အညတရ ရဲဘော်

အညတရ ရဲဘော် မင်္ဂလာပါခင်ဗျာ

11/01/2020

မေးနေတာများလို့ တင်ပေးလိုက်ပါတယ်

#အခြေခံရဲတပ်သားသစ်သင်တန်း

အခြေခံ ရဲတပ်သားသစ်သင်တန်းအကြောင်း
မပြောခင် သင်တန်းဝင်ခွင့်နဲ့ ပတ်သက်လို့
ပြောပြချင်ပါတယ်

အမျိုးသားများ 👨

အရပ်. ၅ ပေ ၂ လက်မနှင့်အထက်ရှိသူ
ပညာအရည်အချင်း. ၈ တန်းအောင်နှင့်အထက်ရှိသူ
ကိုယ်အလေးချိန်. ပေါင် ၁၀၀ အထက်ရှိသူ
အသက်.၃၀ အောက်ရှိသူ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်
မျက်မှန်တပ်ဆင်ထားသူ မဖြစ်ရ
ဆေးမှင်ကြောင်ထိုးထားသူ မဖြစ်ရ

အမျိုးသမီးများ 👩

အရပ်. ၅ ပေ ၃ လက်မနှင့်အထက်ရှိသူ
ပညာအရည်အချင်း. ဒုတိယနှစ် နှင့်အထက်ရှိသူ
ကိုယ်အလေးချိန်. ပေါင် ၁၀၀ အထက်ရှိသူ
အသက်. ၂၅ နှစ်အောက်ရှိသူ
အိမ်ထောင်မကျဖူးသူ အပျိုဖြစ်ရမည်
နယ်ဘက်ဆိုင်ရာပြစ်မှုကင်းရှင်းသူဖြစ်ရမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်
မျက်မှန်တပ်ဆင်ထားသူ မဖြစ်ရ
ဆေးမှင်ကြောင်ထိုးထားသူ မဖြစ်ရ

အရွေးချယ်ခံရပါက အနည်းဆုံး ၅ နှစ်
တာဝန်ထမ်းဆောင်ရမည်။
( မှတ်ချက် ။ ။ အမျိုးသမီးတပ်ဖွဲ့ဝင်များသည် လုပ်သက် ၂ နှစ်မတိုင်ခင် အိမ်ထောင်မပြုရ ခံဝန်​ရေးထိုးရသည်)

ဒီကန့်သတ်ချက်တွေနဲ့ ပြည့်စုံလို့
လျှောက်ထားပြီးပြီ ဆိုရင်
စိတ်ပညာ ဘာသာကို ရေးဖြေအနေနဲ့
ဖြေဆိုရပါတယ်
ဖြေဆိုအောင်မြင်ပြီးရင် သင်တန်းတတ်ရဖို့
၇၀% လောက်သေချာသွားပါပြီ
( ရေးဖြေအောင်ပြီး သင်တန်းတတ်ရဖို့ကို
၁လ စလို့ ကံမကောင်းရင် ၁ နှစ်လောက်ထိ စောင့်ရတတ်ပါတယ် )

အခြေခံ ရဲတပ်သားသစ်သင်တန်းကို သင်တန်းကို လက်ရှိအ​နေနဲ့ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ( ၄ ) ကျောင်းမှာ ဖွင့်လှစ်သင်ကြားပေးနေပါတယ်

၁။ အမှတ်( ၁ )ရဲလေ့ကျင့်ရေးကျောင်း
( ရမည်းသင်း)
၂။ အမှတ် ( ၂ )ရဲလေ့ကျင့်ရေးကျောင်း
( ဝက်ထီးကန် )
၃။ အမှတ် ( ၃ )ရဲလေ့ကျင့်ရေးကျောင်း
( စစ်ကိုင်း )
၄။ အမှတ် ( ၄ )ရဲလေ့ကျင့်ရေးကျောင်း
( တောင်လေးလုံး )

အမှတ်( ၁ )ကျောင်းက အမျိုးသမီးရဲတပ်ဖွဲ့ဝင်
များကို လေ့ကျင့်သင်ကြား ပေးပြီး
အမှတ် ( ၂/ ၃/ ၄ ) ကျောင်းများကတော့ အမျိုးသားတပ်ဖွဲ့ဝင်များကို
လေ့ကျင့်သင်ကြားပေးပါတယ်

သင်တန်းကာလဟာ ၆ လတာကြာမြင့်ပြီး
သင်တန်းကာလအတွင်း ရဲတပ်သားသစ်
တစ်ဦးအနေဖြင့်
၁. ရာဇသတ်ကြီး ဥပဒေ
၂. အထူးနှင့်အထွေထွေဥပဒေ
၃. ရာဇဝတ်ကျင့်ထုံး ဥပဒေ
၄. ရဲလက်စွဲ
၅. ရဲစည်းကမ်း
၆. ရဲကျင့်ဝတ်
၇. စစ်ရေးပြဘာသာရပ်
၈. လက်နက်ငယ် ဘာသာရပ်
၉. ကြံ့ခိုင်ရေးသင်ခန်းစာ
၁၀. အ​ခြေခံ လက်နက် / မဲ့ တိုက်ခိုက်ရေး သင်ခန်းစာ
၁၁. လုံခြုံရေး နှင့် သတင်းထောက်လှမ်းခြင်း သင်ခန်းစာ
၁၂. လူစုလူဝေးထိန်းသိမ်းခြင်း သင်ခန်းစာ
၁၃. စစ်နည်းဗျူဟာ

စတဲ့ သင်တန်းစာများကို စာတွေ့ လက်တွေ့
အဓိကထား​ လေ့ကျင့် သင်ကြားရသည့်အပြင်
မိတ်ဖက်အဖွဲ့အစည်းများ / သီးခြားတပ်ဖွဲ့များရဲ့ သိသင့်တဲ့အချက်အလက်တွေကိုပါ
လေ့လာသင်ယူရပါတယ်
သင်ခန်းစာတွေနဲ့ ပတ်သက်လို့
တစ်လကို တစ်ကြိမ်စာမေးပွဲစစ်ပါတယ်

ရဲတပ်သားသစ်တစ်ဦးအနေဖြင့်
အထက်ပါ သင်ခန်းစာများကို
လေ့ကျင့် သင်ကြားရရုံတင်မဟုတ်ဘဲ
စိတ်ဓာတ် / စည်းကမ်းပိုင်း ကိုပါ
ပြင်ဆင်လိုက်နာကြရပါတယ်
မလိုက်နာဘဲ ပျက်ကွက်ခဲ့ရင်
အမှတ်လျော့ခံထိပါတယ်
အမှတ်လျော့ခံရလို့ ဘာဖြစ်လဲ မေးရင်
ကိုယ်ပိုင်အမှတ်ပေးတဲ့အခါ
အဲ့အမှတ်တွေက ရဲလုပ်မဲ့ကာလတစ်လျှောက်အတွက် အရမ်းအရေးပါ ပါတယ်
သူငယ်ချင်း သင်တန်းတစ်ပတ်စဥ်ထဲ အတူတူ
ဂျူနီယာဖြစ်ချင်ရင်တော့ လုပ်ပေါ့
😏😏😏

ရဲတပ်သားတစ်ယောက်ဖြစ်ဖို့ အတွက်
ပင်ပန်းခက်ခဲစွာ လေ့ကျင့်သင်ယူကြရပုံတွေကို
အောက်ပါ ပုံများမှာ လေ့လာနိုင်ပါတယ်



&Edit

12-1-2020

ကလေးဒွေကို ပျော်ခွင့်ပေးလိုက်ပါဗျာ 😍
22/11/2019

ကလေးဒွေကို ပျော်ခွင့်ပေးလိုက်ပါဗျာ 😍

ကဲ...တပ်ဖွဲ့ဝင်ဒွေ ပျော်လို့ရပြီနော် 😌
14/09/2019

ကဲ...တပ်ဖွဲ့ဝင်ဒွေ ပျော်လို့ရပြီနော် 😌

01/09/2019

Plz like & Share 🙏🙏

Address

Barlarlar@gmail. Com
Bago City

Website

Alerts

Be the first to know and let us send you an email when အညတရ ရဲဘော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အညတရ ရဲဘော်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram