14/08/2023
🧠ဦးနှောက်နဲ့ အသိဉာဏ်💡
ဟိုတလောက ဖိနပ်ပုံလေးတပုံကို အမြင်မတူတဲ့အပေါ် ခဲနဲ့စိမ်းပြာ မြင်သူတွေကိုဆို left brain dominant လို့ယူဆပြီး ပန်းနဲ့အဖြူမြင်သူတွေက Right brain dominant ဖြစ်ကြောင်းဖတ်ခဲ့ရသေးတယ်
စာမှာပါတဲ့ပုံလေးလို Left brain dominant ဆို logic ရှိပြီး analytical thinking ရှိတယ်
Right brain dominant သမားတွေကျတော့ creativity ဖြစ်ပြီး Emotional ဖြစ်တယ် ဆိုတဲ့ Brain Dominance Theory လေးတောင်ပါသေးတယ်
အမှန် ဖိနပ်ပုံက brain dominant နဲ့ မသက်ဆိုင်ပါ
အလင်းအမှောင် ကြောင့် အမြင်မတူကြတာသာဖြစ်ပါတယ်
Brain Dominance Theory ဆိုတာလည်း Psychology Myth (သက်သေသာဓက မရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အစွဲ) သက်သက်သာဖြစ်ပါတယ်
💡တကယ်က Left နဲ့ Right Hemisphere နှစ်ခုလုံးက corpus callosum မှတဆင့် ချိတ်ဆက်ပြီး အလုပ်တူတူလုပ်ကျပါတယ်
Right Brain Dominant ဆိုရင် ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်က ပိုသန်တယ် (ဘယ်သန်ပေါ့)
Left brain Dominant ဆိုရင် ခန္ဓာကိုယ်ရဲ့ ညာဘက်က ပိုသန်ပါတယ်
ညာပဲသန်သန် ဘယ်ပဲသန်သန် ဦးနှောက်ကျန်းမာဖို့ကတော့ အရေးကြီးပါတယ်
ဦးနှောက်ကျန်းမှာဖို့အတွက်ဆိုရင်
👉 ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပြီး အာဟာရဖြစ်တဲ့ အစားအသောက်ကိုစားခြင်းဟာ အသက်ကြီးလို့ ကျဆင်းလာတဲ့ မှတ်ဥာဏ်ချို့ယွင်းမှုကို နည်းစေပါတယ်
👉မတူညီတဲ့ အသစ်အသစ်တွေကိုသင်ယူလေ့လာပါ
ဒါကလည်း ဦးနှောက်ကို exercise လုပ်ပေးခြင်းဖြစ်ပြီး မှတ်ဉာဏ်စွမ်းအား တက်စေပါတယ်
👉အပေါင်းအသင်းတွေနဲ့ တွေ့ဆုံခြင်း
မိသားစု နဲ့ဖြစ်စေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဖြစ်စေ တွေ့ဆုံပေးပါ / ဘားထိုင် ကလပ်တက်တာမျိုး မရှိရင် ကိုယ်နှစ်သက်တဲ့ community တခုမှာ အပေါင်းအသင်းနဲ့ စုပေါင်းစကားပြောခြင်းကလည်း Alzheimer နဲ့ Dementia ကိုလျော့နည်းစေပါတယ်
👉Meditation လုပ်ခြင်းကလည်း အသက်ကြီးလို့ ဦးနှောက်ကျုံ့ခြင်းကို ကာကွယ်နိုင်ပြီး မှတ်ဥာဏ်အားကောင်းစေပါတယ်
👉 အရက်သောက်ခြင်း ဟာ Brain cell ကို မသေစေသော်လည်း cell အသစ်ဖြစ်ခြင်းကို နှောင့်ယှက်စေတဲ့ အရာတခုပါ
အရက်စွဲလာတဲ့ အခါ Brain function ကိုသိသိသာသာ ထိခိုက်စေပါတယ်
ဒါကတော့ ဦးနှောက် နဲ့ မှတ်ဉာဏ် အကြောင်းလေးကို သိထားသလောက်မျှဝေခြင်းပါ
လူဘဝ တခုရလာတဲ့ အခါ ဦးနှောက်မှတ်ဉာဏ် ကောင်းဖို့ကလည်း အရေးကြီးသလို အမှန်နဲ့ အမှားကို ဝေဖန်ပိုင်းခြား သိမြင်နိုင်တဲ့ အသိဉာဏ်ပညာ နဲ့ ဆင်ခြင်တုံတရား ပါလာဖို့က ပိုအရေးကြီးတယ်လို့ ထင်မိပါတယ်
ကိုယ်ကျင့်တရား သီလနဲ့ သိက္ခာ ချို့တဲ့ ကြတဲ့အခါ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာ အားနည်းလာတတ်ပါတယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ ဆိုတဲ့ ဆောင်ပုဒ်လေးလိုပဲ အမှန်နဲ့ အမှားကို ခွဲခြားသိမြင်ပြီး ဘဝ တိုတိုလေးမှာ ဂုဏ်သိက္ခာရှိရှိ နဲ့ အပြင်ကင်းကင်း တောက်ပ နိုင်ကြပါစေ