Dr Htar - ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

  • Home
  • Singapore
  • Singapore
  • Dr Htar - ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

Dr Htar - ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ ကျန်းမာလှပစေကြောင်း နည်းလမ်းကောင်း
(378)

🥬🥕 𝗛𝗼𝗺𝗲𝗺𝗮𝗱𝗲 𝗞𝗼𝗿𝗲𝗮 𝗞𝗶𝗺𝗰𝗵𝗶 🥬🥕ဒီနေ့ ပြင်ဆင်ပြချင်တဲ့ အရာကတော့… ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားလို့ အရသာလဲ ကောင်း ၊ လုပ်ရလဲ လွယ...
15/04/2026

🥬🥕 𝗛𝗼𝗺𝗲𝗺𝗮𝗱𝗲 𝗞𝗼𝗿𝗲𝗮 𝗞𝗶𝗺𝗰𝗵𝗶 🥬🥕

ဒီနေ့ ပြင်ဆင်ပြချင်တဲ့ အရာကတော့… ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားလို့ အရသာလဲ ကောင်း ၊ လုပ်ရလဲ လွယ်ကူ၊ ဝမ်းချုပ်တတ်သူတွေအတွက် သဘာဝ ဆေးနည်းတစ်မျိုးလဲ ဖြစ်တဲ့ အိမ်လုပ် ( ကိုယ်တိုင်လုပ် ) Korea Kimchi ပါရှင်..။

Kimchi ပြုလုပ်ဖို့ လိုအပ်တာတွေကတော့…

• မုန်ညှင်းဖြူထုပ်
• မုန်လာဥဖြူ
• မုန်လာနီ
• ပန်းသီး တစ်လုံး + ပန်းသစ်တော် တစ်လုံး
• ကြက်သွန်မြိတ်
• ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း (paste)
• ငါးငံပြာရည် အနည်းငယ်
• Korea ငရုတ်နှစ် / ငရုတ်သီး အရောင်တင်မှုန့်
• ဆား၊ သကြား အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့..
┈┈┈┈┈┈┈┈

(1) မုန်ညှင်းဖြူထုပ်များကို ကိုဆားနဲ့နှပ်ထားရပါမယ်။

• မုန်ညှင်းဖြူထုပ်များကို အလယ်ကနေ ခွဲပြီး အရွက်များ တစ်လွှာချင်းကြားကို ဆားနဲ့ သေချာ နယ်ပြီး 2–4 နာရီ လောက်ထားပေးရပါမယ် ။
• မုန်လာဥဖြူလေးများကိုလဲ သေချာ လှီးဖြတ်ပြီး ဆားနဲ့ နယ်ပြီး နှပ်ထားပါ။
• မုန်ညှင်းရွက်လေးတွေနဲ့ မုန်လာဥဖြူများ နွမ်းလာပြီး အချိန်လဲ ၂-၄ နာရီ ပြည့်ပြီဆိုရင် ရေနဲ့ဆေးပြီး ရေစစ်ထုတ်ထားပါ။

(2) အရသာ paste ပြင်ကြပါမယ်။

• ကြက်သွန်ဖြူ + ဂျင်း + ကြက်သွန်နီတို့ကို ကြိတ်ထားပါ။
• ပန်းသီးနဲ့ ပန်းသစ်တော်တို့ကိုလဲ ကြိတ်ထားပါ။
• ငံပြာရည်အနည်းငယ် ၊ Korea ငရုတ်သီးအနှစ် သို့မဟုတ် ငရုတ်သီး အရောင်တင်မှုန့် ( မိမိ အစပ်စားနိုင်သလောက် ) ထည့်ပါ။
• သကြားနည်းနည်း ထည့်ပြီး ရောမွှေထားပါ။

(3) ဟင်းသီးဟင်းရွက်ထည့်ရပါမယ်။

• မုန်လာဥဖြူ နဲ့ မုန်လာဥနီတို့ကို အစိတ်သေးလေးတွေ လှီး / ခြစ် ထားပါ။
• ကြက်သွန်မြိတ် လှီးထည့်ပါ။
• မွှေး ကောက်ညှင်းမှုန့် သို့မဟုတ် ဆန်စိမ်းမှုန့်ကို ရေနဲ့ သေချာအရည်ဖျော်ပြီး မီးဖိုပေါ်မှာ ကျိုပါ၊ ခပ်ပျစ်ပျစ် အနေအထားရရင် ချပြီး အအေးခံထားပါ။
• ပြီးရင် အနှစ်အားလုံးကို သမသွားအောင် သေချာ ရောနယ်ပြီး အရသာ မြည်း၊ လိုသလို ပြင်ဆင်ပါ။

(4) အနှစ်တွေနဲ့ မုန်ညှင်းထုပ်၊ မုန်လာဥဖြူတွေကို ရောနှောရပါမယ်။

• မုန်ညှင်းထုပ်နဲ့ မုန်လာဥဖြူတို့ကို တစ်လွှာချင်း ၊ တစ်ချောင်းချင်း paste နဲ့ သေချာနှံ့စပ်အောင် နယ်ပေးပါ။

(5) သဘာဝအတိုင်း အချဉ်ဖောက်ကြပါမယ်။

• မိမိတို့သိမ်းမယ့် လေလုံဘူး ထဲကို Kimchi ပြုလုပ်ထားတာ ထည့်ပြီး 1–2 ရက် အခန်းအပူချိန်မှာ ထားပါ။
• ပြီးရင် ရေခဲသေတ္တာ အအေးခန်း ( အခဲခန်း မဟုတ် ) ထဲ သေချာ ထည့်သိမ်းပါ။
• မိမိ စားသုံးလိုသည့်အချိန်မှ ဇွန်းသန့်သန့် / တူ သန့်သန့်ဖြင့် ခပ်ယူ၍ စားပါ။

🥗 အလွန်စားကောင်းသည့် အိမ်လုပ် Kimchi လေးကို ကိုယ်တိုင်ပြုလုပ် စားသုံးနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်ရှင့်။

မေတ္တာဖြင့်…
Dr. Hnin Wut Yi ( 2nd Assisting Dr )



#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

မင်္ဂလာရှိသော မြန်မာ့ရိုးရာ မဟာသင်္ကြန်အခါသမယဖြစ်ပါစေရှင် 💦🤍💦🤍💦🤍💦🤍💦🤍💦🤍💦ပိတောက်ရနံ့တွေ သင်းပျံ့နေတဲ့ ဒီလိုနှစ်ကူးချိန်ခါမ...
13/04/2026

မင်္ဂလာရှိသော မြန်မာ့ရိုးရာ မဟာသင်္ကြန်အခါသမယဖြစ်ပါစေရှင်

💦🤍💦🤍💦🤍💦🤍💦🤍💦🤍💦

ပိတောက်ရနံ့တွေ သင်းပျံ့နေတဲ့ ဒီလိုနှစ်ကူးချိန်ခါမှာ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများ ပြည့်စုံကြပါစေ...💛🌿💛🌿💛🌿

အညစ်အကြေးတွေ သင်္ကြန်ရေနဲ့အတူ ကင်းစင်လို့...
နှစ်သစ်မှာ ပိုမို‌ကောင်းမွန်တဲ့ ကျန်းမာရေး၊ ပိုမိုလှပတဲ့ ခန္ဓာကိုယ်နဲ့အတူ ပျော်ရွှင်မှုပေါင်းများစွာကို ဆောင်ကြဉ်းနိုင်ပါစေလို့ ဒေါက်တာထားနှင့် အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ 🙏✨

လေးစားချစ်ခင်ခြင်းများစွာဖြင့်
‎‏‏‎ ‎‏‏‎ ‎
ဒေါက်တာထား





#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

“ အစာအိမ်ကင်ဆာနှင့် ပတ်သက်သမျှ “   ========================👩‍⚕️  ဒီနေ့ Sunday လေးမှာတော့ ကျန်းမာရေးအတွက် သိထားသင့်တဲ့ အစ...
12/04/2026

“ အစာအိမ်ကင်ဆာနှင့် ပတ်သက်သမျှ “
========================

👩‍⚕️ ဒီနေ့ Sunday လေးမှာတော့ ကျန်းမာရေးအတွက် သိထားသင့်တဲ့ အစာအိမ်ကင်ဆာအကြောင်းကို ပြောပြပေးသွားပါမယ်ရှင်...

