𝘋𝘢𝘪𝘭𝘺 𝘝𝘪𝘵𝘢𝘮𝘪𝘯𝘴

𝘋𝘢𝘪𝘭𝘺 𝘝𝘪𝘵𝘢𝘮𝘪𝘯𝘴 ☘️☘️☘️

ကျန်းမာချင်တယ်ဆိုရင် ရေ တနေ့ကို ၂ လီတာ အပြည့်သောက်မယ်အိပ်ရေးဝဝ ရအောင် အိပ်မယ်တခုပဲ တတ်နိုင်တယ်ဆိုရင် ဗီတာမင် စီ ကို ရွေး...
21/10/2025

ကျန်းမာချင်တယ်ဆိုရင်
ရေ တနေ့ကို ၂ လီတာ အပြည့်သောက်မယ်
အိပ်ရေးဝဝ ရအောင် အိပ်မယ်
တခုပဲ တတ်နိုင်တယ်ဆိုရင်
ဗီတာမင် စီ ကို ရွေးချယ်သောက်သုံးပါ

သက်ရှည် ကျန်းမာ စိတ်ချမ်းသာပါမယ်၊

ကွေအာအုပ် (Oat) ဘယ်လိုဟာမှာ တာရှည်ခံဆေး မပါဖူးလဲ၊ ဘာအတွက် ကောင်းလို့ စားကြပါသလဲ။ရိုးရိုး ကျိုချက် စားရတဲ့ ကွေကာမှာ တာရှည...
20/10/2025

ကွေအာအုပ် (Oat) ဘယ်လိုဟာမှာ တာရှည်ခံဆေး မပါဖူးလဲ၊ ဘာအတွက် ကောင်းလို့ စားကြပါသလဲ။

ရိုးရိုး ကျိုချက် စားရတဲ့ ကွေကာမှာ တာရှည်ခံဆေး မပါပါ၊ ရေနွေးနဲ့ ရောမွှေလို့ ရတဲ့ instant အထုပ်တွေမှာ ပါပါတယ်၊ ကျန်းမာရေးအတွက် စားချင်တာဆိုရင် အလွယ်ဖျော် Oats တွေ မစားသင့်ပါ။

သူ့မှာ ကောင်းမွန်တဲ့ ကစီဓာတ် ပါဝင်လို့ စားကြတာပါ၊ ဒါဆို ထမင်းမစားပဲ စားရမှာလား ဆိုတော့ မဟုတ်ပါဖူး၊ နေ့စဉ် အာဟာရမှာ ကောင်းတဲ့ ကစီဓာတ်တခု ရွေးချယ်လို့ ရပါတယ်၊ ထမင်းဖြူအစား ဆန်လုံးညို brown rice ၊ ပေါင်မုန့်ဖြူအစား ပေါင်မုန့်ကြမ်း (wholemeal bread, multi grain bread, whole wheat bread)၊ ခေါက်ဆွဲခြောက် ခေါက်ဆွဲအချောစားတွေအစား အုတ်ဂျုံ (oat) တမျိုးမျိုးကို ရွေးချယ်ပေးရင်တော့ healthy carbs ကျန်းမာစေသော ကစီဓာတ် ရရှိမှာ ဖြစ်ပါတယ်။

အဲဒါတွေရဲ့ ကောင်းကျိုးတွေက သကြားဓာတ် သိပ်မတက်စေဖူး၊ အမျှင်ဓာတ်ပါလို့ အူလမ်းကြောင်းအတွက် ကောင်းတယ်၊ ဗီတာမင်များ ပါရှိလို့ ကိုယ်ခန္ဓာမှာ လိုအပ်တာတွေ ရပြီး ရောဂါတွေရန်က ကာကွယ်ပေးနိုင်တဲ့အပြင် အခြားသော အကျိုးများစွာ ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အသိပညာများ ပိုမို ရရှိကြပါစေ။

#𝒅𝒂𝒊𝒍𝒚𝒗𝒊𝒕𝒂𝒎𝒊𝒏𝒔

စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမည်... စိတ်ဓာတ် ကြံ့ခိုင်အောင် နေ့စဉ်လေ့ကျင့်ကြရအောင်....  #𝒅𝒂𝒊𝒍𝒚𝒗𝒊𝒕𝒂𝒎𝒊𝒏𝒔
20/10/2025

စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမည်...
စိတ်ဓာတ် ကြံ့ခိုင်အောင် နေ့စဉ်
လေ့ကျင့်ကြရအောင်....

#𝒅𝒂𝒊𝒍𝒚𝒗𝒊𝒕𝒂𝒎𝒊𝒏𝒔

20/10/2025

Good morning ☀️

ရေခဲမုန့် အစား ပိုကျန်းမာတဲ့ အစာအနေနဲ့ အေးခဲထားတဲ့ ငှက်ပျောသီးတွေကို စမ်းစားကြည့်ပါ။အေးခဲထားတဲ့ ငှက်ပျောသီးတွေကို ကျေအော...
19/10/2025

ရေခဲမုန့် အစား ပိုကျန်းမာတဲ့ အစာအနေနဲ့ အေးခဲထားတဲ့ ငှက်ပျောသီးတွေကို စမ်းစားကြည့်ပါ။

အေးခဲထားတဲ့ ငှက်ပျောသီးတွေကို ကျေအောင် မွှေလိုက်ရင် ဗီတာမင် C နဲ့ B6 ဓာတ်တွေ ရသလို ပြီး၊ ခရင်မ်လို အရသာနဲ့ ချိုသော ငှက်ပျောသီးအရသာ ရေခဲမုန့်ပုံစံ ရနိုင်ပါတယ်။

ဒီလို ပြောင်းလဲစားခြင်းက သကြားစားချင်စိတ်ကို ပြေစေသလို၊ ခန္ဓာကိုယ်အတွက် အရေးကြီးသော အာဟာရဓာတ်များကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။

#𝒅𝒂𝒊𝒍𝒚𝒗𝒊𝒕𝒂𝒎𝒊𝒏𝒔

19/10/2025
မင်္ဂလာရှိသော နေ့ဖြစ်ပါစေ။၁၈.၁၀.၂၅ ORAMIN-C ဆေးလက်ဆောင် ကံထူးသူလေးပါရှင်၊ ဆက်သွယ်ပေးထားပါတယ်နော်။ #𝒅𝒂𝒊𝒍𝒚𝒗𝒊𝒕𝒂𝒎𝒊𝒏𝒔
18/10/2025

မင်္ဂလာရှိသော နေ့ဖြစ်ပါစေ။

၁၈.၁၀.၂၅ ORAMIN-C ဆေးလက်ဆောင် ကံထူးသူလေးပါရှင်၊
ဆက်သွယ်ပေးထားပါတယ်နော်။

#𝒅𝒂𝒊𝒍𝒚𝒗𝒊𝒕𝒂𝒎𝒊𝒏𝒔

16/10/2025

Have a pleasant and fruitful day.

ကိုယ် နေ့စဉ် စားတဲ့ထဲမှာ ကြာရှည်ခံ ထားလို့ရအောင် လုပ်ထားတဲ့အစာတွေ ဘယ်လောက်ပါလဲ စဉ်းစားကြည့်ပေးပါ။စတိုးဆိုင်က ပေါင်မုန့် ...
14/10/2025

ကိုယ် နေ့စဉ် စားတဲ့ထဲမှာ ကြာရှည်ခံ ထားလို့ရအောင် လုပ်ထားတဲ့အစာတွေ ဘယ်လောက်ပါလဲ စဉ်းစားကြည့်ပေးပါ။

စတိုးဆိုင်က ပေါင်မုန့် ကိတ်မုန့်တွေလား၊ ခေါက်ဆွဲခြောက်ထုပ်တွေလား၊ တရုတ်ကလာတဲ့ မုန့်ထုပ်တွေလား၊ မာလာချောင်း အထုပ်တွေလား၊ ဝက်အူချောင်း ကြက်အူချောင်းတွေလား၊ ဟော့ပေါ့ဆိုင်က အေးခဲထားတဲ့ အသားလုံး အသားလိပ်တွေလား၊ အကင်တွေလား၊ဆိုင်တွေမှာ အကြာကြီး တင်ရောင်းတဲ့ ဘာလချောင်ကြော် အကြော်အလှော်တွေလား၊ အများကြီး ကျန်ပါသေးတယ်။

ဒါတွေကို တပတ်မှာ၊ တရက် တမျိုးလောက် စားသုံးမိနေပြီ ဆိုရင်တော့ ကျန်းမာရေးကို အထူးထိခိုက်စေပြီး ရောဂါကြီးတွေ ဖြစ်လာမှာမို့ အထူးရှောင်ရှား စေချင်ပါတယ်၊ကင်ဆာရောဂါလို ခက်ခဲတဲ့ ခံစားရတဲ့ ရောဂါတွေ မဖြစ်သေးခင် ကြိုတင် ကာကွယ်ကြရအောင်။

#𝒅𝒂𝒊𝒍𝒚𝒗𝒊𝒕𝒂𝒎𝒊𝒏𝒔

မနက်စာကို ဘာတွေစားလေ့ရှိလဲ၊𝐂𝐨𝐦𝐦𝐞𝐧𝐭 ☘️တွင်ဖြေပြီး 𝐏𝐨𝐬𝐭 ကို ☘️𝐋𝐢𝐤𝐞 ☘️𝐒𝐡𝐚𝐫𝐞(𝐩𝐮𝐛𝐥𝐢𝐜)လုပ်ပေးပါ။𝐎𝐫𝐚𝐦𝐢𝐧-𝐂 အလုံး (၃၀) ပါ တဘူးကို...
13/10/2025

မနက်စာကို ဘာတွေစားလေ့ရှိလဲ၊
𝐂𝐨𝐦𝐦𝐞𝐧𝐭 ☘️တွင်ဖြေပြီး
𝐏𝐨𝐬𝐭 ကို ☘️𝐋𝐢𝐤𝐞 ☘️𝐒𝐡𝐚𝐫𝐞(𝐩𝐮𝐛𝐥𝐢𝐜)လုပ်ပေးပါ။

𝐎𝐫𝐚𝐦𝐢𝐧-𝐂 အလုံး (၃၀) ပါ တဘူးကို လက်ဆောင် ရွေးချယ်ပေးပါမယ်။

𝟏𝟖.𝟏𝟎.𝟐𝟎𝟐𝟓 မှာ ကံထူးသူကို ကြေငြာပေးပါမယ်။

အားလုံးရဲ့ နံနက်ခင်းစာတွေက ဘာတွေများ ဖြစ်မလဲ စောင့်မျှော်နေပါပြီရှင်။

#𝒅𝒂𝒊𝒍𝒚𝒗𝒊𝒕𝒂𝒎𝒊𝒏𝒔

ที่อยู่

Soi 42
กทม
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝘋𝘢𝘪𝘭𝘺 𝘝𝘪𝘵𝘢𝘮𝘪𝘯𝘴ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram