22/08/2025
👨⚕
Bronchial asthma in children (ကလေးငယ် နှင့် ပန်းနာရင်ကြပ် ရောဂါ)
==========================
အသက်ရှူလိုက်တိုင်း တရွှီရွှီမြည်၍ ရင်ဘတ်ချိုင့်ဝင်သည်အထိ ဖုတ်လိုက်ဖုတ်လိုက် အသက်ရှူ၊ ချောင်းဆိုး၊ မောနေ ကျပ်နေလျှင် ရင်ကျပ်ပန်းနာ ရောဂါဟု လူတိုင်းနီးနီး သိကြပါသည်။
ကလေးတွေမှာဖြစ်တဲ့ ရင်ကျပ်ပန်းနာရောဂါသည် တစ်ဝက်မှာ ကလေးဘဝမှာပင် ပျောက်သွားပြီး လူကြီးဘဝအထိ ပါမသွားတတ်ကြောင်းတော့ သိသူ နည်းနည်း နည်းနေပေဦးမည်။ ထိုထက်ပို၍ကား ရင်ကျပ်တတ်သောကလေးများသည် လူအများယူဆထားသလို အစားအသောက်မှားလျှင် ( အဆီ နှင့် အချိုအစိမ့် စားလျှင်) ကျပ်ခြင်းမဟုတ်ဘဲ
(၁) အအေးမိ နှားဆေး ချောင်းဆိုး၍ ဖျားသော ဗိုင်းရပ်စ်ပိုးများဝင်လျှင်
(၂) စီးကရက်အငွေ့ မော်တော်ကားအိပ်ဇောအငွေ့ စသော မသန့်ရှင်းသောလေ ရှူမိလျှင်
(၃) သန်ကောင် အစရှိသော ကပ်ပါးပို့တို့ ရှိနေလျှင်
(၄) အိမ်မွေးတိရစ္ဆာန်ငယ်တို့နှင့် လက်ပွန်းတတီးနေလျှင်
(၅) စွတ်စိုအေးမြသော ရာသီဥတုနှင့်တွေ့လျှင်
(၆) အချို့သောကလေးငယ်တို့တွင် ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်လျှင်
ကျပ်လာခြင်း ဖြစ်ကြောင်းတော့ သိသူ ပို၍ပင် နည်းလှသည်။
👉 ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်းနှုန်းသော ကလေးတို့တွင် ရင်ကျပ်ပန်းနာရောဂါ ဖြစ်လာနိုင်သဖြင့် ကြိုတင် စိတ်ပူ၍ ကာကွယ်နိုင်လျှင်တော့ ပိုကောင်းသည်။
✅ မိဘ၊ ဦးလေး၊ အဒေါ်၊ အဖိုး၊ အဖွား၊ အကို၊ အမ ဝမ်းကွဲတို့တွင် ရင်ကျပ်ပန်းနာ ရှိသည့် ရာဇဝင်မျိုး သိထားခဲ့လျှင်
✅ ကလေး ၆ လအောက် အရွယ်ကတည်းက အအေးမိနှာစေးတိုင် ရင်ကျပ်ကျပ်နေလျှင်
✅ ငယ်ထိပ်တွင် အဆီပြင် ရောင်ရမ်းခြင်း၊ ပါးတွင် နို့ပွေးပေါက်ခြင်း၊ ကိုယ်ပေါ်တွင်ယားယံသော အနီ အကြေးကွက်များပေါက်ခြင်း စသည့် ရင်ကျပ်ရောဂါနှင့် အမျိုးတော်သည့် ရောဂါများတွေ့တွေ့နေရပါလျှင် ကလေးကို ရင်ကျပ်ပန်းနာဖြစ်မလာအောင် အောက်ပါ ကာကွယ်နည်းများကို အားထုတ်သင့်သည်။
( က) မိခင်နို့ တစ်မျိုးတည်းသာ အသက် ၆ လ အထိ တိုက်ကျွေးခြင်း💯