⚠️ အစာအိမ်ကင်ဆာဟာ Lifestyle ပြောင်းလဲမှုကြောင့် အခုခေတ်မှာ ပိုပြီးအဖြစ်များလာတဲ့ ကင်ဆာရောဂါဆိုလည်း မမှားပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ အစာအိမ်ကင်ဆာရောဂါဖြစ်ပွားသူ ၁ သန်းခန့်ရှိပြီး တတိယသေဆုံးမှုအများဆုံး ကင်ဆာတစ်ခုဖြစ်ကြောင်း WHO (2018) စစ်တမ်းတွင် ဖော်ပြထားပါတယ်။ အစာအိမ်ကင်ဆာခံစားနေရတဲ့သူတွေမှာ စောလျင်စွာ ရောဂါလက္ခဏာ မပြတတ်တာကြောင့် သေဆုံးမှုနှုန်းမြင့်မားရခြင်း ဖြစ်တယ်လို့ ကောက်ချက်ချထားကြပါတယ်။

လူတိုင်း အစာအိမ်ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ …

- အသက် (၅၀)နှင့်အထက်
- အမျိုးသားများ
- အရက် ၊ ဆေးလိပ်သောက်သုံးသူများ
- အချဥ်အငန်ဓာတ်များတဲ့အစားအစာတွေ ၊ အကင်တွေ မကြာခဏစားတတ်တဲ့သူ
- အဝလွန်နေတဲ့သူတွေ
- Helicobacter pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးရှိသူတွေ
- ကိုယ့်ဆဲလ်ကိုယ်ပြန်တိုက်ပြီး အစာအိမ်အတွင်းနံရံကို ပျက်စီးစေတဲ့ Autoimmune gastritis (pernicious anaemia) ရောဂါရှိသူ
- အစာအိမ်အနာ ၊ အစာအိမ်ယောင်ရောဂါရှိတဲ့သူတွေ
- အစာအိမ်ကင်ဆာရောဂါဖြစ်တဲ့ မိသားစုဝင် တစ်ယောက်ယောက်ရှိရင်
- အူမကြီးမှာ familial adenomatous polyposis ၊ hereditary nonpolyposis colorectal cancer ရောဂါခံစားနေရတဲ့ မိသားစုမျိုးရိုးရှိတဲ့သူတွေကတော့ ပိုပြီးဖြစ်နိုင်ခြေရှိပါတယ်။

ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ?

- အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်း
- အစာအိမ်မှ အရည်များ လည်ချောင်းထဲသို့ တက်ခြင်း (ပါးစပ်ထဲတွင် ချဥ်နေခြင်း)
- အစာမျိုရခက်ခြင်း
- ဗိုက်တွင် အလုံးစမ်းမိခြင်း
- သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း
- စားချင်စိတ်နည်းပြီး ပိန်သွားခြင်း
- မောပန်းလွယ်ခြင်း

ဘယ်လိုစစ်ဆေးနိုင်သလဲ ?

🔬 Gastroscopy and biopsy (အစာအိမ်ကို မှန်ပြောင်းကြည့်၍ အသားစယူခြင်း) ဖြင့် အစာအိမ်ကင်ဆာရှိမရှိ တိတိကျကျသိနိုင်ပါတယ်။ နောက်တစ်နည်းက Barium လို့ခေါ်တဲ့ အရည်ကို မျိုချပြီး ဓာတ်မှန်ရိုက်ပြီး ကြည့်လို့ရပါတယ်။ ကွန်ပြူတာဓာတ်မှန် (CT, PET scan) ၊ အာထရာဆောင်း (Ultrasound) နဲ့ သံလိုက်ဓာတ်မှန် (MRI) တွေက ကင်ဆာဘယ်လောက်အထိ ပျံ့နေပြီလဲဆိုတာကို သိဖို့အတွက် အသုံးပြုကြပါတယ်။

ဘယ်လိုကုသမှုတွေရှိလဲ ?

🛡️ ခွဲစိတ်ကုသခြင်း (Surgery)
🛡️ ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
🛡️ ဓာတ်ရောင်ခြည်ပြခြင်း (Radiotherapy)
🛡️ ကင်ဆာဆဲလ်ကိုပျက်စီးစေသော ဆေးပေးခြင်း (Targeted therapy)
🛡️ ကိုယ်ခံအားစနစ်ကို ပြောင်းလဲပြီး ကင်ဆာဆဲလ်ကိုတားဆီးသည့် ဆေးပေးခြင်း (Immunotherapy)
စသဖြင့် ကုသလို့ရပါတယ်။

၅ နှစ်အထိ အသက်ရှင်နိုင်မှု (5-year survival rate)

🔰 ကုသမှုမပြုလုပ်ခင် မူလရောဂါအဆင့်ပေါ်မူတည်ပြီး (၅) နှစ်သက်တမ်းကို တွက်ချက်ကြည့်တဲ့အခါ…

အစာအိမ်အတွင်းမှာပဲ ကင်ဆာကျိတ်ရှိလျှင် - 75%

အစာအိမ်နားရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့လျှင်- 35%

အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့လျှင် - 7%

👩‍⚕️ ဒါကိုကြည့်ခြင်းအားဖြင့် ကင်ဆာပျံ့နှံ့မှုရှိတဲ့သူနဲ့ မရှိတဲ့သူ အသက်ရှင်နိုင်မှုနှုန်း ကွာခြားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတစ်ခုခု ပေါ်လာရင် သက်ဆိုင်ရာဆရာဝန်တွေဆီမှာ စစ်ဆေးကုသမှုကို အမြန်ဆုံးခံယူကြဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့သူတွေအနေနဲ့ လိုအပ်သည့် စစ်ဆေးမှုများကို ဆရာဝန်နဲ့တိုင်ပင်ပြီး ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။ Lifestyle ကိုလည်း တတ်နိုင်သမျှ healthy ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်… 💜❤️

Ref: American Cancer Society, NHS, Cancer Council (Australia) , Cleveland Clinic
‎‏‏‎ ‎‏‏‎ ‎

လေးစားချစ်ခင်လျက်
‎‏‏‎ ‎‏‏‎ ‎

ဒေါက်တာထား





#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

ကြက်သားကင် ကန်စွန်ရွက်သုပ် ချဉ်စပ် ►►►►►►►►►►►►►►►►🩷 မင်္ဂလာပါရှင် … 🙏🙏🙏🩷 ယခု တစ်ပတ်အတွက် ပြင်ဆင်ပြချင်တဲ့ ဟင်းပွဲလေးကတေ...
08/04/2026

ကြက်သားကင် ကန်စွန်ရွက်သုပ် ချဉ်စပ်
►►►►►►►►►►►►►►►►

🩷 မင်္ဂလာပါရှင် … 🙏🙏🙏

🩷 ယခု တစ်ပတ်အတွက် ပြင်ဆင်ပြချင်တဲ့ ဟင်းပွဲလေးကတော့ ခံတွင်းမြိန်စေတဲ့ အသုပ်လေးတစ်ပွဲ ဖြစ်ပါတယ်ရှင်။

🩷 ကဲ.. အတူတူ ပြုလုပ်ကြည့်ကြရအောင်နော် ။

🍗 ကြက်သားရင်ပုံ လက်တစ်ဝါးစာခန့်ကို ဓားနှင့် မွှန်းပြီး ပန်းရောင်ဆား၊ ခရုဆီအနည်းငယ်၊ ငရုတ်ကောင်းတို့နှင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။

🍗 မကပ်အိုးထဲမှာ ထောပတ်လေး အနည်းငယ်သုတ်ပြီး အရသာနှပ်ထားသော ကြက်သားကို ကင်ပါ။

🍗 အရောင်လေးရဲလာပြီး အနံ့မွှေးလာလျှင် ခဏအအေးခံပြီး ကပ်ကြေးနှင့် ညှပ်ပေးထားပါ။

🌱 ကန်စွန်းရွက်လေးများကို ခြွေ၊ ဆားရည်စိမ်ဆေးပြီး ရေသေချာဆေးထားပါ။

🌱 ရေနွေးဆူအောင်တည်ပြီး ကန်စွန်းရွက်လေးများကို ထည့်ကာ တစ်မိနစ်ခန့်သာ အပူပေးကာ ရေပြန်ဆေးပြီး ရေအေးနှင့် စိမ်ထားပါ။

🧅 ကြက်သွန်နီ အလုံးကြီးတစ်လုံးကို ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထားပါ။

