Sayarma Aye Pyae Sone

Sayarma Aye Pyae Sone ကျန်းမာခြင်းသည် လာဒ်တစ်ပါး

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
19/09/2024

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

💢 သိုင်းရွိုက်ကင်ဆာ 💢***********************သိုင်းရွိုက်ဆိုသည်မှာ လည်ပင်းအရှေ့ဖက်တွင် တည်ရှိသော ဂလင်းတစ်ခုဖြစ်ပါသည်။ ဂလင...
21/07/2024

💢 သိုင်းရွိုက်ကင်ဆာ 💢
***********************
သိုင်းရွိုက်ဆိုသည်မှာ လည်ပင်းအရှေ့ဖက်တွင် တည်ရှိသော ဂလင်းတစ်ခုဖြစ်ပါသည်။ ဂလင်းသည် လိပ်ပြာပုံစံရှိပြီး ဘယ်ဖက်အပိုင်း၊ ညာဖက်အပိုင်းနှင့် အလယ်ပိုင်းဟူ၍ ၃ပိုင်းပါရှိပါသည်။ သိုင်းရွိုက်ဂလင်းသည် နှလုံးခုန်နှုန်း၊ ​သွေး​ပေါင်ချိန်၊ ခန္ဓာကိုယ်အပူချိန်နှင့် ကိုယ်အ​လေးချိန်တို့ကို ထိန်းညှိ​ပေး​သော​ဟော်မုန်းဓါတ်များကို ထုတ်​ပေးပါသည်။

💢 ပြသ​လေ့ရှိ​သောလက္ခဏာများ 💢
********************************
သိုင်းရွိုက်ကင်ဆာသည် စစဖြစ်သည့်အချိန်တွင် သိသာထင်ရှား​သောလက္ခဏာများ ပြသ​လေ့မရှိပါ။
ကင်ဆာအလုံးကြီးလာသည့်အခါတွင် ​အောက်ပါလက္ခဏာများ ပြသ​လေ့ရှိပါသည်။
၁. လည်ပင်းအ​ရှေ့တွင် ပုံမှန်မဟုတ်​​သော အလုံး​ပေါ်လာခြင်း၊ အလုံးစမ်းမိခြင်း
၂. အသံ​ပြောင်းလာခြင်း၊ အသံပြာခြင်း၊ အသံဝင်ခြင်း။
၃. အစာ၊ ​ရေ မျိုသည့်အခါ ခက်ခဲလာခြင်း။
၄. လည်ပင်းနှင့် လည်​ချောင်း နာခြင်း။
၅. လည်ပင်းပတ်လည်ရှိ ပြန်​ရေ​ကြောကျိတ်များ ကြီးလာခြင်း။

💢 သိုင်းရွိုက်ကင်ဆာ ပိုမိုဖြစ်နိုင်​ချေရှိသူများ 💢
************************************
၁. အမျိုးသမီးများသည် အမျိုးသားများထက် သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်​ချေ ပိုများပါသည်။

၂. ဦး​ခေါင်းနှင့် လည်ပင်းတွင် ဓါတ်​ရောင်ခြည်ကုသမှု ခံယူထားဖူးခြင်း။

၃. မိသားစုမျိုးရိုးထဲတွင် သိုင်းရွိုက်ကင်ဆာ ဖြစ်ဖူး​သောသူရှိခြင်း။

💢 သိုင်းရွိုက်ကင်ဆာရှိမရှိ စစ်​ဆေးခြင်း 💢
***********************************
၁. ဆရာဝန်မှ လူနာ၏​ရောဂါရာဇဝင်စစ်​မေးခြင်း၊ လည်ပင်းရှိအလုံးအ​နေအထားကို စမ်းသပ်ခြင်း။

၂. သိုင်းရွိုက်လုပ်​ဆောင်ချက်ကို ​သွေးမှတဆင့် စစ်​ဆေးခြင်း။

၃. သိုင်းရွက်အတွင်းသို့ အပ်ဖြင့်ထိုးကာ အသားစအနည်းငယ်ယူ၍ အသားစစစ်​ဆေးခြင်း။

၄. အာထရာ​ဆောင်း၊ ကွန်ပြူတာဓါတ်မှန် (CT)၊ သံလိုက်ပုံရိပ်​ဖော်စက် (MRI) တို့ဖြင့် သိုင်းရွိုက်ကြီးထွားမှုပုံစံ စစ်​ဆေးခြင်း။

💢 သိုင်းရွိုက်ကင်ဆာ ကုသမှုပုံစံ 💢
*********************************
၁. ကြီးထွားလာ​သော သိုင်းရွိုက်အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်​တောက်ခြင်း။

၂. ​ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း​ဆေးရည် ​သောက်သုံးခြင်း။

၃. ဓါတ်​ရောင်ခြည်ကုထုံးခံယူခြင်း။

၄. ကင်ဆာ​ဆေးသွင်းကုထုံးခံယူခြင်း။

သိုင်းရွိုက်ကင်ဆာ ပျောက်ကင်း​အောင် ကုသမှုခံယူပြီးသည့်​နောက်ပိုင်းတွင် ​သိုင်းရွိုက်၏လုပ်​ဆောင်ချက် ပုံမှန်ရှိမရှိကို အမြဲစစ်​ဆေး​နေရန် လိုအပ်ပါသည်။



ညီမတို့  နေ့စဉ်စားသုံးနေတဲ့ အစားစာတွေထဲမှာဟင်းချက်လည်းမပါမဖြစ်သလို / အသုပ်မျိုးသုံသုပ်စားရင်လည်းမပါမဖြစ်  ကြက်သွန်နီရဲ့ ...
27/05/2024

ညီမတို့ နေ့စဉ်စားသုံးနေတဲ့ အစားစာတွေထဲမှာဟင်းချက်လည်းမပါမဖြစ်သလို / အသုပ်မျိုးသုံသုပ်စားရင်လည်းမပါမဖြစ် ကြက်သွန်နီရဲ့ ကောင်းကျိုးပြုတဲ့ လျှို့ဝှက်ချက်တွေကိုပြောပြပေးမယ်နော်

ကြက်သွန်နီမှာ ဒီလိုကောင်းကျိုးအာနိသင်တွေရှိပါတယ်ရှင့် ... ကြက်သွန်နီက ကင်ဆာ မပြန့်ပွားအောင်
ကာကွယ်ပေးပါတယ် ပီးတော့ သွေးအတွင်း သကြား ဓာတ်ကို
ထိန်းညှိပေးပါတယ်ရှင့်။သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။သွေးအားနည်းခြင်းကို ပျောက်စေပါတယ်။ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်ရှင့်။လည်ချောင်းနာ ချောင်းဆိုးခြင်းကို သက်သာစေတဲ့အပြင် ပါးစပ်နာခြင်းနဲ့ သွားဆွေးခြင်းကို ကာကွယ်ပေးပါသေးတယ်ရှင့် ဆီးလမ်းကြောင်း ဝေဒနာများကို
သက်သာစေသလို အစာအိမ်နာခြင်းကို သက်သာစေပါတယ်ရှင့်။
အဲ့ဒါတွေအပြင် ပျားတုတ်ခံခြင်း နာကျင်ခြင်းသက်သာစေပါတယ်ရှင့် ... နားကိုက်ခြင်း ၊ အေအးမိ တုတ်ကွေးရောဂါ ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုး ၊ နှလုံးသွေးကြောကျဉ်းရောဂါ ၊အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ တို့ဖြစ်ပွားခြင်းမှလည်းကာကွယ်ပေးပါတယ်ရှင့်.... အရေးကြီးဆုံးကတော့ ကင်ဆာ ၊ သွေးတိုးရောဂါဆီးချိုရောဂါ အစရှိသည်တို့ကို သက်သာပျောက်ကင်းစေပါတယ်ရှင့်

ကျန်းမာရေးဗဟုသုတတွေ ဖတ်ချင်ရင်တော့ အောက်က link မှာ ဆရာမ ရဲ့ page ကိုlike and follow လေးလုပ်ထားကြအုံးနော် 🫶🏻🫶🏻🫶🏻

Lincomycin (လင်ကိုမိုင်စင်)ပဋိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်။အသုံးပြုရန်-        -အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုး၊  ...
19/04/2024

Lincomycin (လင်ကိုမိုင်စင်)

ပဋိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်။

အသုံးပြုရန်-
-အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုး၊
-အရေပြားတွင်ဖြစ်သောပြည်တည်နာအမျိုးမျိုး၊
-အရိုးအဆစ်တွင်ဖြစ်သော Bacteria ပိုးဝင်ရောဂါအမျိုးမျိုး စသော ဆိုးရွားပြင်းထန် Bacteria ပိုးဝင်ရောဂါများတွင်အသုံးပြုပါတယ်။

အာနိသင်ထက်မြက်သော်လည်း ဆေးအပြစ်ပြင်းထန်လွန်းသဖြင့်အလွန်ဆိုးရွားသော Bacteria ရောဂါများ ကုသရန်အတွက်သာ အသုံးပြုသင့်သည်ဟု သတ်မှတ်ခံရသော ပဋိဇီဝ ဆေးဖြစ်ပါတယ်။

မှတ်ချက်-ဆေးဝါးများအသုံးပြုမည်ဆိုလျှင် ဆရာဝန်(သို့မဟုတ်)ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုရန်။

Aspirin (အက်စ်ပရင်)အသုံးပြုပုံ-နှလုံးသွေးကြောကျဥ်း၍ ဖြစ်သော နှလုံးစူးအောင့်နာအတွက်ပထမဦးစားပေး အသုံးပြုပါတယ်။      -နှလု...
13/04/2024

Aspirin (အက်စ်ပရင်)

အသုံးပြုပုံ-
နှလုံးသွေးကြောကျဥ်း၍ ဖြစ်သော နှလုံးစူးအောင့်နာအတွက်ပထမဦးစားပေး အသုံးပြုပါတယ်။
-နှလုံးသွေးကြောကျဥ်းရောဂါတွင် နှလုံးသွေးကြောပိတ်ခြင်းမဖြစ်အောင်ကာကွယ်ရန်အသုံးပြုပါတယ်။
-နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်နေလျှင်လည်းနောက်ထပ်မဖြစ်အောင်ကာကွယ်သည့်အနေဖြင့်အသုံးပြုပါတယ်။
-ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော လေဖြတ်ရောဂါတွင် နောက်ထပ်သွေးကြောပိတ်ပြီး လေထပ်မဖြတ်အောင် ကာကွယ်သည့်အနေဖြင့်အသုံးပြုပါတယ်။

အကိုက်ခဲပျောက်ဆေးအဖြစ် အခြားsteroidမဟုတ်သောအရောင်လျော့အကိုက်ခဲပျောက်ဆေးများကိုအစားထိုးအသုံးပြုနေကြပြီဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်း၊ဖျားခြင်း၊အဆစ်မြစ်ရောင်ခြင်းအတွက် စတင်ပေါ်ခါစက တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့သော်လည်း ယခုအခါ လေးဘက်နာအဆစ်ရောက်ခြင်းအတွက်သာ အဓိကအသုံးပြုလေ့ရှိပါတယ်။

မိုးမခပင်၏အခေါက်ကို အဖျားကျဆေး အကိုက်အခဲပျောက်ဆေးအဖြစ် ရှေးကတည်းက လူတို့အသုံးပြုခဲ့ကြပါတယ်။
Aspirin ကို 1899 တွင်ဆေးဝါးအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။
Aspirin သည်အဖျားကျ အကိုက်အခဲပျောက်စေသည့်အပြင် သွေးဥမွှားများ စုဖွဲ့ပြီး သွေးခဲဖြစ်ခြင်းကို ဟန့်တားနိုင်သည့်အာနိသင်လည်းရှိပါသည်။

“သွေးပေါင်ကျခြင်းအကြောင်းသိကောင်းစရာ”~~~~~~~သွေးပေါင် ချိန်လိုက်တိုင်းအမြဲ 90/60 ဆိုရင်တော့ ဘာလက္ခဏာမှ မပြပါဘူး ဒါကပုံမှ...
07/04/2024

“သွေးပေါင်ကျခြင်းအကြောင်းသိကောင်းစရာ”
~~~~~~~

သွေးပေါင် ချိန်လိုက်တိုင်းအမြဲ 90/60 ဆိုရင်တော့ ဘာလက္ခဏာမှ မပြပါဘူး ဒါကပုံမှန်ပါပဲ။ ဆေးကုစရာမလိုသလို စိတ်ပူဖို့လဲမလိုပါဘူး။ ရုတ်တရက် သွေးပေါင်ကျတဲ့အထဲမှာပါဝင်တဲ့ လက္ခဏာတွေကတော့
အိပ်ရာကနေမိုက်ခနဲ မူးတာတို့၊ထိုင်ရာက ရုတ်တရက် ထလိုက်ရင်မိုက်ခနဲ မူးတာတို့ဖြစ်ပါတယ်။
တစ်ခါတစ်လေ အချိန်တွေမှာဖြစ်ရင်တော့ အရမ်းစိတ်ပူစရာမလိုပါဘူး။
ဘာလို့လဲဆိုတော့ ဒါကရုတ်တရက် လူခန္ဓာကိုယ် ယိမ်းယိုင်လှိုင်ရှားမှုကြောင့် ရုတ်တရက်သွေးပေါင်ကျတဲ့ လက္ခဏာပါ။မိမိ ခန္ဓာကိုယ်ကို ပြန်လည် တည်မတ်ပေးလိုက်တာနဲ့ ရပါတယ်၊ပြန်ကောင်းသွားပါတယ်။ဒါကတော့လူအများစုဖြစ်တက်ကြပါတယ်။

တစ်ခါတစ်လေဖြစ်ရင် စိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့ မကြာခဏဖြစ်နေရင်တော့ပြန်လည်စစ်ဆေးသင့်ပါတယ်။
“ဘယ်လိုပုံစံတိုင်းရင်မှန်ကန်တဲ့သွေးပေါင်ကိုရရှိမလဲ?”
အခုခတ်မှာ ဆေးရုံဆေးခန်းမှာပဲ သွေးပေါင်တိုင်းလို့ရတာမဟုတ်ဘဲ မိမိအိမ်မှာ သွေးပေါင်တိုင်းတဲ့စက်ကိုဝယ်ပြီး တိုင်းလို့ ရပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ သွေးပေါင်ရဖိုအရေးကြီးပါတယ်။ဒါကြောင့်လူတစ်ယောက်ကို သွေးပေါင်တိုင်းရင် ထိုင်ရက်တိုင်းတဲ့ နည်းက အမှန်ကန်ဆုံးပါပဲ၊လူတစ်ယောက်မှာထိုင်ရက်ပုံစံနဲ့ မတ်တပ်ရပ်ပြီးတိုင်းတဲ့ပုံစံ သွေးပေါင်တိုင်းတာမတူသလို၊မနက်ခင်း
ပိုင်းတိုင်းတာနဲ့ ညပိုင်းတိုင်းတာ မတူပါဘူး။ လှုပ်ရှားသွားလာပြီး စကားတွေပြောပြီးတိုင်းတာနဲ့ နားနားနေနေ နေပြီးတိုင်းတဲ့ သွေးပေါင်မတူပါဘူး။
ဒါကြောင့် လူတစ်ယောက်ထဲမှာကိုပဲ သူရဲ့ လှုပ်ရှားသွားလာမှုနဲ့ တိုင်းတဲ့အချိန်ပေါ်မူတည်ပြီးသွေးပေါင်မတူညီပါဘူး။

သွေးပေါင်ကျစေတဲ့ အကြောင်းအရာတွေကတော့”
(1)နေမကောင်းဖြစ်ပြီးမကြာခဏအန်နေခြင်း။

(2)ရေမသောက်တာ ကြာနေခြင်း၊ရေမသောက်လို့လဲ သွေးပေါင်ကျတတ်ပါတယ်။ဥပမာ ရေမသောက်ဘဲ စကားတွေအများကြီးပြော အလုပ်တွေလုပ်ပြီး ထလိုက်တဲ့အခါကျရင် မူသွားတာမျိုးဖြစ်တတ်ပါတယ်၊ လှုပ်ရှား လွန်ကဲရင်လဲသွေးပေါင်ကျတတ်ပါတယ်။ လေ့ကျင့်ခန်း ဒါမှမဟုတ် အလုပ်တွေ ဆက်တိုက်လုပ်တဲ့သူတွေလဲ သွေးပေါင်ကျတတ်ပါတယ်။

(3)ဆီးချိုရောဂါ၊ကျောက်ကပ်မှာ သွေးကြောတွေ ပျက်စီးနေတဲ့သူတွေ၊နှလုံးရောဂါ၊နှလုံးခုန်နှုန်းမမှန်တဲ့သူတွေ၊thyroid hormone၊မျက်စိကြောင့်လား၊အမြင်အာရုံ ကြောင့်လား၊သွေးပေါင် ခဏခဏကျတဲ့သူတွေကို ECG နဲ့ပြန်လည်စစ်ဆေးသင့်ပါတယ်။

(4)မိမိသောက်နေတဲ့ ဆေးကြောင့် သွေးပေါင်ကျတာလား၊
ဥပမာ ဆီးသွားစေတဲ့ဆေး၊နှလုံးဆေး၊သွေးတိုးကျဆေး၊ပန်ညှိုးသက်သာစေတဲ့ဆေး စတဲ့ ဆေးတွေကို နှစ်ရှည်လများ သောက်နေရတဲ့ အတွက်လည်း သွေးပေါင်ကျနိုင်ပါတယ်။ဒါကြောင့် မိမိသောက်နေတဲ့ ဆေးကိုဆရာဝန်ကိုမချွင်းမချန် အကုန် ပြောပြသင့်ပါတယ်။

(5)မီးယပ်ပေါ်တဲ့ အချိန်မှာလဲ သွေးပေါင်ကျတတ်ပါတယ်။
ဒီအချက်ဖြစ်ရင်တော့ မိမိကိုယ်လဲသိနိုင်ပါတယ်၊ရုတ်တရက်ခြေဖျားလက်ဖျားတွေအေးလာမယ်။ချွေးသီးတွေပြန်လာမယ်။
စကားမပြောနိုင်တော့တာ၊သတိမေ့သလိုဖြစ်လာမယ်၊ဒါဆိုရင်တော့နီးစပ်ရာ ဆေးခန်းမှာကုသမှုခံယူသင့်ပါတယ်။ဒါကအရေး
ကြီးအချက်ပါ။
အများစုကတော့ သွေးပေါင်ကျရင်ရေသောက်ပြီး နားနားနေနေ နေပြီးလှဲလိုက်ရင် သက်သာသွာပါတယ်။ဒါကြောင့် 90/60 ထက်မနည်းရင် အကြောဆေးတို့။ vitamin တို့ထိုးစရာမလိုပါဘူး ၊နားနားနေနေ နေရင်သက်သာပါလိမ့်မယ်။
ဒါကြောင့် အစပိုင်းကပြောထားသလို သွေးပေါင်ကျတာ ရောဂါမဟုတ်ပဲ လက္ခဏတစ်ခုဖြစ်တဲ့အတွက် အချိန်တော်တော် များများ သွေးပေါင်ကျနေရင် ဘာကြောင့် သွေးပေါင်ကျနေရလဲဆိုတာကိုရှာဖွေသင့်ပါတယ်။


06/04/2024

၁။ ကျောက်ကပ် အားကောင်းအောင်
ခြေဖျားထောက် လမ်းလျှောက်ပါ။

၂ ။အသည်း အားကောင်းအောင်
ချိုင်း အောက်ကို
လက်ခုပ် နဲ့ ပုတ်ပေးပါ။

၃။ နှလုံး အားကောင်းအောင်
တံတောင်ဆစ် အကွေးချိုင့် ထဲကို
လက်ခုပ်ဖြင့် ပွတ်ပေးပါ။

၄ ။အစာအိမ် အားကောင်းအောင်
ချက် ဘေးပတ်ပတ်လည်
လက်ဖြင့် ပွတ်ပေးပါ။

၅။ကျော မာဆက်လုပ်ဖို့
အိပ်ယာထ
ဒူးနှစ်ဖက်ပိုက်ပြီး ထပြီးရင်
နောက်ကိုဖြေးဖြေး လှန်ပေးပါ။

၆။ ဦးဏှောက်
အာရုံကြောလန်းဆန်းပြီး
သွေးလှည့်ပတ်မူ့ အားကောင်းစေဖို့
ငယ်ထိပ် ကို လက်ခုပ် နဲ့
ဖြေးဖြေးပုတ်ပေးပါ။

တမျိုး ၅၀စီ လုပ်ပါ။

ကျန်းမာပျော်ရွှင်
ရောဂါကင်းဝေးကြပါစေ။ ___________________________________
# #ပေးပါသည်
ကျန်းမာရေးဗဟုသုတများ

 #လူတိုင်းအတွက် အရေးပေါ်အသက်ကယ်နည်းဆေးလောကနဲ့ပတ်သက်သူတိုင်း မတတ်မဖြစ်တတ်သင့်၊သိသင့်တဲ့နည်းကတော့အရေးပေါ်အသက်ကယ်နည်း ဖြစ်ပ...
01/04/2024

#လူတိုင်းအတွက် အရေးပေါ်အသက်ကယ်နည်း

ဆေးလောကနဲ့ပတ်သက်သူတိုင်း မတတ်မဖြစ်တတ်သင့်၊သိသင့်တဲ့နည်းကတော့
အရေးပေါ်အသက်ကယ်နည်း ဖြစ်ပါတယ်။

အမှန်တော့ အရေးပေါ်အသက်ကယ်နည်းဟာ
ကျန်းမာရေးဝန်ထမ်းတွေသာမက လူတိုင်းသိသင့်သိထိုက်တဲ့ အကြောင်းအရာ
တမျိုးဘဲဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ လူတစ်ယောက် ရုတ်တရက်
သတိလစ်ပြီး လဲကျသွားရင် ဘာလုပ်ရမယ်ဆိုတာလောက်တော့
အခြေခံသိထားသင့်ပါတယ်။

အရေးပေါ်အသက်ကယ်နည်းဆိုတာ တကယ်တော့ cardiopulmonary
resuscitation(CPR) လုပ်တာကိုခေါ်တာပါ။ဆရာဝန်တွေက
စီပီအာရ်(CPR)လုပ်တယ်လို့ ခေါ်တာ ကြားဘူးကြမှာပေါ့။cardio
ဆိုတာနှလုံး၊pulmonary ဆိုတာ အဆုတ်၊resuscitation ဆိုတာ
ကယ်ဆယ်တာ၊ဒါကြောင့် နှလုံးနှင့်အဆုတ်ကို ကယ်ဆယ်ခြင်းလို့
အဓိပ္ပယ်ရပါတယ်။နှလုံးနှင့် အဆုတ်ယာယီရပ်တန့်တာကို
ပြန်ခုန်အောင်လုပ်တာပါ။

CPRလုပ်ဖို့ဘာပစ္စည်းကိရိယာမှမလိုအပ်ပါဘူး။ဒါ့ကြောင့်လည်း basic life support အခြေခံအသက်ကယ်နည်းလို့
ဆိုတာပေါ့။ဒီလိုဆိုရင် CPRကို ဘယ်လိုအခါမျိုးမှာ
လုပ်ကြမှာလဲ။

အလွယ်ဆုံးဖြေရရင် လူတစ်ယောက်ရုတ်တရက် လဲကျပြီး
မလှုပ်ရှားဘူး၊အသက်မရှုတော့ဘူးဆိုရင် စီပီအာရ်လုပ်ဖို့
လိုအပ်လာပါပြီ။လူနာရဲ့ရင်ဘတ်ပေါ်လက်တင်ပြီး
ဖိရတော့မယ်။

ဒီထက်ပိုတိကျချင်လို့ ဘယ်အခါမျိုးတွေမှာ စီပီအာရ်
လုပ်ရမလဲဆိုရင်
-နှလုံးရောဂါ ရုတ်တရက်ဖောက်ပြီး နှလုံးခုန်ရပ်တဲ့အခါ၊
-ရေနစ်ပြီးနောက် အသက်ရှုရပ်တဲ့ အခါ၊
-အသက်ရှူလမ်းကြောင်းပိတ်ပြီး သတိလစ်တဲ့အခါ၊
-ရုတ်တရက်လေဖြန်းတဲ့အခါ၊
-ရှောခ့်ရတဲ့အခါ၊
-ဆေးအလွန်အကျွန်သောက်ပြီး(သို့) တက်ပြီးသတိလစ်တဲ့အခါ၊
-ဓာတ်လိုက်တဲ့အခါ၊
-ဒဏ်ရာရပြီး(သို့)ကြောက်ပြီး သတိလစ်တဲ့အခါ၊ မျိုးတွေမှာ CPRလုပ်လေ့ ရှိပါတယ်။

ဆေးကျောင်းသားတွေကို အမြဲမေးတတ်တဲ့မေးခွန်းတစ်ခု ရှိတယ်။ရှောခ့်ရတဲ့အခါ
ဘာလုပ်မလဲ ဆိုတာ။A,B,C လုပ်ပါမယ်ဆိုပြီး
ဖြေရတယ်။အဲလောက်ဆိုရင်ကိုရပြီ။

Aဆိုတာ
Airway၊အသက်ရှူလမ်းကြောင်းပိတ်မပိတ်၊တစ်ဆို့နေတာ
ဘာရှိလဲကြည့်တာ။ပိတ်ဆို့နေတာရှိရင် ဖယ်ပေးရမယ်။

Bဆိုတာ Breathing
အသက်ရှူခြင်းရှိမရှိ
ကြည့်ပါ၊နားထောင်ပါ၊ခံစားကြည့်ပါလို့ဆိုတယ်။အသက်မရှူရင် mouth-to-mouth
resuscitation ပါးစပ်နဲ့တေ့ပြီး လေမှုတ်ပေးရမယ်။

Cဆိုတာ Circulation
သွေးလည်ပတ်ခြင်း ရှိ၊မရှိ လည်ပင်းမှာရှိတဲ့ carotid arteryကို စမ်းပြီး
ပြောနိုင်တယ်။ခြေဖျားလက်ဖျား အေးစက်သလားကြည့်ပြီးလည်း
ပြောကြတယ်။နှလုံးခုန်ရပ်တယ်ဆိုရင်တော့ ရင်ဘတ်ပေါ်လက်တင်ဖိချပြီး
ကုသဖို့လိုပါတယ်။ရုပ်ရှင်တွေထဲမှာလဲ မြင်ဘူးမှာပေါ့။သတိလစ်နေတဲ့လူနာကို
လည်ပင်းသွေးကြောစမ်းကြည့်တာမျိုးတွေ၊နှာခေါင်းနားမှာ
လက်နှစ်ချောင်းထားပြီး စမ်းသပ်တာမျိူးတွေ။လက်ချောင်းထိပ်ဖျားတွေဟာ
အမှန်တကယ်အာရုံခံစားမှုအပိုင်းမှာ
ပိုမိုကောင်းမွန်ကြောင်းတွေ့ရပါတယ်။ရှူထုတ်တဲ့လေထဲမှာ ပါဝင်တဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ဝင်လေထက် ထွက်လေက
ပိုမိုပူနွေးပါတယ်။ဒါကြောင့် အသက်ရှူမရှူကို အလွယ်တကူ ပြောနိုင်ပါတယ်။

CPRလုပ်တဲ့အခါ နည်းဟောင်းနဲ့ နည်းသစ်ဆိုပြီး
နှစ်မျိူးရှိပါတယ်။နည်းသစ်ဟာ ၂၀၀၅နောက်ပိုင်းမှ ပြောင်းလဲလာတဲ့
နည်းဖြစ်ပါတယ်။မေးစရာတစ်ခုက နည်းဟောင်းနဲ့
နည်းသစ်ဘာကွာခြားသွားလဲ။

အဓိကကွာခြားချက်က နည်းသစ်မှာ
နှလုံးကိုပိုမိုဦးစားပေးကုသခြင်းပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာ
နှလုံးဟာပိုမိုအရေးကြီးတယ်၊ပိုမိုအလေးထားသင့်တယ်ဆိုပြီးဖြစ်လာတယ်။ယခင်က
ရင်ညွန့်ရိုးအထက် လက်နှစ်ဆစ်ခန့်မှာ လက်ကိုထားခိုင်းပေမယ့်
၂၀၀၅နောက်ပိုင်းမှစပြီး ရင်ဘတ်အလယ်(centre of chest)မှာ လက်ဖနောင့်ကို
ထားဖို့ပြောလာကြပါတယ်။ယခင်က ရင်ဘတ်ဖိတဲ့အကြိမ်အရေအတွက်၁၅:၂ အစား
၂၀၀၈နောက်ပိုင်းမှစပြီး
၃၀:၂အဖြစ်ပြောင်းလဲသတ်မှတ်လာကြပါတယ်။ဒါကြောင့်နည်းသစ်မှာ
အဓိကပြောင်းလဲမှုနှစ်ခုကတော့ ရင်ညွန့်ရိုးပေါ်လက်တင်တဲ့နေရာ(centre of
chest)နဲ့ အကြိမ်အရေအတွက် (၃၀:၂)ပြောင်းလဲခြင်းဘဲ
ဖြစ်ပါတယ်။

လူတစ်ယောက်မိမိရှေ့မှာ သတိလစ်ပြီးလဲပြီဆိုတာနဲ့ CPRစလုပ်ရမှာ
ဖြစ်ပါတယ်။လုပ်ဆောင်ရမဲ့့ CPRနည်းသစ်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

#အရေးပေါ်အသက်ကယ်နည်း(CPR) ပြုလုပ်ပုံ အဆင့်ဆင့်

၁။လဲကျသွားသော လူနာကို ရှေးဦးစွာ အန္တရာယ်ကင်းသော၊အရိပ်ရသော နေရာသို့
ရွေ့ပြောင်းပေးပါ။

၂။လူနာကို ညီညာသော၊မာကျောသော ကြမ်းပြင်ပေါ်တွင် ပက်လက်ထားပါ။

၃။အဝတ်အစားများ တင်းကြပ်နေပါက ဖြေလျှော့ပေးပါ။

၄။ပြုစုကုသသူသည် လူနာ၏ဘေးတွင် ဒူးထောက်ထိုင်ချပါ။

၅။မိမိ၏လက်ဖနောင့်ကို လူနာ၏ရင်ဘတ်အလယ်တည့်တည့်(ရင်ညွန့်ရိုး)တွင် ထားပါ။

၆။ကျန်သောအခြားလက်တစ်ဖက်ဖြင့် အဆိုပါလက်ပေါ်သို့ အုပ်ကိုင်ပြီး ဖိချပါ။

၇။အရေးကြီးသည့်အချက်မှာ လက်နှစ်ဘက်ကို ဆန့်ဆန့်ထား၍
လက်ဖနောင့်အားသုံးပြီး မိမိအလေးချိန်ကို လက်နှစ်ဘက်ပေါ်သို့
သက်ရောက်စေရမည်။

၈။တစ်ခါဖိလျှင် လူနာ၏ရင်ဘတ် နှစ်လက်မခန့် နိမ့်ဝင်အောင် ဖိသင့်ပြီး
တစ်မိနစ်လျှင် အကြိမ် ၁၀၀နှုန်းဖြင့် လုပ်ရမည်။

၉။အကြိမ်သုံးဆယ်ဖိပြီးတိုင်း လူနာ၏ပါးစပ်ထဲသို့ လေမှုတ်သွင်းခြင်းကို
နှစ်ခါပြုလုပ်ရမည် ဖြစ်သည်။(၃၀ဖိ:၂ခါမှုတ်)

၁၀။လေမှုတ်သွင်းသည့်အခါ လူနာ၏ နှာခေါင်းကိုပိတ်၊မေးစေ့ကိုမ၍ ပါးစပ်ကို
ဟထားရမည်။(ပါးစပ်မဟနိုင်လျှင် နှာခေါင်းမှ မှုတ်သွင်းပါ။)

၁၁။လေကိုကောင်းမွန်စွာ ရှူရှိုက်၍ လူနာ၏ပါးစပ်ကို
ငုံပြီးမှုတ်သွင်းပေးပါ။(တစ်စက္ကန့်အတွင်း နှစ်ကြိမ်ပြည့်အောင်
မှုတ်သွင်းပေးပါ။)

၁၂။လေမှုတ်သွင်းသည့်အခါ လူနာ၏ ရင်ဘတ်မို့တက်လာမှသာ လုပ်နည်းမှန်သည်။

၁၃။CPRတစ်ခါလုပ်လျှင် နှစ်မိနစ်ခန့် လုပ်သင့်ပြီး လူနာ၏အခြေအနေကို
ပြန်လည်ဆန်းစစ်ရမည် ဖြစ်သည်။

၁၄။ပြန်လည်သတိမရမချင်း (သို့)လူနာတင်ယာဉ်မလာမချင်း ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်သည်။

#တစ်နှစ်အောက်ကလေးငယ်များအတွက် CPRအသက်ကယ်နည်း

၁။အသက်ရှူလမ်းကြောင်း စစ်ဆေးပြီး ပိတ်သည့်အရာများကို ဖယ်ရှားပေးပါ။

၂။ကလေး၏ရင်ဘတ်(ရင်ညွန့်ရိုး)ပေါ်တွင် လက်မနှစ်ချောင်းအပြိုင်ထား၍ ဖိပေးပါ။

၃။တစ်မိနစ်လျှင် အကြိမ် ၂၀၀နှုန်းဖြင့် ဖိရမည်ဖြစ်သည်။

၄။တစ်ခါဖိလျှင် ရင်ဘတ်အောက် တစ်လက်မခန့် နစ်ဝင်အောင်
ဖိသင့်သည်။(ကိုယ်လုံးအားသုံးရန် မလိုဘဲ လက်မအားနှင့်သာ ဖိရန်လိုအပ်သည်။)

၅။အကြိမ်သုံးဆယ်ဖိပြီးတိုင်း လေနှစ်ခါမှုတ်သွင်းပေးပါ။(၃၀:၂)

၆။မှုတ်သွင်းသည့် အခါ ပြုစုသူ၏ပါးစပ်ဖြင့် ကလေးငယ်၏
နှာခေါင်းနှင့်ပါးစပ်ကို ငုံမိအောင် ထား၍မှုတ်သွင်းပါ။

၇။မှုတ်သွင်းနည်းမှန်ပါက ကလေးငယ်၏ ရင်ဘတ်မို့တက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

၈။တစ်ခါလုပ်လျှင် ၂မိနစ်ခန့်(၅ကြိမ်)လုပ်ရန်လိုအပ်ပြီး ကလေး၏အခြေအနေကို
ပြန်လည်စမ်းဆစ်ရမည်။

၉။ဤနည်းအားဖြင့် လိုလျှင်လိုသလို ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်သည်။

ယခုနောက်ပိုင်းတွင် နှလုံးကိုသာမက ဦးနှောက်ကိုပါ အဓိကထားလာကြသည်ကို
တွေ့ရမှာဖြစ်တယ်။နောက်ပိုင်းတွင်ဦးနှောက်သည်
ပိုမိုအရေးပါနိုင်ဖွယ်ရှိပြီး cardiopulmonary resuscitation အစား
cardiocerebral resuscitation အဖြစ် ပြောင်းလဲကုသဖွယ်
ရှိပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဦးနှောက်ဟာ တခြားအစိတ်အပိုင်းများထက်
အောက်စီဂျင်ပြတ်တောက်မှုကို ပိုမို ခံစားရပြီး
ထိလွယ်ခိုက်လွယ်လို့ဖြစ်ပါတယ်။ဦးနှောက်ဆဲလ်တွေဟာ
အောက်စီဂျင်ပြတ်တောက်မှုကို မိနစ်ပိုင်းထက် ပိုပြီးမခံနိုင်ပါဘူး။ဒါ့အပြင်
နှလုံး၊အဆုတ်စတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ ဦးနှောက်ရဲ့
သိစိတ်မဲ့လှုံ့ဆော်မှုတွေနဲ့ အလုပ်လုပ်နေတာ ဖြစ်တာကြောင့်
ပိုမိုအလေးထားလာကြတာဖြစ်ပါတယ်။ ဖြစ်လာပြီဆိုရင်လည်း ကိုယ်က လက်ဦးမှုရဖို့ အရမ်းအရေးကြီးပါတယ်။ ဖြစ်ပြီဆိုတာနဲ့ ဘာမှမစဉ်းစားပဲ အရေးပေါ်အသက်ကယ်နည်းကို မြန်မြန်အသုံးချစေချင်ပါတယ်။ တခါတလေ လူနာရဲ့အသက်ဟာ ကိုယ့်ပေါ်မူတည်လာတတ်လို့အမှန်တကယ် အသုံးချတတ်အောင် ကြိုးစားပါ။ တခြားနိုင်ငံတွေမှာ အရေးပေါ်အခြေအနေမှာ ဆောင်ရန်၊ရှောင်ရန်တွေကို စနစ်တကျသင်ကြားပေးကြပေမယ့် ဒီမှာတော့ သိပ်အဆင်မပြေသေးပါဘူး။ အရေးပေါ်အသက်ကယ်နည်းကို အသုံးချ၍ လူ့အသက်များကို ကယ်နိုင်ကြပါစေ......။

"ပထမဆုံး ရေချိုးချိန် : မွေးကင်းစလေးကို ဘယ်လို ရေချိုးပေးမလဲ???" .ကလေးလေးတွေက ချက်ကြိုးမကြွေခင်အထိ ရေမြှုပ်လေးတွေ လိုအပ်...
20/03/2024

"ပထမဆုံး ရေချိုးချိန် : မွေးကင်းစလေးကို ဘယ်လို ရေချိုးပေးမလဲ???"
.
ကလေးလေးတွေက ချက်ကြိုးမကြွေခင်အထိ ရေမြှုပ်လေးတွေ လိုအပ်ပါတယ်၊ မွေးကင်းစလေးတွေကို ဘေးကင်းကင်းနဲ့ ရေချိုးပေးနိုင်မယ့် နည်းလေးတွေ မျှဝေပေးသွားပါမယ်။

မိဘဖြစ်စဆိုရင် မွေးကင်းစလေးကို ရေချိုးပေးဖို့အတွက်က ကြောက်ရတဲ့အရာတစ်ခုပါ။ ကိုယ့်ရဲ့ ကလေးလေးကို ကိုင်တွယ်ရတာတောင် စိုးတထင့်ထင့်နဲ့ ကိုင်တွယ်နေရချိန်မှာ ရေချိုးပေးဖို့ဆိုတာက တကယ်ကို သတ္တိမွေးရတဲ့အရာပါ။ ဒါပေမယ့်လည်း မကြာပါဘူး ရေမြှုပ်လေးနဲ့ ရေချိုးပေးရာမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

ဒီနေရာမှာ သိထားသင့်တာလေးတွေကို မျှဝေပေးချင်ပါတယ်။

✔️ကလေးလေးရဲ့ ပထမဆုံး ရေချိုးချိန်ဟာ ဘယ်အချိန် ဖြစ်သင့်လဲ???

ကလေးကို ဆေးရုံမှာဆိုရင် သူနာပြုတွေက မွေးပြီး နာရီပိုင်းအတွင်းမှာပဲ လုပ်ပေးကြပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကတော့ ‌ကလေးမွေးပြီး ၂၄နာရီလောက် စောင့်ဆိုင်းဖို့ အကြံပြုထားပါတယ်။ ဒီလို စောင့်ဆိုင်းခြင်းက သွေးတွင်းသကြားဓာတ် နှင့် ခန္ဓာကိုယ်အပူချိန်ကို လည်ပတ်‌စေပြီး မိခင်နို့တိုက်ကျွေးခြင်းကို တိုးတက်‌စေပြီး ကလေးရဲ့ အရေပြားခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ကလေးရဲ့ ချက်ကြိုးမကြွေသေးမချင်း ရေချိုး‌ဇလုံနဲ့ ချိုပေးဖို့ အဆင်သင့်ဖြစ်ဦးမှာ မဟုတ်သေးပါဘူး။ ဒါက ၂ပါတ်နှင့် အထက် ကြာနိုင်ပါတယ်၊ အဲ့ဒီအတောတွင်းတော့ ရေမြှုပ်လေးနဲ့ပဲ ရေချိုးသန့်စင်ပေးပါ။

✔️မွေးကင်းစရေချိုးရေမြှုပ်ပစ္စည်းများ

ဘေးကင်းစေဖို့အတွက် ကလေးကို ရေချိုးမပေးခင်မှာ လိုအပ်တဲ့ ပစ္စည်းတွေကို အရင် စုထားပါ။ ကလေးကို ရေချိုးပေးနေစဉ်မှာ ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့၊ ရေမြှုပ်နဲ့ ရေချိုးပေးမယ်ဆိုရင် လိုအပ်တာတွေက - ကလေးရေချိုးဆပ်ပြာ၊ အဝတ်စ နှစ်စ၊ သဘက်စောင်၊ ရေနွေးနွေးလေးထည့်ထားတဲ့ ခွက်ကြီး၊ ကလေးလိုးရှင်း၊ ဒိုက်ပါ၊ လဲပေးရမယ့် ဝတ်စုံတို့ဖြစ်ပါတယ်။

✔️မွေးကင်းစ ကလေးလေးကို ဘယ်လို ရေချိုးပေးမလဲ

လိုအပ်တဲ့ပစ္စည်းအားလုံး ရပြီဆိုရင် စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ! စိတ်ထဲမှာ မှတ်ထားရမှာ ကလေးဟာ ပထမဆုံး ရေချိုးရတာကို ကြိုက်ချင်မှ ကြိုက်မှာပါ၊ မကြိုက်ရင် အကျယ်ကြီး အော်ငိုတတ်ကြပါတယ်။
✔️ကလေးလေးရဲ့ မျက်နှာကို သစ်ပေးပါ။

ကလေးရဲ့ အဝတ်စားတွေ ချွတ်မပေးခင် မျက်နှာအရင်သစ်ပေးပါ၊ ဘာလို့လဲဆိုတော့ တစ်ချို့ကလေးလေးတွေက အဝတ်အစားမပါဘဲ အေးနေရင် လန့်တတ်ကြလို့ပါ။ ဂွမ်းစလေးနဲ့ မျက်လုံးဘေးတစ်ဝိုက်ကို သန့်စင်ပေးပါ။ မျက်လုံးတစ်ဖက်ကို ဂွမ်စတစ်ခု သုံးပါနော်။ ကလေးမျက်နှာသစ်ရင် ဆပ်ပြာသုံးဖို့မလိုပါဘူး။

✔️နားလေးတွေကို သန့်ရှင်းပေးပါ

ကလေးလေးရဲ့ နားရွက်အပြင်ကို ဂွမ်းစလေးသုံးပြီး သန့်ရှင်းပေးပါ၊ မွေးကင်းစလေးတွေရဲ့ နားလေးတွေက နုသေးတာမို့ နားအတွင်းပိုင်းကိုတော့ သန့်ရှင်းမလုပ်ပါနဲ့နော်!

✔️ဆံပင်လေးတွေကို ဆေးပေးပါ

ပထမဆုံး ခေါင်းလေးကို ရေနွေးနွေးလေးနဲ့ လောင်းပေးပြီး ကလေးဆပ်ပြာ နည်းနည်းလေးသုံးပြီး ခေါင်းလျှော်ပေးပါ။ သာသာလေး ခေါင်းကို ပွတ်ပေးပြီး ရေဆိုအဝတ်စနဲ့ ဆေး‌ကြောပေးပါ၊ ပြီးရင်တော့ သဘက်နုနုလေးနဲ့ ခေါင်းခြောက်အောင် သုတ်ပေးပါ။

✔️ရေမြှုပ်နဲ့ ရေချိုးပေးတာ စလို့ရပါပြီ

အခုဆိုရင် ကလေးရဲ့ အဝတ်စားတွေ ချွတ်ပေးပြီး ပေါင်ပေါ်တင်ထားပါ၊ ကလေးဆပ်ပြာနည်းနည်းကို ရေမြှုပ်ထဲထည့်လိုက်ပါ၊ အများကြီးမသုံးပါနဲ့၊ ကလေးရဲ့ အရေပြားက နုသေးတာမို့ပါ။ ကလေးဆပ်ပြာဝယ်ရင် ရေမွှေးတို့ ဆိုးဆေးတို့ပါလား သေချာကြည့်ပါနော်။

ကလေးရဲ့ လည်ပင်းကစပြီး ဆပ်ပြာထည့်ထားတဲ့ ရေမြှုပ်လေးနဲ့ သန့်စင်ပေးပါ၊ ပြီးမှ ခန္ဓာကိုယ်ရှေ့‌ေအာက်ပိုင်းကို ဆင်းသွားပါ။ လက်ကြား ခြေကြားလေးတွေကိုလည်း သေချာ သန့်ရှင်းပေးပါ။ ပြီးရင် ‌ဆပ်ပြာမပါတဲ့ ရေမြှုပ်နဲ့ ဆေးလိုက်ပါ။ ပြီးသွားရင်‌တော့ သဘက်လေးနဲ့ ပြန်ပတ်ထားလိုက်ပြီး ခြောက်သွေ့သွားအောင် လုပ်လိုက်ပါ။

တစ်ခါ ကလေးကို ပေါင်ပေါ် မှောက်ထားပြီး အနောက်ကို အပေါ်ကအတိုင်း ‌သန့်ရှင်းပေးပါ။

✔️ခြောက်သွေအောင်လုပ်ပြီး လိုးရှင်းလိမ်းပေးပါ

မွေးကင်းစလေးတွေက အအေးပတ်လွယ်ကြပါတယ်။ ရေချိုးပေးပြီးတာနဲ့ မြန်မြန်ခြောက်သွေ့အောင်လုပ်ပြီး နွေးထွေးအောင် လုပ်‌ပေးပါနော်။ ပြီးရင် ဘေဘီလိုးရှင်းလေး လိမ်းပေးပြီး ဒိုက်ပါနဲ့ အဝတ်စားတွေ ဝတ်ပေးလိုက်ပါ။

✔️မွေးကင်းစလေးတွေကို ဘယ်နှကြိမ် ရေချိုးပေးရမလဲ

ကလေးလေးဟာ နေ့တိုင်း ရေချိုးပေးဖို့ မလိုပါဘူး။ မျက်နှာ၊ လည်ပင်း၊ လက်တွေကို သန့်ရှင်းပေးတယ်ဆိုရင် တစ်ပါတ်ကို သုံးကြိမ်လောက်ပဲ ရေချိုးပေးရင် လုံလောက်ပါတယ်။ ရေမြှုပ်နဲ့ ရေချိုးပေးတာက ချက်ကြိုးမကြွေခင်အထိပဲ လိုအပ်တာပါ။ ချက်ကြိုးကြွေသွားပြီး နောက်ပိုင်းတော့ ရေချိုးကန်လေးထဲ ထည့်‌ချိုးပေးနိုင်ပါပြီ။
src: Baby's First Bath: How to Bathe a Newborn

“သွေးပေါင်ကျခြင်းအကြောင်းသိကောင်းစရာ”~~~~~~~သွေးပေါင် ချိန်လိုက်တိုင်းအမြဲ 90/60 ဆိုရင်တော့ ဘာလက္ခဏာမှ မပြပါဘူး ဒါကပုံမှ...
20/03/2024

“သွေးပေါင်ကျခြင်းအကြောင်းသိကောင်းစရာ”
~~~~~~~

သွေးပေါင် ချိန်လိုက်တိုင်းအမြဲ 90/60 ဆိုရင်တော့ ဘာလက္ခဏာမှ မပြပါဘူး ဒါကပုံမှန်ပါပဲ။ ဆေးကုစရာမလိုသလို စိတ်ပူဖို့လဲမလိုပါဘူး။ ရုတ်တရက် သွေးပေါင်ကျတဲ့အထဲမှာပါဝင်တဲ့ လက္ခဏာတွေကတော့
အိပ်ရာကနေမိုက်ခနဲ မူးတာတို့၊ထိုင်ရာက ရုတ်တရက် ထလိုက်ရင်မိုက်ခနဲ မူးတာတို့ဖြစ်ပါတယ်။
တစ်ခါတစ်လေ အချိန်တွေမှာဖြစ်ရင်တော့ အရမ်းစိတ်ပူစရာမလိုပါဘူး။
ဘာလို့လဲဆိုတော့ ဒါကရုတ်တရက် လူခန္ဓာကိုယ် ယိမ်းယိုင်လှိုင်ရှားမှုကြောင့် ရုတ်တရက်သွေးပေါင်ကျတဲ့ လက္ခဏာပါ။မိမိ ခန္ဓာကိုယ်ကို ပြန်လည် တည်မတ်ပေးလိုက်တာနဲ့ ရပါတယ်၊ပြန်ကောင်းသွားပါတယ်။ဒါကတော့လူအများစုဖြစ်တက်ကြပါတယ်။

တစ်ခါတစ်လေဖြစ်ရင် စိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့ မကြာခဏဖြစ်နေရင်တော့ပြန်လည်စစ်ဆေးသင့်ပါတယ်။
“ဘယ်လိုပုံစံတိုင်းရင်မှန်ကန်တဲ့သွေးပေါင်ကိုရရှိမလဲ?”
အခုခတ်မှာ ဆေးရုံဆေးခန်းမှာပဲ သွေးပေါင်တိုင်းလို့ရတာမဟုတ်ဘဲ မိမိအိမ်မှာ သွေးပေါင်တိုင်းတဲ့စက်ကိုဝယ်ပြီး တိုင်းလို့ ရပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ သွေးပေါင်ရဖိုအရေးကြီးပါတယ်။ဒါကြောင့်လူတစ်ယောက်ကို သွေးပေါင်တိုင်းရင် ထိုင်ရက်တိုင်းတဲ့ နည်းက အမှန်ကန်ဆုံးပါပဲ၊လူတစ်ယောက်မှာထိုင်ရက်ပုံစံနဲ့ မတ်တပ်ရပ်ပြီးတိုင်းတဲ့ပုံစံ သွေးပေါင်တိုင်းတာမတူသလို၊မနက်ခင်း
ပိုင်းတိုင်းတာနဲ့ ညပိုင်းတိုင်းတာ မတူပါဘူး။ လှုပ်ရှားသွားလာပြီး စကားတွေပြောပြီးတိုင်းတာနဲ့ နားနားနေနေ နေပြီးတိုင်းတဲ့ သွေးပေါင်မတူပါဘူး။
ဒါကြောင့် လူတစ်ယောက်ထဲမှာကိုပဲ သူရဲ့ လှုပ်ရှားသွားလာမှုနဲ့ တိုင်းတဲ့အချိန်ပေါ်မူတည်ပြီးသွေးပေါင်မတူညီပါဘူး။

📌“သွေးပေါင်ကျစေတဲ့ အကြောင်းအရာတွေကတော့”
(1)နေမကောင်းဖြစ်ပြီးမကြာခဏအန်နေခြင်း။

(2)ရေမသောက်တာ ကြာနေခြင်း၊ရေမသောက်လို့လဲ သွေးပေါင်ကျတတ်ပါတယ်။ဥပမာ ရေမသောက်ဘဲ စကားတွေအများကြီးပြော အလုပ်တွေလုပ်ပြီး ထလိုက်တဲ့အခါကျရင် မူသွားတာမျိုးဖြစ်တတ်ပါတယ်၊ လှုပ်ရှား လွန်ကဲရင်လဲသွေးပေါင်ကျတတ်ပါတယ်။ လေ့ကျင့်ခန်း ဒါမှမဟုတ် အလုပ်တွေ ဆက်တိုက်လုပ်တဲ့သူတွေလဲ သွေးပေါင်ကျတတ်ပါတယ်။

(3)ဆီးချိုရောဂါ၊ကျောက်ကပ်မှာ သွေးကြောတွေ ပျက်စီးနေတဲ့သူတွေ၊နှလုံးရောဂါ၊နှလုံးခုန်နှုန်းမမှန်တဲ့သူတွေ၊thyroid hormone၊မျက်စိကြောင့်လား၊အမြင်အာရုံ ကြောင့်လား၊သွေးပေါင် ခဏခဏကျတဲ့သူတွေကို ECG နဲ့ပြန်လည်စစ်ဆေးသင့်ပါတယ်။

(4)မိမိသောက်နေတဲ့ ဆေးကြောင့် သွေးပေါင်ကျတာလား၊
ဥပမာ ဆီးသွားစေတဲ့ဆေး၊နှလုံးဆေး၊သွေးတိုးကျဆေး၊ပန်ညှိုးသက်သာစေတဲ့ဆေး စတဲ့ ဆေးတွေကို နှစ်ရှည်လများ သောက်နေရတဲ့ အတွက်လည်း သွေးပေါင်ကျနိုင်ပါတယ်။ဒါကြောင့် မိမိသောက်နေတဲ့ ဆေးကိုဆရာဝန်ကိုမချွင်းမချန် အကုန် ပြောပြသင့်ပါတယ်။

(5)မီးယပ်ပေါ်တဲ့ အချိန်မှာလဲ သွေးပေါင်ကျတတ်ပါတယ်။
ဒီအချက်ဖြစ်ရင်တော့ မိမိကိုယ်လဲသိနိုင်ပါတယ်၊ရုတ်တရက်ခြေဖျားလက်ဖျားတွေအေးလာမယ်။ချွေးသီးတွေပြန်လာမယ်။
စကားမပြောနိုင်တော့တာ၊သတိမေ့သလိုဖြစ်လာမယ်၊ဒါဆိုရင်တော့နီးစပ်ရာ ဆေးခန်းမှာကုသမှုခံယူသင့်ပါတယ်။ဒါကအရေး
ကြီးအချက်ပါ။
အများစုကတော့ သွေးပေါင်ကျရင်ရေသောက်ပြီး နားနားနေနေ နေပြီးလှဲလိုက်ရင် သက်သာသွာပါတယ်။ဒါကြောင့် 90/60 ထက်မနည်းရင် အကြောဆေးတို့။ vitamin တို့ထိုးစရာမလိုပါဘူး ၊နားနားနေနေ နေရင်သက်သာပါလိမ့်မယ်။
ဒါကြောင့် အစပိုင်းကပြောထားသလို သွေးပေါင်ကျတာ ရောဂါမဟုတ်ပဲ လက္ခဏတစ်ခုဖြစ်တဲ့အတွက် အချိန်တော်တော် များများ သွေးပေါင်ကျနေရင် ဘာကြောင့် သွေးပေါင်ကျနေရလဲဆိုတာကိုရှာဖွေသင့်ပါတယ်။


06/03/2024

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Sayarma Aye Pyae Sone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sayarma Aye Pyae Sone:

Featured

Share