Safe Haven Tarot

  • Home
  • Safe Haven Tarot

Safe Haven Tarot Welcome to Safe Haven. Come as you are. Rest as you need.

Big Feelings တွေ အတွက် လုံခြုံတဲ့ နေရာလေးပါ။ တာရော့ကဒ် တွေနဲ့ အတူ emotional support, guidance ကို နွေးထွေးလုံခြုံ စွာ ရယူနိုင်ပါတယ်။

We offer Tarot readings, emotional support and a safe space.

🫅 Tarot ဖတ်တတ် ဖို့ Arcana ပုံပြင်များ - The Emperor 🫅 👑The Emperor ကို မြင်ရရင် အချုပ်အခြာ အာဏာ နဲ့ တည်ငြိမ်တာ ကို မျှေ...
14/08/2025

🫅 Tarot ဖတ်တတ် ဖို့ Arcana ပုံပြင်များ - The Emperor 🫅

👑The Emperor ကို မြင်ရရင် အချုပ်အခြာ အာဏာ နဲ့ တည်ငြိမ်တာ ကို မျှော်လင့်လို့ရပါတယ်။ ကျွန်တော် တို့ ရဲ့

🛡️ အန္တရာယ်တွေက နေ ကာကွယ်နိုင်တဲ့ စွမ်းရည်
📃ဘဝ မှာ လုံခြုံဖို့အတွက် တင်းကြပ်ရတဲ့ စည်းတွေ
👉 ခရီးတွင်ဖို့ အတွက် သုံးရတဲ့ အာဏာစက်တွေ
ဒါတွေကို ကိုယ်စားပြုလေ့ရှိပါတယ်။

Emperor ကိုဆွဲမိရင် အောင်မြင်မှာလား သိချင်ရင် အဆုံးထိ ဖတ်နော်။
--------------------------------------------------------------
🔮 Emperor ရဲ့ အနက်🔮

🦁သူက နားလည်ရခက်တဲ့ ကဒ်ထဲမှာပါတယ်။ တချို့ က Empress ရဲ့ ဆန့်ကျင်ဘက်လို့ သဘောထားကြတယ်။ အာဏာစက်ရဲ့ ပြင်းထန်မှုပေါ့လေ။ အာဏာရဲ့ နောက်မှာ အဆိုး တွေက ရှိတတ်တာကို။ ဘဝင်မြင့်တာ၊ တစ်သွေး တစ်သံ တစ်မိန့် သွားတာတွေ အစရှိတဲ့ extreme တစ်ချို့တွေ နဲ့လည်း ချိတ်ဆက်နေတာကို။ ကျွန်တော်ကတော့ ဒါတွေကို သတိပေးတာလို့ မှတ်စေချင်တယ်။ အဆိုးမဟုတ်ဘူး။ အလွန်အကြူး မဖြစ်ဖို့ကို သတိပေးတာမျိုးပါ။ ⚠️
--------------------------------------------------------------
🔮 သက်ဆိုင်ရာ နတ် 🔮

⚡သူနဲ့ ဆက်စပ်နေတဲ့ God ဖြစ်တဲ့ Zeus ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ Zeus က ခွန်အားကြီးတယ်၊ ဉာဏ်နီ ဉာဏ်နက် ပရီယာရ် လည်းများတယ်။ အငယ်ဆုံး ဖြစ်ပေမယ့် အစ်ကို နှစ်ယောက်ဖြစ်တဲ့ Posidon နဲ့ Hades ကို ပြန်အုပ်ချုပ်တဲ့ King of the Gods နေရာကို ယူထားတယ်။ Zeus ကို တခြား God တွေက လေးစားကြပါတယ်။ ဒါပေ့မယ့် Zeus က အရမ်းထောင်လွှားတယ်။ သူလိုချင်တာ မပေးရင် ရက်စက်တတ်တယ်။ တခါတလေ သူရဲ့ “မင်း အာဏာစက်” ကို အရမ်းထုတ်ပြတတ်တယ်။ သူ့ ကိုတော်လှန်မှာလည်း အရမ်းကြောက်တတ်တယ်။ 🫦
--------------------------------------------------------------
🔮 Symbolism 🔮

ဒါကြောင့် လည်း သူ့ရဲ့ symbolism တွေက မင်းတို့ရဲ့ တာဝန်၊ အာဏာ နဲ့ တည်ကြည်မှုတွေကို တစ်နည်းနည်း နဲ့ ပြလေ့ရှိတယ်။ ဥပမာ -

🪨Throne of Stone - Emperor ရဲ့ foundation က ဘယ်ကလာလဲဆိုတာကို ဒီ symbol မှာ မြင်ရပါတယ်။ပုံမှန် deck တွေမှာ တောင်တွေ နဲ့ ဆိုပေမယ့် ကျွန်တော့် Deck မှာတော့ သူရဲ့ သလွန်တော် က Emperor ရဲ့ ဘာလာလာ မပြိုလဲတဲ့ စွမ်းရည်ကို ကိုယ်စားပြုပါတယ်။ ဘဝမှာ စနစ်တကျ အခြေအမြစ်ခိုင်ခိုင် တည်ဆောက် တတ်တယ်။ အခက်အခဲ ကြုံလာရင် ဒဲ့ရင်ဆိုင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ဦးနှောက်သုံး ဖြေရှင်းသွားရင် ပို အောင်မြင်တာမျိုးပါ။

