Kàř Ýãń Ĥèíñ - Public Health

Kàř Ýãń Ĥèíñ - Public Health Información de contacto, mapa y direcciones, formulario de contacto, horario de apertura, servicios, puntuaciones, fotos, videos y anuncios de Kàř Ýãń Ĥèíñ - Public Health, Medicina y salud, Pazundaung, Lima.

OTC ဆေးဆိုတာ ဘာလဲ ⁉️OTC ဆေးတွေဆိုတာ သာမာန် မပြင်းထန်တဲ့ နေမကောင်း၊ မကျန်းမာဖြစ်တဲ့အခါ ဆရာဝန်ညွှန်ကြားချက်မပါဲဘဲ ဝေဒနာသက်...
08/01/2023

OTC ဆေးဆိုတာ ဘာလဲ ⁉️

OTC ဆေးတွေဆိုတာ သာမာန် မပြင်းထန်တဲ့ နေမကောင်း၊ မကျန်းမာဖြစ်တဲ့အခါ ဆရာဝန်ညွှန်ကြားချက်မပါဲဘဲ ဝေဒနာသက်သာအောင် ကိုယ့်ဘာသာ ဝယ်သောက်လို့ရတဲ့ ဆေးတွေကိုပြောတာပါ။

ဒါဆို ဘယ်လို လက္ခဏာတွေဖြစ်ရင် OTC ဆေးတွေ အရင်သောက်ကြည့်လို့ရလဲ?

• ကိုယ်လက်နာကျင်ကိုက်ခဲခြင်း😖
• ဖျားနာခြင်း🤒
• အအေးမိနှာစေးနှာပိတ်ခြင်း🤧
• လည်ချောင်းနာခြင်း🥵
• ချောင်းဆိုးခြင်း😷
• ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း😩
• ဓာတ်မတည့်ကာ အင်ပျဉ်ထခြင်း🤢

အစရှိတဲ့ဝေဒနာတွေဖြစ်လာရင် OTC ဆေးတွေ အရင်ဝယ်သောက်ကြည့်ပြီး သက်သာလာလား စောင့်ကြည့်လို့ရပါတယ် 💊

ဒါပေမဲ့ အရေးကြီး သတိပြုရမှာက OTC ဆေးသောက်ပြီး မသက်သာဘဲ ပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ နှောင့်နှေးလို့မဖြစ်ပါဘူး👨‍⚕️

OTC ဆေးတွေကို စျေးကွက်ထဲမှာ အမည်အမျိုးမျိုးနှင့် ဖြန့်ဖြူးရောင်းချနေကြပေမဲ့ ကျွန်တော်တို့ အဓိက ကြည့်ရမှာက ဆေးထဲမှာ ပါတဲ့ active ingredient ခေါ် ပါဝင်ပစ္စည်းနဲ့ ပမာဏ( 5mg/10mg စသဖြင့်)ပဲဖြစ်ပါတယ်။

ဥပမာ Paracetamol 500mg ကို Biogesic /Paracap/Para denk စသဖြင့် Brand အမျိုးမျိူးတွေ့နိုင်ပေမဲ့ သူတို့ရဲ့ အာနိသင် နဲ့ ထိရောက်ပုံကတော့ အတူတူပဲဖြစ်ပါတယ်။

Fever ခေါ် အဖျားတက်ခြင်းအတွက် OTC ဆေး
--------
ပါရာစီတမော(Paracetamol) လို့အများသိကြတဲ့ Acetaminophen ပဲဖြစ်ပါတယ်။

သာမာန်ကိုက်ခဲခြင်း နာကျင်ခြင်းအတွက်လဲ သုံးနိုင်ပါတယ်။

အထူးသဖြင့် NSAID ခေါ် အယောင်ကျအကိုက်အခဲပျောက်ဆေးသောက်ဖို့ မသင့်တော်သူတွေ(ဥပမာ အစာအိမ်၊ကျောက်ကပ်ရောဂါအခံရှိသူနှင့်သွေးကျဲဆေး warfarin သောက်နေရသူ)မှာ သူ့ကိုပဲ ဦးစားပေးသောက်ကြရပါတယ်။

