Poe Wai Phyu Official

Poe Wai Phyu Official
Life blogger in Malaysia..

02/01/2026

MAI လေယာဉ်နဲ့ power bank (ပါဝါဘမ့်)သယ်ယူမည်ဆိုပါက လူတစ်ဦးကို (100-160Wh) သို့မဟုတ် (10000 MAh -27600mAh) ထိသာ သယ်ယူခွင့်ရှိပါသည်...

ျှောက်ပြန်မည့်သူများအတွက်

ယနေ့ 31 December 2025နှစ်တစ်နှစ်ရဲ့ နောက်ဆုံးစာမျက်နှာ 365 ကိုပိတ်ရတော့မည့်နေ့..နက်ဖြန်ဆို စာမျက်နှာ 365 ရဲ့ ပစာမျက်နှာက...
30/12/2025

ယနေ့ 31 December 2025
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးစာမျက်နှာ 365 ကိုပိတ်ရတော့မည့်နေ့..

နက်ဖြန်ဆို စာမျက်နှာ 365 ရဲ့ ပစာမျက်နှာကို
စဖွင့်ရမည့်နေ့...

ကိုယ်ပိတ်ရတော့မည့် 365စာမျက်နှာ တွေထဲမှာ ကိုယ့်အတွက်ဘယ်လိုအနှစ်သာရတွေရလိုက်လဲဟင်?..

မိမိကိုယ်ကို ပြန်လည် သုံးသပ်တက်နိုင်မှသာလျှင် ဒုံးရင်းဘဝကနေလွတ်မြောက်နိုင်မှာပါ..

ကောင်းတဲ့အရာတွေကို ကိုယ်စဖွင့်တော့မည့် 365 မှာ သယ်သွားပြီး မကောင်းတဲ့အရာတွေထပ်ပြီးမမှားရအောင် မိမိကိုယ်ကို သတိတရားကပ်ပြီးစဥ်ချင်မှ စာမျက်နှာတိုင်းမှာအမှန်ချစ်လေးတွေနဲ့ လှပနေမှာပါ...

#ခရီးသွားရပျော်

30/12/2025

မလေးရှားနိုင်ငံ kuantan
ကွမ်တန် မြို့မှာ လက်ဗွေနှိပ်ဒဏ်ကြေးပေးဆောင်ချင်သူများအတွက် ကျမ Immgiration ရုံးကိုရောက်ချိန် အများသိအောင်ပြန်လည်မျှဝေပေးတာပါ..

Kuantan အနီးတဝိုက်နေထိုင်သူများ ကိုဘဲလက်ခံတာပါ.. KL ဘက်ကလာနှိပ်မယ်ဆိုရင် KL လိပ်စာသွားပြောလို့မရပါ..

နံနက်8 နာရီရုံးဖွင့်ပါတယ်..ညထဲက တန်းစီစောင့်စရာမလိုပါ..

လဝက ရုံးမှာ လက်ဗွေနှိပ်ဒဏ်ကြေးပေး
ချင်သူများယူဆောင်သွားရန်👇
1. စာအုပ်နှင့်ပြန်မည့်သူများ စာအုပ်မှုရင်း နှင့်မိတ်တူ
-မှတ်ပုံတင်နှင့်ပြန်မည့်သူများ သံရုံးမှCI စာရွက်မှုရင်းနှင့်မိတ်တူ..
2.လေယာဥ် လက်မှတ် နှင့် မိတ်တူ

ကလေးများအတွက်👇
1.သံရုံးမှCI စာရွက်မှုရင်းနှင့်မိတ်တူ
2.ကလေးနှင့်မိဘတော်စပ်ကြောင်းသံရုံးမှ ထောက်ခံစာမှုရင်းနှင့် မိတ်တူ
3.လေယာဥ်လက်မှတ် နှင့် မိတ်တူ
4. မွေးစာရင်း မှုရင်းနှင့် မိတ်တူ(လိုအပ်လို့တောင်းရင်ပြရပါတယ်)..

အထက်ပါအထောက်အထားတွေကိုအစီစဥ်တကျ သပ်သပ်ရပ်ရပ်လေး စီပြီး တင်ပြရပါမယ်..

ျှောက်ပြန်မည့်သူများအတွက်

28/12/2025

မလေးရှားနိုင်ငံ Pahang ပြည်နယ်
Cameron highlands မြို့ရဲ့
ရာသီဥတုလေးက
တောင်ကြီး မြို့လိုရာသီဥတု..
ဟင်းသီးဟင်းရွက် သစ်သီးဝလံ တွေပေါတယ်..

လူကိုယ်တိုင် မြန်မာ သံရုံးလည်းမလာလက်ဗွေလည်း မနှိပ်  ဓာတ်ပုံလည်းမရိုက်ဘဲရလာတဲ့ passport စာအုပ်တို့..CI တို့ဆိုတာ အတုဘဲ ဖြ...
27/12/2025

လူကိုယ်တိုင် မြန်မာ သံရုံးလည်းမလာ

လက်ဗွေလည်း မနှိပ် ဓာတ်ပုံလည်းမရိုက်ဘဲ

ရလာတဲ့ passport စာအုပ်တို့..

CI တို့ဆိုတာ အတုဘဲ ဖြစ်ပါတယ်...

မှတ်ချက်..လွန်ခဲ့သော သုံးနှစ်ကျော် ငါးနှစ်ကျော်လောက်ကတော့ ရုံးမလာဘဲ စာအုပ်ကို မျက်လှည့်နည်းနဲ့ရထားတဲ့သူတွေရှိပေမယ့် ခုမရတော့ပါ..

ျှောက်ပြန်မည့်သူများအတွက်

ဘယ်လောက်ဘဲတန်ဖိုးကြီးတဲ့အစားအသောက်တွေစားစားသွားကြားထဲညပ်နေရင် တန်ဖိုးကြီးတဲ့အစာဆိုပြီး ဘယ်သူမှသိမ်းမထားကြဘူး..ထုပ်ပြီး ပ...
27/12/2025

ဘယ်လောက်ဘဲတန်ဖိုးကြီးတဲ့
အစားအသောက်တွေစားစား

သွားကြားထဲညပ်နေရင် တန်ဖိုးကြီးတဲ့
အစာဆိုပြီး ဘယ်သူမှသိမ်းမထားကြဘူး..

ထုပ်ပြီး ပြစ်ကြတယ်..
တချို့ဆို သွားကြားထိုးတံ အစဥ်သင့်မရှိရင်
လက်နဲ့ ဒါမှမဟုတ် ကိုယ့်အနားရှိ
တဲ့ ထိုးကလော်လို့ရမယ့်အရာလေးတွေနဲ့
ထိုးပြီးစွန့်ပြစ်ကြတယ်...
တချို့ပြန်မျိုချပြစ်ကြတယ်😁

ကြားညပ်နေတာ ဘယ်အရာမှ မကောင်းပါ..
ကိုယ့်ကြားထဲလည်းသူများ မနှောက်ယှက်နိုင်အောင် ထိမ်းသိမ်းတက်ဘို့လိုသလို..

သူများတွေကြားထဲလည်းကိုယ်ဝင်မညက်မိစေနဲ့ ...

ကြားညပ်ရင်ဘယ်လောက်ဘဲတန်ဖိုးရှိအောင်နေနေ အချိန်တန် စွန့်ပြစ်ခံရတက်တယ်..

18 နှစ် အောက် ကလေးတွေ CI လျှောက်ပြန်ရင်👇1.မွေးစာရင်း2. မိဘနှစ်ပါး ရဲ့ မှတ်ပုံတင်3.မိဘ နှစ်ပါးရဲ့ အိမ်ထောင်စုစာရင်း မိတ်တ...
26/12/2025

18 နှစ် အောက် ကလေးတွေ CI လျှောက်ပြန်ရင်👇
1.မွေးစာရင်း
2. မိဘနှစ်ပါး ရဲ့ မှတ်ပုံတင်
3.မိဘ နှစ်ပါးရဲ့
အိမ်ထောင်စုစာရင်း မိတ်တူ.

