လောကီအစီအမံ အဘခွန်ကြည်စိန်

လောကီအစီအမံ အဘခွန်ကြည်စိန် အချစ်ရေး၊အိမ်ထောင်ရေး၊ယတြာအထူးအစီအမံ

ကံပွင့်၊လာဘ်ပွင့်ပြီးစျေးရောင်းကောင်းအောင်ဂမုန်းပေါင်းခ မယ်တော်ဆေးကိုဆောင်°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°မိတ...
27/05/2025

ကံပွင့်၊လာဘ်ပွင့်ပြီး

စျေးရောင်းကောင်းအောင်

ဂမုန်းပေါင်းခ မယ်တော်ဆေးကိုဆောင်

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မိတ်ဆွေ တို့၏ ဆိုင်ခန်း ၊ လုပ်ငန်း ၊ နေအိမ် ၊

ယာဥ် များ၌ မင်္ဂလာကျက်သရေတိုးပွားစေပြီး

အနှောင့်ယှက် ဘေးအန္တရာယ်များမှ ကင်းဝေးစေရန် ဂမုန်းပေါင်းခ မယ်တော်ဆေးအား မနက်ခင်းတိုင်း အလိုရှိရာနေရာဌာနများ၌ ပတ်ဖြန်းပေးနိုင်ပါတယ်။

~~~~~~~~~~~~~~~~~

 မိတ်ဆွေတို့၏ ရောင်းကုန်ပစ္စည်းများ အပေါ် ဤမယ်တော်ဆေးအား ပတ်ဖြန်းပေးခြင်းဖြင့် အမြန်ရောင်းကုန်စေပါတယ်။

(ပြုလုပ်ပုံ= ရေဖလားသန့်သန့်ထဲ၌ ဂမုန်းပေါင်းခမယ်တော်ဆေးရည်နှင့် ရေအနည်းငယ်တို့ထည့်ပြီး သပြေခက်နှင့် ပတ်ဖြန်းပေးပါ။)

~~~~~~~~~~~~~~~~

မိတ်ဆွေတို့၏ ဦးခေါင်း၊ နဖူး၊ နှုတ်ခမ်းတို့တွင် မယ်တော်ဆေးအား သုတ်လိမ်းပေးပါကလည်း လူချစ်လူခင် ပေါများခြင်း၊ လာဘ်ပွင့်ခြင်း၊ အပြောအဆို ကိစ္စရပ်များ၌ အဆင်ပြေခြင်းများ ဖြစ်စေပါတယ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

 လူမျိုးမရွေး၊ ဘာသာမရွေး အသုံးပြုနိုင်ပါတယ်

(မှတ်ချက် = အချိန်အခါကောင်း နက္ခတ်ကောင်းများသေချာရွေးပြီး ၇ရက်တိုင်တိုင် အဓိဌာန်ပြုကာ စောင့်ထိန်းအပ်သော အကျင့်သီလများစောင့်ထိန်းပြီးအစွမ်းထက်သော ဆေးများဖြင့် စီရင်ဖော်စပ်ထားသောကြောင့် ဤဂမုန်းပေါင်းခ မယ်တော်ဆေးအား နိမ့်ကျသောနေရာများ၌မထားရ။

သူတစ်ပါးအကျိုးယုတ်စေလိုသောကိစ္စရပ်များ၌ အသုံးပြု၍မရပါ။)

(သိသူဖော်စား မသိသူကျော်သွား၊ဉာဏ်ရှိသလို သုံးပါ)

ဗူးသေး - 27000ကျပ်

ဗူးလတ် - 54000ကျပ်

ဗူးကြီး - 73000ကျပ်

ဝယ်ယူလိုသူများအနေဖြင့်

 အမည် / ဖုန်းနံပါတ် /နေရပ်လိပ်စာတို့ကို ဆရာ Messenger သို့ ပေးပို့၍ မှာယူနိုင်ပါပြီ။

အဘခွန်ကြည်စိန်

ငွေဝင် ငွေမြဲစေရန် နှင့် အချစ်ရေးအဆင်ပြေရန်===================================လာဘ်ပိတ်နေတာလား၊ ဈေးရောင်းပါးနေတာလား၊ လက်လ...
27/05/2025

ငွေဝင် ငွေမြဲစေရန် နှင့် အချစ်ရေးအဆင်ပြေရန်

===================================

လာဘ်ပိတ်နေတာလား၊ ဈေးရောင်းပါးနေတာလား၊ လက်လွန်ထားသောငွေများပြန်မရတာလား၊ ဈေးရောင်းကောင်းပြီး ငွေမစုမိတာလား၊ အကြွေးများတင်နေတာလား လူတိုင်းဈေးရောင်းကောင်းပြီး အကြွေးကင်းရှင်းရန် ဘာနေ့သားသမီးဘဲဖြစ်ဖြစ် ဤယတြာကို တစ်ပတ်တစ်ခါပြုလုပ်ပေးပါ။

