Bangkok Eye Hospital - Myanmar

Bangkok Eye Hospital - Myanmar Bangkok Eye Hospital | 27 Years of Excellence as Laser Vision International LASIK Center

Laser Vision International LASIK Center အဖြစ် ၂၇ နှစ်တာ Advanced LASIK နှင့် Refractive Surgery အတွေ့အကြုံများအပြင် မျက်စိကျန်းမာရေးအတွက် အကောင်းဆုံး နည်းပညာများ၊ ထိပ်တန်းအထူးကုဆရာဝန်များဖြင့် Bangkok Eye Hospital အဖြစ် တိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။

12/05/2026

မျက်စိလေဆာပစ်ပြီးမှ နောင်တရတာမျိုး မဖြစ်ရလေအောင် ဘန်ကောက်မှာ သေချာစုံစမ်းရွေးချယ်ခဲ့တဲ့ ကိုထူးအောင်နဲ့ ကမ္ဘာကျော် Newsweek မဂ္ဂဇင်းမှ အသိအမှတ်ပြုထားသော "အာရှရဲ့ ထိပ်တန်း အကောင်းဆုံး မျက်စိလေဆာအထူးကုစင်တာ (Asia's Top Private Hospitals and Clinics 2026) တို့ တွေ့ကြတဲ့အခါ ✨

ကိုထူးဟာ လေဆာပစ်ပြီးမှ အနားယူချိန်ကြာနေမှာ၊ မျက်ရည်ခြောက်တာမျိုး အရမ်းဖြစ်ပြီး သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေမှာ အကန့်အသတ်ဖြစ်လာမှာမျိုးကို စိုးရိမ်တဲ့အတွက် အသေးစိတ်အဆင့်ဆင့်စစ်ဆေးပြီး Laser Vision ရဲ့ Founder ဖြစ်သူ Assoc. Prof. Dr. Anun Vongthongsri (Corneal & Refractive Surgery Specialist) နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။

ရလဒ်အနေနဲ့ ထိုင်းနိုင်ငံမှာ လက်ရှိနာမည်ကြီးနေတဲ့ နောက်ဆုံးပေါ်လေဆာနည်းပညာကုထုံးတွေဖြစ်တဲ့

✅ Carl ZEISS ရဲ့ SMILE pro® 2.0 (Visumax 800)

✅ ZIEMER ရဲ့ NanoLASIK®, NanoRelex® (FemtoLDV Z8) တို့လို အဆင့်မြင့်နည်းပညာတွေထဲမှာမှ SMILE pro® 2.0 နဲ့ မျက်မှန်ပါဝါဖျောက်ဖြစ်ခဲ့တာပါ။

အသေးစိတ်ကိုတော့ ကိုထူးအောင်ရဲ့ Vlog လေးထဲမှာ ကြည့်လိုက်ကြရအောင်နော်။

ကုန်ကျစရိတ်နှင့် ကုသမှုအကြောင်း အသေးစိတ်စုံစမ်းမေးမြန်းရန်အတွက် အောက်ပါအတိုင်းဆက်သွယ်စုံစမ်းနိုင်တယ်။

📱 Viber (မြန်မာ): +66965426179

✉️ info@bangkokeyehospital.com

💚 LINE:

🏥 Bangkok Eye Hospital (Ramintra Expressway)
"You only have one pair of eyes. Trust specialist doctors to take care of them."

မျက်မှန်မလိုတော့မယ့် ကြည်ရှင်းပြတ်သားသော အနာဂတ်နေ့ရက်သစ်များအတွက် အမေရိကန်စံနှုန်းဖြစ်တဲ့ AACI အသိအမှတ်ပြု Laser Vision ...
11/05/2026

မျက်မှန်မလိုတော့မယ့် ကြည်ရှင်းပြတ်သားသော အနာဂတ်နေ့ရက်သစ်များအတွက် အမေရိကန်စံနှုန်းဖြစ်တဲ့ AACI အသိအမှတ်ပြု Laser Vision LASIK Center ကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။

မျက်မှန်ပါဝါဖျောက်မယ်၊ အစားထိုးမရတဲ့ အမြင်အာရုံအတွက် အကောင်းဆုံး / အမြန်ဆုံးလေဆာနည်းပညာနဲ့မှ ကုသမှုခံယူမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် ၂၀၂၆ ခုနှစ်ရဲ့ ကမ္ဘာကျော်လေဆာနည်းပညာဖြစ်တဲ့ SMILE pro® 2.0 ကို ညွှန်းပေးပါရစေ။