🐏Horned Crown - ဒါက Emperor ရဲ့ ခွန်အားပဲ။ သိက္ခာနဲ့ စည်းမျဉ်းတွေ ကြားထဲက မှ အနီးအနားက သူတွေအတွက် ရှေ့က မားမားမတ်မတ်ရပ်တည်နိုင်တဲ့ ခွန်အားမျိုးပါ။ ဒီ ခွန်အား သရဖူရဲ့ ဝန်က လေးလံပါတယ်နော်။ ကိုယ့်ခွန်အားက အများကောင်းဖို့ အတွက် ဖြစ်ဖို့လိုပါတယ်။ ကိုယ့် အကျိုး အတွက်ပဲ ဖြစ်နေရင်တော့ မင်းဆိုး (ပြောင်းပြန်ကျတဲ့အခါ) ဖြစ်သွားပါပြီ။

🪓The King’s Axe - Emperor လုပ်ရတာရဲ့ မလွယ်ကူဆုံးအချက် ပါပဲ။ ပြတ်သားရတဲ့ ဆုံးဖြတ်ချက်တွေ ကို ကိုယ်စားပြုပါတယ်။ တချို့ ဆုံးဖြတ်ချက်တွေက ခက်ထန်ရင် ခက်ထန်မယ် အများကောင်းဖို့ အတွက် ဖြတ်ချလိုက်ရတဲ့ အခါတွေ ရှိတတ်ပါတယ်။ တိခနဲ ဖြတ်ရတဲ့ အခါတွေ၊ စည်းကမ်းတွေကို တင်းကြပ်ရတဲ့ အခါတွေမှာ ဓမ္မဓိဌါန် ကျကျ လုပ်ကိုင်ရပါလိမ့်မယ်။
--------------------------------------------------------------
🔮 ဖတ်လို့ရတဲ့ နိမိတ်များ 🔮

🛡️👑Seeker ဟာ Emperor ကဒ်နဲ့ ကြုံရရင် ၊ Emperor arcana ဆောင်ထားတဲ့ သူဆိုရင် ပခုံးပေါ်မှာ လူအများရဲ့ ဝန်ကို ထမ်းထားရတတ်ပါတယ်။ ဦးဆောင်သူတစ်ယောက်ဖြစ်သလို အပြစ်ပေးရတဲ့ သူလည်း ဖြစ်နေတတ်ပါတယ်။ ဘဝမှာ အရေးကြီးတဲ့ project တွေကို ခေါင်းဆောင်လုပ်ပေးရတာ မျိုးတွေ မျှော်လင့်လို့ရပါတယ်။ စီးပွားရေးတို့ ပိုက်ဆံတို့ မှာ ဆိုရင် အလုပ်မှာ ငွေနဲ့ပတ်သက်ပြီး စည်းကမ်းရှိဖို့၊ ဉာဏ်နဲ့ လွှာသုံးရတဲ့ အခြေအနေမျိုးတွေလာတတ်တယ်။ စည်းစနစ်ကျကျ သွားမှသာ အောင်မြင်မှုရနိုင်ပါလိမ့်မယ်။

တစ်ကြိမ်တည်းမှာလည်း လက်ထဲမှ အချုပ်အကိုင်မရှိနေ၊ အရာရာအားလုံးမသိနေရရင် နေမထိ ထိုင်မထိ ဖြစ်တတ်သူပါ။ control က Seeker အတွက် အရေးကြီးတာကို။ ဒီလို အခါတွေမှာ ကိုယ့် ခွန်အားကို ကိုယ့်အတွက် ဆိုတာထက် အများကောင်းဖို့ ကိုပဲ အာရုံပိုစိုက်လိုက်ပါ။ Seeker ရဲ့ တိကျပြတ်သားတာ၊ မားမားမတ်မတ် ရပ်တည်တာ တွေက အောင်မြင်မှုတွေကို ဖိတ်ခေါ်တဲ့ နေရာတစ်ခု ဖန်တီးပေးပါလိမ့်မယ်။ ☀️💪⛰️

💚 ဒီ ကဒ်လေးကို မြင်ရသူတို့ ဟာ အချစ်ခံရတဲ့ သူတွေပါ။ 💚အချစ်ရေးမှာ ကိုယ်ရင်းနှီးမြှုပ်နှံသလောက် ပြန်ရတတ်တဲ့ ကံပါမှာပါ။ အပေး...
29/07/2025

💚 ဒီ ကဒ်လေးကို မြင်ရသူတို့ ဟာ အချစ်ခံရတဲ့ သူတွေပါ။ 💚
အချစ်ရေးမှာ ကိုယ်ရင်းနှီးမြှုပ်နှံသလောက် ပြန်ရတတ်တဲ့ ကံပါမှာပါ။
အပေးနဲ့ အယူ ညီမျှတဲ့ relationship လေးတွေကို ကိုယ်စားပြုတယ်ဆိုရမှာပေါ့။ ✨

🦋ဒါကြောင့် မို့လို့ အချစ်မှာကိုယ်က စ ပေးလိုက်ဖို့ ကို ဝန်မလေးမကြောက်ပါနဲ့နော်။ တကယ်တန်ဖိုးရှိတဲ့သူက Seeker ပေးသလောက် ကို ပြန်ပေးမယ်သူပဲမို့ပါ။ အချစ်က ခန်းမသွားပါဘူး။

🧘‍♀️ Self Care Exercise: ချစ်ရတဲ့သူ ရှိတယ်ဆိုရင် သူ့ကို ချစ်တယ်ဆိုတာကို လက်ရေးလေးနဲ့ စာတစ်ကြောင်းလောက်ရေးပြီး surprise လုပ်ပေးပါ။

သူထိုင်နေကျ ခုံလေးပေါ်မှာပဲ ဖြစ်ဖြစ် 🪑
သူ ရဲ့ laptop ထဲမှာပဲ ဖြစ်ဖြစ် 💻
သူ့ရဲ့ မှန်တင်ခုံလေးမှာပဲ ဖြစ်ဖြစ်ပေါ့။ 🪞

ကိုယ်ချစ်တာဟာ ကိုယ့်အတွက် ကြည်နူးစရာလေးဖြစ်ပါလိမ့်မယ်။ 🥰

"ကိုယ့် ချစ်သူက ပြောင်းလဲသွားတယ်" လို့ ခံစားရရင် ဖတ်ကြည့်စေချင်ပါတယ်။Page အသစ် ရဲ့ ပထမဆုံး Post လေးပါ။
27/07/2025

"ကိုယ့် ချစ်သူက ပြောင်းလဲသွားတယ်" လို့ ခံစားရရင် ဖတ်ကြည့်စေချင်ပါတယ်။
Page အသစ် ရဲ့ ပထမဆုံး Post လေးပါ။

နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး တွေးစရာတွေ၊ ဆွေးနွေးစရာတွေ၊ မေးချင်သိချင်ပေမယ့် ရှက်လို့ ကြောက်လို့ မမေးဖြစ်တာတွေရှိနေရင် L...
27/07/2025

နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး တွေးစရာတွေ၊ ဆွေးနွေးစရာတွေ၊ မေးချင်သိချင်ပေမယ့် ရှက်လို့ ကြောက်လို့ မမေးဖြစ်တာတွေရှိနေရင် Love Haven ဆိုတဲ့ Page အသစ်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။ (18+)
https://www.facebook.com/LoveHavenIntimacy

Safe Haven မှာ လိုပဲ လုံခြုံတဲ့ Safe Space ဖြစ်အောင် ရည်ရွယ်ထားတာမို့ judgemnt free zone ဖြစ်သလို privacy ကိုလည်း အထူးအလေးထားပေးမှာလည်းဖြစ်ပါတယ်။ ဘာလို့ page ခွဲရတာလည်းဆိုရင်တော့ Love Haven မှာက s*x and intimacy နဲ့ ဆိုင်တဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တင်ဆက်သွားပေးမှာဖြစ်တဲ့အတွက်ပါ။ တချို့ အကြောင်းအရာတွေက သူ့ space လေးနဲ့ သူ့ ရှိသင့်တယ်လို့ ယူဆလို့ပါ။

S*x Positive, Inclusive zone ဖြစ်တဲ့ အတွက် p***s owner and v***a owner တွေ အတွက် သာမက q***r, as*xual, aromantic, trans နောက်ဆုံး questioning ဖြစ်နေသေးတဲ့ သူတွေ အတွက်ပါ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရမယ့် နေရာလည်းဖြစ်ပါတယ်။

ရည်ရွယ်တာကတော့ အချစ်နဲ့ပတ်သက်လာရင် ညီငယ် ညီမငယ် non binary people တို့ အားလုံး နွေးထွေးလုံခြုံပြည့်စုံတဲ့ relationship တွေ တည်ဆောက်နိုင်ဖို့ပါ။

🔮မနက်ဖြန်အတွက် အဖြေတွေမရှိလို့ သောက...နေ့ရက်တွေက စာမေးပွဲမဟုတ်ပါဘူး။ မေးခွန်းတွေ မေးရင်း ရှေ့ဆက်ဖို့ပါ။ 🌿မသိချင်းတွေ အတွ...
15/07/2025

🔮မနက်ဖြန်အတွက် အဖြေတွေမရှိလို့ သောက...
နေ့ရက်တွေက စာမေးပွဲမဟုတ်ပါဘူး။ မေးခွန်းတွေ မေးရင်း ရှေ့ဆက်ဖို့ပါ။ 🌿

မသိချင်းတွေ အတွက် နှလုံးသားကို ဖွင့်ထားပါ
မရှက်ပါနဲ့နော်..
Wonder(အံသြခြင်း) ဆိုတဲ့ ပျော်စိတ်က မသိချင်းကလာတာပါ။ 🌙

မေးခွန်းတိုင်းအတွက် အဖြေရှိစရာမလိုပါဘူး။
Seeker က လုံလောက်ပြီးသားပါ။ 🕊️

You are enough, dear Seeker. Enjoy the journey and what you seek will come in its own time. 💫

Self Care Exercise - comment မှာ ကိုယ် အရမ်းသိချင်နေတဲ့ မေးခွန်းတစ်ခု ချရေးကြည့်ရအောင်။
"ငါဘာလို့ အချစ်မခံရတာလည်း"
"အလုပ်ကသူတွေ နဲ့ ဘယ်တော့မှ အဆင်မပြေတော့ဘူးလား"
"ငါရွေးခဲ့ တဲ့ လမ်းက မှားနေတာလား"

ဘာပဲဖြစ်ဖြစ်ပါ။ ချရေးလိုက်ရအောင် အဖြေရှာဖို့မဟုတ်ဘူးနော်။ ရင်ထဲမှာ ဒီမေးခွန်းရှိနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့။

-------------------------------
The Diviner - ဘဝမှာ တချို့အရာတွေက ဖြစ်ချိန်တန်မှ ဖြစ်လာတာ ဆိုတဲ့ Divine Timing ကို ကိုယ်စားပြုပါတယ်ခင်ဗျာ။

"တခြားသူကို ဒီစကားတွေပြောမထွက်ဘူး။ ရင်ထဲမှာ ခံစားနေရတာကို အခုမှ နားလည်လာတယ်" 💚🦋မနှစ်က စပြီး ကျွန်တော် ဆီမှာ Tarot လာဖတ်တ...
13/07/2025

"တခြားသူကို ဒီစကားတွေပြောမထွက်ဘူး။ ရင်ထဲမှာ ခံစားနေရတာကို အခုမှ နားလည်လာတယ်" 💚

🦋မနှစ်က စပြီး ကျွန်တော် ဆီမှာ Tarot လာဖတ်တဲ့ Seeker တွေ အတွက် လုံလုံခြုံခြုံတိုင်ပင် ရင်ဖွင့် ဆွေးနွေးနိုင်အောင်ဆိုပြီး ကျွန်တော် Psychotheraphy & Counseling journey စဖြစ်ပါတယ်။ 🦋

ကိုယ်တိုင် ခံစားခဲ့ရတဲ့ Depression 😮‍💨
လူတိုင်းအတွက် အရေးကြီးတဲ့ Relationships 💕
အပြောင်းအလဲကို ဖန်တီး ဖို့ Person centered counseling 🌱
အစရှိတာတွေကို Tarot နဲ့ အတူ တွဲသုံးနိုင်အောင် သင်တန်းတွေ၊ diploma တွေ လိုက်ယူဖြစ်ခဲ့ပါတယ်။

အခုဆိုရင် advanced counseling certificate ကို ပါ အောင်အောင်မြင် ရရှိခဲ့ပါပြီ။ ကျွန်တော်ရဲ့ Seeker တို့ရဲ့ အခက်အခဲဆုံးအချိန်တွေမှာ အတူရှိပေးတဲ့ ခရီးဖော် ဖြစ်ချင်တဲ့ ဆန္ဒက အခု အထိ ရှိဆဲပါ။

ဒါကြောင့် ရင်ထဲမှာ လေးလံနေရင်း ကျွန်တော်နဲ့ အတူ ကဒ်တွေနဲ့ အတူ ရင်လာဖွင့်လို့ရပါတယ်။ ကျွန်တော် ဘာပြောပြော judge လုပ်မှာမဟုတ်ပါဘူး။ ဘယ်လို ခရီးဆက်ကြမလဲပဲ အတူ အဖြေရှာကြပါမယ်။ 🎏

စိတ်ချမ်းသာဖို့ အတွက် အတူ လျှောက်လှမ်းကြရအောင်။ 🌱✨

“ငါနဲ့ စကားပြောရတာ တော်တော် ပျင်းစရာကောင်းသွားပုံပဲ။ ထွက်သွားတာ လှည့်တောင်မကြည့်ဘူး။”  😞💭🥂 ကျွန်တော် ရောက်နေတဲ့ နေ့ရာက n...
09/07/2025

“ငါနဲ့ စကားပြောရတာ တော်တော် ပျင်းစရာကောင်းသွားပုံပဲ။ ထွက်သွားတာ လှည့်တောင်မကြည့်ဘူး။” 😞💭

🥂 ကျွန်တော် ရောက်နေတဲ့ နေ့ရာက networking party တစ်ခု။ အားလုံးက အဲ့မှာ soicial skill တွေ အပြည့် on ထားကြတယ်။ နဂိုတည်းက စကားပြောဖို့ ဆို အားမွေးရတဲ့ ကျွန်တော် ထူးထူးခြားခြား ဒီပွဲမှာ ကိုယ်နဲ့ ဝါသနာတူတဲ့ Gamer တစ်ယောက်နဲ့ စကားကြာကြာ ပြောခွင့်ရလိုက်တယ်။ အဲ့မှာ ကျွန်တော်က အပျော်လွန်ပြီး ဂြိုလ်သား Game တစ်ခုအကြောင်းကို ကိုယ်ချည်းပဲ အားရပါရပြောတာ။ သူကလည်း ထောက်ရုံပဲ ထောက်ပေးပြီး နားထောင်နေတော့ အရှိန်က ဘယ်လိုမှကို သတ်မရ။ မိနစ် ၂၀ လောက်ကြာတော့မှ သူက တစ်ရက်လောက် သက်သက် ချိန်းကြရအောင်လို့ စကားစတယ်။ သူ နှုတ်ဆက်ပြီး ထွက်သွားတဲ့ အချိန်မှာ စောစောကအတွေးတွေက ကျွန်တော်ခေါင်းထဲ ဆက်တိုက်ရောက်လာပါလေရော။ 🧠⚡️

ကျွန်တော်သူ့ကို မဆက်သွယ်ဖြစ်ခဲ့ဘူး။ 🤐

သူနဲ့ မခင်ချင်လို့မဟုတ်ဘူးနော်။ ကျွန်တော် သူ့ကို အရမ်းခင်ချင်တာ။ အသက်သုံးဆယ်မှာ ဝါသနာတူတဲ့ သူငယ်ချင်းတွေ့ဖို့ ဆိုတာလွယ်တာမဟုတ်ဘူးလေ။

“သူလည်း ငါ့ကို ခင်ချင် လှမ်းဆက်သွယ်မှာပေါ့။ ငါစကားတွေ ဇွတ်တရွတ်ပြောလိုက်တော့ ငါ့ကို လန်သွားပြီ ထင်ပါတယ်။”

📩 တစ်လကျော်ကျ မှ ကျွန်တော်သူ့ကို စာပို့ဖြစ်တယ်။ သူပြန်ဖြေတာလည်း ရိုးရိုးလေးပဲ။

“ကို Jack ရေ။ ကျွန်တော်လည်း လှမ်းဆက်သွယ်မလို့၊ အနှောင့်အယှက်ဖြစ်မှာစိုးလို့”

အဲ့တာနဲ့ နေ့လည်စာ စားဖြစ်ကြတယ်။ Game အကြောင်းပြော၊ Thailand လာတဲ့ အခက်အခဲ တွေကြောင်းပြောနဲ့ ၂ နာရီလောက် ကြာသွားရော။ ငယ်သူငယ်ချင်းတွေလိုပဲ။ ကျွန်တော်သူ့ကို စာပို့ဖို့ ရှိန်နေမိတာကို ဝန်ခံတော့ သူလည်း ရယ်ပြီး ကိုယ်နှဖူးကိုယ်ရိုက်ကုန်ရော။

“ဟောဗျာ၊ ကျွန်တော်က ကို Jack က ကျွန်တော်ဘာမှ မပြောလို့ စိတ်ပျက်ပြီး မခင်ချင်ဘူးထင်နေတာ။”

အဲတော့ မှ တစ်ယောက် အဖြစ် တစ်ယောက်ရယ်နိုင်ကြတယ်။ ကျွန်တော်တို့ နှစ်ယောက်အတွေးတူ နေခဲ့တာလေ၊ “ငါက ခင်ချင်စရာမကောင်းဘူး” ဆိုပြီး။

ဒါကို Like Gap လို ခေါ်တယ်။ ခင်မင်မှု ဒွိဟ လို့ ဆိုရမှာပေါ့။ 💚
--------------------------------------------------------------
🤓Like Gap ဆိုတာ ဘာလဲ?

ဒီအတွေးကို psychologist တွေ နဲ့ socialogist တွေ study လုပ်ဖူးပါတယ်။ သူတို့ရဲ့ စမ်းသပ်မှု study တွေမှာ ကျွန်တော်တို့ တွေ သည် လူတွေ ကိုယ့်ကို ခင်မင်ချင် တဲ့ amount ကို လျှော့တွက်တတ်ကြတယ်တဲ့။ ပိုဆိုးတာက အဲ့လျှော့တွက်တာက နှစ်ဖက်စလုံးက ထင်တာ။ တစ်ယောက်ကို တစ်ယောက် မခင်ဘူးတွေထင်၊ ခင်ကြမင်ကြရဲ့သားနဲ့ လွဲကုန်ကြရော။

မြန်မာလူမျိုးတွေအတွက် က ပိုခက်တာပေါ့လေ။ ကျွန်တော်တို့ က perfectionist ယဉ်ကျေးမှုက လာတာမို့ ကိုယ့်ကို လူတွေ ဘယ်လိုမြင်မလဲ ထင်မလဲ ကို အရမ်းစိတ်ပူကြရတယ်။ ကျောင်းမှာ အဆင့် ၁ မရဘူးလား… “မင်းက စာညံ့တဲ့ ကောင်” လို့ အသက်မှတ် judge လုပ်ခံရတယ်။ အဲ့အခါမှာ ကိုယ်ဘာမှား လည်း ဆိုတာကို အစစ်ဆေးလွန်တဲ့ အကျင့်က မသိစိတ်ထဲမှာ စွဲနေပြီး။ ။ ရည်းစားငြင်းခံ ရရင်တောင်မှ ကိုယ်ချစ်တဲ့သူနဲ့ လက်မတွဲရတာထက် သူငယ်ချင်းတွေကြား အရှက်ကွဲတာကို ပိုကြောက်တာကို။ ဒီတော့ အတွေးလွန်ပြီး စခေါ်စပြောရမှာ ကြောက်တာ မထူးဆန်းပါဘူး။ 🤗💚
----------------------------------------------------------------
🎯ဒီ ခင်မင်မှု ဒွိဟ က တကယ်ဖြစ်နေတဲ့ ပြဿနာဆိုတော့ ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ?

၁။ ကျွန်တော်တို့ အတွေးတွေက အမြဲ မမှန်ဘူးဆိုတာ လက်ခံပါ။ 🧠🌀

ကျွန်တော်တို့ ရဲ့ အတွေးတွေသည် ဘဝအတွေ့အကြုံအဆိုးအကောင်းပေါင်းများစွာကနေ မွေးဖွားလာတာပါ။ ဒီတော့ ဓမ္မဓိဌာန်ကျကျ မှန်ဖို့ဆိုတာ အမြဲမဖြစ်နိုင်ပါဘူး။ ခံစားချက်တွေ, ကြောက်စိတ်တွေ၊ အကျင့်ဟောင်းတွေက ကျွန်တော်တို့ကို လက်ပွန်းတတီးဖြစ်တဲ့ အတွေးတွေကိုပဲ အာရုံစိုက်စေပါတယ်။

“ငါအကုန်လုံးကို မသိနိုင်ဘူး။ အခုအချိန်မှာ ကြိုက်တာရော မကြိုက်တာရောဖြစ်နိုင်တယ်။ ယတိပျက် အဖြေက သူဆီကပဲရမှာ”

အဲ့ အတွေးလေးကို ကိုယ့်ကိုကိုယ်ပြောဖို့ တိုက်တွန်းပါရစေ။
-----------------------------------------------------------
၂။ တစ်ဖက်သားကို အာရုံစိုက်လိုက်ပါ။ 🦋

Like Gap ဖြစ်ရတဲ့ အကြောင်းအရင်းက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အပြုအမူ၊ စကားတွေကို ပဲ အာရုံစိုက်လွန်းလို့ ဖြစ်လာတာပါ။ အမှန်တကယ်က ကျွန်တော်တို့ အားလုံးသည် သူများ အကြောင်းကိုတွေးတာထက် ၈၀% ကိုယ့်အကြောင်းပဲကိုယ်တွေးပါတယ်။
တကယ်က တစ်ဖက်လူရဲ့ စကားပြောဟန်၊ ဟန်ပန်တွေကို အာရုံစိုက်ကြည့်ရင် ကိုယ့်ကို သူ ခင်မင်ချင် တယ်ဆိုတာကို သိနိုင်တာတွေ အများကြီးပါ။ Body langauge တွေ၊ အပြုံးတွေ၊ အားတက်သလျော် ရှိတာတွေကို ပိုမြင်လာနိုင်ပါလိမ့်မယ်။
-----------------------------------------------------------
၃။ Check-In လုပ်ပါ။ 🙋‍♀️🙋

Like Gap ကို ကုသဖို့ အကောင်းဆုံးနည်းသိချင်ပါသလား?

သွားသာ မေးလိုက်ပါ။

ပြောတော့သာလွယ်တာ။ ဒါက ကျွန်တော်အတွက် အခက်ခဲ့ဆုံးအရာပဲ။ ဒါပေမယ့် လည်း မဖြစ်မနေလိုတဲ့ အရာပါ။ ဒါကြောင့်လဲ ကျွန်တော် check in လုပ်ရလွယ်အောင် template လေးရေးပေးထားတယ်။ နည်းနည်းပါပါး ပြင်ပြီး လှမ်းပို့လို့ရအောင်ပါ။ ဒီဟာက လူသစ် မိတ်ဆွေသစ်တွေ ပို့ဖို့အတွက်ပါနော်။

“ကျွန်တော်/မ တို့ တစ်နေ့က တွေ့ဖြစ်ခဲ့တာ မှတ်မိလားမသိဘူးခင်ဗျ။ အဲ့နေ့က ကို/မ______ နဲ့ စကားပြောရတာ အရမ်းသဘောကျတာပဲ။ နောင်လည်း ခင်မင်ချင်ပါတယ်။ ကျွန်တော်တို့ တစ်ရက်လောက်တွေ့ပြီး နေ့လည်စာလေး ဘာလေးသွားစားကြမလားခင်ဗျ။ မိတ်ဖြစ်ဆွေဖြစ်ပေါ့။ မအားလည်းရပါတယ်နော် အားမနာပါနဲ့။”

ဒီစာလေးက ကိုယ် တစ်ဖက်လူအပေါ့် ခင်မင်တာကို နှစ်နှစ်ကာကာ ရိုးသားထားသလို့ ကိုယ့်ကိုသူငြင်းချင်လည်း ငြင်းရလွယ်အောင် ဖွင့်ပေးထားတာပါတယ်။ အဲ့တော့ အရမ်း akward မဖြစ်တော့ဘူးပေါ့။ 😊✨
-----------------------------------------------------------
Seeker လည်း နောက်ဆို ကိုယ့်ကိုကိုယ် အားငယ်ပြီး စခေါ် စခင်ဖို့ ကြောက်နေရှက်နေမိတယ်ဆိုရင် “သူခင်ချင်ပါ့မလား” ဆိုတာထက် “ငါသူ့ကို ခင်ချင်လား” ဆိုတာကို ပိုမေးကြည့်ပါနော်။ မိတ်ဆွေသဟာပေါများပါစေ။ 🤗🌱🌟

💰ဒီကဒ်လေးကို တွေ့သူတွေ အတွက် အောင်မြင်မယ့် အလုပ်အကိုင် အသစ် စီးပွါးရေးအသစ်တွေ စရတော့မယ်လို့ ကိုယ်စားပြုပါတယ်။💼⭐️ အိမ်မက်...
08/07/2025

💰ဒီကဒ်လေးကို တွေ့သူတွေ အတွက် အောင်မြင်မယ့် အလုပ်အကိုင် အသစ် စီးပွါးရေးအသစ်တွေ စရတော့မယ်လို့ ကိုယ်စားပြုပါတယ်။💼

⭐️ အိမ်မက် အိမ်မက်တိုင်းကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းလေးစလိုက်ပါနော်။

Self Care exercise: ကိုယ်ရင်ထဲမှာ အလုပ်ချင်ဆုံး အလုပ်အကိုင် စီးပွါးရေး တွေကို ဖြစ်နိုင်တယ်လို့ ပဲရည်စူးပြီး ချရေးကြည့်ရအောင်။ အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်း၊ dream career တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။🌳💪

👑 The Empress က ကျွန်တော်တို့ရဲ့ ဦးဆောင်နိုင်စွမ်းတွေ၊ ဖန်တီးနိုင်စွမ်းတွေ ကို ကိုယ်စားပြုပါတယ်။ မိခင် တွေရဲ့ embodiment...
04/07/2025

👑 The Empress က ကျွန်တော်တို့ရဲ့ ဦးဆောင်နိုင်စွမ်းတွေ၊ ဖန်တီးနိုင်စွမ်းတွေ ကို ကိုယ်စားပြုပါတယ်။ မိခင် တွေရဲ့ embodiment ဖြစ်တော့ နွေးထွေးတာ၊ ကရုဏာပါပါ ဦးဆောင်နိုင်တဲ့သူတွေပါ။

အမြန် အဓီပ္ပါယ် -
💑 အချစ်ရေး - နွေးထွေးတဲ့ ကြင်နာတဲ့ partner ၊ ကရုဏာ ပါတဲ့ relationship
💼 အလုပ်အကိုင် - အုပ်ချုပ်တဲ့ ရာထူး၊ ရှေ့ဆောင်လမ်းပြတဲ့ နေရာ
📈ငွေရေးကြေးရေး - ငွေကြေးတိုးပွားခြင်း၊ သဒ္ဒါတရား ပေါများစရာအချိန်

