True Essence of Life

True Essence of Life I am your Navigator. I am your Star to find your path. I am your light but you need to sail your boat
(1)

  အချိန်ကာလ နေရာဒေသ မသိပါလူအများအပြား လူအချင်းချင်းပေးတဲ့ အန္တရာယ် ကျရောက်တတ်ပါတယ် ဥပမာ အတွင်းသတင်းပေါက်ကြားခြင်း တိုင်က...
15/05/2026




အချိန်ကာလ နေရာဒေသ မသိပါ
လူအများအပြား လူအချင်းချင်းပေးတဲ့ အန္တရာယ် ကျရောက်တတ်ပါတယ်

ဥပမာ အတွင်းသတင်းပေါက်ကြားခြင်း တိုင်ကြားခံရခြင်း တို့ကြောင့် အန္တရာယ်ကျရောက်တတ် ဘေးသင့်တတ်ပါတယ်

သတိရှိရှိနေကြပါ

အပြောင်းအလဲကောင်းများအတွက် ခေါင်းဆောင်ကောင်းများ လိုအပ်နေပါတယ်
လုပ်စရာရှိတာတွေအတွက် ဖြတ်ချဖို့ လိုအပ်တာမှန်သမျှ ဖြတ်ချနိုင်ဖို့ လိုအပ်နေပါတယ်

ကောင်းမွန်သောအရွေ့တခုဖြစ်လာဖို့အတွက် အချိန်အတိုင်းအတာတခုထိတော့ ကြာဦးမယ် နှောင့်နှေးပါဦးမယ်

အမှန်တရားဟာ သူ့နေရာသူရဖို့ ဝေဝါး ဝေးကွာ နေပါသေးတယ် တရားသောအရာတွေအတွက် မတရားသောအရာတွေအများအပြားရဲ့ အတားအဆနးများစွာရှိနေဆဲပါ

Pisces, Ta**us, Cancer, Libra, Scorpio အချိန်ကာလတွေ ရာသီဖွားတွေ ပိုသတိထားပါ

၇ရက်သားသမီး အားလုံး ဂရုစိုက်ကြပါ ကြာသပတေးနေ့နံတွေ နေ့ဖွားတွေ ကြာသပတေးနေ့ရက်တွေမှာ ပိုသတိထားပါ (ဒီနှစ် ကြာသပတေးကလည်း အတာစားထားတာဆိုတော့ တခြားနေ့နံတွေထက် ပိုဂရုစိုက်သင့်တယ်လို့ပေါ်ပါတယ်)

အချိန်တိုင်း နေရာတိုင်းအတွက် သတိရှိရှိနေကြပါ

ကမ္ဘာတဝှမ်းရှိ သက်ရှိများအားလုံး အန္တရာယ်ကင်းဘေးရှင်းကြပါစေ 🙏

လိုအပ်သူများအတွက်
မေတ္တာဖြင့်

           ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၈)Tarot Reading 101 series ကိုstorytelling, signs & symbols, colors, elements, timi...
10/05/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၈)

Tarot Reading 101 series ကို
storytelling, signs & symbols, colors, elements, timing, numerology, astrology, intuition, psychology, energy patterns, shadow work, healing စတာတွေ အများကြီး ချိတ်ဆက်ပြီး မှတ်စုလေးတွေ ရေးပြနေတာဟာ ကျမဘာတွေသိပါတယ်ဆိုပြီး သမားဂုဏ်ပြ knowledge တွေကို complicated ဖြစ်အောင် လုပ်ဖို့မဟုတ်ပါဘူး

တကယ်တော့ အဓိက reason က
“everything is connected” ဆိုတဲ့
nature of existence နဲ့ universal truth ကို ပိုမိုနားလည်ဖို့ပါ အရာအားလုံးဟာ ဆက်စပ်နေပါတယ် Tarot ကိုလေ့လာရင်း Universe နဲ့ မိတ်ဆွေဖြစ်လာသလိုပေါ့ Tarot Universe ကိုနားလည်လာရင် အပြင်က Universe ကိုလည်း နားလည်လာတာပါပဲ

ဩကာသလောက ဒီဘဒ္ဒကမ္ဘာကြီး စကြာဝဠာကြီးထဲမှာ ဘာတခုမှ သီးခြားဖြစ်တည်နေတယ်ဆိုတာ မရှိပါဘူး အရာအားလုံးဟာ တခုနဲ့တခု ဆက်နွယ်နေပါတယ်

time အချိန်
emotion ခံစားချက်
planet ဂြိုဟ်ခွင် အလှည့်အပြောသ်းတွေ
nature သဘာဝတရားကြီး
color အရောင်တွေ
number နံပါတ်တွေ
human psychology လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံတွေ
energy pattern စွမ်းအင်တွေရဲ့ အဖြစ်အပျက်တွေ
season ရာသီဥတု အပြောင်းအလဲတွေ
body language ခန္ဓာကိုယ်အချက်ပြမှုတွေ
subconscious mind မသိစိတ်ရဲ့ အလုပ်လုပ်ပုံတွေ

စတာတွေဟာ တခုချင်းစီ ခွဲခြမ်းစိတ်ဖြာပြနေကြလို့သာ သီးခြားစီဖြစ်တည်နေကြသလို ထင်ရပေမယ့် အမှန်တကယ်တော့ energetic language ရဲ့different expressions တွေပါပဲ

Tarot ကတ်တွေဟာ အဲ့ဒီ interconnected patterns တွေကို symbolic form နဲ့ ပြသပေးနေတာပါ

ဒါကြောင့် Tarot ကို card meaning အနေနဲ့ပဲ ကြည့်မယ်ဆိုရင် surface layer အနေနဲ့သာ မြင်နိုင်ပါလိမ့်မယ်

ဒါပေမယ့် astrology ကို ချိတ်ကြည့်လိုက်တဲ့အခါ cosmic cycle ကို မြင်လာမယ်

numerology ကို ချိတ်လိုက်တဲ့အခါ
frequency pattern ကို မြင်လာမယ်

color symbolism ကို ကြည့်လိုက်တဲ့အခါ emotional vibration နဲ့ energetic field ကို မြင်လာမယ်

storytelling perspective နဲ့ ဖတ်လိုက်တဲ့အခါ human experience ကို မြင်လာမယ်

intuition နဲ့ ခံစားလိုက်တဲ့အခါ unspoken energy ကို မြင်လာမယ်

ဥပမာ The Hermit ကတ်တကတ်တည်းမှာတောင်
number 9 ရှိတယ်
Virgo energy ရှိတယ်
earth element ရှိတယ်
solitude symbolism ရှိတယ်
lantern light symbolism ရှိတယ်
wisdom archetype ရှိတယ်
timing energy ရှိတယ်
shadow meaning ရှိတယ်
spiritual meaning ရှိတယ်

ဒါတွေဟာ သီးခြား knowledge တွေ မဟုတ်ပါဘူး တူညီတဲ့ truth ကို language မတူတဲ့ နည်းစနစ်တွေ ရှုထောင့်တွေကနေ ပြောပြနေကြတာပါ

ဒါကြောင့် ဒီ series မှာ ရေးပြနေတဲ့အကြောင်းအရာတွေဟာ
“ဒီ card က ဘာ အဓိပ္ပာယ် လဲ”
ဆိုတဲ့ level ထက်ကျော်လွန်ပြီး
“energyတွေဟာ ဘယ်လို အလုပ်လုပ်လဲ”
“nature patterns တွေ သဘာဝတရားကြီးက ဘယ်လို ချိတ်ဆက်နေတာလဲ”
“လူတွေရဲ့ အတွေ့အကြုံ experienceတွေဟာ cosmic influence နဲ့ ဘယ်လို ဆက်နွယ်နေလဲ” ဆိုတာတွေကို မြင်လာနိုင်စေဖို့ဖြစ်ပါတယ်

