IQwin Market စျေးကွက်

IQwin Market စျေးကွက် ခန္ဓာကိုယ်ကျန်းမာရေး-အလှအပနဲ ့နည်း?

မြန်မာနိုင်ငံသား ၃ ဦးကို  ဘတ်ငွေ ဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ ထိုင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ကဖမ်းဆီးနိုင်ခဲ့---နိ...
09/08/2025

မြန်မာနိုင်ငံသား ၃ ဦးကို ဘတ်ငွေ ဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ ထိုင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ကဖမ်းဆီးနိုင်ခဲ့---
နိုင်ငံဖြတ်ကျော် ငွေလိမ်ဂိုဏ်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)နဲ့ နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲ (TCSD) ဖူးပေါင်းအဖွဲ့က မြန်မာအမျိုးသား၂ ဦးနဲ့ အမျိုးသမီး၁ ဦးကို ဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ ၈/၈/၂၀၂၅ ရက်နေ့က တာ့ခ်ခရိုင်၊မဲဆောက်မြို့ နယ်၊ ထါ့စိုင်လွ(တ်)ကျေးရွာအုပ်က နေအိမ်တစ်လုံးမှာ ဖမ်းခဲ့ပါတယ်။
ဦးရှင်း OO SHIN အသက် ၅၇ နှစ်၊ မသီတာ အသက် ၅၇ နှစ် နဲ့ လောက်ဝေ (Mr.LOUK WAI) အသက် ၅၄ နှစ်တို့ ကိုဖမ်းဆီးမိခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)ကသတင်းရှင်းလင်းပွဲ ပြောကြားခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)ဖေတ်ဘုတ်စာမျက်နှာ ဖေါ်ပြထား ပါတယ်။
ငွေလိမ်ဂိုဏ်းကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပေတ်မြို့အခြေစိုက် Huione Pay သုံးပြီး နိုင်ငံဖြတ်ကျော် ငွေလိမ်ဂိုဏ်းကို စစ်ဆင်ရေး "SKYFALL" အနေနဲ့ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
တရားခံတွေက Ulela Trading 999 Co.,Ltd ကုမ္ပဏီအမည်နဲ့ လိမ်လည်အကောင့်သို့ လွှဲအပ်ခဲ့ပြီး ငွေထုတ်ယူနိုင်သည်ကို တွေ့ရှိသဖြင့် ဘတ်သန်းပေါင်းများစွာကို လိမ်လည့်ရယူကြောင်းကိုလည်း ရဲတပ်ဖွဲ့ကထုတ်ဖေါ်ပြောကြားသွားပါတယ်။
နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲ (TCSD) ပြောကြားချက်အရ ငွေလိမ်ဂိုဏ်း Facebook ကိုအသုံးပြုပြီး သားကောင်တွေကိုရှာဖွေစုဆောင်းခဲ့ပါတယ်။
အခုဖမ်းဆီးရမိတဲ့ သူတို့ကုမ္ပဏီက စတော့ရှယ်ယာရောင်းဝယ်မှုလုပ်ဆောင်နေကြောင်း အစုရှယ်ယာ ထည့်ဝင်သူတွေကို အမြတ် ၁၀ ရာခိုင်နှုန်းရရှိကြောင်းနဲ့ ငွေကိုလည်း ပြန်လည်ထုတ်ယူနိုင်ကြောင်းကို သားကောင်တွေကိုသိမ်းသွင်းခဲ့ပါတယ်။ သားကောင်တွေကို ယုံကြည်လာပြီးဆိုရင် Line (ဂရု(ပ်)အစုအဖွဲ့ထဲမှာ ငွေလိမ်ဂိုဏ်းက သူတွေကို အများအပြားထည့်ပြီး ငွေအမြတ်အစွန်းဘယ်လောက်ရတယ်၊ ငွေထုတ်ယူရရှိပြီးဖြစ်ကြောင်းတွေကို အရောင်ဆောင် ငွေလိမ်ဂိုဏ်းသားတွေက ဝင်ရောက်ပြောဆိုစေခဲ့ပြီး သားကောင်ကိုအာယုံသွင်း စေခဲ့ပါတယ်။ သားကောင်အနေနဲ့ ရင်းနှီးမြုပ်နှံမှု မဆုံးဖြတ်မီ 2-3 လခန့် အုပ်စုကို စောင့်ကြည့်လေ့လာစေခဲ့တယ်။
