Maneatzawta Drug Distribution Company Limited

  • Home
  • Maneatzawta Drug Distribution Company Limited

Maneatzawta Drug Distribution Company Limited 09-260865058.09- 251954324

31/10/2022

🧠 ဦးနှောက်အမြှေးရောင်ရောဂါ (MENINGITIS) (October 2022) 🧠

👉 အဓိက အချက်များ

🧠 ဦးနှောက်အမြှေးရောင်ရောဂါသည် သေနှုန်းမြင့်မားပြီး ပြင်းထန်သော ကာလရှည် နောက်ဆက်တွဲရောဂါများဖြစ်စေနိုင်သည်။
🧠 ဦးနှောက်အမြှေးရောင်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်သည်။
🧠 ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ပြန့်ပွားမှုများကို ကမ္ဘာတစ်ဝန်းတွင်တွေ့ရပြီး အထူးသဖြင့် ဆာဟာရကန္တာရတောင်ဘက်ရှိ အာဖရိကနိုင်ငံများတွင် ပိုမိုဖြစ်ပွားသည်။
🧠 ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကပ်ပါးပိုးမွှားများ အပါအဝင် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်စေနိုင်သော ပိုးမွှားများစွာရှိသည်။
🧠 ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါကို ပိုမိုအလေးထားရမည်ဖြစ်ပြီး ဖြစ်ပွားသူ (၁၀) ဦးလျှင် တစ်ဦးနှုန်း အသက်သေဆုံးပြီး ဖြစ်ပွားသူ (၅) ဦးလျှင် တစ်ဦးသည် ပြင်းထန်သော နောက်ဆက်တွဲရောဂါများကို ခံစားရသည်။
🧠 ဘေးကင်းစိတ်ချရပြီး အဖိုးနှုန်းသက်သာသော ကာကွယ်ဆေးများသည် ကာလရှည် ရောဂါကာကွယ်ရေးအတွက် အထိရောက်ဆုံးဖြစ်သည်။

ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေသော အဓိက ဘက်တီးရီးယားပိုး (၄) မျိုးရှိပြီး ၎င်းတို့မှာ ....

🧠 Meningococcus ဦးနှောက်အမြှေးရောင်ရောဂါကိုဖြစ်စေသော Neisseria meningitidis
🧠 Pneumococcal ရောဂါဖြစ်စေသော Streptococcus pneumoniae
🧠 Haemophilus influenzae နှင့်
🧠 Streptococcus agalactiae (group B streptococcus) တို့ဖြစ်ကြသည်။

ကမ္ဘာတစ်ဝန်းတွင် ဦးနှောက်အမြှေးရောင်ရောဂါကြောင့် သေဆုံးရခြင်းများအနက် ထက်ဝက်ကျော်သည် အထက်ဖော်ပြပါ ဘက်တီးရီးယားပိုး (၄) မျိုးတို့ကြောင့်ဖြစ်ပြီး သွေးဆိပ်တက်ခြင်း (Sepsis) နှင့် နမိုးနီးယားတို့ကဲ့သို့သော ပြင်းထန်ရောဂါများကိုလည်း ဖြစ်စေနိုင်ပါသည်။

👉 ရောဂါဖြစ်ပွားနိုင်ခြေရှိသူများ

ဦးနှောက်အမြှေးရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သော်လည်း ကလေးငယ်များတွင် ပိုမိုအဖြစ်များသည်။ မွေးကင်းစကလေးငယ်များသည် Group B streptococcus ရောဂါပိုးကူးစက်နိုင်ခြေ အများဆုံးဖြစ်ပြီး ကလေးငယ်များသည် meningococcus, pneumococcus နှင့် Haemophilus influenzae ရောဂါပိုး ကူးစက်ဖြစ်ပွားနိုင်ခြေပိုများကြောင်း တွေ့ရသည်။ ဆယ်ကျော်သက်များနှင့် လူငယ်များ အနေဖြင့် meningococcal ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေများပြီး လူကြီးများတွင်မူ pneumococcal ရောဂါကူးစက်ဖြစ်ပွားမှုများကြောင်း တွေ့ရသည်။

