ERROR 404๛ツ

ERROR 404๛ツ Trust your self no

Happy mother day🤰
11/05/2024

Happy mother day🤰

မကောင်းတဲ့ရက်လေးအချို့အတွက်နဲ့ မကောင်းတဲ့ဘဝလို့ အပြစ်မတင်ပါနဲ့😊
11/05/2024

မကောင်းတဲ့ရက်လေးအချို့အတွက်နဲ့ မကောင်းတဲ့ဘဝလို့ အပြစ်မတင်ပါနဲ့😊

“သစ်ရွက်တွေ ဘာလို့ စိမ်းတာလဲ” ဆိုတာကိုဘယ်ဘက်က ပုံနဲ့ ရှင်းပြတာ ထိရောက်ပေမယ့်...“အနီရောင်၊ အစိမ်းရောင် အလင်းတန်းတွေကသွားလ...
11/05/2024

“သစ်ရွက်တွေ ဘာလို့ စိမ်းတာလဲ” ဆိုတာကို
ဘယ်ဘက်က ပုံနဲ့ ရှင်းပြတာ ထိရောက်ပေမယ့်...
“အနီရောင်၊ အစိမ်းရောင် အလင်းတန်းတွေက
သွားလာနေတယ်” ဆိုတဲ့ အထင်ကို ရောက်စေပါတယ်။

နဲ့အတူ . . .
လောကကြီးကို အရှိအတိုင်း မြင်ကြည့်ချင်ရင်
အဆုံးထိ ဖတ်ကြည့်ပါ။
__________________________________

“သစ်ရွက်တွေမှာ ရှိတတ်တဲ့ ကလိုရိုဖှီးလ်က တခြားအရောင်တွေကို စုပ်ယူပြီး အစိမ်းကို ပြန်ထုတ်လွှတ်လို့ သစ်ရွက်ဘက်ကို မျက်စေ့လှည့်ဖွင့်ထားရင် အစိမ်း အလင်းတန်းတွေ ဖမ်းယူရရှိတာ” လို့ ကြားဖူးကြနိုင်ပါတယ်။

— စိမ်းတဲ့သစ်ရွက်တွေ ဘာလို့ စိမ်းတာလဲ
— လူ့သွေးက ဘာလို့ နီတာလဲ
— ဘာလို့ ဘယ်ပစ္စည်းက ဘယ်အရောင် ရှိတာလဲ
ဆိုတာတွေရဲ့ အဖြေက အဲဲဒါမျိးတွေပါ။

ဒါကြောင့် အရာဝတ္ထုတွေမှာ...
အရောင်အဆင်း ရူပါရုံဆိုတာ ပကတိအရှိ မဟုတ်ပါဘူး။ (ဘာအရောင် မျက်နှာပြင် ဆိုတဲ့ အရှိတရားကြီး အုပ်လွှမ်းထားသလို ထင်ရင် မမှန်ပါဘူး...)
ပါတစ်ကယ်တွေရဲ့ လျှပ်စစ်သံလိုက်လှိုင်းနဲ့ ဆက်ဆံပုံ ဆိုတဲ့ သဘောတရားပဲ ရှိတာပါ။

ပြီးတော့...
အလင်းတန်း၊ အလင်းလှိုင်းတွေမှာလည်း ပကတိ အရောင်ရှိနေခြင်း မဟုတ်ပြန်ပါဘူး။
___________________________________

➡️ အလင်းတန်းတွေဆိုတာ လျှပ်စစ်သံလိုက်လှိုင်း (electromagnetic wave) တွေ ဖြစ်ပါတယ်။

➡️ သူတို့မှာ စွမ်းအင်ပမာဏ အမျိုးမျိုး ပါရှိပါတယ်။
➡️ အဲဒီ့စွမ်းအင်ပမာဏ အမျိုးမျိုးကြောင့် ကြိမ်နှုန်း (frequency) အမျိုးမျိုး၊ လှိုင်းအလျား (wavelength) အမျိုးမျိုး ရှိနေတာပါ။

➡️ သစ်ရွက်က စုပ်ယူတဲ့အခါ (မရှိတဲ့) “အရောင်”သဘောတရားကို သူမကြည့်ပါဘူး။ စွမ်းအင် ပမာဏအလိုက် တချို့ကို ပြန်ထုတ်လွှတ်နေတာပါ။

