True Essence of Life

True Essence of Life I am your Navigator. I am your Star to find your path. I am your light but you need to sail your boat
(1)

 ခေတ်မီတိုးတက်တဲ့ မြို့ကြီးတွေမှာအဓိကရု-ဏ်းတွေနဲ့ လ-က် န-က် အန္တရာယ်တွေ ရှိတတ်ပါတယ် နေရာအနှံ့အပြားမှာ တိုင်းရင်းသား ဒေသခ...
19/01/2026



ခေတ်မီတိုးတက်တဲ့ မြို့ကြီးတွေမှာအဓိကရု-ဏ်းတွေနဲ့ လ-က် န-က် အန္တရာယ်တွေ ရှိတတ်ပါတယ်

နေရာအနှံ့အပြားမှာ တိုင်းရင်းသား ဒေသခံတွေနဲ့ ခေတ်မီ လ-က် န-က် ကို-င်တွေ အပြန်အလှန် conflicts တွေ ရှိတတ်ပါတယ်

မိမိကိုယ်ကို သတိနဲ့ စောင့်ရှောက်ကြပါ
အသက်ကို ဉာဏ်စောင့် ဥစ္စာကို ကံစောင့်ပါတယ်

လိုအပ်သူများအတွက်
မေတ္တာဖြင့်

  ကတိပေးထားတဲ့အတိုင်း အရင်တခေါက်တန်းစီတာ မမီလိုက်ကြသူများ 2026 အတွက် တစ်နှစ်စာ လအလိုက် reading မျှော်နေကြသူများအတွက် ဒီ ...
18/01/2026




ကတိပေးထားတဲ့အတိုင်း အရင်တခေါက်
တန်းစီတာ မမီလိုက်ကြသူများ 2026 အတွက် တစ်နှစ်စာ လအလိုက် reading မျှော်နေကြသူများအတွက် ဒီ post မှာ တန်းစီနိုင်ပါပြီရှင်

ခုလက်ရှိ ချက်ချင်း ရက်ပိုင်းအတွင်း ရိုက်ထားတဲ့ မျက်နှာ ရှင်းရှင်း လင်းလင်း မြင်ရတဲ့ ဓါတ်ပုံတစ်ပုံ နဲ့ နာမည်အပြည့်အစုံ page messenger မှာ ပေးရပါမယ် selfie ပုံလဲရပါတယ် (150,000 MMK, 150 SGD)

လအလိုက် generally သိထားသင့် သတိထားသင့်သောအရာတွေအတွက် ကျန်းမာရေးပါမကျန် အသေးစိတ်သိရအောင် ဖတ်ပေးမှာ ဖြစ်ပါတယ် တစ်လချင်းစီ အတွက်Tarot, Rune, Oracle Deck ပေါင်းများစွာပေါင်းစပ်ပြီး အသေးစိတ်သိရအောင် ဖတ်ပေးပါတယ်ကြာချိန် မကန့်သတ်ထားပဲ voice message နဲ့ ဖြေကြားပေးပါမယ်

1 year reading တန်းစီပြီးတာနဲ့ ပုံတွေပို့ထားပေးကြပါနော် ပုံပို့ထားတဲ့သူအစဉ်အတိုင်း ဖတ်ပေးတာမို့ပါ

လိုအပ်သူများအတွက်
မေတ္တာဖြင့်

       Astrological Timeline from Tarotကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၁)ကျမဆီမှာ Reading ယူတဲ့သူ တော်တော်များများ သိပြီးသားဖြ...
17/01/2026



Astrological Timeline from Tarot
ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၁)

ကျမဆီမှာ Reading ယူတဲ့သူ တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ ကျမက ကတ်တွေကနေ အချိန်တွေထုတ်ပေးတတ်တယ်ဆိုတာ တချို့သော ကတ်ဖတ်တတ်တဲ့ သူတွေ Reading ယူတဲ့အခါမှာ Timeline အတိအကျ ဘယ်လိုယူလဲ သိချင်လို့မေးလာတဲ့အခါ အကြမ်းဖျင်းအားဖြင့် Decan အလိုက်ယူပါတယ်လို့ ပြောပြဖြစ်ပါတယ် ဒါပေမဲ့ အတိအကျဆိုရင် ကတ်ရဲ့အနေအထားအလိုက် အချိန်ထုတ်ရတာခြင်း မတူညီပါဘူး

