02/05/2026
Pick a pile 🌸
သင့်စိတ်နဲ့ချိတ်ဆက်မိတဲ့ ပုံတစ်ပုံကိုရွေးလိုက်ပါ။
အဖြေ👇🏼
(၁) ရှေ့တိုးလိုက်နောက်ဆုတ်လိုက် အခြေအနေတွေကို အချစ်ရေးမှာ ခဏခဏကြုံရပါတယ်။ ကိုယ်တိုင်က သဲကွဲတဲ့ဆုံးဖြတ်ချက်မချနိုင်တာမျိုးတွေလည်း ရှိတတ်ပါတယ်။
စိတ်တိုင်းကျတဲ့ relationship မျိုးကိုမတည်ဆောက်နိုင်ဘဲ တဝဲလည်လည်ဖြစ်နေသလို အခြေအနေမျိုးတွေကို ကျော်ဖြတ်ရတတ်တယ်။ karmic ကြောင့် အချစ်ရေးကံမကောင်းဘူးလို့ ကိုယ့်ကိုကိုယ် သံသယဝင်ရတဲ့အခြေအနေမျိုးတောင် ရှိလာတတ်ပါတယ်။
ဒီလူတွေက မိမိကိုယ်ကိုရှာဖွေဖို့နဲ့ self love 💗 ရှိဖို့ အကြံပြုချင်ပါတယ်။ ဒါဆိုအချစ်ရေးအဆငိပြေလာလိမ့်မယ်။
(၂) ဒီလူတွေကတော့ တကယ်တမ်းအချစ်ရေးကံမခေသူတွေပါ။ မိမိကိုယ်တိုင်က အတ္တကြီးတာမျိုး ဒေါသကြီးတာမျိုးတွေ ဂရုစိုက်ရပါမယ်။ အနည်းငယ်သော karmic ကတော့ မိမိစိတ်ကို လာဆွတာတွေကြောင့် အချစ်ရေးပျက်ပြားရတာတွေပါ။
အချစ်ရေးမှာ ကောင်းတဲ့လူတွေနဲ့ ဆုံရတတ်တယ်။ မိမိက ဒါကို အသိအမှတ်မပြုနိုင်တာကြောင့် အဆင်မပြေနေတာမျိုး များပါတယ်။ ပြောရရင်မိမိမှာ ပြဿနာရှိနေတာမျိုးပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီးတည်ငြိမ်ရင် အလိုလိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။
(၃) ခံစားချက်ဟောင်း၊လူဟောင်းတွေကို ဆွဲကိုင်ထားမိတတ်တယ်။ အချစ်ရေးမှာ ရွေးချယ်စရာများပြီး မရွေးချင်တာမျိုး ရှိတတ်ပါတယ်။ karmic ကြောင့် အတိတ်မှာပိတ်မိတတ်ပါတယ်။
မိမိကိုယ်တိုင်ရဲ့ရွေးချယ်မှုနဲ့အရမ်းဆိုင်တယ်။ ခြေတစ်လှမ်းဆုံးဖြတ်ချက်တစ်ခုချတာနဲ့ မိမိရဲ့အတိတ်ဝဋ်ကြွေးဟာရပ်တန့်သွားတတ်ပါတယ်။ ဒီပိုစ့်ကိုမြင်ရင်ကိုယ့်ကိုကိုယ်သုံးသပ်ကာ လွှတ်ချစရာရှိတာတွေ လွှတ်ချပါ။