🌶️ ငရုတ်သီးစိမ်းလေးများကို မိမိ အစပ်စားနိုင်သလောက် ပါးပါးလေး ညှပ်ထားပါ။

🍋 သံပုရာသီးလေးကို အရည်ညှစ်ယူရန် ၂ စိတ်ခန့် လှီးထားပါ။

🥗 ပါးပါးညှပ်ထားသော ကြက်သားများ၊ ရေညှစ်ထားသော ကန်စွန်းရွက်လေးများနှင့် ငရုတ်သီးစိမ်း၊ ကြက်သွန်နီနှင့် ပန်းရောင်ဆားအနည်းငယ်တို့ကိုထည့်ကာ သံပုရာသီးလေးညှစ်ပြီး သမအောင် နယ်ပါ။

🥗 အရသာ အပေါ့ အငံ လိုသလို ဖြည့်စွက်ပြီးလျှင် သုံးဆောင်လို့ ရပါပြီရှင့်။

🥗 ဆန်လုံးညို ထမင်း ပူပူလေးနှင့် တွဲဖက်စားသုံး၍လဲ လိုက်ဖက်သလို အသုပ်သီးသန့်ပဲ စားမည်ဆိုလျှင်လဲ စားလို့အဆင်ပြေသော ချဉ် ငံ စပ် အသုပ်လေး ဖြစ်ပါတယ်ရှင်။

🥗 ကြက်သား တစ်ဆယ်သားကို အသုံးပြုမည်ဆိုလျှင် အသုပ်တစ်ပွဲလုံးကိုမှ 550 calories ဝန်းကျင်သာရှိပြီး အာဟာရလဲရှိ၊ စားလို့လဲ အရသာကောင်းမွန်သော အသုပ်လေးဖြစ်တာကြောင့် အားလုံး လုပ်စားနိုင်ကြစေဖို့ မေတ္တာအပြည့်နှင့် ဝေမျှပေးလိုက်ရပါတယ်ရှင်။

🩷 ချစ်ခြင်းများစွာဖြင့် …
👩🏻‍⚕️ ဒေါက်တာနှင်းဝတ်ရည်




#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

ဒီနေ့အတွက် နောက်ဆုံးပိတ် အိတ်နဲ့လွယ်မယ့် သရဖူပိုင်ရှင်လေးကို ပရိသတ်ရှေ့မှောက် ခေါ်ဆောင်လာပါပြီရှင်...👑 ✨👑 ✨👑 ✨👑 ✨👑 ✨👑Sup...
07/04/2026

ဒီနေ့အတွက် နောက်ဆုံးပိတ် အိတ်နဲ့လွယ်မယ့် သရဖူပိုင်ရှင်လေးကို ပရိသတ်ရှေ့မှောက် ခေါ်ဆောင်လာပါပြီရှင်...

👑 ✨👑 ✨👑 ✨👑 ✨👑 ✨👑

Super Challenge Batch 16 ရဲ့ အကောင်းဆုံးသရဖူကြီးကို သိမ်းပိုက်သွားတဲ့ Super Challenger လေးကတော့...

‎‏‏‎ ‎ ‏‏‎‎♡♡♡♡♡♡♡♡♡
👸 𝗠𝗮 𝗧𝗵𝗲𝘁 𝗦𝘂
♡♡♡♡♡♡♡♡♡

ဖြစ်ပါတယ်ရှင်။

မသက်စုရေ... Congratulations ပါရှင့် 🎉🎉🎉
အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်နော် ☺️☺️

👑 ✨👑 ✨👑 ✨👑 ✨👑 ✨👑
‏‏
Super တို့ရဲ့ ထုံးစံအတိုင်း တော်လွန်းပြီး ကြိုးစားလွန်းသူတွေ အများကြီးထဲကမှ အထူးခြားဆုံး မသက်စုကို ကျွန်မတို့ Dr. Htar’s Team မှ ဂုဏ်ပြုဆုငွေ (၅၀၀,၀၀၀) ကျပ်တိတိ ချီးမြှင့်ပေးလိုက်ပါတယ်ရှင့် 👏👏

ဒါ့အပြင် Kalaw 225 Vacation Home များရဲ့ ပိုင်ရှင်ဖြစ်သူ မသင်ဇာစိုးထင် ချီးမြှင့်ပေးတဲ့ ထင်းရှူး 225 (သို့) စိန်ပန်းပြာ 225 (4 Pax အခန်း - တန်ဖိုး ၁၄၀,၀၀၀ ကျပ်) တွင် တစ်ညတာ အခမဲ့ တည်းခိုအနားယူခွင့်ပါ ထပ်မံရရှိသွားပါတယ်ရှင် 🤩

༺༻༺༻ ༺༻༺༻༺༻༺༻

Champion ဆုကို ဆွတ်ခူးသွားတဲ့ မသက်စုရဲ့ History လေးကတော့…

သူမဟာ Super Challenge Batch 14 & 15 မှာ ပါဝင်ဖူးပြီး၊ Ideal weight မရမချင်း Challenge တွေကို ဆက်တိုက် Join မယ်လို့ ရည်ရွယ်ထားတဲ့ Senior Challenger တစ်ဦး ဖြစ်ပါတယ်ရှင်။

ပျော်ပျော်နေတတ်ပြီး ဘယ်လိုပဲ ခက်ခဲပါစေ... ကျန်းမာလှပဖို့အတွက် အမြဲတက်တက်ကြွကြွ ကြိုးစားနေသူလေးပါ...

🎖️ Super Challenge Batch 14 မှာ အထူးဆုကို ရယူနိုင်ခဲ့သလို

🏆 ယခု Super Batch 16 မှာတော့ Champion ဆုကြီးကို ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့ နှစ်ထပ်ကွမ်း ဆုရှင်လေး ပဲ ဖြစ်ပါတယ်ရှင် 👏👏👏

✳️ Report များကို ၂၁ ရက်တိုင်တိုင် မပျက်မကွက် တင်ပြနိုင်ခဲ့ပြီး Dr. Htar ရဲ့ လမ်းညွှန်မှုများအတိုင်း သေသေချာချာ လိုက်နာကြိုးစားခဲ့သူ၊ Assistant Doctor များရဲ့ အကြံပြုချက်များကိုလည်း အမြဲတမ်း လေးစားလိုက်နာခဲ့သူ ဖြစ်ပါတယ်။

✳️ Group အတွင်းမှာလည်း Challenger အချင်းချင်း Motivation ပေးပြီး ခရီးဆုံးထိ ပျော်ပျော်ပါးပါး ပါဝင်ခဲ့သူလေးလည်း ဖြစ်ပါတယ်ရှင် 🥰🥰

✨✨ ချီးကျူးစရာကောင်းတဲ့ လုံ့လဝီရိယကြောင့် တစ်လအတွင်း စုစုပေါင်း ( ၁၈.၄ ) ပေါင် အထိ ချနိုင်ခဲ့ပြီး အခုလို Champion ဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးသွားတာ ဖြစ်ပါတယ်...

ချစ်မိတ်ဆွေတို့လည်း အောင်မြင်မှုအပျော်တွေ ကူးစက်ပြီး အားကျမိရင်

Senior Challenger တို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးထားတဲ့...

📅 𝗠𝗮𝘆 (𝟭) ရက်နေ့မှာ စတင်မယ့် 𝗘𝘅𝗰𝗹𝘂𝘀𝗶𝘃𝗲 𝗕𝗼𝗱𝘆 𝗥𝗲𝘀𝗲𝘁 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 - 𝟭 အတန်းလေးရှိသလို...

📅 𝗝𝘂𝗻𝗲 𝟮𝟲 ရက်နေ့မှာ စတင်မယ့် 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 - 𝟭𝟳 အတန်းလေးလည်း ရှိပါတယ်ရှင်။

မိမိကိုယ်ကို ကျန်းမာလှပလိုတဲ့ ဆန္ဒရှိရင် ကျွန်မတို့ ဒေါက်တာထားအဖွဲ့ကနေ ဝမ်းမြောက်စွာ လက်တွဲခေါ်ပါရစေရှင်... 🤝💗💗

ချစ်ခြင်းများစွာဖြင့်

Dr. Htar 's Team


#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

ဆုတွေဝေဖြာနေတဲ့  April ညနေခင်းလေးမှာ ထပ်မံကြေညာပေးသွားမယ့်ဆုရှင်လေးကတော့ 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 𝟭𝟲  ရဲ့ ဒုတိယဆုရှင်လေးပဲ ...
07/04/2026

ဆုတွေဝေဖြာနေတဲ့ April ညနေခင်းလေးမှာ ထပ်မံကြေညာပေးသွားမယ့်ဆုရှင်လေးကတော့ 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 𝟭𝟲 ရဲ့ ဒုတိယဆုရှင်လေးပဲ ဖြစ်ပါတယ်ရှင်..🥈🥈🥈

🎊🥈𝗛𝘁𝗮𝘆 𝗛𝘁𝗮𝘆 𝗦𝗵𝗲𝗶𝗻 🥈🎊

Congratulations ပါရှင့် မရေ ..🎉🎉🎉

🥈ဒုတိယဆုရှင်လေးရဲ့ ထူးခြားချက်လေးတွေကို ကြည့်လိုက်မယ်ဆိုရင်...

🥈Dr Htar ရဲ့ ညွှန်ကြားချက်လေးတွေကို အပြည့်အဝလိုက်နာပြီး ကိုယ်တိုင်လည်း တက်ကြွစွာ ကြိုးစားနိုင်ခဲ့သလို အဖွဲ့ဝင်အချင်းချင်း အားပေးအားယူပြုပြီး ပန်းတိုင်အထိ ဇွဲရှိရှိနဲ့ လျှောက်လှမ်းနိုင်ခဲ့သူလေး..

🥈Zoom Session တွေကိုလည်း ကြိုးစားတက်ရောက်ခဲ့သူ‌လေး..

🥈 report တွေကိုလည်း အချိန်ပြည့်တင်ခဲ့ပြီး Dr Htar Application ကိုလည်း သေချာစွာ အသုံးပြုခဲ့သူလေး..

🥈 Dr Htar ရဲ့ ညွှန်ကြားချက်အတိုင်း အာဟာရပြည့်ဝစွာ စားသောက်ပြီး ခြေလှမ်းတွေကိုလည်း ပြည့်အောင် ကြိုးစားလျှောက်နိုင်သူလေး...

🥈Challenge တစ်လတာအတွင်းမှာ ပေါင် ( ၂၀ )အထိ ချနိုင်ခဲ့ပြီး Long Fasting ကိုလည်း နာရီ ( ၁၂၀ )အထိ ကြိုးစားနိုင်ခဲ့ခါ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ရရှိခဲ့သူလေး...

🥈အခုလို ဘက်ပေါင်းစုံက ထူးချွန်လွန်းသူလေးမို့ 𝗦𝗲𝗰𝗼𝗻𝗱 𝗣𝗿𝗶𝘇𝗲 𝗪𝗶𝗻𝗻𝗲𝗿 အဖြစ် ရွေးချယ်ပြီး Dr Htar မှ 𝟯𝟬𝟬,𝟬𝟬𝟬 𝗞𝘀 ကိုဂုဏ်ပြုချီးမြှင့်လိုက်ရပါတယ်ရှင်..🥈🥈🥈

🥈ဒါ့အပြင် " Kalaw 225 "ပိုင်ရှင် မသင်ဇာစိုးထင် @ Haru မှ ထပ်ဆင့်ချီးမြှင့်ပေးတဲ့ Kalaw 225 ရဲ့ ထင်းရှူးနဲ့စိန်ပန်းပြာ Vacation Home ( ၂ ) အိမ်အနက်မှ နှစ်သက်ရာ ( ၁ ) အိမ်မှာ ( ၁ ) ရက် အခမဲ့တည်းခိုခွင့်လေးကိုပါ ရရှိသွားတာ ဖြစ်ပါတယ်ရှင်..

🥈ဆုတွေလည်းရ ဝိတ်တွေလည်းကျ ပိုလှ ပိုကျန်းမာသွားတဲ့ ဒုတိယဆုရှင်လေးအတွက် ထပ်တူဝမ်းသာပီတိဖြစ်ရပြီး First Prize Winner က ဘယ်သူဖြစ်မလဲဆိုတာကို အတူတူ ရင်ခုန်စွာ စောင့်ကြည့် ဂုဏ်ပြုပေးကြပါဦးနော်..🤗

အခုလို ဆုတွေလည်းရ ဝိတ်တွေလည်းကျပြီး ကျန်းမာနုပျိုချင်သူလေးတွေအတွက်..

🔷 𝗘𝘅𝗰𝗹𝘂𝘀𝗶𝘃𝗲 𝗕𝗼𝗱𝘆 𝗥𝗲𝘀𝗲𝘁 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 – 𝟭

🗓 စတင်မည့်နေ့ – 𝟭.𝟱.𝟮𝟬𝟮𝟲

📌 𝑶𝒏𝒍𝒚 𝒇𝒐𝒓 𝑺𝒆𝒏𝒊𝒐𝒓 𝑪𝒉𝒂𝒍𝒍𝒆𝒏𝒈𝒆𝒓 များအတွက်

သင်တန်းအကြောင်း အသေးစိတ်လေးပါရှင်👇

https://www.facebook.com/share/p/1Hei7KyCcy/

➖➖➖➖➖➖➖➖➖➖➖➖➖

♦️𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 – 𝟭𝟳

🗓 စတင်မည့်နေ့ – 𝟮𝟲.𝟲.𝟮𝟬𝟮𝟲

➖➖➖➖➖➖➖➖➖➖➖➖➖

မိမိ ပါဝင်လိုတဲ့ Challenge ကိုရွေးချယ်ပြီး

𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှတဆင့် အပ်နှံလို့ရ‌နေပါပြီရှင်..

🔗 သင်တန်းအပ်ရမည့် Page Link လေးပါရှင် 👇

https://www.facebook.com/share/1LNJkzqRSP/

သတ်မှတ်ဦးရေလေး မပြည့်မီ သင်တန်းအပ်နှံဖို့တော့ သတိလေးပေးလိုက်ပါရစေရှင်..🤗

#ဒေါက်တာထား
‎‎ #ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ
‎ ‎

‎𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟔      🥉🥉🎊  𝐓𝐡𝐢𝐫𝐝 𝐏𝐫𝐢𝐳𝐞 𝐖𝐢𝐧𝐧𝐞𝐫𝐬  🎊 ‎🥉🥉‎‎သာယာ‌အေးချမ်းတဲ့ ညနေခင်းလေးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်က...
07/04/2026

‎𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟔

🥉🥉🎊 𝐓𝐡𝐢𝐫𝐝 𝐏𝐫𝐢𝐳𝐞 𝐖𝐢𝐧𝐧𝐞𝐫𝐬 🎊 ‎🥉🥉

‎‎သာယာ‌အေးချမ်းတဲ့ ညနေခင်းလေးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟔 ရဲ့ တတိယဆုကြီး ပေါ်ထွက်လို့ လာပါပြီရှင်🥳

‎အတော်ဆုံး Challenger များထဲက တတိယဆုကြီးကို ခက်ခက်ခဲခဲ စီစစ်လို့ ရွေးချယ်ထားခဲ့ရပြီး မြိုင်မြိုင်ဆိုင်ဆိုင် ထူးထူးခြားခြား ပူးတွဲရရှိသွားတဲ့ ချစ်ရတဲ့ Challenger (၂)ဦးကတော့ ...

‎‎🎊 𝗛𝘁𝘄𝗲 𝗭𝗮𝗿𝗹𝗶 𝗘𝗶

‎‎🎊 𝗭𝗮𝗿𝗻𝗶 𝗛𝘁𝗼𝗼 𝗞𝗵𝗶𝗻

‎‎တို့ပဲ ဖြစ်ပါတယ်ရှင်🫶💛

‎‎Big Big Congratulations ပါ ချစ်ရသောလေးတို့ရှင်🎉🎉🎉

‎‎တတိယဆုရှင်လေး (၂) ဦးလုံးဟာ တကယ်ကို သိသိသာသာနဲ့ ဗိုက်အဆီ၊ ခါးအဆီ၊ ကျောအဆီများကို အံ့မခမ်း ကြိုးစားချနိုင်ခဲ့ကြပြီး Ma Htwe Zarli Ei ဟာဆိုရင်ဖြင့် ပေါင်ချိန် (၁၇.၆) ပေါင်အထိ ချနိုင်ခဲ့ပြီး Ma Zarni Htoo Khin ဟာဆို (၂၇) ပေါင်ထိကို ကြိုးကြိုးစားစား ချနိုင်ခဲ့ကြသူလေးများပါရှင်😍😍

‎‎ဒေါက်တာထားရဲ့ Lecture လေးတွေကိုလည်း ကျေညက်စွာ နားထောင်ပြီး အားကြိုးမာန်တက်ကြိုးစားခဲ့သူများမို့ 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐏𝐥𝐚𝐭𝐞 လေးတွေကိုလည်း အာဟာရပြည့်ဝစွာ သေချာပြင်ဆင်စားသောက်ပြီး ခြေလှမ်းတွေလည်း အပြည့် ကြိုးစားလျှောက်နိုင်ကြသူများ၊ Exercise တွေလည်း ကြိုးစားလုပ်ဆောင်ကြသူများ ဖြစ်ပါတယ်ရှင်🫶

‎Prolonged Fasting ကိုလည်း (၄၈) နာရီ မှ (၇၂) နာရီအထိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြသူများ ဖြစ်ပါတယ်💪💪💪

‎Report လေးတွေကိုလည်း သေသေချာချာ တိတိကျကျလေး တင်ပေးကြပြီး Application လေးနဲ့ နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့ကြသူများဖြစ်ကြပါတယ်...

‎Challenge ရက် (၃၀)အတွင်းမှာ ကျန်းမာနုပျို လှပစွာ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ ဒေါက်တာထားမှ ဝမ်းမြောက်ဂုဏ်ယူစွာ ချီးမြှင့်ပေးတဲ့ တတိယဆု ဂုဏ်ပြုငွေ (၂၀၀,၀၀၀) ကျပ်တိတိ စီကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားပါတယ်ရှင်🎉🎊🎊🎉

‎‎မြန်မာနှစ်သစ်ကူးမှာ ကျက်သရေရှိရှိ ကျန်းမာစွာ လှပနေမယ့် တတိယဆုရှင်လေးများလို ဝိတ်လေးတွေလည်း ကျ၊ ဆုကြီးတွေ ရဖို့ Challenge အတန်းအသစ်လေးတွေ ရှိတာမို့ နောက်မကျစေဘဲ လက်ဦးမှု အရယူထားကြရအောင်နော်🥰

‎‎Senior Challenger များအတွက် သီးသန့် Challenge လေး👇👇👇

‎‎https://www.facebook.com/share/p/1B8Fq3tYHS/

‎‎𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐁𝐨𝐝𝐲 𝐑𝐞𝐬𝐞𝐭 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏

‎📌 Start Date – 𝟏.𝟓.𝟐𝟎𝟐𝟔

‎==========================

‎𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟕

‎📌 Start Date - 𝟐𝟔.𝟔.𝟐𝟎𝟐𝟔


‎Page Messenger လေးမှာ သင်တန်းလေးတွေ စုံစမ်းအပ်နှံရင်း ပိုမိုကျန်းမာလှပတဲ့ နေ့ရက်သစ်တွေကို အတူပိုင်ဆိုင်ကြပါမယ်ရှင်🍀🍀🍀

‎‎ #ဒေါက်တာထား
‎ #ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ



✨✨✨ 𝑺𝒖𝒑𝒆𝒓 𝑩𝒂𝒕𝒄𝒉 - (𝟭𝟲) 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑨𝒘𝒂𝒓𝒅 ✨✨✨‎ဒီနေ့ရဲ့ လှပတဲ့အချိန်လေးမှာ 𝑺𝒖𝒑𝒆𝒓 𝑩𝒂𝒕𝒄𝒉 - (𝟭𝟲) မှာ ပါဝင်ခဲ့ကြတဲ့ Challenger လေး...
07/04/2026

✨✨✨ 𝑺𝒖𝒑𝒆𝒓 𝑩𝒂𝒕𝒄𝒉 - (𝟭𝟲) 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑨𝒘𝒂𝒓𝒅 ✨✨✨

ဒီနေ့ရဲ့ လှပတဲ့အချိန်လေးမှာ 𝑺𝒖𝒑𝒆𝒓 𝑩𝒂𝒕𝒄𝒉 - (𝟭𝟲) မှာ ပါဝင်ခဲ့ကြတဲ့ Challenger လေးတွေထဲက ထူးချွန်သူတွေကို ဆုချီးမြှင့်ပေးမယ့် အခါသမယလေး ရောက်ရှိလာပါပြီရှင် 🤍

🎉 အရင်ဆုံး ကြေညာပေးချင်တာကတော့ 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑨𝒘𝒂𝒓𝒅 ဆုရှင်လေးတွေပါရှင်...

🎉 ဒီ Batch မှာ ပါဝင်ခဲ့သူတိုင်းက ကိုယ်ပိုင်ကြိုးစားမှုနဲ့ Result ကောင်းတွေ ရရှိနိုင်ခဲ့ကြတာကြောင့် ဆုရွေးချယ်ရာမှာလည်း အလွန်ခက်ခဲခဲ့ပါတယ်။
အဲဒီလို ထူးချွန်မှုတွေကြောင့်ပဲ 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑨𝒘𝒂𝒓𝒅 ကို (၁၁) ယောက်အထိ ချီးမြှင့်ပေးခဲ့ရပါတယ်ရှင် 🎉

တစ်လတာ Challenge အတွင်း စိတ်ဓာတ်ပြင်းပြစွာ ပါဝင်ကြိုးစားပြီး ကိုယ်တိုင်ပြောင်းလဲမှုတွေကို ထင်ရှားစွာ ရရှိနိုင်ခဲ့သူ (၁၁) ယောက်ကို အထူးဆုအဖြစ် ဆုကြေးငွေ (၁၀၀,၀၀၀ ကျပ်) စီ ချီးမြှင့်ပေးလိုက်ပါတယ် 💖

ဒီလိုထူးချွန်တဲ့သူလေးတွေကို ကြည့်လိုက်ကြရအောင်နော်👇

✨ 𝑯𝒏𝒊𝒏 𝑻𝒉𝒊𝒅𝒂 𝑨𝒚𝒆
✨ 𝑯𝒐𝒏𝒆𝒚 𝑲𝒐
✨ 𝑲𝒉𝒊𝒏 𝑴𝒂 𝑴𝒂 𝑩𝒐
✨ 𝑲𝒉𝒊𝒏 𝑺𝒘𝒆 𝑾𝒊𝒏
✨ 𝑲𝒊𝒎 𝑵𝒈𝒂𝒊𝒉 𝑳𝒊𝒂𝒏
✨ 𝑲𝒚𝒊 𝑲𝒉𝒂𝒊𝒏𝒈 𝑻𝒊𝒏𝒕
✨ 𝑲𝒚𝒊 𝑻𝒉𝒂𝒓 𝑲𝒚𝒂𝒘𝒕 𝑯𝒎𝒖𝒆 𝑵𝒚𝒐
✨ 𝑴𝒂𝒊 𝑺𝒉𝒊𝒏𝒆 𝑴𝒂𝒘 𝑶𝒐
✨ 𝑷𝒉𝒚𝒐 𝑷𝒉𝒚𝒐 𝑴𝒚𝒂𝒕
✨ 𝑻𝒉𝒂𝒆 𝑻𝒉𝒂𝒆 𝑬𝒊 𝑺𝒂𝒏
✨ 𝑻𝒊𝒏 𝑪𝒉𝒐 𝑳𝒂𝒕𝒕

Congratulations ပါရှင် 🎉🏆
အကောင်းဆုံး ကြိုးစားခဲ့မှုရဲ့ အောင်မြင်မှုရလဒ်ကောင်းလေးတွေပါပဲရှင် 🤍

🏆 အထူးဆု ရရှိသူများဟာ—

★ Dr Htar ရဲ့ လမ်းညွှန်သင်ကြားမှုများအတိုင်း Challenge တစ်လတာလုံးကို စိတ်ရှည်ရှည်နဲ့ တက်ကြွစွာ ပါဝင်ခဲ့ကြသူများ

★ အချင်းချင်း အားပေးကူညီမှုများ ပြုလုပ်ပြီး Positive Energy ကို မျှဝေခဲ့သူများ

‎★ FB Group နှင့် Dr Htar Application တို့တွင် Report များကို ပြည့်စုံမှန်ကန်စွာ တင်ပြနိုင်ခဲ့သူများ

‎★ ကိုယ်အလေးချိန် လျော့ချမှုနှင့် ခန္ဓာကိုယ်ပြောင်းလဲမှုများတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သူများ

‎★ Session များကိုလည်း ကြိုးစားတက်ရောက်ပြီး လမ်းညွှန်ချက်များကို လိုက်နာနိုင်ခဲ့သူများ ဖြစ်ကြပါတယ်ရှင် 💕

🎉 ဒီလိုထူးချွန်မှုများကြောင့် အထူးဆုများကို ချီးမြှင့်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်...

🥇🥈🥉 Top Winner တွေကိုလည်း မကြာခင် ကြေညာပေးမှာဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်စောင့်မျှော်ပေးကြပါဦးနော် 🤍

⚡⚡ 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐰𝐚𝐫𝐝 ရရှိသူများလို
ဆုများလည်း ရယူချင်ပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ချင်တယ်ဆိုရင် —

🔘 𝐌𝐚𝐲 𝟏 ရက်နေ့တွင် စတင်မည့် 𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐁𝐨𝐝𝐲 𝐑𝐞𝐬𝐞𝐭 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 -𝟏 ( 𝑂𝑛𝑙𝑦 𝐹𝑜𝑟 𝑆𝑒𝑛𝑖𝑜𝑟 𝐶ℎ𝑎𝑙𝑙𝑒𝑛𝑔𝑒𝑟𝑠 )

🔗 More details –

https://www.facebook.com/share/p/1Dmcz7E2xN/

🔘 𝐉𝐮𝐧𝐞 𝟐𝟔 ရက်နေ့တွင် စတင်မည့် 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 -𝟏𝟕
အတန်းတို့ အသင့်ရှိပါတယ်ရှင်

📣📣 Page CB တွင် မိမိအဆင်ပြေ နှစ်သက်ရာ အတန်းကို ရွေးချယ်အပ်နှံနိုင်ပါပြီ 🥰

လေးစားချစ်ခင်လျက်

Dr. Htar 's Team






#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

🏆 ရင်ခုန်စွာ စောင့်မျှော်ခဲ့ရသော Top 𝟭𝟱 Finalists – 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 (𝟭𝟲)  ✨Super Challenge Batch (16) လေးကတော့အောင...
05/04/2026

🏆 ရင်ခုန်စွာ စောင့်မျှော်ခဲ့ရသော Top 𝟭𝟱 Finalists – 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 (𝟭𝟲) ✨

Super Challenge Batch (16) လေးကတော့အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီရှင် ☺️

ဒီခရီးစဥ်တစ်လျှောက် အစွမ်းကုန်ကြိုးစားရင်း မိမိကိုယ်ကို အနိုင်ယူနိုင်ခဲ့ကြတဲ့ Challengers လေးတွေအတွက် Dr. Htar’s Team က အထူးဂုဏ်ယူဝမ်းမြောက်နေပါတယ်ရှင် ❤️

တကယ်တော့…
ဒီ Batch ထဲမှာ ပါဝင်ခဲ့တဲ့သူတိုင်းက တစ်ယောက်ချင်းစီ ထူးချွန်ကြတာကြောင့် Top 15 ကိုရွေးချယ်ရတာလည်း အရမ်းကို ခက်ခဲခဲ့ပါတယ်…
Top 15 လေးတွေကို အောက်ပါသတ်မှတ်ချက်စံနှုန်းများအပေါ်မူတည်၍ ရွေးချယ်ထားပါတယ် 👇
✨ ခန္ဓာကိုယ် အချိုးအစား သိသာစွာ ပြောင်းလဲမှု
✨ Group Activities တွေမှာ တက်ကြွစွာ ပါဝင်နိုင်မှု
✨ Report များကို အချိန်မှန် တင်ပြနိုင်မှု
✨ သင်ကြားချက်များကို စနစ်တကျ လိုက်နာနိုင်မှု

အခုဆိုရင်တော့…
Top 15 လေးတွေက ဘယ်သူတွေဖြစ်မလဲ အတူတူ ရင်ခုန်လိုက်ကြရအောင်~~~ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎

🏆 Top 𝟭𝟱 Finalists 🏆

🌸 𝗛𝗻𝗶𝗻 𝗧𝗵𝗶𝗱𝗮 𝗔𝘆𝗲

🌸 𝗛𝗼𝗻𝗲𝘆 𝗞𝗼

🌸 𝗛𝘁𝗮𝘆 𝗛𝘁𝗮𝘆 𝗦𝗵𝗲𝗶𝗻

🌸 𝗛𝘁𝘄𝗲 𝗭𝗮𝗿𝗟𝗶 𝗘𝗶

🌸 𝗞𝗵𝗶𝗻 𝗠𝗮 𝗠𝗮 𝗕𝗼

🌸 𝗞𝗵𝗶𝗻 𝗦𝘄𝗲 𝗪𝗶𝗻

🌸 𝗞𝗶𝗺 𝗡𝗴𝗮𝗶𝗵 𝗟𝗶𝗮𝗻

🌸 𝗞𝘆𝗶 𝗞𝗵𝗮𝗶𝗻𝗴 𝗧𝗶𝗻𝘁

🌸 𝗞𝘆𝗶 𝗧𝗵𝗮𝗿 𝗞𝘆𝗮𝘄𝘁 𝗛𝗺𝘂𝗲 𝗡𝘆𝗼

🌸 𝗠𝗮𝗶 𝗦𝗵𝗶𝗻𝗲 𝗠𝗮𝘄 𝗢𝗼

🌸 𝗣𝗵𝘆𝗼 𝗣𝗵𝘆𝗼 𝗠𝘆𝗮𝘁

🌸 𝗧𝗵𝗮𝗲 𝗧𝗵𝗮𝗲 𝗘𝗶 𝗦𝗮𝗻

🌸 𝗧𝗵𝗲𝘁 𝗦𝘂

🌸 𝗧𝗶𝗻 𝗖𝗵𝗼 𝗟𝗮𝘁𝘁

🌸 𝗭𝗮𝗿 𝗡𝗶 𝗛𝘁𝗼𝗼 𝗞𝗵𝗶𝗻

တို့ပဲဖြစ်ပါတယ်ရှင်...

Top 15 အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Challengers လေးတွေအတွက် တကယ်ကို ဝမ်းသာဂုဏ်ယူပါတယ်ရှင် 🤩👏

ဒီ Top 15 ထဲကနေ
ဆုကြီးတွေကို သိမ်းပိုက်မယ့်သူလေးတွေက ဘယ်သူတွေ ဖြစ်မလဲဆိုတာကိုတော့…
လာမယ့် အင်္ဂါနေ့မှာ ကြေညာပေးသွားမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော် 😇

﹋﹋﹋﹋﹋﹋﹋﹋﹋﹋﹋﹋﹋﹋
📣 သတင်းကောင်းလေးအနေဖြင့်
𝐒𝐞𝐧𝐢𝐨𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐫𝐬 များအတွက် အထူးသီးသန့် Program ဖြစ်တဲ့
𝑬𝒙𝒄𝒍𝒖𝒔𝒊𝒗𝒆 𝑩𝒐𝒅𝒚 𝑹𝒆𝒔𝒆𝒕 𝑪𝒉𝒂𝒍𝒍𝒆𝒏𝒈𝒆 𝑩𝒂𝒕𝒄𝒉 (1) ကို
🗓 𝐌𝐚𝐲 1 ရက်နေ့မှာ စတင်တော့မှာပါရှင်
👉 𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐒𝐞𝐚𝐭 လေးမို့
👉 စိတ်ဝင်စားသူ Senior Challenger များ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီရှင်။

သင်တန်းအသေးစိတ် link လေးပါရှင်👇
https://www.facebook.com/share/p/1CeJFzfKfo/
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏

🔥 Super မှ Super ဆိုသူများအတွက်
𝑺𝒖𝒑𝒆𝒓 𝑪𝒉𝒂𝒍𝒍𝒆𝒏𝒈𝒆 𝑩𝒂𝒕𝒄𝒉 (17) ကို
🗓 𝐉𝐮𝐧𝐞 𝟐𝟔 ရက်နေ့မှာ စတင်ပါမယ်ရှင်။
👉 မိမိနှစ်သက်ရာ Batch ကို ရွေးချယ်ပြီး
👉 သင်တန်းအပ်နှံနိုင်ပါပြီရှင်...
﹋﹋﹋﹋﹋﹋﹋﹋﹋﹋﹋﹋﹋﹋
ချစ်ခြင်းများစွာဖြင့်
ဒေါက်တာထား






#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

ဒီနေ့လေးမှာတော့ အသားအရေလှပဖို့အတွက် ဘယ်အသီးတွေကို စားသင့်သလဲဆိုတာ ပြောပြပေးမယ်နော်။ သဘာဝသစ်သီးလေးတွေမို့ စျေးလည်းမကြီး အ...
05/04/2026

ဒီနေ့လေးမှာတော့ အသားအရေလှပဖို့အတွက် ဘယ်အသီးတွေကို စားသင့်သလဲဆိုတာ ပြောပြပေးမယ်နော်။ သဘာဝသစ်သီးလေးတွေမို့ စျေးလည်းမကြီး အချိန်မကုန်၊ ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်ရှင်… 👩‍⚕️

🥑 Avocado လို့ ခေါ်တဲ့ ထောပတ်သီး

🌼 ထောပတ်သီးမှာ Healthy fats လို့ခေါ်တဲ့ ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အိုမီဂါ (Omega-3) အဆီတွေများစွာပါရှိပါတယ်။

ဒါ့အပြင် ဗီတာမင် E နဲ့ C လည်းပါလို့ အသားအရေကို စိုပြေလှပစေပြီး ဓာတ်မတည့်ခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။

🍓 Berries ဘယ်ရီသီးအမျိုးမျိုး (Blueberries, Strawberries, Raspberries)

🌼 ဓာတ်တိုးဆန့်ကျင်ပေးသော အန်တီအောက်စီဒန့် Antioxidant တွေမြင့်မားတဲ့ ဗီတာမင် C အများကြီးပါလို့ အသားအရေကို နူးညံ့လှပစေတယ်၊ ဗီတာမင် C ဟာ အသားအရေကိုတင်းရင်းလှပစေတဲ့ ကော်လာဂျင်တည်ဆောက်ခြင်းကိုလည်း အထောက်အကူပြုလို့ အရမ်းကောင်းတဲ့ အသီးလေးတွေပါ။

🍅 ခရမ်းချဉ်သီး

🌼 ခရမ်းချဉ်သီးမှာ Antioxidant - Lycopene ကောင်းကောင်းပါလို့ ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးတဲ့အတွက် အသားအရည်ပျက်စီးခြင်းလျော့ပါးစေပါတယ်။

🥜 အစေ့အဆံများ (Almonds, Walnuts, Flaxseeds, Chia Seeds)

🌼 Omega-3 fatty acid နဲ့ Vitamin E ပါဝင်မှုများလို့ အသားအရေ အစိုဓာတ်ကို ထိန်းထားပြီး နူးညံ့ချောမွေ့စေပါတယ်။

🍠 Sweet Potato လို့ခေါ်တဲ့ ကန်စွန်းဥ

🌼 Beta-carotene ဓာတ် အမြောက်အမြားပါဝင်ပြီး Vitamin A အဖြစ်သို့ ပြောင်းလဲပေးနိုင်တာကြောင့် နေလောင်ဒဏ်ကာကွယ်ပေးတယ်၊ Skin cells အသစ်တွေ တည်ဆောက်နိုင်အောင် ကူညီပေးပါသေးတယ်။

🍊 လိမ္မော်၊ သံပယို၊ စပျစ်သီး

🌼 ဒီအသီးလေးတွေမှာပါတဲ့ Vitamin C က အရေပြား တင်းရင်းမှုကို ဖြစ်စေသော ကော်လာဂျင်ကို တည်ဆောက်ရာမှာ အထောက်အကူပြုပေးတဲ့အပြင် အမည်းစက်များလျော့ပါးစေပြီး အသားအရေလေးကို ကြည်လင်ဝင်းပစေပါတယ်။

🥕 မုန်လာဥနီ

🌼 Beta-carotene ဓာတ် များစွာပါဝင်ပြီး အရေပြားအလွှာကို ပြန်လည်ပြုပြင်ပေးပြီး နေရောင်ခြည်ဒဏ်မှ လည်း ကာကွယ်ပေးနိုင်ပါတယ်။

🍵 Green tea

🌼 Polyphenols နဲ့ catechins ပါလို့ အရေပြားပျက်စီးမှုကို ကာကွယ်ပေးတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။

🐟 အဆီဓာတ်များတဲ့ ငါး (ဆယ်လမွန်၊ Mackerel, Sardines)

🌼 Omega-3 fatty acid ကြွယ်ဝမှုကြောင့် အသားအရေကို စိုပြေစေသလို အရေပြားယောင်ကိုင်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။

🍫 Dark chocolate

🌼 Flavonoids တွေပါလို့ အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတဲ့အပြင် အရေးအကြောင်းများနဲ့ အရေပြားတင်းရင်းမှုအပေါ် ကောင်းသောအကျိုးကို ဖြစ်ပေါ်စေပါတယ်။

🫒 သင်္ဘောသီး

🌼 Papain အင်ဇိုင်းများနဲ့အတူ Vitamin A, C, E များစွာပါဝင်မှုကြောင့် Skin cells များကို ပြန်လည်ပြုပြင်ပေးတဲ့အပြင် အသားအရည်အစိုဓာတ်ဖြည့်ပေးတယ်။ အသားအရေကို နူးညံ့ချောမွေ့စေပြီး ရေဓာတ်ကို အကြာကြီးထိန်းပေးနိုင်ပါတယ်။

🍉 ဖရဲသီး

🌼 ဖရဲသီးဟာ ရေဓာတ်ပြည့်ဝပြီး Vitamin A, B6, C စုံလင်စွာပါဝင်လို့ အသားအရေကို အစိုဓာတ်ရှိအောင်ကူညီပေးတာကြောင့် နုပျိုစိုပြေစေပါတယ်။

ဒီလိုအသီးအနှံလေးတွေကို အခါအခွင့်သင့်သလို စားသုံးပေးခြင်းဖြင့် ကျွန်မတို့ရဲ့ အသားအရေလေးဟာ အမြဲစိုပြေလှပနေမှာပါရှင် ☺️❤️

လေးစားချစ်ခင်ခြင်းများစွာဖြင့်

ဒေါက်တာထား




#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

𝗧𝗿. 𝗡𝗮𝗻𝗱𝗮𝗿 𝗠𝗮𝘁𝗮𝗿𝗶 ရဲ့ 𝗛𝗲𝗮𝗹𝗶𝗻𝗴 𝗠𝗲𝗱𝗶𝘁𝗮𝘁𝗶𝗼𝗻: 𝗙𝗿𝗲𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝗲𝘀𝘀𝗶𝗼𝗻 (မေတ္တာဖြင့် အခမဲ့ အစီအစဉ်) 🎁🤍🌿༄ ༄༄ ༄༄ ༄༄ ༄༄ ༄༄ ༄༄ ༄༄ ༄༄ လ...
03/04/2026

𝗧𝗿. 𝗡𝗮𝗻𝗱𝗮𝗿 𝗠𝗮𝘁𝗮𝗿𝗶 ရဲ့ 𝗛𝗲𝗮𝗹𝗶𝗻𝗴 𝗠𝗲𝗱𝗶𝘁𝗮𝘁𝗶𝗼𝗻: 𝗙𝗿𝗲𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝗲𝘀𝘀𝗶𝗼𝗻 (မေတ္တာဖြင့် အခမဲ့ အစီအစဉ်) 🎁🤍🌿
༄ ༄༄ ༄༄ ༄༄ ༄༄ ༄༄ ༄༄ ༄༄ ༄༄

လောကကြီးက ခက်ခဲပင်ပန်းစရာတွေနဲ့ ပြည့်နှက်နေပြီး စိတ်မွန်းကျပ်မှုတွေ ကြုံတွေ့နေရတဲ့ အခုလိုအချိန်မှာ မိမိကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့က တကယ်ကို အရေးကြီးလှပါတယ်။

ပတ်ဝန်းကျင်မှာ စိုးရိမ်ပူပန်မှုတွေ၊ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ ကျွန်မတို့ရဲ့ စိတ်ကို ခဏလောက် အနားပေးပြီး ကိုယ့်အတွင်းစိတ်ထဲက အေးချမ်းမှုကို ပြန်လည်ရှာဖွေဖို့ လိုအပ်ပါတယ်ရှင်...

ဒါကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်အေးချမ်းမှုနဲ့ ခွန်အားသစ်တွေ ရရှိစေဖို့အတွက် 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧 အစီအစဉ်လေးကို ကျွန်မ နန္ဒာက မေတ္တာဖြင့် ဖိတ်ခေါ်လိုပါတယ်။💌 🌿

ဒီ Session လေးမှာ အတူတကွ ငြိမ်သက်စွာ တရားထိုင်ရင်း စိတ်ဖိစီးမှုတွေကို လျော့ချပြီး မေတ္တာဓာတ်တွေ ဖြန့်ဝေပေးသွားမှာပါ။ ဘယ်နေရာမှာပဲရှိရှိ ဒီခဏတာလေးမှာ အတူတကွ ပူးပေါင်းပါဝင်ပြီး စိတ်ရဲ့ငြိမ်သက်မှုကို ရှာဖွေကြည့်ကြရအောင်လားရှင်။

✤✤✤✤✤✤✤✤✤✤✤✤✤✤

📅 အသေးစိတ် အစီအစဉ်

နေ့ရက် - ၅ ရက်၊ ဧပြီလ ၂၀၂၆ (တနင်္ဂနွေနေ့)

အချိန် - ည ၇:၀၀ နာရီမှ ၈:၀၀ နာရီအထိ (မြန်မာစံတော်ချိန်)

နေရာ - Zoom Meeting (အခမဲ့ တက်ရောက်နိုင်ပါသည်။)

𝐉𝐨𝐢𝐧 𝐙𝐨𝐨𝐦 𝐌𝐞𝐞𝐭𝐢𝐧𝐠

အောက်ပါ Link ကို နှိပ်၍ တိုက်ရိုက် ဝင်ရောက်နိုင်ပါသည် 👇

https://us02web.zoom.us/j/86878427260?pwd=1STCHakJRT1z57mf7rAK0JmMmqAhCT.1

𝗠𝗲𝗲𝘁𝗶𝗻𝗴 𝗜𝗗 : 𝟴𝟲𝟴 𝟳𝟴𝟰𝟮 𝟳𝟮𝟲𝟬
𝗣𝗮𝘀𝘀𝗰𝗼𝗱𝗲 : 𝗽𝗲𝗮𝗰𝗲

✤✤✤✤✤✤✤✤✤✤✤✤✤✤

📍 မှတ်ချက် - Zoom တွင် လူဦးရေ (၃၀၀) အထိသာ လက်ခံနိုင်မည်ဖြစ်သဖြင့် ဦးသူစနစ်ဖြင့် စောစောဝင်ရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အားလုံးပဲ ဘေးရန်ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ၊ အေးချမ်းကြပါစေရှင်...🙏🌿🙏



#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

အာဟာရပြည့်ဝ စားကောင်းတာ..ကြက်သားတုံယမ်းSoupလေးပါ ༺༻༺༻ ༺༻༺༻༺༻༺༻မင်္ဂလာပါရှင်... 💞 ယခုတစ်ပတ်အတွက်... ချက်ပြပေးချင်တဲ့ ဟင်း...
01/04/2026

အာဟာရပြည့်ဝ စားကောင်းတာ..ကြက်သားတုံယမ်းSoupလေးပါ
༺༻༺༻ ༺༻༺༻༺༻༺༻
မင်္ဂလာပါရှင်...

💞 ယခုတစ်ပတ်အတွက်... ချက်ပြပေးချင်တဲ့ ဟင်းလေးကတော့... ကြက်သားတုံယမ်းချဥ်စပ်ဟင်းရည်လေး ဖြစ်ပါတယ်ရှင်...။

ကဲ... အတူတူ စ ချက် ကြရအောင်နော် 😊😊😊

💞 ပါဝင်ပစ္စည်းလေးတွေကို အရင်ပြောပြမယ်နော်...

(1) ဗမာကြက်နုနုတစ်ခြမ်း
(2) ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အရောင်တင်မှုန့်
(3) ပဒဲကော၊ ဂျင်း၊ စပါးလင်၊ ရှောက်ရွက်၊ ရှမ်းနံနံ
(4) အပ်မှို၊ ကောက်ရိုးမှို၊ မျှစ်ချဥ်၊ ကိုင်းခရမ်းချဥ်သီး အနည်းငယ် ၊ မုန်ညှင်းထုပ် ( မိမိ နှစ်သက်သော အသီးအရွက်စုံ ထည့်နိုင်ပါသည်။)
(5) Cheese Tofu သို့မဟုတ် ပဲပြား သို့မဟုတ် ရိုးရိုးတို့ဟူး
(6) ပြုတ်ထားသော ငုံးဥအနည်းငယ်
(7) ပန်းရောင်ဆား၊ ငါးငံပြာရည်အနည်းငယ်၊ နနွင်းအနည်းငယ်
(8) အုန်းနို့ဘူးသေးထဲမှ...ထမင်းစားဇွန်း ၂ဇွန်းစာ။

🍲 ချက်နည်းလေးက..အရမ်းလွယ်ပါတယ်ရှင် 😊😊😊

🐔 ကြက်သားတုံးလေးများကို ရေဖြင့်သေချာဆေး၍ ပန်းရောင်ဆား၊ နနွင်း၊ ငါးငံပြာရည်အနည်းငယ်ဖြင့် သေချာနယ်ပြီး တစ်နာရီခန့် ကြိုနှပ်ထားပါ။

🥗 ထည့်မည့် အသီးအရွက်များကို..အရွယ်တော်လှီးဖြတ် ဆားရည်၊ ရှာလကာရည်တို့နှင့် စိမ်ပြီး ရေဖြင့်သေချာပြန်ဆေးကာ...ရေစစ်ထားပါ။

🥚 ငုံးဥလေးများကို ပြုတ်ကာ...အခွံခွာ၊ ရေဆေးထားပါ။

🍲 ချက်ပြုတ်မည့်အိုးထဲသို့... သံလွင်ဆီ အနည်းငယ်ထည့်ကာ...ထောင်းထားသော ကြက်သွန်ဖြူ၊နီနှင့်..ငရုတ်သီးအရောင်တင်မှုန့်တို့ကို...ဆီသေချာသတ်ပါ။ ပြီးလျှင် ထုထားသော ဂျင်း၊ ပဒဲကောနှင့် စပါးလင်တို့ကို ထည့်ပြီး ဆီဆက်သတ်ပါ။

🍲 အရသာနယ်ပြီးနှပ်ထားသော ကြက်သားတုံးလေးများကိုထည့်ကာ....သေချာလုံးပါ။

🍲 ပြီးလျှင် မျှစ်ချဥ်အတုံးလေးများနှင့် လေးစိတ်စိတ်ထားသော..ကိုင်းခရမ်းချဥ်သီးလေးများထည့်ပါ။

🍲 ရေနွေးပူပူကို ကြက်သား၊မျှစ်လေးများ မြုပ်အောင်ထည့်ကာ...ဆူပွက်သည်အထိ တည်ပါ။

🍲 ဆူပွက်လာလျှင်.. ငုံးဥလေးများ၊ ကောက်ရိုးမှိုလေးများကို...ထည့်ပါ။

🍲 ရေနွေးကို လိုသလောက်ထည့်ဖြည့်ပါ။

🍲 အရသာအနေဖြင့် ငါးငံပြာရည်အနည်းငယ်နှင့် ပန်းရောင်ဆားအနည်းငယ်သာ ထည့်ပါ။

🍲 အရည်လေး ခပ်နောက်နောက်ဖြစ်သွားအောင်...အုန်းနို့ရည်လေး ထမင်းစားဇွန်း၂ဇွန်းခန့် ထည့်ပါ။

🍲 နောက်ဆုံးမှ.... အပ်မှိုနှင့် မုန်ညှင်းထုပ်လေးများကို ခပ်ပါ။

🌿🌱 တုံယမ်းဟင်းရည်၏ အနံ့အဖြစ် အရေးကြီးသည့် ရှောက်ရွက်လေးနှင့် ရှမ်းနံနံလေးကို...နောက်ဆုံးအုပ်လိုက်ပြီး... ဟင်းအိုးလေးချကာ...သုံးဆောင်နိုင်ပါပြီရှင့်။

🌶 အစပ်ကြိုက်သူက.. ငရုတ်သီးစိမ်းလေးများကို..ထက်ခြမ်းခွဲကာ...ထည့်နိုင်ပါသေးသည်။

🍲 ဤဟင်းပွဲလေးသည် လူကြီးရော ကလေးများပါနှစ်ခြိုက်ကြပြီး... ယခုအေးလာပြီဖြစ်သည့် ဆောင်းရာသီနှင့် အလွန်လိုက်ဖက်သည့်ဟင်းပွဲလေးလဲ... ဖြစ်ပါသည်။

🍲 ယခုပြထားသော...ဟင်းပွဲလေးတစ်ပွဲသည် 700 calories ဝန်းကျင်ရှိပြီး..ထမင်းမပါဘဲ... Soup သီးသန့်လဲ သောက်သုံးနိုင်သောကြောင့်... အတူချက်ပြုတ်စားနိုင်ပါရန် မေတ္တာအပြည့်ဖြင့်...မျှဝေလိုက်ရပါတယ်ရှင့်.... 😍😍😍

ချစ်ခြင်းမေတ္တာဖြင့်
ဒေါက်တာနှင်းဝတ်ရည်
Dr.Htar's 2nd Assisting Doctor



#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Dr Htar - ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share

Category