➡️ မျက်လုံးက ဖမ်းယူတဲ့အခါလည်း အမြင်လွှာ (retina) ပေါ် ကျရောက်တဲ့ စွမ်းအင်ပမာဏကို လိုက်ပြီးတော့ ဦးနှောက်ဆီကို ပို့တဲ့ အချက်အလက်တွေ ကွဲပြားပါတယ်။
➡️ အဲဒီ့အချက်အလက် အမျိုးမျိုး ဦးနှောက်အတွင်း စီးဆင်းနေခြင်းက “ဘယ်လိုလေး မြင်ရတယ်”လို့ လူက ခံစားသိရှိ (perceive) နေရခြင်းပဲ ဖြစ်ပါတယ်။
➡️ ဒီ ခံစားသိရှိချက် အသွင်ကွဲ အမျိုးမျိုးကိုပဲ “အရောင်” အမျိုးမျိုး လို့ လူတွေ သတ်မှတ်နားလည်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အရောင် ဆိုတာ တကယ်မရှိဘဲ
— မျက်လုံးအာရုံခံဆဲလ်တွေနဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ ဆက်ဆံပုံ ရလဒ်...
— အဲဒီ့ ရလဒ် သတင်းအချက်အလက်တွေကို ဦးနှောက်က လက်ခံခံစားပုံ...
ဒါတွေသာ တကယ်ရှိကြောင်းကို ဘယ်ဘက်ပုံက မဖော်ပြနိုင်ဘဲ၊ ညာဘက်ပုံကပဲ အကြမ်းဖျင်း ဖော်ပြနေမှာ ဖြစ်ပါတယ်။

Crd #— ဋ ( Minn Htutkyaw )
ာရေး ွေးနည်း

Time Travelling(အချိန်ခရီးသွားခြင်း) ဒီတခါ ရူပဗေဒ ရဲ့ 4D ဒိုင်မေးရှင်းတခုဖြစ်တဲ့ အချိန် ဆိုတဲ့အကြောင်းကို လေ့လာကြည့်ရအော...
11/05/2024

Time Travelling
(အချိန်ခရီးသွားခြင်း)

ဒီတခါ ရူပဗေဒ ရဲ့ 4D ဒိုင်မေးရှင်း
တခုဖြစ်တဲ့ အချိန် ဆိုတဲ့အကြောင်းကို
လေ့လာကြည့်ရအောင်။

အချိန်ဆိုတာ ဘာလဲ?
အချိန်ဆိုတာ ကျနော်တို့ ဘဝတစ်သက်တာမှာ
မှားခဲ့တာတွေ မှန်ခဲ့တာတွေ၊ လုပ်သင့်တာတွေ
မလုပ်သင့်တာတွေ နောင်တတွေ စသည်ဖြင့်
လုပ်ဆောင်ခဲ့သမျှ ၊ဖြစ်ပျက်သမျှအရာအားလုံးကို တိုက်စားပစ်လိုက်တဲ့ အရာပါပဲ။

အချိန်မှာ သေချာတွေးကြည့်ရင်
ပြီးဆုံးသွားတဲ့ ၁စက္ကန့် နဲ့
ရောက်မလာသေးတဲ့ ၁စက္ကန့် အတိတ်ရယ် အနာဂတ်ရယ်ဆိုတဲ့ အရာ၂ခုပဲရှိတယ်။
ပစ္စုပန်ဆိုတာ လက်ရှိ ရှင်သန်နေရတဲ့
အချိန်ကာလ အခိုက်အတန့် လေး ကို ပညတ်ချက်
အာဘော်တခုသက်သက် ဖြင့် သတ်မှတ်ထားတာပါပဲ။


3D ဒိုင်မေးရှင်း အတွင်း မှာ ရှိတဲ့
ကျနော်တို့ ခန္ဓာကိုယ် ကြီးက အိမ်ကနေ ထွက်လာတယ်
လမ်းကိုရောက်တယ် ပစ္စည်း မေ့လို့ နောက်ပြန်လှည့်
ယူလိုက်လို့ ရပေမယ့် 4D အချိန်မှာတော့
ဘယ်တော့မှ နောက်ပြန်မလှည့်တတ်ဘူး

ဒီမှာ ဒိုင်မေးရှင်း 11ခု တွေ ၊ 26 ကြိုးမျှဥ်သီအိုရီတွေနဲ့
မရောထွေဘဲ အချိန်ဆိုတာလေးကိုပဲ
သက်သက် ဆက်တွေးရအောင်။

အချိန်ဟာ ဘာနဲ့တူသလဲ ဆိုရင်
အပေါင်းသဘောဆောင်တဲ့
ရှေးကိုသာ တစ်သမတ်တည်းသွားနေတဲ့ အရာပါပဲ။
သူက လေးကြိုးမှ ပစ်လွတ်လိုက်တဲ့ မြှားတစ်စင်းလိုပဲ
ရှေးကိုသာ ဦးတည်ပြီးသွားနေတာ ။

ပစ်လွတ်လိုက်တဲ့မြှားတစ်စင်းဟာ ရှေးမှာ
အကြောင်းတခုခုကြောင့်နောက်ကို
ပြန်ကန်ထွက်လာသည်ဆိုပါစို့။ ဒီနေရာမှာ
သချ်ာနည်းကိုသုံးပြီး မြှားတံရဲ့ ဘယ်နေရာရဲ့
ဘယ်အစိတ်အပိုင်းကို
ရှေ့ကအခုခံနဲ့ ထိပြီး ပြန်ကန်ထွက်လာတာကို
သေချာတွက်ချက်နိုင့ရင် မြှားတံဟာ နောက်ကို
ပြန်လှည့်လာနိုင်ချေရှိတယ် ။

ဒီတော့ဘာဆက်ဖြစ်နိုင်သလဲ
ဆိုရင် ပြန်လာတဲ့မြှားတံဟာ အရမ်း အန္တာရယ် များပြီး။
ပစ်တဲ့သူကို ပြန်ထိရင်ထိ မထိရင် တခြားဘေးမှာ
ရှိတဲ့အရာတွေကို ထိမှန်ခြင်ထိမှန်လိမ့်မယ် ။

အပေါ်မှာ ပြောခဲ့တဲ့ ဥပမာဟာ ဖြစ်လာနိုင်တဲ့
အချိန်ခရီးသွားခြင်းရဲ့ butterfly effect
အကျိုးကြီးကို ခံစားရနိုင်တယ်။
လိပ်ပြာတောင်ပံအကျိုးသက်ရောက်မှု ဆိုတာ
သိတဲ့အတိုင်းတဖက်မှာ လိပ်ပြာတောင်ပံခတ်သံဟာ တခြား တစ်ဖက်မှာ
လေပွေမုန်တိုင်း ထန်သွားတဲ့အထိ ကြီးမားနိုင်တယ် ။

ဘာတွေဖြစ်လာနိုင်သလဲ? ok ကျနော်နဲ့အတူ ဆက်လက်
တွေးတောရအောင် ။ မဟာ အချိန်စီးကြောင်းမှာ
Timelineတခု ကိုပြောင်းလဲပစ်လို့မရဘူးဆိုပါစို့။
တကယ်လို့ ပြောင်းလဲလို့ရရင် မတူညီတဲ့
အချိန်ကွဲကြောင်းတွေ ဖြစ်ပြီး
အပြိုင်ကမ္ဘာတွေ အပြိုင်စကြာဝဌာတွေ ဖြစ်လာ
နိုင်သလား???

time ဆိုတာ အပေါင်းလက္ခဏာဆောင် ပုံသေပါ။ သူ့ဘာသာသူ ရှေ့ဆက်သွားနေတဲ့အရာပါ။ အတိတ်တွေ အနာဂတ်တွေကို ပြောင်းလဲလို့မရနိုင်ပါဘူး။
အတိတ်က ဖြစ်ရပ်တွေကို ဝင်ရောက်စွက်ဖက်လို့
ရနိုင်ရဲ့လား?
ဥပမာ.... ခများဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်က
အတိတ်ကို အချိန်ခရီး သွား အာဏာသိမ်း မှုမဖြစ်ခင်
မင်းအောင်လှိုင် ကို သွားတားဆီးပြီး
ဖမ်းလိုက်သည်ဆိုပါစို့။ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်ပေါင်း
၂ထောင်ကျော်ကို အတိတ်အချိန်ခရီးသွား
ယေရူကို သစ္စာ၄ပါးတွေ သွာဟောပြ ယေရူက
ကတုံး တုံးပြီး
ဗုဒ္ဓ ဘာသာဝင်ဖြစ်သွားသည်ဆိုပါစို့။
(ခရစ်တွေ အတွက်တော့ စွကျိုးနဲပြီး 😆😆)

အခြေခံ ရူပဗေဒ သဘောတရားမှာ
အတိတ်ကိုပြန်သွားပြီ
မတူညီတဲ့ အနာဂတ်ရအောင်ဖန်တီးလို့ မရပါဘူး

ဒီလို ဝိရောဓိကိုတော့ အားလုံးသိကြတဲ့
grandfather paradox လို့ခေါ်တဲ့ အဘိုးဝိရောဓိပါပဲ။
ဒီဥပမာကို ပေးခဲ့တဲ့သူက အဘိုးကို အတော်လေး
မုန်းနေပုံရတယ်။ 😆
ဒီဝိရောဓိမှာက အတိတ်ကို အချိန်ခရီးသွားပြီး
သူ့အဘိုးကို သ.တ်လိုက်သည် ဆိုပါစို့။
ဒီတော့ သူ့အဘိုး မရှိတော့တဲ့အတွက် သူ့အဖေ အမေ
တဦးဦး ဆိုတာလဲ မွေးဖွားမလာတော့ဘဲ
သူဆိုတာလဲ မဖြစ်တည်လာတော့ပါဘူး။
ဒီတော့ အချိန်ခရီးသွားမို့ သူဆိုတာလဲ မရှိတော့ပါဘူး ။
အဲ့တော့ သူဟာ အတိတ်မှာ ပိတ်မိနေပြီး
ဒါက dilemma ဆိုတဲ့ ၂ဖက်ပိတ် နေတဲ့ အဖြေပါပဲ။

ဒီဝိရောဓိကြောင့် အချိန်ခရီးသွားခြင်းမှာ
အတော်လေး ဒုက္ခ ရောက်ရပေမယ့် တခါ
causal loop ဆိုတဲ့ အကြောင်းတရား ကွင်းဆက်
ဆိုတဲ့ အရာကြောင့် အချိန်ခရီးသွားလို့ရသေးတယ်
ဆိုတဲ့ မျော်လင့်ချက်လေးကလဲ ကျန်သေးတယ် ။

Causal loop ဆိုတဲ့အကြောင်းတရား ကွင်းဆက်က
ဘာလဲ?။ ဥပမာ.....(၁).ခများ လွန်ခဲ့တဲ့ ၂နှစ်လောက်က
မင်းအောင်လှိုင် အာဏာသိမ်းတာကို သွားတားဆီး
မယ်ဆိုပါစို့။ ခများသွားခါနီးမှာ ဘိုက်နာပြီး
ဝမ်းလျှောတာဖြစ်ပြီး မတားလိုက်နိုင်တဲ့ အတွက်
အာဏာသိမ်းမှုဖြစ်တယ်။(၂) တခါ လုပ်ကြံမို့ သွားလဲ
အကြောင်းတခုခုကြောင့် မအောင်မြင်ဘူး။
ခများ ဘယ်လိုပဲ ကြိုးစားကြိုးစား ဒီအကြောင်း
တရားအချိန်စက်ကွင်းမှာပဲ ပိတ်မိနေတဲ့ အတွက်
အာဏာသိမ်း မှုက ဖြစ်ကိုဖြစ်မှာပဲ။
(၃) ဒါမှမဟုတ် ခများဟာ နိုင်ငံရေးသမားမဟုတ်ဘဲ
ဘာသာရေး သမားဆိုပါစို့။ လွန်ခဲ့တဲ့ နှစ်
၂ထောင်ကျော်က ယေရူကို သစ္စာ တရား ဘလာဘလာ
တွေ သွားဟောပြလဲ မရဘူး ။ သူက လက်ဝါးကပ်တိုင်
ပေါ် တက်ကို တက်ရမှာပဲ။
ခများဘယ်လိုပဲ ကြိုးစား ကြိုးစား အတိတ်ကို
ပြင်ပြီး အနာဂတ်သစ်ကို ပြောင်းလဲလို့မရနိုင်ဘူး ။

ဒါတွေဟာ အခြေခံရူပဗေဒ သဘောတရားတွေက
ပြောတဲ့ ဖြစ်နိုင်ချေတွေကြီးပါပဲ။
ဒါမယ့် ကွမ်တမ်ရူပဗေဒမှာ ကြတော့ အဖြေက
ဘာမဆို ဖြစ်နိုင်တယ်။
ဒီကွမ်တမ်မဂ္ဂင်းနစ် ဆိုတာ အမှုန်တွေရဲ့ အပြုသဘော
ဆောင်တဲ့ ရူပဗေဒသဘောတရားတွေကို ဖော်ပြပေးတယ်။