မွေးပြီးပြီးလျှင် ပြီးခြင်းမှ စ၍ နို့ဗူး မကူ၊ ရေမကူ၊ ဖြည့်စွက်အစာ မကျွေးပဲ အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် ရင်ကျပ်ရောဂါ သာမက အခြားရောဂါများပါ ကာကွယ်ပေးနိုင်သည်။မိခင်ကိုယ်တိုင် ရင်ကျပ်ပန်းနာ ရှိလျှင်တောင် မိခင်မှ ရောဂါမကူးနိုင် နို့ဗူးတိုက်မှသာ ရင်ကျပ်ပန်းနာ ရောဂါ ရနိုင်သည်။
( ခ) ပြုပြင်ထားသော ဗူးနို့များတိုက်ခြင်း💯
မိခင်နို့တိုက်ရန် ဘယ်လိုမှ မဖြစ်နိုင်သော ကလေးများ ( ဥပမာ မိခင်သေဆုံးခြင်း) အတွက်ကတော့ နို့မှုန့်တွင်ပါဝင်သော နွားနို့၏ ပရိုတင်းဓာတ်ကို ချေဖျက်ထားသည့် နို့မှုန့် ( Hydrolysate) များ တိုက်ကျွေးနိုင်သည်။
( ဂ) မိခင်က အစာ ရှောင်ဖို့ မလိုပါ💯
ကိုယ်ဝန်ဆောင်စဉ် ဖြစ်ဖြစ် နို့တိုက်စဉ် ဖြစ်ဖြစ် မိခင်က အစာရှောင်တာ ရင်ကျပ်ပန်းနာရောဂါ ကို မကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိထားပါသည်။ အစာ ရှောင်မှသာ အဟာရ ချို့တဲ့၍ ဘယ်ရီဘယ်ရီ ရောဂါ ဖြင့် ကလေးသေဆုံးနိုင်သည်။
(ဃ) အိမ်မွေးတိရစ္ဆာန်များ💯
နောက်ပိုင်းတွေ့ရှိချက်များကတော့ စိတ်ဝင်စားဖို့ကောင်းပါသည်။ အသက် ၆ နှစ် အထက် ကလေးများ အိမ်မွေးတိရစ္ဆာန်များနှင့် ထိတွေ့မှုများလျှင် ရင်ကျပ်ရောဂါ ဖြစ်လာနိုင်သည်မှာ သေချာနေသော်လည်း အသက် ၆ နှစ်အောက် ကလေးများအတွက် မသေချာဟု ဆိုသည်။
သို့ပေမယ့် မိခင်ဖြစ်သူမှာ ရောဂါရာဇဝင်ရှိလျှင်တော့ မမွေးသင့်ပါ ။ ဖြစ်နိုင်ချေ ပိုများတတ်ပါသည်။
(င) ဆေးလိပ်ငွေ့ရှောင်ပါ💯
ဒါကတော့ အမြဲတမ်း သေချာခဲ့သည်။ ဆေးလိပ်သောက်သော မိဘ ရှိလျှင် ကလေးရင်ကျပ်မည်။ နားပြည်ယိုမည်။ ကလေးအနားမှာ သောက်သောက် မသောက်သောက် ခန္ဓာကိုယ်မှာ ကပ်နေသော အနံ့နှင့်ပင် ဖြစ်မည်။
(စ) House dust mite ခေါ် သာမာန်မျက်စိနှင့် မမြင်နိုင်သောပိုးမွှားများ💯
ဒီပိုးက စိုစွတ်ထိုင်းမှိုင်းသော အခန်း၏ ကော်ဇော ဆိုဖာ အိပ်ရာခင်းတို့တွင် ကပ်နေတတ်သည်။ ဒီပိုး အနားမှာ ရှိလျှင် ကလေး ရင်ကျပ်တတ်သည်။ အိပ်ရာခင်းများကို ပြုတ်၍ လျှော်ဖွတ်ခြင်း၊ အခန်းများအတွင်းသို့ နေရောင်မှန်မှန် ဝင်ရောက်၍ ခြောက်သွေ့စေခြင်း၊ ထိုပိုးကို ကာကွယ်နိုင်စွမ်းရှိသော အိပ်ရာခင်း ခေါင်းအုံးစွပ်များ အသုံးပြုခြင်း ဖြင့် ထိထိရောက်ရောက် ကာကွယ်နိုင်သည်။
ရင်သွေးတို့ ရင်ကျပ်ပန်းနာ ဘေးကင်းကြပါစေ။
to original writer