28/08/2025
🌈 အဆိုးတွေပြီးပြီ အကောင်းတွေလာတော့မယ်။ ✨
ဒီကဒ်ကိုတွေ့တဲ့ Seeker တို့ ဘဝမှာ ပင်ပန်းနေတာတွေ၊ မုန်တိုင်းထန်နေတာတွေ ပြီးဆုံးပါစေ။ 🌪️➡️☀️
သူက Seeker ကံကြမ္မာဟာ အကောင်းဘက် ကိုပြန်လည် လည်လာမှာလို့ ကိုယ်စားပြုတာမို့ ငွေကြေးဝင်လာဖို့ 💰၊ လစာပိုကောင်းတဲ့ အလုပ်ကိုပြောင်းတာတို့ အနာဂတ်မှာ ရှိနေပြီလို နိမိတ်ပြနေတာပါ။
အပြောင်းအလဲ အတိုင်း ကို မကြောက်ပါနဲ့နော် ။ တခါတလေ မုန်တိုင်းဝင်လာတယ်ဆိုတာ ဘဝ မှာ မလိုအပ်တော့တာတွေ ၊ မနေသင့်တဲ့ နေရာမှ မနေတော့ဖို့ ဖြစ်နိုင်ပါတယ်။
🍀 Seeker အတွက် ကံကြမ္မာကောင်းတွေ ၊ လာဘ်လာဘ ကောင်းတွေ ဝင်လာဖို့အတွက် အပြောင်းအလဲ လေးတွေ လုပ်ကြည့်ရအောင် 🌸။
ဒီနေ့—
မစားဖူးတဲ့ အစားအစာ စားတာ 🍱
မဖတ်ဖူးတဲ့ စာအုပ်/ရုပ်ရှင် ဖတ်တာကြည့်တာ 📖🎬
မခင်သေးတဲ့ လူတစ်ယောက်ကို မိတ်ဆက်တာ 🤝
ဒီသုံးခုထဲက တစ်ခုကို စမ်းသပ်ကြည့်ရအောင်။ အပြောင်းအလဲတွေမှာ ကံကောင်းခြင်းတွေ ပါနေပါတယ်နော် 🌟🍀💫။ ဘာလေးလုပ်ဖြစ်လဲ comment မှာပြောသွားပါဦး