မလေးရှားမွေးစာရင်း နှင့်လျှောက်လို့ရသလို.. မရှိရင်မြန်မာဘက်ကနေ မွေးတိုးစာရင်း..ဘာမှမရှိရင် ကလေးကိုယ်ဝန်လွယ်ထား ချိန်ဆေးရုံဆေးခန်းပြထားတဲ့အချက်လက်တွေယူပြီး မိဘနှစ်ပါး နှင့်အတူ သံရုံးကို ကလေးပါခေါ်ပြီး သွားလျှောက်လို့ရပါသည်.. ဘာအထောက်အထားမှမရှိ ရင်တော့လျှောက်မရပါ..

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အသက်18 နှစ် အောက် ကလေး မိဘဆွေမျိုးတော်စပ်သူနှင့်သာခရှီးသွားခွင့်ရှိပါသည်.. လူကြုံနှင့် ကလေးတွေကို ထည့်ပေးလို့မရပါ..

ျှောက်ပြန်မည့်သူများအတွက်

Merry Christmas to those celebrating❤ May this season bring happiness and joy❤ခရစ်ယာန် ညီကိုမောင်နှမ များ ပျော်ရွှင်ဖွယ်...
25/12/2025

Merry Christmas to those celebrating❤

May this season bring happiness and joy❤

ခရစ်ယာန် ညီကိုမောင်နှမ များ ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နေ့ ဖြစ်ပါစေ❤

မိသားစု တွေ ကျန်းမာ ချမ်းသာပြီး ဘုရားသခင်ကောင်းချီးပေးပါစေ..
With ❤

ကျမဆီမှပြည်တွင်း ပြည်ပ လေယာဥ် လက်မှတ်လာမှာကြသူများ... ရန်ကုန် မှ မလေးရှားကို လာလည်ကြသူများ..အခြား နိုင်ငံမှာလာလည်ကြတဲ့ က...
24/12/2025

ကျမဆီမှပြည်တွင်း ပြည်ပ လေယာဥ် လက်မှတ်လာမှာကြသူများ...

ရန်ကုန် မှ မလေးရှားကို လာလည်ကြသူများ..

အခြား နိုင်ငံမှာလာလည်ကြတဲ့ ကျမတို့ မြန်မာနိုင်ငံသားတွေ မလေးရှား ဆိုက်ရောက်တာနဲ့ လဝက ကို ပြရန်အတွက် hotel booking မရှိမဖြစ်လိုအပ်တဲ့အတွက်
ကျမဆီမှ စျေးသင့်ပြီးသွားလာရ လွယ်ကူတဲ့နေရာတွေမှာ hotel booking တွေတင်ကြပါသည်...

ကျမကို ယုံကြည်စိတ်ချအားကိုးပြီးလာရောက်ဆက်သွယ်သူတိုင်း အပြင်မှာလူခြင်းတစ်ခါမတွေ့ဖူးကြပေ
မယ့် အကောင်ဆုံးဖြစ်အောင် သေချာ service ပေးပါသည်..

CI နှင့်ပတ်သက်ပြီး ကျမတင်သမျှပိုစ့်တွေကို ကြည့်ပြီး လက်မှတ်မှာကြသလို..
တစ်ယောက် စကားတစ်ယောက်ကြားပြီးလာရောက်မှာကြသူများနေ့စဥ်မပြတ်ပါ..

ကျမလက်မှတ်တင် ရောင်းပေးနေတာမဟုတ်.. CI ပြန်သူများကို သံရုံး QR နှင့် လဝကကို ဘယ်နေ့သွားပြီး လက်ဗွေ နှိပ်ရမည့် အချက်လက်များ ကို အခမဲ့ ဆက်လက်လမ်းညွန်ပေးတာပါ..မသိနားမလည်သူများ ကိုယ်နိုင်တဲ့ငွေအင်အားနဲ့ပြန်ကြရတဲ့အတွက်
အလေအလွင့်မဖြစ်စေချင်လို့ပါ..သူများအလိမ်အညာမခံရအောင်သိထားသမျှ ဗဟုသုတလေးတွေမျှဝေပေးနေတာပါ..

လက်မှတ်တွေကို
​မှာသူတွေရဲ့ whatsApp or Messanger
အကောင့် တွေကိုပို့ပေးပြီး လိုအပ်သလို ဆက်တိုက်လမ်းညွှန်ပေးပါတယ်..

သူတို့တွေမြန်မာပြည် သို့ အကုန်အကျသက်သာစွာပြန်ရောက်ကြလို့ ရောက်တာနဲ့ စာတွေလှမ်းပို့ပြီးကျေးဇူးတင်ကြောင်း ပြောကြပြီးဆု တွေတောင်းပေးတိုင်း ကျမလည်း ဝမ်းသာပီတိဖြစ်ရပါတယ်နော်..

မှတ်ချက်.. မှတ်ပုံတင် နှင့်ပြန်မည့်သူများထဲမှ
ကျန်းမာရေးမကောင်းသူ QR မယူတက်သူများကို ဘဲ ရတဲ့အချိန်လေးမှာ စေတနာထားပြီးသံရုံး ရက်ချိန်းတွေယူပေးတာပါနော်..

🔺ပြန်မည့်ရက် ရက်အတိကျဆုံးဖြတ်ပြီးရင် လက်မှတ်တွေကို မပြန်ခင်အနည်းဆုံးနှစ်လလောက်တည်းက ကြိုတင်ဝယ်ထားစေချင်တယ်..

ရက်ကပ်မှ လက်မှတ်ဝယ်ရင် စျေးသက်သာတဲ့ခုံတွေမရနိုင်ပါ.. စျေးကြီးတဲ့ business class ခုံတောင် ရဘို့ခက်ခဲပါတယ်..

Transit လက်မှတ်တွေက တော့ အချိန်မရွေးရနိုင်ပါတယ် ဒါပေမယ့် ကပ်ပြီးမှဝယ်ရင် transit လက်မှတ်
လည်းစျေးများပါတယ်..

မှတ်ချက်...
လက်မှတ် မှာချင် လျှင် ယခုသုံးနေတဲ့
"poe wai phyu official" FB page
မက်ဆင်ဂျာမှဆက်သွယ်နိုင်ပါသည်..

ကီလိုချိန်က မိမိဝယ်ထားတဲ့ လက်မှတ်မှာ ဖော်ပြထားတာရှိပါတယ်.. ( လေလှိုင်းပေါ်မှ သတင်းအတိအကျမဟုတ်တာတွေ နားထောင်ပြီး ဇဝေဇဝါ မ...
23/12/2025

ကီလိုချိန်က မိမိဝယ်ထားတဲ့ လက်မှတ်မှာ ဖော်ပြထားတာရှိပါတယ်.. ( လေလှိုင်းပေါ်မှ သတင်းအတိအကျမဟုတ်တာတွေ နားထောင်ပြီး ဇဝေဇဝါ မဖြစ်ပါနဲ့နော်..

ကီလို၂၀ဆို ၂၀ / ၃၀ဆို၃၀အတိုင်းပါ....
Hand carry ကတော့လူတိုင်း ၇ကီလိုရပါတယ်..

Checked Baggage တွေက -20kg, 30 kg
40 kg ရှိ ပါသည်..

အနည်းဆုံး အိတ်တစ်အိတ်မှာ 23ကီလိုထိဘဲ
ထည့်ရပါသည်.. ကျန်တာနောက်အိတ်တစ်လုံးနှင့်ထည့်သယ်ပါ..