Tarot reader တယောက်အနေနဲ့ knowledge layer တခုတည်းနဲ့ ဖတ်နေမယ်ဆိုရင် reading ဟာ တသမတ်တည်းလို flat ဖြစ်နေသလို ဖြစ်တတ်ပါတယ်

ဒါပေမယ့် multiple perspectives နဲ့ ကြည့်တတ်လာတဲ့အခါ Tarot reading ဟာ multi dimensional perspectives တွေရှိတဲ့ living system တခုလို ဖြစ်လာပါတယ်

တခါတလေ Tarot က astrology events တွေနဲ့ ကိုက်ညီနေတတ်တယ်

တခါတလေ numerology နဲ့ ကိုက်ညီနေတယ်

တခါတလေ psychology နဲ့ ကိုက်ညီနေတယ်

တခါတလေ quantum ideas တွေနဲ့တောင် ဆက်စပ်နေတာတွေ ရှိတတ်ပါတယ်

ဘာကြောင့်လဲဆိုတော့ energy တွေရဲ့ အမှန်တရား တခုတည်း universal truth တခုတည်းကို မတူညီတဲ့ energetic language တွေနဲ့ လူသားတွေ နားလည်ဖို့ ကြိုးစားနေကြတာဖြစ်လို့ပါ

အဲ့ဒါကြောင့် Tarot ကို လေ့လာတဲ့အခါ card meaning ကို အလွတ်ကျက်ဖို့ထက် energy patterns တွေကို မြင်တတ်ဖို့က ပိုအရေးကြီးပါတယ်

Nature ဆိုတဲ့ သဘာဝတရားကြီး မှာလည်း pattern တွေရှိတယ် မဟုတ်ပါလား
season cycle
moon cycle
human emotions
birth and death
day and night
inhaling and exhaling
growth and destruction
အားလုံးဟာ cycle ပဲ

Tarot ဟာ အဲ့ဒီ energy cycle ကို
multiple layer of knowlege တွေနဲ့ different perspectives တွေကနေ ပြန်ပြောပြနေတာပါ

ဒီ မှတ်စုလေးတွေ ကို ရေးနေရတဲ့ အဓိက အကြောင်းရင်းက Tarot ကို fortune telling tool တခုလိုပဲ မမြင်စေချင်တာပါ

Tarot ဟာ သုံးတတ်ရင် ကျမတို့အတွက် အမျိုးမျိုးသော အကျိုးရှိစေတဲ့
consciousness study
human psychology
spiritual healing
energy observation
symbolic language
universal pattern recognition
tool တခုလည်း ဖြစ်နိုင်ပါတယ်

“Everything is connected” ဆိုတာကို တကယ် နားလည်လာတဲ့အခါ Tarot card တကတ်ဟာ ပုံရိပ်တွေနဲ့ စက္ကူကတ်တကတ်ပဲ မဟုတ်တော့ပါဘူး Universe ရဲ့ language အစိတ်အပိုင်းတခု ဖြစ်လာပါတယ်

ဒါကြောင့် Tarot ကို လေ့လာနေတယ်ဆိုတာဟာ ကတ်ဖတ်နေတာထက်ပိုပြီး nature သဘာဝတရားကြီးကို လေ့လာနေတာ
energy တွေကို လေ့လာနေတာ human experience တွေကို လေ့လာနေတာ spiritual healing ကို လေ့လာနေတာ
universal truth ကို လေ့လာနေတာနဲ့ တူလာပါတယ်

အဆုံးမှာတော့ ဘယ်ပညာရပ် ဘယ်အကြောင်းအရာ ဘာတွေဘယ်လိုပဲ အကြောင်းတရား အများကြီးရှိပေမယ့် universal truth က တခုတည်းပါ

Everything is connected
Oneness ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

           ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၇)Tarot Reading တခုမှာWeekdays + Planetary Energy + Zodiac + Decan + Elements + Mod...
08/05/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၇)

Tarot Reading တခုမှာ
Weekdays + Planetary Energy + Zodiac + Decan + Elements + Modality + Astrological House တို့ကို ပေါင်းဖတ်နိုင်တဲ့အခါ timing, energy activation, life cycle, seasonal shift တွေကို ပိုမိုနက်ရှိုင်းစွာ နားလည်လာနိုင်ပါတယ် Tarot ကို decan နဲ့ planetary association တွေကို ချိတ်ဆက်ပြီး Cosmic energy influence ကို ဖတ်တာဖြစ်ပါတယ်

Weekdays & Planetary Association ဆိုတာ ရက်သတ္တပတ် တပတ်တာထဲမှာရှိတဲ့နေ့တွေမှာ သက်ဆိုင်ရာ ruling planet energy တွေနဲ့ ချိတ်ဆက်ထားတာကို ညွှန်းဆိုပြသပါတယ်

Monday — Moon
emotion, intuition, subconscious

Tuesday — Mars
action, conflict, drive

Wednesday — Mercury
communication, thinking

Thursday — Jupiter
expansion, wisdom, luck

Friday — Venus
love, beauty, relationship

Saturday — Saturn
karma, discipline, restriction

Sunday — Sun
identity, vitality, success

ဒီဆက်စပ်မှုလေးကို အရင်ကလည်း weedays in tarot ဆိုပြီး မှတ်စုလေး ရေးပြခဲ့ဖူးပါတယ် ဒီ link မှာ သွားပြန်ကြည့်လို့ ရပါတယ်

https://www.facebook.com/share/1Ax7rFPCFU/?mibextid=wwXIfr

ဒါကြောင့် တခါတလေ reading တခုကို ဘယ်နေ့မှာ ဘယ်နေ့ဖွားအတွက် ဖတ်လဲဆိုတာတွေကပါ energy interpretation မှာ ဆက်စပ်မှု ရှိနိုင်ပါတယ်

ဥပမာ Tuesday မှာ Wands cards ထွက်လာရင် Mars energy double ဖြစ်နိုင်ပါတယ် ဒါဆိုရင် Mars ရဲ့ action ယူရမဲ့အရာတွေကို highlights လုပ်နေတာဖြစ်နိုင်သလို အင်္ဂါနေ့ဖွားတွေ အင်္ဂါနံတွေ အင်္ဂါနေ့မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို အထူး ရည်ညွှန်းနေတာ ဖြစ်လာနိုင်သလို ပြင်ပက astrological transit တွေ aspect တွေ events တွေကို ရည်ညွှန်းနေတာမျိုးလဲ ဖြစ်နိုင်ပါတယ်

Minor Arcana & Zodiac Decan
Tarot suit တခုချင်းစီက Minor Arcana (2–10) cards 9 ကတ်ဟာ
Zodiac sign 12 ခုကို Decan (10° segment) ၃ ခုစီနဲ့ ခွဲထားပါတယ်

one zodiac sign = 30° → 3 decans (10° each)

ဒါကြောင့် one minor arcana card = sign + decan + ruling planet + elemental energy + modality စသည်တို့ ပေါင်းစပ်ပြီးသား energy combination တခုဖြစ်လာပါတယ်

ဒီနေရာမှာ Golden Dawn system ရဲ့ planetary ချိတ်ဆက်မှုကို အခြေခံပြီး ချိတ်ဆက်ပြထားပါတယ်

Minor arcana card number 2,3,4 တွေဟာ သက်ဆိုင်ရာ elemental zodiac တွေရဲ့ Cardinal sign တွေ ဖြစ်ပြီး 5,6,7 တွေဟာ Fixed sign တွေ 8,9,10 တွေဟာ Mutable sign တွေရဲ့ decan တွေဖြစ်ပါတယ်