ဒီမှာ ခေတ်သစ်သိပ္ပံပညာရှင်တွေကို အုံးစားစေတာက
အိုင်းစတိုင်းရဲ့ ရီလေတီပတီ သီအိုရီနဲ့
ယနေ့ ကွမ်တမ်သီအိုရီမှာ ရူပဗေဒသဘောတရားတွေ
ရဲ့ ခြားနာမှုရှိနေကြတယ် ။
ဒီသီအိုရီ၂ခုရဲ့ ညီမျှခြင်းကို ရမို့ တနည်း
ပေါင်းကူးပေးလာနိုင်တဲ့ အဖြေကတော့
string theory ကြိုးမျှဥ်း သီအိုရီ
နဲ့ 11 dimensions Mသီအိုရီတို့ပဲဖြစ်တယ်။
( ဒီအကြောင်းတွေကို လေ့လာဆဲမို့ ဒီမှာပဲ
ကျနော်တို့ ရပ်တန့်ရအောင်။)

ဆိုတော့ အပေါ်မှာ ပြောခဲ့သလိုမျိုး ကွမ်တမ်ရူပဗေဒမှာ
ကျတော့ အချိန်ခရီးသွားပြီး အတိတ်ကို
ဝင်ရောက်စွက်ဖက်လိုက်လို့ ရတယ်။
ဒီမှာ ဘာတွေဖြစ်လာလဲဆိုတော့ မတူညီတဲ့
အချိန်စီးကြောင်းတွေ ခွဲထွက်သွားတယ်။
ဒါကတော့ အားလုံးသိကြတဲ့အတိုင်း
parallel world အပြိုင်ကမ္ဘာတွေ ၊ multiverse
ဆိုတဲ့ အပြိုင်စကြာဝဌာတွေ ဖြစ်လာတော့တာပါပဲ။

ဥပမာ..ဖြစ်နိုင်ချေ ၂ခုကို ကြောင်ဝိရောဓိနဲ့
ရှင်းပြထားတယ်။ အလုံပိတ် သေတ္တာထဲမှာ
ကြောင်တစ်ကောင်ရယ်၊ ရေဒီယို
သတ္ထုကြွဓာတ်ပစ္စည်းရယ်၊ အဆိပ်ပုလင်းတလုံးရယ်
ကို ထည့်ထားလိုက်သည်ဆိုပါစို့။
အပြင်ကနေ ခများဒီသေတ္တာကို ကြည့်ရင်
အထဲက ကြောင်ဟာ ရေဒီယို သတ္ထုကြွ ဓာတ်ပစ္စည်း
ကြောင့် အဆိပ်ပုလင်းကွဲပြီး သေနိုင်သည်၊ ဒါမမဟုတ်
အဆိပ်ပုလင်းမကွဲဘဲ ရှင်နိုင်သည်၊
ဆိုတဲ့ အဖြေ၂ခုကိုရတယ် ။

ဒီတော့ ဒီမှာ ကြောင်​ေ.သသွားတဲ့ ကမ္ဘာ ရယ်
ကြောင် မ​ေ.သတဲ့ ကမ္ဘာ ရယ်ဆိုပြီး
အချိန်စီးကြောင်း ခွဲထွက်လာတယ်။
အများနားလည်တဲ့ ဥပမာကတော့
ဒုတိယ ကမ္ဘာ စစ်မှာ နာဇီဂျာမနီတွေ စစ်နိုင်သွားတဲ့
အပြိုင်ကမ္ဘာဆိုတာက ပိုနားလည်လွယ်ကြသလို
ရုပ်ရှင်တွေမှာလဲ ရိုက်ပြထားကြပါတယ်။

ထားပါ အနောက်ဥရောပ နိုင်ငံတွေအစား
လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံနဲ့ပဲ ဥပမာပြော
ရအောင်
.ခများ လွန်ခဲ့တဲ့၂ နှစ်လောက်က မအလ
အာဏာသိမ်းမှုကို ဝင်ရောက်တာဆီးပြီး အာဏာသိမ်း
မှုမဖြစ်ပဲ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ပြီး
အရှေ့တောင်အာရှမှာ အဖွံဖြိုးဆုံး နိုင်ငံဖြစ်သွားတဲ့
အပြိုင်မြန်မာနိုင်ငံတော်ဆိုပြီး အချိန်စီးကြောင်း
အသစ် ခွဲထွက်သွားတယ်။

ဒီနေရာမှာ လက်ရှိ အနာဂတ်နဲ့ ခွဲထွက် အနာဂတ်ဆိုပြီး
ဖြစ်သွားတယ်။ တစ်ဖက်က အာဏာသိမ်း မှု
အောင်မြင်တဲ့ မြန်မာနိုင်ငံနဲ့ အာဏာသိမ်း မှု
မအောင်မြင်တဲ့ မြန်မာနိုင်ငံဆိုပြီး။
အဲ့တော့ ခများက အထွန့်တက်ပြီး
မေးပါလိမ့်မယ့်။ ဒါဆို ကျုပ် အာဏာသိမ်း မှု
မအောင်မြင်ဘဲ ဖွံဖြိုး တိုးတက်နေတဲ့
parallel world တနည်း multiverseရှိတဲ့ မြန်မာ
နိုင်ငံအနာဂတ်ကိုပဲ သွားမယ်လို့ ပြောရင်
မရပါဘူး။

ဘာလို့လဲဆိုတော့
world line တွေကိုခုန်ကူးလို့လဲမရနိုင်ပါဘူး။
alpha world line(A ကမ္ဘာ မှာနေတဲ့သူက)
beta world line(B ကမ္ဘာ မှာရှိတဲ့) သူကို
ကိုယ်တိုင်ကိုပြန်မြင်ဖို့ကြိုးစားလို့မရနိုင်ပါဘူး။
world line နဲ့ time line concept တွေကမတူပါ

အရိုးရှင်းဆုံး ပြောရရင် မတူညီတဲ့
အချိန်စီးမျဥ်း တစ်ခုကိုတခု ခုန်ကူးသွားလာလို့
မရနိုင်ပါဘူး။

ဒါတွေဟာ သိပ္ပံ ရဲ့ ယူဆချက် သက်သက်ပဲရှိသေးတာ ဖြစ်နိုင်ချေသီအိုရီ တွေကိုတွက်ပြထားတာ။
တကယ့် သိပ္ပံ စိတ်ဝင်စားရင် ဒီ parallel တွေ
multiverse တွေဆိုတာ ခဏမေ့ထားလိုက်ပါ။🙂

ဒီမှာပဲ ရပ်တန့်ပါရစေ
( ဖတ်ရှူပေးတဲ့အတွက် အားလုံး ကျေးဇူးပါ။)

Crd #မိုးတိမ်

ဗုဒ္ဓ သာလျှင် သိနိုင်သော.အသင်္ချေရဲ့ တန်ဖိုးဟာ တကယ်လည်း ရေတွက်မရအောင် များပြားလွန်းပါတယ် ဒါဆိုရင်.. ၁ အနောက်မှာ-အဘယ့်ကြေ...
11/05/2024

ဗုဒ္ဓ သာလျှင် သိနိုင်သော.

အသင်္ချေရဲ့ တန်ဖိုးဟာ တကယ်လည်း ရေတွက်မ

ရအောင် များပြားလွန်းပါတယ် ဒါဆိုရင်.. ၁ အနောက်မှာ-အဘယ့်ကြောင့် သုည (၁၄၀)ရှိနေရသနည်း။ တွက်ပြပေးပါမည်။ လက်တွေ့ ရေတွက်ကြည့်ကြ ပါစို့။

ခု၊ ဆယ်၊ ရာ၊ ထောင် မှ စ၍ အသင်္ချေယျ ထိ အောင် ရေတွက်ပုံကို အရင်သိရာ၏။ ၎င်းကို အစဉ်လိုက် ရေတွက်သော်

ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊

ကောဋိ၊ ပကောဋိ၊ ကောဋိပကောဋိ၊ နဟုတံ၊ နိန္နဟု တံ၊ အက္ခေဘိဏီ၊ ၊

ဗိန္ဒု၊ အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ သောကန္ဓိက ဥပ္ပလ၊

ကုမုဒ၊ ပဒုမ၊ ပုဏ္ဍရိက၊ ကထာန၊ မဟာကထာန၊ အသင်္ချေယျ ( ၂၇ လုံး ရှိ၏ ) ဟူ၍ အစဉ်အတိုင်း ရေတွက်ရ၏။

ရေတွက်ပုံမှာ ခု' မှ- ကုဋေ' အထိကို သုည ၁ လုံးစီ သာ တိုးရာ၏။
ဥပမာ
၁ = တစ်ခု

၁၀ = တစ်ဆယ်

၁၀၀ = တစ်ရာ

၁၀၀၀ = တစ်ထောင်

၁ဝဝဝဝ = တစ်သောင်း

၁၀၀၀၀၀ = တစ်သိန်း

၁ဝဝဝဝဝဝ = တစ်သန်း

၁ဝဝဝဝဝဝဝ = တစ်ကုဋေ

ဤလောက်ထိ အားလုံးနားလည်ပြီးသား ဖြစ်၏။

သို့သော် ကောဋိ မှစ၍ ရေတွက်ပုံကိုမူ အလှမ်းဝေး ကြ၏။ ရေတွက်ပုံမှာ

ကောဋိ မှ အသင်္ချေယျ ထိကိုမူ သုည ၇ လုံးစီ တိုး ရာ၏။

ဥပမာ ..

၁ဝဝဝဝဝဝဝ =တစ် ကုဋေ

၁၀၀၀၀၀၀၀,၀ =ဆယ်ကုဋေ (သုညတစ်လုံးတိုး)

၁ဝဝဝဝဝဝဝ,ဝဝ =ကုဋေတစ်ရာ( ။ နှစ်လုံးတိုး)

၁ဝဝဝဝဝဝဝ,ဝဝဝ =ကုဋေတစ်ထောင် ( ။သုံးလုံး တိုး)

၁၀ဝ၀ဝ၀ဝ၀,၀၀၀၀ =ကုဋေတစ်သောင်း(။လေး လုံးတိုး)

၁ဝဝဝဝဝဝဝ,ဝဝဝဝဝ =ကုဋေတစ်သိန်း(။ငါးလုံး တိုး)

၁ဝဝဝဝဝဝဝ,ဝဝဝဝဝဝ =ကုဋေတစ်သန်း(။ခြောက်လုံးတိုး

၁ဝဝဝဝဝဝဝ,ဝဝဝဝဝဝဝ =တစ်ကောဋိ (။ခုနစ်လုံး တိုး)

စသဖြင့်.. ကောဋိ မှ ပကောဋိ သို့လည်း ဤ နည်းအတိုင်း သုညခုနစ်လုံး ကပ်ပေးခြင်းဖြင့် ရေတွက်၏။ ဥပမာ

တစ်ကောဋိကို သုညတစ်လုံး ကပ်သော် ဆယ်ကောဋိ နှစ်လုံးကပ်သော် ကောဋိတစ်ရာ ( နားလည်ပါအဲ့ ) သုံးလုံးကပ်သော် ကောဋိတစ်ထောင် လေးလုံးကပ်သော် ကောဋိတစ်သောင်း ငါးလုံးကပ်သော် ကောဋိတစ်သိန်း ခြောက်လုံးကပ်သော် ကောဋိတစ်သန်း ခုနစ်လုံးကပ်သော် ပကောဋိ (နားလည်ပါအံ့)

ဤနည်းအတိုင်း ပကောဋိ မှ ကောဋိပကောဋိ၊ ကောဋိပကောဋိ မှ နဟုတံ စသဖြင့် နောက်ဆုံး ၂၇ ကြိမ်မြောက် အသင်္ချေယျ အထိ ဤနည်းအတိုင်း သုညတစ်လုံးလုံးချင်းစီ ကပ်ပေးလာ၍ ခုနစ်လုံး မြှောက်သော် နောက်တန်ဖိုး ပြောင်းပေးရ၏။

ဤနည်းအတိုင်း ရေတွက်လာသော် အသင်္ချယျ သို့ ရောက်သော် သုည အလုံးပေါင်း (၁၄၀ )ရှိသည်ကို တွေရမည် ဖြစ်၏။ ထို့ကြောင့် တစ်သင်္ချေယျ၏အရေအတွက်သည် တစ်နောက် သုညအလုံးပေါင်း (၁၄၀) ရှိသည်ဟု ဆိုခြင်းဖြစ်၏။ ထို အသင်္ချေယျ ၏ တန်ဖိုးအရေအတွက်မှာ လွန်စွာများပြားလှတော့၏။ အသင်္ချေယျ ၏ တန်ဖိုးများပြားပုံကို နမူနာသာဓက တစ်ခု ပြ ထား၏။

ဦးစွာ ဝါးအလုံးပေါင်း ၆၀ ကို စည်းထား၏။ (အ ဘယ်အမည်ဝါးမျိုးဟု၍ မပြဆိုထားပါ) ထို အလုံး ၆၀ ပါသော ဝါးစည်းကို ခါးမှ အပိုင်း ပေါင်း ၆၀ ပိုင်းဖြတ်မည်ဖြစ်၏။ ထိုသို့ ပိုင်းဖြတ် ပြီး၍ ရသော အစည်းပိုင်းတို ၆၀ ကို ခရီးလမ်းဆုံ လမ်းမအလယ်မှာ ထား ထား၏။ ထိုဝါးအစည်းပုံ အား ဆင်၊ မြင်း၊ ရထား၊ စစ်သည် ဗိုလ်ပါ ရဲမက် အပေါင်းများက ထောင်းထောင်း ညက်ညက်ကြေ အောင် နင်းချေဖြတ်ဆီးသွားသောအခါ ထိုဝါး အစည်းပုံသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။

ထိုဝါးပုံမှ ကြေညက်သွားသော ဝါးမှုန်များကို ရေတွက်သော် ၁၄ ခု မြှောက်သော

"အက္ခေဘိဏီ" မျှသာ ရှိသေးသည်ဟု ဆို၏။ သိုဆိုလျှင် အသင်္ချေယျ၏ တန်ဖိုးကား မည်မျှပင် များပြားနေမည်နည်း ဟု တွေးရင်း ဘုရား ရဟန္တာ တို့၏ ကြီးမြတ်လှသော ဉာဏ်တော်အား အံ့ဩလေးစား ချီးကျူး ပူဇော်ရင်း…..။ ဤသည်ကား..( #ဓမ္မရောင်ခြည် အမည်ရှိ)ဆရာ သမားတစ်ဦးဖော်ပြခြင်း။

ဆက်လက်၍.. အက္ခေဘိဏီ မှ အသင်္ချေယျ ထိ အရေအတွက်၏ပမာဏကို ကျမ်းဂန်တွင်လာသည့်အတိုင်းတင်ပြပါမည်။

ပမာဏမှာ

အလျားအားဖြင့် ယူဇနာ( တစ်သန်း နှစ်သိန်း သုံ ထောင့်လေးရာငါးဆယ်)

အဝန်းအားဖြင့် ယူဇနာ ( သုံးသန်း ခြောက်သိန်း တစ်သောင်းသုံးရာငါးဆယ်)ရှိသည့်

စကြဝဠာ တိုက် အပြည့်မျှ (သုံးနှစ်) နေ့ည မပြတ် ရွာသွန်းသော မိုးစက်မိုးပေါက်များ၏ပမာဏ သည် အသင်္ချေယျ၏ အရေအတွက် ဖြစ်ပါသည် ကပ်ကမ္ဘာတစ်ခုတွင် အသင်္ချေယျ ကပ်(၄)ကပ် ရှိ ပါသည်။ အသင်္ချေယျကပ် (၁)ကပ် သည် အနန္တရကပ်(၆၄)ကပ် ဖြင့် ဖွဲ့စည်း

ထားသည်။

အန န္တရကပ် (၁) ကပ် ဆိုသည်မှာ .

လူတို့၏သက်တမ်း အသင်္ချေယျတန်း မှနေ၍ နှစ်(၁၀၀)ကြာ (၁)နှစ်ယုတ်နှူန်းဖြင့်၊ (၁၀)နှစ်တမ်း။ထို(၁၀)နှစ်တမ်းမှတစ်ဖန် (၂၀)နှစ် တမ်း၊(၄ဝ)နှစ်တမ်း စသည်ဖြင့် တစ်ပြန် တစ်ဆ စီတိုးသည့် နှုန်းဖြင့် အသင်္ချေယျတန်းတိုင်အောင် ကြာညောင်းတဲ့ကာလ ကို ခေါ်ဆိုပါသည်။

ကျေးဇူးတင်ပါတယ် (ဒီလောက်ပါပဲ)...

#ကျမ်းကိုး -ဗုဒ္ဓ-လောကသားတို့၏အနှိုင်းမဲ့ ကျေးဇူးရှင်

(ဦးရွှေအောင်)

Crd ဗဟုသုတဖြင့်ဖော်ပြသူ #မော်ထွန်း

10/05/2024

we must change💀

Address

Kuala Lumpur

Alerts

Be the first to know and let us send you an email when ERROR 404๛ツ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ERROR 404๛ツ:

Share

Category