Hand carry (hand carry size 1pc or Backpack 1pc or laptop bag 1pc) + small slim bag 1 (Both Total weight 7kg)

Hand carry ကိုသတ်မှတ်ထားသည့် 7 kg ထက်ပိုလျှင် extra charges မည်သည့်လေကြောင်းလိုင်းမဆိုထပ်ကောက်ပါသည်....

February March Apirl ( 2..3..4 လပိုင်း ပြန်
မည့်သူများတက်နိုင်ရင် ခုတည်းက လေယာဥ် လက်မှတ်ကြိုတင်ဝယ်ယူထားသင့်ပါသည်..

ပြည်တွင်း ပြည်ပ လက်မှတ် စျေးနှုန်းသိချင်သူများနှင့်လက်မှတ် ဝယ်ချင်သူများ ကျမရဲ့ မက်ဆင်ဂျာ မှာ လာရောက်မေးမြန်းဝယ်ယူနိုင်ပါသည်..

ဒီလိုအလိမ်ခံရတဲ့ အချက်အလက်များခိုင်လုံရင် မည်သူမဆို share လုပ်ပြီး အသိပေးသင့်...ဒီနေ့ကျမ ကို အလိမ်ခံရသူက ttမှာ သက်သေနှင်...
22/12/2025

ဒီလိုအလိမ်ခံရတဲ့ အချက်အလက်များခိုင်လုံရင် မည်သူမဆို share လုပ်ပြီး အသိပေးသင့်...

ဒီနေ့ကျမ ကို အလိမ်ခံရသူက ttမှာ သက်သေနှင့်တကွ အများသိအောင်မျှဝေပေးပါအမရေ ဆိုလို့ပါ..
"ဒီအကောင့်ဆိုမလုပ်ဖို whatsApp နံပတ်ဆိုမလုပ်ဖို့ ပြောပေးပါဦးချွေးနဲစာနဲ့ပြန်မဲ့သူတွေ ထပ်အလိမ်မခံရအောင်လို့ပါ" ဆိုပြီးတောင်းဆိုသွားလို့ပါ..

Whatsapp နံပါတ်မတူ အကောင့်က သေချာမကြည့်မိရင် အကောင့် အစစ်နှင့်သိပ်မကွဲ ပြားပါ..

အကောင့် အစစ်ထင်ပြီး Rm1000ငွေလွဲလိုက်ပြီး
မှ ဘလော့သွားပါသည်တဲ့..
လိမ်တဲ့ကျားဖြန့်က မြန်မာ
Bank အကောင့် က မလေးရှား တရုတ် လူမျိုးအမည်နှင့်သူတို့ရဲ့ bank account တွေပါ...

သတိရှိကြပါ..

#အလိမ်အညာအောက်တန်းစားများကိုသတိထားကြပါ..

ရင့်ကျက်လာချိန်မှာအမြင်တွေကွဲထွက်ကုန်တာများပြောပါတယ်...😁ပန်းစည်းတွေ ချောကလတ်တွေနဲ့ အလုပ်တွေရှုတ်ပြီး စပရိုက်တွေတိုက်နေကြ...
21/12/2025

ရင့်ကျက်လာချိန်မှာအမြင်တွေကွဲထွက်ကုန်တာများပြောပါတယ်...😁

ပန်းစည်းတွေ ချောကလတ်တွေနဲ့ အလုပ်တွေရှုတ်ပြီး
စပရိုက်တွေတိုက်နေကြတဲ့ အတွဲတွေ..စိတ်​ဆိုးစိတ်ကောက်ပြတဲ့အတွဲတွေ...မြင်မိတိုင်း
မှုကြို ကလေး တွေ ဟိုပြေးဒီပြေး
ဆော့နေတာသွားမြင်မိတယ်😂😂

Address

Kuantan
25###, 26###

Website

Alerts

Be the first to know and let us send you an email when Poe Wai Phyu Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category