Tarot 78 ကတ်လုံးကနေ အချိန်ထုတ်ပေးလို့ရပါတယ်
Major Acana တွေက ရှင်းပါတယ် အစောကြီးထဲက Zodiac association ကို Tarot Reader တိုင်းနီးပါး သိကြပါတယ် ဒီတော့ သက်ဆိုင်ရာ Planetary Association အလိုက် Planet တပတ်လည်တဲ့ သက်တမ်းကို အချိန်အနေနဲ့ ထုတ်ပေးလို့ရပါတယ်
Minor Acana တွေမှာက Court Card တွေရဲ့ Planetary Association က တမျိုး Ace Cards တွေက တမျိုး Number 2 - 10 cards တွေက တမျိုးပါ Court Card တွေမှာက ဆိုင်ရာ Zodiac Sign အလိုက် ပြပေမဲ့ Page card တွေနဲ့ Ace card တွေမှာက အချိန်သီးသန့်မရှိပဲ elemental zodiac sign အားလုံးနဲ့သက်ဆိုင်နေတာမျိုးပါ ဥပမာ Wands ဆိုရင် Page ရော Ace ရော Fire Sign ၃ခုလုံးနဲ့သက်ဆိုင်ပါတယ်
Number 2-10 cards တွေကတော့ Zodiac Sign ရဲ့ Decan အလိုက် ရက်တွေ တကတ်ကို ဆယ်ရက်စီ ပျမ်းမျှခြင်းအားဖြင့် သက်ဆိုင်ပါတယ် Decan ဆိုတာ ရွေ့လျားတဲ့ ဒီဂရီ တခုစီပါ ကတ်တကတ်ကို ၁၀ ဒီဂရီ ၁ဒီဂရီကို ပျမ်းမျှ တရက်နဲ့ညီမျှပါတယ် ဒီတော့ တကတ်ကို ၁၀ရက်
နှုန်းနဲ့ ကတ်ပေါင်း ၃၆ ခုအတွက် ပျမ်းမျှ ၃၆၀ ဒီဂရီကို ခွဲဝေသတ်မှတ်ထားပါတယ် တနှစ်စာပေါ့

နောက်တခါ Minor Acana တွေမှာလည်း သက်ဆိုင်ရာ Planetary association တွေရှိပါတယ် ဥပမာ 8 of wands ဆို Mercury in Sagi Nov 22 - Dec 2 စသည်ဖြင့် ရှိပါတယ်
ဒီတော့ ကျမတို့ astrology မှာ Mercury Retro in Sagi ဆိုရင် 8 of wands card reverse အနေအထားပါ

ဒီလိုနည်းလမ်းလေးတွေနဲ့ Tarot နဲ့ astrology ကို ဆက်စပ်ကြည့်ပြီး အချိန်တွေ zodiac sign တွေ planetary association တွေ Astro House တွေ အကုန် ကတ်တွေကနေမြင်ကြည့်လို့ရပါတယ်

ဥပမာ ကတ်ချတဲ့အချိန်ပေါ်လာတဲ့ကတ်တွေက ပြောတဲ့အကြောင်းအရာတွေနဲ့ planetary association တွေအရ ပြင်ပမှာ ဖြစ်ပျက်တဲ့ astrological transit တွေ planet တွေ အခြေအနေတွေနဲ့ တိုက်ဆိုင်ကြည့်ပြီး Reading ကို ထပ်ပြီး astro perspective ကနေ confirm လုပ်နိုင် clarify လုပ်နိုင် အချိန်တွေ ထုတ်
ကြည့်နိုင်ပါမယ်

ဒါက လိုအပ်လို့ အချိန်သိချင်တဲ့မေးခွန်းတွေအတွက်ဖြစ်ပါတယ် မေးခွန်းတိုင်းအတွက် အချိန်ထုတ်ပေးစရာမလိုပါ အချိန်သိစရာမလိုတဲ့ မေးခွန်းအတွက် အချိန်ထုတ်ပေးစရာမလိုသလို တခါတလေ အချိန် ထုတ်ပေးပေမဲ့ အချိန်ကတ်မထွက်တဲ့ အခါတွေလည်း ရှိပါတယ်

ဥပမာ Major Acana မှာ The Sun Card, Tower Card, Judgement Crad စသည်ဖြင့် အချိန်မပြတဲ့ကတ်တွေ ရှိသလို Minor Acana က Page Cards တွေမှာလည်း အချိန်မပြပြန်ပါဘူး
ဒါဆိုရင် ဒီ Reading မှာတော့ အချိန်မသိရသေးဘူး ဒီလိုပဲ ပြောလို့ရပါမယ်

အရင်က Post တွေမှာလည်း Timeline Reading, How to read Time and Duration, Elemental Tarot တွေအကြောင်း ရေးပေးခဲ့ဖူးပါတယ် သိချင်ရင် ပြန်ရှာကြည့်လို့ရပါတယ်

ခုကတော့ Reading experience တွေကနေ Astrological Association အရ သိလာရတာလေးတွေကို လိုအပ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်တာပါ Tarot ကနေ တခြားအချိန်ထုတ်ယူတဲ့နည်းလမ်းတွေလည်း ရှိနိုင်ပါသေးတယ်

ကျမ page က reader တို့ရော အချိန်သိချင်ရင် ဘယ်လိုနည်းလမ်းတွေသုံးလေ့ရှိကြလဲ အတွေ့အကြုံလေးတွေ မျှဝေလို့ရရင် မျှဝေပေးကြပါဦး အားလုံး ဗဟုသုတရတာပေါ့

လိုအပ်သူများအတွက်
မေတ္တာဖြင့်

    #မေးသူအတွက်ဆုံးဖြတ်ချက်မချပေးသင့်ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၀)ဒီတခုကတော့ Reader Ethics တွေနဲ့ သက်ဆိုင်သလို Querent တွ...
10/01/2026



#မေးသူအတွက်ဆုံးဖြတ်ချက်မချပေးသင့်
ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၀)

ဒီတခုကတော့ Reader Ethics တွေနဲ့ သက်ဆိုင်သလို Querent တွေအနေနဲ့လည်း သိသင့်သိထိုက်တယ်လို့ ယူဆပါတယ်

ကျမတို့ လောကီပညာရပ်တွေအရ energy exchange သဘောတရားမှာအလကားရတယ်ဆိုတာ မရှိပါဘူး Fair Exchange ဖြစ်ရပါတယ် ကိုယ်ပေးတာ ကိုယ်ပြန်ရမယ်ဆိုတဲ့ သဘောတရားလေးရှိပါတယ် ဒါကြောင့် ပညာဒါန ဆိုရင်တောင် စတိလေးတော့ ပညာကြေးသတ်မှတ်ကြတာ free လိုချင်ရင် တခုခုတော့ ပြန်လုပ်ပေးဖို့ ပြောကြတာတွေ မြင်ဖူး ကြားဖူးကြမယ် ထင်ပါတယ် ဒါမှသာ ပညာရပ်ဟာလည်း ပိုမိုထိရောက် အစွမ်းထက်တယ်လို့ ယူဆကြပါတယ်

တကယ်လည်း ဒါဟာ လောကီလူသားတွေအတွက် အမှန်တရားပါ ပေးလိုက်တဲ့အရာကို ပေးလိုက်တဲ့ဆီကနေ ထပ်တူညီမျှစွာ ပြန်ရတာ ဟုတ်ချင်မှ ဟုတ်ပေမဲ့ တခြားနေရာကနေ အလားတူစွာ ပြန်ရတာမျိုး အဆပေါင်းများစွာ ကြီးမားစွာ ပြန်ရတာမျိုးတွေ ရှိပါတယ်

ကိုယ်စိုက်ပျိုးတာ ကိုယ်ပြန်ရိတ်သိမ်းရတယ် ဆိုပါတော့ ကိုယ်လုပ်ခဲ့တာတော့ မျိုးစေ့လေး မြေထဲချစိုက် ရေလောင်းပေါင်းသင်ပြီး မြေဩဇာကျွေးလိုက်တာပဲ ကိုယ်စိုက်တာက အဆိပ်ပင်ဆို အဆိပ်သီးပဲ ပြန်ရမှာပေါ့ ကိုယ်စိုက်တာ သရက်ပင်ဆိုရင်တော့ သရက်သီးပြန်ရမှာပေါ့ မျိုးစေ့တစေ့ကနေ အပင်အဖြစ်ရှင်သန်လာရင် မျိုးဆက်ပြန်ပွား အသီးပေါင်းများစွာ ပြန်သီးတယ်မဟုတ်လား

