
09/07/2025
⚠️ သွေးလွန်တုပ်ကွေးရောဂါနှင့်ပက်သတ်၍ အယူအဆလွဲမှားမှုများကြောင့် ပိုဆိုးစေနိုင်ခြင်း!! ⚠️
🦟 သွေးလွန်တုပ်ကွေးရောဂါသည် အားလုံးနှင့်ရင်းနှီးသောရောဂါဖြစ်သော်လည်း နားလည်မှုလွဲမှားမှုများ ရှိနေဆဲဖြစ်ပြီး လူနာအားပြုစုစောင့်ရှောက်မှုမှားယွင်းခြင်း (သို့) အရေးကြီးသောအချိန်တွင် ဆရာဝန်နှင့် မပြပါကရောဂါလက္ခဏာအား ပို၍ဆိုးရွားလာစေနိုင်ပါသည်။
❌ အကိုက်ခဲပျောက်ဆေး အဖျားကျဆေးများသောက်လျင်သက်သာသည်ဟုထင်ခြင်း။
✅ အမှန်မှာဤဆေးများသည် သွေးဥများစုပုံခြင်းကိုတားဆီးပေးသော အာနိသင်ရှိသောကြောင့် သွေးများပို၍ထွက်စေပါသည်။
❌ အဖျားကျသွားသောကြောင့် “ပျောက်ပြီ” ဟုထင်ခြင်း။
✅ အမှန်မှာသွေးလွန်တုပ်ကွေးရောဂါလက္ခဏာ အရှိဆုံးကာလမှာ အဖျားကျသည့်အချိန်(3-7) ရက်အချိန်အတွင်းဖြစ်ပြီး သွေးအရည်များယိုစိမ့်ခြင်းကြောင့် ရှော့စ်ဖြစ်စေနိုင်ခြင်း။
❌ သွေးလွန်တုပ်ကွေးရောဂါအားရိုးရိုးတုပ်ကွေးမိ၍ဖျားသလိုမျိုး အလိုလိုသက်သာသွားမည်ဟုထင်ခြင်း။
✅ သွေးလွန်တုပ်ကွေးရောဂါသည် တုပ်ကွေးကဲသို့လက္ခဏာများစသော်လည်း အထူးသဖြင့် အဖျားသက်သာသည့်အခါတွင် ရှော့စ်ဖြစ်နိုင်ခြင်း (သို့) အတွင်းပိုင်းသွေးထွက်နိုင်ခြေ မြင့်မားပါသည်။
❌ အဖျားမကျမှာစိုးသဖြင့် ရေဝတ်မတိုက်ခြင်း/ရေမချိုးခြင်း။
✅ အမှန်မှာသင့်ခန္ဓာကိုယ်အား ရေဝတ်တိုက်ပေးခြင်းသည် အဖျားအားကျစေပြီး တက်ခြင်းကိုလည်း ကာကွယ်ပေးနိူင်ပါသည်။ ရိုးရိုးရေစိမ်ထားသောအဝတ်ဖြင့် လက်/ခြေထောက်/ချိုင်းကြား နှင့် ခန္ဓာကိုယ်တို့အား ရေဝတ်တိုက်ပေးသင့်ပါသည်။
🧑⚕️ နေမကောင်းအဖျားရှိပါက ကုသမှုခံယူရန် ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါသည်၊၊ 🩺
💁♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970
#ထိုင်းရောက်မြန်မာ #ပကန် #တုတ်ကွေး