ငွေလိမ်ဂိုဏ်းအနေနဲ့ ကြားခံအဖြစ် Money mule ဘဏ်စာအုပ်အမည်ခံ ငှားရမ်းထားတဲ့ သူတွေရဲ့ ပုဂ္ဂိုလ်ရေး ဘဏ်စာအုပ် အကောင့်ကနေ ငွေတွေကို လွဲပြောင်းရယူခဲ့ပြီးနောက် ဒီဂျီတယ်ငွေကြေး cryptocurrency အဖြစ်ပြောင်းပြီး အမြန်ဆုံး လွဲပြောင်းရယူနိုင်ကြောင်းကို ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောကြားသွားပါတယ်။
အပြန်ပြန်အလှန်လှန် ငွေလွှဲပြောင်းခဲ့ကြောင့် ခြေရာခံရန် ပိုမိုခက်ခဲစေခဲ့ကြောင်း ရဲကိုထုတ်ဖေါ်ပြောကြားသွားပါတယ်။
ရှိလာတဲ့ငွေတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ပွိုင်ပေတ်မြို့မှာအခြေစိုက်တဲ့ ဌာနချုပ်ကို လွဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။
ထိုင်းဘတ်ငွေတွေကို ငွေသားအဖြစ် မဲဆောက် ဒေသအခြေစိုက် ဘဏ်တစ်ခုကနေထုတ် ပြီး မြ၀တီမြို့ကနေမြန်မာဘက်ခြမ်းကိုသယ်ဆောင်သွားတာကိုလည်း ရဲတပ်ဖွဲ့နောက်ရောင်ခံတဲ့ဗွီဒီယိုမှတ်တမ်းတခုကိုလည်း အဆိုပါထိုင်းရဲတပ်ဖွဲ့ရဲ့ ဖေတ်စဘုတ်အကောင့်မှာ တင်ပြထားပါတယ်။
အခုဖမ်းဆီးရမိတဲ့ငွေလိမ်ဂိုဏ်းအနေနဲ့ တစ်လမှာ ဘတ်ငွေသန်း ၁၀၀၀ ကျော် ထုတ်ယူနေကြောင်းတွေ့ရှိခဲ့ရကြောင်းကိုလည်း ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောကြား သွားပါတယ်။
နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲ (TCSD) မှ ရဲတပ်ဖွဲ့ဝင်များက သက်သေ အထောက်အထားများ စုဆောင်းကာ ယင်းအမှုနဲ့ သံသယရှိသူ ၂၈ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဘဏ်စာရင်းစာအုပ်နာမည်ခံအငှါးဖွင့်ပေးထားသူ ထိုင်းနိုင်ငံသား ၂၄ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦးပါဝင်နေကြောင်းထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောကြားသွားပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ မဲဆောက်ခရိုင်တရားရုံးထံမှ ရှာဖွေဝရမ်းအမှတ် ၁၁၆၅/၂၅၆၈ ကိုလည်း ရယူခဲ့သည်။ အဆိုပါ ရှာဖွေမှုတွင် သံသယရှိသူ မြန်မာနိုင်ငံသား သုံးဦးကို ဖမ်းဆီးခဲ့သည်။
ငွေသား ဘတ် ၄၆ သန်းကျော် သိမ်းဆည်းရမိခဲ့သည်။ သံသယရှိသူများနဲ့ သိမ်းဆည်းရမိ ပစ္စည်းများအား TCSD ဌာနခွဲ ၃ မှ စုံစမ်းရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးအမှုဖွင့် ခဲ့ကြောင်းကိုလည်း ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောကြားထားပါတယ်။

ကနဦး စစ်ဆေးမေးမြန်းမှုတွေမှာ သံသယရှိသူတွေဟာ စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။
၁။ အခြားသူတစ်ဦးအယောင်ဆောင်ခြင်းဖြင့် အများပြည်သူကို လိမ်လည်လှည့်ဖြားရန် ပူးပေါင်းကြံစည်မှု၊
2. လျှို့ဝှက်လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်ရန် ပူးပေါင်းကြံစည်မှု၊
၃။ အများသူငှာ ပျက်စီးစေမည့် နည်းလမ်းဖြင့် ကွန်ပြူတာစနစ်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း သို့မဟုတ် မှားယွင်းသော ကွန်ပျူတာဒေတာအချက်အလက်များနဲ့ လိမ်လည်မှု။
4. ငွေကြေးခဝါချမှုကျူးလွန်ရန် လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော သဘောတူညီချက်ဖြင့် ပူးပေါင်းပြီး ပူးပေါင်းကြံစည်မှု၏ ရလဒ်အဖြစ် ငွေကြေးခဝါချမှု ပြစ်မှုကို ကျူးလွန်ခြင်းအမှု။
5. ငွေကြေးခဝါချမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့အမှုတွေနဲ့တရားစွဲ ဆိုထားကြောင်းကိုလည်း ရဲတပ်ဖွဲ့ထုတ်ဖေါ်ပြောကြားသွားပါတယ်။

ကိုလံဘီယာ - ရေနံ၊ ညစ်ညမ်းမှု နဲ့ လက်နက်ကိုင်တွေ
09/08/2025

ကိုလံဘီယာ - ရေနံ၊ ညစ်ညမ်းမှု နဲ့ လက်နက်ကိုင်တွေ

ကိုလံဘီယာက အကြီးဆုံး ရေနံကုမ္ပဏီ အီကို ပက်ထရို (Ecopetrol)ဟာ မြစ်တွေနဲ့ စိမ့်မြေတွေကို ညစ်ညမ်းနေစေပြီး တံငါသည် ရပ်...

အိမ်မှာ ရှမ်းနံနံပင် ရှိတာဟာ ဆေးသေတ္တာတစ်လုံးရှိတာထက် ပိုတန်ဖိုးရှိပါတယ်   ရှမ်းနံနံမှာ ရနံ့မွှေးတယ်။ အစိမ်းလိုက်စားလို့...
07/08/2025