Decan တွေကို Ruling Planet တွေနဲ့ ချိတ်ဆက်မှုကတော့ weekdays ရဲ့ နေ့ ၇နေ့ ကိုစိုးမိုးတဲ့ ruling planet ၇ခု နဲ့ပဲ ချိတ်ဆက်ထားတာမို့ ခေတ်သစ် planet တွေဖြစ်တဲ့ Uraus နဲ့ Neptune တွေ မပါဝင်ပါဘူး

ဒါဆို decan တွေနဲ့ minor arcana တွေနဲ့ ဘယ်လို ချိတ်ဆက်သွားလဲဆိုရင် နံပါတ်ကတော့ အစဉ်အတိုင်း 2,3,4,5,6,7,8,9,10 ကို နံပါတ်စဉ် 9ခု suit 4ခုမို့ 9 times 4 ခါက 36 ရတာပေါ့

ပြက္ခဒိန်မှာ Astrological zodiac တွေက Aries, Ta**us, Gemini, Cancer ဒီလို အစဉ်အတိုင်း သွားတယ် မဟုတ်လား နောက်ဆုံး Pisces အထိ 12 zodiac sign ရှိတယ် ၁၂ လစာ တနှစ်စာပေါ့ Sign တခုချင်းစီအလိုက် သူတို့စိုးမိုးတဲ့ ဂြိုဟ် ruling planet ရှိသလို သူတို့ရဲ့ ကိုယ်ပိုင်အထိုင်အိမ် သက်ဆိုင်ရာ Astrological House လေးတွေလည်း ၁၂ ခုရှိပါတယ်

အဲ့ဒီတော့ sign တခုကို decan ၃ခုနှုန်း ဆိုတော့ 12 times 3 ကလဲ 36 ပဲရတာပဲပေါ့

အဲ့ဒါကိုမှ minor arcana 36 cards ကို သက်ဆိုင်ရာ element တွေရဲ့ modality အလိုက် နံပါတ်စဉ်အတိုင်းလေး နေရာချသွားရုံပါပဲ
all cardinal from different suits - 2,3,4
all fixed from different suits - 5,6,7
all mutable from different suits - 8,9,10

weekdays တွေရဲ့ စိုးမိုးဂြိုဟ် planet ၇ခုကိုလဲ size အလိုက် အသေးဆုံးကနေ အကြီးဆုံးအထိ အစဉ်အတိုင်း စီလိုက်ရင်

Moon ^
Mercury ^
Venus ^
Sun ^ (The center of the planet system)
Mars ^
Jupiter ^
Saturn ^

ဒီလိုဖြစ်သွားမှာပေါ့နော်

Aries က သူ့ရဲ့ ကိုယ်ပိုင် planet Mars ဂြိုဟ် စိုးမိုးတဲ့ decan နဲ့ ပွဲဦးစထွက်တဲ့အခါကျတော့ Aries ရဲ့ decan ကို Mars ကနေ တဖြည်းဖြည်း သေးသွားတဲ့အပေါ်ဘက်ကိုသွားပြီး အောက်ဆုံးကနေတပတ်လည်အောင် ပြန်ပတ်လာခဲ့ရင်

Mars - Sun - Venus - Mercury - Moon - Saturn - Jupiter ဆိုပြီး loop ပတ်ရမဲ့ planet တွေ အစဉ်အတိုင်းရလာပါတယ် ဒီလိုနဲ့ decan တခုစီကို zodiac sign အလိုက် modality အလိုက် suit တခုချင်းစီက minor arcana ကတ်လေးတွေကို နံပါတ်စဉ်အတိုင်းရယ် ဂြိုဟ်စဉ်အလိုက်ရယ် စီတန်း ချိတ်ဆက်သွားရုံပါပဲ

Signs (Wands)
Aries (Cardinal Fire — House 1 — Astrological New Year - start in spring)
2 of Wands → Mars in Aries → 1st decan of Aries → beginning of action, raw initiation energy

3 of Wands → Sun in Aries → 2nd decan of Aries → expansion, vision

4 of Wands → Venus in Aries → 3rd decan of Aries → celebration, stabilization

Leo (Fixed Fire — House 5)
5 of Wands → Saturn in Leo → 1st decan of Leo → conflict, ego test

6 of Wands → Jupiter in Leo → 2nd decan of Leo → victory, recognition

7 of Wands → Mars in Leo → 3rd decan of Leo → standing ground, challenges

Sagittarius (Mutable Fire — House 9)
8 of Wands → Mercury in Sagittarius → 1st decan of Sagittarius → fast movement, messages

9 of Wands → Moon in Sagittarius → 2nd decan of Sagittarius → resilience, emotional endurance

10 of Wands → Saturn in Sagittarius → 3rd decan of Sagittarius → burden, responsibility, long journey

Signs (Swords)
Gemini (Mutable Air — House 3)
8 of Swords → Jupiter in Gemini
9 of Swords → Mars in Gemini
10 of Swords → Sun in Gemini

Libra (Cardinal Air — House 7 - starts autumn)
2 of Swords → Moon in Libra
3 of Swords → Saturn in Libra
4 of Swords → Jupiter in Libra

Aquarius (Fixed Air — House 11)
5 of Swords → Venus in Aquarius
6 of Swords → Mercury in Aquarius
7 of Swords → Moon in Aquarius

Signs (Cups)
Cancer (Cardinal Water — House 4 - starts summer)
2 of Cups → Venus in Cancer
3 of Cups → Mercury in Cancer
4 of Cups → Moon in Cancer

Scorpio (Fixed Water — House 😎
5 of Cups → Mars in Scorpio
6 of Cups → Sun in Scorpio
7 of Cups → Venus in Scorpio

Pisces (Mutable Water — House 12 — Astrological Year End)
8 of Cups → Saturn in Pisces
9 of Cups → Jupiter in Pisces
10 of Cups → Mars in Pisces ( *** Last decan of Pisces is influenced by the planet Mars energy pushed through the transition of year end to start a new year in Mars in Aries of first decan Aries)

Signs (Pentacles)
Ta**us (Fixed Earth — House 2)
5 of Pentacles → Mercury in Ta**us
6 of Pentacles → Moon in Ta**us
7 of Pentacles → Saturn in Ta**us

Virgo (Mutable Earth — House 6)
8 of Pentacles → Sun in Virgo
9 of Pentacles → Venus in Virgo
10 of Pentacles → Mercury in Virgo

Capricorn (Cardinal Earth — House 10 - starts winter)
2 of Pentacles → Jupiter in Capricorn
3 of Pentacles → Mars in Capricorn
4 of Pentacles → Sun in Capricorn

How to Link Everything Together ဒါတွေကို ဘယ်လို ချိတ်ဆက်ကြည့်ကြမလဲ? ဥပမာ
Tuesday (Mars day)
Minor Arcana → 2 of Wands (Mars in Aries)
Major Arcana → The Tower (Mars) + The Emperor (Aries - ruling planet Mars)
→ 1st decan of Aries
→ Cardinal Fire
→ House 1
→ Astrological New Year
→ beginning of life cycle
→ initiation of identity
→ triple Mars energy
→ strong action initiation
→ decision making point
→ new beginning force

ဒီလိုတွေ ချိတ်ဆက်ပြီး ဖတ်တတ်လာတဲ့အခါ Tarot card တကတ်ဟာ
simple meaning တခုပဲ မဟုတ်တော့ဘဲ
• timing point
• seasonal energy
• personality pattern
• soul cycle စတာတွေကို မြင်လာအောင် ပြသနိုင်ပါတယ်

