွားပါက ခန္ဓာကိုယ်အပူချိန်အား အမြန်လျှော့ချရန် အရေးကြီးပါသည်။
✅ အပူဒဏ်အန္တရာယ် ခံစားရသော လူနာအား အရိပ်ရ၍ အေးမြသောနေရာ (သို့မဟုတ်) လေပန်ကာရှိသောနေရာ (သို့မဟုတ်) လေအေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။
✅ လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ။ လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။
✅ ရေအေးအေး (သို့) ရေခဲရေ စိမ်ထားသောအဝတ် (သို့) ရေခဲတုံးဖြင့် လူနာ၏ခန္ဓာကိုယ်အား ပွတ်တိုက်ပေးခြင်းဖြင့် အပူချိန်အမြန်လျော့ကျစေရန် ဆောင်ရွက်နိုင်ပါသည်။
✅ လူနာ၏လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး (သို့မဟုတ်) ရေခဲရေစိမ်ထားသော အဝတ်များဖြင့် ရေပတ်အုပ်ပေးပါ။
✅ လူနာအား နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးလွှဲပြောင်းရန် စီစဉ်ပါ။

Ref: http://mohs.gov.mm (2018-P)
#တောင်ဇလပ်အထွေထွေရောဂါကုဆေးခန်း (တိုက်၁၈၊ အပိုင်း၂၊ ယုဇနဥယျာဉ်မြို့တော်)

နွေရာသီနှင့် ဆီးချိုနွေရာသီမှာ ဆီးချိုရောဂါရှိသူတွေကျန်းမာစေဖို့နွေရာသီနဲ့ဆီးချိုခန္ဓာကိုယ်ကအပူဒဏ်နဲ့ထိတွေ့မိတဲ့အခါချွေး...
26/04/2022

နွေရာသီနှင့် ဆီးချို

နွေရာသီမှာ ဆီးချိုရောဂါရှိသူတွေ
ကျန်းမာစေဖို့
နွေရာသီနဲ့ဆီးချို
ခန္ဓာကိုယ်ကအပူဒဏ်နဲ့
ထိတွေ့မိတဲ့အခါ
ချွေးထွက်များလာမယ်။ ဒီလိုချွေးထွက်များ
လာတာက ရေဓာတ်
ဆုံးရှုံးမှုကို ဖြစ်စေတယ်။

ရေဓာတ်ဆုံးရှုံးမှုရဲ့
နောက်ဆက်တွဲအနေနဲ့ သွေးတွင်းသကြားဓာတ်
မြင့်တက် လာမယ်။

ပြောချင်တာကတော့ နွေရာသီမှာ သွေးချို
တက်လွယ်တယ်၊ ဆီးချိုရောဂါရှိသူတွေ
ပိုသတိထား
သင့်တယ်ပေါ့နော်။

☘ နွေရာသီမှာ ဆီးချို
ရှိသူကို ဒီလို ဂရုစိုက်ပါ☘

☘ ရေဓာတ်ပြည့်ဝနေပါစေ

နွေရာသီရဲ့ အပူဒဏ်ကြောင့်
ချွေးထွက်များပြီး
ရေဓာတ် ဆုံးရှုံးမှုက
သာမန် အချိန်တွေ
ထက် ပိုများနိုင်ပါတယ်။

ဒါကြောင့်...
ခန္ဓာကိုယ်မှာ သွေးစီး
ဆင်းမှု ကောင်းစေပြီး အင်ဆူလင် စုပ်ယူမှု
ကောင်းစေဖို့ အတွက်
ရေဓာတ်ပြည့်ဝအောင် သောက်သုံးဖို့ လိုအပ်
ပါမယ်။

☘ ရေများများသောက်
ဖြစ်အောင်ဂရုစိုက်ပါ။

☘ မကြာခဏ
သွေးချိုတိုင်းပါ

နွေရာသီမှာ အပူချိန်လွန်
ကဲတာ နဲ့ အပူရှပ်တာ
တို့ကြောင့် မောပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊
ခေါင်းထဲမှာ ရီဝေဝေ
ဖြစ်တာ နဲ့ ချွေးထွက်
လွန်းတာမျိုးတွေ
ဖြစ်နိုင်ပြီး သွေးချို
တက်တဲ့အခါ
ဒါမှမဟုတ်... သွေးချိုကျတဲ့အခါမှာ
ခံစားရတဲ့ လက္ခဏာတွေ နဲ့
ရောထွေးနိုင်တာကြောင့်
မကြာခဏ ဆိုသလို
သွေးချိုတိုင်းပေးပါ။

☘ လေ့ကျင့်ခန်း
လုပ်တာကို သတိထားပေးပါ

သွေးချိုကျပြီး
ကျန်းမာ နေစေဖို့
ဆီးချို ရှိသူတွေ
မဖြစ်မနေ လုပ်တတ်
ကြတာတစ်ခုရှိပါတယ်။
ဒါကတော့...
လေ့ကျင့်ခန်းလုပ်တာပါ။
နွေရာသီမှာ
လေ့ကျင့်ခန်း မ လုပ်ရဘူး၊
လို့ မဆိုလိုပါဘူး။
ပင်ပင်ပန်းပန်း မလုပ်ဖို့ပဲ
လိုတာပါ။

☘ အာဟာရ မျှတအောင်
ပြင်ဆင်ပေးပါ

စားသောက်ဖို့ ပြင်ဆင်
ပေးတဲ့အခါမှာလည်း
အဆီများတာ၊အချိုများ
တာတွေကိုရှောင်ရပါမယ်။

ဟင်းသီးဟင်းရွက်နဲ့
အသားမျှတအောင်
ပြင်ဆင်ပေးပါ။

ထမင်းကိုလျှော့ကျွေးပေးပါ။

☘ ခြေထောက်ကို
ဂရုစိုက်ပေးပါ

ဆီးချိုသမားတွေက
အခြားသူတွေ ထက်
ခြေထောက်ကို ပိုဂရုစိုက်
ပေးဖို့လို ပါမယ်။

ဆီးချို ရောဂါက
အချိန်ကြာလာ နဲ့ အမျှ ခြေထောက် က အာရုံကြောလေးတွေ
ထိခိုက်လာပြီး
အာရုံ ခံစား နိုင်စွမ်း
နည်းလာပါတယ်။

ဒါကြောင့်...
နေ့စဉ် ခြေထောက်မှာ
ထိခိုက်မိထားတာရှိသလား
ဆိုတာကို စစ်ဆေးပါ။

ခြေထောက် မှာ
ရေဓာတ် ခမ်းခြောက်ပြီး အသားခြောက်တာ ကြောင့်
ပြဿနာ တစ်စုံတရာ
ရှိ၊ မရှိ စစ်ဆေးပေးပါ။

တကယ်လို့...
ခြေထောက်မှာ
မှို ပိုးဝင်ထားတာမျိုး
ရှိနေမယ်ဆိုရင်
အမြန်ဆုံးကုသမှု
ခံယူဖို့လိုပါမယ်။

ဖိနပ်ကိုလည်း
ကျပ်တာ မျိုးတွေ မ စီးပါနဲ့။ လေဝင် လေထွက်ကောင်းပြီး
သက်တောင့်သက်သာ ရှိမှာ
မျိုးကို စီစဉ်ပေးပါ ။

ဖိနပ် မပါဘဲ
လမ်းလျှောက်တာမျိုး
မ ဖြစ်စေဖို့ ဂရုစိုက် ပါ။

ိတိုရိယဆေးရုံ၊ ဆီးချိုသွေးချိုအထူးကုစင်တာ
#တောင်ဇလပ်အထွေထွေရောဂါကုဆေးခန်း

Address

Kuala Lumpur

Telephone

+959962262515

Website

Alerts

Be the first to know and let us send you an email when Taungzalatt Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram