26/01/2024
ခေါင်းတစ်ခြမ်းကိုက်ရောဂါ "မိုင်ဂရိန်း"
မိုင်ဂရိန်း (𝗠𝗶𝗴𝗿𝗮𝗶𝗻𝗲) ဟာ ရိုးရိုးခေါင်းကိုက်တာထက် ပိုမိုပြင်းထန်တဲ့ ခေါင်းကိုက်ရောဂါ ဖြစ်ပါတယ်။ ဖြစ်လိုက် ပျောက်လိုက်နဲ့လည်း နာတာရှည် ဖြစ်လေ့ရှိပါတယ်။ ခေါင်းကိုက်တယ်ဆိုတာနဲ့ ပျို့ချင်အန်ချင်စိတ်ပါ တစ်ခါတည်း တွဲဖြစ်လေ့ရှိပါတယ်။ အချို့ဆို တစ်ခါတည်း ထိုးအန်တတ်ပါတယ်။ ပြီးတော့ မျက်စိထဲမှာ ပုံမှန်မဟုတ်တဲ့ အလင်းရောင်တွေ ပြိုးပြိုးပြက်ပြက်တွေ မြင်ရလေ့ရှိပါတယ်။ များသောအားဖြင့် မျိုးရိုးလိုက်တတ်ပါတယ်။ အဖေ သို့မဟုတ် အမေလုပ်သူမှာ မိုင်ဂရိန်းရှိခဲ့ရင် သားသမီးအချို့လည်း ဒီရောဂါရနိုင်တယ်လို့ ဆိုလိုတာပါ။ ခေါင်းကိုက်တယ်ဆိုတဲ့နေရာမှာ ခေါင်းတစ်ခုလုံး ကိုက်တာရှိသလို တစ်ခါတစ်လေမှာ ခေါင်းတစ်ခြမ်းဘဲကိုက်လို့ ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့လည်း လူသိများလေ့ရှိပါတယ်။
ဖြစ်ရသည့်အကြောင်းရင်းများ
===============
အဓိကအချက်ကတော့ ဦးခေါင်းအတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက် ကျယ်သွားလို့ ဖြစ်ပါတယ်။ သွေးကြောတွေ ကျယ်သွားတော့ သူ့ရဲ့နံရံမှာရှိတဲ့ အာရုံကြောလေးတွေကို လှုံ့ဆော် (Irritate) တဲ့အတွက် ရုတ်တရက် ခေါင်းကိုက်လာရခြင်းဖြစ်ပါတယ်။ သွေးကြောတွေ ရုတ်တရက် ဘာကြောင့် ကျယ်သွားရသလဲဆိုတာတော့ ပြောဖို့ခက်ပါတယ်။ တိတိကျကျရယ်လို့ မဟုတ်ပေမဲ့ ဆက်စပ်တဲ့အကြောင်းအရာအနေနဲ့
🔸 အချို့သောအစားအစာတွေကြောင့် Migraine attack ရတတ်ပါတယ်။
🔸 သွေးထဲမှာ ဂလူးကို့စ်ဓာတ် ရုတ်တရက် လျော့နည်းသွားခဲ့ရင် Migraine attack ရတတ်ပါတယ်။
🔸 အမျိုးသမီးဟော်မုန်းတွေကြောင့် Migraine ရတတ်ပါတယ်။
🔸 Stress လို့ခေါ်တဲ့ စိတ်ပူပင်သောကတို့ကြောင့် Migraine ရတတ်ပါတယ်။
🔸 ပြင်းထန်တဲ့လေ့ကျင့်ခန်း (Vigorous exercises) တွေကြောင့်လည်း Migraine ရတတ်ပါတယ်။
အကြံပြုချက်
=======
မိုင်ဂရိန်း ခေါင်းကိုက်ဝေဒနာ ဖြစ်ပြီဆိုတာနဲ့
☑️ စိတ်ရောကိုယ်ပါ ချက်ချင်းအနားယူလိုက်ပါ။
☑️ အကိုက်အခဲပျောက်ဆေး တစ်ခုခု (မိုးမခဆေး Salixin®) မြန်မြန်သောက်ပါ။ အစာနဲ့အတူ သောက်ဖို့ မမေ့ပါနဲ့။
☑️ ငါးကြီးဆီ၊ အိုမီဂါ-၃ (သို့) အိုမီဂါ-၃-၆-၉ ပါသော အစားအစာများ သို့မဟုတ် ဆေးဝါးများကို သေက်သုံးပါ။
☑️ ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးတွေရှိရင်လည်း ချက်ချင်းသောက်ပါ။ ဥပမာ Triptans, Avamigran, Propranolol စတဲ့ဆေးများ
☑️ ရှောင်ရမယ့် အစားအစာတွေကို လုံးဝရှောင်ပါ။ ဥပမာ ချောကလက်၊ ဒိန်ခဲ၊ ဝိုင်အရက်၊ ဘီယာ၊ ကိုလာ၊ ဆိုဒါပါသော အချိုရည်များ
☑️ စားသင့်တာကို စားပါ။ ဥပမာ ဟင်းရွက်စိမ်းများ။ Caffeine ပါဝင်သော ကော်ဖီ၊ လက်ဖက်ရည် သောက်ပါ။
☑️ ညအိပ်ခါနီး တရားထိုင်ပါ။ (၁၅ မိနစ်- မိနစ် ၃၀ ခန့်)
☑️ ပတ်ဝန်းကျင်ကို အလင်းရောင်မများဘဲ ဆူညံသံမများဘဲ ရှိအောင်ထားပါ။
☑️ Vitamin supplements အနေနဲ့ ဗီတာမင်ဘီ-၂၊ မဂ္ဂနီစီယမ်၊ ဗီတာမင်ဒီ၊ ကိုအင်ဇိုင်းကျူ-၁၀ (Nature-Q10®) တို့လည်း သောက်ပါ။
☑️ ပခုံးနဲ့ လည်ပင်းနောက်ပိုင်းကို အကိုက်အခဲပျောက်လိမ်းဆေး တစ်မျိုးမျိုး (Herbigesic®) လိမ်းပြီး ညင်သာစွာ နှိပ်ပေးနိုင်ပါတယ်။
☑️ အပ်စိုက်ကုသမှု ခံယူနိုင်ပါတယ်။
ဒေါက်တာခင်မောင်လွင်