အိမ်မှာ ရှမ်းနံနံပင် ရှိတာဟာ ဆေးသေတ္တာတစ်လုံးရှိတာထက် ပိုတန်ဖိုးရှိပါတယ်
ရှမ်းနံနံမှာ ရနံ့မွှေးတယ်။ အစိမ်းလိုက်စားလို့ရတယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။
နာတာရှည်ရောဂါတွေကို ကာကွယ်ပေးတယ်။
အစာခြေစနစ်ကို ကူညီပေးပြီး အစာချေဖျက်ရာမှာ ထုတ်လွှတ်တဲ့ အင်ဇိုင်းတွေကို လှုံ့ဆော်ပေးတယ်။
အာရုံကြောစနစ်ကို အားဖြည့်ပေးပြီး စိတ်ကို ပြေလျော့စေကာ စိတ်ဖိစီးမှုတွေ လျှော့ချပေးတယ်။
သွေးပေါင်ချိန်ကို ကျစေပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
#အသုံးပြုပုံများ..........
* အစားအသောက်မှာ ထည့်သွင်းအသုံးပြုခြင်း - ရနံ့နဲ့ အရသာပိုကောင်းလာစေဖို့နဲ့ ငါးအနံ့အရသာတွေကို ဖယ်ရှားနိုင်ဖို့ အရွက်တွေကို တို့စရာအဖြစ် အစိမ်းလိုက်စားနိုင်သလို၊ သုပ်စားလို့ရသလို, အစဉ်းကောသုပ် (larb), တုံယမ်း (Tom Yum) စတဲ့ အစားအစာတွေထဲမှာ ထည့်ပြီး အရသာနဲ့ အနံ့အရသာကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ပါတယ်။
* လက်ဖက်ခြောက်လုပ်သောက်ခြင်း- ရှမ်းနံနံပင်အရွက်တွေကို ကျန်းမာရေးအတွက် လက်ဖက်ရည်အဖြစ် ဖျော်သောက်နိုင်ပါတယ်။
* ဆေးဖက်ဝင်အဖြစ် အသုံးပြုခြင်း- အရွက်၊ ပင်စည်၊ ဒါမှမဟုတ် အမြစ်ကို ဆေးဖက်ဝင်အဖြစ် သုံးနိုင်ပါတယ်။
#ရှမ်းနံနံပင်အမြစ်ရဲ့အကျိုးကျေးဇူးများ
ရှမ်းနံနံပင်အမြစ်မှာ ဆေးဖက်ဝင်အာနိသင်များစွာပါဝင်ပါတယ်။
အထူးသဖြင့် ဆီးသွားစေတဲ့ အစွမ်းသတ္တိများရှိပြီး ဆီးရွှင်စေကာ ကိုယ်ခန္ဓာဖောရောင်ခြင်းကို ကုသရာမှာ အလွန်ထိရောက်ပါတယ်။
ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးအိတ်ရောင်ခြင်းနဲ့ ဂနိုရောဂါတို့ကို ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။
ရှမ်းနံနံပင် အမြစ်ဟာ အရွက်ထက် ဆီးရွှင်စေတဲ့ အစွမ်းသတ္တိ ပိုမိုပြင်းထန်ပြီး အများအားဖြင့် ပြုတ်ပြီး သို့မဟုတ် လက်ဖက်ရည်အဖြစ် ဖျော်သောက်လေ့ရှိပါတယ်။
#အသုံးပြုပုံ
* ပြုတ်ခြင်း - ရှမ်းနံနံပင် အမြစ်ကို ရေနဲ့ပြုတ်ပြီး ရလာတဲ့
အရည်ကို သောက်ပါ။
* လက်ဖက်ခြောက်အဖြစ် - အခြောက်လှန်းထားတဲ့
ရှမ်းနံနံပင် အမြစ်ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်အဖြစ်
ဖျော်သောက်ပါ။
* ထုထောင်းပြီး အုံပေးခြင်း---
ရှမ်းနံနံပင် အမြစ်ကို ညက်အောင်ထောင်းပြီး
ကိုက်ခဲတဲ့နေရာ ဒါမှမဟုတ် အင်းဆက်
ပိုးမွှား ကိုက်ခံရတဲ့နေရာမှာ အုံပေးနိုင်ပါတယ်။
Crd: MON SOUNG

ထိုင်း-ကမ္ဘောဒီးယား အပစ်ခတ်ရပ်ဆဲရေးသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်သွားဖို့သဘောတူညီချက်ရရှိ---မလေးရှားနိုင်...
07/08/2025

ထိုင်း-ကမ္ဘောဒီးယား အပစ်ခတ်ရပ်ဆဲရေးသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်သွားဖို့သဘောတူညီချက်ရရှိ---
မလေးရှားနိုင်ငံမှာကျင်းပတဲ့ GBC အစည်းကို ထိုင်း-ကမ္ဘောဒီးယားနိုင်ငံတာဝန်ရှိသူတက် ရောက်ပြီး ၄-၇ /၈/၂၀၂၅ရက်နေ့မှာ ဆွေးခဲ့ပါတယ်။
ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်ရေးရာကော်မတီ (GBC) ကို ကာကွယ်ရေးဒုဝန်ကြီးနှင့် ယာယီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နတ္တဖွလ် နတ်ခ် ဖနစ်တို့က ဦးဆောင်ခဲ့သည်။ ကမ္ဘောဒီးယားဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် တီယား စေဟင ဦးဆောင်ခဲ့သည်။ မလေးရှား၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား GBC သဘောတူညီချက် ၁၃ ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် သဘောတူညီခဲ့ကြောင်းကို ထိုင်း ကာကွယ်ရေးဒုဝန်ကြီးနှင့် ယာယီကာကွယ်ရေးဝန်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး နတ္တဖွလ် နတ်ခ်ဖါးနစ်က ဆွေးနွေးပွဲအပြီးမှာ သဘောတူညီတွေကိုသတင်းစားရှင်းပွဲပြုလုပ်ခဲ့ပါတယ်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ တပ်ဖွဲ့ဝင်များကုစားရေနဲ့စတ်ဓါတ် မြှင့်တင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ထိုင်းတပ်မတော်တို့ ပူးပေါင်းပြီး ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဘတ်ငွေ သန်း ၁၀၀ ရန်ပုံငွေ ထူထောင်ခဲ့သည်။
တိုက်ပွဲဖြစ်ဖွားတဲ့နေရာမှာ ကမ္ဘောဒီးယားစစ်တပ်ကသေဆုံးတဲ့ပုတ်ပွနေတဲ့ အလောင်းတွေကို ပြန်လည်သိမ်းဆီးဖို့နဲ့ ထိုင်းကဖမ်းထားတဲ့ ကမ္ဘောဒီးယားစစ်တပ်ဖွဲ့ဝင်သုတ်ပန်း ၁၈ဦးကို ပြန်လည်လွဲပြောင်းဖို့ကို သဘော တူညီခဲ့တာဖြစ်ပါတယ်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ အခြေ အနေများကို ပြေလည်စေရန် ရည်ရွယ်ပြီး နှစ်နိုင်ငံပြည်သူများအကြား ငြိမ်းချမ်း ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆီသို့ ဦးတည်သွားရန် ရည်ရွယ်တယ်လို့လည်း အငြိမ်းစားဗိုလ်ချုပ်ကြီး နတ္တဖွလ် နတ်ခ်ဖါးနစ်ကပြောပါ။
နယ်စပ်စည်းမျဉ်းနဲ့ပတ်သက် ထိရောက်သော တွေ့ဆုံဆွေးနွေးပွဲအတွက် နှစ်နိုင်ငံ ယန္တရားများ အသုံးပြုမှုကိုလည်း ထိုင်းနိုင်ငံက ထောက်ခံပါတယ်။

နှစ်ဦးနှစ်ဘက် ဆွေးနွေးသဘောတူထားသည့်အရာများဟာ ရိုးသားမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး မြင်သာထင်သာသောရလဒ်များ ထွက်ပေါ်လာမည်ဖြစ်တယ်။
အိမ်နီးချင်းကောင်းဖြစ်ရေးမူကို အခြေခံပြီး ရိုးသားသော ပူးပေါင်းဆောင်ရွက်မှုကို ထိုင်းနိုင်ငံက ထပ်မံအတည်ပြုပြီး ကမ္ဘောဒီးယား လိုက်နာဆောင်ရွက်မည်ဟု မျှော်လင့်ပါတယ်။
ထိုင်းနှင့် ကမ္ဘောဒီးယားသည် အာဆီယံမိသားစုအဖွဲ့ဝင်များအနေဖြင့် နှစ်နိုင်ငံပြဿနာများကို လျင်မြန်စွာဖြေရှင်းပါက နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိမည်ဖြစ်ကာ နှစ်နိုင်ငံစစ်ဘေးရှောင်ပြည်သူများနေအိမ် ပြန်နိုင်ရေးကိုဒေသဆိုင်တိုင်းမှူးများဆွေးနွေးအဖြေရှာပြီးသတ်မှတ်ပေးရမယ်။
ယနေ့ကျင်းပသည့် GBC အစည်းအဝေးတွင် နှစ်ဖက်စလုံးက လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး နတ္တဖွလ် နတ်ခ်ဖါးနစ်က က ပြောကြားခဲ့သည်။

ဒါပေမယ့် စိုးရိမ်စရာများရှိတဲ့ အချို့သောဒေသမှာ ကမ္ဘောဒီးယားဘက်မှ ပစ်ခတ် တဲ့ မပေါက်သေးတဲ့ ဒုံးကျည်များနဲ့မြေမြှုပ်ဗုံးတွေ ကျန်ရှိနေနိုင်သေးတာကြောင့် အရေးတကြီး စီစစ် ပြုလုပ်သွားဖို့ကို ထိုင်းဘက်ကတင်ပြဆွေးနွေးခဲ့ပေမယ် ကမ္ဘောဒီးယားဘက်တစ်စုံတရာတုန့်ပြန်ပြောချင်းမရှိဘူးလို့ အငြိမ်းစားဗိုလ်ချုပ်ကြီး နတ္တဖွလ် နတ်ခ်ဖါးနစ်ကပြောကြားခဲ့ပါတယ်။
ပြည်သူများအနေနဲ့ မပေါက်သေးတဲ့ ဒုံးကျည်များနဲ့မြေမြှုပ်ဗုံးတွေကိုတွေ့ရှိပါက နယ်မြေခံတပ်မတော်တွေနဲ့ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးဖို့ကိုလည်း အငြိမ်းစားဗိုလ်ချုပ်ကြီး နတ္တဖွလ် နတ်ခ်ဖါးနစ်က ပြောကြားသွားပါတယ်။

2025 ခုနှစ် သြဂုတ်လ 7 ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား အထွေထွေနယ်ခြားကော်မတီ (GBC) အစည်းအဝေးမှတ်တမ်းများတွင် အချက် ၁၃ ချက်ပါရှိသည်။

နှစ်နိုင်ငံအကြား အထွေထွေ နယ်ခြားကော်မတီ (GBC) အစည်းအဝေးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (၁၃) ချက်ကို နှစ်နိုင်ငံ သဘောတူခဲ့ကြသည်။ အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

1. လက်နက်အမျိုးအစားအားလုံးကို အသုံးပြုခြင်း၊ အရပ်သားများအား တိုက်ခိုက်ခြင်း၊ အရပ်သားပစ်မှတ်များနှင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို နယ်မြေအားလုံးနှင့် အခြေအနေအားလုံးတွင် ရပ်တန့်ပါ။

2. တပ်ဖွဲ့ဝင်များ ရွေ့ပြောင်းခြင်း သို့မဟုတ် တစ်ဖက်၏နေရာများသို့ ကင်းလှည့်ခြင်းမပြုဘဲ 2025 ခုနှစ် ဇူလိုင်လ 28 ရက်နေ့မှစတင်၍ အသက်ဝင်သကဲ့သို့ တပ်အင်အားဖြန့်ကျက်မှု၏ လက်ရှိအခြေအနေကို ထိန်းသိမ်းထားရပါမယ်။

၃။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင်များ ထပ်မံချထားခြင်းမှ ရှောင်ကြဉ်ပါ။

4. 2025 ခုနှစ် ဇူလိုင်လ 28 ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေး အနေအထားအရ တစ်ဖက်နိုင်ငံ၏ နယ်မြေ၊ လေပိုင်နက် သို့မဟုတ် တည်နေရာများ အပါအဝင် စစ်ရေးလှုပ်ရှားမှုများ အပါအဝင် တင်းမာမှုများ တိုးမြင့်လာနိုင်သည့် ရန်စ လှုံ့ဆော်မှုများမှ ရှောင်ကြဉ်ပြီး ၎င်းတို့၏ နယ်နိမိတ်ကို ကျော်လွန်၍ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။

၅။ အရပ်သားများအပေါ် အင်အားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ သို့မဟုတ် အရပ်ဘက် ပစ်မှတ်များကို ကိစ္စရပ်တိုင်းတွင် ရှောင်ကြဉ်ရပါမယ်။

6. ဂျီနီဗာသဘောတူညီချက်များကို လိုက်နာခြင်း- ဖမ်းဆီးခံရသူစစ်သုတ်ပန်းများအား ဆေးကုသရေးတွင် တစ်ဖက်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများရဲ့ အရေအချင်းပေါ်မူတည်ပြီး လိုအပ်ပါက လွှဲပြောင်းပေးရန်နဲ့ အခြေအနေတည်ငြိမ်လာ တဲ့အခါ စစ်သုတ်ပန်းများ ပြန်လည်လွဲအပ်ပေးရမယ် ။ ကွယ်လွန်သူစစ်သားတွေကို ဂုဏ်သိက္ခာရှိရှိ အမြန်ပြန်လည်သိမ်းဆီးပြီး အကြွင်းအကျန်များကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သန့်ရှင်းရေးနှင့် ရိုကျိုးစွာ စွန့်ပစ်ရမယ်။

7. ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲဖြစ်စေ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား တဲ့အခါ နှစ်ဖက်စလုံးမှ ကိစ္စရပ်များကို လက်ရှိနှစ်နိုင်ငံ ယန္တရားများဖြင့် လက်တွေ့ကျကျ ဆွေးနွေးကြရမှာဖြစ်တယ်။ အခြေအနေများကိုပိုမိုကျယ်ပြန့်မသွားအောင်ထိန်းသိမ်း ကာကွယ်ကြရန်လည်းပါဝင်ပါတယ်။

8. အောက်ပါအစီအမံများကို တိုးမြှင့်ရန် အတည်ပြုခဲ့သည်-
8.1 နယ်မြေအတွင်းရှိ ၂ ဖက်တပ်ဖွဲ့ဝင်များကြား စဉ်ဆက်မပြတ် ဆက်သွယ်မှု ထိန်းသိမ်းရမယ်။
8.2 2025 ခုနှစ် သြဂုတ်လ 7 ရက်နေ့ GBC အစည်းအဝေးမှ နှစ်ပတ်အတွင်း RBC တိုင်းမှူးများအဆင့် နယ်စပ်ကော်မတီအဆင့်အစည်းအဝေးကို ပြုလုပ်ရမယ်။

8.3 နှစ်နိုင်ငံစလုံး၏ ကာကွယ်ရေး၀န်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်အဆင့်များတွင် တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းသိမ်းပါ။

၉။ သတင်းမှား သို့မဟုတ် သတင်းအတုများ ဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ရမယ်။

အပိုင်း 2- အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ယန္တရား

၁၀။ 2025 ခုနှစ် ဇူလိုင်လ 28 ရက်နေ့တွင် ဆွေးနွေးမှုရလဒ် အပစ်အခတ်ရပ်စဲရေးများကို နှစ်ဖက်စလုံးမှ အကောင်အထည်ဖော်ရမည်ဖြစ်တယ်။ မလေးရှားဦးဆောင်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေ့လာသူများအဖြစ်စောင့်ကြည့်သွားမယ်။

11. မလေးရှားနိုင်ငံ ဦးဆောင်သော အာဆီယံလေ့လာသူအဖွဲ့ကိုဖွဲ့ပြီး နယ်မြေတစ်ခုစီရှိ တိုင်းမှူးများအဆင့်နယ်စပ်ကော်မတီ RBC များအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ချက်များကိုစောင့်ကြည့်သွားမယ်လို့ အတည်ပြုခဲ့တယ်။ RBCs များသည် ပုံမှန်တွေ့ဆုံပြီး ၎င်းတို့၏ သက်ဆိုင်ရာ ကွပ်ကဲမှုအခြေအနေများကို သက်ဆိုင်ရာနှစ်နိုင်ငံ GBC သို့ အစီရင်ခံစာများ တင်သွင်းမည်ဖြစ်သည်။
12. ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ မလေးရှား ဦးဆောင်တဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ လက်ထောက်စစ်သံမှူးများပါဝင်တဲ့ ယာယီလေ့လာသူအဖွဲ့ အဖြစ် ဆောင်ပြီးစောင့်ကြည့်လေ့လာသွားမယ်။

အပိုင်း 3- GBC အစည်းအဝေး
13. GBC အစည်းအဝေးကို 2025 ခုနှစ် ဩဂုတ်လ 7 ရက်နေ့ဆွေးနွေးပွဲအပြီး တစ်လကြာကျင်းပရမယ်။ (အစည်းအဝေးနေရာကို နောက်ပိုင်းတွင်အတည်ပြု သဘောတူညီမှုရယူရမယ်)။ သို့မဟုတ် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရန်အတွက် GBC အထူး အစည်းအဝေးတစ်ခု ကျင်းပရမှာ ဖြစ်တယ်။

လူမသန်ပေမဲ့ ဘဝသန်စွမ်းတဲ့ စာရေးဆရာ သတင်းထောက်
01/08/2025

လူမသန်ပေမဲ့ ဘဝသန်စွမ်းတဲ့ စာရေးဆရာ သတင်းထောက်

"နှလုံးသားရေးရာက ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လူငယ်ပဲ၊ စိတ်ဝင်စားမှုတော့ ရှိတာပေါ့။ မသန်စွမ်.....

EP10  နှင်းမှိုစိုက်ပျိုးနည်း Mushrooms ဝင်းမြင့် IQwin Farm
01/08/2025

EP10 နှင်းမှိုစိုက်ပျိုးနည်း Mushrooms ဝင်းမြင့် IQwin Farm

ဝင်ငွေကောင်းတဲ့နှင်းမှိုစိုက်ပျိုးနည်းဖြစ်ပါတယ်။

EP9  ရွှေဖယုံပင်ကိုင်းကူးနည်း pumpkin ဝင်းမြင့် IQwin Farm
01/08/2025

EP9 ရွှေဖယုံပင်ကိုင်းကူးနည်း pumpkin ဝင်းမြင့် IQwin Farm

ရွှေဖယုံပင်ကိုအကိုင်းကူးစိုက်ပျိုးကြောင့်မျိုးမှန်အသီးမြန်ပါမယ်

EP8 သဘာ၀မြေဩဇာလုပ်နည်းorganic Fertilizer ဝင်းမြင့် IQwin Farm
01/08/2025

EP8 သဘာ၀မြေဩဇာလုပ်နည်းorganic Fertilizer ဝင်းမြင့် IQwin Farm

NPKဆိုတဲ့မြေဩဇာဆိုတာပါလဲ၊ ဩဂဲနစ် သဘာ၀ မြေဩဇာပြုလုပ်နည်းဖြစ်ပါတယ်

EP7 လစဉ်ဝင်ငွေရအောင် နွားမွေးမြူရေး Cow  ဝင်းမြင့် IQwin Farm
01/08/2025

EP7 လစဉ်ဝင်ငွေရအောင် နွားမွေးမြူရေး Cow ဝင်းမြင့် IQwin Farm

နွားမွေးမြူရေးမှာ လစဉ်ဝင်ငွေရအောင်မွေးမြူနည်းဖြစ်ပါတယ်။

ကလေးတွေရဲ့ဥယျာဥ်မှူး ကျူရှင် ဆရာထူး
01/08/2025

ကလေးတွေရဲ့ဥယျာဥ်မှူး ကျူရှင် ဆရာထူး

"ကျွန်တော်ပေါ့နော် ဒီကျူရှင်မသင်ခင်မှာ ကျောင်းဆရာ သွားလျှောက်တယ်ပေါ့နော်။ လက်မခံဘူး။ ကိုယ်လက်အင်္ဂါ မပြည.....

EP6 စီးပွားဖြစ်ဆိတ်မွေးမြူနည်း Goat ဝင်းမြင့် IQwin Farm
01/08/2025

EP6 စီးပွားဖြစ်ဆိတ်မွေးမြူနည်း Goat ဝင်းမြင့် IQwin Farm

EP4 ရေပေါ်စပါးစိုက်နည်း Floating Rice ဝင်းမြင့် IQwin Farm
01/08/2025

EP4 ရေပေါ်စပါးစိုက်နည်း Floating Rice ဝင်းမြင့် IQwin Farm

လယ်မရှိပေမယ့် ချောင်းနဲ့ရေကန်တွေမှာ စပါးစိုက်နိုင်တဲ့နည်းဖြစ်တယ်။

ที่อยู่

558 Mu2,Tan Bon Mae Tao
Amphoe Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ IQwin Market စျေးကွက်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง IQwin Market စျေးကွက်:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram