Healthy & Happy

Healthy & Happy Fitness | Nutrition | wellness

Empowering women to a healthier version of them with every bite and rep.

My goal is to promote healthy eating habits, weight lifting and help to achieve their fitness goal. I would like to share how to cook fat loss healthy meal.

19/07/2025

✅ရေရှည်စွဲမြဲတဲ့ ရလာဒ်လိုချင်လား..
Weight training လုပ်ပါ။

✅ hourglass shape body လိုချင်လား…
Weight training လုပ်ပါ။

✅ စားချင်တာကို စားချင်သလို စားပီး ဘော်ဒီကိုထိန်းထားချင်လား..
weight training လုပ်ပီး မာဆယ်တည်ဆောက်ပါ။ muscle mass များလေ ကယ်လိုရီများများလောင်ကျွမ်းလေမို့ ဝိတ်မပြီး မာဆယ်တည်ဆောက်ပါ။ (ပန်ရောင်ဝိတ်တုံးလောက်နဲ့တော့ မရဘူးနော်.. heavy lifting မျိုးဆော့မှ ကိုယ်စားချင်တာကို စားချင်သလိုစားလို့ရမယ်)

✅ ဘဝမှာ ဘာပဲကြုံကြုံ ရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်ခွန်အားလိုချင်လား။
Weight training လုပ်ပါ။ (Bulgarian split squat ဆော့နိုင်လာရင် တော်ရုံ လောကဓံလောက်ကို အံကြိတ်ခံနိုင်သွားလိမ့်မယ်။ 🤭

✅ ကိစ္စတော်တော်များများကို သီးခံနိုင်တဲ့စွမ်းအင်လိုချင်လား။
Weight training လုပ်ပါ။

ဘာလို့ ဒီလောက် အမျိုးသမီးတွေကို weight training လုပ်ဖို့ တိုက်တွန်းနေရတာလဲဆိုရင်

✅Physical benefits
〰️〰️〰️〰️〰️〰️
💪ပိုလှလာမယ်။ ပိုကျန်းမာမယ်။ ပိုသန်မာမယ်။

💪 muscle mass များလာရင် metabolism အားကောင်းလာမယ်။ cardio ဆော့ပီးဝိတ်ကျတဲ့ ရလာဒ်နဲ့ ဝိတ်မလို့ ဝိတ်ကျပီးရတဲ့ ရလာဒ် မတူတာကို သိလိမ့်မယ်။

🦴weight training ကကြွက်သားတည်ဆောက်ပေးရုံမက ကြွက်သားနဲ့ချိတ်ဆက်နေတဲ့အရိုးတွေကိုပါ သန်မာစေတယ်။

✅ Mental benefits
〰️〰️〰️〰️〰️〰️

🧘‍♀️ hormone balance ဖြစ်လာလို့ mental health ကိုအထောက်အကူပြုတယ်။ stress လျော့လာမယ်၊ depression and mood swings သက်သာလာမယ်။

🤰ကလေးအမေတွေ ကလေးမွေးပြီးရင်ရတဲ့ Postnatal depression ကို သက်သာစေတယ်။ Weight training လုပ်တာနဲ့ brain ထဲက endorphins (feel-good hormones) ပိုမိုထွက်လာတတ်ပါတယ်။ အဲ့တော့ စိတ်ဓာတ်ကျတာ mood swing တာကို သက်သာစေပါတယ်။

😎 Self confidence, Self- loved, self- respect တွေတိုးလာလိမ့်မယ်။
စစချင်းလမှာ ကိုယ်မလုပ်နိုင်ဘူးလို့ထင်တဲ့အရာတွေကို ၄ပတ်လောက်အကြာမှာ လုပ်လာနိုင်တဲ့အခါ “ ငါလုပ်နိုင်တယ်ဆိုတဲ့ “ ခံစားချက်က ကိုယ့်ကိုကိုယ် ယုံကြည်မှူတွေ တိုးစေတယ်။
တဖြေးဖြေး လှလာတဲ့ ကိုယ့်ဟာကို ပိုချစ်လာမယ်။

😴 better sleep - Weight training လုပ်ပြီးတဲ့ညတွေမှာ ပိုပြီး ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။

👩🏽‍🤝‍👩🏾social connection- gym သွားပြီဆိုတာနဲ့ workout buddy တွေရလာမယ်။ network လေးတခု တည်ဆောက်လာနိုင်မယ်။
Fitness friend တွေက စိတ်ဓာတ်ခွန်အားတွေပေးမယ်။

✅ discipline and routine လေး တခုကို တည်ဆောက်ပေးတယ်။ တပတ် ၂ရက်၊ ၃ရက် စသည်ဖြင့် ကိုယ်နိုင်သလောက်ဆော့တဲ့အခါ routing လေး တခုရပီး နေ့စဉ်ကောင်းမွန်တဲ့ အလေ့အကျင့်တွေ တည်ဆောက်ဖြစ်သွားတယ်။

ကဲ ဒီလောက်ဆို weight training လုပ်ဖို့ ပျင်းနေတုန်းပဲလား ။
ခုပဲစဆော့လိုက်ကြနော်




Big shout out to my newest top fans! 💎ThetThet Mon, Zar Ni Win, Lwîn Maÿ LațțDrop a comment to welcome them to our commu...
16/07/2025

Big shout out to my newest top fans! 💎

ThetThet Mon, Zar Ni Win, Lwîn Maÿ Lațț

Drop a comment to welcome them to our community, fans

Life Update!From Part time accountant to Full time payroll position at American Airlines 🎉🎉1:1 online coaching clients တ...
15/07/2025

Life Update!

From Part time accountant to Full time payroll position at American Airlines 🎉🎉

1:1 online coaching clients တွေက မနက်ပိုင်းအချိန်တွေပဲပေးနိုင်ပါတော့တယ်။ (လောလောဆယ်တော့ လူပြည့်သွားပြီ)

Fitness class - circuit class ကတော့ Tuesday evening တိုင်း Stanwell moor community hall မှာ ဆက်ပြီးရှိပါမယ်။

Online coaching- video class တွေလဲ ရှိပါတယ်။

အချိန်မရှိဘူး။ မအားသေးဘူး။ မလုပ်နိုင်ဘူးဆိုတဲ့ မိတ်ဆွေများကို ပြောချင်တာက.. အချိန်ဆိုတာ ကိုယ်က သတ်မှတ်တာပါ။
ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်ရဲ့ အချိန်ဇယားထဲက တနေ့ တနာရီ ရအောင်လုပ်ပြီး ကြိုးစားကြည့်ပါလို့..

စိတ်ဆောင်ရင် ဘာမဆိုဖြစ်ပါတယ်။
ကြိုးစားရင် ရလာဒ်ထွက်ပါတယ်။
Fighting 💪




Healthy food တိုင်းက ဝိတ်ကျစေတာမဟုတ်ပါဘူး။ Healthy food တွေမှာလဲ ကယ်လိုရီများတဲ့ အစားအသောက်တွေပါတယ်။ ဒါပေမဲ့ healthy foo...
08/07/2025

Healthy food တိုင်းက ဝိတ်ကျစေတာမဟုတ်ပါဘူး။
Healthy food တွေမှာလဲ ကယ်လိုရီများတဲ့ အစားအသောက်တွေပါတယ်။ ဒါပေမဲ့ healthy food စားတဲ့အခါ အာဟာရတန်ဖိုးတွေ အပြည့်အဝရစေပါတယ်။

✅For example - breakfast မှာ ကြက်ဥ၊ bagels and black coffee ပဲ (ပုံမှန်ဆို healthy food, calories လဲ နဲမယ်ပေါ့နော်) ဒါပေမဲ့ breakfast တခုထဲကို 630kcal ရှိပါတယ်။

ဘာလို့လဲ ⁉️

(Bagel ကို ကြည်က thin bagel အစား normal bagel သုံးထားတယ်။ peanut butter ကို ၃၀ဂရမ်ထည့်ထားတယ်။ အဲ့တာကြောင့် ကယ်လိုရီများသွားတာပါ။ )

✅နေ့လည်စာနဲ့ ညစာကို တူတူစားပါတယ်။

မနေ့က စားတာလေးကို tracking လုပ်ထားတာလေး sharing လုပ်ပေးလိုက်ပါတယ်။

ကြည့်ရဲ့ meal plan - Total calories က 2400 kcal ပါ။

✅ ဝိတ်ချနေတဲ့သူဆို ဒီမနက်စာကို thin bagel အစားထိုးပီး peanut butter 10g ပဲ သုံးမယ်ဆို ကယ်လိုရီ ၄၀၀ လောက်ပဲ ရှိပါမယ်

✅Snack ချိန်ဆိုလဲ rice cake 3ခုအစား တခုလောက်ပဲ စားလို့ရပါတယ်။ ဒီနေ့တော့ အပြောင်းအလဲဖြစ်အောင် smoked salmon အစား chicken sausage ပြောင်းစားပါတယ်။

✅ lunch and dinner မှာ ကြည်က ထမင်း ၂၀၀ဂရမ်ထည့်ထားပါတယ်။ ဝိတ်ချတဲ့လူတွေ ၁၀၀ ဂရမ်လောက်စားရင်ရပါပီ။ အသီးအရွက်လေးပိုထည့်ပီးစားပေးပါ။




Top 13% in UK ဆိုပဲ 😄😄
07/07/2025

Top 13% in UK ဆိုပဲ 😄😄

06/07/2025

Couple workout sessions on Saturday..

Upper body Workout split as follows,

1/ Lat Pull Down (8- 12 reps x 3 sets)
2/ Seated Cable Row (8-12 reps x 2 sets)
3/ single arm Lat pull down (12 reps x 2 sets)
4/ Shoulder press (8/10 reps x 3sets)
5/ lateral raise (12 reps x 3 sets)
6/ Front raise (12 reps x 2 sets)
7/ Tricep extension (12 reps x 2 sets)
8/ around the world (12 reps x 2 sets)

လိုက်ဆော့ချင်တဲ့လူများအတွက် Back and Arms workout လေးတွေပါ။




✨ Consistency is Key ✨မနေ့ညက နောက်ကျမှ ပြန်ရောက်လို့ အိပ်ရေးသိပ်မဝဘူး။ မနက်နိုးတော့ Gym သွားဖ်ု့ပျင်းနေပေမဲ့ ရောက်အောင်သ...
06/07/2025

✨ Consistency is Key ✨

မနေ့ညက နောက်ကျမှ ပြန်ရောက်လို့ အိပ်ရေးသိပ်မဝဘူး။ မနက်နိုးတော့ Gym သွားဖ်ု့ပျင်းနေပေမဲ့ ရောက်အောင်သွားဖြစ်တယ်။

မိတ်ဆွေတို့ တခါတလေ အရမ်းပင်ပန်းနေတတ်မယ်.. Gym သွားဖို့ပျင်းနေတတ်တယ်.. 100% full energy မရှိခဲ့ရင်တောင်မှ Gym သွားမယ်လို့ဆုံးဖြတ်ထားရင် ရောက်အောင်သွားလိုက်ပါ။

100% energy မရှိရင်တောင် 50% လောက်ပဲရှိလဲပဲ လုပ်စရာတခုကို ပြီးအောင် စည်းကမ်းလေးချထားတာမျိုး၊ စွဲစွဲမြဲမြဲ လုပ်တာမျိုးက ရေရှည်မှာ ရလာဒ်ထွက်ဖို့ အထောက်အကူပြုပါတယ်။

ဆိုပါစို့.. ပင်ပန်းတယ်၊ အားမရှိဘူး ဒါပေမဲ့ အလုပ်ကနေခွင့်ယူလို့မရဘူး ကို့စီးပွါးရေးအတွက် (ငွေကြေးအတွက်)အလုပ်ကိုသွားကိုသွားမှရမယ် ဆိုသလိုမျိုးပဲ.. ကို့ကျန်းမာရေးအတွက်၊ ကို့ ခန္ဓာကိုယ်အတွက် ဒါကို လုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်လေး ထားနိုင်ရင်၊ အဲ့လိုစိတ်လေးထားလိုက်ရင် gym သွားဖို့၊ workout လုပ်ဖို့ movement တခု လုပ်ဖို့ ပျင်းတော့မှာ မဟုတ်ပါဘူး။
အရေးကြီးတာက စွဲမြဲစွာ လုပ်ဖို့.. consistency ရှိဖို့ပါ။

This post is just for reminder!




ကို့ client တွေ ဒီလို services လိုချင်ကြသေးလားဗျို့.. မြန်မာပြည်ရယ် ထိုင်းရယ်နဲ့ဆို ဆီဖိုးမဟုတ် လိန်ပျံခ တောင်းရမယ် 😆😆😆
05/07/2025

ကို့ client တွေ ဒီလို services လိုချင်ကြသေးလားဗျို့..
မြန်မာပြည်ရယ် ထိုင်းရယ်နဲ့ဆို ဆီဖိုးမဟုတ် လိန်ပျံခ တောင်းရမယ် 😆😆😆

✨ My 4 months Bulking Journey ✨Bulking ဆိုတာ ဘာလဲ ❓➡️ Bulking ဆိုတာ muscle တွေတိုးဖို့ calories surplus (ကယ်လိုရီကို ကို...
04/07/2025

✨ My 4 months Bulking Journey ✨

Bulking ဆိုတာ ဘာလဲ ❓

➡️ Bulking ဆိုတာ muscle တွေတိုးဖို့ calories surplus (ကယ်လိုရီကို ကို့ရဲ့ TDEE ထက် ၃၀၀-၅၀၀ ကယ်လိုရီလောက်ပိုတိုးစားပြီ. အလေးကိုလဲ progressive overload ဖြေးဖြေးချင်း တိုးသွားတာမျိုးပါ။

➡️ bulking phase မှာ nutrition, training, rest ၃မျိုးလုံးကို ဂရုစိုက်ဖို့လိုပါတယ်။ Training intensity လဲ အရေးကြီးသလို Rest and recovery ကိုလဲ မပေါ့သင့်ဘူး။ အိပ်ရေးဝအောင်လဲအိပ်ရမယ်။ Nutrition ကလဲ စားချင်တာစားတာမျိုးမဟုတ်ပဲ အသားဓာတ်ကို (lean meat) ပိုစားပေးပီး ကစီဓာတ် (ထမင်း၊ အာလူး၊ ကန်စွန်းဥ) စတာတွေလဲ ပိုစားပေးဖို့လိုပါတယ်။ တိကျတဲ့ nutrition plan and training plan ရှိရင်တော့ result မြန်မြန်ရပါတယ်။

➡️ bulking phase မှာ မာဆယ်တင် တက်လာတာမဟုတ်ပဲ အဆီလေးပါ တက်လာတတ်တယ်။ စိတ်မပူပါနဲ့။ bulking ပီးရင် cutting phase မှာ calories deficit ပြန်လုပ်ရပါမယ်။

ဒီပုံလေးကတော့ ၄လတာ ကာလမှာ weight ကို tracking လုပ်ထားတာဖြစ်ပါတယ်။

ဘယ်သူတွေ ဘယ်လို body goal တွေရှိလဲ..
ဘာတွေလုပ်နေလဲ ဖြေခဲ့ပေးပါဦး။



✨ Hey Stanwell Women! Let’s Chat, Connect & Feel Our Best 💪💜မိန်းကလေးတွေ အားလုံး ပိုကျန်းမာ ၊ပိုပျော်ရွှင်ဖို့ အတူတကွ ဆွ...
03/07/2025

✨ Hey Stanwell Women! Let’s Chat, Connect & Feel Our Best 💪💜

မိန်းကလေးတွေ အားလုံး ပိုကျန်းမာ ၊ပိုပျော်ရွှင်ဖို့ အတူတကွ ဆွေးနွေးဖို့ နွေးထွေးစွာကြိုဆိုပါတယ်။

Women of Stanwell Survey 2025
📅 Pick your session:
✅ Wednesday 9th July, 12pm – 1.30pm
✅ Wednesday 23rd July, 5.30pm – 7pm
📍 Community Building, Cordelia Park, Stanwell, TW19 7ER

This is your chance to:

✨ Share your ideas about activities, support, and events to help local women thrive
✨ Meet other inspiring women
✨ Talk about real topics that matter – from the Menopause Café to women’s health and wellbeing
✨ Connect, be heard, and help make a real difference in our community

As a local personal trainer, I know how important it is to feel supported, seen and strong – inside and out. This is more than a chat – it’s about building connections that lift us up and help us live our healthiest lives together.

💚 What to expect:
🌸 A warm welcome
☕ Free refreshments
🗣️ Friendly small group chats – no pressure, just come as you are
🌟 New connections and ideas to help you feel your best

Whether you did the survey or not – you’re so welcome to come along! Bring a friend, spread the word, and let’s make Stanwell an even better place for women to thrive.

Got questions? Message me anytime or contact Sue at s.wales@nhs.net.

📣 P.S. If you’d love help kickstarting your own fitness journey, I’m always here for a chat too! 💪✨

Address

Kosti

Website

Alerts

Be the first to know and let us send you an email when Healthy & Happy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthy & Happy:

Share