15/05/2024
အသံလှိုင်း ဖြင့် ကုသခြင်း။
အသံတွေဟာ လူ့စိတ်ကို အပြောင်းအလဲ ဖြစ်စေတယ်။ ချိုအေးချွဲပြစ်တဲ့အသံတွေဟာ စိတ်ကိုပျော့ပြောင်းစေတယ်၊ စူးရှတဲ့အသံတွေဟာ နှလုံးခုန်နှုံးကို မြန်စေတယ်၊ တစုတဝေးထဲ အော်တဲ့အသံတွေဟာတက်ကြွစေတယ်။ ဒီတော့ အသံ ဟာ လူ့ရဲ့စိတ်ကိုပြောင်းလဲစေတတ်တာ သေချာတယ်။
တကယ်တော့ အသံဆိုတာ လေ မော်လီကျူး တွေကို ကျစ်လိုက်တဲ့အခါမှာ ဖိအားတခုကြောင့် ထွက်လာတယ် လို့ဆိုပါတယ်။အဲ့ဒါထက်ပိုတာက ရောဂါတွေကို Sound therapy အသံလှိုင်း နဲ့ ကုလို့ရတယ်ဆိုတာ သိပ္ပံကတွေ့ရှိထားတာ ကြာပါပြီ။ ဖတ်မိသူအတွက် အလွန်အကျိုးရှိနိုင်လို့ တချို့ကို မျှဝေချင်ပါတယ်။
အသံဟာ ဦးဏှောက်ဆဲလ်တင်မက လူ့ ခန္ဓာကိုယ်တခုလုံးက ဆဲလ်တွေအပေါ် သက်ရောက်တယ် တဲ့။ စိတ်ထောင်းကိုယ်ကြေဆိုတာ အသံဖိအား ကြောင့် ကျမ်းမာရေးထိခိုက်ပြီးသေတတ်တာကိုပြောတာပါ။ ဒီတော့အသံဟာ လူတယောက်ရဲ့ ကျမ်းမာရေး ထိခိုက်အောင်၊ ကောင်းအောင် လည်းလုပ်နိုင်တယ်ဆိုတာ သေချာတယ်။ ရုတ်တရက် အသက်အန္တရာယ်ကြုံနေတဲ့သူကို သူငယ်ချင်း တောင့်ထားလို့ ပြောရင်း အသက်ရှင်သူတွေအများကြီးရှိတယ်။ သေတော့မှာလို့ပြောလို့ ဦးဏှောက်က နူရွန်တွေ တကယ်သေသွားတာလည်းရှိတယ်။ အသံကြောင့်ဖားသေ ဆိုရိုးစကားရှိတာပဲ။
ဆဲလ်ဆိုတာ လူတယောက် အသက်ရှင်ဖို့ မရပ်မနားအလုပ်လုပ်နေတဲ့ လုပ်သားတွေပါ၊ အဲ့ဒီ ဆဲလ်တွေကို အသံလှိုင်း နဲ့ ခိုင်းပြီး ကျမ်းမာအောင် လုပ်လို့ရတယ် လို့သိပ္ပံက ပြောပါတယ်။
အသံလှိုင်း ဟာ လူ့ခန္ဓာကိုယ်ကို ရိုက်တယ်။ အသံကျယ်ရင် နားစည်တင်မက ခန္ဓာကိုယ်တုန်ခါတယ်။ အသံကို နားစည်က အရိုးနုလေးကတဆင့် အသံဖမ်းတဲ့ အမွေးအမျှင် (hair cells in cochlea) ကနေ လျပ်စီးလှိုင်းအဖြစ်ပြောင်းပြီး ထောင်သောင်းချီတဲ့ နူရွန် နာဖ်ကြောသေးသေးလေးတွေကတဆင့် ဦးဏှောက်တခုလုံးကို ဖြန့်လွှင့်တယ်။ အသံကို Hz hertz နဲ့တိုင်းတာပါတယ်။ တစက္ကန့်မှာ တသံပဲထွက်ရင် 1 hz တစက္ကန့်မှာ အသံ ၁၀၀ ပြိုင်တူထွက်ရင် 100 hz စသည်ဖြင့် တိုင်းတာတယ်။ ထွက်တဲ့အသံပေါ်မူတည်ပြီး ဦးဏှောက်က လက်ခံတယ်။ ထားပါတော့။
1-4 hz ကို delta brain wave, 4-8 ကို theta wave, 8-12 hz ကို alpha brain wave 12-30 ကို Beta wave, 40 hz နဲ့ဝင်လာတဲ့ အသံကို Gamma brain wave စသည်ဖြင့် ဦးဏှောက်က ခွဲ လက်ခံတယ်။ အိမ်မှာ ပါဝါလိုင်းနဲ့ မီးလိုင်းတွေ ခွဲသလိုပေါ့။ ဝင်လာတဲ့ အသံအမျိုးအစားကိုလိုက်ပြီး ခန္ဓာကိုယ်က တုန့်ပြန်တယ်။
ဦးဏှောက်ဟာ နူရွန်လို့ခေါ်တဲ့ ဦးဏှောက်ဆဲလ်တွေနဲ့အလုပ်လုပ်တယ်တဲ့၊ နူရွန်တွေဟာ ဦးဏှောက်တခုလုံး မီးလိုင်းတွေလိုချိတ်ဆက်ထားတယ်။ ဘယ်ဘက် အခြမ်းကော ညာခြမ်းပါ ပြိုင်တူချိတ်ဆက်ထားတာ။ ဘယ်ညာ က နူရွန်တွေ စည်းချက်မမှန်တဲ့လူဟာ စိတ်မနှံ့သူပေါ့။ လူတယောက်ရဲ့ ဦးဏှောက် ဆားကက်တွေ မပျက်ဖို့လိုတယ်။
အခု 40 hz Gamma လှိုင်းရဲ့ အကျိုးကိုဆက်ပြောပြမယ်။ နား ဒါမှမဟုတ် ခန္ဓာကိုယ်ကနေတဆင့် ဦးဏှောက်ထဲကို 40 Hz Gamma လှိုင်းဝင်လာရင် ဦးဏှောက်နူရွန်တွေ အလုပ်လုပ်တာ ပိုတိကျလာတယ်။ focus ပြတ်လာတယ်၊ သိုမှီသိမ်းထားနိုင်စွမ်း (မှတ်ဥာဏ်) တိုးလာတယ်တဲ့။
ကျွန်တော်စမ်းပြီးပြီ၊ မယုံရင် 40 hz ပေးတဲ့ အသံကို နားကြပ်တပ် နားထောင်ကြည့်၊ လူ့စိတ်ဟာ ငြိမ်ကျသွားတာတော့ သေချာတယ်။ ဦးဏှောက်ဘယ်ခြမ်း နဲ့ ညာခြမ်း အလုပ်လုပ်တာ အတွဲမိလာတယ်။
အသက်ကြီးလို့ ကိုယ့်သားသမီးတွေ နံမည်တောင် မမှတ်မိအောင် မေ့လျော့တတ်တဲ့ Parkinson Dementia , Alzheimer’s ရောဂါရှင်တွေ အဲ့ဒီအသံလှိုင်း ကို တနေ့ နာရီဝက်လောက် တပါတ် ၂ ခါ သုံးခါ နားထောင်ပေးရင် ပျက်နေတဲ့ ဆားကက်တွေ ဦးဏှောက်ထဲက မှတ်ဥာဏ်နဲ့ပါတ်သက်တဲ့ ဆဲလ်တွေ ပြန်ရှင်သန်တယ် လို့ သိပ္ပံကတွေ့ထားတယ်။
စာကျက်တဲ့အခါ အလုပ်လုပ်တဲ့အခါ အဲ့ဒီ 40 hz အသံကို နားကြပ်နဲ့ ဖွင့်ထားရင် အလုပ်ပြီးတာမြန်တယ်၊ စာ ရလွယ်တယ်။ Gamma လှိုင်းကို ဦးဏှောက်ရဲ့ နူရွန်တွေက သိပ်ကြိုက်လို့ ရောဂါကြောင့် ကိုက်ခဲနေတဲ့လူတွေ အကိုက်အခဲ ပျောက်နိုင်တယ်။ ဦးဏှောက်ဟာ ခန္ဓာကိုယ်တခုလုံးကို အမိန့်ပေးနေတဲ့ ကွပ်ကဲမှု ဌာနချုပ်ပဲ၊ ရောဂါတွေကို သတ်ပေးနိုင်တယ်။ ဦးဏှောက်ထဲက စစ်သည်တွေ အစွမ်းထက်ရင် ကိုယ်ကျမ်းမာမယ်။
မိမိအိမ်မှာ လေဖြတ် တဲ့လူတွေ၊ Parkinson Dementia , Alzheimer’s ရောဂါရှင်တွေ ရှိရင် အဲ့ဒီလှိုင်းကို နားကြပ်ကလေးနဲ့ တနေ့ နာရီဝက်လောက် နားထောင်ပေးရင် မှတ်ဥာဏ် ပြန်ကောင်းလာတတ်တယ်တဲ့။ လူကောင်းတွေလည်း နားထောင်ရင် မှတ်ဥာဏ်ကောင်းတယ်။ လူကိုကျမ်းမာစေတယ်တဲ့။ လူနာကို ဆေးကုတာလည်းကု၊ စိတ်နဲ့လည်းအားပေး၊ အသံလှိုင်းနဲ့လည်း ကုကြည့်ပေါ့။ အကျိုးမယုတ်ပါဘူး။
နိုင်ငံခြားမှာတော့ လူနာကို နားကြပ်တပ်ယုံတင်မကဘူး၊ ဆောင်းပေါက်တွေနဲ့ ခုံမှာထိုင်ခိုင်းပြီး တုန်ခါနှုံးနဲ့ပါ ကုကြတယ်။
စာရှည်လို့ အကျိုးရှိတာ မဖတ်ကြပဲ ကျော်သွားမှာစိုးလို့ နောက်မှ တခြားအသံလှိုင်းတွေ အကြောင်း ဆက်ရေးတော့မယ်။ အောက်မှာ YouTube link ပေးထားတယ်။ နားကြပ်တပ်ပြီး နားထောင်မှ ပြည့်ပြည့်ဝဝ အကျိုးရှိတာပါ။
မိမိ စိတ်ဘယ်လို ပြောင်းလဲသွားလဲ သိချင်ရင် ထောင်ကြည့်ကြပါ၊ အနည်းဆုံး ဦးဏှောက်ထဲက ကိုယ့်တပ်သားတွေကို ခွန်အားပေးတာ တမျိုးပဲ။
copy လေးပါ....