Ayeyarwady Flow Yoga

Ayeyarwady Flow Yoga 🧘🏻‍♀️ A Certified Yoga Instructor
✨ Yoga & Sound Therapy
📍 Singapore 🇸🇬

Why "me time" is a must for moms.မေမေတို့ရေ…ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေးကို ရအောင်ရှာကြပါနော်၊ နောက်ပြီး စိတ်ရော ခန္တ...
04/03/2025

Why "me time" is a must for moms.

မေမေတို့ရေ…
ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေးကို ရအောင်ရှာကြပါနော်၊ နောက်ပြီး စိတ်ရော ခန္တာပါ ကျန်းမာဖို့ ကိုယ်လက်လှုပ်ရှားမှုလေး တစ်ခုခုတော့လုပ်ကြပါနော်။

Mommies, don’t forget to carve out some time for yourselves and get a little exercise for both your mind and body!

အမေတစ်ယောက်ဖြစ်ရတာ မလွယ်ကူဘူးဆိုတာ မေမေတိုင်းနားလည်ကြပါတယ်၊ အထူးသဖြင့် အခုမှ မီးဖွားထားတဲ့ မေမေအသစ်လေးတွေ၊ လူခွဲမရှိဘဲ ကလေးနဲ့ကိုယ်ပဲ အမြဲရှိနေရတဲ့မေမေတွေ အတွက် Me Time ကပိုလိုအပ်တယ်လို့ ကျမထင်ပါတယ်။ ကျမကိုယ်တိုင်လဲ 5 months postpartum နဲ့ လူခွဲမရှိတဲ့ မေမေပါရှင်။

မီးဖွားပြီးခါစ မေမေတွေ အနေနဲ့ "Water retention/ postpartum edema” တို့ကြောင့် ခန္တာကိုယ်ခြေလက်တွေဖောရောင်တာအပြင်၊ နို့ထွက်အောင်ကြိုးစားဖို့အတွက် အစားအသောက်တွေစားရသောက်ရနဲ့ အထူးသဖြင့် ကျမတို့မြန်မာမှာဆို Malt milk တို့လို အချိုဓါတ်ပါတာတွေသောက်ခိုင်းကြပါတယ်၊ အဲ့တော့ချိုတာတွေစားတော့ ဝ လာတာမဆန်းပါဘူး။ ဆန်းတာက လူက ဝ လာတော့ စိတ်ပါလေးလံလာပါတယ်၊ ကျမတို့လို အလှမက်တဲ့မေမေတွေဆို မှန်ကြည့်ရင်ပိုစိတ်ဓါတ်ကျပြီး စိတ်ဖောက်ပါတယ်…ဟာ ငါ့ပုံစံကြီး ဘယ်လိုကြီးဖြစ်နေတာလဲ ဘာဝတ်ဝတ်လဲမတော်ဘူး ကြည့်ရတာအဆင်မပြေဘူးဆိုပြီး ဖြစ်တတ်ကြပါတယ် 😅

Be patient ပါမေမေတို့ရေ…ကလေးမွေးပြီးခါစမေမေတိုင်း ဖောရောင် ဝနေတာမျိုး ဖြစ်တတ်ပါတယ် ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အဓိက က အဲ့လိုမျိုးဖြစ်နေချိန်မှာ စိတ်ကိုလွှတ်လိုက်ပြီး အများကြီးစားမိတာမျိုး ကိုယ့်ကိုကိုယ် မပြင်မဆင်ပဲနေတော့တာမျိုး မလုပ်မိဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆက်တွဲအနေနဲ့ postpartum depression ဆိုတဲ့ မီးဖွားပြီးနောက်ပိုင်း စိတ်ဓါတ်ကျတာမျိုးတွေ ကိုယ့်ကိုကိုယ် confident မရှိတာမျိုးတွေဖြစ်လာတတ်လို့ပါ။

အဲ့ဒီတော့ ဆရာဝန်နဲ့ follow-up/check-up တွေအပြီး exercise တွေပြန်လုပ်ဖို့ permission ရပြီဆိုတာနဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေလုပ်ပါ (regular exercise လုပ်ပေးချင်းက healthy weight loss အပြင် postpartum recovery period ကိုလဲ support ဖြစ်စေပါတယ်)၊ အချိုတွေလျော့စားပါ…နို့ထွက်ဖို့ဆိုတာ ချိုတာတွေစားမှ သောက်မှ မဟုတ်ပါဘူး အဓိက hydrate ဖြစ်နေဖို့ပါ..ရေများများသောက်ပါ အာဟာရပြည့်ဝအောင် သင့်တင်မျှတစွာစားသောက်ပါ၊ အရည်ရွမ်းတဲ့ အသီးအနှံလေးတွေလဲစားပေးပါ။

Workout တွေ exercises တွေ မိမိစိတ်ဝင်စားတဲ့အရာလေးတွေလုပ်ဖို့ဆိုရင် ကိုယ်ပိုင်အချိန်လေး ရဖို့မဖြစ်မနေလိုအပ်ပါတယ်။ ဒါမှလဲ စိတ်ရော လူပါ ကျန်းမာလှပတဲ့ မေမေတွေဖြစ်လာပြီး သားသားမီးမီးလေးတွေကို ပိုပြီးဂရုစိုက်လို့ရမှာပါနော်။

အခုလိုတွေပြောနေလို့ ဒီမေမေကရော အရမ်းတွေ Pro ကျပြီး Pro Max တွေဖြစ်နေပြီလားဆိုတော့ ကြိုးစားဆဲပါရှင်။ ကျမကိုယ်တိုင်လဲ အပေါ်မှာပြောထားသလိုတွေ anxieties တွေဖြစ်ပြီး စိတ်တွေကျခဲ့ပါတယ်၊ ကြိုးစားပြီး ကိုယ်စိတ်ဝင်စားတာလေးလုပ်ဖို့ သီးသန့်အချိန်လေးရှာခဲ့ပါတယ်…အစပိုင်းကတော့ခက်ခဲပါတယ် စိတ်ထဲမှာလဲ ငါလုပ်တာမှန်ရဲ့လားဆိုပြီးတော့တောင်ထင်မိတဲ့ အထိပါ၊ နောက်တော့တဖြေးဖြေးနဲ့အဆင်ပြေလာပါတယ်။

အခုနောက်ပိုင်းတော့ Me-time အနေနဲ့ တစ်ပတ်တစ်ရက် အပြင်ထွက်ပြီး Pilates or Yoga class သွားတယ်၊ Coffee ဆိုင်ထိုင် သီချင်းလေးနားထောင် စိတ်ဝင်စားတာလေးတွေရှာဖတ်ဘာညာ လုပ်ပါတယ်။ အဲ့လိုတွေလုပ်နိုင်တယ်ဆိုလို့ သူက ကလေးကူထိန်းပေးမည့်သူရှိတာကို သွားဖို့သူငယ်ချင်းအဖော်ရှိတာကိုလို့ မထင်လိုက်ပါတယ်၊ ကလေးထိန်းပေးဖို့အကူလဲမရှိသလို အဖော်လဲမရှိပါဘူး၊ ကလေးကို သူ့ Daddy နဲ့ပဲထားခဲ့ပြီး တစ်ယောက်တည်းပဲသွားတာပါ။ အဲ့တစ်ရက်ကတော့ Mommy’s day off ပါရှင် 😁
နေ့စဉ်ကတော့ မနက်ပိုင်း ကလေးမနိုးခင် ထပြီး Meditation & Yoga/Pilates Mat Work လုပ်ပါတယ်၊ အကယ်၍ မနက်ပိုင်းမလုပ်ဖြစ်ခဲ့ရင် ညနေ/ညဘက် လုပ်ဖြစ်အောင်ပါတယ်။
အချိန်ကတော့ ကိုယ့်သားသားမီးမီးလေးတွေရဲ့ အိပ်ချိန်နဲ့ညှိပြီး အဆင်ပြေအောင်ရှာကြည့်ပါရှင်…အနည်းဆုံးတော့ တစ်ပတ်မှာ တစ်ရက်/နှစ်ရက် နဲ့ အချိန် ၁နာရီ/၂ နာရီစာလောက်တော့ရှာကြည့်ပါ။ နေ့စဉ်လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင် ✨😊