"ဒါပေမဲ့ အသည်းယောင်နှင့် အသည်းခြောက်ရောဂါရှိသူတွေမှာတော့ acetaminophen သုံးခြင်းကိုရှောင်သင့်ပါတယ်"

NSAIDs (စတီးရွိုက်မပါဝင်သော အယောင်ကျ အကိုက်အခဲပျောက်ဆေးများ)
--------
NSAID အုပ်စုထဲမှာတော့ အိုင်ဗြူပရိုဖန်(Ibuprofen) ဟာ အသုံးအများဆုံး OTCဆေး ပဲဖြစ်ပါတယ်။

သူဟာ အယောင်လဲကျစေတဲ့အပြင် ဖျားနာခြင်း၊ ကိုက်ခဲခြင်းအတွက်လဲ အသုံးများပါတယ်။

သည်းခြေနှင့်ကျောက်ကပ်ကျောက်တည်ပြီးနာကျင်သည့်အခါလဲ သုံးနိုင်ပါတယ်။

သာမာန်အရိုးအဆစ်နာကျင်မှုများတွင်လည်း အစွမ်းထက်တာတွေ့ရပါတယ်။

"ဒါပေမဲ့ အသည်းနှင့်ကျောက်ကပ်ရောဂါအခံရှိသူများ၊အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်မှုဖြစ်ဖူးသူများ၊သွေးကျဲဆေးသောက်နေရသူများကတော့ ဆရာဝန်ညွှန်ကြားချက်နှင့်သာ သောက်သုံးသင့်ပါတယ်"
---------
ဒါဆိုရင် Common cold ခေါ် အသက်ရှူလမ်းကြောင်းအထက်ပိုင်း(နှာခေါင်းမှအသံအိုးအထိ) virus ပိုးဝင်ခြင်းကြောင့် နှာရေယို နှာပိတ်ခြင်း၊အသံနာခြင်းနှင့် လည်ချောင်းနာခြင်း တွေဖြစ်လာတဲ့အခါ ဘယ်OTC ဆေးတွေသောက်ကြမလဲ?

ဒီမှာ တစ်ခုသတိထားရမှာကတော့ common cold မဟုတ်ဘဲ Fluတုပ်ကွေးဆိုရင် ဖျားခြင်း ချမ်းခြင်း ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် ချောင်းဆိုးခြင်းများပါ ခံစားရတတ်ပါတယ်။

နှာခေါင်းပိတ်ခြင်း
-----
Sinus ခေါ် မျက်နှာအရိုးအခေါင်းပေါက်များအတွင်းနှပ်နှင့်အချွှဲများပိတ်ခြင်းကြောင့် အသက်ရှူမ၀ရင် Phenyephrine ပါဝင်တဲ့ fluza /decolgen လိုဆေးမျိုးတွေသောက်လို့ရပါတယ်။

သောက်ဆေးလိုပဲ oxymetazoline ပါဝင်တဲ့နှာခေါင်းအစက်ချဆေးများလည်းရှိပါတယ်။

ဒါပေမဲ့ အစက်ချဆေး (nasal drops) များကို၃ရက်ထပ်ပိုသုံးပြီး ရုတ်တရက်ရပ်လိုက်တဲ့အခါ ပြန်ဖြစ်တတ်တဲ့အတွက် ၃ရက်ထပ်ပိုမသုံးသင့်ပါ။
သွေးတိုး ဆီးချို နှလုံးရောဂါနှင့် ဆီးကျိတ်ကြီးရောဂါရှိသူများ မသုံးသင့်ပါ။

စိတ်ချရတဲ့ အခြားနည်းလမ်းအနေနဲ့ အခန်းတွင်း Air humidifier သုံးခြင်း ၊Salt water nasal spray or drop သုံးခြင်းတို့လဲ လုပ်ကြည့်လို့ရပါတယ်။

နှာစေး နှာရေယို မျက်ရည်တရွှဲရွှဲဖြစ်နေရင်တော့ diphenhydramine /chlopheniramine(burmeton) ဆိုတဲ့ antihistamine အုပ်စုမှဆေးများကိုသောက်နိုင်ပါတယ်။

အဓိကဘေးထွက်ဆိုးကျိုးကတော့ ငိုက်တတ်တဲ့အတွက် ကားမောင်းမယ်ဆို အိပ်မငိုက်စေတဲ့ Loratidine/cetirizine/fexofenadine တွေသောက်သင့်ပါတယ်။

Diphenhydramine /chlopheniramine ကို OTC အိပ်ဆေးအနေနဲ့လဲသောက်လို့ရပါတယ်။ဒါ့အပြင် အရေပြားယားယံခြင်းနဲ့ အင်ပြင်များထွက်ခြင်းအတွက်လည်း Antihistamine ဆေးများကိုသောက်ပေးနိုင်ပါတယ်။

ခေါင်းကိုက်၊ နားကိုက်၊ လည်ချောင်းနာ၊ အသံနာ
---------
ဒါတွေအတွက်ကတော့ အပေါ်မှာပြောခဲ့တဲ့ Acetaminophen နဲ့ Ibuprofen ကထိရောက်တာတွေ့ရပါတယ်။

တကယ်လို့ လည်ချောင်းနာခြင်းက ၂ရက်ကြာပြီးတဲ့အထိမသက်သာဘဲ တံတွေးမျိုချတိုင်းနာနေရင်တော့ Strep လို့ခေါ်တဲ့ bacteria နဲ့ အခြား bacteria တွေကြောင့်ဖြစ်နိုင်လို့ ပိုးသတ်ဆေးသောက်ဖို့ ဆရာဝန်နဲ့တိုင်ပင်ရပါလိမ့်မယ်။

Cough ခေါ် ချောင်းဆိုးခြင်း
-----------
ဒီအတွက်ကတော့ သလိပ်ထွက်မထွက်ပေါ်မူတည်ပါတယ်။

Dextromethorphan ကတော့ စျေးကွက်ထဲမှာ အတွေ့များတဲ့ ချောင်းခြောက်(သလိပ်မထွက်တဲ့ချောင်း)ပျောက်ဆေးတွေမှာပါတဲ့ active ingredient ပဲဖြစ်ပါတယ်။

"အသက်လေးနှစ်အောက် ကလေးငယ်တွေနဲ့ အာရုံကြောစနစ်ကိုဖိတဲ့ဆေးနဲ့စိတ်ဝေဒနာဆေးများသောက်နေသူများ မသောက်သင့်ပါ"

Guaifenesin ကတော့ သလိပ်ပျော်ဆေးလို့ အလွယ်ခေါ်လို့ရပြီး အသက်ရှူလမ်းကြောင်း လေပြွန်မှာရှိတဲ့ ချွဲတွေကိုကျဲအောင်လုပ်ပေးပြီး သလိပ်ထွက်စေခြင်းဖြင့် ရင်ထဲနေသာထိုင်သာဖြစ်အောင်လုပ်ပေးပါတယ်။

ရေများများသောက်ခြင်း၊ရေနွေးငွေ့ ရှူခြင်းဖြင့် သူ့ရဲ့အာနိသင်ကိုပိုကောင်းစေပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများအတွက် OTC ဆေးများ
-------------
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အရေးကြီးဆုံးက ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ Electrolytes တွေကိုပြန်လည်ဖြည့်တင်းပေးဖို့ ORS အငန်ဓာတ်ဆားရည်ကို သောက်ပေးဖို့ပါပဲ။(ORS တစ်ထုပ်ကို ရေသန့် တစ်လီတာနဲ့ အတိအကျဖျော်ဖို့ အရေးကြီးပါတယ်။)