ဒီနည်းပညာဟာ Laser Vision မှာနေ့စဥ်အသုံးပြုနေတဲ့ အကောင်းဆုံး နည်းပညာတွေထဲက တစ်ခုပါ။

ကမ္ဘာကျော်လေဆာနည်းပညာကုမ္ပဏီဖြစ်တဲ့ Carl ZEISS ရဲ့ နောက်ဆုံးပေါ် VisuMax 800 Platform ကို အသုံးပြုထားလို့ ယခင်နည်းပညာတွေထက် ပိုမိုမြန်ဆန်၊ ပိုမိုတိကျလာပြီး ပိုမိုကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို ရရှိနိုင်လာပါတယ်။

SMILE Pro® 2.0 နဲ့ Laser Vision ရဲ့ ၂၈ နှစ်တာဝါရင့်အတွေ့အကြုံပေါင်းစပ်မှုကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

✅ အလွန်မြန်ဆန်တယ်
မျက်စိတစ်ဖက်ကို လေဆာပစ်ချိန် ၁၀ - ၁၂ စက္ကန့်အောက် (အများအားဖြင့် ၈ စက္ကန့်ခန့်) သာ ကြာမြင့်ပါတယ်။

✅ နာကျင်မှုမရှိဘူး
မျက်ကြည်လွှာလှန်စရာမလို / မျက်ကြည်လွှာအပေါ်လွှာကို ဖယ်ရှားစရာမလိုတဲ့အတွက် မျက်ကြည်လွှာထိခိုက်မှု အနည်းဆုံးဖြစ်ပြီး Post-Surgery မှာပါ သက်သောင့်သက်သာ အရှိဆုံးပါ။

✅ အမြန်ဆုံး Recovery
လေဆာပစ်ပြီး နာရီပိုင်းကနေ ၂၄ နာရီအတွင်း ပုံမှန်လှုပ်ရှားသွားလာမှုတွေ ပြန်လုပ်နိုင်လို့ အချိန်အကြာကြီး အနားယူနေစရာမလိုပါဘူး။

✅ အတိကျဆုံး AI-Integrated နည်းပညာများ
AI ကိုအခြေခံထားတဲ့ အဆင့်မြင့် CentraLign® နဲ့ OcuLign® စနစ်တွေကြောင့် ဆလင်ဒါပါဝါရှိသူတွေအတွက်ပါ အမြင်အာရုံ အကြည်လင်ဆုံး၊ အကောင်းဆုံးရလဒ်အနေအထား ဖြစ်စေမှာပါ။

ဘာသာစကားအတွက်လည်း စိတ်ပူစရာမလိုဘူးနော်၊ မြန်မာလိုစကားပြန်ပေးရုံတင် မဟုတ်ဘဲ အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်မယ့် အတွေ့အကြုံရင့် Coordinator များ ဆေးရုံမှာရှိပါတယ်။

မျက်မှန်မပါဘဲ ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို အမြန်ဆုံးပြန်လည်ရယူဖို့ အခုပဲ Laser Vision မှာ ရက်ချိန်းရယူလိုက်ပါ။

📱 Viber (မြန်မာ): +66965426179

✉️ info@bangkokeyehospital.com

💚 LINE:

🏥 Bangkok Eye Hospital (Ramintra Expressway)
"You only have one pair of eyes. Trust specialist doctors to take care of them."

07/05/2026

မင်္ဂလာပါရှင့် 🙏

လက်ရှိ Bangkok Eye Hospital - Myanmar ရဲ့ Facebook Messenger လေးမှာ Technical Error လေးဖြစ်ပေါ်‌နေတာကြောင့် Reply နှောင့်နှေးခြင်းများအတွက် အဆင်မပြေမှုလေးရှိသွားရင် တောင်းပန်ပါတယ်နော်။

ရက်ချိန်းရယူရန်နှင့် အခြားသောဆွေးနွေးတိုင်ပင်လိုသည်များအတွက် Viber +66965426179 ကနေ ရုံးချိန်အတွင်းမှာ ဆက်သွယ်လို့ရပါတယ်ရှင့်။

✨ ကောင်းသောနေ့လေး ဖြစ်ပါစေနော် ✨

Bangkok Eye Hospital - Newsweek ရဲ့ ၂၀၂၆ ခုနှစ် အာရှအကောင်းဆုံး ပုဂ္ဂလိကဆေးရုံများစာရင်းမှာ ရွေးချယ်ခံရခြင်းRefractive S...
21/04/2026

Bangkok Eye Hospital - Newsweek ရဲ့ ၂၀၂၆ ခုနှစ် အာရှအကောင်းဆုံး ပုဂ္ဂလိကဆေးရုံများစာရင်းမှာ ရွေးချယ်ခံရခြင်း

Refractive Surgery ကဏ္ဍမှာ ၂၈ နှစ်တာ အတွေ့အကြုံနဲ့ တွဲဖက်ပါမောက္ခ ဒေါက်တာ Anun Vongthongsri ရဲ့ ဦးဆောင်မှုဖြင့် ရရှိခဲ့တဲ့ ဂုဏ်ယူဖွယ်ရာ မှတ်တိုင်

Bangkok Eye Hospital အနေနဲ့ Newsweek က ရွေးချယ်တဲ့ 'Asia's Top Private Hospitals & Clinics 2026' (Refractive Surgery ကဏ္ဍ) မှာ ဖော်ပြခြင်းခံရကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။ ဤဂုဏ်ပြုမှုဟာ ယခင် Laser Vision International LASIK Center အဖြစ် နှစ်ပေါင်းများစွာ ရရှိခဲ့တဲ့ ယုံကြည်မှုနဲ့ ယခု Bangkok Eye Hospital အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့မှုရဲ့ ရလဒ်ပင် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၈ နှစ်တိုင်အောင် အမြင်အာရုံပိုင်းဆိုင်ရာ အထူးကုသမှုတွေကို ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ Bangkok Eye Hospital အဖြစ် တွဲဖက်ပါမောက္ခ ဒေါက်တာ Anun Vongthongsri ရဲ့ ဦးဆောင်မှုအောက်မှာ ဆက်လက် ဝန်ဆောင်မှုပေးနေပါတယ်။

ဒေါက်တာ Anun ဟာ မျက်ကြည်လွှာနဲ့ Refractive Surgery နယ်ပယ်မှာ နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိတဲ့ ဝါရင့်မျက်စိအထူးကုဆရာဝန်ကြီး ဖြစ်ပါတယ်။

Newsweek ရဲ့ ဒီအသိအမှတ်ပြုမှုဟာ လူနာတွေရဲ့ ဘေးကင်းလုံခြုံမှု၊ ခေတ်မီနည်းပညာတွေနဲ့ ကမ္ဘာ့အဆင့်မီ ခွဲစိတ်ကုသမှု ရလဒ်တွေကို မည်မျှ အလေးထားကြောင်း သက်သေပြနေပါတယ်။ အနာဂတ်မှာလည်း အာရှတိုက်နဲ့ ကမ္ဘာတစ်ဝှမ်းမှ လူနာတွေကို အကောင်းဆုံးသော မျက်စိကုသမှု ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ မျက်လုံးကျန်းမာရေးဆိုင်ရာမှာ ယုံကြည်အားကိုးခဲ့ကြတဲ့အတွက် မြန်မာလူနာများအပါအဝင် လူနာများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

Bangkok Eye Hospital မှာ နောက်ဆုံးပေါ်လေဆာများဖြင့် မျက်မှန်ပါဝါဖျောက်ခြင်း၊ အတွင်းတိမ်ကုသခြင်း၊ မြင်လွှာကုသခြင်း၊ မျက်ကြည်လွှာကုသခြင်းနှင့် အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်းဆိုင်ရာကုသမှုများ - စသဖြင့် ခေတ်မီဆန်းသစ်ဘေးကင်းတိကျတဲ့ မျက်စိကုသမှုအတွေ့အကြုံတွေအတွက် ယုံကြည်စိတ်ချစွာ ရက်ချိန်းရယူလိုက်ပါ။

📱 Viber (မြန်မာ): +66965426179

✉️ info@bangkokeyehospital.com

💚 LINE:

🏥 Bangkok Eye Hospital (Ramintra Expressway)
"You only have one pair of eyes. Trust specialist doctors to take care of them."

ဆီစျေးတွေ တရိပ်ရိပ်တက်နေပေမယ့် ရေရှည်မှာ ကြည်လင်ပြတ်သားတဲ့အမြင်အာရုံကို မျက်မှန်မလိုဘဲ ပြန်လည်မြင်တွေ့စေမယ့် Laser Visio...
09/04/2026

ဆီစျေးတွေ တရိပ်ရိပ်တက်နေပေမယ့် ရေရှည်မှာ ကြည်လင်ပြတ်သားတဲ့အမြင်အာရုံကို မျက်မှန်မလိုဘဲ ပြန်လည်မြင်တွေ့စေမယ့် Laser Vision ရဲ့ Advanced-LASIK နည်းပညာတွေက‌တော့ Promotion များစွာရှိနေပါတယ်နော်။

Songkran အားလပ်ရက်အတွင်းမှာ ဘန်ကောက်ကိုလာရောက်ပြီး မျက်စိလေဆာပစ်၊ မျက်မှန်ပါဝါဖျောက်လိုသူများအတွက် Promotion အသေးစိတ်လေးကို မျှဝေပေးပါရစေ။

ယခု Promotion ဖြင့် Bangkok Eye Hospital ရဲ့ Founder, Assoc. Prof Dr. Anun Vongthongsri မှလွဲ၍ အခြားသော Corneal & Refractive Surgery Specialist ကြီးများနှင့် ရက်ချိန်းရယူနိုင်ပါတယ်။

📋 ပရိုမိုးရှင်းဆိုင်ရာ Terms & Conditions များ

စျေးနှုန်းများသည် အောက်ပါအချက်များနှင့် ကိုက်ညီသော လူနာများအတွက်သာ ဖြစ်ပါတယ်။

၁။ မျက်မှန်ပါဝါ ကန့်သတ်ချက်
မျက်မှန်ပါဝါ စုစုပေါင်းတစ်ဖက်ကို -၈.၀၀ အောက် (အဝေး/အနီး + ဆလင်ဒါပါဝါ) ရှိသူများအတွက်သာ အကျုံးဝင်ပါသည်။

၂။ မျက်စိစစ်ဆေးခြင်း၊ ဆရာဝန်နှင့် ဆွေးနွေးခြင်းနှင့် လေဆာပစ်ခြင်းတို့ကို တစ်ရက်တည်းမှာ လုပ်ဆောင်လိုသူများအတွက် Extra Promotion အနေဖြင့် ၃,၅၀၀ ဘတ် တန်ဖိုးရှိ မျက်စိအသေးစိတ်စစ်ဆေးခ (Pre-LASIK Screening) ကို Complimentary အဖြစ် အခမဲ့လုပ်ဆောင်နိုင်မှာပါ။

၃။ Social Media Review
ဒီ Promotion စျေးနှုန်းများဟာ အခြားသော မျက်စိလေဆာပစ်လိုသူလူနာများ လေ့လာနိုင်ဖို့အတွက် ကိုယ်ပိုင်ကုသမှုအတွေ့အကြုံကို Social Media တွင် ပြန်လည်မျှဝေပေးသူများအတွက်ဖြစ်ပါတယ်၊ Review Promotion ၂,၀၀၀ ဘတ် ထပ်မံလျော့ပေးထားပြီးဖြစ်သော စျေးနှုန်းများဖြစ်ပါတယ်။

⚠️ အရေးကြီးအချက်များ

• သတ်မှတ်ကာလ
ဤအထူးပရိုမိုးရှင်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိသာ အကျုံးဝင်ပါသည်.

• ဆေးဝါးစရိတ်
ဤစျေးနှုန်းများတွင် ကုသမှုအပြီး လိုအပ်သော ဆေးဝါးများ (ဥပမာ - မျက်စဉ်းဆေး) အတွက် ကျသင့်ငွေ ပါဝင်ခြင်းမရှိပါ။

• ငွေပေးချေမှု
ထိုင်းဘတ်ငွေ (THB) ဖြင့်သာ ပေးချေရမှာဖြစ်ပါတယ်။

• အကြံပြုချက်
ဝါရင့် Specialist ဆရာဝန်ကြီးများက သင့်မျက်လုံးနှင့် အကိုက်ညီဆုံးသော ကုသမှုနည်းပညာကို ကိုယ်တိုင်ဆွေးနွေး ရွေးချယ်ပေးမှာဖြစ်ပါတယ်။

လူနာများအနေဖြင့် ဤအထူးနှုန်းထားဖြင့် ရက်ချိန်းရယူလိုပါက (သို့) ကုသမှုအတွက် ဆွေးနွေးတိုင်ပင်လိုပါက Viber +66965426179 သို့ အခုပဲ ဆက်သွယ်လိုက်ပါ။

ที่อยู่

10/989, Soi Prasert Manutakit 33, Nuan Chan, Bueng K*m
Bangkok
10230

เวลาทำการ

จันทร์ 10:00 - 20:00
อังคาร 10:00 - 20:00
พุธ 10:00 - 20:00
พฤหัสบดี 10:00 - 20:00
ศุกร์ 10:00 - 20:00
เสาร์ 08:30 - 17:00
อาทิตย์ 08:30 - 16:00

เบอร์โทรศัพท์

+66965426179

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bangkok Eye Hospital - Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Bangkok Eye Hospital - Myanmar:

แชร์

ประเภท