မေမေတွေလှပကျန်းမာဖို့ဆိုရင် ဖေဖေတွေရဲ့ support ကလဲလိုအပ်ပါတယ်၊ ကိုယ်ဖြစ်နေတာ ခံစားနေရတာတွေကို သေချာနားလည်အောင်ပြောပြပြီး ကိုယ်ပိုင်အချိန်ရအောင်ယူပါရှင်။

Have a wonderful life! 🍀✨
Namaste 🙏🏼

25/02/2025

"Me time" is a must for moms!

Merry Christmas and best wishes for a healthy, happy, and peaceful New Year!🎄🎁
25/12/2024

Merry Christmas and best wishes for a healthy, happy, and peaceful New Year!🎄🎁

မနှစ်က fundraising class က မမလှလှတွေနဲ့ သင်တန်းနောက်ဆုံးနေ့မှာ Christmas Theme လေးနဲ့အမှတ်တရ ဓါတ်ပုံရိုက်တုန်းကပုံလေးတွေ...
23/12/2024

မနှစ်က fundraising class က မမလှလှတွေနဲ့ သင်တန်းနောက်ဆုံးနေ့မှာ Christmas Theme လေးနဲ့အမှတ်တရ ဓါတ်ပုံရိုက်တုန်းကပုံလေးတွေ ❤️🎄✨

2023 🍀 2024မနှစ်က 2023 December မှာတော့ ခရီးတွေသွား ရောက်တဲ့နေရာမှာ Yoga class လေးသွား join လိုက်၊ ရောက်ရာအရပ်ကနေ online...
21/12/2024

2023 🍀 2024

မနှစ်က 2023 December မှာတော့ ခရီးတွေသွား ရောက်တဲ့နေရာမှာ Yoga class လေးသွား join လိုက်၊ ရောက်ရာအရပ်ကနေ online class လေးတွေသင်လိုက်နဲ့ Not knowing what 2024 will bring to me.

ဒီနှစ် 2024 December မှာတော့ life is complete with my sweet little family ❤️၊ အခုမှ New Chapter began ဆိုတော့ အရင်လို yoga class လေးတွေပြန်မသင်နိုင်သေးပေမယ့် တတ်နိုင်သမျှ class လေးတွေ မြန်မြန် resume ပြန်လုပ်နိုင်အောင်ကြိုးစားပါ့မယ်ရှင်။

အခုလဲ 2025 မှာကိုယ့်အတွက် ဘယ်လိုကံကောင်းချင်းတွေ ယူဆောင်လာပေးမလဲ စောင့်စားရင်း… 😇

Have a wonderful life! 🍀✨
Namaste 🙏🏼

Happy Mother's Day to all the incredible moms out there! 🤍✨
12/05/2024

Happy Mother's Day to all the incredible moms out there! 🤍✨

Reflecting on my yoga journey feels like flipping through a cherished photo album filled with moments of pure joy, conne...
25/04/2024

Reflecting on my yoga journey feels like flipping through a cherished photo album filled with moments of pure joy, connection, and growth. From the early days of my YTT to unforgettable trips and classes shared with my beloved yoga buddies, each snapshot holds a piece of my heart.

Here’s to many more sun salutations, laughter-filled flows, and heart-opening experiences ahead. 🤍✨

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏼Ayeyarwady Flow Page မှာ posts လေးတွေမတင်တာကြာပြီဖြစ်တဲ့အတွက် ဒီ post လေးနဲ့အားလုံးကို အသိပေးပ...
22/04/2024

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏼
Ayeyarwady Flow Page မှာ posts လေးတွေမတင်တာကြာပြီဖြစ်တဲ့အတွက် ဒီ post လေးနဲ့အားလုံးကို အသိပေးပါရစေရှင်၊ တချို့ကလဲ class လေးတွေလာစုံစမ်းကြလို့ပါ။

Page လေးအခုနောက်ပိုင်း active သိပ်မဖြစ်ဘူးဆိုတာက ကျမရဲ့ Online Yoga Class လေးတွေကို personal reason လေး (for something wonderfully good) ကြောင့် ခဏနားထားလို့ပါရှင် 😊

Yoga Class လေးတွေကို နောက်ပိုင်းပြန်သင်မှာပါရှင် cause it’s one of my passions and a part of my lifestyle. 😉 အဲ့အချိန်ကြရင် ကျမရဲ့ students တွေအားလုံးနဲ့ပြန်ဆုံချင်ပါသေးတယ် 😊🤍

တချို့လဲ ကျမ class လေးတွေနားလိုက်တဲ့ အတွက် ဆက်မသင်ဖြစ်ပေမဲ့ မိမိနဲ့ အဆင်ပြေတဲ့ဆီမှာ yoga ကိုဆက်ပြီး practice လုပ်ဖြစ်နေကြတာ မြင်ရတာ ကြားရတာ အရမ်းဝမ်းသာမိပါတယ်
It's amazing to see that the seeds I've planted are growing so beautifully, it makes me really happy!

Have a wonderful life! 🍀✨
Namaste 🙏🏼

Wow, I am thrilled to announce that I have officially graduated from the Yoga and Sound Therapy CET program! 🤍 It was an...
21/04/2024

Wow, I am thrilled to announce that I have officially graduated from the Yoga and Sound Therapy CET program! 🤍

It was an absolutely amazing experience, and I couldn't have done it without the guidance of our lovely and passionate instructors and .p.a.t. I also want to give a shoutout to my wonderful classmates for their positive vibes and support throughout the journey. Had a chance to attend a gong bath session yesterday. The gong bath experience was simply mind-blowing, and I can't wait to explore more.
Thank you all for making this journey an unforgettable one!

Happy Lunar New Year! 🧧 Year of the Dragon 🐉🏮Wishing you wealth and prosperity!May you have abundance every year!
10/02/2024

Happy Lunar New Year! 🧧
Year of the Dragon 🐉🏮

Wishing you wealth and prosperity!
May you have abundance every year!

😂😂Photo credit
28/01/2024

😂😂

Photo credit

အားလုံးပဲ မင်္ဂလာပါ 🙏🏼February လအတွက် Beginner Friendly Online Yoga Class ကို sign-up လုပ်လို့ရပါပြီရှင်။ Class Schedule...
22/01/2024

အားလုံးပဲ မင်္ဂလာပါ 🙏🏼

February လအတွက် Beginner Friendly Online Yoga Class ကို sign-up လုပ်လို့ရပါပြီရှင်။

Class Schedule:
Tuesday & Thursday
9:30 - 10:30 pm SG Time
(8:00 - 9:00 pm Myanmar Time)

*Limited spots available!

Online Class ဆိုပေမဲ့ လူဦးရေ အနည်းငယ်သာလက်ခံပါတယ်၊ တစ်ဦးချင်းစီကို သေချာ attention ပေးပြီး posture မှား/မှန် adjustment လုပ်ပေးနိုင်အောင်ပါ။

တခြားသိချင်တာရှိပါက messenger ကနေ မေးမြန်းနိုင်ပါတယ်ရှင်။

Have a wonderful life 😇✨
Namaste 🙏🏼

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Ayeyarwady Flow Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category