Nakornthon Hospital - International Patient

Nakornthon Hospital - International Patient Bangkok-based 150 beds Hospital welcoming both Thai and International patients. Bangkok-based 250 beds Hospital welcoming both Thai and International patients.
(1)

We assure international standard quality healthcare/medical services with reasonable prices.

လိပ်ခေါင်းဝေဒနာအား ကုသရာတွင်နာကျင်မှုနည်းသော နည်းလမ်းကောင်းများလေဆာဖြင့်လိပ်ခေါင်းခွဲစိတ်ကုသခြင်းသည် လိပ်‌ခေါင်းကိုဖြတ်ပ...
03/07/2025

လိပ်ခေါင်းဝေဒနာအား ကုသရာတွင်နာကျင်မှုနည်းသော နည်းလမ်းကောင်းများ

လေဆာဖြင့်လိပ်ခေါင်းခွဲစိတ်ကုသခြင်းသည် လိပ်‌ခေါင်းကိုဖြတ်ပြီး မူမမှန်သော သွေးကြောအားလေဆာဖြင့်တို့ခြင်းဖြစ်သည်။
လိပ်ခေါင်းမှာကျုံ့သွားပြီး ဘေးကင်းစွာဖြင့် ပြုတ်ထွက်သွားမည်ဖြစ်သည်။

1. လေဆာဖြင့်ကုသခြင်းသည် တိကျသေချာမှုမြင့်မားသောကြောင့် နာကျင်မှုပိုမိုနည်းစေခြင်း
2.သွေးဆုံးရှုံးမှုနည်းခြင်း၊ရှုပ်ထွေးသောအခြေအနေများကိုလျှော့ချပေးနိုင်ခြင်း
3.ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်ရန်မြန်ဆန်စေခြင်းနှင့်နေ့စဥ်ဘဝကိုလျင်မြန်စွာ
ပြန်လည်ဖြတ်သန်းနိုင်ခြင်း
4.ပိုးဝင်နိုင်ခြင်းအားလျှော့ချပေးနိုင်ခြင်းနှင့်ဒဏ်ရာမှာသေးငယ်ပြီးအနာကျက်မြန်ခြင်း
5.ဒဏ်ရာမှာချပ်ရပ်သောကြောင့်အသာမာတက်ခြင်းအားလျှော့ချပေးနိုင်ခြင်း

အကယ်၍သက်သောင့်သက်သာမဖြစ်ခြင်း (သို့) စအိုရှိလိပ်ခေါင်းကြောင့်
နာကျင်သောခံစားမှုမျိုးရှိနေပါက မိမိရဲ့နေ့စဥ်ဘဝကိုအနှောင့်အယှက်ဖြစ်စေတဲ့အထိ
မကုသဘဲပစ်မထားပါနှင့် လေဆာဖြင့်ကုသခြင်းသည်နာကျင်ခြင်းအား
လျှော့ချပေးနိုင်ရုံမျှသာမက ကုသပြီးနောက်မြန်ဆန်စွာဖြင့် ပုံမှန်အတိုင်းနေ့စဥ်ဘဝကို
ပြန်လည်ဖြတ်သန်းနိုင်စေပါသည်။
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက်
‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

Microscope မှန်ပြောင်းဖြင့်ကျောရိုးရောဂါများခွဲစိတ်ကုသပြီးရှုပ်ထွေးသော ရောဂါအခြေအနေများကို လျှော့ချလိုက်ပါကျောရိုးရောဂါမ...
01/07/2025

Microscope မှန်ပြောင်းဖြင့်ကျောရိုးရောဂါများခွဲစိတ်ကုသပြီးရှုပ်ထွေးသော ရောဂါအခြေအနေများကို လျှော့ချလိုက်ပါ
ကျောရိုးရောဂါများကုသရာတွင်တိကျသေချာမှုသည်အရေးကြီးသောအခန်းကဏ္ဍတစ်ခုဖြစ်ပါသည် Microscope မှန်ပြောင်းဖြင့်ကျောရိုးခွဲစိတ်ကုသခြင်းသည် ချဲ့ထွင်မှုအားကောင်းသော
အဏုကြည့်မှန်ပြောင်းကို အသုံးပြုခြင်းဖြစ်သည်။ ခွဲစိတ်ရာတွင်အထောက်အပံ့ဖြစ်စေသေည့်အပြင်အမြင်အားရှင်းလင်းစေပြီးအသေးစိတ်ကျသောအကျိုးကျေးဇူးများကိုပေးခြင်း၊တစ်ရှူးများထိခိုက်ဒဏ်ရာရခြင်းကိုလျှော့ချပေးခြင်း၊ရှုပ်ထွေးသောရောဂါအခြေအနေများကိုလျှော့ချပေးခြင်း၊လူနာမှာအချိန်ကာလတိုတိုဖြင့်ပြန်လည်ကောင်းမွန်ရန်မြန်ဆန်ခြင်းစသောအကျိုးများစွာကိုပေးစွမ်းနိုင်ပါသည်။ နာတာရှည် ကျောရိုးရောဂါများကိုကုသရာတွင်အဏုကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း ရွေးချယ်ရန်အတွက် သင့်တော်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။
လူနာတစ်ဦးချင်းစီ၏လက္ခဏာ၊လိုအပ်မှုတို့နှင့်သင့်တော်အောင်အစီအစဥ်ချထားပေးပြီး' Advanced Spine Solutions' ဆိုသည့်အတိုင်းများစွာသောကျောရိုးရောဂါများကိုကုသခြင်းနည်းလမ်းများအားရှာဖွေတွေ့ရှိနိုင်ပါသည်။
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

လူနာအတွက်အကောင်းဆုံးသောရွေးချယ်မှုရရှိစေရန်ရောဂါအဆင့်တစ်ဆင့်ချင်းစီတိုင်းတွင်ကင်ဆာရောဂါကုသခြင်းဆိုင်ရာနည်းလမ်းများအားသိရ...
26/06/2025

လူနာအတွက်အကောင်းဆုံးသောရွေးချယ်မှုရရှိစေရန်ရောဂါအဆင့်တစ်ဆင့်ချင်းစီတိုင်းတွင်ကင်ဆာရောဂါကုသခြင်းဆိုင်ရာနည်းလမ်းများအားသိရှိခြင်း

သင့်တော်သောနည်းလမ်းနှင့်အကောင်းဆုံးသောရလဒ်ရရှိစေရန်အတွက် ကင်ဆာရောဂါကုသခြင်းနည်းလမ်းများသည်‌ရောဂါ၏အဆင့်အပေါ်အဓိကမူတည်ပါသည်။

ကနဦးကင်ဆာအဆင့်ကုသခြင်း : ကင်ဆာအကျိတ်အားခွဲစိတ်ထုတ်ခြင်းဖြစ်ပြီး ကုသမှုထပ်မံပြုလုပ်ရန်မလိုအပ်ခြင်း(သို့)ရောဂါထပ်မံဖြစ်ပွားခြင်းကိုကာကွယ်ခြင်းဖြစ်ပါ
သည်။
စတင်ပျံ့နှံ့သောကင်ဆာအဆင့်ကုသခြင်း : ကင်ဆာအကျိတ်သေးသွားစေရန်ခွဲစိတ်ရာတွင်အဆင်ပြေစေရန်နှင့်ပိုမိုဘေးကင်းစေရန်အတွက်ခွဲစိတ်ကုသမှုမပြုလုပ်မှီကီမိုဆေးသွင်းခြင်း(သို့)ဆေးသွင်းခြင်း

ပျံ့နှံ့သွားသောကင်ဆာအဆင့်ကုသခြင်း : ရောဂါကိုထိန်းချုပ်ရန် အကျိတ်ကြီးမသွားစေရန် လက္ခဏာများကိုလျှော့ချရန်အတွက်ဦးစားပေးပြီး ကီမိုဆေးသွင်းခြင်း၊ကိုယ်ခံအားကုထုံး၊ပစ်မှတ်ထားကုထုံးတို့ဖြင့်ကုသမှုခံယူနေစဥ်တွင်နေ့စဥ်ဘဝကိုကောင်းမွန်စွာဖြတ်သန်းနိုင်စေပါသည်။
ကင်ဆာရောဂါကုသခြင်း၏အဓိကမှာရောဂါ၏လက္ခဏာနှင့်အဆင့်အရသင့်တော်သောနည်လမ်းကိုဆရာဝန်မှရွေးချယ်ပေးမည်ဖြစ်သည်
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

အထူးစစ်ဆေးခြင်းနှင့်ကျန်းမာရေး ပက်ကေ့ချ်စျေးနှုန်းများ ကိုဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့  ၂၀၂၅ နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ...
06/06/2025

အထူးစစ်ဆေးခြင်းနှင့်ကျန်းမာရေး ပက်ကေ့ချ်စျေးနှုန်းများ ကို
ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့ ၂၀၂၅ နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ Yangon Convention Center ရှိ နခွန်ထွန်ဆေးရုံ Booth B1 Thai Expo Yangon 2025 ပွဲ မှာ လာရောက်လည်ပတ် မေးမြန်းနိုင်ပါတယ်
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

06/06/2025

အထူးစစ်ဆေးခြင်းနှင့်ကျန်းမာရေး ပက်ကေ့ချ်စျေးနှုန်းများ ကို
၆ ရက်နေ့မှ ၈ ရက်နေ့ ဇွန်လ ၂၀၂၅
နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ
Yangon Convention Center ရှိ
နခွန်ထွန်ဆေးရုံ Booth B1
Thai Expo Yangon 2025 ပွဲ မှာ လာရောက်လည်ပတ် မေးမြန်းနိုင်ပါတယ်

📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

အသည်းရောင်အသားဝါ အေ၊ ဘီ၊ စီ အကြောင်း ကြိုတင်သိရှိခြင်းဖြင့် ကာကွယ်နိုင်သည်အသည်းရောင်အသားဝါရောဂါသည် အသည်း၏ လုပ်ဆောင်ချက်က...
29/05/2025

အသည်းရောင်အသားဝါ အေ၊ ဘီ၊ စီ အကြောင်း ကြိုတင်သိရှိခြင်းဖြင့် ကာကွယ်နိုင်သည်

အသည်းရောင်အသားဝါရောဂါသည် အသည်း၏ လုပ်ဆောင်ချက်ကို တိုက်ရိုက်ထိခိုက်စေသော ရောဂါဖြစ်ပြီး နည်းလမ်းများစွာဖြင့် ကူးစက်နိုင်သည်။ အများဆုံးတွေ့ရသော ဗိုင်းရပ်စ်များမှာ အသည်းရောင်အသားဝါ အေ၊ ဘီ နှင့် စီ တို့ဖြစ်ပြီး အမျိုးစားတစ်မျိုးစီတွင် ကူးစက်ပုံနှင့် ပြင်းထန်မှု ကွာခြားပါသည်။
အသည်းရောင်အသားဝါ A သည် အစားအစာ၊ ရေ သို့မဟုတ် ကူးစက်ခံထားရသူနှင့် တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ကူးစက်တတ်သည်။ အများအားဖြင့် တုပ်ကွေးကဲ့သို့ လက္ခဏာများ၊ အားနည်းခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်းတို့ ဖြစ်တတ်သော်လည်း အများစုမှာ နာတာရှည်မဖြစ်ဘဲ သူ့အလိုလို ပြန်ကောင်းသွားနိုင်သည်
အသည်းရောင်အသားဝါ B နှင့် C တို့သည် သွေးနှင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပြီး အစပိုင်းတွင် သိသာထင်ရှားသော လက္ခဏာများ မပြနိုင်ပါ။ သို့သော် နာတာရှည်ဖြစ်လာပါက အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်နိုင်သောကြောင့် အသည်းကျန်းမာရေးကို ပုံမှန်စစ်ဆေးသင့်ပါသည်။
ကာကွယ်ရန်နည်းများ -
အသည်းရောင်အသားဝါ A နှင့် B ကာကွယ်ဆေးထိုးနှံပါ။
ဆေးထိုးအပ်၊ အမွှေးရိပ်ဓားကဲ့သို့သော ချွန်ထက်သော အရာများကို အတူတကွ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်းမှ မိမိကိုယ်ကို ကာကွယ်ပါ။
သန့်ရှင်းရေးကို ဂရုစိုက်ပါ။ အစားအစာမစားမီ လက်ကို ဆေးကြောပါ။
အကယ်၍ အန္တရာယ်ရှိသောအုပ်စုတွင် ပါဝင်ပါက သို့မဟုတ် ပုံမှန်မဟုတ်သော လက္ခဏာများ ခံစားရပါက အမြန်ဆုံး စစ်ဆေးမှုနှင့် ဂရုစိုက်မှုခံယူရန်အတွက် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းအထူးကုဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါသည်။
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

အသည်းရောင်အသားဝါရောဂါြဖစ်ပါက အသည်းကိုကျန်းမာအောင်ဂရုစိုက်ရမည့်နည်းလမ်းများသင် သို့မဟုတ် သင့်အနီးအနားရှိသူတစ်ဦးဦးသည် အသည်...
27/05/2025

အသည်းရောင်အသားဝါရောဂါြဖစ်ပါက အသည်းကိုကျန်းမာအောင်ဂရုစိုက်ရမည့်နည်းလမ်းများ
သင် သို့မဟုတ် သင့်အနီးအနားရှိသူတစ်ဦးဦးသည် အသည်းရောင်အသားဝါရောဂါဖြစ်ပွားနေပါက နောက်ဆက်တွဲပြဿနာများဖြစ်ပွားနိုင်ခြေကို လျှော့ချရန်နှင့် အသည်းကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် မိမိကိုယ်ကိုမှန်ကန်စွာ ဂရုစိုက်ရန် အရေးကြီးပါသည်။
အကျိုးရှိသော အစားအစာများကို စားပါ အစာချေလွယ်ပြီး အာဟာရဓာတ်ပြည့်ဝသော အစားအစာများကို အဓိကထား စားသုံးပါ။
ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို တိတိကျကျ သောက်ပါ။ မိမိသဘောဖြင့် ဆေးမရပ်ပါနှင့်။ ဗိုင်းရပ်စ်ထိန်းချုပ်မှုကို ထိခိုက်စေနိုင်သည်။
မလိုအပ်သော ဆေးဝါးများနှင့် အားဖြည့်ဆေးများကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသည်းကို အန္တရာယ်ဖြစ်စေနိုင်သော အချို့သော ဆေးဖက်ဝင်အပင်များကို မသောက်သုံးပါနှင့်။
အရက်သောက်ခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။ အရက်သည်အသည်းကို ပိုမိုအလုပ်လုပ်စေပြီး အသည်းခြောက်နိုင်ခြေကို တိုးစေသောကြောင့်ဖြစ်သည်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ရန်အတွက် ပုံမှန်ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
အသည်းကျန်းမာရေးကို ပုံမှန် စစ်ဆေးပါ။ ၃-၆ လတစ်ကြိမ် သွေးစစ်ဆေးမှုနှင့် ၆-၁၂ လတစ်ကြိမ် အာထရာဆောင်းရိုက်သင့်သည်။"
ပုံမှန်မဟုတ်သော လက္ခဏာများခံစားရပါက သို့မဟုတ် အန္တရာယ်ရှိသော အုပ်စုတွင်ပါဝင်ပါက အစာအိမ်အူလမ်းကြောင်းနှင့်အသည်းအထူးကုဆရာဝန်နှင့် ပြသသင့်ပါသည်။ အသည်းကျန်းမာရေးကို အနီးကပ်စစ်ဆေးပြီးဂရုစိုက်စောင့်ရှောက်ရန်လိုအပ်ပါသည်။
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

အမျိုးသမီးများအတွက်သိထားရမည့် မျိုးပွားပိုင်းဆိုင်ရာကင်ဆာ ၃ မျိုး – မည်သို့စစ်ဆေးရမည်နည်း။အမျိုးသမီးများ၏ မျိုးပွားစနစ်တ...
22/05/2025

အမျိုးသမီးများအတွက်သိထားရမည့် မျိုးပွားပိုင်းဆိုင်ရာကင်ဆာ ၃ မျိုး – မည်သို့စစ်ဆေးရမည်နည်း။
အမျိုးသမီးများ၏ မျိုးပွားစနစ်တွင်ဖြစ်ပေါ်သောကင်ဆာသည် အစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာများမပေါ်နိုင်သေးသောကြောင့် စောစီးစွာရောဂါစစ်ဆေးခြင်းသည် ကုသနိုင်မှုအခွင့်အလမ်းကိုမြှင့်တင်ပေးပြီး ရောဂါဆိုးရွားမှုအန္တရာယ်ကိုလည်း လျှော့ချနိုင်ပါသည်။
- သားအိမ်ခေါင်းကင်ဆာ HPV ဗိုင်းရပ် (HPV DNA စစ်ဆေးမှု) ဖြင့် စစ်ဆေးကာမူမမှန်သောအခြေအနေ တစ်ခုခုတွေ့ရှိပါက အသားစဖြတ်ယူပြီး စစ်ဆးရန် ရောဂါရှာဖွေရန် ပြုလုပ်ရပါသည်
- သားအိမ်ကင်ဆာသည် ကင်ဆာဆဲလ်များ ရှာဖွေရန် သားအိမ်နံရံခြစ်ထုတ်ခြင်း သို့မဟုတ် သားအိမ်အတွင်းပိုင်းရှိ မှန်ပြောင်းကြည့်ရှုခြင်းအားဖြင့် အသားစနမူနာယူပြီးစစ်ဆေးခြင်းဖြစ်သည်
- သားဥအိမ်ကင်ဆာ သွေးမှတဆင့် ကင်ဆာဓာတ်တိုင်းတာခြင်းဖြင့် စစ်ဆေးပြီး အာထရာဆောင်း (သို့) ဝမ်းဗိုက်မှန်ပြောင်းကြည့်ရှုခြင်းအားဖြင့် အသားစနမူနာယူပြီးစစ်ဆေးခြင်းဖြစ်သည်
မိသားစုတွင် မျိုးပွားဆိုင်ရာ ကင်ဆာရာဇဝင်ရှိခြင်း၊ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း၊ နာတာရှည်ဝမ်းဗိုက်အောင့်ခြင်း သို့မဟုတ် မကြာခဏ ဗိုက်ဖောင်းခြင်းကဲ့သို့သော ပုံမှန်မဟုတ်သည့် လက္ခဏာများ စတင်ခံစားရပါက၊ ရောဂါရှာဖွေစစ်ဆေးရန်နှင့် ကာကွယ်ခြင်းသို့မဟုတ် ကုသမှုအစီအစဉ်များ ဆက်လက်ချမှတ်ရန် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြသသင့်ပါသည်။
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

21/05/2025

ประกาศ
โรงพยาบาลนครธน
เนื่องจากจะมีการพัฒนาตู้ควบคุมระบบไฟฟ้าหลักของโรงพยาบาล
เพื่อความปลอดภัย และความพร้อมใช้งานของระบบไฟฟ้าภายในอาคาร
โดยเริ่มดำเนินการระหว่างวันที่ 26 พ.ค. - 1 มิ.ย. 2568
ซึ่งอาจจะส่งผลให้ผู้รับบริการได้รับความไม่สะดวกในบางช่วงเวลา
.
ขออภัยในความไม่สะดวกมา ณ ที่นี้
สอบถามข้อมูลเพิ่มเติม
📞 Tel : 02 450 9999
Important Announcement
To enhance the safety and reliability of the hospital’s electrical system, we will be upgrading the main electrical control panel from May 26 to June 1, 2025. This period may affect our services at certain times.
We sincerely apologize for any inconvenience this may cause.
For more information
📞 Tel : 02 450 9999

ကင်ဆာသည် စနစ်တကျစောင့်ရှောက်ရန် လိုအပ်သောရောဂါဖြစ်သည်နခွန်ထွန်ဆေးရုံရှိကင်ဆာကုသမှုဌာနသည် ရောဂါအမျိုးအစားနှင့်အညီ ကင်ဆာကု...
20/05/2025

ကင်ဆာသည် စနစ်တကျစောင့်ရှောက်ရန် လိုအပ်သောရောဂါဖြစ်သည်
နခွန်ထွန်ဆေးရုံရှိကင်ဆာကုသမှုဌာနသည် ရောဂါအမျိုးအစားနှင့်အညီ ကင်ဆာကုသမှုဝန်ဆောင်မှုများပေးရန် အဆင်သင့်ဖြစ်နေပါပြီး၊ ကင်ဆာအထူးကုဆရာဝန်များ၊ ရောဂါအမျိုးအစားအလိုက် အထူးကုဆရာဝန်များနှင့် ဘက်စုံဘာသာရပ်ဆိုင်ရာအဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ပေးနေပါသည် ကြိုတင်ကာကွယ်ခြင်းနှင့် စစ်ဆေးခြင်းမှစ၍ မူမှန်သောရောဂါများကိုအစောပိုင်းအဆင့်မှကုသမှုအဆင့်အထိ ရောဂါရှာဖွေတွေ့ရှိနိုင်ရန် သင့်လျော်သောကုသမှုအစီအစဉ်များဆောင်ရွက်ပေးခြင်း၊ နောက်ဆုံးပေါ်ဆေးဘက်ဆိုင်ရာ နည်းပညာများနှင့် စံသတ်မှတ်ထားသောကုသနည်းလမ်းများဖြင့် စနစ်တကျ ဆောင်ရွက်ပေးနေပါသည်။

ကင်ဆာကုသမှုအပြင် ကင်ဆာရောဂါရှိသူများ၏ ကျန်းမာရေးကို အပြည့်အဝပြုစုစောင့်ရှောက်ရာတွင် အထူးအရေးထားပါသည် ကုသမှုရလဒ်များကို ဆက်လက်စောင့်ကြည့်ခြင်းနှင့် ဆိုးရွားနိုင်သောဘေးထွက်များကိုကာကွယ်ခြင်းတို့ကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ပါသည်။
ဤသို့တင်မကဘဲ စိတ်ပိုင်းဆိုင်ရာများ၊ အာဟာရနှင့် နာကျင်မှုစီမံခန့်ခွဲမှုအပါအဝင် ပြည့်စုံသော ပြုစုစောင့်ရှောက်မှုပေးပြီး လူနာများအနေဖြင့် အကောင်းဆုံးဘဝအရည်အသွေးကို ရရှိနိုင်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြင်းကိုလည်း နီးကပ်စွာ စောင့်ကြည့်ကာကွယ်ပေးပါသည်။
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

"ပိုမိုကြံ့ခိုင်သော လှုပ်ရှားမှုတိုင်းသို့" ကျောရိုးနှင့်အရိုးအဆစ်ကုသမှု အရည်အသွေးမြှင့်တင်ခြင်း ခမဲ့ကျန်းမာရေးဟောပြောပွ...
15/05/2025

"ပိုမိုကြံ့ခိုင်သော လှုပ်ရှားမှုတိုင်းသို့"
ကျောရိုးနှင့်အရိုးအဆစ်ကုသမှု အရည်အသွေးမြှင့်တင်ခြင်း
ခမဲ့ကျန်းမာရေးဟောပြောပွဲ
🏨Wyndham Grand Yangon Hotel
📅7.6.2025 (စနေနေ့)
🕘9:00AM ~ 12:00PM (Seminar)
ကြိုတင်စာရင်းပေးသွင်းပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်....
စာရင်း ပေးသွင်းရန် >>> Viber +66 625968996
(လူဦးရေအကန့်အသတ် ရှိပါသဖြင့် လူစာရင်းပြည့်သွားလျှင် စာရင်းပိတ်မည်ဖြစ်ပါသည်)
ခါးနာခြင်း၊ ကျောရိုးနာကျင်ခြင်း နှင့် ဒူးနာခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်း၊ဒူးဆစ်ကို အပြည့်အဝ မဆန့်ထုတ်နိုင်တော့ခြင်းစသည့် ဒူးအဆစ်ယိုယွင်းပျက်စီးခြင်းနဲ့ပတ်သက်ပြီး စိတ်ညစ်နေတဲ့သူတွေအနေနဲ့ ဘန်ကောက်ထိ သွားစရာမလိုဘဲဒီဟောပြောပွဲကို တက်ရောက်ရုံနဲ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nakornthon (နခွန်ထွန်) ဆေးရုံကြီးမှ
ကျောရိုးနှင့်အရိုးဆစ်ခွဲစိတ်မှုဆိုင်ရာအထူးကုဆရာဝန်ကြီးဖြစ်တဲ့
📌Dr. Sittipong Suttiudom, Spine Center, Neurological Surgery/Spine နှင့် Dr.Nithiwut Pinsiranon, Orthopedic Surgery
ဆရာဝန်ကြီးရဲ့ ဟောပြောပွဲကို နားထောင်ရမယ့်အပြင်
ဆရာဝန်ကြီးနှစ်ဦးနဲ့ ဆွေးနွေးခွင့်ရမယ့်‌ အခွင့်အ‌ရေးကိုပါ ရယူနိုင်မှာဖြစ်ပါတယ်...
🔸ခွဲစိတ်ကုသမှု ရယူဖို့လိုအပ်သူများအတွက် ခွဲစိတ်ကုသမှုပေါ်မူတည်ပြီး ဘတ် 20,000 ဝန်းကျင်ခန့်သက်သာနိုင်မယ့် အထူးအခွင့်အရေးလည်း ရရှိမှာဖြစ်ပါတယ်..
📢Special Offer (ဟောပြောပွဲတွင်လာရောက်တက်ရောက်သူများနှင့် ဆွေးနွေးမှုရသူများအတွက်သာ)📢
အသေးစိတ်ဆက်သွယ်စုံစမ်းမေးပြီးလိုတာပဲဖြစ်ဖြစ်
ဖုန်းဆက်ပြီး စာရင်းပေးသွင်းချင်တာပဲဖြစ်ဖြစ် Viber +66 625968996
သို့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်....



အဝလွန်နေတာကြောင့်ရောဂါဆိုးတွေကိုသတိထားပါ အဝလွန်တာကခန္ဓာကိုယ်သွင်ပြင်လက္ခဏာအပေါ်ကိုဘဲသက်ရောက်တာမဟုတ်ဘဲနဲ့ရောဂါဝေဒနာများစွ...
08/05/2025

အဝလွန်နေတာကြောင့်ရောဂါဆိုးတွေကိုသတိထားပါ အဝလွန်တာကခန္ဓာကိုယ်သွင်ပြင်လက္ခဏာအပေါ်ကိုဘဲသက်ရောက်တာမဟုတ်ဘဲနဲ့ရောဂါဝေဒနာများစွာကိုဖြစ်စေနိုင်ပါတယ်
နှလုံးသွေးကြောရောဂါ - ရုတ်တရက်နှလုံးသွေးမလျှောက်ခြင်း
ဦးနှောက်သွေးကြောရောဂါ - ဦးနှောက်သွေးကြောကျဥ်းခြင်း(သို့)ပိတ်ခြင်း
သွေးတွင်းသကြားဓါတ်များခြင်း - ဆီးချိုနှင့် ပြင်းထန်ရှုပ်ထွေးသောအခြေအနေများဖြစ်နိုင်ခြေရှိခြင်း
အိပ်ပျော်နေစဥ်အသက်ရှုရပ်ခြင်း - ရုတ်တရက် Heart Attack အန္တရာယ်ရှိခြင်း
အသည်းအဆီဖုံးခြင်း - မိမိကိုယ်တိုင်သတိမထားမိဘဲနှင့်အသည်းပျက်စီးခြင်း
စားချဥ့်ပြန်ရောဂါ - ဝမ်းဗိုက်ရှိအဆီများအစာအိမ်အားဖိခြင်း
ကလေးရရန်ခက်ခဲခြင်း - ဟော်မုန်းမူမမှန်ခြင်းကြောင့်ဖြစ်ခြင်း
ဒူးဆစ်များပျက်စီးခြင်း - ကိုယ်အလေးချိန်ဒူးဆစ်အပေါ်အလွန်အကျွံဖိမိခြင်း
အကျိုးရှိတဲ့ကိုယ်အလေးချိန်ချရန်‌နည်းလမ်းမှာမှန်ပြောင်းကြည့်ပြီးအစာအိမ်အားခွဲစိတ်ခြင်းဖြစ်သည် စားသုံးလိုက်သည့်အစာပမာဏအားလျှော့ချနိုင်ခြင်း ဗိုက်ပြည့်လွယ်မြန်ပြီးကိုယ်အလေးချိန်အားပိုမိုထိန်းထားနိုင်ပါသည် ထိုနည်းသည်ဘေးကင်းမှုမြင့်သောခွဲစိတ်နည်းဖြစ်ပါသည် ပြန်လည်ကောင်းမွန်ရန်မြန်ဆန်ပြီး ဆရာဝန်ထံမှအနီးကပ်ကြည့်ရှုစောင့်ရှောက်မှုလည်းရရှိမှာဖြစ်ပါသည် အပြင်းအထန်အဝလွန်သောသူများ(သို့)ဆီးချို ၊သွေးတိုးကဲ့သို့
နာတာရှည်ရောဂါရှိသူများအတွက်သင့်လျော်ပါသည်
📞Viber: +66 62 596 8996 ကနေလဲ မေးမြန်းစုံစမ်းနိုင်ပါတယ်
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် ‘See First’ နှိပ်ထားဖို့ မမေ့နဲ့နော်❣️

ที่อยู่

Bangkhunthien

เบอร์โทรศัพท์

+6624509999

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nakornthon Hospital - International Patientผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Nakornthon Hospital - International Patient:

แชร์

ประเภท

Nakornthon Hospital: Humanized healthcare