Important Insights
Decan system ကို နားလည်လာတဲ့အခါ Minor Arcana cards တွေဟာ
“daily life events” တွေတင်မဟုတ်တော့ဘဲ “astrological timeline” ဖြစ်လာပါတယ်

Tarot reader တယောက်အနေနဲ့
• card ကို ဖတ်နိုင်လာမယ်
• planet ကို ချိတ်နိုင်လာမယ်
• zodiac ကို နားလည်လာမယ်
• timing ကို မြင်နိုင်လာမယ် ဆိုရင် reading ဟာ multiple layer cosmic influence energy ကို ဖတ်နိုင်လာမှာဖြစ်ပါတယ်

Tarot က story telling လုပ်တဲ့ ပုံပြင်တခုလိုပဲဖတ်လို့ရတာ မဟုတ်ဘူး time နဲ့ energy flow ကိုပါချိတ်ဆက်ပြသနိုင်တဲ့ Energy Reading tool တခုဖြစ်ပါတယ်

ဒါကြောင့် Tarot မှာ Astrological associationsတွေကို ပေါင်းစပ်ပြီး ဖတ်နိုင်လာတဲ့အခါ Tarot reading ဟာ သာမာန် timeline ကို predict လုပ်တာထက်ပိုပြီး cosmic alignment tool တခု ဖြစ်လာပါလိမ့်မယ် ခက်သလား မခက်ပါဘူးနော့် ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

          Self-healing is not too difficult – episode 12လူတယောက်ရဲ့ energy ကို အလွယ်ဆုံး သုံးသပ်လို့ရတဲ့နေရာက သူ့စိတ်ထဲမ...
06/05/2026


Self-healing is not too difficult – episode 12

လူတယောက်ရဲ့ energy ကို အလွယ်ဆုံး သုံးသပ်လို့ရတဲ့နေရာက သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာပါပဲ

Negative thoughts တွေဆိုတာ အပြင်ကလာတာ မဟုတ်ပါဘူး ကိုယ့်စိတ်ထဲမှာ အပြန်ပြန်အလှန်လှန် ဖန်တီးနေတဲ့ energy pattern တခုပါ

နဖူးကအမာရွတ်မြင်တိုင်း မဟော်သဓာကို မကြေချမ်းနိုင်တဲ့ ကေဝဋ်ပုဏ္ဏားလိုပဲ
ပြီးခဲ့တဲ့အရာတခုခုကိုတွေးတွေးပြီး ပူလောင်နေကြလား?
ဒါမှမဟုတ် ဖြစ်မလာသေးတဲ့အရာတခုခုကို ကြိုတွေးပြီး ပူလောင်နေကြလား?

တခါတရံမှာ အဖြစ်အပျက်တခုက သေးသေးလေးပဲ ဖြစ်နိုင်ပေမဲ့ အဲဒီအကြောင်းအရာကိုပဲ ထပ်ခါတလဲလဲ တွေးမိနေတဲ့အခါမှာ အဲ့ဒီ အတွေးတွေကပဲ တချိန်လုံး ကြီးစိုးလာနေပြီး ကိုယ့်ရဲ့ positive energy တွေကို တဖြည်းဖြည်း စားသုံးသွားပါတယ်

ဒါပေမဲ့ Negative အတွေးတွေကို “မတွေးရဘူး” လို့ တားမြစ်တာထက်စာရင် “ဆက်ပြီးမတွေးမိအောင်” သိရှိပြီး ရပ်တန့်နိုင်တာ ဖြတ်ချနိုင်တာက ပိုမိုထိရောက်မှုရှိပြီး အရေးကြီးပါတယ်

ဥပမာ…
စိုးရိမ်မှုတခု ဖြစ်လာပြီဆိုပါစို့

👉 “ဘာဖြစ်မလဲ?”
👉 “မကောင်းဘူးဆိုရင်?”
👉 “ဆိုးတာတွေဖြစ်လာရင်ကော?”

ဒီလို အတွေးတွေက တကယ်တမ်းကျတော့ လက်တွေ့ကျတဲ့ အဖြေတွေ မဟုတ်ဘဲ လက်ရှိလုပ်နေရတဲ့ တကယ့်တကယ် ကိုယ် လုပ်ကိုင်ရမဲ့အရာတွေကို လုပ်ကိုင်နိုင်စွမ်းမရှိတော့အောင် energy drain ဖြစ်စေတဲ့ အရာတွေပါ

ဒီလို ကိုယ်နစ်နေမိတဲ့ အတွေးနွံထဲကနေ ထွက်ချင်ရင် လွတ်မြောက်ချင်ရင် စိတ်ကို မေးခွန်း တခု မေးပါ

👉 “အခုအချိန်မှာ ငါ ဘာကို *အကောင်းဆုံး* လုပ်နိုင်လဲ?”

ဒီ မေးခွန်း က အတွေးကနေ → လက်တွေ့ကျတဲ့ အဖြေတခုကို ပြောင်းပေးနိုင်တဲ့ အဓိကကျတဲ့ အထောက်အကူတခု ဖြစ်ပါတယ်

Negative အတွေးတွေကို လျှော့ချဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတချို့က

✔️ Register - အတွေးကို ဘာတွေးနေတာလဲ သတ်သတ်မှတ်မှတ် သိလိုက်ပါ
“အခု ငါ စိုးရိမ်နေတယ်”
“အခု ငါကြောက်နေတယ်”
“အခု ငါပူပန်နေတယ်”
လို့ သိပြီး သိတာလေးကိုပဲ သတ်မှတ်ကြည့်လိုက်ပါ (သိလိုက်တာနဲ့ အဲ့ဒီ အတွေးဟာ အားကောင်းမှု အရှိန်လျော့ကျသွားပါတယ်)

✔️ Stop feeding it - ထပ်ခါတလဲလဲ မတွေးမိအောင် ကြိုးစားပါ
အကြောင်းအရာတခုထဲကိုပဲ ထပ်ခါထပ်ခါ တဝဲလည်လည် မတွေးပါနဲ့ ဒါပေမဲ့ မတွေးဘူးလို့ အတင်းအဓမ္မ by force နဲ့ ခေါင်းခါထုတ် ငြင်းဆန်တာမျိုးမဟုတ်ပဲ
“တခြား လုပ်စရာတခုခု၊ အာရုံစိုက်
စရာတခုခု၊ လက်တွေ့ကျကျ အာရုံလွှဲနိုင်မဲ့ အရာတခုခု” ကို ပြောင်းလုပ်ပါ

✔️ Mindfulness - စိတ်နဲ့ကိုယ်နဲ့ပြန်ပြီး အသိကပ်နိုင်အောင် ကြိုးစားကြည့်ပါ
ဒီအတွေးထဲမှာပဲ စိတ်ထဲမှာပဲ တဝဲဝဲ လည်မနေအောင် ခန္ဓာကိုယ်ကို အသုံးပြုပါ လမ်းလျှောက် ဘေးဘီဝဲယာရှူခင်းကြည့်၊ အိမ်သန့်ရှင်းရေးလုပ်၊ ရေသောက်၊ မုန့်လုပ်စား၊အန္တရာယ်ကင်းဘေးရှင်းတဲ့ ဝါသနာပါရာ လေးတွေလုပ် စသည်ဖြင့် လွယ်ကူပြီး စိတ်ကိုထပ်ပြီးဝန်မပိစေတဲ့ simple actions တွေက energy ကို ထိရောက်စွာ shift လုပ်ပေးနိုင်ပါတယ်

✔️ Take one small action - one step at a time
ကြီးကြီးမားမား ထင်ထင်ရှားရှား ပြောင်းလဲသွားစရာတောင် မလိုပါဘူး
ကိုယ့်ရဲ့ အပြုအမူ သေးသေးလေး တခုစီတိုင်းဟာ energy ကို positiveဘက် ကို shift လုပ်ပေးနိုင်ပါတယ်

တကယ်တော့ Negative energy ဆိုတာ လူတိုင်း တချိန်မဟုတ် တချိန် ဖြစ်ပေါ်လာကြတာချည်းပါပဲ ဒါဟာ ကိုယ့်အမှားမဟုတ်ပါဘူး ဖြစ်တတ်တဲ့ သဘာဝ တခုပါ ဘယ်သူမှလဲ အမြဲအကောင်းမမြင်နိုင် positive energy ချည်းပဲ တသမတ်ထဲ ရှိမနေနိုင်ပါဘူး

ဒါပေမဲ့ အဲဒီ energy ထဲမှာ နေချင်လား
မနေချင်လားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ

ကျမတို့ energy work တွေမှာလည်း
energy ကို မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း shift လုပ်ပေးနိုင်ပါတယ်

ဒါပေမဲ့ နေ့စဉ်ဘဝထဲမှာ ကိုယ်တိုင် shift လုပ်နိုင်တဲ့သူက ပိုပြီး ထိရောက်တဲ့ တာရှည်ခံတဲ့ shift ကို ဖြစ်စေနိုင်တဲ့သူပါ မဟုတ်ရင် အရင်အတိုင်းပဲ ဒုံရင်း ဒုံရင်း ပြန်ပြီး ဖြစ်တတ်ပါတယ်

ဒါကြောင့် ကျမဆီမှာ Chakra Balancing service ယူတဲ့သူတွေဆို service ပဲပေးလိုက်တာမဟုတ်ပဲ ရေရှည် ဘယ်လို ဆက်ပြီး ထိန်းသိမ်းရမလဲ ဆိုတာတွေပါ တခါတည်း လမ်းညွှန်ပေး သင်ပြပေးလိုက်တာမျိုးပါ ဘာအကျိုးအကြောင်းမှ ပြန်လာမပြောရင်တောင် ကျမဆီ ပြန်မရောက်လာရင် တိုးတက်လာလို့ဆိုပြီး ဝမ်းသာရပါတယ် မကြာမကြာ ပြန်ရောက်လာတဲ့သူတွေရှိပေမဲ့လည်း သူတို့ဆီက ထိရောက်တဲ့ တိုးတက်မှုတွေမြင်ရတာတွေ တွေ့ရတဲ့အခါ ဝမ်းသာရပါတယ် ဒါက စကားစပ်မိလို့ ပြောပြတာပါ

အဖြစ်အပျက်တိုင်းကို negative way နဲ့ကြည့်မလား သင်ခန်းစာယူပြီး positive outcome ဘက်ကို shift လုပ်မလားဆိုတာက ကိုယ့်ရဲ့
👉 အတွေးတွေ - thoughts
👉 စကားတွေ - communications
👉 လုပ်ရပ်တွေ - actions
တွေနဲ့ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်

အဆုံးမှာ ပြောချင်တာက…

Self healing ဆိုတာ စိတ်ကို ထိန်းနိုင်တာ မဟုတ်ပါဘူး
👉 စိတ်ကို ဘာဖြစ်နေလဲ သိနိုင်တာ
👉 သိပြီး direction ပြောင်းနိုင်တာ
👉 ပြောင်းပြီး လွယ်ကူထိရောက်တဲ့ action ယူနိုင်တာ
ဖြစ်ပါတယ် ဒီ နည်းလမ်းလေး ကို နေ့စဉ်အလွယ်တကူအသုံးချနိုင်လာရင်

Self Healing is not too difficult ပါ

Especially…
when you don’t stay in the thought,
but choose to move with awareness

လိုအပ်သူများအတွက်
မေတ္တာဖြင့်

     ကမ္ဘာပေါ်က လူအများအပြား တာဝန်တွေ ဝတ္တရားတွေ စိတ်မပါတာတွေ လုပ်နေရတဲ့အတွက် မနိုင်ဝန်ထမ်းနေရသလို စိတ်တွေဖိစီးပြီး တချိ...
05/05/2026



ကမ္ဘာပေါ်က လူအများအပြား တာဝန်တွေ ဝတ္တရားတွေ စိတ်မပါတာတွေ လုပ်နေရတဲ့အတွက် မနိုင်ဝန်ထမ်းနေရသလို စိတ်တွေဖိစီးပြီး တချိန်လုံး စိတ်ပူပင်သောကတွေပဲ များနေကြတယ် အဲ့ဒီအတွက် စိတ်ရဲ့ ငြိမ်းအေးရာလေးရှာကြဖို့ message ရပါတယ်

ကိုယ့်လက်ရှိအချိန် present moment မှာ
* အစားကောင်းလေးစားလိုက်ရတာ
* သက်တောင့်သက်သာ ခေတ္တခဏ အမောဖြေ နားလိုက်ရတာ
* ရေအေးအေးလေး သောက်လိုက်ရတာ
* လေအေးအေးလေးရှူလိုက်ရတာ
* ရနံ့မွှေးမွှေးလေး ရှူလိုက်ရတာ
* အိပ်မောကျ အိပ်ပျော်သွားပြီး အနားရလို့ အားအင်ပြည့်ဝ နိုးထလာရတာ
စသည်ဖြင့် စသည်ဖြင့် အသေးအဖွဲလေးတွေကို သတိပြုမိပြီး ကျေနပ်ဝမ်းမြောက်တဲ့စိတ်ကလေး ထားကြည့်ပါ

ဒီကျေနပ်ဝမ်းမြောက်တဲ့ စိတ်ကလေးတွေ မကြာခဏ ရှိလာပြီ စုမိလာပြီ များပြားလာပြီ ဆိုရင် ပူပင်သောကတွေအတွက် နေရာပျောက်လာတဲ့အတွက် တဖြည်းဖြည်း ပိုပြီး စိတ်တွေ ကြည်လင် အေးချမ်းလာပါလိမ့်မယ်

အားလုံးပဲ အရှုပ်ထဲမှာရှင်းအောင်နေ
အပူထဲမှာ အေးအောင်နေနိုင်ကြပါစေ

လိုအပ်သူများအတွက်
မေတ္တာဖြင့်

          ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၆)Tarot Reading တခုမှာNumerology + Astrology + Tarotတို့ကို ပေါင်းဖတ်နိုင်တဲ့အခါ per...
02/05/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၆)

Tarot Reading တခုမှာ
Numerology + Astrology + Tarot
တို့ကို ပေါင်းဖတ်နိုင်တဲ့အခါ personal development အတွက် အသုံးချလို့ရတဲ့ Tool တခု ဖြစ်လာပါတယ်

Visible patterns (တကယ် အပြင်လက်တွေ့မှာ ကိုယ်မကြာခဏ လုပ်နေမိ တွေးနေမိ ပြောနေမိ တဲ့အရာတွေ)
shadow work (အတွင်းစိတ်ထဲက ပုံးကွယ်နေ ဖုံးဖိထားနေမိတဲ့အပိုင်းတွေ)
hidden abilities (ကိုယ်မသိ မမြင် သတိမထားမိတဲ့ ကိုယ့်ရဲ့ လုပ်နိုင်
ကိုင်နိုင် စွမ်းရည်တွေ)
တွေကို အလွန်နက်ရှိုင်းစွာ ဖော်ထုတ်နိုင်ပါတယ်

ဒါဟာ multiple layer energy reading ဖြစ်ပါတယ်

Numerology ဟာ “number vibration” တွေကို ပြသပါတယ်

Tarot ဟာ “symbolic story” ကို ပြသပါတယ်

Astrology ဟာ “cosmic influence” ကို ပြသပါတယ်

ဒီ ၃ ခု ပေါင်းသွားတဲ့အခါ
energetic blueprint ကို မြင်နိုင်ပါတယ်

ဥပမာ Numerology အရ တွက်ထုတ်လိုက်တဲ့ နံပါတ်တွေမှာ Life path or Destiny or Birthday or personal year or personal day or personal month စသည်ဖြင့်တွေမှာ Number 1 ရလာတယ် ဆိုပါတော့

Number 1 energy ဟာ
creation, leadership, individuality
တို့နဲ့ ဆက်နွယ်ပါတယ်

ဒါကြောင့်
Number 1 vibration နဲ့ ဆက်နွယ်တဲ့ Tarot cards တွေကို Numerology + Astrology နဲ့ ချိတ်ဖတ်နိုင်ပါတယ်

Major Arcana
The Magician (1) — Mercury, Air Element, House 3
communication, manifestation, skill
Shadow → manipulation, scattered mind
Hidden Ability → conscious creator, energy channel alchemy

Wheel of Fortune (10 → 1) — Jupiter, Fire Element, House 9
luck, expansion, destiny cycles
Shadow → stuck in cycles, lack of control
Hidden Ability → cycle reader, timing master

The Sun (19 → 1) — Sun, Fire Element, House 5
success, vitality, self-expression
Shadow → ego, validation seeking
Hidden Ability → radiant leadership, life-force activation

Minor Arcana — Fire (Wands)
Ace of Wands — Aries / Leo / Sagittarius, House 1/5/9
new passion, creative spark
Shadow → impulsiveness, unfinished action
Hidden Ability → ignition power, visionary initiation

10 of Wands — Saturn in Sagittarius (House 9)
burden, responsibility, long journey
Shadow → burnout, over-responsibility
Hidden Ability → endurance, mission carrier

Minor Arcana — Air (Swords)
Ace of Swords — Gemini / Libra / Aquarius, House 3/7/11
truth, clarity, mental breakthrough
Shadow → overthinking, harsh truth
Hidden Ability → sharp insight, truth speaker

10 of Swords — Sun in Gemini (House 3)
ending, mental collapse, painful truth
Shadow → victim mindset, mental exhaustion
Hidden Ability → rebirth through truth, mind reset

Minor Arcana — Water (Cups)
Ace of Cups — Cancer / Scorpio / Pisces, House 4/8/12
emotional opening, love, intuition
Shadow → emotional overwhelm, dependency
Hidden Ability → deep empathy, intuitive channel

10 of Cups — Mars in Pisces (House 12)
emotional fulfillment, spiritual happiness
Shadow → illusion of happiness, escapism
Hidden Ability → divine love alignment, soul union energy

Minor Arcana — Earth (Pentacles)
Ace of Pentacles — Ta**us / Virgo / Capricorn, House 2/6/10
material opportunity, stability seed
Shadow → fear of starting, attachment to security
Hidden Ability → grounding power, wealth creation

10 of Pentacles — Mercury in Virgo (House 6)
legacy, family, long-term success
Shadow → pressure, perfectionism, routine trap
Hidden Ability → system builder, legacy creator

How to Use This for Personal Development? ဒီ နည်းလမ်းကို လက်တွေ့ ဘယ်လိုအသုံးချကြမလဲဆိုရင်

1. ကိုယ့် Numerology Number တွေကို တွက်ထုတ်ပါ
2. အဲ့ဒီ number နဲ့ ဆက်နွယ်တဲ့ Tarot cards တွေကို ရွေးပါ
3. Card တစ်ကတ်ချင်းစီကို
Astrological influence နဲ့ ချိတ်ဖတ်ပါ
1. Visible Patterns vs Shadow vs Hidden Ability ကို journal လုပ်ပါ
2. ကိုယ့် life pattern နဲ့ compare လုပ်ပါ

ဒီလိုလုပ်တဲ့အခါ Tarot ကတ်တွေဟာ
fortune telling tool မဟုတ်တော့ဘဲ
self decoding system
energy healing mirror
soul awakening map
ဖြစ်လာပါတယ်

Important Insight
Same number energy (1) ထဲမှာတောင်
Fire, Air, Water, Earth
Astrology influence မတူတာကြောင့်
shadow expression မတူပါဘူး
ဒါကြောင့်
“ငါ Life path 1 ဖြစ်တယ်” ဆိုတာတင်မကဘဲ
“ဘယ် element / ဘယ် planet energy က dominate လဲ”
ဆိုတာကိုပါ ကြည့်ဖို့ အရေးကြီးပါတယ်

Tarot reader တယောက်အနေနဲ့
number ကို မြင်နိုင်တယ်
planet ကို ချိတ်နိုင်တယ်
symbol ကို ဖတ်နိုင်တယ်ဆိုရင်
reading ဟာ
multiple layer of energies Reading ဖြစ်လာပါတယ်

ဒါကြောင့်
Tarot + Numerology + Astrology
ကို ပေါင်းသုံးနိုင်တဲ့အခါ
shadow work ဟာ
deep healing ဖြစ်လာပါတယ်
hidden abilities တွေဟာ
activate ဖြစ်လာပါတယ်

ကိုယ်ဖတ်နေတဲ့ ကတ်တွေဟာ
ကံကြမ္မာကို ပြောနေခြင်းမဟုတ်ဘဲ
ကိုယ့်ရဲ့ energy potential ကို ပြနေပါတယ်

အဲ့ဒီ potential ကို သိမြင်နိုင်တဲ့အခါ
Tarot reading ဟာ awakening journey တခု ဖြစ်လာပါလိမ့်မယ် ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

        ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၅)Tarot Reading တခုမှာပျောက်ဆုံးသွားသော ပစ္စည်းများရှာခြင်း (lost items) လူပျောက်ရှာခြ...
26/04/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၅)

Tarot Reading တခုမှာ
ပျောက်ဆုံးသွားသော ပစ္စည်းများရှာခြင်း (lost items) လူပျောက်ရှာခြင်း (missing people) နေရာတည်နေရာ (location) တို့ကို ရှာဖွေနိုင်ခြင်းဟာ Tarot Reader တယောက်အတွက် အတော်လေး အသုံးတည့်တဲ့ အရာ တခုဖြစ်ပါတယ်

ဒါဟာ simple meaning ဖတ်ခြင်းမျိုးမဟုတ်ပဲ intuition + symbolism + direction + energy reading တို့ကို ပေါင်းစပ်ဖတ်ရတဲ့ reading တခုပါ

Tarot ကတ်တွေဟာ “ဘယ်နေရာမှာရှိတယ်” ဆိုတာကို direct မြေပုံ map တခုလို မပြပေမယ့် energy clues, symbolic hints, environmental signs
တို့ကို ပြသပေးနိုင်ပါတယ်

ဒါကြောင့် ဒီလို reading တွေမှာ တိကျတဲ့အဖြေဆိုတာထက် "direction, locations" တွေကို ဖတ်တတ်ဖို့ အရေးကြီးပါတယ်

ပထမဆုံး မေးတဲ့မေးခွန်းဟာ ရှင်းလင်းဖို့ အရေးကြီးပါတယ်

“ပစ္စည်းက ဘယ်မှာလဲ” “ဒီလူဘယ်မှာရှိနိုင်လဲ” ဆိုတာထက် “ဘယ်လိုနေရာ ပုံသဏ္ဌာန် location environment မျိုးမှာ ရှိနိုင်လဲ” “ဘယ် direction ကို ကြည့်ရမလဲ” ဆိုတဲ့ ပုံစံမျိုး နဲ့ မေးရင် reading ဖတ်ရတာပိုမိုလွယ်ကူ ရှင်းလင်းပါတယ်

Location reading မှာ အရေးကြီးဆုံး အချက်တွေက Element + Direction + Symbol + Environment တို့ပဲ ဖြစ်ပါတယ်

Elemental Energy
ကတ်ထဲက element အမျိုးအစားတွေအပေါ်မူတည်ပြီး နေရာ ကို ခန့်မှန်းနိုင်ပါတယ်

Water (Cups)
ရေနဲ့ ဆိုင်တဲ့နေရာတွေ
အိမ်အတွင်း bathroom, kitchen, sink အနီး သို့မဟုတ် lake, river, sea အနီး

Fire (Wands)
အပူရှိတဲ့နေရာ
မီးဖိုချောင်, stove အနီး
light, electricity, electronics အနီး

Air (Swords)
မြင့်မားတဲ့နေရာ
shelf, table, office desk
သို့မဟုတ် window အနီး

Earth (Pentacles)
မြေပြင်နဲ့ ဆက်နွယ်တဲ့နေရာ
floor, bag, box, storage, garden
သို့မဟုတ် money related area

Direction
ကတ်ထဲက လူပုံတွေ ဘယ်အရပ်မျက်နှာကိုလှည့်နေသလဲ ဘယ်ဘက် / ညာဘက် / တည့်တည့်/ ကျောပေးဘယ်လို လှည့်နေသလဲဆိုတာက
energy direction ကို ပြပါတယ်

Left → past / inside / hidden area
Right → future / visible area
Front → obvious place
Back → hidden / forgotten place

Spread ထဲမှာ ဘယ်ကတ်ဟာ ဘယ်ဘက်ကို လှည့်နေလဲဆိုတာ အရမ်းအရေးကြီးပါတယ် တခါတရံ Reverse ထွက်လာတဲ့ကတ်တွေဟာလည်း location ကို ပြောပြတတ်ပါတယ်

နောက်ပြီး element တွေအလိုက် အရှေ့အနောက် တောင် မြောက် direction တွေ ကိုလည်း hints တွေ အနေနဲ့ အသုံးပြုလို့ ရပါသေးတယ်

Symbol & Object Clues
ကတ်ထဲမှာပါဝင်တဲ့ symbol တွေကလည်း location hints တွေပေးတတ်ပါတယ်

ဥပမာ
The Hermit → dark place, corner, quiet area
The Moon → hidden place, under something
The Sun → open space, visible area, near light
Wheel of Fortune → moving place, car wheel

Pentacles → money box, wallet, safe
Cups → near water, cups, bottles
Swords → near sharp objects, books, documents
Wands → near wood, stick, decoration

Environment Reading
ကတ်တွေရဲ့ ပုံတွေထဲက နောက်ခံ Background ကိုလည်း မမေ့ပါနဲ့
mountain → high place
water → emotional space / liquid area
house → inside home
garden → outside / nature
city → crowded place

color တွေကလည်း hints တွေပေးတတ်ပါတယ်
dark → hidden, dark place
bright → visible, bright place
red → active place
blue → calm, quiet place

People Cards in Reading
People Cards တွေ ထွက်လာရင် ဒီလူက ပစ္စည်းကို ရှာတွေ့နိုင်သူလား ယူသွားသူလား သိထားသူလား ဆိုတာကို စဉ်းစားဖတ်ရပါတယ်

တခါတလေ missing item ကို တစ်ယောက်ယောက်က နေရာပြောင်းထားမိတာ အထားမှားတာ relocate လုပ်ထားတာ ဖြစ်နိုင်ပါတယ်

missing people reading မှာဆိုရင် People Cards က သူ့ personal physical state, mental condition, current energy တို့ကို ပြသပေးနိုင်ပါတယ်

Knight → movement (သွားလာနေတယ်)
Queen → stillness (နေရာတစ်ခုမှာရှိနေတယ်)
King → authority, control (control environments - eg : lost&found center, police station)
Page → confusion / lost, not sure where

Wands / Knights → movement
Pentacles → still / fixed place
Swords → sudden change
Cups → drifting / unclear

Timing Cards တွေက
ဘယ်အချိန်မှာ ပျောက်သွားတာလဲ ဘယ်အချိန်ပြန်တွေ့နိုင်သလဲ စသည်ဖြင့် အချိန်ကာလကို သိနိုင်ပါတယ် ဆိုတာကိုလည်း ပြပါတယ်

Important Notes
ဒီလို reading တွေမှာ 100% exact location မဟုတ်ပဲ energy guidance for the location or environment ကို သဲလွန်စ ပေးတာဖြစ်ပါတယ်

Reader အနေနဲ့ မိမိရဲ့ intuition ကို ယုံကြည်ဖို့နဲ့ card symbols တွေကို open mind လေးနဲ့ ဖတ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်

Tarot က physical map တခုမဟုတ်ဘူး energy compass တစ်ခုပါ ဘယ်နေရာကို သွားရမလဲ ဘယ် direction ကို ကြည့်ရမလဲ ဆိုတာကို ပြပေးပါတယ်

Lost items နဲ့ missing people reading တွေမှာ Tarot reader တယောက်ဟာ detective တယောက်လို energy clues တွေကို ချိတ်ဆက် ဖတ်နိုင်ရပါတယ်

symbol တခုချင်းစီ direction တခုချင်းစီ element တခုချင်းစီဟာ location story တခုကို ပြောနေပါတယ်

ဒါကြောင့် Tarot reader တယောက်
အနေနဲ့ ကတ်တွေကို “မြေပုံ map” လို မမြင်ဘဲ “energetic landscape environment” လို မြင်တတ်ဖို့ အရေးကြီးပါတယ်

အဲ့ဒီအခါ ပျောက်ဆုံးသွားတဲ့အရာတွေ လူတွေ ဟာ energetic environment အတိုင်း ထင်ရှားလာနိုင်ပါတယ် ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

 ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ် အတွက်လက်ဆောင်အနေနဲ့ free short reading လေး တယောက် တခု ပေးပါမယ်***comment မှာ ကျမဆီမှာ မေးခွန်...
17/04/2026



၁၃၈၈ ခုနှစ် မြန်မာနှစ်သစ် အတွက်
လက်ဆောင်အနေနဲ့ free short reading လေး တယောက် တခု ပေးပါမယ်

***comment မှာ ကျမဆီမှာ မေးခွန်းလေးတွေမေးဖူးတာ ဒါမှမဟုတ် ကျမ page က စာလေးတွေကနေ တဆင့် အကျိုးရှိတာလေးတွေ ရဖူးတာရှိရင် gratitude လေးတွေ ရေးပေးပါ energy exchange အနေနဲ့ပါ***

ပြီးရင် သိလိုတဲ့ short question မေးခွန်းတခု ရေးပေးပါ

သင်္ကြန်တွင်း ဒီနေ့ထိတော့ သီလယူထားသေးလို့ ကတ်မကိုင်ဖြစ်သေးပါဘူး
နောက်နေ့တွေမှာ comment မှာပဲ မေးခွန်းလေးတွေပြန်ဖြေပေးပါမယ်

ဒီနေ့ည သန်းခေါင်ယံ ၁၂ နာရီမထိုးခင်ထိ short question မေးခွန်း တယောက် တခုစီ ရေးပြီး လက်ဆောင်လာယူကြနော်

လိုအပ်သူများအတွက်
မေတ္တာဖြင့်

       ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၄)Tarot Reading တခုမှာ People Cards တွေကို ဖတ်တတ်ခြင်းဟာ reading အတွက် ပိုမိုနက်ရှိုင်း...
10/04/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၄)

Tarot Reading တခုမှာ People Cards တွေကို ဖတ်တတ်ခြင်းဟာ reading အတွက် ပိုမိုနက်ရှိုင်းစေဖို့ အရေးကြီးတဲ့ အချက်တခုပါ

People Cards ဆိုတာ လူပုံပါဝင်တဲ့ ကတ်တွေကို ဆိုလိုတာပါ အထူးသဖြင့် Court Cards (Page, Knight, Queen, King) Major Arcana ထဲက လူပုံအဓိကပါဝင်တဲ့ ကတ်တွေဖြစ်ပါတယ်

ဒီကတ်တွေဟာ လူတယောက်ကို တိုက်ရိုက်ညွှန်းနိုင်သလို personality type, energy type, behavior pattern, role in situation တို့ကိုပါ ဖော်ပြနိုင်ပါတယ်

Court Cards တွေဟာ တခါတလေ querent ကိုယ်တိုင်ကို ကိုယ်စားပြုတတ်ပြီး တခါတလေ သူနဲ့ ဆက်နွယ်နေတဲ့ လူတစ်ယောက်ကို ကိုယ်စားပြုတတ်ပါတယ်

ဥပမာ
Queen energy ဆိုရင် အာရုံခံစားမှုနူးညံ့မှု စိတ်ခံစားချက်နက်ရှိုင်းမှု caregiver energy တို့ကို ပြသတတ်ပါတယ်

King energy ဆိုရင် leadership, decision making, authority, responsibility တို့ကို ပြသတတ်ပါတယ်

Knight energy ကတော့ action-oriented, movement, pursuing goals, dynamic personality တို့နဲ့ ဆက်နွယ်ပါတယ်

Page energy က learning phase, immaturity, message bringer, new beginning energy တို့ကို ကိုယ်စားပြုပါတယ်

ဒါကြောင့် People Cards ထွက်လာတဲ့အခါ “ဒီလူဘယ်သူလဲ” ဆိုတာတခုတည်းမဟုတ်ပဲ “ဒီ energy type ဘယ်သူနဲ့ ကိုက်ညီလဲ”ဆိုတာကိုပါ စဉ်းစားဖတ်ရပါတယ်

တခါတလေ People Cards အများကြီး ထွက်လာရင် reading ဟာ event အတွက်တင်ပဲ မဟုတ်ပဲ relationship dynamics, social interactions, people influence တို့ကို အဓိက ပြောပြနေတာ ဖြစ်နိုင်ပါတယ်

နောက်ထပ် အရေးကြီးတဲ့ အချက်က
People Cards ထဲက လူပုံတွေ မျက်နှာလှည့်ထားတဲ့ direction ပါ

ကတ်ထဲက လူပုံတယောက်ဟာ ဘယ်ဘက်ကို ကြည့်နေလား ညာဘက်ကို ကြည့်နေလား
တည့်တည့် ကြည့်နေလား
နောက်ပြန်လှည့်နေလား
ဆိုတာတွေဟာ
energy flow direction ကို ပြသနေတာပါ

ဥပမာ လူပုံက အနာဂတ်ကို ကိုယ်စားပြုတဲ့ ကတ်ဘက်ကို လှည့်ကြည့်နေရင် သူ့စိတ်အာရုံ သူ့အာရုံစိုက်မှု သူ့လုပ်ဆောင်ချက်တွေဟာ အနာဂတ်အခြေအနေကို ဦးတည်နေတယ်လို့ သိနိုင်ပါတယ်

လူပုံက အတိတ်ကို ကိုယ်စားပြုတဲ့ ကတ်ဘက်ကို လှည့်ကြည့်နေရင်
အတိတ်က ဖြစ်ရပ်တွေ မမေ့နိုင်သေးတဲ့ အတွေ့အကြုံတွေ regret energy
တို့က လက်ရှိအခြေအနေကို သက်ရောက်နေတတ်ပါတယ်

လူပုံနှစ်ယောက် တယောက်ကို တယောက် မျက်နှာချင်းဆိုင်နေတယ်ဆိုရင် communication, mutual understanding, energy exchange, relationship alignment တို့ကို ပြသတတ်ပါတယ်

မျက်နှာချင်းမဆိုင်ပဲ နောက်ပြန်လှည့်နေကြရင် misunderstanding, emotional distance, energy mismatch တို့ကို ပြသနေတာ ဖြစ်နိုင်ပါတယ်

တခါတလေ လူပုံတစ်ယောက်က
တဖက်ကို ကြည့်နေပြီး အခြားလူပုံက နောက်ဖက်ကို လှည့်နေတတ်ပါတယ်

ဒါဆိုရင် energy imbalance, one-sided feelings, attention mismatch တို့ ဖြစ်နိုင်ပါတယ်

တစ်ချို့ကတ်တွေမှာ လူပုံက တခုခုကို ကြည့်နေတဲ့ ပုံစံတွေ ရှိပါတယ်

ဥပမာ ကိုင်ထားတဲ့ အရာ, ရှေ့မှာ ရှိတဲ့ သင်္ကေတ, အလင်းရောင်, တံခါး, တောင်တန်း စသည်ဖြင့်တို့ကို ကြည့်နေတာမျိုး

ဒါတွေဟာ သူ့ရဲ့ အာရုံစိုက်ရာ စိတ်ရောက်ရာ အရေးကြီးဆုံး အချက်
goal direction တို့ကို ပြသပါတယ်

People Cards တွေကို ဖတ်တဲ့အခါ
အဝတ်အစားအရောင် ထိုင်နေပုံ / ရပ်နေပုံ မျက်နှာအမူအရာ လက်သင်္ကေတ ကိုင်ထားတဲ့ ပစ္စည်း နောက်ခံပတ်ဝန်းကျင် တို့ကိုပါ ပေါင်းစပ်ကြည့်ရပါတယ်

Tarot က လူတယောက်ရဲ့ စိတ်အခြေအနေကို စကားမပြောပဲ ပုံရိပ်နဲ့ ပြောပြနေတဲ့ visual energy language တခုပါ

People Cards တွေဟာ reading ထဲမှာ
“ဘယ်သူတွေ ပါဝင်နေသလဲ “ဘယ်သူက ဘယ်သူကို အာရုံစိုက်နေသလဲ" “ဘယ်သူက ဘယ်လမ်းကို ဦးတည်နေလဲ” ဆိုတာတွေကို အလွန်သိသာစွာ ပြသပေးနိုင်ပါတယ်

ဒါကြောင့် Tarot reader တယောက်အနေနဲ့ People Cards တွေကို
သက်ရှိလူတယောက်လို မြင်နိုင်ဖို့
သူတို့ရဲ့ body language, eye direction, energy posture တို့ကို ဖတ်တတ်ဖို့ အရေးကြီးပါတယ်

People Cards ဖတ်တတ်လာတဲ့အခါ
Tarot reading ဟာ storytelling ပိုဆန်လာပါတယ် energy drama ကို မြင်လာနိုင်ပါတယ် relationship situation တွေ ပိုရှင်းလာပါတယ်

Tarot ကတ်တကတ်ဟာ energy message ကို သယ်ဆောင်ပေးလာတဲ့
energetic symbolic storytelling tool တခုပါ

ဒါကြောင့် People Cards တွေကို လူတယောက်လို သူဘာပြောနေတာလဲ သေချာနားထောင်ပြီး သူတို့ ပြောချင်တဲ့ energy story ကို ဖတ်နိုင်ပါတယ် ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

Address

Singapore

Opening Hours

Monday 18:00 - 21:00
Tuesday 18:00 - 21:00
Wednesday 18:00 - 21:00
Thursday 09:00 - 17:00
17:00 - 21:00
Friday 18:00 - 21:00
Saturday 10:00 - 12:00
15:00 - 17:00
Sunday 10:00 - 12:00
15:00 - 17:00

Alerts

Be the first to know and let us send you an email when True Essence of Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to True Essence of Life:

Featured

Share