တစ်ကြိမ်လုပ်လျှင် တစ်ကြိမ်အကျိုးထူးရပါမည်။ ခုနှစ်ကြိမ်တိတိ မပျက်မကွက်တိတိကျကျ လုပ်လျှင် ထူးခြားစွာပြောင်းလဲတိုးတက်မည်။

ယတြာအတွက်လိုအပ်သောပစ္စည်းများ-

၁-ငွေဖလားတစ်လုံး

၂-မြန်မာ အကြွေစေ့တစ်စေ့

၃-အဖြူဖယောင်းအကြီးတစ်တိုင်

၄-ဆန်သုံးဆုပ်

၅-ရေခဲရေ

ထို ၅မျိုးနဲ့ ယတြာလုပ်လို့ရပါပြီ။

ယတြာနည်း

ငွေဖလားထဲမှာ အကြွေစေ့ တစ်စေ့ထဲ့ပါ၊ အကြွေစေ့ပေါ် ဖယောင်းတိုင်အဖြူစိုက်ပါ၊ ဆန် ၃ဆုပ် အသက်အောင့်၍ထဲ့ပါ၊ ရေခဲရေ အပြည့်ထဲ့ပါ၊ (တနင်္လာနေ့ နံနက် ၇းဝဝ ထွန်းပါ)

လာဘ်ပွင့် ကံပွင့်ရန် ငွေကြေးလာဘ်လာဘများဝင်လာဖို့ ဝင်လာသော လာဘ်လာဘများလည်းမြဲစေဖို့ဆုတောင်းပါ။

ဖယောင်းတိုင်အပူမီးသည် ရေခဲရေနဲ့တွေ့တော့ အပူအားလုံးအေးငြိမ်းသွားပါမည်။ ဤတွင်ယတြာပြီးဆုံးပါပြီ။

ရေထဲတွင်ဖယောင်းတိုင်အတိုရှိသည် မထွန်းတော့ပါ။ ဆန်၊ ရေ၊ ဖယောင်းအတို တို့ကို ရေချောင်း၊ ရေအိုင်တို့မှာ စွန့်ပြစ်ပါ။ အကြွေစေ့ကို ပိုက်ဆံအိတ်ထဲ ထဲ့ဆောင်ပါ။ ငွေဖလားကို သန့်ရှင်းသောနေရာမှာထားပါ။

ထိုယတြာကို တနင်္လာနေ့တိုင်းထွန်းပါ။ ခုနှစ်ပါတ်ပြည့်အောင်ထွန်းပါ။

ငွေဖလား အဟောင်းနှင့် အကြွေစေ့အဟောင်းကိုသာ ပြန်သုံးပါ။ ခုနှစ်ပါတ်ပြည့်လျှင် ထိုအကြွေစေ့ အစွမ်းပြလာမည်။

ဖုန်းနှင့် ဗေဒင် လက္ခဏာ မေးချင်သူများ

မိမိမွေးခုနှစ် လ ရက် နေ့နံ နာမည် ရေးပို့ရမည်

ဟောပြောခ= ၁၀၀၀၀ ကျပ်

09775634441 (Viber)

ဟောခန်းမှာ ဆရာနဲ့လက်တွေ့မျက်နှာချင်းဆိုင်မေးလိုသူများ

ဟောခန်းဖွင့်ချိန် နေ့စဉ်မနက် ၁၀ နာရီ မှ ညနေ ၃ နာရီ အထိ။ ထိုအချိန်အတွင်းလာရောက်ဆွေးနွေးလိုရပါတယ်ခင်ဗျာ။

အဘခွန်ကြည်စိန်

မြန့်မာရိုးရာ အိမ်ထောင်ဖက်ရွေးနည်း==========================================၁။ အမျိုးသားမွေးနံနှင့်အမျိုးသမီးမွေးနံဂဏန်း...
27/05/2025

မြန့်မာရိုးရာ အိမ်ထောင်ဖက်ရွေးနည်း

==========================================

၁။ အမျိုးသားမွေးနံနှင့်အမျိုးသမီးမွေးနံဂဏန်းနှစ်ခုကိုပေါင်းပါ။

၂။ ပေါင်းလို့ရလာသောအဖြေကို ၅ ဖြင့်မြှောက်ပါ။

၃။ မြှောက်လို့ရလာသော အဖြေကို ၇ ဖြင့်စားပါ။

၄။ စားလို့ရလာသော အကြွင်းပေါ်မူတည်၍ အောက်က ဟောကိန်းများကို ဖတ်ပါ။

၁ ကြွင်း

===============

လင်္ကာ

"ကြွင်းဧက၊ စွဲမက်ဖွယ်၊ မွဲတတ်တယ်၊ မယိမ်း"