🌱 The fool’s journey မှာတော့ Empress ကို ရောက်ရင် ကျွန်တော်တို့ က ကိုယ်ကံကြမ္မာကို ကိုယ်လက်ထဲမှာ ချုပ်ကိုင်ဖို့ control လုပ်ဖို့ ကြိုးစားတဲ့ stage ကို ရောက်တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် Empress ကို မြင်တဲ့ အခါကျရင် တိကျပြတ်သားတဲ့ အမြင်ရှိသူ၊ လိုချင်တာကို ရအောင်ဖန်တီးနိုင်စွမ်းရှိသူ၊ ကိုယ် life ကို ကိုယ် lead လုပ်နိုင်သူ လို့ ဘာသာပြန်လေ့ရှိပါတယ်။ A taste of power ရတဲ့ ကဒ်ဖြစ်တဲ့ အတွက် တခါတရံမှာ ကိုယ်လုပ်ကိုယ်မှန် တယ်ဆိုတဲ့ မောဟ ဖုံးတဲ့ အခါတွေလည်းရှိနိုင်တာ မို့ သတိပေးတဲ့ အဓိပ္ပါယ်တွေလည်း ပါပါတယ်နော်။ 🎭
👸 ဒါကြောင့် သူရဲ့ Symbolism တွေက ဘုရင်မတို့ရဲ့ အိန္ဒြေ၊ ကံကြမ္မာ၊ သိမ်မွေ့မှု တွေကို ကိုယ်စားပြုတာတွေ အဓီကပါတတ်ပါတယ်။ ကျွန်တော်ရဲ့ လက်ရှိ deck ကတော့ နည်းနည်း traditional deck နဲ့ တော့ ကွာပေမယ့် သူရဲ့ ကိုယ်ပိုင် symbolism တွေက လည်း ဒါတွေနဲ့ ဆက်စပ်နေပါတယ်။ 🦢

၁။ 🌔 Luna Pillars - စန္ဒာလမင်းက ဘုရင်မရဲ့ သိမ့်မွေ့မှု နဲ့ ကရုဏာတွေကို ကိုယ်းစာပြုပါတယ်။ ပုံမှန်ကဒ်တွေမှာတော့ မြစ်ရေ နဲ့ ကိုယ်စားပြုပါတယ်။ ဘုရင်ကဒ်နဲ့ အဓီကကွာတာပေါ့လေ။ လရောင်လို့ပဲ အနားမှာ ရှိသူတွေကို အေးမြစေတဲ့ အနက်အဓီပ္ပါယ် ပါပါတယ်။ သူမရဲ့ အာဏာဟာ ချုပ်ကိုင်ခြင်း ကလာတာမဟုတ်ဘဲ အချစ်မေတ္တာက နေလာတာပါ။ 🩵

၂။ 🪐Orb of Destiny - ကိုယ်ကံကြမ္မာကို ကိုယ့်လက်နဲ့ ရေးနိုင်တဲ့ အာဏာစက် က ဒီ ဂြိုလ်လုံး မှာ မြင်ရပါတယ်။ သူမဟာ သူများရဲ့ စေရာသွားရာ မှာပဲ နေမှာမဟုတ်ဘဲ ကိုယ့်ဘဝကို ကိုယ်တိုင် ထိန်းကျောင်းမှာလို့ ဘာသာပြန်လို့ရပါတယ်။ ဉာဏ်ပညာ အမြှော်အမြင် နဲ ဦးဆောင်ဖို့ကို တိုက်တွန်းတာ ဆိုလည်း မမှားပါဘူး။ 🧭

၃။ ⚔️ Queen’s Blade - ဘုရင်မရဲ့ ပြတ်သားတဲ့ စိတ်စွမ်းအင်ကို ကိုယ်စားပြုပါတယ်။ သူမရဲ့ ကရုဏာ ကို အလွဲသုံးစားလုပ်တာပဲဖြစ်ဖြစ်၊ တစ်ဖက်သတ် အသုံးချဖို့ ကြိုးစားတဲ့ သူတွေကို ဖြတ်ချ ထားခဲ့ဖို့ကို ဝန်မလေးဖို့ ပြတဲ့ နိမိတ်ပါ။ ကျွန်တော်တို့ဟာ leadership ရဲ့ တာဝန်ကို ထမ်းထားရတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ အချိန်မှာ ဆုံးဖြတ်ချက်ခိုင်မာရမယ်ဆိုတဲ့ အဓီပ္ပါယ်ပါပါတယ်ခင်ဗျ။ 🎯

💎Seeker ဟာ The Empress Arcana ကို နှလုံးဆောင်သူဆိုရင်တော့ အလွန်တရာနွေးထွေးသလို ထက်မြတ်တဲ့ သူ ဖြစ်တတ်ပါတယ်။ Seeker ရဲ့ မေတ္တာက အောင်မြင်မှုရဲ့ သော့ချက်ဖြစ်ပြီး အနားမှာလာခိုနားသူတွေကလည်း ကိုယ့်ရဲ့ နူညံ့တဲ့ နှလုံးကို လေးစားလို့ သစ္စာရှိကြပါလိမ့်မယ်​။ ကိုယ်လက်ကိုယ်ခြေနဲ့ လုပ်ရမှ ကျေနပ်တတ်တဲ့သူ ဖြစ်သလို ရှေ့ဆောင်လမ်းပြတဲ့ leader နေရာကို ယူဖို့လည်းဝန်မလေးပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှ ကသူတွေ အားကျရလောက်အောင် အိန္ဒြေနဲ့ သိက္ခာနဲ့ ပြည့်စုံပြီး ကံကြမ္မာကို challenge လုပ်နိုင်မယ့် ခွန်အားရှိသူပါနော်။ 💪👑🌷

🌾 ဒီကဒ်ကိုတွေ့တဲ့ သူတွေအတွက် ချမ်းသာခြင်း အောင်မြင်ခြင်းတွေကို အတင်းပြေးလိုက်တာ မဟုတ်ဘဲ ကိုယ်ဘဝထဲ ကို သူ့ အလိုလိုရောက်လာ...
25/06/2025

🌾 ဒီကဒ်ကိုတွေ့တဲ့ သူတွေအတွက် ချမ်းသာခြင်း အောင်မြင်ခြင်းတွေကို အတင်းပြေးလိုက်တာ မဟုတ်ဘဲ ကိုယ်ဘဝထဲ ကို သူ့ အလိုလိုရောက်လာမယ်ဆိုတာကို ကိုယ်စားပြုပါတယ်။💫

🪴 wealth ဝင်လာလို့ရအောင် ပျိုးထောင်ပေးဖို့တော့ လိုအပ်တာပေါ့။ 🪴

🌱Seeker ရှာနေတဲ့ ကြွယ်ဝချမ်းသာခြင်းတွေကို မွေးဖွားဖို့ အတွက် ကိုယ်ဆီမှာ ရှိနေတဲ့ မျိုးစေ့ လေးတွေကို အရင် အချိန်ပေးရအောင်။ ကိုယ်လက်ထဲက အိမ်မက်လေးတွေကို အချိန်ပေးပါ။ အကောင်အထည်ပေါ်လာဖို့ရှိပါတယ်။🪷

🧘‍♀️ Self Care Exercise: ကိုယ့် ဘဝမှာ ကိန်းအောင်းနေတယ်လို့ ခံစားရတဲ့ အရာလေးတွေကို Comment မှာ ချရေးကြည့်ရအောင်။ 📝
အရမ်းကောင်းတဲ့ အလုပ် idea တစ်ခု ဖြစ်နိုင်တယ်၊
ချရေးချင်တဲ့ သီချင်းဖြစ်နိုင်တယ်
စီစဉ်ချင်နေတဲ့ party ပွဲ တစ်ခု ဖြစ်နိုင်တယ်။
ဒီ ရင်ထဲမှာ အမြဲတနုံနုံ တွေးပြီး မလုပ်ဖြစ်တာလေးကို ဒီ တစ်ပတ် ရှာဖွေကြည့်ရအောင်။ လုပ်ဖြစ်တာမဖြစ်တာ အပထား။ ကိုယ်အောင်မြင်ခြင်းမျိုးစေ့တွေကို အတူ အစဖော်ကြမယ်နော်။ 🪴🌟💌

ကိုယ့်ရင်ထဲက အလွမ်းဆုံးဖြစ်နေတဲ့ သူ... 🍃အငြင်းခံရမှာ ကြောက်တဲ့ စိတ်... ❤️‍🩹ကိုယ် ချစ်သလို မချစ်မှာ ဖြစ်တဲ့ သောက...😮‍💨သူက...
21/06/2025

ကိုယ့်ရင်ထဲက အလွမ်းဆုံးဖြစ်နေတဲ့ သူ... 🍃
အငြင်းခံရမှာ ကြောက်တဲ့ စိတ်... ❤️‍🩹
ကိုယ် ချစ်သလို မချစ်မှာ ဖြစ်တဲ့ သောက...😮‍💨
သူက ကိုယ်နဲ့ ထပ်တူလွမ်းနေမယ်ဆိုရင်? 💚
ကိုယ်က စခေါ်လိုက်ပါ... 📩
What if they did care… and just thought you didn’t?🍃
We often misjudge how loved we are. ❤️‍🩹
Send the first message. 📩
---------------------------
The Poet - အချစ်ရဲ့ တန်ပြန် သဘောကို ကိုယ်စားပြုပါတယ်။🌹

🤝 Seeker တို့နဲ့ မျက်နှာချင်းဆိုင်ထိုင်၊ အတူတူ ကဒ်ချိုး၊ စကားလက်ဆုံကျရင်း Tarot Reading လုပ်ရတာက တကယ် magical ဖြစ်တယ်။ 🔮...
11/06/2025

🤝 Seeker တို့နဲ့ မျက်နှာချင်းဆိုင်ထိုင်၊ အတူတူ ကဒ်ချိုး၊ စကားလက်ဆုံကျရင်း Tarot Reading လုပ်ရတာက တကယ် magical ဖြစ်တယ်။

🔮VC ကနေ ပြောရတာက conveninent ဖြစ်ပေမယ့် energy ကတကယ်ကိုမတူတာ။🔮
In-person reading လုပ်ရင်
💠 နိမိတ်ဖတ်တာ အတူဆွေးနွေးတာတွေက ပိုပြီး စီးမျောလို့ကောင်းတယ်။
💠 ​Seeker နဲ့ ကျွန်တော်ကြား connection လည်း ပို strong ဖြစ်တယ်။
💠 ပြီးတော့ ကိုယ့်လက်နဲ့ ကိုယ်တိုင် ကဒ်ကို ရွေးပြီး ဆွဲရတာမို့ readings တွေက ပို ထိတယ်။

တချို့စကားတွေက လူချင်းတွေ့မှကိုထွက်လာတာမျိုးကို။ ဒါကြောင့် ဒီတစ်ပတ် ကြာသပတေးနေ့မှာ ကျွန်တော် Central Embassy မှာ ရှိနေပါမယ်နော်။ ကဒ်တွေဆွဲရင်း အဖြေတွေရှာရင်း ခဏတစ်ဖြုတ် အနားယူရအောင် ဖိတ်ခေါ်ပါရစေခင်ဗျာ။ 🤝💚

Address


Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 17:00
Saturday 12:00 - 18:00
Sunday 12:00 - 18:00

Telephone

+66834706719

Website

Alerts

Be the first to know and let us send you an email when Safe Haven Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram