Dr. Nyein ဒေါက်တာငြိမ်း

Dr. Nyein ဒေါက်တာငြိမ်း ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Dr. Nyein ဒေါက်တာငြိမ်း, นักโภชนาการ, Bangkok.

🤰မိခင်နှင့်ကလေးအာဟာရသင်တန်းများ Chat Box တွင်စုံစမ်းနိုင်ပါတယ်ရှင်❣️
✅သင်တန်းတက်မိဘဦးရေ 1492
✅ဒေါက်တာနဲ့ဆွေးနွေးသူမိဘဦးရေ 1112
💻အလုပ်ကိစ္စဆက်သွယ်ရန်💻
📲+9595126900(Viber Message Only)
📧doctornyeinjorapr@gmail.com

05/05/2026

မိခင်နို့တိုက်နေတဲ့မေမေကို မိခင်နို့ ထိန်းသိမ်းနည်းနဲ့ အာဟာရမျှတအောင် သေချာလေး ဆွေးနွေးပေးထားပါတယ်🥰

နွေရာသီမှာ ကလေးငယ်လေးတွေ အိပ်ရေးပျက်ရတဲ့ အကြောင်းရင်း ☀️နွေရာသီမှာ နေ့တာရှည်ပြီး ညတာတိုတာကြောင့် ကလေးတွေရဲ့ ဇီဝနာရီဟာ ပု...
05/05/2026

နွေရာသီမှာ ကလေးငယ်လေးတွေ အိပ်ရေးပျက်ရတဲ့ အကြောင်းရင်း ☀️

နွေရာသီမှာ နေ့တာရှည်ပြီး ညတာတိုတာကြောင့် ကလေးတွေရဲ့ ဇီဝနာရီဟာ ပုံမှန်ထက် ကမောက်ကမ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် -
ပူအိုက်လွန်းတဲ့ အပူချိန်ကြောင့် ကလေးက စိတ်မကြည်ဘဲ ဂျီကျခြင်း
ခန္ဓာကိုယ်ထဲက ရေဓာတ်ခမ်းခြောက်ပြီး အိပ်နေရင်း ခဏခဏနိုးခြင်း
ချွေးထွက်များပြီး အရေပြားယားယံခြင်း စတာတွေကြောင့် ကလေးတွေ အိပ်စက်ဖို့ ခက်ခဲတတ်ကြပါတယ်။

Baby Sleep Routine ကို ညှိယူနိုင်မည့် နည်းလမ်းကောင်းများ ✅

၁။ အိပ်ခန်းအပူချိန်ကို ထိန်းညှိပါ
ကလေးအိပ်တဲ့အခန်းဟာ လေဝင်လေထွက်ကောင်းပြီး အေးမြနေဖို့ လိုပါတယ်။ အဲယားကွန်း အသုံးပြုရင်လည်း အပူချိန်ကို အလွန်အမင်းမအေးစေဘဲ ၂၅-၂၇ ဒီဂရီစင်တီဂရိတ်ဝန်းကျင်မှာ ထားပေးပါ။ ပန်ကာအသုံးပြုရင်လည်း ကလေးကို တိုက်ရိုက်မထိစေဘဲ အရိပ်ရတဲ့နေရာကနေ လေလှည့်ပေးထားပါ။

၂။ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ
အိပ်ခါနီးမှာ ကလေးကို နို့ဝအောင် တိုက်ကျွေးပါ။ နွေရာသီမှာ ချွေးထွက်များတာကြောင့် ရေဓာတ်ခမ်းခြောက်ပြီး ကလေးက နိုးလာတတ်ပါတယ်။ လမ်းလျှောက်တတ်စအရွယ် Toddler လေးတွေဆိုရင်တော့ အိပ်ခါနီးမှာ ရေတစ်ငုံ၊ နှစ်ငုံလောက် တိုက်ပေးခြင်းက အိပ်စက်မှုကို အထောက်အကူပြုပါတယ်။

၃။ အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ပေးပါ
နွေရာသီမှာ ကလေးကို အဝတ်အစားတွေ အထပ်ထပ်ဝတ်ပေးတာမျိုး ရှောင်ကြဉ်ပါ။ ချွေးစုပ်ယူမှုကောင်းပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား (Cotton) အင်္ကျီပါးပါးလေးတွေ ဝတ်ပေးခြင်းက ကလေးကို သက်သောင့်သက်သာရှိစေပါတယ်။

၄။ အိပ်ခါနီး ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ
ညအိပ်ခါနီးမှာ ကလေးကို ရေနွေးနွေးလေးနဲ့ ရေပတ်တိုက်ပေးတာ ဒါမှမဟုတ် ရေချိုးပေးတာက ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး စိတ်ကို လန်းဆန်းစေတာကြောင့် ကလေးကို အိပ်ပျော်စေဖို့ အများကြီး အထောက်အကူပြုပါတယ်။

၅။ အိပ်ချိန်ဇယားကို တိတိကျကျ ထားရှိပါ
နွေရာသီမှာ နေ့တာရှည်ပေမယ့် ကလေးရဲ့ အိပ်ချိန်ကို ပုံမှန်အတိုင်း တည်ရှိနေအောင် ကြိုးစားပါ။ အခန်းကို မှောင်ထားပေးခြင်းဖြင့် ကလေးက အိပ်ချိန်ရောက်ပြီဆိုတာကို သိရှိသွားပါလိမ့်မယ်။

သားဦးမိဘတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ ❌

ရှောင်ရန်: နေပူထဲက ပြန်လာချင်း ကလေးကို ရေချက်ချင်းချိုးပေးတာမျိုး လုံးဝမလုပ်ပါနဲ့။
ဆောင်ရန်: ကလေးက အိပ်နေရင်း ခြေလက်တွေ လန့်ဖြန့်တာ၊ အသက်ရှူသံပြင်းတာတွေဟာ နွေအပူကြောင့်လည်း ဖြစ်နိုင်လို့ အခန်းအပူချိန်ကို အမြဲစစ်ဆေးပေးပါ။
ရှောင်ရန်: အိပ်ခါနီးမှာ အချိုဓာတ်များတဲ့ မုန့်တွေ၊ အချိုရည်တွေ ကျွေးခြင်းက ကလေးကို ပိုပြီး တက်ကြွစေလို့ အိပ်ရခက်စေပါတယ်။

နွေရာသီရဲ့ အပူဒဏ်ကြားမှာ မေမေတို့အနေနဲ့ စနစ်တကျ ပြင်ဆင်ပေးမယ်ဆိုရင် သားသားမီးမီးတို့လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာဖြစ်လို့ အိပ်ရေးပျက်ပြီး ဂျီကျတဲ့ဒဏ်ကနေ ကင်းဝေးမှာပါ။ 💛

ဒီ Postလေးက မေမေတို့အတွက် အကျိုးရှိမယ်ဆိုရင် တခြားမေမေတွေကိုပါ Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်! ✨

"ဒါစားရင် ကလေးနဲ့တည့်ပါ့မလား... ဘာတွေရှောင်ရမလဲ မသေချာဖြစ်နေတဲ့ မေမေတွေရှိလား?"ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ရှောင်ရမယ့် အစားအစ...
04/05/2026

"ဒါစားရင် ကလေးနဲ့တည့်ပါ့မလား... ဘာတွေရှောင်ရမလဲ မသေချာဖြစ်နေတဲ့ မေမေတွေရှိလား?"

ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ရှောင်ရမယ့် အစားအစာစာရင်းက ရှည်လျားလွန်းလှပါတယ်။
❓ "ကော်ဖီသောက်လို့ ရပါ့မလား?"
❓ "နာနတ်သီး၊ သင်္ဘောသီး စားရင် ကလေးထိခိုက်နိုင်သလား?"
❓ "အားဆေးတွေ သောက်ဖို့ မေ့နေရင် ကလေးအတွက် အန္တရာယ်ရှိလား?"

ဒီလိုမေးခွန်းတွေကြားမှာ မေမေလောင်းတွေဟာ လိုအပ်တဲ့ အာဟာရကို မစားရဲဘဲ ဖြစ်နေတတ်ပါတယ်။ အာဟာရစနစ်တကျ မရှိတဲ့အခါ မေမေကိုယ်တိုင် အားအင်ချိနဲ့လာပြီး ကလေးကလည်း သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်အတိုင်း မတိုးလာတာမျိုး ကြုံရနိုင်ပါတယ်။

ဒေါက်တာရဲ့ “ကိုယ်ဝန်ဆောင်မိခင် အာဟာရသင်တန်း”မှာ ဒါတွေကို ရှင်းပြပေးမှာပါ —
✅ ကိုယ်ဝန်ဆောင်ချိန်မှာ တကယ်ရှောင်ရမယ့် အစားအသောက် အတိအကျ
✅ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဆောင်ရန်/ရှောင်ရန် လမ်းညွှန်ချက်များ
✅ ကိုယ်ဝန်ဆောင်အားဆေးများရဲ့ အရေးပါပုံနဲ့ သောက်သုံးနည်း

🎁 Promotion Special Offer
❌ မူရင်းဈေး – 900,000 ကျပ်
✅ ယခု Promotion – 350,000 ကျပ်သာ (550,000 ကျပ် လျှော့ထားပါတယ်)

ဒါ့အပြင် သင်တန်းလေးတက်မယ်ဆိုရင်
1️⃣ ကိုယ်ဝန်ဆောင်မိခင်အာဟာရနှင့် မွေးကင်းစကလေးနို့တိုက်ကျွေးနည်း သင်တန်း၃ သိန်းခွဲတန်
2️⃣ မွေးကင်းစကလေးပြုစုစောင့်ရှောက်နည်း သင်တန်း ၃ သိန်းခွဲတန်
3️⃣ ၂သိန်းတန် မိခင်နှင့် ကလေးအခြေခံအာဟာရသင်တန်း
4️⃣ ဒေါက်တာနဲ့ Free Consultation တစ်ကြိမ် စတာတွေပါရမှာမို့ အခုပဲစာရင်းသွင်းလိုက်တော့နော်။

⏳ Promotion ကာလ အကန့်အသတ်ရှိပါတယ်။

04/05/2026

စနစ်တကျဖြည့်စွက်စာကျွေးပေးဖို့နှင့် ကလေးအာဟာရပြည့်ဝဖို့ သင်တန်းစုံစမ်းနေပါက မေမေတို့အတွက် သင်တန်းများအဆင်သင့်ရှိနေပါပြီရှင့်။🥰

အာဟာရနှင့်နို့တိုက်ကျွေးခြင်းအကြံပေးဆရာဝန်ကိုယ်တိုင် သင်ကြားပေးထားတာမလို့ ဒီ Video လေးကြည့်ပြီးရင် အခုပဲ CB မှာသင်တန်းစုံစမ်းလိုက်တော့နော် 💖

💰သင်တန်းအပ်ရင် အရမ်းတန်တဲ့ လျော့ဈေးတွေ၊ ဒေါက်တာနဲ့ အခမဲ့တိုက်ရိုက်ဆွေးနွေးခွင့်လည်းရှိတာမလို့ CB မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
လိုင်းမရပါက Admin Viber - 095126900 ကိုဆက်သွယ်ပေးပါနော်💰

#ဒေါက်တာငြိမ်း #အာဟာရသင်တန်း #ဖြည့်စွက်စာ

04/05/2026

အိမ်မှာနေရင်းအချိန်မရွေးအားတဲ့အချိန်တိုင်း တသက်စာလေ့လာလို့ရမယ့် ဒေါက်တာငြိမ်းရဲ့ အာဟာရသင်တန်းများ 💖

အသေးစိတ်၊ Discount နဲ့ Promotion အတွက် CB မှာစုံစမ်းနိုင်ပါတယ်ရှင့်။

#ဖြည့်စွက်စာ

"ကလေးကနေ့ဘက်အိပ်ပြီးညဘက်ကျမှနိုးနေလို့လူလည်းဂျောင်ကျနေပြီဆိုတဲ့မေမေတွေရှိလား?"မွေးကင်းစကလေးတွေဟာ နေ့နဲ့ညကို ခွဲခြားမသိသေ...
03/05/2026

"ကလေးကနေ့ဘက်အိပ်ပြီးညဘက်ကျမှနိုးနေလို့လူလည်းဂျောင်ကျနေပြီဆိုတဲ့မေမေတွေရှိလား?"