မလိုက်ဖက်သော အတွဲဖြစ်သည်။ နှစ်ဦးပေါင်းဖက်ပါက စီးပွားမဖြစ်ထွန်း၊ ငွေကြေးမစုဆောင်းမိတတ်ပဲဖြစ်တတ်သည်။ ကောင်းကျိုးဟူ၍မတွေ့ရပဲ ဆင်းရဲစွာနေထိုင်သွားရတတ်သည်။ အလုပ်အကိုင်အဆင်မပြေ ကြိုးစားရှာဖွေလေခက်ခဲကျပ်တည်းလေ ဖြစ်တတ်သည်။

၂ ကြွင်း

===============

လင်္ကာ

"ရှိအထင်၊ ဒွိမြင်ကိန်း၊ နှစ်သိန်းလောက် ကြွယ်ရာ"

လိုက်ဖက်သော အတွဲဖြစ်သည်။ အိမ်ထောင်ရေးသာယာချမ်းမြေ့ပြီးစီးပွားတတ်လိမ့်မည်။ အလုပ်အကိုင်၊ အခွင့်အလမ်းများစွာရရှိ၍ ကြွယ်၀ချမ်းသာ ပြည့်စုံလုံလောက်တတ်သည်။ဝန်ထမ်းများဖြစ်ပါက ရာထူးတိုးတတ်ပြီးအရာရှိတွေဖြစ်တတ်ကြသည်။ သားသမီးကံနှင့်ပြည့်စုံ၍ သားသမီးများလည်း ချမ်းသာတတ်သည်။

၃ ကြွင်း

===============

လင်္ကာ

"ရွှေသီတာစုံပျံမွှေး၊ ဂုဏ်ဟန့်သေး၊ ဆင်းရဲလိမ့်သာ"

နှစ်ဦး ပေါင်းဖက်ပါက ကောင်းသောနံမည်ကျော်ကြားခြင်းများဖြစ်တတ်သောလည်း စီးပွားရေးတွင်မှု အောင်မြင်ခြင်းမရှိ။ ငွေ၀င်ငွေထွက်မမျှတ။ စီးပွားဖြစ်လိုက်ပြန်ကုန်လိုက်နှင့် ဘဝတူအချင်းချင်းပင်မိမိက ပိုမိုချို့တဲ့သလိုဖြစ်နေမည်။ အလုပ်စီးပွားတွင်အောက်ကျသလိုဖြစ်ပြီးမှတော်သင့်ရုံပြေလည်မည်။ နှစ်ဦးပူးတွဲနေက ငွေကုန်များမည်၊ လုပ်ငန်းသဘောအရ ခွဲခွာ လုပ်ကိုင်က ငွေစုဆောင်းမိမည်။ သားသမီးများအားပင်ပန်းဆင်းရဲစွာပျိုးထောင်ရမည်။ သားသမီးကောင်းကျိုးကိုတော့ခံစားရပေလိမ့်မည်။

၄ ကြွင်း

===============

လင်္ကာ

"လေးစတု ထင်ရှားစွာ"

အထူး ကောင်းသောမိတ်ဖက်ဖြစ်သည်။ ကျော်ကြားအောင်မြင်ခြင်း၊ စီးပွားဖြစ်ထွန်းခြင်း အထင်ရှားရှိမည်။ ဘဝတူတန်းတူများကြား အသာစီးရမည်။ လူတမ်းစေ့အထက်ပြည့်စုံစွာနေထိုင်ရမည်။ တဦးသော်ကောင်း၊ ၂ဦးလုံးသော်ကောင်းနာမည်ကြီး၊ ထင်ရှားကျော်ဇောခြင်းများ ရရှိမည်။ မွေးဖွားသော သားသမီးမှလည်း ကျော်ဇောစေ၍ အကျိူးပေးမည်ဖြစ်သည်။

၅ ကြွင်း

===============

လင်္ကာ

"ကြွက်ဇီဝါ၊ ဆင်းရဲကင်း"

အလွန် ကောင်းသောမိတ်ဖက်ဖြစ်ပါသည်။ ဆင်းရဲခြင်းကင်းစင်၍ ကြွယ်ဝပြည့်စုံပြီးသာယာသော မိသားစုဘဝလေးအားပိုင်ဆိုင်မည်ဖြစ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးဂုဏ်ရှိန်မြင့်မားမည်။ အသက်ကြီးလေစီးပွားတိုးလေဖြစ်ပါသည်။ ခြွေရံသင်းပင်းပေါများမည်။ သားသမီးအကျိုးခံစားရမည်။ ရေရှည်တည်တံ့ ခိုင်မြဲမှု့မျိုးကြုံရပေမည်။

၆ ကြွင်း

===============

လင်္ကာ

"ပြင်ပပူးမင်းက၊ သူဌေးမှန်၊ ငြိမ်းလိမ့်နှစ်တန်"

နှစ်ဦး ပေါင်းဖက်က သူဌေးသူကြွယ်ဘဝ ရရှိမည်။ ထီပေါက်ခြင်း၊ အမွေရခြင်း၊ ငွေအစုလိုက် ဝင်ခြင်း၊ ငွေကြေးစုဆောင်းမှု့များရှိကာပေး၍မကုန် လှူ၍မခန်းဖြစ်မည်။ အတွင်းမီး၊ အပြင်မီး ငြိမ်းအေး၍လောကီလောကုတ္တရာနှစ်ဖြာသော ကုသိုလ်အကျိုးများခံစားရမည်။ သားသမီးများ ကောင်းကျိုးခံစားရမည်။

၀ ကြွင်း

===============

လင်္ကာ

"သုညကျန်လျှင်၊ လုံမမောင်နှံ၊ အို ဆုံးနိုင်မျှလေး"

အလွန် ဆိုးသောအတွဲဖြစ်သည်၊ ပင်ပန်းကြီးစွာနှင့်စီးပွားဥစ္စာရှာဖွေရမည်။ နှစ်ဦးပေါင်းဖက်သည့် နဂိုကာလမှစ၍တဖြေးဖြေးကျဆင်းစေတက်သည်။ ဝင်သမျှငွေမှာအဖက်မတင်စေတတ်ပါ၊ အကျိုးမြတ်ရရှိ၍စီးပွားဖြစ်ထွန်းလာသော်ငြားလည်းတခုမဟုတ်တခု စိတ်သောက ရောက်စရာများ ကြုံစေတတ်သည်။

မှတ်ချက် ။ ။ ဆိုးသောအတွဲတွင် ပါ၀င်နေပြီဆိုပါက အယူအဆ အစွဲအလမ်း မကြီးသင့်ပေ။ ကံ၊ဥာဏ်၊ ဝီရိယ၊ သီလ၊ သမာဓိ၊ ပညာ ဤ ၆ ပါးကို အကျိုးရှိရှိ အသုံးချကာ ဘ၀ကိုဖြတ်သန်းသော် သေနေ့ကိုပင် ရွှေ့နိုင်သော အစွမ်းရှိသောကြောင့် ဘ၀တွင် စိတ်အေးချမ်းသာစွာ နေထိုင်သွားရမည်ဖြစ်သည်။ (နှစ်ယောက်ပေါင်း၍ ယောဂီ၀တ်ခြင်း၊ သီလရှင်၊ ရဟန်း၀တ်ခြင်း၊ ကုသိုလ်ကောင်းမှုများ လုပ်ခြင်းတို့ဖြင့် ဖြေနိုင်မည်ဖြစ်သည်။) ဤတွက်နည်းတွင်မူ မိမိရာဟုဖြစ်ပါက ၈ ဂဏန်းကို ယူရမည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ မိမိရဲ့ချစ်သူ တခြားတယောက်နဲ့

တွဲနေတာလား

မိမိရဲ့ချစ်သူ မိမိကို

ထားခဲ့တာလား

အဝေးရောက်နေတဲ့ မိမိရဲ့ချစ်သူကို

ပြန်ခေါ်ချင်တာလား

နှစ်ဖက်မိဘဆွေမျိုးအသိုင်းဝိုင်းက

သဘောမတူလို့လား....

မိမိချစ်သူဆီကမိမိကိုသဲသဲလှုပ်အချစ်ခံရပြီးမိမိဒါဆိုဒါဖြစ်ချင်တာလား

မိမိချစ်သူရဲ့မွေးနေ့မွေးနံခုနှစ်ဓာတ်ပုံအပြည့်စုံနဲ့ ၇ရကျအတှငျး အဆင်ပြေအောင် ပြုလုပ်ပေးပါသည်

အိမ်ထောင်ရေးမှာ အိမ်ထောင်ဘက်က

ဖောက်ပြန်နေတာလား

မိမိအိမ်ထောင်ဘက်က နောက်အိမ်ထောင်ပြုသွားတာလား

မိမိအိမ်ထောင်ဘက်ကိုခြေငြိမ်စေချင်တာလား..,.

အိမ်ထောင်ဘက်ရဲ့မွေးနေ့မွေးနံခုနှစ် ဓာတ်ပုံအပြည့်စုံနဲ့၇ရက်အတွင်း

မိမိအိမ်ထောင်ဘက်က မိမိစကားတစ်ခွန်းဆိုတစ်ခွန်းဖြစ်လာအောင်ပြုလုပ်ပေးပါတယ်...

စီးပွားရေးမှာ အပြိုင်ဆိုင်ရှိလို့ရောင်းအားမကောင်းတာလား

မိမိဆိုင်ရုံးလူမကျဖြစ်နေတာလား အတိုက်ခိုက်တွေကြောင့်ဘာလုပ်လုပ်အဆင်မပြေတာလား..၇ရကျအတှငျးအဆငျပွအေောငျပွုလုပျပေးပါသညျ

တခြားသော အိမ်ခြံမြေ လယ်ယာ တိုက်ခန်း မော်တော်ကား အမြန်ရောင်းထွက်ချင်တာတို့ လိင်တူအချစ်ရေး အဆင်မပြေတာတို့ မိမိကိုမုန်းနေသူကိုမိမိကိုပြန်ချစ်အောင်တို့ကို အမြန်ပြုလုပ်ပေးပါတယ်

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အင်္ဂါထောင့်က ဆုတောင်းပြည့်  #ဆယ်တော်မူဘုရား-----------------------ဘုရားဘွဲ့အမည် - ဆယ်တော်မ...
27/05/2025

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အင်္ဂါထောင့်က ဆုတောင်းပြည့် #ဆယ်တော်မူဘုရား

-----------------------

ဘုရားဘွဲ့အမည် - ဆယ်တော်မူဘုရား

ဆယ်တော်မူ - ၃၇၅

ဆုတောင်းပြည့် - ၃၇၅

ဆယ်တော်မူနှင့် ဆုတောင်းပြည့် နံတူဖြစ်နေ၍ အကျိုးထူးပါသည်။

ဆုတောင်းပြည့်၍ နေ့စဉ်အဓိဌာန်ဝင်သူများဖြင့် အမြဲစည်ကားနေသော နေရာထူး ဖြစ်ပါသည်။

တည်နေရာ - အင်္ဂါထောင့်၊ အင်္ဂါတန်ဆောင်းအတွင်း သီတင်းသုံး စံပ်ပါယျ တော် မူပါသည်။

#ဆယ်တော်မူဘုရားဂါထာတော်

***************************

ကကုသန္ဓော ကောဏဂမနော

ကဿပေါ ဂေါတမော

မုနိဆယ္ထား ဆယ်တော်မူမြတ်စွာဘုရား

မေတေ္တယျော ပဉ္စ ဗုဒေ္ဓါတေ

သီသေ မေ သန္တ သဗ်ဗဒါ

ဧေတသံ အာနုဘာဝေန

ရက္ခ ဒေဝါ မဟိဒ္ဓိကာ

သဗေ္ဗသုခိတာ ဟောန္တု

မေ တ္တာ သဟာယကာ။

ဆယ်တော်မူဘုရား ရုပ်ပွားတော်ရှေ့၌ဖြစ်စေ၊ ပုံတော်ရှေ့၌ဖြစ်စေ စံပယ်ပန်း ပေါက်စီ ရေချမ်း ကပ်လှူ ပူဇော်၍ အထက်ပါ ဂါထာတော်ကြီးဖြင့်

ပုတီတစ်ပတ် (၁၀၈) လုံးပုတီးဖြင့်

အနည်းဆုံး ၉ ရက် အဓိဌာန်ဝင်၍

လိုရာဆုတောင်းပါလေ။

အဘခွန်ကြည်စိန်

ဤအင်းပုံကို မြင်တာနဲ့ ရှဲပါ။(၂၄) နာရီအတွင်း ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး တခုခု ထူးခြားပါလိမ့်မယ်။
27/05/2025

ဤအင်းပုံကို မြင်တာနဲ့ ရှဲပါ။

(၂၄) နာရီအတွင်း ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး တခုခု ထူးခြားပါလိမ့်မယ်။

ငွေရ လာဘ်ပွင့် ဂါထာမနက် အလုပ်မလုပ်ခင် အနည်းဆုံး(၉) ခေါက် ရွတ်ပြီးမှ အလုပ်လုပ်ပါ။နှုတ်ကနေ အားရင်အားသလို အမြဲရွတ်နေလည်း ရပ...
27/05/2025

ငွေရ လာဘ်ပွင့် ဂါထာ

မနက် အလုပ်မလုပ်ခင် အနည်းဆုံး

(၉) ခေါက် ရွတ်ပြီးမှ အလုပ်လုပ်ပါ။

နှုတ်ကနေ အားရင်အားသလို အမြဲ

ရွတ်နေလည်း ရပါတယ်။

ငှက်ကလေးများ၊ လမ်းဘေး ခွေး၊ ကြောင်လေးများကို

ဒါနပြုပါ။

အကောင်းကံ လုပ်ပြီး အလုပ်ကံကောင်းကြပါစေ။

ဗေဒင်မေးလိုပါက messenger တွင်

ဉာဏ်ပူဇော်ခ ၁၅၀၀၀ ကျပ်ဖြင့် မေးမြန်းနိုင်ပါတယ်။

အဘခွန်ကြည်စိန်

အိမ်ခြံမြေ အရောင်း အမြန်ထွက် ယတြာအေးဗျာ လူဆိုတယ့် အမျိုးကလည်း အပူက များသာအဆင်ပြေတုန်းက ဝယ်ရလွယ်ပေမယ့် အဆင်မပြေရင် ရောင်း...
27/05/2025

အိမ်ခြံမြေ အရောင်း အမြန်ထွက် ယတြာ

အေးဗျာ လူဆိုတယ့် အမျိုးကလည်း အပူက များသာ

အဆင်ပြေတုန်းက ဝယ်ရလွယ်ပေမယ့်

အဆင်မပြေရင် ရောင်းဖို့ ခက်ခဲရင်တော့ ဒီယတြာ

လေး လုပ်ကြည့်ပါနော် အတော်များများ အဆင်ပြေခဲ့ကြပါတယ်ဗျ။

မိမိ ရောင်းလိုသည့် အိမ်ခြံမြေ အကွက်ထဲသို့

ပိတောက်သား ကိုင်း ၆လက်မ ဖြတ်ပါ။

ထိုပိတောက်သားနှင့်တွဲပြီး အုန်း၉ညွန့် သပြေ၅ညွန့်

ပူးတွဲပြီး အပ်ချည်ကြိုးအဖြူဖြင့် ၉ပတ်ရစ်ချည်ပါ။

တစ်ပတ် ပတ်တိုင်း { ဗုဒ္ဓေါ အောင်ပြီ } ဆိုပြီ ရွတ်ဆို

ပူဇော်ပါ။ ၉ပတ်ဆို ၉ခေါက်ပေါ့။

ပြီးရင် အဲ့ အစီရင်လေးကို ရောင်းလိုသည့်နေရာ သို့

ဖန်ခွက်တစ်ခု ထဲ ရေတစ်ဝက်ထည့်ပြီး ထည့်ပါ ။ တစ်နေရာရာမှာ ထားပါ။

များသောအားဖြင့် ၉ရက်အတွင်း မိမိ လိုချင်သော စျေးဖြင့် ထွက်ပါတယ်။ အဲ ပေါက်စျေး သိန်း၁၀၀ ဆို သိန်း၁၀၀၀ တောင်းရင်တော့ ဘယ်ရနိုင်မလဲ ပေါ့ဗျာ။

အဆင်ပြေကြပါစေ နော်။

မှတ်ချက်။ ။ ဖုတ် ဘီလူးစီးသောမြေ ပုဏ္ဏက တိုက်ထားသောမြေ သူများအောက်လမ်းမိခံထားရသောမြေ သချိုင်းမြေ ပက်ခံထားရသောမြေ ဖြစ်ပါက အထက်ပါ ယတြာ နှောင့်နှေးကြန့်ကြာ တတ်ပါသည်။

ထိုအချိန် စစ်ဆေးပြီး အတိုက်အခိုက်အညံ့လေးတွေ ကင်းအောင် လုပ်ပြီးမှ ယတြာစီရင်တာ မြန်ဆန်ထိရောက်စေပါတယ် ခင်ဗျာ။

အကယ်၍

မိမိ ကံကြမ္မာ နှင့်ပက်သက်ပြီး

ကျန်းမာရေး လှုမူရေး စီးပွားရေး

ပညာရေး ရာထူးအတတ်အပြု

ဆောင်ရန် ရှောင်ရန် နာမည်ပေးများ

မေးမြန်းလိုပါက

ဆရာ Viber ph; 09775634441

တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်။

အချိန်ခဏ စောင့်ပေးရပြီး ပြန်လည် စိတ်ကျေနပ်သည်အထိ ဟောပြော ကူညီ ပေးပါတယ်။

ဓာတ်ခန်းတည်နေရာ

ရန်ကုန် မန်းလေးလမ်းဟောင်း လမ်းမပေါ်

ပါဋ္ဌိမီးပိုင့် နှင့် ၈၅တံတားကြားမှာပါ

နေပြည်တော်၊ပျဥ်းမနားမြို့။

ဆရာ့ ပညာဒါန post လေးကို like & share လုပ်ပေးခြင်းဖြင့် ပူဇော်ပေးပါလို့ တောင်းဆိုပါရစေ ခင်ဗျာ။

၇ ရက်သားသမီးများ ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒလေးများ ပြည့်ဝ ကြပါစေ။

အဘခွန်ကြည်စိန်

ကိုးစနေ2025 ခုနှစ်မှာ ယခုလနိုဝင်ဘာလသာလျှင် ထူး ထူးခြားခြား မြန်မာရက် ကိုးစနေ အင်္ဂလိပ်ရက် ကိုးစနေ ကြုံတောင့်ကြုံခဲရက်...
27/05/2025

ကိုးစနေ

2025 ခုနှစ်မှာ ယခုလနိုဝင်ဘာလသာလျှင် ထူး ထူးခြားခြား မြန်မာရက် ကိုးစနေ အင်္ဂလိပ်ရက် ကိုးစနေ ကြုံတောင့်ကြုံခဲရက်ဖြစ်ပါသည်။

အလွန်အင်မတန်ကြုံရခဲသော အခွင့်အခါ ကောင်းဖြစ်ပါသည်။

လာဘ်ပွင့်ပြီး သိဒ္ဓိများစွာရစေတတ်သော နက္ခတ်အခါကောင်းရက်မြတ်ဖြစ်ပါသည်။

အင်္ဂလိပ်လို ကိုးစနေသည် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေသော ကိစ္စရပ်တွေအပေါ် အကျိုးသက်ရောက်မှု့ ပိုမိုစေသည် ။ဩဇာ တန်ခိုး ရာထူး အလုပ်အကိုင် စတဲ့ ရုပ်ပစ္စည်း တွေကို ရည်ညွှန်းပါသည် ။

မြန်မာရက်မှ ဖြစ်လာသောကိုးစနေသည် စိတ် ဆန္ဒ နာမ်ပိုင်း နင့် သက်ဆိုင်ပြီး အင်္ဂလိပ်လို ကိုးစနေသည် ရုပ်ပိုင်းနဲ့သက်ဆိုင်ပါသည် ။

ကိုးစနေ မြန်မာရက်(၉)ရက်နေ့ စနေ သည် စိတ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာများ အပေါ် အင်အားဖြစ်စေခြင်း၊အေးချမ်းသာယာစေခြင်း နင့် မမြင်အပ်သော လောက တွေကို ပိုမိုသက်ရောက်စေသည်ဟု ဆိုကြပါသည် ။

ကိုးစနေ့မှာ သံဗုဒ္ဓေဂါထာကို 99ကြိမ်ပြည့် အောင် အဓိဌာန်အဖြစ် တရက်ပဲရွတ်ဖတ်ပူဇော်ပါ။ ထူးထူးခြားခြားသိသာလာနိုင်ပါသည်။

ဤနေ့တွင် မိမိအစီအစဉ်ဖြင့် ရွတ်ဖတ်ပူဇော်

ပြီးပါက ထီထိုးခြင်း၊ကံစမ်းခြင်းစသည်တို့လည်း လုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ကျန်းမာ ချမ်းသာပြီး စီးပွားတက်ကြပါစေ

❣️အချစ်ရေးမှာကိုယ်ဘက်ကမပြတ်သားသေးရင်      အကြိမ်ကြိမ်နာကျင်ခံစားရသလိုအနစ်နာခံပြီးတော့ချစ်ခဲ့ရတဲ့     အချစ်ကို သူဘက်ကမသိတ...
27/05/2025

❣️အချစ်ရေးမှာကိုယ်ဘက်ကမပြတ်သားသေးရင်
အကြိမ်ကြိမ်နာကျင်ခံစားရသလိုအနစ်နာခံပြီးတော့ချစ်ခဲ့ရတဲ့
အချစ်ကို သူဘက်ကမသိတဲ့အချစ်စစ်ကိုသိချင်လား?
❣️အိမ်ထောင်ရေးမှာလည်း အမှတ်မထားသေးရင်း
‌နောက်တစ်ခါပြန်ခံစားရသလို သူဘက်အိမ်ထောင်ရေးဖောက်ပြန်
ပြီးမယားငယ်ထားပြီးတော့ လုပ်ချင်ရာလုပ်ဆိုပြီး ဒီတိုင်းပဲနေ
တော့မှာလား? ခြေငြိမ်အောင်လုပ်ချင်လား?
❣️ခံစားရတာများလာတော့ ကိုယ့်ဘက်ကအဲ့လောက်သည်းခံနေတာ
တောင် သူ့ဘက်ကအရေးမလုပ်ဘူးလား? ကိုယ်ပြောသမျှဆိုသမျှ
တစ်ခွန်းတည်းဖြစ်အောင်လုပ်ချင်လား?
❣️ရင့်ကျက်သွားပြီဆိုပြီး ဒီတိုင်းဘဲလက်ပိုက်ကြည့်နေတော့မှာလား?

🙏အစရှိသဖြင့်အခက်အခဲများကို ဓာတ်ရိုက်ဓာတ်ဆင်များဖြင့် ရက်ပိုင်းအတွင်း အဆင်ပြေရန် တာဝန်ယူလုပ်ဆောင်ပေးနေပါပီ။

ထိရောက်သောပညာ အစွမ်းထက်သောဓာတ်ရိုက်ဓာတ်ဆင်များဖြင့်
ရက်ပိုင်းအတွင်းအာမခံဖြင့် တာဝန်ယူလုပ်ဆောင်ပေးနေပါပြီ။ လက်တွေ့အဆင်ပြေနေမှု့များက ယခုပို့စ်အောက် ကွန်မန့်မှာ လေ့လာပါ

လောကီအစီအမံနှင့်အထူးယတြာ
အဘခွန်ကြည်စိန်
09775634441 (Viber, WhatsApp)

🔯💢ကျောက်ပြင် ယတြာ💢🔯❗မိသားစုထဲမှ ဖြစ်စေ မိမိ၏ အိမ်ထောင် ၌ဖြစ်စေ မိမိ၏သားသမီးများဖြစ်စေတစ်ဦးဦးက ဗွေဆိုး ဆိုးနေပါကမိမိအိမ်၌...
27/05/2025

🔯💢ကျောက်ပြင် ယတြာ💢🔯
❗မိသားစုထဲမှ ဖြစ်စေ မိမိ၏ အိမ်ထောင် ၌ဖြစ်စေ မိမိ၏သားသမီးများဖြစ်စေ
တစ်ဦးဦးက ဗွေဆိုး ဆိုးနေပါက
မိမိအိမ်၌ရှိသော ဘုရားစဉ်အောက်၌ ထိုသူ၏ဓတ် ပုံကိုထား၍
ကျောက်ပြင်နှင့် ဖိထားပေးပါ...
ထိုသို့ပြုလုပ်ပီးသည်နှင့် တစ်ဖက်လူအချိုးမပြေ မခြင်း
မထိမကိုင်ပါနှင့် မဖယ်ရှားပါနှင့်
ရက်ပိုင်းလပိုင်း အတွင်း သူ့အချိုးသူပြင်သွားပါလိမ့်မည်...
❗ဤကျောက်ပြင်ယတြာကို ထိုသူ၏မွေးနေ့၌ ကြိုက်တဲ့အချိန်ပြု လုပ်နိုင်ပါသည်...
🌍လောကီအစီအမံ အဘခွန်ကြည်စိန် တစ်ဦးတစ်ယောက်ချင်းစီ ဗေဒင်မေးမြန်းလိုပါက တစ်ဦးလျှင်သုံး
သောင်းကျပ်ပါ။ 09775634441 (Viber) - (cb) မှ ဆက်သွယ်နိုင် ပါတယ်
💞အချစ်ရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး အစီအမံ များ အထူးသီးသန့်စီမံ ဆောင်ရွက်ပေးပါသည်။

လောကီအစီအမံ အဘခွန်ကြည်စိန်

မိမိချစ်သူအိမ်ထောင်ဖက်မိမိကိုတန်းတန်းစွဲချစ်စေ ရန် စီမံနည်းမိမိ ချစ်သူ သို့မဟုတ်အိမ်ထောင်ဖက် ၏အဝတ်စ တစ်ခုကိုယူပါ။ထိုနောက...
27/05/2025

မိမိချစ်သူအိမ်ထောင်ဖက်မိမိကိုတန်းတန်းစွဲချစ်စေ ရန် စီမံနည်း

မိမိ ချစ်သူ သို့မဟုတ်အိမ်ထောင်ဖက် ၏အဝတ်စ တစ်ခုကိုယူပါ။

ထိုနောက် မိမိ ၏ အဝတ်စနှင့်ပေါင်း၍ ကျစ်မီးစာ ပြုလုပ်ပါ။ထိုနောက် မဆစ်ဆီ ငါး ကျပ်သားကို ဆီမီးခွက်အတွင်းထည့်ပြီးလျှင် မီးစာကို ဆီမီးခွက်အတွင်း ထည့်ပါ။ထိုနောက် အောက်ပါဂါထာ ဖြင့် ၃၇ အုပ်စုတ်ပါ။

ဂါထာ

ဥုံ ဒေဝါစ ဇော်ဂနီ မာတာ သူရဿတီ ငါ၏ ချစ်သူ(အမည်) မေတ္တာ တဏှာ ငါထံ ဆောင်ကျဉ်းပေးလော့။

ပြီးလျှင် လကွယ်ည တစ်ညည ၌ ည ၁၂ ကျော်လျှင် ထို ဆီမီးကို မီးငြိမ်း သည်အထိ ထွန်း၍ ကိုယ့်ချစ်သူ၊အိမ် ထောင်ဖက် မိမိကို အရင်ထက်ချစ်ခင်နှစ်သက်လာစေဟုစိတ်ထဲမှ ဆုတောင်းပါ။

လောကီအစီအမံ အဘခွန်ကြည်စိန်

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when လောကီအစီအမံ အဘခွန်ကြည်စိန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လောကီအစီအမံ အဘခွန်ကြည်စိန်:

Share