ကမ္ဘာတစ်ဝန်းရှိ လူအားလုံးသည် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားနိုင်ခြေရှိသူများ ဖြစ်ကြသည်။ ရောဂါကူးစက်ဖြစ်ပွားမှုများသော ဒေသများကို ဆာဟာရကန္တာရတောင်ဘက်ရှိ အာဖရိကနိုင်ငံများတွင်တွေ့ရပြီး “အာဖရိက ဦးနှောက်အမြှေးရောင်ရောဂါ ခါးပတ်လမ်းကြောင်း” (the African Meningitis Belt) ဟု လူသိများသည်။ အထူးသဖြင့် meningococcal ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားကူးစက်မှုများပြီး pneumococcal ဦးနှောက်အမြှေးရောင်ရောဂါများကိုလည်း တွေ့ရသည်။

လူအများအပြား နီးကပ်စွာနေထိုင်ကြသည့် နေရာများတွင် ရောဂါကူးစက်နိုင်ခြေ ပိုမို မြင့်မားကြောင်းတွေ့ရသည်။ ဥပမာအားဖြင့် လူအများစုဝေးရာနေရာများ၊ စစ်ဘေးရှောင်စခန်းများ၊ လူနေများပြားသော အိမ်များ၊ ကျောင်းသားအဆောင်များ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြားလူများစုဝေးနေထိုင်ရသော လုပ်ငန်းခွင်များ ဖြစ်သည်။ အိတ်ချ်အိုင်ဗွီရောဂါ ကူးစက်ခံရသူများကဲ့သို့ ကိုယ်ခံအားနည်းသူများ၊ ကိုယ်ခံအားကျစေသော ကုထုံးများခံယူနေသူများ၊ ဆေးလိပ်သောက်သူများနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်သူများသည်လည်း ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေများကြောင်း တွေ့ရသည်။

👉 ရောဂါကူးစက်ပုံ

ရောဂါကူးစက်ပုံသည် ဖြစ်ပွားစေသော ရောဂါပိုးပေါ်မူတည်၍ ကွဲပြားမှုရှိသည်။ ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေသော ဘက်တီးရီးယားများဖြစ်သည့် meningococcus, pneumococcus နှင့် Haemophilus influenzae ရောဂါပိုးတို့သည် လူတို့၏ နှာခေါင်းနှင့် လည်ချောင်းတို့ထဲတွင် ရှိနေနိုင်ကြသည်။ လူတစ်ဦးမှတစ်ဦးသို့ နှာချေ၊ ချောင်းဆိုးရာမှ ထွက်ပေါ်လာသော အစက်အမှုန်များနှင့် လည်ချောင်းအတွင်းရှိ ချွဲ၊ သလိပ်တို့မှတစ်ဆင့် ကူးစက်နိုင်သည်။ Group B streptococcus ဘက်တီးရီးယားပိုးများသည် အူလမ်းကြောင်းနှင့် မိန်းမကိုယ်တွင် တည်ရှိနိုင်ပြီး ကလေးမွေးချိန်တွင် မိခင်မှ သန္ဓေသားသို့ ကူးစက်နိုင်သည်။

ထိုကဲ့သို့ ရောဂါပိုးမွှားများ ခန္ဓာကိုယ်တွင်းရှိနေခြင်းသည် ပုံမှန်အားဖြင့် လူကိုထိခိုက်မှုမရှိဘဲ အခြားသောရောဂါပိုးများကို ကာကွယ်နိုင်သည့် ကိုယ်ခံအားစနစ်တည်ဆောက်ရာတွင် အကူအညီဖြစ်စေသည်။ သို့သော်လည်း တစ်ခါတရံတွင်မူ ထိုရောဂါပိုးများသည် ခန္ဓာကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ဦးနှောက်အမြှေးရောင်ရောဂါနှင့် သွေးဆိပ်တက်ခြင်း (Sepsis) တို့ကို ဖြစ်စေနိုင်သည်။

👉 ရောဂါလက္ခဏာများ

ရောဂါအစပျိုးချိန်သည် ဖြစ်ပွားစေသော ဘက်တီးရီးယားပိုးပေါ် မူတည်၍ ကွဲပြားနိုင်ပြီး ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါများအတွက် ရောဂါအစပျိုးချိန်သည် (၂) ရက်မှ (၁၀) ရက်အတွင်း ရှိကြောင်းတွေ့ရသည်။
သွေးဆိပ်တက်ခြင်း (Sepsis) နှင့် တွဲဖက်ဖြစ်ပွားသော ဦးနှောက်အမြှေးရောင်ရောဂါများတွင်မူ ရောဂါနှစ်ခုလုံးနှင့် သက်ဆိုင်သော ရောဂါလက္ခဏာများကို တွေ့ရသည်။

ရောဂါလက္ခဏာများအနေဖြင့်

🧠 ပြင်းထန်သောခေါင်းကိုက်ခြင်း
🧠 လည်ပင်းတောင့်တင်းခြင်း
🧠 အဖျားကြီးခြင်း
🧠 စူးရှသော အလင်းရောင်များကို မခံနိုင်ခြင်း
🧠 မှိန်းခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း
🧠 တက်ခြင်း
🧠 ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်း
🧠 အရိုးအဆစ်များနာခြင်း
🧠 ခြေဖျားလက်ဖျားများ အေးစက်နေခြင်း
🧠 အန်ခြင်း တို့ဖြစ်ကြသည်။

ကလေးငယ်များတွင် အောက်ပါရောဂါလက္ခဏာများတွေ့ရတတ်သည်။

🧠 အစာမဝင်ခြင်း
🧠 အမြဲအိပ်ငိုက်နေခြင်း၊ နိုးထရန်ခက်ခဲခြင်း၊ သတိလစ်ခြင်း
🧠 ဂနာမငြိမ်ဖြစ်ခြင်း၊ ထိကိုင်ပွေ့ချီလိုက်ပါက ငိုခြင်း
🧠 အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူရာတွင် အသံမြည်ခြင်း
🧠 ဖျားခြင်း
🧠 လည်ပင်းတောင့်တင်းခြင်း
🧠 ငယ်ထိပ်ဖောင်းနေခြင်း
🧠 ကျယ်လောင်စွာငိုခြင်း
🧠 တက်ခြင်း
🧠 အန်ခြင်း
🧠 ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်း တို့ဖြစ်သည်။

👉 ရောဂါ၏နောက်ဆက်တွဲပြဿနာများ

ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားသူ (၅) ဦးတွင် တစ်ဦးသည် နောက်ဆက်တွဲဆိုးကျိုးများကို ကာလကြာရှည် ခံစားရတတ်သည်။ ၎င်းတို့မှာ နားမကြားခြင်း၊ ခြေ၊ လက်ရှိ ကြွက်သားများ အားနည်းခြင်း၊ အမြင်အာရုံ ပြဿနာများ၊ စကားပြောရ ခက်လာခြင်း၊ မှတ်ဉာဏ် လျော့နည်းလာခြင်းနှင့် ပြောဆိုဆက်သွယ်ရ ခက်ခဲခြင်း တို့အပြင် သွေးဆိပ်တက်ခြင်း (Sepsis) ကြောင့် ခြေ၊ လက်များ ဖြတ်တောက်ရခြင်းတို့ ဖြစ်စေနိုင်သည်။

👉 ရောဂါကာကွယ်ခြင်း

🧠 ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံး ရောဂါကာကွယ်ရေးနည်းလမ်းဖြစ်ပြီး ရောဂါကြောင့်ဖြစ်သော ထိခိုက်မှုများကို လျှော့ချနိုင်သည့်အပြင် ကာလရှည်ကြာသောရောဂါကာကွယ်နိုင်မှုကို ပေးစွမ်းနိုင်သည်။

Meningococcal နှင့် Group B streptococcal disease ကူးစက်နိုင်ခြေများသူများကို ကြိုတင်ကာကွယ်ရာတွင် ပဋိဇီဝဆေးများကို သုံးစွဲနိုင်သည်။ Meningococcal ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ပျံ့နှံ့မှုများသောအခြေအနေများတွင် ကာကွယ်ဆေးနှင့် ပဋိဇီဝဆေးကို ပူးတွဲသုံးစွဲလေ့ရှိသည်။

🧠 ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ရေးအတွက် ပဋိဇီဝဆေးအသုံးပြုခြင်း

💢 Meningococcus ဦးနှောက်အမြှေးရောင်ရောဂါ

ရောဂါရှိသူနှင့် အနီးကပ်နေထိုင်သူများကို ပဋိဇီဝဆေးအချိန်မီပေးခြင်းဖြင့် ရောဂါကူးစက် ပျံ့ပွားမှုကို လျှော့ချနိုင်ကြောင်း တွေ့ရသည်။ အာဖရိက ဦးနှောက်အမြှေးရောင်ရောဂါ ခါးပတ်လမ်းကြောင်း ပြင်ပရှိ ဒေသများတွင် ရောဂါရှိသူနှင့် အနီးကပ်နေထိုင်သူများကို ရောဂါကူးစက်ခြင်းမှကာကွယ်ရန် ပဋိဇီဝဆေးပေးနိုင်ကြောင်း အတည်ပြုထားသည်။ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးများကို သောက်ရမည် ဖြစ်သည်။

💢 Group B streptococcus ဦးနှောက်အမြှေးရောင်ရောဂါ

Group B streptococcus ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်နိုင်ခြေများသော ကိုယ်ဝန်ဆောင်မိခင်များကို ကလေးမွေးချိန်အတွင်း သတ်မှတ်ထားသော ပဋိဇီဝဆေးထိုးနှံပေးခြင်းဖြင့် မိခင်မှ ကလေးသို့ ဦးနှောက်အမြှေးရောင်ရောဂါကူးစက်မှု ကာကွယ်နိုင်သည်။

Source:
https://www. who. int/news-room/fact-sheets/detail/meningitis

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#ဦးနှောက်အမြှေးရောင်ရောဂါ #ဦးနှောက်အမြှေးရောင်

25/10/2022

တရုတ်ရိုးရာတိုင်းရင်းဆေး (Traditional Chinese Medicine) စာအုပ်များတွင် ဖော်ပြချက်အရ ရှီးပဒီး (ခေါ်) ပိုးဆေးနွယ်ရှင်သည် နာတာရှည်ကျောက်ကပ်ရောဂါ အမျိုးမျိုးကိုလည်း ကာကွယ်ကုသနိုင်ကြောင်း သိရှိရပါသည်။

နာတာရှည် ကျောက်ကပ်ရောဂါများမှာ-
🛑 နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း (Chronic renal failure/CRF)
🛑 နာတာရှည် ကျောက်ကပ်ရောင်ရမ်းခြင်းရောဂါများ (Chronic glomerulonephritis)
🛑 ကျောက်ကပ်ပျက်စီးမှုကြောင့် သွေးအတွင်း ပရိုတင်းဓာတ်များ လျော့နည်းလာခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း စသည့်လက္ခဏာများ (Nephrotic syndrome) ဖြစ်သည်။

ကျောက်ကပ်ပျက်စီးမှုကြောင့် ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း အစရှိသော ရောဂါဝေဒနာများ ခံစားရလေ့ရှိပါသည်။

တရုတ်သုတေသီများသည် ထိုကျောက်ကပ်ရောဂါများကို ကာကွယ်၊ ကုသနိုင်ရန် ရှီးပဒီးကိုအသုံးပြု၍ လူနှင့်တိရစ္ဆာန်တို့တွင် သိပ္ပ္ပံနည်းကျ စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့လေ့လာရာတွင် ကျောက်ကပ်၏စွမ်းဆောင်ရည် ကောင်းမွန်လာစေရန် နှင့် ဓာတုဆေးများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ကျောက်ကပ်ပျက်စီးမှုများကို တားဆီးနိုင်ရန် အဓိကထားဆောင်ရွက်ခဲ့ကြသည်။

ကျောက်ကပ်၏လုပ်ဆောင်မှု သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း၊ သွေးရည်ကြည်အတွင်းမှ ခရစ်တနင်း ခေါ် ဆီးဆိပ်ဓာတ်များကို ဖယ်ရှားနိုင်ခြင်း၊ ဆီးနှင့် သွေးအတွင်း အညစ်အကြေးပါဝင်မှု လျော့နည်းလာခြင်း၊ သွေးစီးဆင်းလည်ပတ်မှု ကောင်းမွန်လာခြင်းတို့ကို တွေ့ရှိရပါသည်။ ထို့ကြောင့် တိရစ္ဆာန်နှင့်လူများတွင် လေ့လာတွေ့ရှိချက်များအရ ရှီးပဒီးသည် နာတာရှည်ကျောက်ကပ်ရောဂါများကို ကာကွယ်၊ ကုသရာတွင် များစွာအထောက်အကူပြုကြောင်း သိရှိရပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

06/10/2022

Penicillin သည် ပထမ ဦးဆုံးတွေ့ရှိခဲ့ သော ပိုးသတ်ဆေး antibiotic ဖြစ်ပါသည်။ လက်ရှိ အသုံးပြု နေသော Penicillin ကို: ၁။ သဘာဝ တိုင်း ထုတ်လုပ် အသုံးပြု သော penicillin (Natural Penicillin)

၂။ လူတို့ ထပ်ဆင့် ဖန်တီး အသုံး ပြုသော penicillin (Semisynthetic Penicillin) ဟု ယေဘုယျ အားဖြင့် ခွဲခြား နိုင်သည်။

Natural Penicillin တွင် Acid ဒဏ် မခံနိုင် သော Acid Labile Penicillin အုပ်စု နှင်. Acid ဒဏ် ခံ နိုင်ရည် ရှိသော Acid Resistant Penicillin ဟု ပါရှိသည်။
Acid အစာချေရည် ဒဏ် မခံနိုင်သော Penicillin များကို ထိုးဆေး (injection) အနေဖြင့် သာ အသုံးပြု နိုင်ပါသည်။
Acid အစာ ချေရည် ဒဏ် ခံနိုင်သော Penicillin ကို သောက်ဆေး အဖြစ် အသုံးပြု ကြသည်။

Injection Penicillins တို့မှာ: ၁။ Benzyl Penicillin သို့ Crystalline Penicillin (C- Pen)

၂။ Benzathine Penicillin

၃။ Procaine Penicillin တို့ ဖြစ်သည်။
၎င်းတို့ အနက် Crystalline Penicillin (C- Pen) မှာ ရေတို အာနိသင် ရှိသော (short acting) penicillin ဖြစ် ပြီး Benzathine နှင့် Procaine Penicillins တို့ ကို တာရှည်ခံအာနိသင်ရှိသော ( long acting) penicillins အဖြစ် ထုတ်လုပ်ထားပါ သည်။
တာရှည် ခံအာနိသင် ရှိအောင် ထုတ်လုပ်ထား သော ( long acting Penicillins) များကို အကြောဆေး (IV) အဖြစ် ထိုးသွင်းခြင်း မပြုရ။
Short acting penicillin ကို အကြောဆေး အဖြစ် ထိုးနိုင်ပြီး.. အာနိသင် ကြာကြာ မခံသဖြင့် ၆ နာရီခြား ထိုး ပေးရ သည်။

24/09/2022

🪱 ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis or snail fever or bilharzia or Katayama fever) 🪱

ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါသည် Schistosoma မျိုးစိတ် သံပြားကောင် ကူးစက်ခြင်းကြောင့် ဖြစ်ပွားသောရောဂါတစ်မျိုးဖြစ်ပါသည်။

အထူးသဖြင့် မိုးရာသီကာလအတွင်း လယ်ယာစိုက်ပျိုးမှုများသော ဒေသများ၊ ရေချိုကန်များ၊ စမ်းချောင်းများ၊ ရေလှောင်ကန်များ၊ ရေလှောင်တမံများနှင့် ဆည်ရေတမံများရှိသော ဒေသများတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။