Probiotics အမှုန့်ထုပ်လေးတွေလဲ သောက်နိုင်ပါတယ်။

"ဝမ်းထဲမှာ သွေးပါခြင်း အချွဲပါခြင်းဖြစ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရမှာပါ"

ပျို့အန်တာပါဖြစ်ရင်တော့ Dimenhydrinate ပါဝင်တဲ့ OTC ဆေးကိုသောက်နိုင်ပါတယ်။

အစာမကြေ၊ရင်ပြည့်ရင်ကယ်၊ရင်ခေါင်းနဲ့ရင်ညွှန့်မှာပူပြီးနာတတ်တဲ့သူတွေကတော့ အစာအိမ်အက်ဆစ်ထွက်တာပိတ်ပေးတဲ့ PPI (pantoprazole/omeprazole)ဆေးနဲ့ အက်ဆစ်နဲ့gasတွေကိုဓာတ်ပြယ်စေတဲ့ Simethicone လိုဆေးမျိုးသောက်သုံးနိုင်ပါတယ်။

⚠️မှတ်ချက်။ အထက်ပါ over the counter အိမ်တွင်းဆေးဝါးများကိုရေရှည်သောက်သုံးရန်မသင့်ပါ။ရောဂါဝေဒနာဆိုးရွားပါက ‌ရောဂါရှာဖွေရန် ဆရာဝန်နှင့်တိုင်ပင်ရပါသည်။

အခုလို အေးတဲ့ဆောင်းရာသီမှာ အဖြစ်များတတ်တဲ့ ပါးရွဲ့ / မျက်နှာတခြမ်းရွဲ့ သွားတတ်တဲ့ Bell's palsy ဆိုတဲ့ ရောဂါအကြောင်းလေး က...
08/01/2023

အခုလို အေးတဲ့ဆောင်းရာသီမှာ အဖြစ်များတတ်တဲ့ ပါးရွဲ့ / မျက်နှာတခြမ်းရွဲ့ သွားတတ်တဲ့ Bell's palsy ဆိုတဲ့ ရောဂါအကြောင်းလေး ကျန်းမာရေးဗဟုသုတ ဝေမျှပေးလိုက်ပါတယ်

Bell’s palsy ဆိုတာဟာ အာရုံကြောထိခိုက်ပျက်စီးမှုကြောင့် မျက်နှာတစ်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ ၊ ဂလင်းတွေ အားနည်းသွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်နှာတစ်ခြမ်း လေဖြတ်တယ်လို့ သုံးနှုန်းကြပေမယ့် တကယ်တမ်းတော့ ဦးနှောက်သွေးကြောပေါက်တာ /ပိတ်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာမျိုးနဲ့ မတူပါဘူး

အဲဒီ့အစား...ခါးရိုးအာရုံကြောညပ်တဲ့အခါ ခြေထောက်တွေ အားနည်းသွားသလိုမျိုးနဲ့ ပိုဆင်တူပါတယ်။ Bell's Palsy ဟာ အဖြစ်များပြီး အများအားဖြင့် သူ့အလိုလို ပြန်လည် သက်သာပျောက်ကင်းလေ့ ရှိပါတယ်။

❓ဘာကြောင့် ဖြစ်ရတာလဲ

ဦးနှောက်ကထွက်တဲ့ အာရုံကြောလေးတွေထဲကမှ မျက်နှာမှာရှိတဲ့ ကြွက်သားတွေကို အထောက်အပံ့ပေးတဲ့ (၇)ခုမြောက် အာရုံကြော ( 7th facial nerve)မှာ ပြဿနာဖြစ်တဲ့အတွက် ဒီရောဂါ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

အကြောင်းရင်း အတိအကျ‌တော့ ပြောလို့မရပေမယ့် များသောအားဖြင့် ရေယုန်ရောဂါ ဖြစ်ပြီးနောက်ပိုင်း facial nerve ရောင်ရမ်းတာ ဖြစ်တဲ့အတွက် bell’s palsy အဖြစ်များကြောင်း တွေ့ရှိရပါတယ်။ တခြား Virus ရောဂါပိုးအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်သလို ခုခံအားစနစ် ပုံမှန်မဟုတ်တဲ့ အခြေအနေတွေမှာလည်း တွေ့ရတတ်ပါတယ်။

အခုနောက်ပိုင်းမှာဆို ကိုဗစ်လူနာတွေ ၊ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူတွေမှာလည်း သာမာန်လူတွေထက်စာရင် အဖြစ်များလာတာကို လေ့လာတွေ့ရှိရပါသတဲ့။

အဓိကအချက်အနေနဲ့ကတော့ (၇)ခုမြောက် ဦးနှောက်ထွက် အာရုံကြော (7th facial nerve)ရဲ့ လမ်းကြောင်းနဲ့လည်း သက်ဆိုင်တယ်လို့ ပညာရှင်တော်တော်များများက လက်ခံထားကြပါတယ်။

ဒီအာရုံကြောဟာ ဦးနှောက်ကထွက်လာပြီး ကြွက်သားတွေဆီမရောက်ခင် အလွန်အင်မတန်ကျဥ်းမြောင်းတဲ့ အရိုးအပေါက်လေးတွေကို ဖြတ်သန်းလာရပါတယ်။ အကျဥ်းဆုံးနေရာက အရိုးပေါက်လေးဟာ အချင်း (0.66mm)အထိ ကျဥ်းမြောင်းလွန်းတာပါ။

ဒါ့ကြောင့် တခြားအာရုံကြောတွေနဲ့မတူ....အဲ့အာရုံကြောလေး နည်းနည်းရောင်လာပြီဆိုတာနဲ့ အရိုးအပေါက်လေးတွေက သူတို့ကို ဖျစ်ညှစ်ထားသလိုဖြစ်တာကြောင့် မျက်နှာတစ်ခြမ်း ကြွက်သားအားနည်းတဲ့လက္ခဏာတွေ ပေါ်ပေါက်လာပါတော့တယ်။

အသက်ကြီး/ငယ်မရွေး ဖြစ်ပွားတတ်ပြီး အေးမြတဲ့ရာသီဥတုအခြေအနေတွေမှာ ပိုဖြစ်တတ်တာကိုလည်း တွေ့ရှိရပါတယ်

❓Bell’s palsyရဲ့ လက္ခဏာတွေက ဘာတွေလဲ

အဓိကကတော့ မျက်နှာတစ်ဖက်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ အားနည်းသွားတာဖြစ်တဲ့အတွက် ဖြစ်တဲ့ဘက်အခြမ်းမှာရှိတဲ့

- ပါးစပ်ထောင့်က အောက်ကိုတွဲကျနေမယ်။

- မျက်လုံးသေချာ မမှိတ်နိုင်ဘူး။

- မျက်တောင် သေချာ မခတ်နိုင်ဘူး။

- ပြုံးတာ၊ ရယ်တာ၊ မျက်မှောင်ကြုံ့တာ အစရှိတဲ့ကြွက်သားတွေကို အသုံးပြုရတဲ့ လှုပ်ရှားမှုတွေတွေ မလုပ်နိုင်ဘူး။

- အာရုံကြောထိခိုက်တာ ဖြစ်တဲ့အတွက် တော်တော်များများက နာကျင်မှုကို မခံစားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

တခြား လက္ခဏာတွေကတော့...

- မျက်နှာ ထုံကျင်တာ

- နားကိုက်တာ ၊ နားနဲ့ အနီးတဝိုက် နာတာ

- မျက်နှာမှာ လေးလေးကြီး ခံစားရတာ

- အစားစားဖို့ရန် ခက်ခဲတာ

- အစားစားရင် အရသာတွေ ပြောင်းနေတာ

- အသံတွေ အကျယ်ကြီး ကြားနေရတာ

- သွားရည်ကျတာ

- အရသာပျောက်တာ တို့ပဲ ဖြစ်ပါတယ်။

❓Bell’s palsyက ဘယ်လောက်တောင် အဖြစ်များလဲ

တစ်နှစ်တစ်နှစ်မှာ လူ ၂၀၀၀မှာ တစ်ယောက်လောက်ဖြစ်လေ့ရှိတယ် ဆိုကြပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ဆီးချို၊ သွေးတိုးရောဂါ၊ အာရုံကြောရောဂါတွေဖြစ်တဲ့ Myasthenia gravis, Guillain-Barré syndrome တို့နဲ့ ဆက်စပ်နေတဲ့အတွက် ဒီလိုရောဂါရှိတဲ့သူတွေလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အများစု ၉၀%ခန့်ဟာ လအနည်းငယ်အတွင်း သူ့ဟာသူ ပြန်ကောင်းသွားတတ်ကြပါတယ်

အသက်ကြီးသူ (အသက် ၆၀အထက်)တွေမှာတော့ ပြန်ကောင်းနိုင်ချေ ၆၀%လောက်သာရှိကြောင်း တွေ့ရှိရပါတယ်

❓ဘယ်လို ကုသကြမလဲ

ဘာကြောင့်ဖြစ်လဲဆိုတာပေါ် မူတည်ပြီး ပိုးသတ်ဆေးနဲ့ စတီးရွိုက်ဆေးတို့ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးနိုင်ပါတယ်။

မျက်တောင်ကောင်းကောင်း မခတ်နိုင်တဲ့အတွက် မျက်လုံးထဲ ဖုန်တွေ၊ သဲတွေဝင်ပြီး မျက်ကြည်လွှာ ရောင်ရမ်းတာတွေ ဖြစ်နိုင်တဲ့အတွက် ညဘက်တွေမှာ မျက်လုံးပိတ်တဲ့ patchတွေ၊ အပြင်ထွက်တဲ့အခါ လေကာ၊ရေကာတဲ့ မျက်မှန်မျိုးတွေ သုံးပေးနိုင်ပါတယ်။ ညအိပ်တဲ့အခါမျိုးမှာလည်း မျက်လုံးကို adhesive tapeလေးတွေ ကပ်ပေးထားနိုင်ပါတယ်။

မျက်လုံးကို ခြောက်အောင်မထားသင့်တဲ့အတွက်ကြောင့် မျက်ရည်တုလည်း ထည့်ပေးလို့ရပါတယ်။

မျက်နှာမှာရှိတဲ့ ကြွက်သားတွေကို အဆီ ဒါမှမဟုတ် ခရင်မ်တစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာတွေ၊ ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဥပမာ- မှန်ကြည့်ပြီး မျက်နှာရှုံ့တာ၊ မျက်စိမှေးကြည့်တာ၊ ပြုံးတာ၊ သွားဖြဲတာ၊ မျက်လုံးတစ်ဘတ်မှိတ်တာမျိုးတွေ လုပ်ကြည့်ပါ။

အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်း အနားယူပါ။ ဆေးလိပ်၊ အရက် ‌ရှောင်ရှားနိုင်ရင် အကောင်းဆုံးပါ။

Bell’s palsyဟာ အချိန်တစ်ခုကြာရင် ပျောက်ကင်းသွားတဲ့ ရောဂါဖြစ်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ခဲပါတယ်။ ၈၀-၉၀%လောက်ကတော့ သက်သာသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ Bell’s palsy ဖြစ်ဖူးတဲ့သူ ၁၀ယောက်မှာတော့ တစ်ယောက်လောက်က ပြန်ဖြစ်လေ့ရှိပါတယ်။

Dirección

Pazundaung
Lima
098765HTTPS://WWW.FACEBOOK.COM/PROFILE.PHP?ID=100074784873636

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Kàř Ýãń Ĥèíñ - Public Health publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Compartir

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Categoría