မွေးကင်းစကလေးတွေဟာ နေ့နဲ့ညကို ခွဲခြားမသိသေးတာကြောင့် သားဦးမိဘတွေမှာ အိပ်ရေးပျက်တဲ့ ဒဏ်ကို အလူးအလဲ ခံကြရပါတယ်။ ပတ်ဝန်းကျင်ကတော့ -
📎 "ကလေးက အိပ်ချင်ယောင်ဆောင်နေတာ၊ နှိုးထားလိုက်"
📎 "ညဘက်နိုးရင် နို့အတင်းတိုက်လိုက်၊ ပြန်အိပ်သွားလိမ့်မယ်"
📎 "ကလေးအိပ်ချိန်မှာ လိုက်အိပ်မှဖြစ်မယ်" ဆိုပြီး ပြောကြပါလိမ့်မယ်။

ဒါပေမဲ့ ဘယ်လိုပဲကြိုးစားနှိုးနှိုး နေ့ဘက်ကျမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီး ညဘက်ကျမှ အားရှိပါးရှိ ငိုနေတဲ့ကလေးကြောင့် စိတ်လေနေရတဲ့ မေမေတို့ရှိလား? တကယ်တော့ ကလေးရဲ့ အိပ်စက်မှုသံသရာကို စနစ်တကျ ပြောင်းလဲပေးဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။

🤱 ဒေါက်တာ ရဲ့ "သားဦးမိဘများအတွက် မွေးကင်းစကလေးပြုစုစောင့်ရှောက်နည်း သင်တန်း" မှာ အာဟာရဆရာဝန်ကိုယ်တိုင် ကလေးများ အိပ်စက်ခြင်းဆိုင်ရာ သိကောင်းစရာတွေကို အသေးစိတ် သင်ကြားပေးနေပါတယ်။

သင်တန်းမှာ ဘာတွေပါမလဲ?

✅ကလေးများ အိပ်စက်ခြင်းဆိုင်ရာ (Sleep Cycles)

✅နေ့နဲ့ည ခွဲခြားသိစေမယ့် ပတ်ဝန်းကျင် ဖန်တီးနည်းများ

✅ကလေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ပြုစုစောင့်ရှောက်နည်းများ

🎁 Promotion Special Offer
❌ မူရင်းဈေး – 800,000 ကျပ်
✅ ယခု Promotion – 350,000 ကျပ်သာ (450,000 ကျပ် လျှော့ထားပါတယ်)

ဒါ့အပြင် သင်တန်းလေးတက်မယ်ဆိုရင်
1️⃣ မွေးကင်းစကလေးပြုစုစောင့်ရှောက်နည်း သင်တန်း
2️⃣ ကိုယ်ဝန်ဆောင်မိခင်အာဟာရနှင့် မွေးကင်းစကလေးနို့တိုက်ကျွေးနည်း သင်တန်း
3️⃣ ၂သိန်းတန် မိခင်နှင့် ကလေးအခြေခံအာဟာရသင်တန်း
4️⃣ ဒေါက်တာနဲ့ Free Consultation တစ်ကြိမ် စတာတွေပါရမှာမို အခုပဲစာရင်းသွင်းလိုက်တော့နော်။

⏳ Promotion ကာလ အကန့်အသတ်ရှိပါတယ်။

01/05/2026

မေမေတို့ နို့ဦးရည်ကို ဘယ်အချိန်ကတည်းကနေစပြီး ခံထားကြမလဲ❓

မေမေတို့တွေ သိရှိသွားရအောင်လို့ video လေးကို like and share လေးလည်း လုပ်ခဲ့ပါဦးနော်🥰

ရင်သွေးလေးကို မိခင်နို့ချို တိုက်ကျွေးချင်ပေမဲ့ လက်တွေ့မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကြောင့် စိတ်ညစ်နေရပြီလား? ဒါမှမဟုတ် ဗိ...
01/05/2026

ရင်သွေးလေးကို မိခင်နို့ချို တိုက်ကျွေးချင်ပေမဲ့ လက်တွေ့မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကြောင့် စိတ်ညစ်နေရပြီလား? ဒါမှမဟုတ် ဗိုက်ထဲမှာရှိနေကတည်းက ကြိုတင်ပြင်ဆင်ချင်တာလား? မေမေတို့အတွက် "နို့တိုက်ခြင်းနှင့် နို့တိုက်မိခင် အာဟာရ သင်တန်း" နဲ့ "နို့တိုက်ခြင်းနှင့် မွေးကင်းစကလေး အာဟာရသင်တန်း" ကို တစ်ပေါင်းတည်း သင်ကြားပေးမယ့် Special Combo Class လေး ရှိနေပါပြီ။ 🤱💖

ဒီသင်တန်းမှာ မေမေတို့ အဖြေရှာမရဖြစ်နေတဲ့ အချက်အလက်ပေါင်းများစွာကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ အောက်ပါအခက်အခဲရှိသူတွေ မဖြစ်မနေ တက်ရောက်သင့်ပါတယ်။

နို့ပြန်အန်ခြင်း: ကလေးက နို့စို့ပြီးတိုင်း ခဏခဏ ပြန်အန်နေလို့ စိုးရိမ်နေရတာမျိုးအတွက် အထိရောက်ဆုံးဖြေရှင်းနည်းများ။ 🍼

နို့ငြင်းခြင်း: နို့ဘူးတိုက်နေကျမို့လို့ မေမေ့နို့ကို တိုက်ရိုက်မစို့ချင်တော့တဲ့ ကလေးလေးတွေကို နို့ပြန်စို့လာအောင် ဘယ်လိုလေ့ကျင့်ပေးမလဲ?

နို့ထွက်ကောင်းအောင် ကြိုတင်ပြင်ဆင်ခြင်း: ကိုယ်ဝန်ဆောင်ချိန်ကတည်းက ကလေးမွေးပြီးရင် နို့ရည်လုံလောက်စွာ ထွက်ရှိဖို့ ဘာတွေစားသောက်ပြီး ဘယ်လိုပြင်ဆင်ရမလဲ? 🥗

နို့ညှစ်ခြင်းဆိုင်ရာ သိကောင်းစရာ: နို့တိုက်ပြီး တစ်ဖက်ကျန်တာကို ညှစ်ထုတ်သင့်သလား? ညှစ်လိုက်ရင်ရော နောက်တစ်ခါစို့ဖို့ နို့ပြန်မတင်းလာမှာကို ကြောက်နေရသလား? ဒီဝေခွဲမရတဲ့ အချက်တွေကို ရှင်းပြပေးမှာပါ။

နို့ပြွန်ပိတ်ခြင်း : နို့တိုက်မိခင်တွေ ငရဲကျသလို ခံစားရတဲ့ နို့ပြွန်ပိတ်တာ၊ နို့အကျိတ်ဖြစ်တာတွေကို အိမ်မှာတင် ဘယ်လိုသက်သာအောင် လုပ်မလဲ? 🛡

Lactose Intolerance: ကလေးလေးတွေမှာ နို့သကြားဓာတ်နဲ့ မတည့်တာတွေ ဖြစ်လာရင် ဘယ်လိုပြုစုရမလဲ?

မေမေတို့ရဲ့ ငွေကြေးစိုက်ထုတ်မှုနဲ့ ထိုက်တန်တဲ့ ပညာရပ်တွေရစေဖို့ အထူးလျှော့စျေး ပေးထားပါတယ်။

> မူလသင်တန်းကြေး ၇ သိန်းကျပ် ကို အခု Join မယ်ဆိုရင်...
> 📉 50% OFF နဲ့ ၃ သိန်းခွဲ (350,000 MMK) တည်းနဲ့ တက်ရောက်နိုင်မှာပါ။

ဒီပမာဏနဲ့ သင်တန်း (၂) ခုလုံးစာ ဗဟုသုတတွေကို ရမှာဖြစ်လို့ အရမ်းကို တန်နေပါပြီနော်။ ✨

သင်တန်း ၂ ခုစလုံးကို တပြိုင်တည်း Join တဲ့ မေမေတွေအတွက် တန်ဖိုးရှိလှတဲ့ Bonus တွေ ထပ်ပေးဦးမှာပါ။

1.Doctor နဲ့ မိနစ် ၃၀ ကြာ တိုက်ရိုက်ဆွေးနွေးခွင့်(Free Consultation) ၁ကြိမ် ရရှိမှာဖြစ် ပြီး မိမိရဲ့ အခက်အခဲတွေကို တိုင်ပင်ခွင့်ရပါမယ်။ 👨‍⚕️
2. တန်ဖိုး ၂ သိန်းကျပ်ရှိတဲ့ မိခင်နှင့်ကလေး အခြေခံအာဟာရသင်တန်းကိုပါ အခမဲ့ (Free) Join ခွင့် ရဦးမှာပါ။ 🍎🍏
3. သင်တန်းတက်ရင်း နားမလည်တာရှိရင်ဖြစ်ဖြစ်၊ လက်တွေ့မှာ အခက်အခဲကြုံရင်ဖြစ်ဖြစ် သင်တန်း Group ထဲမှာ အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်ပါတယ်။ 🤝

ကလေးလေးတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာဖို့က မွေးကင်းစအချိန်မှာ တိုက်ကျွေးတဲ့ အာဟာရပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ မှန်ကန်တဲ့ ဗဟုသုတတွေနဲ့ ရင်သွေးလေးကို ပြုစုစောင့်ရှောက်နိုင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ! 💖

📩 သင်တန်းအပ်နှံရန်အတွက် Page Messenger သို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါရှင်။

30/04/2026

ကလေးတွေကို Pureed ကြိတ်ကျွေးတာကို ဘယ်အရွယ်ထိ ကျွေးရမှာလဲ👶

ဖြည့်စွက်စာ စ ကျွေးတော့မယ့် မေမေတွေ သိအောင်လို့လည်း video လေးကို like and share လေး လုပ်ခဲ့ပါဦးနော်🥰

29/04/2026

ဖြည့်စွက်စာကျွေးမယ့် မေမေတို့အတွက် လိုအပ်တာလေးကို Give Away လေး ဖောက်ပေးပါမယ်။❤️ Like and share လုပ်ပြီး comment မှာ ကလေးအသက်လေးရယ် နေထိုင်တဲ့ နေရာလေးတွေ ပြောပေးသွားပါနော်။🥰

29/04/2026

နို့ဘူးရော မိခင်နို့ရောတိုက်ချင်တဲ့ မေမေအတွက် သတိပြုဖို့လိုအပ်တာလေးတွေကို သေချာလေးဆွေးနွေးပေးထားပါတယ်🤱

28/04/2026

နို့ဘူးတိုက်ချင်ပေမယ့် မိခင်နို့ထက် formulaကို ပိုကြိုက်သွားမှာစိုးရိမ်နေရင်🥰

နို့တိုက်နေတဲ့ မေမေတို့ သိရှိသွားအောင်လို့လည်း video လေးကို like and share လေးလည်း လုပ်ခဲ့ပါဦးနော်🫶🏻

ที่อยู่

Bangkok

เวลาทำการ

จันทร์ 10:00 - 21:00
อังคาร 10:00 - 21:00
พุธ 10:00 - 21:00
พฤหัสบดี 10:00 - 21:00
ศุกร์ 10:00 - 21:00

เบอร์โทรศัพท์

+959885126900

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr. Nyein ဒေါက်တာငြိမ်းผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Dr. Nyein ဒေါက်တာငြိမ်း:

แชร์