🪱 ရောဂါကူးစက်ပြန့်ပွားပုံ

ရောဂါရှိသူ၏ မစင်နှင့်အတူ Schistosoma ကပ်ပါးဥများသည် မြေပြင်နှင့် ရေထဲသို့ ရောက်ရှိသွားပြီး ရေချိုခရု၏ ခန္ဓာကိုယ်အတွင်း၌ သားလောင်းများအဖြစ် ပြောင်းလဲသွားပါသည်။ ထိုသားလောင်းများသည် ပြင်ပရှိ ရေထဲသို့ ရောက်ရှိသွားပြီး အကာအကွယ်မရှိဘဲ ရေထဲတွင် အလုပ်လုပ်နေသော လူ၏ အရေပြား (ဥပမာ - ခြေထောက်အရေပြား) မှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်တတ်ပါသည်။

🪱 ရောဂါလက္ခဏာများ

🤒 အရေပြား ယားယံခြင်း
🤒 ဗိုက်အောင့်ခြင်း
🤒 ဝမ်းပျက်ဝမ်းလျှောခြင်း
🤒 ကြွက်သား နာကျင်ကိုက်ခဲခြင်း
🤒 ဖျားနာခြင်း
🤒 ဆီးတွင် သွေးပါခြင်း
🤒 ဆီးအိမ်ရောင်ခြင်း
🤒 ရေဖျဉ်းစွဲခြင်း
🤒 သွေးအန်ခြင်းနှင့်
🤒 ဆီးအိမ်ကင်ဆာ ဖြစ်ပွားခြင်း

🪱 ရောဂါကာကွယ်ရေးနည်းလမ်းများ

✅ ယင်လုံအိမ်သာ အသုံးပြုပါ။
✅ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။
✅ မသန့်ရှင်းသော ရေနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။
✅ စမ်းချောင်း၊ မြစ်ချောင်း၊ အင်းအိုင်များမှ ရေကို သောက်သုံးရမည်ဆိုပါက ကျိုချက်ပြီးမှ သောက်သုံးပါ။
✅ ရောဂါဖြစ်ပွားမှုများသော ဒေသများ၌ လယ်ကွင်းများနှင့် ရေအိုင်များအတွင်းသို့ ဆင်းခြင်းနှင့် ရေကူးခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
✅ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကာအကွယ်ဖြင့် ဆောင်ရွက်ပါ (ဥပမာ - လယ်ယာလုပ်ငန်းသုံး လည်ရှည်ဖိနပ်ဝတ်ခြင်း)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(စက်တင်ဘာလ၊ ၂၀၂၂ ခုနှစ်)

16/09/2022
16/09/2022

ဘယ်သူပဲဖြစ်ဖြစ် ဘယ်နေရာရာပဲမှာနေနေ ကလေးတိုင်း ကလေးတိုင်း သင်ယူလေ့လာဖို့ အခွင့်အလမ်း ရသင့်ပါတယ်။

Monkeypox မှာ တွေ့ရတဲ့ မျက်စိလက္ခဏာများ=================================👉Monkeypox ဆိုတာ တိရစ္ဆာန်မှ လူကို ကူးစက်နိုင်တဲ...
05/09/2022

Monkeypox မှာ တွေ့ရတဲ့ မျက်စိလက္ခဏာများ
=================================

👉Monkeypox ဆိုတာ တိရစ္ဆာန်မှ လူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ ရောဂါအသစ်တစ်မျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ လတ်တလောမှာ ကမ္ဘာနှင့်အဝန်း ကူးစက်ပျံ့နှံ့နေတော့ သတိထားရမယ့် ရောဂါဖြစ်လာပါတယ်။

👉ကူးစက်ပုံကတော့ ရောဂါရှိသူနှင့် အရေပြားချင်းထိဆက်မှု၊ လိင်ဆက်ဆံမှု စသည်တို့မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ တုပ်ကွေးကဲ့သို့ လက္ခဏာများပြခြင်း၊ ရေကြည်ဖုထခြင်းကြောင့် နာကျင်ခြင်းများ ဖြစ်တတ်ပါတယ်။

👉ရောဂါကူးစက်ခံရပြီးနောက် ၃ ပတ်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။ ရောဂါလက္ခဏာရှိသူတွေမှာ လက္ခဏာပြပြီးချိန်ကနေ လုံးဝပျောက်ကင်းချိန်အထိ အခြားသူများကို ကူးစက်နိုင်ပါတယ်။

👉မျောက်တွေမှာ စပြီးဖြစ်ခဲ့လို့ Monkeypox လို့ အမည်တွင်ခဲ့တယ်။ Monkeypox က ကျောက်ကြီးရောဂါ (smallpox) နဲ့ တူတတ်တယ်။ Smallpox လောက်တော့ ရောဂါမပြင်းထန်ဘူး။

🙉🙉🙉🙉🙉🙉🙉🙉🙉🙉🙉🙉🙉🙉🙉

👉ဖျားတာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်တာ၊ ပြန်ရည်ကျိတ်တွေရောင်တာ၊ အရည်ကြည်ဖုတွေထတာက Monkeypox ရဲ့ လက္ခဏာတွေဖြစ်တယ်။

👉Monkeypox ရဲ့ အဖုအပိန့်တွေက မျက်နှာမှာ ၉၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်။

👉Monkeypox မှာ တွေ့ရနိုင်တဲ့ မျက်စိဝေဒနာတွေက-
- မျက်မှေးရောင်ခြင်း
- မျက်ခွံရောင်ခြင်း
- အလင်းစူးခြင်း
- မျက်ကြည်လွှာရောင်ခြင်း
- မျက်ကြည်လွှာ အမာရွတ်ကျန်ခြင်း တို့ဖြစ်ပါတယ်။

👉 အထက်ပါဝေဒနာတွေရှိရင် တွေ့ရမယ့်လက္ခဏာတွေက
- မျက်စိရဲခြင်း
- မျက်စိပူခြင်း၊ ယားခြင်း
- အလင်းစူးခြင်း
- မျက်ရည်ကျခြင်း
- မျက်ဝတ်ထွက်ခြင်း
- မျက်စိနာခြင်း
- မျက်စိမှုန်ခြင်း

👉အထက်ပါလက္ခဏာတွေရှိရင် မျက်စိဆရာဝန်နှင့် ပြသသင့်ပါတယ်။ Monkeypox ကို ကုသတဲ့ဆေး မရှိသေးပါဘူး။ ဒါပေမဲ့ ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းနိုင်ပါတယ်။ Monkeypox နှင့်အတူ ဘက်တီးရီးယားပိုးပါ ထပ်ဆောင်းဝင်ရောက်လာခြင်းဖြစ်ခဲ့ပါက ပိုးသေဆေး လိုအပ်တာမို့ ဆရာဝန်ပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။

==============
Ref: All About Vision
The Gift of SIGHT!
For happy, healthy eyes.
==============

05/09/2022

နေ့စဉ်ကြုံတွေ့နေရတဲ့ Experience တွေကို
သတိလက်လွတ် အမှုမဲ့အမှတ်မဲ့မနေသင့်ဘူး...
Daily Experience တွေက Daily Lecture တွေပဲ...

Daily Lecture တွေကို ပြန်လည်သုံးသပ်ဆင်ခြင်တဲ့
Reflection လုပ်ရတယ်။

အကြောင်း၊ အကျိုး
Causes and Effects တွေကို မြင်အောင်ကြည့်ရတယ်။

မြင်တတ်သူအတွက် ပညာ၊
ဖြစ်ရပ်တိုင်းမှာ ပညာပါတယ်။

ရုပ်ကိုလည်း ဖြောင့်စေ၊
စိတ်ကိုလည်း မကောက်စေနဲ့။

အလုပ်တွေလည်း လုပ်၊ လွှလည်းသွေး။

လွှသွေးဆိုတာ Learning မရပ်နဲ့။

Learning က Life Long Process
မသေမချင်းလုပ်ရမယ်။

သင်ယူလေ့လာမှုကိုရပ်လေလေ
ပညာတွေ သေသွားလေလေပဲ။

ပညာရပ်ကို ရှင်သန်အောင်လုပ်ပြီး
ပညာရှင်ဖြစ်အောင်လုပ်ရမယ်။

ကိုယ့်အတွက်လည်းလေ့လာ
ကိုယ့်ပတ်ဝန်းကျင်၊ မိသားစု၊
သားသမီး၊ တူ၊ တူမ

လက်အောက်ငယ်သားတွေကိုလည်း
လေ့လာဖို့တိုက်တွန်းအားပေး။

Easy going ဖြစ်တဲ့ ဘ၀တွေရှိတယ်။
အဲလိုဘ၀မျိုး အလိုလိုရနေတဲ့သူ % အရမ်းနည်းတယ်။
အဲထဲ ကိုယ်မပါရင် အသားကုန်ကြိုးစား။

ဘ၀ကိုဆင်ခြင်သွားမပေးနဲ့။
သူ့ဆီက သတိပေးစာတွေလာလိမ့်မယ်။

ဘ၀က စစ်တဲ့
စစ်ဆေးမှုတွေကို အောင်မြင်အောင်ဖြေသွားသူတွေရှိတယ်။
တချို့တွေ ဂုဏ်ထူးပါမယ်၊ တချို့တွေ ရိုးရိုးအောင်မယ်။
တချို့တွေရှုုံးနိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက်တော့မတူဘူး။
ကိုယ်လုပ်သလောက်ကိုယ်ရမယ်။
အဲဒါအဖြေပဲ။

ကိုယ့်ရဲ့ စိတ်ထားကို
ပုတ်သိုးစေတဲ့ ဝန်းကျင်မှာမနေရဘူး။
မတတ်သာလို့ စိတ်ထားပုတ်သိုးသူတွေနဲ့
ပေါင်းသင်းဆက်ဆံနေရရင် ပိုးမကူးစေနဲ့။
အဲပိုးက ကူးမှန်းမသိကူးတာ။

အရေးကြီးတာ Result ရလဒ်ပဲ။
Result ရအောင်လုပ်။

ကိုယ့်အားထုတ်မှုကြောင့်ရလာတဲ့ Result တွေကပဲ
ကိုယ့်ကို Reward ခံစားခွင့်တွေပြန်ပေးလိမ့်မယ်။

လက်တွေ့ဆန်ဆန်တွေးမြင်။

အရာအားလုံးအတွက် သင်ဟာသန်မာဖို့လိုအပ်တယ် 💪

လေးစားစွာဖြင့်

ပိုင်စိုး (Management)
BBA, MBA, SPHRi, STMP
Managing Director
PSM International College

05/09/2022

ကျရှုံးချိန်မှာ ခေါင်းမော့ပါ

ကြိုးစားချိန်မှာ နှုတ်လုံပါ

အောင်မြင်ချိန်မှာ မာန်ချပါ

ပြည့်ဝချိန်မှာ မျှဝေပါ

ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။

အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။

ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။

အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။

လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။

ဘဝမြာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ

ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ

ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်

ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ

ရည်မှန်းချက်တွေမပျက်ပါစေနဲ့။

အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့

သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်

တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။

မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။

ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။

လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။

ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။

မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့

ရုန်းထွက်နိုင်အောင်ကြိုးစားပါ။

စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ

သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။

ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
အချိန်ကုန်ခံမနေပါနဲ့။

ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။

လူကိုမကြည့်နဲ့. မူကိုကြည့်။

ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။

အပြောမကြည့်နဲ့. မနောကိုကြည့်။

အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ။
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴
https://www.facebook.com/ငါဘဝ-အတွက်-ငါရှိတယ်-103517665457202/
👇🏻✔👇🏻✔👇🏻✔🅰🅲🅲
https://www.facebook.com/profile.php?id=100057121953908
👇🏻✔👇🏻✔👇🏻✔🅿🅰GE
https://www.facebook.com/ဘဝအောင်မြင်ရေးစာပေ-103465915781962/

Address


Telephone

+959260865058

Website

Alerts

Be the first to know and let us send you an email when Maneatzawta Drug Distribution Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Maneatzawta Drug Distribution Company Limited:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram