
10/04/2024
မြန်မာအချင်းချင်း ကြောက်ရသည်။
==============================
😑မနေနိုင်လွန်းလို့ ဒါလေးကို ကျွန်တော်နှင့် မိတ်ဆွေတစ်ယောက်တို့ရဲ့ အတွေ့အကြုံကို ပူးပေါင်းShareလိုက်ပါတယ်ဗျာ…။
လာအို(Savannakhet)မှာ Non-B visa သွားပြောင်းတာ WP3 Documentတစ်ခုလိုအပ်နေသေးတဲ့အတွက် ၅ရက်ကြာခဲ့တဲ့အတောအတွင်းမှာ Tourist visa ရက်၆၀လာလျှောက်ကြတဲ့ မြန်မာတွေနဲ့ တွေ့စုံရင်းနှီးခဲ့ရပါတယ်….။
🤌🤌 တခြားSectorတွေတော့ များသောအားဖြင့်မလိုအပ်ပေမယ့် Health Sectorကဝန်ထမ်းတွေ work permitလျှောက်မယ်ဆို WP3 form တစ်ခုလိုအပ်ပါတယ်။ Ministry of Labourမှာ လျှောက်ရတာဖြစ်ပြီး လျှောက်ထားမည့်သူက ပြည်ပထွက်ပြီးမှ မိမိကုမ္ပဏီကကိုယ်စားလျှောက်ထားရတာဖြစ်လို့ အချိန်၃ရက်ကြာပါတယ်။ သံရုံးကလဲ Hard copy paperပဲလက်ခံတာဖြစ်လို့ ဘန်ကောက်ကနေ လာအို (Vientiane or Savannakhet)ကို ယင်းစာရွက်စာတမ်း အရောက်ပို့ဆောင်ဖို့ လိုအပ်တာမို့ Travel Agency service တစ်ခုကို ကျွန်တော်အသုံးပြုခဲ့တာပါ။
🤝🤝 Meesuktravel.com နဲ့သွားခဲ့တာပါ။ မြန်မာနဲ့ အာဆီယံနိုင်ငံတွေအတွက် Packageစျေး ၆,၅၀၀ဘတ်ဖြစ်ပါတယ်။ Toyota Commuterတွေချည်းပဲသုံးထားတာကြောင့် သွားလာရတာ သက်တောင့်သက်သာရှိပါတယ်။ လာအို(Savannakhet)မှာ ၁ညအိပ် ၂ရက် ခရီးစဥ်ကို SaiNgeun Hotel (share with a partner)တစ်ညအိပ်၊ Riverside Dinner၊ Hotel Breakfast,၊ 2 x Lunch (၄)နှပ်စာ အပြီးအစီးပါဝင်ပြီးကို ၆,၅၀၀ဘတ်ပါ။ Booking မလိုပါ၊ Walk In သွားရောက်နိုင်ပြီး ရောက်တာနဲ့ visa လျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြည့်စုံမှုရှိမရှိစစ်ဆေးပေးပါတယ်။ အပတ်စဥ် Sunday and Wednesday ညနေ ၅-၆နာရီဆို MeeSukရုံး ဘန်ကောက်ကနေ စထွက်ပါတယ်။ လာအိုimmigration ဖြတ်ချိန် Lao visa stamp မိတ္တူကူးခ ဘတ်၂၀ပဲထပ်ကုန်ကျပါတယ်။
📄📑 Documentမစုံသေးတဲ့ ကျွန်တော့်လို အခြေအနေမျိုးဆို ဒီလိုserviceကိုသုံးတာ ပိုအဆင်ပြေစိတ်အေးရမယ်ထင်ပါတယ်။ WP3စာရွက်ရလာတဲ့အခါ မိမိကုမ္ပဏီဝန်ထမ်းမှ MeeSuk Bangkokက ရုံးကို သူတို့ကားတွေ ညနေမထွက်မီ အရောက်ပို့ပေးနိုင်ပါက နောက်နေ့မနက်ဆို ကိုယ့်လက်ထဲရောက်ပါပြီ အဲ့အတွက် extra service feeလဲမရှိပါဘူး။
🤬🤬 ပြဿနာက ခုမှစတာ ကိုယ့်အရပ်ဒေသမဟုတ်တဲ့နေရာမှာ အခြေအနေအမျိုးမျိုးကြားက အဆင်မပြေ၊ ပြေအောင် ရုန်းကန်ကြိုးစားနေရတဲ့ ကိုယ့်နိုင်ငံသားအချင်းချင်းကိုမှ မတော်မတရား အမြတ်ကြီးစားပြီး လူပါးဝတဲ့ ပွဲစားတွေကြောင့် ဒါလေးကို $သည်းပေါက်ပေါက်နဲ့ရေးလိုက်တာပါ…။
👉 ၆,၅၀၀ဘတ်ပဲကျသင့်တဲ့ ဒီserviceကို သွားမယ့်နေ့ကျ သူတို့အိမ်မှာလူစုပြီး ကားလေးနဲ့ Travel Agency ရုံးကိုလိုက်ပို့…၊ ပြီးတော့ ၁၁,၀၀၀ဘတ် ယူတဲ့သူနဲ့🤌 ၈,၅၀၀ဘတ် ယူတဲ့သူနဲ့🤌…. မတော်မတရားဗျာ…🤌
ဒီဒေသကို သူတို့က ကြိုရောက်နေလို့ ဒီinformationတွေ ကြိုသိနေတာ၊ ခုစာဖတ်နေတဲ့သူလဲ သူတို့လို ကြိုရောက်နေတဲ့သူဆိုလဲ သိနေမှာပဲလေ…၊ Serviceပိုပေးရတာမျိုး ဘာမှမရှိပဲနဲ့ ဒီinformationလေးကိုပဲ လုပ်စားချင်တယ်ဆိုလဲ တော်ရုံသင့်ရုံ ၃-၄-၅ရာလောက်ပဲယူပေါ့…။ အရှက်လေးလဲ ရှိကြဦး။
🤩🤩 Visa လျှောက်ဖို့ စာရွက်စာတမ်းစုံတယ်ဆိုရင်တော့ မိမိကိုယ်ကိုသွားလျှောက်ထားနိုင်ပြီး လမ်းစရိတ်၊နေစရိတ်အတွက် အသက်သာဆုံးကို ကျွန်တော့်မိတ်ဆွေ ကိုသီဟသွေး၊ သူကိုယ်တိုင်သွားခဲ့တာလေး shareပေးပါရစေခင်ဗျာ…။
Route : Bangkok➡️ Mukdahan ➡️ Savannakhet
🚍🚍 Bangkok ကနေ Mukdahan ကို Nakhonchai Bus နဲ့ သွားဖြစ်ပါတယ်။ လက်မှတ်ခက ၆၅၃ ဘတ်ပါ။ လက်မှတ်ကို (https://www.nakhonchaiair.com/ncaweb/) online ကနေ ဝယ်ယူလို့ရပါတယ်။ အသေးစိတ်ကို အောက်ပါပုံများ၌ ကြည့်ရှုနိုင်ပါတယ်။ Nakhonchai ကားက အမြဲလူပြည့်တတ်လို့ အနည်းဆုံး ၃ရက်ကြိုတင် ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။
🚍🚍 Nakhonchai Busကားမရခဲ့ရင်တော့ Mochit Bus Terminal တတိယထပ်မှာရှိတဲ့ တခြားသော Busကားလိုင်း Ticket Counter တွေမှာ နာရီပိုင်းလောက် လူကိုယ်တိုင် ကြိုတင်သွားရောက်ဝယ်ယူလို့ အဆင်ပြေပါတယ်။
🚍🚍 Nakhonchai Bus ကိုတော့ အချိန်တိကျမှု၊ သန့်ရှင်းမှု၊ ဝန်ဆောင်မှုအပိုင်းတွေမှာ အားသာတဲ့အတွက် recommend ပေးပါတယ်ဗျ။ Nakhonchai Busနဲ့ သွားဖြစ်တယ်ဆိုရင်တော့ Nakhonchai Bus Terminal ကို သွားစီးရမှာပါ။ (Location: https://maps.app.goo.gl/J6GCq9FikKSvbrM3A) သီးသန့်ကားဂိတ်ဖြစ်ပါတယ်။
🚌🚌 Mukdahan ကားဂိတ်ရောက်သွားတဲ့အချိန်မှာ Mukdahan ကနေ Savannakhet ကိုသွားဖို့အတွက် ကားလတ်မှတ်ဖြတ်ရပါတယ်။ ကားလတ်မှတ်ခက အသွား ၅၀ဘတ် အပြန် ၅၅ဘတ်ပါ။ မနက် ၆နာရီက စထွက်ပြီး တစ်နာရီခြား တစ်စီးနှုန်း ထွက်ပေးပါတယ်။ Mukdahan ကနေ Savannakhet ကို သွားတဲ့အချိန်မှာ Thailand Immigration နဲ့ Laos Immigration နှစ်ခုကို ဖြတ်ရပါတယ်။ Busကားကလည်း စောင့်ခေါ်ပေးပြီး Savannakhet Bus Terminal ထိ ပို့ပေးပါတယ်။ အသေးစိတ်ကို အောက်ပါပုံများ၌ ကြည့်ရှုနိုင်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် Immigration မှာ နောက်ကျနေပြီး ကိုယ့်စီးလာတဲ့ကား မမီခဲ့ရင်လည်း နောက်လာတဲ့ကားကို လိုက်စီးလို့ရပါတယ်။ Mukdahan ကနေ Savannakhet စီးတဲ့ကားကလူနည်းနည်းကြပ်ပါတယ်။ ၄၅ မိနစ်လောက်ပဲ စီးရတာဖြစ်တဲ့အတွက် အဆင်တော့ပြေပါတယ်ဗျ။
💸💸 Immigration ဖြတ်တဲ့အချိန်မှာ ကုန်ကျစရိတ်အနေနဲ့က Thailand Immigration မှာ ငွေကြေးကောက်တာမရှိပါဘူး။ Lao Immigration မှာ အဝင် ၁၀၀ ဘတ်နဲ့ အပြန် ၁၀၀ ဘတ် ပေးရပါတယ်။ Lao Immigration အထွက် checkpoint ဖြတ်တဲ့အချိန်မှာ ၂၀ ဘတ် ထပ်ပေးရပါတယ်။
(Thailand Immigration နဲ့ Laos Immigration က တုံးထုပေးလိုက်တဲ့ စာမျက်နှာကို Visa လျှောက်ထားတဲ့အချိန်မှာလိုအပ်တဲ့အတွက် မိတ္တူဆွဲရပါမယ်။ သံရုံးနဲ့ မျက်နှာချင်းဆိုင်မှာ မိတ္တူဆိုင်ရှိပြီး မိတ္တူ တစ်ရွက် ၂၀ ဘတ်၊ print အတွက် တစ်ရွက် ၅၀ဘတ် ကျသင့်ပါတယ်။)
🚶🚶 Savannakhet Bus Terminal ကနေ သံရုံးကိုက လမ်းလျှောက်သွားလို့ရပါတယ်။ ၁၈မိနစ်လောက် လမ်းလျှောက်ရပြီး Tuk Tukနဲ့ဆိုရင်တော့ တစ်ယောက်ကို ၁၀၀ ဘတ်ပေးရပါတယ်။
🏨🏨 Accommodation: Hotel/ Guest House (အသေးစိတ်ကို အောက်ပါပုံများ၌ ကြည့်ရှုနိုင်ပါတယ်။)
တည်းဖို့နေရာတွေကနေ ရွေးချယ်စရာများပြီး ဈေးနှုန်းလည်း သင်တင့်ပါတယ်။ ကျွန်တော်ကတော့ Bus Terminal အနီးက Soulinsulk Hotelမှာ တည်းဖြစ်ပါတယ်။ Double Room တစ်ညကို 350 ဘတ်ပါ။ Soulinsulk Hotelဘေးမှာရှိတဲ့ Guest House ကတော့ Double Room ကို တစ်ည 250 ဘတ်ပါ။ အသေးစိတ်ကို ပုံထဲမှာရှိုး။ ၂ယောက်နေလို့ရတာ ဖြစ်တဲ့အတွက် အကုန်အကျသက်သာအောင် shareနေလို့ရပါတယ်။ Breakfastတော့ မပါဘူးလေ။
Visa Feeကတော့ Tourist Visa အတွက် ၁,၀၀၀ ဘတ် ကျသင့်ပြီး Non-B Visa အတွက်က ၂,၀၀၀ဘတ် ကျသင့်ပါတယ်။
Bangkok - Mukdahan အသွားအပြန် ကားလက်မှတ် ၁,၃၀၆ ဘတ်
Mukdahan - Savannakhet အသွားအပြန် ၁၀၅ ဘတ်
Lao Immigration အဝင်အထွက် - ၂၀၀ဘတ်
Check Point Fee - ၂၀ ဘတ်
Hotel - ၃၅၀ ဘတ်
Travel & accomodation အတွက်စုစုပေါင်း ၁,၉၈၁ ဘတ် ကျသင့်ပါတယ်ဗျ။
💥💥Important tips💥💥
** စားစရိတ်က တစ်နှပ်မှ ၅၀-၆၀ဘတ်ပဲကျသင့်ပါတယ်။ လာအိုကစ် လဲဖို့မလိုပါ။ စျေးနှုန်းကို ဘတ်နဲ့ တွက်ချင်ရင် 625နဲ့သာစားလိုက်။ ဘတ်ပဲသုံး ဘတ်အကြွေသာများများဆောင်သွားပါ။
သွားလာရေးအတွက် EV taxiကို Xanh SMဆိုတဲ့ applicationမှ ခေါ်လို့ရပါတယ် (grabစျေးနဲ့ သိပ်မကွာ)။
** ထီးယူသွားပါ၊ စောစောသွား ရောက်တာနဲ့အထုတ်မချပဲ တန်းသွားစီပါ၊ Travel agencyတွေလာတဲ့ Monday and Thursdayဆို တန်းတော်တော်ရှည်ပါတယ် အရောက်၂၀၀ခန့်။ နေအရမ်းပူပါတယ် အရိပ်မရှိသလောက်ပါပဲ၊ 8:30AMမှသံရုံးဖွင့်ပါတယ်၊ နောက်ကျရင် နေ့လည်ကျော်မှကိုယ့်အလှည့်ရောက်ပါတယ်။ ဘန်ကောက်ထက် ပိုပူပါတယ်၊ သံရုံးက စေတနာကောင်းလွန်းလို့ တန်းစီတဲ့နေရာမှာ $ကျိုးနည်း ပန်ကာတောင်မတပ်ပေးထားပါဘူး။ Heat strokeရနိုင်တာမို့ ရေများများသောက်ပါ။ သံရုံးမျက်နှာချင်းဆိုင်မှာ အအေးဆိုင်လေးရှိပါတယ်။
** မနက်စောစော သံရုံးရှေ့တန်းစီနေတုန်း ETL (Lao SIM card) လိုက်ရောင်းတဲ့သူရှိပါတယ်၊ 4G data 4 daysပဲ သုံးလို့ရတာကို unlimited data 1 week ဆိုပြီး ဘတ်၂၀၀နဲ့လိုက်ရောင်းပါလိမ့်မယ်..။ ဘတ်၁၀၀နဲ့သာဆစ်ဝယ်ပါ၊ ရပါတယ်။ ဘန်ကောက်မဟုတ်တဲ့အတွက် လိုင်းကောင်းဖို့တော့ မမျှော်လင့်ပါနဲ့။
** အရေးကြီးတာက Bank statementကို ၃လစာ မဖြစ်မနေပြရပါတယ် (Non-Bဆို မလိုပါ)။ Bank statementက Visaလျှောက်တဲ့ရက်နဲ့ ၃ရက်ခြားနေတဲ့သူကို လက်မခံတာလဲတွေ့ခဲ့ရပါတယ်။ Mobile bankingနဲ့ တစ်ခါတည်းပြနိုင်အောင်လဲ ပြင်ဆင်ထားသင့်ပါတယ်။
🍀🍀 အားလုံး အဆင်ပြေပြေ၊ သက်သက်သာသာရရှိသွားရင် ကျေနပ်ဝမ်းသာရပါတယ်ခင်ဗျာ…။ သိလိုရာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
(ဗီယန်ကျင်း မဟုတ်ဘူးနော်….၊ ဆဗာနာခက်မြို့ပါခင်ဗျာ။)