လောကီလူသားတွေရဲ့ နစ္စဓူဝ ပြုလုပ်နေတဲ့ ကံ ငါးပါး ဟာလည်း မျိုးစေ့တွေချနေတာနဲ့ အတူတူပါပဲ

အဓိဌာန်ပြု ဆုတောင်းတယ် ယတြာချေတယ်ဆိုလည်း ဒီလိုပါပဲ ဆုတောင်းပြည့်ဖို့ အဓိဌာန် အောင်မြင်အောင် အားထုတ်ရတယ် ဆုတောင်းပြည့်ဖို့အတွက် ယတြာတွေအတွက် ငွေအား လူအား စိုက်ထုတ်ကြရတယ် စသည်ဖြင့် တခုလိုချင်ရင် တခုခုတော့ ပြန်ပေးရပါတယ် အကြောင်းကြောင့် အကျိုးဖြစ်ပါတယ် ကံတွေရဲ့အလုပ်လုပ်ပုံပါ

ကျမတို့ Reader တွေ ကတ်ဖတ်ပေးလို့ ကတ်တွေကိုကြည့်ပြီး ပြောပြပေးတဲ့အခါမှာ မေးတဲ့ မေးခွန်းပေါ်မူတည်ပြီး ဒါတွေတော့တွေ့တယ် ဒီလိုလေးတွေ လုပ်သင့်တယ်လို့တွေ့တယ် ဒါလေးတွေတော့ သတိထားသင့်တယ်တွေ့တယ် ဒီလိုပဲ ပြောပြပေးလို့ရပါတယ် ဘာလုပ် ဘာပြော ဘယ်လိုဆုံးဖြတ်လို့ ဆိုပြီး မေးသူရဲ့ဘဝအတွက် ဝင်ရောက် ဆုံးဖြတ်ပေးလို့မရပါဘူး သင့်လည်း မသင့်တော်ပါဘူး

ဥပမာ 2 of Swords energy လိုမျိုး 7 of Cups energy လိုမျိုး Querent တွေ ရွေးချယ်စရာ တွေထဲကမှ ဆုံးဖြတ်ရခက်နေတယ်ဆိုရင် ကျမက options တခုစီအတွက် ကတ်တွေချပေးပြီး comparison လုပ်ပေးလိုက်ပါတယ် ဒီ option ကတော့ဖြင့် ဒီလိုတွေရှိတယ် အားသာချက်ကဘာ အားနည်းချက်ကဘာ နောက်တခုကတော့ ဒီလိုတွေရှိတယ် စသည်ဖြင့် နှိုင်းယှဉ်ပေးလိုက်ပြီး ကာယကံရှင်စိတ်ကြိုက် ရွေးချယ် ဆုံးဖြတ်စေပါတယ်

ဘာလို့လဲဆိုတော့ ကတ်မေးတဲ့သူရဲ့ အတိတ်ကံ မျိုးစေ့ လက်ရှိပြုလုပ်နေတဲ့ ကံမျိုးစေ့ တွေဟာ လက်ရှိအတွက် အကြောင်းအကျိုး နောင် အနာဂတ်အတွက် အကြောင်းအကျိုးတွေ ဖြစ်လာမှာမို့ ကျမတို့အနေနဲ့ သူတပါးရဲ့ကံကို ဝင်ရောက်စွက်ဖက် ဆုံးဖြတ်ပေးလို့မရပါဘူး ဘာလုပ်ရင် ဘာဖြစ်မယ် ဘယ်လိုမျိုးဆို ဘယ်လိုလုပ်သင့်တယ် ဒီလိုပဲ လမ်းကြောင်းပြ အကြံပေး ဖေးမကူပေးလို့ပဲ ရပါမယ် တကယ်တမ်း ဆုံးဖြတ်ပြီး action ယူမဲ့သူဟာ ကာယကံရှင် ကိုယ်တိုင်ပဲ ဖြစ်ရပါမယ် ဖြစ်သင့်ပါတယ် အဆောင်တွေ ယတြာတွေ စီရင်ပေးတဲ့အခါမှာလည်း အတိတ်ကံ လက်ရှိကံရဲ့ အကြောင်းအကျိုးတွေကို ထိုက်သင့်သလောက်ပဲ မြှင့်တင် ပြုပြင်လို့ရပါတယ်

ကျမအနေနဲ့က ယတြာ အစီအရင်တွေ မလုပ်ပေးတတ်ပါဘူး
Bind Rune အဆောင်လေးတွေ ဆွဲပေးတတ်မယ်
Chakra Energy တွေ Balance လုပ်ပေးတတ်မယ်
ဘုရားတရား လုပ်တတ်အောင် တရားထိုင်တတ် သီလဆောက်တည်တတ်အောင်ပဲ ကူညီပေးနိုင်ပါတယ်
အဓိဌာန်ဝင်ဆုတောင်းတာလည်း တောင်းဆိုလာသူရှိခဲ့ရင် ကာယကံရှင်ကိုယ်တိုင်ကိုပဲ အဓိဌာန်ဝင်တတ် ဆုတောင်းတတ်အောင်သင်ပေးပြီး ဆုတောင်းစေပါတယ်

တချို့သော Querent တွေဟာ reader တွေ လောကီပညာရှင်တွေ ကို အားကိုးလွန်းပြီး reader တွေ ရဲ့ ပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို လိုချင်လေ့ တောင်းခံလေ့ရှိတာ နားလည်ပါတယ် ဒါပေမဲ့ ဒါဟာ မဖြစ်သင့်ပါဘူး အလုံးစုံသိမြင်နိုင်စွမ်းမရှိ ဒိဗ္ဗစက္ခု နတ်မျက်စိမရှိတဲ့ တန်ခိုးရှင်မဟုတ်တဲ့ ကျမတို့ reader တွေ ပညာရှင်တွေ ကိုယ်တိုင်တောင် ကိုယ့်ဘဝရဲ့ကံကြမ္မာအတွက် ကိုယ်ဆုံးဖြတ်တာတွေ အရာအားလုံးဟာ အလုံးစုံ မှန်ကန်ရဲ့လားဆိုတာလေး ပြန်သုံးသပ်စေချင်ပါတယ် ဆိုတဲ့အကြောင်း ကျမရဲ့ personal experience တွေ personal perspectiveတွေ ကနေ sharing လေးလုပ်ပေးချင်ပါတယ်

အမြင်တူသူ မတူသူများလည်း post အောက်မှာ ဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ကြပါတယ်

လိုအပ်သူများအတွက်
မေတ္တာဖြင့်

   ကျမ Family Reunion လေးရှိလို့ မိသားစုကို  အချိန်ပေးနေရလို့ New Year Blessings အနည်းငယ် နောက်ကျသွားပါတယ်Blessings အတွက...
03/01/2026





ကျမ Family Reunion လေးရှိလို့ မိသားစုကို အချိန်ပေးနေရလို့ New Year Blessings အနည်းငယ် နောက်ကျသွားပါတယ်

Blessings အတွက် comment မမန့်ခင် စာကို သေချာဖတ်ကြပါလို့ မေတ္တာရပ်ခံပါတယ်

ဒီလအတွက် New Year Blessings ကို

၁. ဒီနှစ်မှာ အသစ်အနေနဲ့ page မှာ service ပေးမဲ့ Tarot, Rune, Oracle အစုံ Full Spread အကြီး လေးခုနဲ့ အသေးစိတ်ဖတ်ပေးမဲ့ SGD 100 တန် Transformation Package ကို 1 ယောက်

၂. Chakra Energy Checking အသေးစိတ် ဆောင်ရန်ရှောင်ရန်တွေပါအပါအဝင် ကို 1 ယောက်

၃. Personalised Tarot one question Full Spread အသေးစိတ် Reading အတွက် 1 ယောက်

ရွေးချယ်ပေးသွားပါမယ်

ရွေးချယ်ပေးဖို့အတွက်

ဒီ page လေးကို ဘယ်လိုတွေ့ရှိခဲ့လဲ?
ဒီ page ကနေ ရခဲ့တဲ့ အရာလေးတွေက ဘယ်လိုကိုယ့်ကို အကျိုး သက်ရောက်မှုရှိစေခဲ့လဲ?
ဘာကောင်းကျိုးတွေရခဲ့လဲ?
ဘယ်လိုအသိတွေတိုးခဲ့လဲ?

