18/06/2024
ကိုယ့်ကိုကိုယ်လည်းကူညီမယ် ဆရာဝန် ကိုလည်းကူညီမယ်
ဆေးခန်းပြတဲ့အခါ ဆရာဝန်တွေက မေးခွန်းတွေမေးပါတယ်
ဘာဖြစ်တာလဲ
ဘာလုပ်ပေးရမလဲ စသဖြင့်ပေါ့
Patient History Taking လို့ခေါ်ပါတယ်
ဒါက ဒီလူနာ မှာ ဘာဖြစ်နေတာလဲ ၊ ဘာရောဂါ ခံစားနေရသလဲ (diagnosis) သိဖို့ ၈၀% လောက်က လူနာတွေ ဆီက မေးခွန်းတွေ မေးရင်းနဲ့ စဉ်းစားသွားတာ
ရောဂါ ကြီးကြီးမားမားမဟုတ်ဘူး
အသက်အန္တရာယ် မစိုးရိမ်ရဘူး ဆိုရင်
သိသာထင်ရှားတဲ့ ဖျားနာမှုဆိုရင် ဒီလောက်နဲ့ပြီးပါတယ် - ဆေးပေးလိုက်မယ် ဘယ်နှစ်ရက်နေပြန်လာပြ ဆို ပြီး မှာ လိုက်ရုံပဲ
သွေးစစ်တယ် ဓာတ်မှန်တွေ ရိုက်တယ် ဆိုတာ သူတို့ စဉ်းစားထားတာ ပြန် confirm လုပ်ဖို့ရယ်
ရောဂါရဲ့ အတိမ်အနက် ကို သေချာ သိဖို့ရယ် ထပ်စစ်ကျတာ များပါတယ် လူနာတွေ ပိုက်ဆံ ကုန်မှာ မို့ အတတ်နိုင်ဆုံး မစစ်ခိုင်းပါဘူး
မြင်သာအောင်ပြောရရင်
Puzzle 🧩 ဖြေရသလိုပဲ
ဥဗမာ ဟင်းတစ်ခွက်နာမည် နဲ့ ပြောပြရမယ် ဆိုရင် မုန့်ဟင်းခါးလား၊ ကြက်သားချက်လား၊ ငါးပိရေဖျော်လား သိဖို့မေးခွန်းတွေ မေးပါတယ်
လိုအပ်တဲ့ ၊ ဖြစ်နိုင်နဲ့ ၊ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ရောဂါ လက္ခာကို မေးမှာပါ
စဖြစ်တဲ့အချိန် ကနေ အဆင့်ဆင့် ဆေးခန်းလာတဲ့အထိ
ဟင်းဆီပြန်သွားရင်
ပါဝင်တဲ့ ဟင်း recipe လိုပဲ
ဘယ်စျေးက ဝယ်လာတာလဲ
ဘာအရာင်လဲ
အမာလား၊ အနုလား ၊ အသားလား၊ အရွက်လား
ဘယ်လို ပြင်ဆင်ရတာလဲ
ဘာတွေထည့်ရတာလဲ
ဘယ်လိုအရသာရှိတာလဲ
စသဖြစ်ပေါ့
ဥဗမာ ချောင်းဆိုးရတဲ့အကြောင်းရင်း အများကြီးရှိပါတယ်
အအေးမိတာ ၊ TB ဖြစ်တာ ၊ ရိုးရိုး bacteria 🦠 ကြောင့်ဖြစ်တာ
ချောင်းဆိုးတာက လက္ခာပြတာပဲ ဖြစ်တယ် တကယ့် တရားခံကိုရှာတွေ့မှ အမြစ်ဖြစ်လို့ရမှာ
ဆရာဝန်တွေဆိုတာ နတ်ဘုရားမဟုတ်ပါဘူး သူတို့လည်း အဲ magical power ရချင်တာပေါ့ ကြည့်လိုက်တာနဲ့ အကုန် whole body scan လုပ်ပြီး အကုန်သိတာမျိုး
အဲတော့ ဆေးခန်းပြရင်ခံစားရတာ ဖြစ်တာသူတို့ကိုပြောပြ
ပါ
မေးခွန်းတွေမေးရင်လည်း ဆိုင်လို့လားလို့ မတွေးပါနဲ့
မဆိုင်ရင် ဘာလို့ နှစ်ဦးနှစ်ဖက်ရဲအချိန်တွေ၊ Engergy ေတွေ
ကုန်ခံပြီးမေးနေမှာလဲ နော်
အားလုံး ကျန်းမာကြပါစေ 💕