ဆိုတာ page ရဲ့ review ကနေ ဖြစ်စေ page ကို tag ပြီးဖြစ်စေ comment မှာဖြစ်စေ ရေးပေးပါ

လိုချင်တဲ့ Blessing အတွက်ကတော့ ဒီ post ရဲ့ comment မှာ Package Number လေးတွေကို အောက်ပါအတိုင်း မန့်ပေးရပါမယ်

ဘဝရဲ့ ကဏ္ဍတခုအတွက် အပြောင်းလဲကြီးပြောင်းလဲချင်သူ ပြောင်းလဲဖို့ လိုအပ်သူအတွက် "Number 1 Transformation" လို့comment မှာ ရေးပါ ပြီးရင် page ရဲ့ messenger မှာ လက်ရှိ မျက်နှာ ရှင်းရှင်းလင်းလင်းမြင်ရတဲ့ တယောက်တည်းပုံ (selfie လည်းရ)တပုံနဲ့ နာမည်အပြည့်အစုံကို ပို့ပေးပါ

ကိုယ်စိတ်နှလုံး ၃ပါးလုံးရဲ့ ကျန်းမာရေး အခြေအနေ စစ်ဆေးချင်သူတွေအတွက်က "Number 2 Chakra" လို့comment မှာ ရေးပါ ပြီးရင် page ရဲ့ messenger မှာ လက်ရှိ တကိုယ်လုံး ရှင်းရှင်းလင်းလင်းမြင်ရတဲ့ တယောက်တည်းပုံ တပုံနဲ့ နာမည်အပြည့်အစုံကို ပို့ပေးပါ

အကြောင်းအရာတခုခုအတွက် အသေးစိတ် သိချင်သူ များကတော့ "Number 3 Fullspread" လို့ comment မှာ ရေးပါ ပြီးရင် page ရဲ့ messenger မှာ သိလိုတဲ့အကြောင်းအရာကို အသေးစိတ် လိုရင်းတိုရှင်း သေချာလေးရေးပေးပါ လက်ရှိ မျက်နှာ ရှင်းရှင်းလင်းလင်းမြင်ရတဲ့ တယောက်တည်းပုံ (selfie လည်းရ)တပုံနဲ့ နာမည်အပြည့်အစုံကို ပို့ပေးပါ

တယောက်ကို comment တခုပဲ မန့်ပေးပါ

နက်ဖြန်ခါ ည ၁၂ နာရီမှာ comment ပိတ်ပါမယ်

လိုအပ်သူများအတွက်
မေတ္တာဖြင့်

   မိသားစု ဆွေမျိုး သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဘယ်သူ ဘယ် relationship တွေနဲ့မဆိုအဆင်မပြေဖြစ်ထားတဲ့သူတွေ Reunion and Rec...
21/12/2025





မိသားစု ဆွေမျိုး သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဘယ်သူ ဘယ် relationship တွေနဲ့မဆိုအဆင်မပြေဖြစ်ထားတဲ့သူတွေ

Reunion and Reconciliation with Joyful Communication Rune လေး ကို phone wall paper လေးအဖြစ်

Christmas နဲ့ New Year အတွက် Blessings အနေနဲ့ လက်ဆောင်လာပေးတာပါ

အမုန်းတရားတွေကင်းပြီး အငြိုးမထားပဲ ပြန်လည်အဆင်ပြေ နိုင်ကြပါစေလို့ reunion လုပ်လေ့ရှိကြတဲ့ holiday အချိန်သမယမှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

တဆက်တည်း Reader လည်း မိသားစုကို အချိန်ပေးဖို့ ခွင့်ယူပါပြီနော် 2026 New Year ပြီးမှ 1 year Reading နောက်တခေါက်တန်းစီဖို့ post လေးနဲ့ ပြန်လည်ဆုံတွေ့ကြပါမယ်

လိုအပ်သူများအတွက်
မေတ္တာဖြင့်

      ရုတ်တရက် ထူးထူးဆန်းဆန်း ပေါင်းစပ်ရမဲ့ rune လေးတွေကို ပြပြီး ပေါင်းစပ်ပြီး bindrune ကို ဆွဲဖို့ မမြင်ရတဲ့တွန်းအားတခ...
10/12/2025






ရုတ်တရက် ထူးထူးဆန်းဆန်း ပေါင်းစပ်ရမဲ့ rune လေးတွေကို ပြပြီး ပေါင်းစပ်ပြီး bindrune ကို ဆွဲဖို့ မမြင်ရတဲ့တွန်းအားတခုက တိုက်တွန်းနှိုးဆော်နေသလိုဖြစ်တာမို့ လိုအပ်တဲ့နေရာတွေ လူတွေ ရှိနေမယ်လို့ခံစားရတာကြောင့် ဆွဲပြီး phone wall paper အနေနဲ့ လာပေးတာပါ

ရာသီမရွေး တနှစ်တာပတ်လုံး နေ့နေ့ ညည အချိန်တိုင်း နေရာဒေသတိုင်း မိသားစုတိုင်း အသက်အိုးအိမ် စည်းစိမ် ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေ ကာကွယ်စောင့်ရှောက်မှု အပြည့်အဝ ရပါစေ ဘေးရန်ကင်းကြပါစေ

May all the beings, families, properties around the world be safe and protected all the time at days and nights throughout the years!

လိုအပ်သူများအတွက်
မေတ္တာဖြင့်

      Blessing လေး နည်းနည်းနောက်ကျနေပေမဲ့  လပြည့်နေ့မှာ December လရဲ့ Blessing အနေနဲ့ Dream Home လေးပိုင်ဆိုင်နိုင်ဖို့ ...
04/12/2025






Blessing လေး နည်းနည်းနောက်ကျနေပေမဲ့ လပြည့်နေ့မှာ

December လရဲ့ Blessing အနေနဲ့ Dream Home လေးပိုင်ဆိုင်နိုင်ဖို့ တောင်းဆိုသူရှိလို့ ဆွဲပေးရင်း အားလုံးအတွက် phone wall paper လက်ဆောင်အနေနဲ့ပေးလိုက်ပါတယ်

ကိုယ်ပိုင်အိမ်လေးရဖို့ ဆုတောင်းနိုင်ပါတယ်

ကိုယ်လိုချင်တဲ့အိမ်ပုံလေးပေါ်မှာ print ထုတ်ပြီး တင်ထား ကပ်ထား ပြီး ဆုတောင်းနိုင်ပါတယ်

ဒါမှမဟုတ် ဒီ Rune ပုံလေးကို Print ထုတ်ထားတဲ့ စာရွက်ပေါ်မှာ မသုံးရသေးတဲ့ 🔑သော့အသစ်လေး တချောင်းတင်ထားပြီးလည်း ဆုတောင်းနိုင်ပါတယ်

လိုလားတောင့်တအပ်သော လုံခြုံအေးချမ်းတဲ့ Dream Home လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ

လိုအပ်သူများအတွက်
မေတ္တာဖြင့်

  #စာဖတ်1 year Reading ကို စာမဖတ်ပဲ တန်းစီပြီး နာမည်နဲ့ ပုံမပို့တဲ့သူတွေ မဖတ်ပေးပါဘူးနော်စာသေချာဖတ်ကြပါ ပြီးတော့မှ တန်းစ...
28/11/2025


#စာဖတ်

1 year Reading ကို စာမဖတ်ပဲ တန်းစီပြီး နာမည်နဲ့ ပုံမပို့တဲ့သူတွေ မဖတ်ပေးပါဘူးနော်

စာသေချာဖတ်ကြပါ ပြီးတော့မှ တန်းစီထားပြီး Reading ဘာလို့မရသေးလဲဖြစ်နေမှာစိုးလို့ပြောပြတာ

ခုက အရင်တန်းစီပြီးပုံပို့ထားတဲ့သူတွေအကုန်ပြီးပြီ တန်းစီထားပြီး စာမဖတ်တဲ့ ခုမှပုံပို့တဲ့ နောက်ထပ်တိုးလေးတွေပဲကျန်တော့မယ်

ခုကနေ ဒီဇင်ဘာ လလယ်ထိတော့ ခုလက်ရှိတွေ ပြီးသလောက်ဖတ်ထားပေးပါမယ်

နောက်ကျမှထပ်လာတဲ့သူတွေရှိရင် ဒီဇင်ဘာ လလယ်ကနေ new year ပြီးတဲ့ထိ family reunion ရှိလို့ အဲ့ဒီရက်တွေမှာ 1 year ထပ်တိုးတွေ မဖတ်ပေးပါဘူးရှင်

1 year Reading က အသံဖိုင်သွင်းရင်ကို တယောက် ၃နာရီလောက်အချိန်ပေးရပါတယ် ကတ်တွေအများကြီး ဖတ်လိုက် အသံသွင်းလိုက်နဲ့မို့ပါ

#စာဖတ်

😂

 please deworm parasitesခန္ဓာကိုယ်မှာ မှီတွယ်နေတဲ့ သန်ကောင် တုပ်ကောင်များကြောင့် ကျန်းမာရေးထိခိုက်ပြီး တခြားရောဂါများပါဖ...
24/11/2025



please deworm parasites

ခန္ဓာကိုယ်မှာ မှီတွယ်နေတဲ့ သန်ကောင် တုပ်ကောင်များကြောင့် ကျန်းမာရေးထိခိုက်ပြီး တခြားရောဂါများပါဖြစ်လာတတ်ပါတယ်တဲ့

လူကြီးလူငယ်မရွေး သန်ချဆေးသောက်ကြပါ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း သန်ချပေးပါ

လိုအပ်သူများအတွက်
မေတ္တာဖြင့်

 ကျမရဲ့ happy learning rune လေးနဲ့ စာလုပ်ဖို့ ရည်ရွယ်ပြီးကပ်ထားတာက human တကယ် ပျော်ရွှင်စွာ learning လုပ်နေသူက သူမ၏ မြော...
05/11/2025


ကျမရဲ့ happy learning rune လေးနဲ့ စာလုပ်ဖို့ ရည်ရွယ်ပြီးကပ်ထားတာက human တကယ် ပျော်ရွှင်စွာ learning လုပ်နေသူက သူမ၏ မြောင် 😂

ဒီမြောင်လေးက လူတွေကို အယုံအကြည်မရှိ အကိုင်မခံ အကပ်မခံ ဘာမှသင်ပေးလို့မရသော မြောင်လေးပါ

ခုတော့ မြောင်လေး သင်ယူတတ် အကိုင်ခံ ချွဲတတ် ပျော်တတ်လာပါပြီတဲ့

ချစ်စရာလေး so cute 🥰

 ခုတလော တယောက်ပြီးတယောက် ရီထရိုဝင်နေလို့ ဘာဖြစ်ပြန်ပြီ ညာဖြစ်ပြန်ပြီတွေ လာပြောကြတာ များလာလို့ အမောတွေပြေရအောင် ရီစရာလေးတ...
03/11/2025



ခုတလော တယောက်ပြီးတယောက် ရီထရိုဝင်နေလို့ ဘာဖြစ်ပြန်ပြီ ညာဖြစ်ပြန်ပြီတွေ လာပြောကြတာ များလာလို့ အမောတွေပြေရအောင် ရီစရာလေးတဖြတ်ပေါ့

ဂြိုဟ်တွေသာ စကားပြောတတ်မယ်ဆိုရင်လေ ပြန်ပြောကြလိမ့်မယ် သိလား

ငါတို့ဘာသာငါတို့ သွားနေကျအတိုင်းပဲ သွားနေတာ ဘာမှ နောက်ပြန်မလှည့်ဘူး နင်တို့သာ ဇောက်ထိုးမိုးမျှော်တွေကြည့်ပြီး ငါတို့ကို စွတ်စွတ်စွဲစွဲတွေ ကျွတ်ကြဲနေကြတာ ကိုယ့်ဘာသာ လုပ်ချင်တာလုပ် ဖြစ်ချင်တာဖြစ်ပြီးမှ ငါတို့နာမည်လာလာတပ်နေကြတယ် အဲ့မှာ လီမွန်နိတ်တွေသောက်ပြီး သွားကြိမ်းနေလိုက်ကြ လို့

စကားမစပ် စာမေးလိုက်ဦးမယ် ဒီလိုပြန်စွာတေးမဲ့ဂြိုဟ်က ဘယ်ဂြိုဟ်လို့ ထင်လဲ ဖြေကြည့်ကြ 😂

photo meta ai

Address

Singapore

Opening Hours

Monday 18:00 - 21:00
Tuesday 18:00 - 21:00
Wednesday 18:00 - 21:00
Thursday 09:00 - 17:00
17:00 - 21:00
Friday 18:00 - 21:00
Saturday 10:00 - 12:00
15:00 - 17:00
Sunday 10:00 - 12:00
15:00 - 17:00

Alerts

Be the first to know and let us send you an email when True Essence of Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to True Essence of Life:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram